← Chapters

အခန်း (၁၂၁)

Vol. 13 Ch. 121

အခန်း (၁၂၁)

Vol. 13 Ch. 121

ကုကျစ်စုန့်အသံကို ကြားရသည်နှင့် ‌ဂဲလီယိုချန်းမှာ ‘အသားတော်ရတနာ’ဆိုသည်မှာ ဘာမှန်းမသိသော်လည်း ကုကျစ်စုန့်၏ လေသံအရ ဆက်လက်တိုက်ခိုက်ရန် ခက်ခဲမည့်အရာဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ထို့ကြောင့် သူမက ရွှေခွက်ကို ကိုင်ထားလျက်နှင့်ပင် တောက်နေသော လက်များအား အရှိန်လျှော့လိုက်ကာ တောင့်တင်းသွားသော ရွှေရောင်ကူပိုးကောင်ထံသို့ ပြေးခုန်ဝင်သွားခဲ့သည်။

ကူပိုးကောင်မှာလည်း အန္တရာယ်အား သတိထားမိသည့်အလား၊ အမြီးမှ အစိမ်းနုရောင် အဆိပ်ငွေ့များ ပန်းထုတ်လိုက်ကာ ဂဲလီယိုချန်းထံသို့ ပြန်လှည့်လာခဲ့လေ၏။

အဆိပ်ငွေ့များက မောင့် ဖုတ်ကောင်၏ တောင့်တင်းနေသော ပုခုံးသားနှင့် မျက်နှာအား ထိလိုက်မိသည်နှင့် အသားများကို ချက်ချင်းလှိုက်စားသွားကာ ထိိုထိမိသွားသည့်နေရာကအမှုန်များ ဖြစ်သွားခဲ့သည်။

မကြာလိုက်၊ အဆိပ်ငွေ့များက တစ်စ၊တစ်စ လှိုက်စားသွားကာ ဓား၊လှံ၊ သေနတ်နှင့် မီးမန္တာန်တို့ပင် မဖောက်နိုင်သော အသားအရည်များက ချက်ချင်းပင် လောင်မြိုက်ကာ ဖွာလန်ကြဲသွားတော့သည်။

မောင့် ဖုတ်ကောင်လည်း နာကျင်မှုကြောင့် ရပ်တန့်ကာ အော်ဟစ်ညည်းတွားနေခဲ့သည်။

ရွှေရောင်ကူပိုးကောင်က အချိန်မှီပျံသန်းလာနိုင်ခဲ့သော်လည်း မောင့် ဖုတ်ကောင်၏ လက်သည်းငါးချောင်းဖြင့် ရိုက်ချခြင်းကို ခံလိုက်ရသေးသည်။

ဖုတ်ကောင်က လက်ကိုမြောက်ကာ ကူပိုး‌ကောင်အား ထပ်ရိုက်ရန်ကြံလိုက်သော်ငြား ကုကျစ်စုန့်၏မျက်လုံးမှ အလင်းတစ်ချက်လက်သွားပြီးနောက် အဖြူရောင် စစ်တုရင်အပိုင်းတစ်ခုက သူမ၏ လက်ချောင်းများကြားမှ အရှိန်ဖြင့် ပြေးထွက်လာခဲ့သည်။

ထိုအပိုင်းလေးက ဖုတ်ကောင်၏ လည်ချောင်းအား အရှိန်ပြင်းပြင်း ရိုက်ခတ်သွားခဲ့လေသည်။

မြေကြီးပေါ်သို့ မာကြောသည့် အရာတစ်ခု ရိုက်ခတ်လိုက်သံက ဆူညံစွာ ထွက်ပေါ်လာပြီးနောက် အဆုံးအစမဲ့စွမ်းအားဖြင့် ပြေးထွက်လာသည့် စစ်တုရင်အပိုင်းက မောင့်ဖုတ်ကောင်အား လွင့်ထွက်သွားစေခဲ့သည်။

ဖုတ်ကောင်လည်း မီတာအနည်းငယ်လောက်ထိ လွင့်သွားခဲ့ပြီးမှ မြေကြီးနှင့် ရိုက်မိသွားခဲ့သည်။

အကြိမ်အနည်းငယ်လောက် လိမ့်သွားပြီးနောက် ဖုတ်ကောင်က လေးဖက်ကုန်းကာ ပြန်ခုန်ထလာပြန်သည်။

အသက်ဝင်ကာစ မောင့် ဖုတ်ကောင်သည်ကား စွမ်းအားကို အကဲဖြတ်နိုင်‌နေသည့် အဆင့်ပင်ဖြစ်ပေသည်။ သူသည်ကား မြေကြီးအား ဖုတ်‌ကောင်အဆိပ်များ ပြည့်လျံနေသော ချွန်မြိသည့် လက်သည်းများနှင့် တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ ကုတ်ခြစ်ကာ လည်ချောင်းမှလည်း အက်ကွဲကြောက်လန့်နေသော အော်သံများ ထုတ်လွှင့်နေခဲ့သည်။

ကုကျစ်စုန့်မှာ သူ့အတွက်အန္တရာယ်ရှိနိုင်ကြောင်းကို သူ ခံစားနေခဲ့ရကာ ထွက်ပြေးချင်နေသည့်ပုံပင်။

ထိုအချိန်တွင် ဒဏ်ရာရထားသော ကူပိုးကောင်သည်လည်း ဂဲလီယိုချန်း၏ လက်ဖဝါးပေါ်သို့ တွန့်လိမ်ကာ ပြန်ရောက်လာခဲ့သည်။

ထိုပိုးကောင်သည်ကား ပိုးတွင်းထဲ၌ အချင်းချင်းတိုက်ခိုက်စေကာ မွေးထားသော ကူဘုရင်သာဖြစ်ပေသည်။ သူ့၏အရွယ်အစားက ကလေးလက်သီးဆုတ်အရွယ်ခန့်ပင် ရှိနေခဲ့သည်။ အင်မတန်အဆိပ်ပြင်းကာ သူ၏ အခွံသည်လည်း သံမဏိကဲ့သို့ပင်  မာကြောလှပေ၏။

ထိုပိုးကောင်များက မြွေ၊ပင့်ကူများကဲ့သို့ အဆိပ်ပြင်းလှသော်ငြား အင်အားကြီးမားသည့် ရန်သူနှင့်တွေ့လျှင်တော့ အကောင်လိုက်မြိုချခံရနိုင်သည်။

သို့သော် ဤပိုးကောင်သည်ကား ဂဲလီယိုချန်း၏ အထူးပိုးကောင်ပင်ဖြစ်ပေသည်။

သူမက ဤပိုးကောင်ကို သူမ၏အသက် ၆နှစ်အရွယ်မှ စတင်ကျွေးမွေးခဲ့သည်။ သူမအသက် ၁၂ နှစ်တွင် ပိုးကောင်အား စတင်ပြီး သွေးတိုက်ခဲ့သည်။ အနှစ်၂၀ခန့် ကျွေးမွေးထားခဲ့သည့်အတွက် ဤပိုးကောင်သည်ကား သူမအတွက်တော့ အရင်းနှီးဆုံး မိသားစုဝင်တစ်ယောက်ပင်။

ကူပိုးကောင်သာ မောင့်ဖုတ်ကောင်၏ ချေမှုန်းခြင်းခံလိုက်ရပါက စိတ်နှလုံးချင်း နီးစပ်နေသော သူမသည်လည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရသွားမည်မှာ မလွဲဧကန်ပင်။

ဂဲလီယိုချန်းက ရှုံ့သွားသော ကူပိုးကောင်အား ညင်သာစွာ ကိုင်ထားရင်း သူမ၏ မျက်နှာမှာလည်း စိုးရိမ်ပူပန်မှုအပြည့်ဖြစ်နေခဲ့သည်။

ထို့နောက်တွင် ကူပိုးကောင်၏ အတောင်ပံတစ်ဝက်ခန့် အရည်ပျော်ကျနေသည်ကို မြင်ရပေသည်။

ပိုးကောင်၏ ဒဏ်ရာကြောင့် သူမသည်လည်း အနည်းငယ်ထိခိုက်သွားကာ နှုတ်ခမ်းများမှာ ဖြူဖျော့နေခဲ့သည်။

သူမက ခေါင်းကို မော့ကာ ကုကျစ်စုန့်အား ကြည့်လိုက်ရင်း ကျေးဇူးစကားဆိုသည်။

“စုန့်စုန့်၊ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်!”

“ဒါပေမယ့် ဒီဖုတ်ကောင်က ထူးဆန်းလိုက်တာ၊ ဘယ်လိုလုပ်ပြီး ငါ့ရဲ့ ပိုးကောင်ကို ဒဏ်ရာရအောင် လုပ်နိုင်နေတာလဲ?”

ကုကျစ်စုန့်က ဖုန်းရွှေပညာရှင်ခိုးယူသွားသည့် အသားတော်ရတနာ၏ ဇာတ်ကြောင်းကို ရှင်းပြလိုက်ရင်း စကားဆိုသည်။

“ကူပိုးကောင်တွေက ယင်စွမ်းအင်တွေစုဝေးထားတာဖြစ်ပြီး သွေးဆာတတ်တယ် သူတို့က ပုံမှန်ဆိုရင် ဇာတ်တူသားစားပြီး ယင်အရာဝတ္ထုတွေကိုလည်း အစိမ်းစားလေ့ရှိတယ်လေ၊ ဗုဒ္ဓဘာသာပစ္စည်းတွေကတော့ သူတို့ရဲ့ရန်သူပဲ၊ မောင့် ဖုတ်ကောင်ရဲ့ လျှာအောက်မှာ ဖိကပ်ထားတဲ့ ရတနာက ရှင်သန်ခဲ့တဲ့ ဗုဒ္ဓရဲ့ အသားတော်နဲ့ သွေးတော်ပါဝင်ပြီး ရှေးပညာရပ်တွေလည်း ပါဝင်နေတယ်၊

နေ့တိုင်းနေ့တိုင်း ဒီရတနာက တောင်းဆုတွေ၊ကောင်းချီးတွေနဲ့ အမွှေးနံ့သာ ထွန်းညှိခံထားရတာကြောင့် ဗုဒ္ဓရဲ့ အလင်းရောင်ကိုလည်း ရထားတယ်၊ ဒီတော့ ရှင့်ရဲ့ ကူပိုးကောင်တွေကို မောင့် ဖုတ်ကောင်က ထိလိုက်ရုံနဲ့တင် ဒဏ်ရာရအောင် လုပ်နိုင်မှာ သေချာပေါက်ပဲ”

ဂဲလီယိုချန်း ပို၍ ခေါင်းရှုပ်ကာ နားမလည်နိုင်ဖြစ်သွားရသည်။

“ဒါပေမယ့် မောင့်ဖုတ်ကောင်ကလည်း ပထမတန်းစား မကောင်းဆိုးရွားပဲလေ၊ သူက ဘယ်လိုလုပ်ပြီး ဘုရားရဲ့ ရတနာကို ငုံထားနိုင်ရတာလဲ?”

ကုကျစ်စုန့် တိုးတိုးလေး ပြောလိုက်သည်။

“သူ့ရင်ဘတ်က ကျောက်စိမ်းလက်ချောင်းရိုးကြောင့်ပဲ”

ကောင်းကင်ဘုံမှ မိုးကြိုးပစ်ခံရပြီးနောက် ထိုကျောက်စိမ်းလက်ချောင်းရိုးမှာ အင်မတန်အရေးကြီးသော မှော်လက်နက်တစ်ခု ဖြစ်လာကာ ဖုတ်ကောင်များကို ဖိနှိပ်၊ မကောင်းသော ဝိဉာဉ်များအား အသွင်ပြောင်းစေနိုင်သည်။

ဖုန်းရွှေပညာရှင်က ထိုလက်ချောင်းရိုးအား ဖုတ်ကောင်၏ ရင်ဘတ်၌ ထိုးစိုက်ထားခြင်း၏ အကြောင်းပြချက်မှာ ဖုတ်ကောင်၏ကိုယ်ပေါ်မှ မကောင်းသော အငွေ့အသက်များအား ဖိနှိပ်ထားရန်ဖြစ်ကာ ဗုဒ္ဓ၏ အသားတော်ရတနာမှ ဖုတ်ကောင်အား မတိုက်ခိုက်စေရန် ကာကွယ်ပေစထာစနိုင်ခဲ့သည်။

သို့သော် ဂဲလီယိုချန်းက သေသေချာချာနားမလည်နိုင်သေးသလို၊ ဖုန်းရွှေပညာရှင်မှ မည်သည်ကို လုပ်ချင်နေသည်ကိုလည်း တွေးမရနိုင်သေးပေ။

သို့သော် ကုကျစ်စုန့်ကတော့ သဘောပေါက်ပြီးဖြစ်သည်။

“ရှင့်ရဲ့ ဂျူနီယာလေးက သန့်စင်တဲ့ ယင်ခန္ဓာကိုယ်ပဲ ဟုတ်တယ်မလား?”

ဂဲလီယိုချန်း ခေါင်းငြိမ့်သည်။

“အမှန်ပဲ၊ သူက ယင်ဖွဲ့စည်းပုံဖြစ်ပြီး အရည်အချင်းလည်း ရှိတယ်၊ မွေးပြီး သိပ်တောင်မကြာဘူး၊ ရွာထဲက လူကြီးတွေက ကျောင်းကို ခေါ်သွားပြီး ‘ဖုတ်ကောင်မွေးခြင်း’ ပညာကို သင်ပေးကြတော့တာပဲ”

“ဒါဆိုရင်တော့ ရှင်းပါတယ်၊ အဲ့ဒီလူယုတ်မာကောင် ဒါတွေအားလုံးကို လုပ်နေရတဲ့ အကြောင်းရင်းက ဒီမောင်ဖုတ်ကောင်ကို ‘လူသားဖုတ်ကောင်’အဖြစ် ပြောင်းချင်လို့ပဲ”

“လူသားဖုတ်ကောင်?!”

ဂဲလီယိုချန်း အံ့ဩတကြီးဖြစ်သွားရသည်။ သူမ မြောင်မိသားစု၏ ရှေးကျမ်းစာများတွင် ‘လူသားဖုတ်ကောင်များ’ကို မြင်ဖူးသည်။

ထိုအရာသည်ကား ရှေးအခါက ပျောက်ဆုံးသွားပြီဖြစ်သော ဖုတ်ကောင်များအား မွေးဖွားပြုပြင်ပေးသည့်  နည်းလမ်းပင်ဖြစ်သည်။

ရှေးခေတ်မှ ‘ဖုတ်ကောင်ပျိုးထောင်သူ’များသည် အလောင်းကောင်တစ်ခုအား ‘အသက်ပြန်သွင်း’နိုင်ပြီး အသက်ရှင်စဉ်ရှိခဲ့သည့် အသိစိတ်နှင့် မှတ်ဉာဏ်များ ပြန်လည်ရရှိအောင်လုပ်နိုင်သည်ဟု ဆိုကြသည်။

ဖုတ်ကောင်တစ်ကောင်ဖြစ်သော်ငြား ပြေးနိုင်၊သွားနိုင်၊ လှုပ်ရှားနိုင်ကာ သက်ရှိလူတစ်ဦးကဲ့သို့ စကားလည်း ပြောနိုင်ကြသည်။

သို့သော် ‘လူသားဖုတ်ကောင်’သည်ကား ကောင်းကင်၏ ဆန္နအား ဆန့်ကျင်နေသောကြောင့် ထိုဖုတ်ကောင်အား ပျိုးထောင်ရန် အခြေအနေများသည်လည်း အင်မတန် ခက်ခဲကြမ်းတမ်းသောကြောင့် ပညာရပ်ကလည်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

ကုကျစ်စုန့်က မောင့်ဖုတ်ကေင်အား ကြည့်ကာ သူမ၏ ကျောပေါ်တွင် သယ်ဆောင်ထားသော မဟော်ဂနီဓားကို ဆွဲထုတ်လိုက်သည်။

“လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်မ ဒီလူရဲ့ ကြမ်းတမ်းတဲ့ ဖွဲ့စည်းပုံတစ်ခုကို ဖျက်ဆီးခဲ့တယ်၊ သူက တစ်ဖက်ကလူရဲ့မိသားစုကို သတ်ပြီး၊ ဆွေမျိုးအဆက်တွေကိုလည်း သတ်ဖြတ်ခဲ့တာ၊ ဒါ့အပြင် အဲဒီဖွဲ့စည်းပုံကို သုံးပြီး ကံကောင်းခြင်းကိုလည်း ခိုးယူခဲ့သေးတယ်၊

အဲဒီဖွဲ့စည်းပုံ ပျက်စီးသွားတာနဲ့ သေချာပေါက် သူက အပြစ်ဒဏ်ခံရမှာပဲ၊ ဘယ်လိုနည်းနဲ့မှ အခုလိုမျိုး လှုပ်ရှားသွားလာနေနိုင်စရာအကြောင်းမရှိဘူး”

“ကျွန်မ အဲဒီအနက်ရောင်အခေါင်းထဲက ကလေးအလောင်းကို မမြင်ခင်ထိတော့ အဲလို တွေးခဲ့တာ၊ အဲဒီအလောင်းက တန်ပြန်တိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးထားတာပဲ၊ ပြီးတော့ ဒီကလေးက ဒီတိရိစ္ဆာန်ကောင်နှင့် သွေးသားတော်စပ်သေးတယ်၊

ကျွန်မ သေချာ ပြောနိုင်တာတစ်ခုကတော့ ဒီကောင်က သူ့သားကို ရင်းပြီး သူ့ကို ထိခိုက်မယ့်ဒဏ်ကို ရှောင်လိုက်တာပဲ”

“ပိုပြီး အဆိုးဆုံးက ဘာလဲသိလား? ဒီကောင်က အစတည်းက သူ့ကိုယ်သူ အပြစ်ကြီးတဲ့လူ၊ သေချာပေါက် ကောင်းကင်ဘုံရဲ့ ဥပဒေကနေ မလွတ်နိုင်ဘူးဆိုတာကို သိထားပြီးသားပဲ၊  သူ ဒီကလေးကို မွေးထားရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ဘုရားသခင်အပြစ်ပေးတဲ့အချိန်ကျရင် သူ့အတွက် အစားအသေခံပေးမယ့် ခန္ဓာကိုယ်တစ်ခုကို လိုချင်လို့ပဲ!!”

ထိုသေဆုံးသွားသော ကလေးငယ်၏ မွေးနေ့၊ မွေးလနှင့် မွေးဖွားသည့် အချိန်ကအစ ဖုန်းရွှေပညာရှင်၏ ထိန်းချုပ်မှုအတိုင်းဖြစ်ကာ သူနှင့် မွေးရက်တစ်ရက်တည်းဖြစ်အောင် သေချာစီမံထားသည်ကို ကုကျစ်စုန့် အတိုင်းသား မြင်နေရသည်။

သူတို့က သွေးချင်းသားအဖဖြစ်သည့်အတွက် ထိုကလေးသည်ကား ပြည့်စုံသော အစားထိုးတစ်ယောက်ဖြစ်နေခဲ့ရှာသည်။

ဖုန်းရွှေပညာရှင်၏ ဆိုးရွားကြမ်းကြုတ်မှုများမှာ ကောင်းကင်ဥပဒေ၏ သတ်မှတ်နှုန်းထက် ကျော်လွန်နေခဲ့ပြီး မည်သို့မှ လျစ်လျူရှုထား၍ မရတော့သည့်အချိန်သိာ့ရောက်ရှိလာလျှင် ကောင်းကင်မှ မိုးကြိုးပစ်ချကာ ပြာကျသွားမည်ပင်ဖြစ်သည်။

ထိုအချိန်တွင် သူက မိဘနှင့် သားသမီးကြားမှ ဆက်သွယ်မှုအား အသုံးချကာ ယခင်ကျူးလွန်ခဲ့သော အပြစ်များအား‌ ချေဖျက်၍ ကောင်းကင်ဥပဒေ၏ အပြစ်ဒဏ်အား ရှောင်ရှားလိမ့်မည်ဖြစ်သည်။

ထိုကလေးငယ်က သေဆုံးသွားပြီးနောက် သူ ကုကျစ်စုန့်အား အင်မတန်မုန်းတီးနေသည်မှာ မထူးဆန်းတော့ပါချေ။

ကုကျစ်စုန့်က သူ၏ ‘အသက်ဆက်ရှင်နိုင်မည့် နည်းလမ်း’အား ဖျက်ဆီးလိုက်ခြင်းကြောင့်ပင်။

ထိုကဲ့သို့ ပြီးပြည့်စုံသည့် သေစားသေခံတစ်ခုအား ဖန်တီးရသည်မှာ အချိန် သုံးနှစ်မှ ငါးနှစ်၊ အကြာဆုံးဆယ်နှစ်ခန့်ပင် အချိန်ယူရသည်။

သို့သော် ဖုန်းရွှေပညာရှင်က မသိစိတ်ထဲမှ ခံစားနေရသည်။

သူ၏ အပြစ်ဒဏ်ခံရမည့်အချိန်သည်ကား သိပ်မကြာတော့ပါချေ။ သူ ထိုအချိန်ထိ တောင့်ခံထားနိုင်တော့မည်မဟုတ်ပေ။

သူ့အနေဖြင့် အကျပ်အတည်းထဲသို့ ရောက်နေသောကြောင့် ‘လူသားဖုတ်ကောင်’မွေးရန် တွေးမိသွားခဲ့သည်။

ထိုတောက်ဓမ္မပညာရှင်များကြောင့်သာ သူအသက်ရှင်နိုင်မည်ဆိုလျှင် ထိုလူတွေ ဘယ်လောက်ပင် ပျော်နေလိုက်မည်နည်း!

သူ၏ ဘိုးဘေးသည်ကား အင်မတန်နာမည်ကြီးသော ဖုန်းရွှေပညာရှင်တစ်ဦးဖြစ်ကာ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာသော ပညာရပ်များကြောင့် သူသည်လည်း သာမန်ပညာရှင်များထက် ထူးခြားထက်မြက်သော အရည်အချင်းများရှိသည်။

ဘိုးဘေးများ၏ မှတ်တမ်းများအရ သူ၏မိသားစုမှ နာမည်ကြီးဖုန်းရွှေပညာရှင်သည် တော်ဝင်သင်္ချိုင်းဂူကိုပင် တည်ဆောင်ခဲ့သူဖြစ်ခဲ့သည်။

ထို့အပြင် မှတ်တမ်းများအရ ထူးခြားသော ဖုန်းရွှေပညာရပ်များလည်း ရှိကာ ထိုအထဲတွင် ‘လူသားဖုတ်ကောင်များ’ ပျိုးထောင်သည့် နည်းလမ်းသည်လည်း တစ်ခုအပါအဝင်ရှိနေေခဲ့သည်။

ဒဏ္ဍာရီမှတ်တမ်းများအရ ‘လူသားဖုတ်ကောင်’သည်ကား ကောင်းကင်နှင့် မြေကမ္ဘာ၏ ဥပဒေများအား လျစ်လျူရှုနိုင်ကာ ကမ္ဘာကြီးတွင် မည်သို့သော အရာပင် ပြုသည်ဖြစ်စေ၊ အပြစ်ဒဏ်ခံရမည်မဟုတ်ပေ။

ထိုအရာသည် သူ၏ ဘေးအန္တရာယ်အား ကျော်လွှားရန် အကောင်းဆုံးအစားထိုးပင်ဖြစ်သည်။

သူသာ ပြုပြင်ပြင်ဆင်လိုပါလျှင် အသက်ရှိဗုဒ္ဓ၏ ရတနာများအား ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကာ ထိုရတနာအား ဖုတ်ကောင်နှင့် ပေါင်းစည်းနိုင်မည့် နည်းလမ်းကို ရှာဖွေရမည်ဖြစ်သည်။

*

All Chapters