← Chapters

Chapter 31

Vol. 4 Ch. 31

Chapter 31

Vol. 4 Ch. 31

ယီချန်မှာဟူလီန၏ ဆက်တိုက်အကြောင်းပြချက်များကြောင့် ခေါင်းပင်ကိုက်လာရကာ လက်ပြ၍တားလိုက်ရ၏။

"နေပါဦး နေပါဦး။ မင်းကိုကယ်တာနဲ့ပဲ ကျွန်တော်ကမင်းကိုသဘောကျတယ်ဖြစ်သွားရောလား။ ဒါကဘယ်လို လော့ဂျစ်ကြီးလဲ။ အဲ့ဒါအသာထားပါဦး မင်းကိုကယ်တဲ့နေ့က လူတွေအများကြီးပတ်ဝန်းကျင်မှာရှိနေတာလား။ ရှိခဲ့ရင်လည်း သူတို့ကမင်းကိုမကူညီလာဘဲရပ်ကြည့်နေကြတာပေါ့"

ဟူလီနမှာထိုနေ့အကြောင်းပြန်တွေးကာ သဘောတွေ့နေပုံပင်။ နီရဲနေသော မျက်နှာထားဖြင့် ရှက်ရွံ့စွာပြောလာသည်။

"အဲ့နေ့ကညီမအလုပ်ဆင်းတာ နောက်ကျတယ်လေ။ ပြန်တဲ့လမ်းကလည်းလူရှင်းနေတော့ အဲ့တုန်းကဆို ညီမကိုယ်ညီမသွားပြီလို့ကို တွေးခဲ့မိတာ။ ဒါပေမယ့် ရပ်မကြည့်နေနိုင်တဲ့ကောကောကပဲ ဝင်ကယ်ပေးခဲ့လို့ပေါ့။ မဟုတ်ရင် ညီမဘဝတော့မတွေးရဲစရာပဲ"

ထိုသည်ကတော့ အမှန်ပင်။ ဟူလီနမှာ အလုပ်ဆင်းချိန်နောက်ကျသွားမိ၍ အပြန်လမ်းတစ်လျှောက်ရှင်းလင်းနေပေသည်။ ထို့ကြောင့်လည်း တစ်ယောက်တည်းဖြစ်‌ေနသည့်သူမမှာ လူဆိုးများ၏ပစ်မှတ်ဖြစ်ခဲ့ရခြင်းပေ။ ထိုစဉ်ကရုတ်ချည်းရောက်လာကာကူညီပေးခဲ့သောယီချန့်ကြောင့်သာမဟုတ်လျှင် သူမအနာဂတ်မှာ မမှန်းရဲစရာဖြစ်သွားနိုင်သော်လည်း ရလဒ်ကကံကောင်းခဲ့ခြင်းပင်။

ထိုမှသာ သူမလည်းယီချန်သည်သူမအား တစ်ဖက်သတ်သဘောကျနေခဲ့မှန်းသိခဲ့ရခြင်းပေ။ သူမနောက်သို့အမြဲတစေလိုက်လံစောင့်ကြည့်တတ်သည်ကိုလည်း သတိထားမိခဲ့၏။ ယီချန်သာ သူမနောက်တစ်ကောက်ကောက်လိုက်ကာ ‌မစောင့်ကြည့်ခဲ့ပါလျှင် ဘာကြောင့်သူမဒုက္ခရောက်စဉ်ကချက်ချင်းရောက်လာကာကူညီနိုင်ပါမည်နည်း။ သူမသည် စောင့်ကြည့်ခံရသည်ကိုသိပ်သဘောမတွေ့သော်လည်း ထိုလူမှာယီချန်ဖြစ်နေ၍ ကျေနပ်မိသည်ကတော့အမှန်ပင်။

ယီချန်မှာတော့ ယုံကြည်ချက်အပြည့်ဖြင့် သူမကိုယ်သူမမယ်ရီဆူးဇာတ်ကောင်အဖြစ် ဖန်တီးနေသော ဟူလီနအားကြည့်ကာ ဆွံ့အသွားရသည်။ သူသည်ဇာတ်လိုက်နှစ်ယောက်နှင့်မပက်သက်ချင်သော်လည်း ဟူလီနမှာမိန်းမသားတစ်ဦးဖြစ်၍ သည်းခံထားရ၏။ သို့သော် သူမ၏ဆက်တိုက်အတွန့်တက်မှုများကြောင့် မကျေမနပ်ဖြစ်လာရတော့သည်။ သူမအနေဖြင့် ခေတ်သစ်ကာလရှိ ရန်ဖြစ်စကေးကိုတောင့်တနေမှတော့လည်း အားနာနာဖြင့် သူကဖြည့်ဆည်းပေးရပေမည်။

"နေပါဦး။ အဲ့တော့ ငါကမင်းနောက်ကလိုက်ပြီး စောင့်ကြည့်တတ်တယ်ပေါ့လေ။ မေးပါရစေဦး စစ်တပ်ဝင်းထဲပြန်တဲ့လမ်းကဘယ်နှလမ်းရှိလဲ။ ပြီးတော့ မင်းနှောင့်ယှက်ခံရတဲ့နေရာကရော စစ်တပ်ဆီသွားတဲ့လမ်းပေါ်မှာလား"

ဟူလီနမှာယီချန့်စကားအဓိပ္ပာယ်ကိုနားမလည်ပေမယ့် ပြန်ဖြေပေးလိုက်၏။

"စစ်တပ်ဆီသွားတဲ့လမ်းက လေးလမ်းရှိပေမယ့် လူနေအိမ်ရာဆီသွားဖို့ကတော့ ကျွန်မနှောင့်ယှက်ခံရတဲ့လမ်းကနေသွားမှရတာပါ။ ယီချန်ကောကောက ဘာလို့မေးတာလဲ"

ယီချန်မှာ သူမစကားဆုံးသည်နှင့် လက်ခုပ်အကျယ်ကြီးထတီးချလိုက်ရာ ဟူလီနမှာလန့်သွားရသည်။ သို့သော်သူမစကားမစခင် ယီချန်ကပြောလာ၏။

"ကြည့်လေ စစ်တပ်အိမ်ရာဝင်းကိုသွားတဲ့လမ်းက မင်းနှောင့်ယှက်ခံရတဲ့လမ်းတစ်ခုပဲရှိတယ်ဆိုမှတော့ မင်းကိုငါကလိုက်စောင့်ကြည့်နေပါတယ်လို့ ပြောရဲ‌ေသးတယ်နော်။ ငါအိမ်ပြန်တဲ့အချိန်ကို မင်းကစောင့်ပြီး ပိုက်ဆံပေးငှားထားတဲ့လူမိုက်တွေနဲ့ဂွင်ဆင်နေတာရောမဖြစ်နိုင်ဘူးလား။ ဒါကမင်းတွေးသလို ငါတွေးကြည့်တာပါ။

ပြီးတော့လေ မင်းကိုကူညီလိုက်တာနဲ့ မင်းကိုကြိုက်တာနဲ့ဆိုတာကတခြားစီပဲနော်။ ဟိုးအဝေး~~အဝေးကြီးပဲ။ အဲ့လမ်းမှာလူရှင်းနေပါတယ်ဆိုမှတော့ ရှိ‌ေနတဲ့တစ်ယောက်တည်းသောလူဖြစ်တဲ့ငါကပဲကူညီရတော့မှာပေါ့။ ဒါမှမဟုတ် မိန်းကလေးတစ်ယောက်မျက်စိရှေ့အနိုင်ကျင့်ခံနေရတာကို မျက်မြင်တွေ့နေရတဲ့ငါက သူမကိုကြိုက်နေလို့ပါဆိုတဲ့အထင်အမြင်ကိုလက်မခံချင်တာနဲ့ပဲ လက်ပိုက်ကြည့်နေရမယ်ဆိုတဲ့သဘောလား။

မင်းနေရာမှာ တခြားလူ ယောင်္ကျားနေနေ မိန်းမနေနေ အနိုင်ကျင့်ခံနေရတာကိုမြင်တာနဲ့ စစ်သားတစ်ယောက်ဖြစ်တဲ့ ငါကဝင်ကူညီပေးမှာသေချာတယ်။ မှတ်ဉာဏ်ပျောက်လို့ အတွေးလွဲနေတယ်ဆိုပြီးလာမပြောနဲ့။ ဒီလိုကိစ္စကမှတ်ဉာဏ်နဲ့ဆိုင်တာမဟုတ်ဘူး။ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ပြဿနာလေ ဒါကပြောင်းလဲလို့ရတဲ့အရာမဟုတ်ဘူး မင်းနားလည်လား"

ယီချန်မှာ လက်အားပိုက်လိုက်ကာ ဟူလီနအားခေါင်းအစခြေအဆုံးကြည့်၍ ဆက်ပြောလိုက်သည်။

"နေပါဦး မင်းကိုကူညီတဲ့လူကငါမဟုတ်ဘဲ အသက်ကြီးကြီးလူတစ်ယောက်ယောက်တို့ ရုပ်ဆိုးဆိုးလူတစ်ယောက်တို့ ဖြစ်နေမယ်ဆိုမင်းဘယ်လိုဆက်လုပ်မလဲ။ ဒီမယ် မိန်းကလေးဟူ ကျွန်တော်ကလေ အတိတ်မေ့နေပေမယ့် တုံးအသွားခဲ့တာမဟုတ်ဘူးနော်။ မိန်းကလေးဟူအနေနဲ့ ကျွန်တော့်ရဲ့ဆွဲဆောင်မှုထဲနစ်မျောသွားခဲ့တာကို နားလည်ပေးနိုင်ပေမယ့် အတိတ်မေ့နေတယ်ဆိုပြီး ရောချနှပ်ချနဲ့ ကျွန်တော့်ကိုအပိုင်ကြံဖို့လုပ်နေတာကို မရိပ်မိဘူးလို့ထင်နေလား"

ယီချန်မှာ နဖူးထက်ရှိဆံပင်အားသပ်တင်ကာ စိတ်လေနေဟန်ဖြင့်ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ချောမောမှုက အန္တရာယ်များတဲ့အဆင့်မဟုတ်လောက်ပါဘူးလို့ ထင်ထားခဲ့တာ။ ဒါပေမယ့် အခုမိန်းကလေးဟူက ကျွန်တော့်အတွက်အမြင်ဖွင့်ပေးလာတော့ ရှေ့လျှောက်ကျွန်တော် သတိကြပ်ကြပ်ထားမှဖြစ်တော့မှာပဲ။ အခုတော့မိန်းကလေးဟူကို တောင်းပန်စကားပြောရပါဦးမယ်။ ကျွန်တော်ကလေ ကျွန်တော်တင်ချောရုံမကပဲ ကျွန်တော့်နောင်မျိုးဆက်တွေထိပါ ချောနေစေချင်တာ။ အဲ့တော့ မိန်းကလေးဟူအနေနဲ့ ကိုယ့်အကြောင်းကိုယ်သိပြီး အလိုက်တသိနောက်ဆုတ်‌ေပးလိုက်ရင် ပိုကောင်းမှာပဲ"

ဟူလီနမှာ ယီချန့်စကားကြောင့်သွေးအန်မတတ်ဖြစ်သွားရ၏။ အဲ့တော့ သူ့အမြင်ထဲမှာသူမက ရုပ်ဆိုးနေတာပေါ့လေ။ ဟူလီန၏မျက်နှာမှာ ရှုံ့တွသွားရပြီး ယီချန့်အားနူးနူးညံ့ညံ့လေသံဖြင့်ပင် မပြောနိုင်တော့ချေ။

"အဲ့တော့ရှင့်အမြင်မှာ ကျွန်မကရုပ်ဆိုးနေတယ်လို့ပြောချင်တာလား ဟုတ်လား"

ယီချန်မှာ သူမစကားကြောင့် နောက်ဆုံးတွင်စိတ်သက်သာရာရသွားဟန်ဖြင့်သက်ပြင်းချကာပြောလာ၏။

"နောက်ဆုံးတော့ မိန်းကလေးဟူသဘောပေါက်သွားပြီပေါ့နော်။ ဒါပေမယ့်အရမ်းကြီးစိတ်ဆင်းရဲမနေပါနဲ့။ မိန်းကလေးဟူရုပ်ရည်အနေနဲ့ကတော့ ရုပ်ဆိုးတယ်လို့လုံးလုံးကြီးမပြောနိုင်ပေမယ့် ကျွန်တော့်စံနှုန်းတွေနဲ့တော့ အဝေးကြီးလိုသေးတယ်လို့ပြောရမှာပါ။ ပြီး‌ေတာ့ မိန်းကလေးဟူအနေနဲ့အိမ်ထောင်ဘက်ရွေးချယ်တဲ့အမြင်ရှိဖို့တော့ လိုသေးတယ်နော်။

မိန်းကလေးဟူကို ကြည့်ရတာစိတ်အားငယ်တတ်တဲ့စရိုက်ရှိပုံပဲ။ အဲ့လိုဆို ဘာလို့ကျွန်တော်လို စံနှုန်းမြင့်ရုပ်ရည်နဲ့လူကိုစဉ်းစားနေရတာလဲ။ မင်းထက်ချောတဲ့လူနဲ့တွဲဖြစ်သွားလို့ အပြင်အတူထွက်ကြတိုင်း မင်းရုပ်ရည်ကိုလက်ညှိုးထိုးကြမယ့်လူတွေအများကြီးရှိလာမှာလေ။ အဲ့ဒဏ်ကို မင်းရဲ့စရိုက်နဲ့ခံနိုင်ရည်ရှိမယ်မထင်ဘူး။ ဒါကကျွန်တော့်ရဲ့အကြံပေးချက်သပ်သပ်မလို့ မိန်းကလေးဟူအနေနဲ့လက်ခံမခံကို ကိုယ့်ဘာသာဆင်ခြင်ဆုံးဖြတ်ပေါ့နော်"

ယီချန်မှာ အားရပါးရပြောပြီးသည်နှင့် ကျေနပ်သွားရကာ ဇာတ်လိုက်မဆီပြန်ကြည့်လိုက်၏။ ဟူလီနမှာတော့ ယီချန့်မျက်နှာကိုသာ ဗလာသပ်သပ်အကြည့်ဖြင့်ကြည့်ရင်း ငြိမ်သက်နေသည်။ ယီချန့်စကားဆုံးသည်နှင့် ဟူလီနသည် ယီချန့်ကိုကြည့်၍ပြောလိုက်၏။

"ရှင့်ဆီအန်းဝေရောက်လာသေးတာလား။ ဟုတ်တယ်မလား အန်းဝေကကျွန်မကို ရှင့်အပေါ်စိတ်ပျက်သွားအောင်ပြောခိုင်းခဲ့တာလား။ ဒါကြောင့် ဒီလိုတွေပြောနေတာပေါ့လေ"

ယီချန်မှာတော့ ဇာတ်လိုက်မ၏အတွေးကြောင့် ဆလံသသွားရတော့သည်။

*သူမကိုဒီလောက်ပြောထားတာကိုတောင် မစွန့်ပစ်နိုင်လောက်တဲ့ထိ ငါ့ရုပ်ရည်ကဖမ်းစားထားမိတာလား*

ယီချန်မှာထိုအတွေးဖြင့် ခေါင်းယမ်းမိလိုက်သော်လည်း ဟူလီနအမြင်တွင်သူမအထင်အားအတည်ပြုပေးလိုက်သလိုပင်။

"မိန်းကလေးဟူ အန်းဝေကကျွန်တော့်ကိုဒါတွေပြောခိုင်းဖို့နေနေသာသာ ဒီနေရာကိုရောက်တောင်မလာသေး...."

"ဒါဆိုကျွန်မအဖေလား။ ကျွန်မအဖေက ရှင့်ကိုအမိန့်ပေးသွားတာလား။ ယီချန်ကောကော~~~ရှင်နည်းနည်းလောက်ထပ်စောင့်ပေးပါဦးနော်။ ကျွန်မအဖေအမြင်မှန်ပြန်ရအောင် ညီမကြိုးစားပါ့မယ်"

ယီချန်မှာသူ့စကားအားဖြတ်ပြောလာသော ဇာတ်လိုက်မကြောင့် ရူးချင်စိတ်ပင်ပေါက်လာတော့သည်။

*ကောင်းပြီလေ ဒီလိုဖြုံလောက်စရာရန်သူမျိုးနဲ့စကားစစ်မထိုးရတာတောင် အတော်ကြာနေပြီပဲ။ တစ်ဖက်ကလူအနေနဲ့ အဆုံးထိသွေးတန်းကုန်မသွားဖို့ မျှော်လင့်တယ်"

"မိန်းကလေးဟူ ကျွန်တော်တော့ မင်းရဲ့ဦးနှောက်ပတ်လမ်းက အာရုံကြောထိထားတဲ့ကျွန်တော့်ထက်တောင် ပိုဆိုးနေသလိုပဲ။ မင်းကိုဒီအ‌ေခြအ‌ေန‌ေရာက်တဲ့ထိလေပေါ်တက်နေအောင် မြှောက်ပေးထားတဲ့လူတွေကို လည်း ကျွန်တော်အံ့ဩလို့မဆုံးဘူး။ ကြည့်ရတာ သူတို့ဦးနှောက်ပတ်လမ်းကလည်း မူမမှန်ဖြစ်နေပုံရတယ်နော်။

ပြီးတော့ မိန်းကလေးဟူအနေနဲ့ မျက်လုံးမှေးနေလို့ပတ်ဝန်းကျင်ကိုကောင်းကောင်းမမြင်နိုင်တောင် မင်းအဖေကမြင်နိုင်လို့ပြောနေတာကိုနားထောင်လေ။ မင်းအဖေက မင်းရဲ့အနာဂတ်အတွက်စေတနာနဲ့ပြောနေတာကို မင်းကဘာလို့အပြစ်မြင်နေရတာလဲ။ မိန်းကလေးအနေနဲ့ ကျင်လည်နေတဲ့ပတ်ဝန်းကျင်ရဲ့အပြင်ကိုလည်း ဆန်းစစ်ကြည့်ပါဦး။ မင်းကဘာမှထူးခြားမနေတဲ့လူသာသာပဲ"

ဟူလီနမှာဤတစ်ကြိမ်တွင်တော့ ဆင်ခြေမထုတ်နိုင်တော့ပေ။ ယီချန်၏မျက်ဝန်းများမှတစ်ဆင့် သူလေးလေးနက်နက်ပြောနေမှန်း သိလေရာ သူမထုံးစံအတိုင်းငိုချပစ်ရန်လုပ်လိုက်၏။ ယီချန်လည်း သူမအကျင့်ကိုသိနေရာ ချက်ချင်းစကားဆက်ပြောလိုက်သည်။

All Chapters