← Chapters

Chapter 35

Vol. 4 Ch. 35

Chapter 35

Vol. 4 Ch. 35

အန်းဝေမှာ ယီချန့်စကားအား ဖြတ်ပြောလိုက်၏။

"ငါနဲ့နနက ဦးလေးနဲ့တူမ မဟုတ်ဘူးကွ။ မင်းရဲ့ဘယ်မျက်လုံးနဲ့ကြည့်ပြီး ငါ့ကိုဦးလေးလာခေါ်နေတာလဲ။ ဒါ့အပြင်နနကို ငါကပိုးပန်းနေပြီး ငါ့အသက်ကလည်း နှစ်ဆယ့်နှစ်နှစ်ပဲရှိသေးတယ်ကွ။ မင်းသာနနကို နာကျင်အောင်မလုပ်ခဲ့ရင် ငါကမင်းဆီလာတွေ့စရာ ဘာသောက်ကြောင်းမှလည်းမရှိဘူး"

ယီချန်မှာ အန်းဝေအား မကျေမနပ်ကြည့်ကာ သူ့ရှေ့လက်ဖြန့်ပြလိုက်၏။ အန်းဝေမှာ ယီချန့်လုပ်ရပ်ကြောင့် လန့်သွားပြီး နောက်တစ်လှမ်းခုန်ဆုတ်လိုက်သော်လည်း လက်ဖြန့်သည်သာ လုပ်လာ၍ ဇဝေဇဝါဖြင့်ပြန်မေးလိုက်သည်။

"ဘာလဲ ဒါဘာလုပ်တာလဲ။ မင်းကငါနဲ့ယှဉ်ချချင်တာလား"

ယီချန်မှာ လက်အားဆက်ဖြန့်ရင်း မကျေမနပ်ဖြေပေးလာ၏။

"သက်သေပြလေ။ နှစ်ဆယ့်သုံးနှစ်သားကျွန်တော်က ဒီလောက်ချောမောရှင်းသန့်နေတာတောင် ကျွန်တော့်ထက်ငယ်ပါတယ်ဆိုပြီးပြောနေကြတဲ့လူတွေကကျ တစ်ယောက်မှကို ယုံချင်စရာကောင်းမနေဘူး။ ပြီးတော့ မင်းက မင်းတူမ...အဲလေ..မိန်းကလေးဟူကို ကြိုက်တယ်လည်းပြောသေးတယ်။ ငါ့ဆီလည်းတကူးတကလာပြီး သူမကိုထိုးပေးသေးတယ်။

ဘာလဲမင်းမှာ အပျော်လင်ဖြစ်မှစိတ်လှုပ်ရှားရတဲ့ စိတ်ရောဂါရနေတာလား။ စိတ်မကောင်းပေမယ့်လေ ကျွန်တော်ကတော့ ဦးထုပ်စိမ်းဆောင်းခံရတာကို စိတ်လှုပ်ရှားတတ်တဲ့ စိတ်ရောဂါရှိမနေဘူးလေ။ အဲ့တော့ မင်းလူမှားပြီး ထိုးပေးမိနေပြီလို့ ပြောပါရစေ ညီအစ်ကိုရေ"

အန်းဝေမှာ ယီချန်၏သိက္ခာမရှိ၊အောက်တန်းကျသောစကားများကြောင့် ပြန်လှန်မပြောနိုင်တော့ရာ လက်ညှိုးတစ်ထိုးထိုးဖြင့် နဖူးတွင်လည်းသွေးကြောများထောင်ထနေပြီး နီရဲနေသောမျက်လုံးအစုံဖြင့် ကြည့်နေကာ နောက်ဆုံးတွင် သူ့ရင်ဘတ်ထဲမွန်းကြပ်တစ်ဆို့နေသော သွေးများအားအန်ထုတ်လိုက်ရတော့သည်။

ယီချန်မှာဇာတ်လိုက်၏စိတ်အခြေအနေမှာ ဇာတ်လိုက်မထက်ပင်ပျော့ညံ့နေမည်ဟု ထင်မထားရာ အံ့ဩသွားမိ၏။ ကုတင်ပေါ်မှ သွက်သွက်ဆင်းကာ ကြမ်းပြင်ပေါ်‌ေသွးအန်ပြီး သတိလစ်သွားသော အန်းဝေနားကပ်၍ ခြေထောက်ဖြင့်နာနာပိတ်ကန်လိုက်သည်။

"ဟေ့ မင်းသတိကပ်ပါဦး"

နောက်တစ်ချက်ကန်ရင်း

"အမ်!!မင်းတစ်ကယ်သတိလစ်သွားတာလား"

နောက်တစ်ချက်ထပ်ကန်ကာ

"ဒါဆိုငါဆရာဝန်လှမ်းခေါ်လိုက်တော့မယ်နော်"

ယီချန်မှာ နောက်ဆုံးတစ်ချက်လှမ်းကန်လိုက်ပြီး

"ငပျော့ကောင်လေးပဲ စကားလေးနည်းနည်းတောင်အပြောမခံနိုင်ဘူး"

ယီချန်မှာ သူ့အဝတ်များအား အသေအချာပြန်ပြင်ကာ ဆံပင်အားသပ်တင်ရင်း တည်ငြိမ်သောခြေလှမ်းများဖြင့် တံခါးပေါက်ဆီ တစ်လှမ်းချင်းသွားကာ ဣန္ဒြေရရအသာတံခါးကိုဖွင့်လိုက်ပြီး အော်ဟစ်လိုက်၏။

"ဆရာတို့ ဆရာမတို့ ဒီကိုလာကြည့်ကြပါဦး။ ရဲဘော်တစ်ယောက် သတိလစ်သွားလို့ပါ"

အနီးရှိသွားလာနေသော သူနာပြုလေးမှာ ယီချန်အကူအညီတောင်းနေသည်ကိုတွေ့၍ ချက်ချင်းဆရာဝန်တစ်ယောက်အား ဆွဲခေါ်လာခဲ့သည်။ ဆရာဝန်မှာ လူနာခန်းကြမ်းပြင်ထက် ခွေခေါက်ကာ‌ေသွးများဖြင့် သတိလစ်နေသော အန်းဝေအားမြင်လျှင် ထိတ်လန့်သွားရ၏။

*ဒါကလူနာခန်းဆိုတာသေချာရဲ့လား။ မသိရင် ဓားစာခံလုပ်ခံထားရတဲ့လူအတိုင်းပဲ"

ယီချန်မှာဆရာဝန်၏အကြည့်ကြောင့် ပေါင်အားနာနာဆိတ်ဆွဲကာ မျက်ရည်အချို့ထွက်လာစေပြီး စိတ်မကောင်းသောလေသံဖြင့်ရှင်းပြလိုက်သည်။

"ဆရာ ကျွန်တော့်ညီအစ်ကို ကိုစစ်ဆေးပေးပါဦး။ သူကကျွန်တော့်သတင်းကြားတာနဲ့ အပြေးရောက်လာခဲ့တာ။ ဒါပေမယ့်လည်း ကျွန်တော့်ရဲ့လက်ရှိအခြေအနေကိုမြင်ပြီး ယူကျုံးမရဖြစ်သွားပုံပေါ်ပါတယ်။ သွေးတွေအန်ပြီး သတိလစ်သွားခဲ့တာ။ သေချာစစ်ကြည့်ပါဦးဆရာရယ် မတော်လို့သူလေဖြတ်သွားရင် ဘယ်လိုလုပ်မလဲ"

ဆရာဝန်လည်း ယီချန့်စကားကြောင့် အဖြစ်အပျက်အားနားလည်သွားကာ ယီချန့်ပုခုံးအားပုတ်ကာ စိတ်ငြိမ်ငြိမ်ထားရန်ပြောလာသည်။ သူနာပြုလေးမှာလည်း ယီချန်တို့ကြားရှိ မိတ်ဆွေဆက်ဆံရေးကြောင့် ရင်ထဲထိသွားခဲ့ကာ ယီချန့်ထံစိတ်မကောင်းဟန်ဖြင့်ကြည့်လာ၏။ ဆရာဝန်လည်း အန်းဝေထံသွားကာ စစ်ဆေးပြီးနောက် ယီချန်ပြောသလိုဟုတ်မှန်ကြောင်းသိလိုက်သည်။

"တပ်ခွဲမှူးယီရဲ့မိတ်ဆွေက စိတ်ခံစားမှုမတည်မငြိမ်ဖြစ်လွန်းသွားလို့ သတိလစ်သွားရတာပါ။ သွေးသာမအန်ခဲ့ရင်တော့ ‌တစ်ကယ်ကြီးလေဖြတ်သွားနိုင်တယ်။ အဆိုးထဲက အကောင်းလို့သာမှတ်ရမှာပေါ့ဗျာ။ ခဏအနားယူလိုက်ရင် ရပါပြီ။ ကျွန်တော်သူ့ကို အေးဆေးနားရအောင် စီစဉ်ပေးလိုက်ပါ့မယ်"

ယီချန်မှာ ဆရာဝန်စကားကြောင့် ကြမ်းပြင်ပေါ်ရှိသွေးများအားကြည့်ကာ အန်းဝေပါးစပ်ထဲ ပြန်လှဲထည့်ပေးလို့ရမရ စဉ်းစားနေလိုက်၏။ ဆရာဝန်မှာ ယီချန်၏စူးရှသောအကြည့်ကြောင့် နားမလည်ဟန်ကျောချမ်းသွားရသော်လည်း သူငယ်ချင်းဖြစ်သူကို စိုးရိမ်နေသည်ဟုသာ ထင်၍နှစ်သိမ့်ပေးလာသည်။

"စိတ်ပူစရာမလိုပါဘူး။ မနက်ဖြန်မနက်ဆိုရင်ကို သူပြန်သတိရလာမှာပါ"

ယီချန်လည်း နောင်တများဖြင့် ညှိုးငယ်နေသောမျက်နှာထားဖြင့် သူ့ရှေ့အလုပ်ရှုပ်နေသောဆေးရုံဝန်ထမ်းများအားကြည့်နေလိုက်သည်။ သန့်ရှင်းရေးဝန်ထမ်းမှ ရှင်းလင်းပြီးသွား၍ တံခါးပြန်ပိတ်‌ေပးသွားမှသာ သူလည်းအန်းဝေကိစ္စအား စိတ်ထဲမထားတော့ရန်ဆုံးဖြတ်၍ ကုတင်ပေါ်လှဲကာ အိပ်လိုက်တော့၏။

နောက်တစ်နေ့မနက်တွင်တော့ အန်းဝေမှာမည်းမှောင်နေသောမျက်နှာထားဖြင့် ဟူယွမ်ချွမ်ဆီသွားကာ ယီချန့်အကြောင်းကိုဆွေးနွေးဖြစ်သည်။ ယနေ့မနက်အစောပိုင်း သူနိုးလာချိန်တွင် လူနာကုတင်ပေါ်လှဲနေမိကြောင်း သိလိုက်ရကာ ဖြစ်ပျက်ခဲ့သည်များအားတွေး၍ ရှက်ဒေါသဖြစ်သွားရ၏။ သူသည် သူ၏ရန်သူရှေ့တွင် ရှုံးနိမ့်ခဲ့ရသည့်အပြင် သွေးအန်ပြခဲ့ရသည်အထိ နိမ့်ကျခဲ့ရသောကြောင့် မျက်နှာပြစရာပင်မရှိတော့ရာ အရုဏ်မတက်ခင်မှာပင် ဆေးရုံပေါ်မှ ဆင်းလာခဲ့လိုက်သည်။

သူသာအချိန်ကိုစောင့်နေပါက ထိုမိန်းမလို မိန်းမရဟန်ဖြင့် စွာတေးလန်သော ယီချန်ကသူ့အား‌ထေ့ငေါ့ကာလှောင်ပြောင်မလာဘူးဟုမပြောနိုင်ချေ။ ထို့ကြောင့်သူသည် ယီချန်နိုးမလာခင် ဆေးရုံဆင်းခဲ့ခြင်းပင်။ ယခု‌ေတာ့အရေးတကြီးလုပ်ရမည်မှာ ယီချန့်အားသူ့လက်အောက်တွင် ဖိနှိပ်ထားရန်ပင်။ သို့သော် သူ့စိတ်ထဲတွင် သူစီစဉ်ထားသည်တို့က တစ်စထက်တစ်စလျော့ပါးသွားကုန်ပြီဟု ခံစားနေရ၏။

"ဆရာ ယီချန့်ကိုပင်စင်ကြေးပေးရမယ့် စာရင်းကနေဖယ်ထုတ်ဖို့ စီစဉ်ထားပြီးပြီလား"

ဟူယွမ်ချွမ်မှာ အန်းဝေ၏ပိုမိုစူးရှလာသောသွင်ပြင်ကြောင့် အကြောင်းအရင်းကို သိချင်စိတ်ဖြစ်မိသော်လည်း မေးလိုက်မိပါက သူ့အတွက်ရလဒ်ကောင်းမထွက်နိုင်ဟု ခံစားနေမိရာ ထိုအကြောင်းအစား အန်းဝေမေးသည်ကိုသာ ပြန်ဖြေလိုက်သည်။

"အင်း ငါတတ်နိုင်သမျှတော့ လုပ်ထားပြီးပြီ။ အထက်ကသာ အတည်ပြု‌ေပးလိုက်တာနဲ့ ယီချန်လည်းစစ်တပ်ထဲက အရံလုပ်ငန်းတစ်ခုခုဆီ တာဝန်ပေးခံရမှာပဲ။ နေဖို့ထိုင်ဖို့ကလည်း သူတပ်ခွဲမှူးရာထူးတုန်းကလို သီးသန့်အိမ်ဆောင်ရမှာမဟုတ်တော့ဘူး။ တပ်သားတန်းလျားမှာပဲ သွားနေရတော့မှာ ဒါပေမယ့်လည်း သူတစ်ယောက်စာတော့ ချောင်ချောင်လည်လည်ရှိတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် တန်းလျားမှာနေရတာက သူ့ရဲ့ထုတ်လုပ်ရေးအဖွဲ့ကအိမ်မှာနေတာထက်တော့ အဆင်ပြေပါသေးတယ်"

အန်းဝေမှာယီချန်အဆင်ပြေမပြေကို ဂရုမစိုက်ပေ။ သူဂရုစိုက်သည်မှာ ယီချန်မှသူ့ရှေ့ရောက်လျှင် အလေးပြုနှုတ်ဆက်ရမည်ကိုပင်။ ထိုအချိန်ကာလအားတွေးနေရင်း အန်းဝေမှာ ပီတိဖြာလာရပြီး ရယ်မောလိုက်မိသည်။ ယီချန်သာ သူကတစ်ကယ်ကြီးသူဆိုသည့်အန်း‌ေဝ၏လက်အောက်ရောက်နေသည်ကို သ်ိသွားလျှင် သူ့မျက်နှာကမည်သို့ဖြစ်ပျက်သွားမည်ကို သိချင်သွားရ၏။

"ကျေးဇူးပါဆရာ။ ဒါဆိုလာမယ့်ရက်တွေမှာ ဆရာ့ကိုပဲအားကိုးရတော့မယ်။ ကျွန်‌ေတာ့်အကူအညီ တစ်ခုခုလိုတာရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်"

ဟူယွမ်ချွမ်မှာ ထိုကိစ္စကအရေးမပါသလို အသာလက်ဝှေ့ယမ်း၍ ငြင်းလာသည်။

"ရှောင်ဝေရ မင်းနဲ့ငါ့ကြားမှာ ဒီလိုကိစ္စသေးသေးလေးအတွက် ပြောစရာမလိုပါဘူးကွ။ ဒါနဲ့မနေ့က နနပြောတာမင်းသူ့ကိုကယ်ရင်းထိခိုက်ခဲ့တယ်ဆို။ အခုဘယ်လို‌ေန‌ေသးလဲ ဒဏ်ရာကပြင်းလား။ ဒီကလေးမကလေ အသက်ကကြီးနေပြီကို ခုထိဆိုးချင်နေတုန်းပဲ။ မင်းမလို့ သူမဒဏ်ကိုတောင့်ခံနေတာ။ နောက်တစ်ခါ သူမအရမ်းဆိုးနေရင် ဆူပစ်လိုက်လို့ရတယ်။ အဆူခံရလို့ သူမစိတ်ဆိုးသွားရင် ငါမင်းအတွက်ဝင်ပြောပေးမယ်"

အန်းဝေမှာဟူလီန၏အကြောင်းဘက် စကားရောက်သွားသော် တင်းမာနေသည့်မျက်နှာထားက ပြေလျော့သွား၏။

"ကျွန်တော့်ဒဏ်ရာကမပြင်းပါဘူး။ ပြီးတော့ သူမကမဆိုးပါဘူး ကျွန်တော်ကသာနားလည်မှုလွဲအောင် လုပ်ခဲ့မိတာပါ။ ပြီးတော့ သူမကိုဆူစရာလည်းမလိုပါဘူး။ နနက နူးညံ့သိမ်မွေ့ပြီး လိမ္မာတဲ့ကောင်မလေးပဲကို သေချာရှင်းပြပေးလိုက်ရင် နားလည်သွားမှာပါ။ သူမဆက်စိတ်ဆိုးနေခဲ့ရင်တောင် အဲ့ဒါကကျွန်တော်သေချာရှင်းမပြမိလို့ပဲဖြစ်မှာ။ ဪ ဒါနဲ့ကျွန်တော်နေ့လည်ကျရင် နနကိုခေါ်ပြီး စိတ်ပြေလက်ပျောက်ဖြစ်အောင် အလည်ခေါ်သွားပေးမလို့ နေ့တစ်ဝက်လောက်ခွင့်ပေးပါဦး ဆရာ"

ဟူယွမ်ချွမ်မှာ သူ၏သမီးဖြစ်သူအပေါ်ထားသည့် အန်းဝေ၏စိတ်ထားကြောင့် သဘောအကျကြီးကျနေရာ အန်းဝေတောင်းဆိုလာသည်ကို တန်းလက်ခံလိုက်သည်။

"ကိစ္စမရှိပါဘူးကွာ။ နနနဲ့မင်းသာ ပျော်ပျော်ပါးပါးလည်ခဲ့ကြ။ ပြီးတော့ အဲ့ကလေးမကိုအရမ်းအလိုမလိုက်ပေးနဲ့နော်။ သူမကအလိုလိုက်ခံရလေလေ ပိုဆိုးပြလာလေလေပဲ"

"ဆိုးလည်းဆိုးတော့ပေါ့ ‌ဆရာရယ်။ ဒီရက်ပိုင်းသူမကြည့်ရတာ စိတ်ညစ်နေပုံရနေတော့ ကျွန်တော့်အပေါ်ထွက်ပေါက်ပေးလိုက်လည်း မဆိုးပါဘူး"

ဟူယွမ်ချွမ်နှင့် အန်းဝေမှာ‌တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။

All Chapters