← Chapters

Chapter 40

Vol. 4 Ch. 40

Chapter 40

Vol. 4 Ch. 40

ယီချန်ဘက်တွင်တော့ နေ့လည်စာစားပြီးသည်နှင့် သူနာပြုလေးထံအပြင်ခဏထွက်မည်ဖြစ်ကြောင်း အသိပေးခဲ့ရာ သူနာပြုလေးသည် ညနေခင်းဆရာဝန်ဆေးလာစစ်မည့်အချိန်ကိုပြန်သတိပေးလိုက်ပြီးမှထွက်ခွင့်‌ေပးခဲ့၏။ ယီချန်လည်းသူနာပြုလေး၏စကားကို မှတ်ထားကာဆေးရုံသန့်စင်ခန်းဘက် သွား၍နေရာလွတ်ထဲရှိ သူပြင်ဆင်ထားသောမူလကိုယ်၏အဝတ်ဟောင်းများကိုလဲဝတ်လိုက်သည်။ ထို့နောက်ဆေးရုံထဲမှထွက်၍မြို့ထဲသွားမည့် ထရပ်ကားအားနှစ်ဆယ်ဆင့်ပေးကာ လိုက်စီးပြီး မြို့ထဲရောက်သည်နှင့် လူရှင်းသည့်နေရာအားရှာကာ နယ်မြေထဲရှိပန်းသီးတောင်းကြီးအားလွယ်၍ မလှမ်းမကမ်းရှိမှောင်ခိုဈေးထံဦးတည်လိုက်၏။

ယီချန်မှာဤခေတ်ကာလတွင်ပေါ်ပေါ်ထင်ထင်ရောင်းဝယ်လို့ရသည့်မှောင်ခိုဈေးရှိနေသည်ကို ခုထိမယုံကြည်နိုင်သေးပေ။ စားဖိုဆောင်မှအဒေါ်ကြီးချဲ့ကားပြောသည်ဟုသာထင်ခဲ့မိ၏။ သို့သော် ယခုသူ့ရှေ့တွင်ကွယ်ဝှက်ထားသည်မျိုးမရှိဘဲ ကုန်ပစ္စည်းမျိုးစုံအားလူအများမြင်ရန်ချခင်းပြထား၍ ရောင်းချနေသောလူများကြောင့်မယုံချင်လည်း ယုံရပေတော့မည်။ ထို့ပြင်ဤဈေးနောက်ကွယ်ရှိလူမှာ တော်တော်လေးအစွမ်းရှိကြောင်းလည်း လက်ခံရမည်ပင်။

တင်းကြပ်သောမူဝါဒအောက်တွင်ပင် လွတ်လွတ်လပ်လပ်ရောင်းဝယ်ခွင့်ရထားသည်မဟုတ်ပါလား။ ယီချန်လည်းဝင်ထွက်နေကြသောလမ်းကြားအားကြည့်ကာ ပန်းသီး‌ေတာင်းကိုသေချာပင့်တင်လွယ်ပြီး ဝင်ရန်ပြင်လိုက်စဉ် အားကောင်းမောင်းသန်လူကြီးနှစ်ယောက်က ပိတ်ဆို့လာပြီးတင်းမာစွာပြောလာ၏။

"ရောင်းမှာလား ဝယ်မှာလား။ ရောင်းမှာဆို တစ်ယွမ် ဝယ်မှာဆိုနှစ်ဆယ်ဆင့်"

ယီချန်မှာဤကဲ့သို့စည်းမျဉ်းမျိုးရှိမည်ဟု ထင်မထားသော်လည်း လမ်းကြားတွင်းရှိစည်ကားသောဈေးကြီးအားကြည့်ကာ စည်းမျဉ်းများထုတ်မထားပါလျှင် နောက်ကွယ်ရှိလူလည်း အကျိုးရှိမည်မဟုတ်မှန်းနားလည်ရာ တစ်ယွမ်အားထုတ်ပေးလိုက်သည်။ နောက်ကွယ်ရှိလူ၏ကိစ္စမှာသူနှင့်မဆိုင်၍ ခေါင်းအစားခံမနေပေ။ သူဂရုစိုက်သည်မှာ ဤဈေးနေရာကစည်ကားလေလေ သူ၏စီးပွားရေးပိုဖြစ်ထွန်းလေဟူသည့်အချက်သာဖြစ်၏။ သူကတစ်ယွမ်ပေးလိုက်သည်နှင့် သူတို့ကအပြာရောင်လက်ပတ်တစ်ခုပေါ် ရက်စွဲတံဆိပ်ထုကာပြန်ပေးလာသည်။

"ဒါကိုလက်မှာပတ်ထား ဈေးကနေပြန်ထွက်တဲ့အချိန်ကျ ငါတို့ဆီပြန်ပေး။ ရုတ်ရုတ်သဲသဲလုပ်လို့ကတော့ မြေပဲတောင့်စားရတာကမှ ပိုကောင်းပါတယ်ဆိုတဲ့ဘဝရောက်အောင် လုပ်ပစ်မယ်"

ယီချန်မှာအေးအေးချမ်းချမ်းငွေရှာချင်သူသာဖြစ်ရာ စိတ်အားထက်သန်စွာခေါင်းငြိမ့်ပြလိုက်၏။ ထို့နောက်ခြင်းထဲရှိ နီရဲကာမွှေးပျံ့နေသော ‌လက်သီးဆုပ်အရွယ်အစားရှိ ဇီးပန်းသီးလေးလုံးအားထုတ်ကာ သူတို့နှစ်ဦးထံကမ်းပေးလိုက်၍ လေးစားသောအမူအယာဖြင့်မေးလိုက်သည်။

"ဒီကဆရာကြီးတို့ ဒါလေးကကျွန်တော်တို့ဒေသထွက်အသီးလေးတွေပါ။ ချိုပြီးမွှေးတာမလို့ အိမ်အတွက်ယူသွားလိုက်‌ေနာ်။ တစ်ကယ်တော့ ကျွန်တော်ကခုမှအသစ်ရောက်ဖူးတဲ့လူဆိုတော့ ဘယ်နေရာကအဆင်ပြေမလဲမသိသေးဘူး။ အဲ့တာ ဆရာကြီးတို့ ကူညီ‌ေပးလို့ရမလား"

လူသန်ကြီးနှစ်ယောက်မှာယီချန်ပေးလာသည့် ပန်းသီးများကဲ့သို့ နီရဲကာ‌ေမွှးပျံ့၍ မြင်ရုံဖြင့်ပင် ကိုက်စားချင်စိတ်ပေါက်စေသော ပန်းသီးမျိုးကိုမမြင်ဖူးခဲ့ရာ လက်ခံလိုက်ကြ၏။ သူတို့၏အမူအယာမှာလည်း အနည်းငယ်ပျော့ပျောင်းသွားသည်။ ဤလူငယ်ပေးသောပန်းသီးမျိုးကို မမြင်ဖူးခဲ့ကြပေသိ သူတို့တာဝန်မှာအစောင့်သာဖြစ်နေ၍ အသေးစိတ်လိုက်စပ်စုမနေတော့ပေ။

"ညာဘက်ခြမ်းရဲ့လေးဆိုင်မြောက် ဝက်သားသည်ရဲ့ဘေးနေရာ"

ယီချန်လည်း‌ေကျးဇူးတင်စကားဆိုကာ သူတို့ညွှန်းပေးသောနေရာဆီသွားလိုက်သည်။ ယီချန်မှာသူ၏ဆိုင်နေရာအား ကြည့်ကာပန်းသီးလေးလုံး‌ေပးလိုက်ရသည်မှာ တန်သည်ဟုတွေးမိ၏။ မြေပြင်အားအနည်းငယ်ရှင်းကာ သူသယ်ပိုးလာသည့်ခါးတစ်ဝက်မြင့်သည့် ခြင်းတောင်းကြီးကိုချကာ ထိုထဲတွင်ပျဉ်ပြားခံ၍ ဆင့်ထားသောခြင်းအသေးများကို ခင်းကျင်းပြီးနေရာချလိုက်သည်။

သူ၏ဘေးနှစ်ဖက်တွင် ဝက်သားသည်နှင့် ကောက်နှံရောင်းသည့်သူများရှိကာ ယီချန်နေရာချလိုက်သည်နှင့် သူရောင်းမည့်ကုန်ပစ္စည်းအားမျက်လုံး‌ေဝ့ကာ စပ်စုကြည့်လာကြ၏။ သစ်သီးများအားတွေ့လိုက်ရရာ သူတို့နှင့်စီးပွားပြိုင်မဟုတ်နေ၍ အာရုံမစိုက်တော့ပဲ မျက်စိလွှဲရန်ပြင်လိုက်စဉ် လတ်ဆတ်ကာချိုမြိန်သည့်ရနံ့များဖြင့် ပန်းသီးများကြောင့်ဖမ်းစားခံလိုက်ရပြန်သည်။

"အမ်!!ဒါကပန်းသီးတွေလား ပန်းသီးတွေကဒီလောက်ကြီးနိုင်တယ်ပေါ့။ အဝါရောင်နဲ့အစိမ်းရောင်အသီးတွေကလည်း ပန်းသီးပုံနဲ့ဆင်တယ်နော်။ အဲ့ဒါတွေက ဘာသီးတွေလဲ"

ဝက်သားသည်ကြီးမှာ မြိုသိပ်မထားတတ်သူပီပီ သူသိချင်သည်တို့အားထုတ်မေးလာ၏။ ယီချန်လည်းဈေးသည်နှစ်ယောက်၏မျက်လုံးများထဲမှ မြည်းစမ်းကြည့်ချင်‌နေသည့်ဆန္ဒကိုတွေ့လိုက်ရရာ မိတ်ဖြစ်ဆွေဖြစ်သူတို့လက်ထဲဇီးပန်းသီးတစ်ချို့ ကောက်ထည့်ပေးရင်းပြောလိုက်သည်။

"ဟုတ်ပါတယ် ဦးလေး။ ကျွန်တော်တို့ဒေသအဆက်အသွယ်တွေကနေတစ်ဆင့် ပန်းသီးမျိုးအသစ်တွေရလာလို့ စိုက်ကြည့်ထားကြတာလေ။ ဒါမျိုးတွေက မြို့ကြီးပြကြီးတွေမှာတောင် မရနိုင်သေးတဲ့ပန်းသီးမျိုးစိတ်ပဲ"

မြို့ကြီးတွင်တောင်မရနိုင်သေးဆိုသည့်စကားကြောင့် ဝက်သားသည်မှာ ယီချန်ပေးလာသည်ကိုတန်းငြင်းလာ၏။ ဤလူငယ်လေး၏မိသားစုမှာ ခက်ခဲကြပ်တည်းလွန်းပုံရသည်။ မဟုတ်လျှင် ပတ်တီးမဖြည်ရသေးသောဒဏ်ရာဖြင့်လူက ဈေးလာရောင်းမည်မဟုတ်ပေ။ ထို့ပြင် ရှားပါးသောဤအသီးများက ဈေးလည်းအလွန်ကြီးနိုင်ပေရာ သူတို့အနေဖြင့် တစ်ပါးသူအပေါ်အမြတ်ထုတ်ချင်စိတ်မရှိချေ။

"ထားလိုက်ပါ လူလေးရဲ့။ ဦးလေးကသိချင်လို့မေးကြည့်ရုံပါ။ မင်းဘာသာမင်း ရောင်းလိုက်"

ကောက်နှံရောင်းသည့်အမျိုးသမီးမှာလည်း ဝက်သားသည်နှင့်အတွေးတူနေသည်။ သူမမှာတော့ ယီချန်၏ချောမောသောမျက်နှာလေးထက် ဒဏ်ရာရသွားခဲ့သောကြောင့် နှမျောနေမိ၏။

"ဟုတ်တယ် ဟုတ်တယ် မင်းဘာသာရောင်းဖို့သိမ်းထားလိုက်ပါ။ အဒေါ်တို့က ပန်းသီးစားချင်တောင် တောင်ပေါ်တက်ခူးလိုက်ရင်ရတယ်။ မင်းရဲ့သစ်သီးတွေက အရမ်းကောင်းနေတာ ဈေးကောင်းကောင်းနဲ့သာရောင်းလိုက်ပါ"

ယီချန်မှာ ဤကဲ့သို့စာနာကြင်နာတတ်သောလူများကြောင့် သူ့ရင်ထဲပိုမို‌ေနွးထွေးလာရကာ သူတို့လက်ထဲကိုယ်တိုင်သွားထည့်ပေးလိုက်သည်။

"ကိစ္စမရှိတာမလို့ ယူထားလိုက်ကြပါ။ ပြီးတော့ဒီသစ်သီးတွေက ကျွန်တော်ယူလာတဲ့ထဲ အသေးဆုံးလေးတွေဆိုတော့ ဈေးတူရောင်းလို့လည်းရမှာမဟုတ်ဘူး။ ‌ေစျး‌ေလျှာ့‌ေရာင်းရင်လည်း ကျွန်တော့်ကုန်ပစ္စည်းတွေက ပယ်သီးတွေဆိုပြီး အထင်မှားသွားနိုင်တယ်‌ေလ။ အဲ့လိုဆိုမှတော့‌ ကျွန်တော်တို့ဘာသာပဲ မြည်းစမ်းကြည့်ကြတာပေါ့"

ဈေးသည်နှစ်ယောက်မှာ ယီချန်၏‌ေချာ‌ေမာ‌ေသာ ရုပ်ရည်နှင့် ဖော်ရွေသောလေသံကြောင့် မငြင်းပယ်နိုင်တော့ပဲ ဝမ်းသာအားရလက်ခံထားလိုက်တော့သည်။ သူတို့မှာစကားအရသာ တောင်ပေါ်ပန်းသီးရိုင်းများစားလို့ရကြောင်း ပြောခဲ့သော်လည်း ပိုက်ဆံဖြင့်ဝယ်ရသောပန်းသီးများလောက်တော့ မည်သို့ချိုနိုင်ပါမည်နည်း။ ထို့ပြင် ဤလူချောလေး၏ဆိုင်မှ ပန်းသီးများမှာ ရောင်းတန်းမှသစ်သီးများထက် ပိုမိုကောင်းမွန်မည်မှာ ကြည့်ရုံဖြင့်ပင်သိနိုင်လေသည်။

ဝက်သားသည်နှင့် ကောက်နှံရောင်းသူတို့မှာ သူတို့လက်ထဲရှိပန်းသီးများအားကြည့်ကာ တံထွေးမျိုချမိလိုက်၏။ နဂိုကသူတို့သည် အိမ်ရှိမိသားစုများနှင့်မျှဝေစားရန် သိမ်းထားဖို့စီစဉ်ထား‌ေသာ်လည်း ချိုမြိန်သောရနံ့များထုတ်လွှတ်နေ‌သည့်ပန်းသီးများကြောင့် ဝက်သားသည်ကြီးမှာ စိတ်ထိန်းမထားနိုင်တော့ဘဲ ဇီးပန်းသီးတစ်လုံးအားယူကာ သူ့အဝတ်ဖြင့်သာမန်ကာလျှံကာသုတ်၍ ကိုက်ချလိုက်သည်။

ချိုမြသောအရသာနောက် မသိသာသောအချဉ်အရသာအနည်းငယ်ပါသည့် သစ်သီးရည်များမှာ သူ၏ပါးစပ်ထဲပြည့်နှက်သွားပြီး ပါးစောင်မှ‌ေနအသီးရည်အချို့မှာ လျှံထွက်၍စီးကျလာ၏။ သူသည်စီးကျလာသောသစ်သီးရည်များကို သုတ်၍ပါးစပ်ထဲရှိပန်းသီးအားကိုက်လိုက်ရာ ကြွပ်ရွသောပန်းသီးအသားမှာ ကိုက်လိုက်တိုင်းစိတ်ကျေနပ်မှုအပြည့်အား ခံစားမိစေသည်။ ဇီးပန်းသီးမှာ ယီချန်ယူလာသမျှပန်းသီးမျိုးများထဲတွင် အသေးဆုံးမျိုးစိတ်ဖြစ်သော်လည်း နယ်မြေထဲရှိအာဟာရကြောင့် လက်ရှိရောင်းတန်းတင် ပန်းသီးအရွယ်အစားမျှရှိလေ၏။

သို့သော်ဝက်သားသည်ကြီးမှာ တခွပ်ခွပ်ဖြင့် လေးငါးကိုက်သာ ကိုက်၍အစဖျောက်လိုက်တော့သည်။ ထို့နောက်ခံတွင်းထဲဝေ့ဝဲကာကျန်နေသေးသည့်အရသာလက်ကျန်ကို တသသပြန်ခံစားနေလိုက်၏။ သူသည်စားလို့မဝသေးသော်လည်း အိမ်ရှိမိသားစုလည်း ကြိုက်နှစ်သက်မည်မှာ သေချာ၍ကျန်ပန်းသီးများကို သိမ်းထားလိုက်တော့သည်။

တစ်ဖက်ရှိကောက်နှံသည် သည်လည်းစားချင်စိတ်ကိုချွန်းအုပ်ထားသော်လည်း ဝက်သားသည်ကြီး၏ယစ်မူးနေသော အမူအယာကြောင့်သူမလည်းတစ်လုံးမြည်းစမ်းကြည့်လိုက်သည်။ ထို့နောက်သူမသည်လည်း ဝက်သားသည်ကြီးလို အမူအယာဖြစ်သွားတော့၏။ သူတို့နှစ်ဦးမှာ ပန်းသီးအားကြိုက်နှစ်သက်သည့်အမူအယာရှိနေသော်လည်း ‌ကျန်ပန်းသီးများကိုအောင့်အီးကာသိမ်းထားလိုက်ကြသည်။ သူတို့နှစ်ဦး၏ အရသာရှိရှိတိုက်ရိုက်စားသောက်ပြမှုကြီးကြောင့် ဈေးဝယ်များအပြင် ဈေးသည်များပါသိချင်စိတ်ဖြင့် စူးစမ်းနေတော့၏။ ခပ်ဝဝဈေးဝယ်အမျိုးသမီးကြီးမှာတော့ အချိန်ဆွဲမနေတော့ဘဲ ယီချန့်ဆီလျှောက်လာကာ ပန်းသီးများအားလောဘတကြီးကြည့်၍ မေးလိုက်သည်။

"လူငယ်လေး မင်းဆိုင်ကသစ်သီးတွေက ပန်းသီးနဲ့ဘာတွေရောင်းတာလဲ"

ယီချန်လည်းမူလဆင်ခြေကိုသာသုံး၍ထပ်ပြောလိုက်၏။

"ဒါတွေက ကျွန်တော်တို့ဒေသကအဆက်အသွယ်နဲ့ရှာဝယ်ထားရတဲ့ ထူးရှယ်ပန်းသီးမျိုးတွေလေ။ ပုံမှန်ပန်းသီးမျိုးတွေထက် ပိုလှတယ်၊ပိုချိုတယ်၊ပိုပြီးအလုံးထွားတယ်။ အရည်အသွေးကိုအာမခံတာမလို့ စမ်းစားကြည့်သင့်တယ်နော်"

အမျိုးသမီးကြီးလည်း ဤသစ်သီးများမှာ ဆိုင်ရှင်လူချောလေးပြောသလိုမှန်နေရာ ဈေးနှုန်းအားမေးလိုက်သည်။

"ဘယ်လိုရောင်းတာလဲ"

All Chapters