လူသားဖုတ်ကောင်အား ပြုပြင်ခြင်း (2)
Vol. 13 Ch. 122
သက်ရှိဗုဒ္ဓဆိုသည်မှာ ကောင်းချီးများနှင့် သန့်စင်ခြင်းပါရမီများစွာ ရှိသောကြောင့် ကပ်ဆိုးများအား တားဆီးကာ မကောင်းသော ဝိဉာဉ်များအား ပြောင်းလဲပေးနိုင်စွမ်းရှိသည်။
သို့သော် ဗုဒ္ဓ၏ ဓာတ်တော်များသည်ကတောသ ဖုတ်ကောင်နှင့် မကောင်းဆိုးဝါးများ၏ ဆန့်ကျင်ဘက်ဖြစ်သည်။
ပေါင်းစပ်သည့် ပထမအဆင့်တွင် ဖုတ်ကောင်ကိုယ်တိုင်သည်လည်း ဗုဒ္ဓရတနာကြောင့် ထိခိုက်ဒဏ်ရာရစေသောကြောင့် နှစ်ထောင်ပေါင်းများစွာ တရားကျင့်ကြံထားသော ပညာရှင်များသာလျှင် လုပ်ဆောင်နိုင်သည့် ပညာရပ်တစ်ခုပင်ဖြစ်သည်။
သို့သော် ရှေးအမွေအနှစ်ရတနာများတွင် မှတ်တမ်းတင်ခံထားရသော၊ အင်ပါယာ၏ သင်္ချိုင်းတွင် မြှုပ်နှံထားသည့် ကျောက်စိမ်းလက်ချောင်းရိုးက မကောင်းသော ဝိဉာဉ်များအား နှိမ်နင်းသည့် သဘာဝရတနာတစ်ပါးပင်ဖြစ်ချေသည်။
သို့သော် ထိုအချက်အလက်များက လက်ဆင့်ကမ်းလာသည်မှာ ကြာမြင့်လှပြီဖြစ်သော်ကြောင့် တစ်ချို့သော စာရွက်များမှာ ပျောက်ဆုံးသွားခဲ့ပြီး ဖုန်းရွှေပညာရှင်မှာ အင်ပါယာသင်္ချိုင်းဂူ၏ တည်နေရာအား မသိလိုက်ရပေ။
တိုက်တိုက်ဆိုင်ဆိုင်ပင် ကုကျစ်စုန့်က သင်္ချိုင်းဂူအား ရှာတွေ့ကာ ပြည်နယ်လက်ထဲသို့ တူးဖော်ရေးလုပ်ဆောင်ရန် အပ်နှံလိုက်သည်ပင်။
သတင်းကို ကြားရသည်နှင့် သူက ဘုရားသခင်က သူ့ကို ကူညီနေသည်ဟုတွေးကာ ဝမ်းသာလုံးဆို့မတတ်ဖြစ်ခဲ့ရသည်။
ထို့နောက် ချက်ချင်းပင် သင်္ချိုင်းဂူထဲသို့ ခိုးဝင်ကာ ကျောက်စိမ်းလက်ချောင်းရိုးကို ခိုးယူခဲ့ပြီး အဆင်သင့်ရှိနေသည့် ဖုတ်ကောင်ကိုပါ အသုံးချနိုင်ခဲ့သည်။
ဖုန်းရွှေပညာရှင် ပထမဆုံးလုပ်ဆောင်သည်မှာ သားဖြစ်သူ၏ အလောင်းမှ နှလုံးအား မောင့် ဖုတ်ကောင်သို့ ကျွေးလိုက်ခြင်းပင်ဖြစ်သည်။
ထို့ကြောင့် ဖုတ်ကောင်နှင့် သူ၏ ကြားထဲတွင် ဆက်သွယ်မှုတစ်ခုပေါ်ပေါက်လာကာ ထိုဖုတ်ကောင်မှ သူ့အား ဖခင်တစ်ယောက်အဖြစ် သဘောထားခဲ့ပြီး သူ၏ အမိန့်ဟူသမျှကို နာခံလာခဲ့တော့သည်။
ထို့နောက် သားဖြစ်သူနှင့်အသက်အရွယ်မကွာခြားသည့် လူပျိုလေးများအား ပြင်ဆင်ကာ သူတို့၏ သွေးနှင့် ဖုတ်ကောင်အား သွေးသစ်လဲစေရန် အသုံးပြုဖို့ပြင်ဆင်ခဲ့ဖြစ်သည်။
သွေးသစ်လဲခြင်း အောင်မြင်ပြီးပါက မောင့် ဖုတ်ကောင်မှာ သန့်စင်သော ယင်ခန္ဓာကိုယ်ဖြင့် အမျိုးသမီးငယ်လေးများအား စားသောက်ကာ ထိုကလေးများကို ယဇ်ကောင်အဖြစ် အသုံးပြုလိမ့်မည်။
ထို့နောက် အဆင့်မြှင့်တင်ပြီးသော ဖုတ်ကောင်မှ သားဖြစ်သူ၏ အလောင်းအား ဝါးမြိုလိုက်မည်ဖြစ်သည်။
ထိုသို့ဝါးမြိုမြီးနောက်တွင် ဖုတ်ကောင်မှာ သားဖြစ်သူ၏ မှတ်ဉာဏ်များနှင့်အတူ ‘လူသားဖုတ်ကောင်’အဖြစ် တဖန်မွေးဖွားနိုးထလာမည်ဖြစ်သည်။
ထိုအချိန်တွင် ဖုန်းရွှေပညာရှင်က ‘လူသားဖုတ်ကောင်’အား ကောင်းကင်ဘုံ၏ အပြစ်ဒဏ်ကို အစားထိုးခံစေနိုင်ရုံသာမက ကမ္ဘာလောကကြီးကိုပါ ဒုက္ခပေးရန်အတွက်ပင့ အပြည့်အဝအသုံးချနိုင်သွားလိမ့်မည်ဖြစ်ပေသည်။
ကုကျစ်စုန့်၏ ရှင်းပြချက်များအား နားထောင်ပြီးနောက် ဂဲလီယိုချန်း အံ့အားသင့်စွာ ရေရွတ်မိသည်။
“ရက်စက်ပြီး အသားစားတဲ့ ကျားတောင် ကိုယ့်ကလေးကို ပြန်မစားဘူး၊ ဒီလူ… တော်တော်လေးကို ယုတ်မာပက်စက်တဲ့ လူပါလား!”
ထိုအချိန်တွင် ဖုန်းရွှေပညာရှင်က ဒေါသတကြီးအော်ဟစ်လိုက်သောကြောင့် ကုကျစ်စုန့်အား တိုက်ခိုက်ရန် တွန့်ဆုတ်တွေဝေနေသည့် မောင့်ဖုတ်ကောင်အား ဇွတ်အတင်းဖိအားပေးသလို ဖြစ်သွားခဲ့ရသည်။
သူ၏ တွန်းတိုက်ဖိအားပေးမှုကြောင့် မောင့် ဖုတ်ကောင်မှာ ထွက်ပြေးချင်သည့် ဆန္ဒကို မျိုသိပ်ကာ မာန်ဖီလိုက်ရင်း ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်သည်။
ဂဲလီယိုချန်း အော်လိုက်မိသည်။
“သတိထားဦး!”
ကုကျစ်စုန့် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သော်လည်း သူမ၏ စစ်တုရင်အပိုင်းလေးကိုတော့ ထပ်၍ အသုံးမပြုတော့ပေ။
မိုးပျံဖုတ်ကောင်အဖြစ် ပြောင်းလဲတော့မည့် မကောင်းဆိုးဝါးသည်ကား မာကြောကာ အရေထူလှသည်။
သူမ၏ ယခင်ဘဝတုန်းကဆိုပါလျှင် ဤမျှအဆင့်နိမ့်လှသော မကောင်းဆိုးဝါးဆိုသည်မှာ လှည့်ကြည့်ရန်ပင် မလိုသည့် အဆင့်ဖြစ်သည်။
သူမက နှစ်တစ်ရာကျော် တရားကျင့်ကြံထားသူဖြစ်ကာ မောင့် ဖုတ်ကောင်ကို မဆိုထားနှင့်၊ မိုးပျံဖုတ်ကောင်ကိုပင် အရိုးများကိုကို လက်ဗလာဖြင့် တစစီ ချိုးဖဲ့ချေမွပစ်နိုင်သည်။ သို့သော် ယခုအခြေအနေတွင်တော့ မဖြစ်နိုင်ပေ။
ခန္ဓာကိုယ်အသစ်ကို ပြောင်းလာပြီးနောက် သူမ၏ ကာယစွမ်းအားသည်က အင်မတန် အားနည်းသွားကာ မောင့်ဖုတ်ကောင်ကို ခုတ်ဖြတ်နိုင်ရန် မှော်လက်နက်များကို အသုံးပြုမှ ဖြစ်နိုင်လိမ့်မည်ဖြစ်သည်။
သူမ မြိနေအောင် ချွန်ထားသော မဟော်ဂနီသစ်သားဓားရှည်ကို ဆွဲထုတ်လိုက်သည်။
ကုကျစ်စုန့် သူမ၏ လက်ချောင်းထိပ်လေးကို ကိုက်ကာ ကြည်လင်၊လုံးဝန်းကာ နီရဲစိုနေသော သွေးစက်များကို မညီညာသော ဓား၏ မျက်နှာပြင်ပေါ်သို့ စီးကျစေလိုက်သည်။
ချက်ချင်းဆိုသကဲ့သို့ပင် သစ်သားဓားရှည်သည်ကား အနီရောင်မီးခိုးမြူများဖြင့် အလွှာတစ်ထပ် ဖုံးလွှမ်းသွားတော့သည်။
သူမ လက်ဖမိုးအား ဓားပေါ်သို့ တင်ကာ မောင့် ဖုတ်ကောင်၏ ချွန်မြိနေသော လက်သည်းကုတ်ချက်အား ကာကွယ်ရန် ဒိုင်းကာအဖြစ် အသုံးပြုလိုက်သည်။
ပုံမှန်ဆိုလျှင် ကျိုးပဲ့လွယ်သော သစ်သားဓားသည် ယခုအချိန်တွင် သံမဏိအလား မာကြောနေခဲ့သည်။
ကုကျစ်စုန့်၏ သိုင်းပညာသည်ကား သာမန်ထက် သာလွန်သော စွမ်းရည်ရှိကာ ဆန်းကြယ်ရှုပ်ထွေးသော ပုံစံဆန်းဓားကွက်များ အသုံးမပြုပေ။
သို့သော် ထိုသစ်သားဓားမှ တန်ပြန်တိုက်ခိုက်လိုက်သည့် အချက်တိုင်းတွင် ဖုတ်ကောင်၏ ချွန်ထက်လှသော လက်သည်းရှည်များသည် တိခနဲ ပြတ်ထွက်သွားခဲ့သည်။
အချိန်မကြာလိုက်၊ နှစ်ဦးကြားမှ တိုက်ခိုက်မှုက ပြောင်းပြန်လှန်သွားခဲ့သည်။
ဖုတ်ကောင်က နာကျင်စွာ အော်ဟစ်ကာ ထွက်ပြေးရန် ပြင်ဆင်လိုက်သော်ငြား ကုကျစ်စုန့်၏ ဓားတစ်ချက်အဝှေ့တွင် ဖုတ်ကောင်၏ လက်တစ်ဖက် ပြတ်ထွက်သွားခဲ့ပြီး သွေးပုတ်များလည်း ပန်းထွက်လာတော့သည်။
ထိုမြင်ကွင်းက ဂဲလီယိုချန်းအား ဆက်တိုက်ဆိုသကဲ့သို့ တံတွေးမျိုချစေခဲ့သည်။ ဤကဲ့သို့ နူးညံ့လှပသော မိန်းမငယ်လေးတစ်ဦးထံမှ ဤမျှထိ ရက်စက်သွေးအေးနိုင်မည်ဟု ထင်မထားမိခဲ့ပေ။
သူမ၏ မျက်လုံးထောင့်မှ ဒေါသချောင်းချောင်းထွက်နေသော ဖုန်းရွှေပညာရှင်က အိတ်ကပ်ထဲမှ ကျမ်းစာရွက်ကို ထုတ်ကာ ကုကျစ်စုန့်ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသည်။
ထို့ကြောင့် သူမ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သစ်ပင်မှ ရှည်ရှည်သွယ်သွယ် အရွက်တစ်ရွက်ကို ခူးကာ နှုတ်ခမ်းပါးတွင် စေ့ကပ်လိုက်သည်။
လေချွန်သံလေးတစ်ခု ထွက်လာပြီးနောက် သစ်တောအုပ်ထဲမှ လှုပ်လှုပ်ရှားရှားအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ခဏအတွင်း မရေတွက်နိုင်သော အဆိပ်ပြင်း ပိုးမွှားများ၊ မြွေနှင့် ပုရွက်ပိုးကောင်များက မြေကြီးအောက်မှ ထွက်ပေါ်လာကြကာ ဖုန်းရွှေပညာရှင်ထံသို့ လေချွန်သံလေး၏ အမိန့်အား နာခံ၍ ပြေးသွားကြတော့သည်။
ကုကျစ်စုန့် ဖုတ်ကောင်၏ လက်အား ထပ်ဖြတ်လိုက်ပြီးနောက် သူမ၏ အခြားလက်တစ်ဖက်သည်က လင်းယုန်လက်သည်းပုံသဏ္ဍာန်ဖြစ်ကာ မောင့် ဖုတ်ကောင်၏ လည်ပင်းနားတွင် ဖိထောက်ထားလိုက်သည်။
ထို့နောက် သူမ၏ လက်ဖြင့် ဖုတ်ကောင်ရင်ဘတ်တွင် ထိုးစိုက်ထားသော ကျောက်စိမ်းလက်ချောင်းရိုးအား ဆွဲထုတ်လိုက်လေသည်။
အဖြူရောင်ကျောက်စိမ်းလက်ချောင်းရိုးသည်ကား သေးသွယ်ကာ အေးစက်စက်နိုင်လှသည်။
လက်ချောင်းရိုးပေါ်တွင် ဓားဖြင့် မညီမညာရေးခြစ်ထားသော စာလုံးငယ်များအားလည်း သူမ ထိတွေ့ခံစားလို့ရနိုင်သည်။
အဖြူရောင်ကျောက်စိမ်းလက်ချောင်းရိုးအား ဆွဲထုတ်လိုက်ချိန်တွင် မောင့် ဖုတ်ကောင်၏ ရင်ဘတ်မှ ဒဏ်ရာသည် ပွင့်ထွက်သွားပြီး ဖုတ်ကောင်က နာကျင်စွာ အော်ဟစ်ငိုကြွေးလာခဲ့သည်။
ထို့နောက် သူ၏ ရှေ့မှ ကြောက်ဖို့ကောင်းလှသည့် တောက်ကျန့်ထံမှ ထွက်ပြေးရန် အသည်းအသန် ကြိုးစားလာခဲ့သည်။
သို့သော် ကုကျစ်စုန့် ထိုဖုတ်ကောင်ကို လွှတ်ပေးလိုက်မည်ဟု ထင်ပါသလား??
ထက်မြိနေသော သစ်သားဓားရှည်သည် ဖုတ်ကောင်၏ လည်ပင်းအား လှီးဖြတ်လိုက်ပြီး သူ၏ ဦးခေါင်းလည်း ပြုတ်ထွက်သွားကာ မြေပေါ်သို့ ကျပြီး နှစ်ပတ်၊သုံးပတ် လိမ့်သွားသည်။
ခေါင်းမရှိတော့သည့် ဖုတ်ကောင်ကဆက်၍ ပြေးနိုင်နေသေးသည်။
သို့သော် ကုကျစ်စုန့် ထိုခန္ဓာကိုယ်ဆီသို့ သစ်ပင် ပင်စည်အထိ ထိုးဖောက်စေကာ သစ်သားဓားဖြင့် ထိုးစိုက်ထားလိုက်သည်။
ပြီးနောက် သူမ အန်ချင်စိတ်ကို သည်းခံကာ ခေါင်းပြတ်၏ တောင့်တင်းနေသော ပါးစပ်ကို ဆွဲဖြဲလိုက်ပြီး လျှာအောက်မှ အသားတော်ရတနာကို ဖယ်ထုတ်လိုက်သည်။
ထို့နောက် သူမ၏အိတ်ထဲမှ တစ်ရှူးထုတ်ကာ အသားတော်ရတနာနှင့် ကျောက်စိမ်းလက်ချောင်းရိုးအား သီးသန့်ခွဲခြားထုတ်ပိုးလိုက်ပြီး သူမ၏ အိတ်ကပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။
အရာအားလုံးကို သေချာသိမ်းဆည်းပြီးနောက် ကုကျစ်စုန့် ဖုန်းရွှေပညာရှင်ဘက်သို့ လှမ်းကြည့်လိုက်ချိန်တွင် မီးခိုးရောင်ဝတ်ရုံဖြင့် လူသည်ကညး မီးမန္တာန်စာရွက်များကို အသုံးပြုပြီးနောက် သူ့အနီးသို့ ကပ်လာနေသော မြွေနှင့် ပိုးကောင်များကို ဟန့်တားနေသည်ကိုတွေ့လိုက်ရသည်။
သူ၏ မောက်မာမှုနှင့် ကြီးကျယ်မှုတို့သည်ကား တိမ်တိုက်အလား ပျောက်ကွယ်သွားပြီဖြစ်သည်။
ဂဲလီယိုချန်းက ကြောက်လန့်တုန်လှုုပ်နေသော ကလေးငယ်တချို့အား အခေါင်းများမှ ထုတ်ကာ ကယ်တင်နေခဲ့ပြီး ဒဏ်ရာများအား သွေးတိတ်အောင် လုပ်ဆောင်ပြီးနေပြီဖြစ်သည်။
မောင့်ဖုတ်ကောင်အား ကုကျစ်စုန့်အလွယ်တကူရှင်းလင်းလိုက်သည်ကို မြင်ရပြီးနောက် ဖုန်းရွှေပညာရှင်လည်း နားလည် သဘောပေါက်လိုက်သည်။
သူမည်မျှပင် ထိုတောက်ကျန့်အား မုန်းတီးနေပါစေ၊ သူသည်ကား ကုကျစ်စုန့်၏ ပြိုင်ဘက်မဟုတ်ချေ။
သူ လက်နောက်ဖျားမှ လေပြင်းမန္တာန်စာရွက်တစ်ရွက်ထုတ်ကာ ခန္ဓာကိုယ်ပေါ်တွင် ကပ်လိုက်ပြီးနောက် ခြေထောက်နှစ်ဖက်ကို ကား၍ ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။
ကုကျစ်စုန့် အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူမ၏ လက်ချောင်းများအား ဓာားရှိရာဘက်သို့လှည့်ကာ ဂါထာတစ်ခု ရေရွတ်လိုက်ပြန်သည်။
မောင့် ဖုတ်ကောင်၏ ရင်ဘတ်အား ဖောက်ကာ ပင်စည်၌ ခပ်နက်နက်ထိုးစိုက်နေသော မဟော်ဂနီဓားရှည်က တစ်ခုခုအား ခံစားလိုက်ရပုံပေါ်သည်
။
ဓားရိုးက အနည်းငယ် တုန်ခါသွားပြီးနောက် သစ်ပင်ပင်စည်မှ ဆွဲထွက်လာပြီး ထွက်ပြေးရန် ကြံစည်နေသည့် ဖုန်းရွှေပညာရှင်၏ ရင်ဘတ်အား ထုတ်ချင်းထိုးဖောက်လိုက်တော့သည်။
‘ဒုတ်’ဟူသော အသံနှင့်အတူ သစ်သားဓားရှည်က ဖုန်းရွှေပညာရှင်၏ နှလုံးအား တည့်တည့်ထိုးစိုက်ဝင်သွားသည်။
သူ နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် ရှေ့သို ပုံကျသွားခဲ့သည်။
ကုကျစ်စုန့် သူ့ထံသို့ ခြေတစ်လှမ်းချင်းလှမ်းသွားချိန်တွင် ဖုန်းရွှေပညာရှင်၏ မျက်လုံးများက ဒေါသမီးခိုးများနှင့် ပြုးကျယ်နေခဲ့သည်။ ထို့နောက်တွင် တဖြည်းဖြည်း မျက်ဖြူစိုက်သွားပြီးနောက် အသက်ရှူရပ်သွားကာ သူ၏ ခန္ဓာကိုယ်သည်လည်း အေးစက်စပြုလာတော့သည်။
ဖုန်းရွှေပညာရှင်၏ ကိုယ်တွင်း၌ ပုန်းကွယ်နေသော ဝိဉာဉ်က အမုန်းတရားများနှင့် ပြည့်နှက်နေသည်။
သူက ဖုန်းရွှေပညာတွင် တဖက်ကမ်းကျွမ်းကျင်ကာ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာသော ရက်စက်သည့် ဖွဲ့စည်းပုံများနှင့် ဖုန်းရွှေလျှို့ဝှက်ချက်များအား နားလည်တတ်ကျွမ်းသူဖြစ်သည်။
နှစ်ပေါင်းတစ်ရာကျော်သည်ထိ သူ စားသောက်ရန် ကြွရောက်လာတိုင်းတွင် လူတိုင်း၏ လေးစားခြင်းခံရသူဖြစ်သည်။ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ၏ စည်းဥပဒေများက သူ့အား မဟန့်တားနိုင်ပေ။ သူသည်ကား ထာဝရရှင်သန်သွားကာ သက်ရှိနတ်ဘုရားတစ်ပါးပင် ဖြစ်လာလိမ့်မည်ဟုပင် တွေးထားခဲ့မိသည်။
ထိုသို့ ဂုဏ်ယူဝင့်ကြွားလှသောလူက ဤဆံပင်ဝါအမျိုးသမီးငယ်၏ လက်တွင် သေဆုံးရသည်ကို လက်ခံနိုင်စရာ ရှိပါသလော!?
လက်မခံနိုင်ပါချေ။
သူ့တွင် အခွင့်အရေးရှိနေသေးသည်။
သူသည် မြေအောက်ကမ္ဘာသို့ သွားကာ ငရဲကျမခံနိုင်ပေ။ ဖုန်းရွှေပညာရှင်က အောင့်သက်သက်ဖြင့် ဒေါသကို မြိုချကာ သူ၏ ဝိဉာဉ်အား ချုပ်တည်းထားလိုက်သည်။
သို့သော် သူဇီဝိန်ချုပ်သွားသည်အား သေချာမြင်လိုက်ရသော ကုကျစ်စုန့်သည်လည်း ထွက်မသွားဘဲ အေးစက်သော မျက်လုံးအကြည့်များဖြင့် ထိုင်ချလိုက်သည်။
ဖုန်းရွှေပညာရှင်၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ရလိုက်သည်။
ချက်ချင်းလိုပင် သူ၏ ‘ဝိဉာဉ်’မှ မြင်လိုက်ရသည်မှာ ကုကျစ်စုန့်က လက်ကို ဆန့်ထုတ်လိုက်ကာ သူ၏ ‘ဝိဉာဉ်’လမ်းကြောင်းပေါ်သို့ ဖိလိုက်ခြင်းကိုပင် ဖြစ်လေ၏။
သူ ရုန်းကန်ချိန်၊ အော်ဟစ်ချိန်ပင် မရလိုက်ပေ။ ကုကျစ်စုန့် အတွင်းအားကို သုံးကာ သူ့ခန္ဓာကိုယ်၏ ဝိဉာဉ်လမ်းကြောင်းအား ဖျက်ဆီးပစ်လိုက်တော့သည်။
ဖုန်းရွှေပညာရှင်၏ ဝိဉာဉ်မှာ မျက်စိတစ်မှိတ်အချိန်တွင်း တစ်စစီ ပြိုကွဲပျက်စီးသွားခဲ့သည်။
အစမှ အဆုံးထိ ကုကျစ်စုန့်မှာ သူ့အား မြေအောက်ကမ္ဘာသို့ စေလွှတ်ရန် အတွေးလုံးဝမရှိ။ သူ တခြားခန္ဓာကိုယ်တစ်ခုကို ခိုးယူခွင့်ပြုရန်ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်သည်။
သူမ မတ်တပ်ရပ်ကာ ကြက်သေသေနေသော ဂဲလီယိုချန်းကို အပြုံးလှလှ ပြုံးပြလိုက်သည်။
“ကျူပင်ခုတ်ရင် ကျူငုတ်ပါမကျန်အောင် အပြတ်ရှင်းပစ်ရမယ်လေ”
“ကောင်းပါပြီ၊ ဒါဆို လက်စသတ်လိုက်လို့ ရပြီနော်”
*