← Chapters

ဆွေမျိုးသားရင်း (1)

Vol. 13 Ch. 123

ဆွေမျိုးသားရင်း (1)

Vol. 13 Ch. 123

ကုကျစ်စုန့် ဖုန်းရွှေပညာရှင်အား နှိမ်နင်းပြီးနောက်တွင် ဂဲလီယိုချန်းသည်လည်း ကြိုးတုပ်ခံထားရသော ကလေးငယ်များအား ကြိုးဖြည်ပေး၍ပြီးပြီဖြစ်သည်။

တချို့ကလေးများမှာ ပါးစပ်ပေါ်တွင် ပိတ်ထားသည့် အချုပ်အနှောင်များကို ဖယ်ရှားလိုက်ပြီးသည်နှင့် ဒဏ်ရာမှအလွန် နာကျင်လွန်းကြောင်းနှင့် အင်မတန်ကြောက်ရွံ့လှကြောင်းတို့ကို ငိုယိုပြောဆိုလာခဲ့ကြကာ အမေဖြစ်သူနှင့် ပြန်ဆုံချင်ကြောင်း ငိုကြွေးပြောဆိုနေခဲ့သည့် ကလေးငယ်လေးများလည်း ရှိနေခဲ့ကြသည်။

ကလေးငယ်များဆီတွင် စိတ်ဒဏ်ရာအရိပ်မည်း မကျန်စေရန်နှင့် ထူးခြားဖြစ်ရပ်သတင်းများ မပျံ့လွှင့်စေရန်အတွက် ဂဲလီယိုချန်းက ခန္ဓာကိုယ်အား မထိခိုက်စေဘဲ လူသားများကို စိတ်ငြို့ကာ မှတ်ဉာဏ်အချို့ကို ပျောက်ပျက်စေနိုင်သည့် အထူးကူပိုးကောင်များအား အသုံးပြုခဲ့သည်။

မကြာလိုက်ပါချေ၊ ကူပိုးကောင်များ၏ စွမ်းဆောင်မှုအရ ကလေးငယ်များမှာ မျက်ရည်ဝိုင်းနေသည့် မျက်လုံးများကို မှေးမှိတ်ကာ အိပ်ပျော်သွားကြတော့သည်။

သူတို့ ပြန်နိုးထလာချိန်တွင် ယခုဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအား မေ့လျော့သွားတော့မည် မိဘများထံသို့ ပြန်ပို့ပေးမည်ဖြစ်သည်။

ဤအရှုပ်အထွေးများကို မှတ်မိသိရှိနိုင်သူများမှာ သူမ၊ ကုကျစ်စုန့်နှင့် ပြန်ကယ်ဆယ်ထားသော စုန်းမငယ်လေး ‘ဒါဒါ’တို့သာလျှင် ရှိနေပေလိမ့်မည်။

“ဒါဒါ မင်းအဆင်ပြေရဲ့လား?”

ဒါဒါသည်ကား ၁၄နှစ်၊ ၁၅နှစ်အရွယ် မိန်းမပျိုငယ်လေးဖြစ်ကာ ရှေးဟောင်းမြောင်ကျေးရွာ၏ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည်။

သူမက ကုကျစ်စုန့်နှင့် ဂဲလီယိုချန်းတို့ တွေးထားသည်ထက်ပင် ပို၍ တည်ငြိမ်နေခဲ့သည်။

လက်ရှိတွင် သူမ သုန်မှုန်နေသော မျက်နှာဝိုင်းလေးဖြင့် ခေါင်းခါရမ်းပြလာခဲ့သည်။

“ကျွန်မ အဆင်ပြေပါတယ်၊ အစ်မချန်း”

ဒါဒါ၏ နှုတ်ထွက်စကားအရ ကုကျစ်စုန့်တို့နှစ်လုံး ယနေ့ နေ့လည်တွင် သူမထံ၌ဖြစ်ပျက်ခဲ့သည်မှာ အလွန် အန္တရာယ်များခဲ့လှသည်ကို သဘောပေါက်ခဲ့ကြသည်။

ဖုန်းရွှေပညာရှင်၏ စာအုပ်ထဲတွင် ပါရှိသည့် အချက်အလက်အရ သန့်စင်သော ယင်ခန္ဓာကိုယ်ရှိသည့် အပျိုစင်၏ သွေးမှာ အသန့်စင်ဆုံးသွေးဖြစ်ကာ ကြမ်းတမ်းသော များအတွက်လည်း အရည်သွေးမြင့် ဆေးတစ်မျိုးဖြစ်သည်။

ဖုန်းရွှေပညာရှင်က  မည်သည့်နည်းလမ်းအား အသုံးပြုသည်ကို သူမ မသိသော်လည်း ဖမ်းဆီးခံထားရသော မိန်းမငယ်များအားလုံးမှာ သန့်စင်သော ယင်ခန္ဓာကိုယ်ပိုင်ရှင်များသာ ဖြစ်ကြသည်။ အထူးသဖြင့် ဒါဒါသည်ကား ‘ဖုတ်ကောင်ပျိုးထောင်ခြင်း’မျိုးရိုး၏ မျိုးဆက်သစ်ဖြစ်ပေသည်။ ထို့ကြောင့် သူမက အနည်းငယ်ခန့်တော့ နားလည်နိုင်ခဲ့သည်။

ကျောက်တုံးတောအုပ်တွင် ဖွဲ့စည်းပုံဖြန့်ကျက်ခြင်းမှာလည်း ‘လူသားဖုတ်ကောင်’အား ပျိုးထောင်ရန် နည်းလမ်းပင် ဖြစ်ပေသည်။ ထိုမှသာလျှင် ထိုမကောင်းဆိုးဝါးသည် ဤတောအုပ်အတွင်း နေရာချထားလျက်ရှိသော ဝိဉာဉ်သန္ဓေလောင်းတို့အား စုပ်ယူကာ အားပြည့်လာလိမ့်မည်ဖြစ်သည်။

ထိုအရာအား ကြားရပြီးနောက်တွင် ဂဲလီယိုချန်းမှာ အလွန်အမင်းပင် တုန်လှုပ်သွားခဲ့ရသည်။

သူတို့သာ အချိန်မှီရောက်မလာခဲ့ပါလျှင် ယခုအဖြစ်အပျက်တွင် ထိခိုက်မည်မှာ ဓားစာခံများတင်သာ မဟုတ်ဘဲ၊ အနီးအနားရွာများမှ ကိုယ်ဝန်ဆောင်များနှင့် မွေးကင်းစကလေးငယ်များပါ ပါဝင်သွားလိမ့်မည်ဖြစ်သည်။

“အဲဒီလူက တစ်ဝက်တစ်ပျက်လောက်ပဲ သိတာ၊ အစ်မချန်း လာကယ်မယ်ဆိုတာကို ကျွန်မသိထားတယ်၊ ဒါကြောင့် ကျွန်မလည်း သူ့ကို အရူးလုပ်ပြီး ‘ဒီဂါထာအစီအရင်က ဆွဲရခက်တယ်၊ ‘ဓားစာခံ’တွေကလည်း ဒီဖုတ်ကောင်နဲ့ သွေးဖလှယ်နေချိန်မှာ အသက်ရှင်နေဆဲဖြစ်ရမယ်’ဆိုပြီး ပြောထားတာ၊ ဒီလိုမှ မဟုတ်ရင် ကျွန်မတို့အားလုံး ချက်ချင်း အသတ်ခံရမှာပဲ၊ ဒါပေမယ့် အချိန် နှစ်နာရီ၊ သုံးနာရီလောက်ပဲ ဆွဲထားနိုင်ခဲ့မှာ”

ဖုန်းရွှေပညာရှင်မှ ဓားစာခံများအား ချက်ချင်း သတ်မပစ်ဘဲ သွေးကိုသာ တဖြည်းဖြည်းစီးဆင်းစေသည်မှာ မထူးဆန်းတော့ပါချေ။ ဤသည်မှာ သူမ၏ လုပ်ဆောင်မှုပင် ဖြစ်သည်။

ဂဲလီယိုချန်း ဒါဒါ၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။

“နင်လုပ်တာ အရမ်းတော်တယ်”

“ဒါက အစ်မကုကျစ်စုန့်ပဲ၊ သူ့ကျေးဇူးကြောင့် နင်တို့ကို အချိန်မှီရှာတွေ့နိုင်ခဲ့တာ”

ဒါဒါက မြောင်အလေးပြုပုံနှင့် ဂါရဝပြုလိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်မကု”

သူမ၏ မျက်လုံးများသည်ကား ကုကျစ်စုန့်အား အထင်ကြီးလေးစားကာ စူးစမ်းသည့် မျက်လုံးများနှင့် ပြည့်နေခဲ့သည်။

သူမ ထိုအစ်မချောချောလေးမှ မောင့် ဖုတ်ကောင်အား ဓားဖြင့် ခုတ်ဖြတ်ကာ ရှင်းလင်းလိုက်သည်အား မြင်တွေ့လိုက်ရသည်။

ကုကျစ်စုန့် သူမကို ခေါင်းငြိမ့်ပြပြီးနောက် ဂဲလီယိုချန်းအား ပြောလိုက်သည်။

“ကျွန်မ ဒီဖုန်းရွှေပညာရှင်ရဲ့ ခန္ဓာကိုယ်ကို စစ်ကြည့်ပြီးသွားတော့ အသစ်တစ်ခု ရှာတွေ့ခဲ့တယ်၊ ကျွန်မ ပြောခဲ့တာကို ရှင်မှတ်မိသေးလား?

ဒီလူမွေးထားတဲ့ ကလေးအလောင်းလေးက သူနဲ့ မွေးနေ့တစ်ရက်တည်းဖြစ်ပြီး မွေးနှစ်ပဲ ကွာတယ်ဆိုတာလေ၊ အခု ဒီအလောင်းရဲ့ မျက်နှာကို ကြည့်လိုက်တော့ သူ့ရဲ့ ကံကြမ္မာက အဲဒီလမ်းကြောင်းနှင့် လုံးဝ လမ်းကြောင်းနဲ့ သွေဖယ်နေတာကို မြင်လိုက်ရတယ်”

ဂဲလီယိုချန်းမှာ မျက်နှာဖတ်သည့် ပညာအား နားမလည်သောကြောင့် နားရှုပ်သွားခဲ့သည်။

“အဲဒါက ဘာကို ဆိုလိုတာလဲ?”

“သူ့ရဲ့မျက်နှာကို ဖတ်ကြည့်လိုက်တော့ သူ့ရဲ့ ဘဝလမ်းကြောင်းဦးတည်ရာက စီးပွားရေးမှာပဲဖြစ်ရမှာ၊ သဘာဝလွန်ပညာရပ်နဲ့ ဘာမှ မသက်ဆိုင်ဘူး၊

သူ့ရဲ့ ဘဝလမ်းကြောင်းအမှန်အတိုင်းဆိုရင် သူက ပြည်မကြီးနဲ့ ဟောင်ကောင်မှာ နာမည်ကြီးတစ်ယောက်ဖြစ်လာရမှာဆိုပေမယ့် သူက လုံးဝဆန့်ကျင်ပြီး ဖုန်းရွှေပညာရှင်တစ်ယောက်ဖြစ်လာတယ်၊ ဒီတော့ ဖြစ်နိုင်တာ တစ်ခုက….”

ဂဲလီယိုချန်း၏ မျက်ဝန်းများက အံ့အားသင့်စွာ ဝိုင်းစက်သွားသည်။

“ဖြစ်နိုင်တာက သူက ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်အစစ် မဟုတ်ဘူးပေါ့? သူက ဒီလူရဲ့ ခန္ဓာကိုယ်ကိုလည်း အပိုင်စီးထားခဲ့တာလား?”

“သူက အိမ်တစ်ခုလုံးကိုတောင် ဖျက်ဆီးပြီး မိသားစုကြီးတစ်ခုလုံးကို အပိုင်သိမ်းနိုင်တဲ့ နည်းလမ်းတွေကို သိနိုင်တယ်ဆိုတော့ လူခန္ဓာကိုယ်ကို အပိုင်စီးနိုင်တာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး?

ကျွန်မသာ သေချာ မစစ်ကြည့်လိုက်ဘူးဆိုရင် ရှာတွေ့မှာတောင် မဟုတ်ဘူး၊ ဒီလောက် အသေးစိတ်ပြီး ပြစ်ချက်မရှိတဲ့ ခန္ဓာကိုယ်လဲလှယ်တာမျိုးက သွေးချင်းသားချင်းတွေပဲ လုပ်လို့ ရနိုင်မှာ”

ဆိုလိုသည်မှာ သူတို့ထင်ထားသကဲ့သို့ ဖုန်းရွှေပညာရှင်က ကောင်းကင်ဘုံ၏ အပြစ်ဒဏ်မှ မလွတ်မြောက်နိုင်ခဲ့ခြင်းမဟုတ်ပေ။

ထိုသူသည်ကား လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက သူ၏ ဆွေမျိုးသားချင်းများ၏ ခန္ဓာကိုယ်အား အပိုင်သိမ်းကာ ကောင်းကင်ဘုံ၏ အပြစ်ဒဏ်အား ရှောင်ရှားနေခဲ့ခြင်းပင်ဖြစ်သည်။

ယခုတွင်လည်း သူက နည်းလမ်းဟောင်းကို အသုံးပြု၍ မိသားစုမှ အပိုင်သိမ်းထားသော ကိုယ်ခန္ဓာဖြင့် မျိုးဆက်သစ်များအား မွေးဖွားကာ ဆက်တိုက်ကျင့်ကြံနေခဲ့ခြင်းပင် ဖြစ်သည်။

သူ၏ သရုပ်မှန်က ယခုအသုံးပြုနေခဲ့သော ခန္ဓာကိုယ်ပိုင်ရှင်၏ ဖခင်ဖြစ်နိုင်သလို ဘိုးအေလည်း ဖြစ်နိုင်သည်။

“သူ့ရဲ့ တိုက်ရိုက်ဆွေမျိုးနီးစပ်တွေကို စစ်ဆေးကြည့်သင့်တယ်၊ ဒီလူက ဒီပုံစံအတိုင်း နှစ် တစ်ရာ၊ နှစ်ရာကျော်လောက်တောင် နေလာနိုင်တာဆိုတော့ ဒီကိုယ်ပေါ်မှာ ရှာတွေ့တဲ့ အပြစ်တွေက အသေးအမွှားလောက်ပဲ ရှိလိမ့်ဦးမယ်”

ဂဲလီယိုချန်းခေါင်းငြိမ့်လိုက်သည်။

“ငါ ဒါကို ဌာနချုပ်ကို သေချာပေါက် အစီရင်ခံစာတင်လိုက်ပါ့မယ်”



ထိုနေ့၏ ညနေခင်းတွင် ဝိဉာဉ်ရေးရာအထူးဌာနမှ အခြားအဖွဲ့ဝင်များလည်း ကျောက်တုံးတောအုပ်သို့ အဆောတလျှင် ရောက်ရှိလာခဲ့ကြသည်။

ထိုအချိန်တွင် ကုကျစ်စုန့်ကတော့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

သို့သော် သူမက မောင့် ဖုတ်ကောင်၊ ဖုန်းရွှေပညာရှင်၏ အလောင်းနှင့်အတူ ဖုတ်ကောင်ပါးစပ်အတွင်းမှ ယူထားသော ဟွေ့ချန်ကျောင်းတော်၏ ရတနာ စသည်တို့အား ဂဲလီယိုချန်းလက်ထဲသို့ အပ်နှံထားခဲ့ပြီးဖြစ်ကာ အနားယူရန်အတွက် သူမနေအိမ်သို့ ပြန်သွားခြင်းပင်ဖြစ်သည်။

ရောက်ရှိလာသည့် အဖွဲ့ဝင်များမှာ ခက်ခဲသည့် တိုက်ပွဲဖြစ်လာလိမ့်မည်ဟု တွေးထားခဲ့ကြသော်ငြား မည်သူက ထင်ထားမည်နည်း?

ကုကျစ်စုန့်နှင့် ကျန်နှစ်ဦးက အရာအားလုံးကို ဖြေရှင်းထားပြီးဖြစ်နေခဲ့သည်။

သူတို့လည်း ရွေးချယ်စရာမရှိတော့ဘဲ အိပ်ပျော်နေသော ကလေးငယ်များအား တောင်အောက်သို့ ချီပိုးခေါ်ဆောင်သွားပြီးနောက် တောင်ပေါ်မှ အရှုပ်အထွေးများအား ရှင်းလင်းရုံသာ လုပ်နိုင်ခဲ့သည်။

ထိုအချိန်တွင် သူတို့က တောင်ပေါ်သို့ ရောက်လာသော တခြားသောအဖွဲ့အစည်းမှတောက်ကျန့်များနှင့်လည်း ဆုံခဲ့ရသည်။

တောက်ကျန့်များက မောင့် ဖုတ်ကောင်၏ အလောင်းနှင့် ကျောက်တုံးတောအုပ်တွင်းမှ ဖျက်ဆီးခံထားရသော ဖွဲ့စည်းပုံအား ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြရသည်။

ရတနာအားလုံးက ဝိဉာဉ်ဆိုင်ရာအထူးဌာန၏ လက်ဝယ်သို့ ရောက်သွားပြီဖြစ်ကြောင်း သိလိုက်ရပြီး သူတို့၏ ခရီးစဉ်မှာ အလဟဿဖြစ်သွားကြောင်း သိလိုက်ရချိန်တွင်‌ တောက်ကျန့်များ၏ မျက်နှာများက ဖြူဖျော့သွားခဲ့တော့သည်။

သူတို့၏ လက်မှိုင်ချသွားသော ပုံရိပ်များအား ကြည့်ကာ ဝိဉာဉ်ဆိုင်ရာအထူးဌာနသားများ စိတ်ထဲတွင် တိတ်တဆိတ်ပြုံးနေခဲ့ကြလေသည်။

တောက်ဓမ္မဂိုဏ်းများမှ လူများက မည်သူက ဤဖွဲ့စည်းပုံအား ဖျက်ဆီးခဲ့ပြီး မည်သူက ဖုတ်ကောင်အား ပိုင်းဖြတ်ခဲ့သည်နည်းဆိုသည်ကို လာရောက်မေးမြန်းခဲ့ကြသည်။

သူတို့၏ ရန်လိုသည့် ပုံစံနှင့် မူလတည်းက နှစ်ဖွဲ့ကြားက ရန်စတို့ကြောင့် အဖွဲးနှစ်ခုကြားတိုက် ခိုက်ရန်တိုက်ပွဲဖြစ်တော့မလိုပင် ဖြစ်ခဲ့ရသည်။

ကုကျစ်စုန့်ကတော့ ထိုအကြောင်းမျာ့ကို မသိရှိခဲ့တော့ပါချေ။

သူမက အိမ်ပြန်ရောက်ချိန်တွင် ကျောက်စိမ်းလက်ချောင်းရိုးအား ဆားရည်စိမ်ကာ သန့်စင်လိုက်ပြီးနောက် သူမ လက်ထဲတွင် အချိန်တော်တော်ကြာ ကိုင်ထားခဲ့သည်။

ကျန်းရူယွီ၏ပြောစကားအရ ကျောက်စိမ်းလက်ချောင်းရိုးပေါ်တွင် စာလုံးငယ်များရေးထွင်းထားသည်။

သူမ၏ စိတ်တွင် ဤလက်ချောင်းရိုးပိုင်ရှင်သည် သူမ၏ သူငယ်ချင်း ယန်ဟွေ့ရှန်၏ ပိုင်ဆိုင်မှုဖြစ်လိမ်းမည်ဟု သေချာနေခဲ့ရသည်။

သူမ ဒုက္ခဆင်းရဲအား ကျော်ဖြတ်ရန် ကျရှုံးပြီးနောက် မည်သည့်အရာများ ဆက်ဖြစ်ခဲ့သနည်း?

ယန်ဟွိုင်ရှန်း၏ နူးညံ့ကာအားနည်းသော ခန္ဓာကိုယ်က အဘယ်ကြောင့် မိုးကြိုးခ,ခဲ့ရသနည်း?

သူ၏ ခြေထောက်ဝေဒနာက မည်သည့်နေရာမှ ရရှိကာ ဖြစ်ပေါ်လာခဲ့ရသည်နည်း?

ကုကျစ်စုန့် သူမ၏ ဖုန်းထဲတွင် ရှာဖွေကြည့်ရာတွင် ထိုမင်းသားငယ်နှင့်ပတ်သက်လျှင် သူ၏ ရက်ရောကြင်နာမှုတို့အတွက် ချီးကျူးထားသည့် ရှေးဟောင်းမှတ်တမ်းအချို့ကိုသာ တွေ့ရှိခဲ့ရလေ၏။

သမိုင်းကြောင်းများအရ ထိုသူက အိမ်ထောင်မပြုခဲ့သလို မျိုးဆက်လည်း ထွန်းကားခဲ့ခြင်းမရှိပါချေ။

တချို့က ကျန်းမာရေးကြောင့်ဟု ဆိုကြသည်။ တစ်ချို့ကတော့ သူ တစ်ချိန်က လေးစားသဘောကျခဲ့သူ တစ်ဦးရှိခဲ့သော်လည်း ထိုသူ ကွယ်လွန်သွားခဲ့ပြီးနောက်တွင် လက်ထပ်ထိမ်းမြားရန် ကိစ္စကို ငြင်းဆိုခဲ့သည်ဟု ဆိုကြပြန်သည်။

သူငယ်ချင်းဟောင်း၏ အကြွင်းအကျန်များအား ထိတွေ့ထားခြင်းကြောင့်လား မသိနိုင်သော်လည်း ကုကျစ်စုန့် ထိုညက မေ့ပျောက်နေခဲ့သော မှတ်ဥာဏ်များကို အိပ်မက်ရှည်ကြီးအဖြစ် ပြန်မက်ခဲ့သည်။

သူမ၏ ယခင်ဘဝမှ အကြောင်းအရာများအား အိပ်မက်,မက်ခဲ့ခြင်းပင်  ဖြစ်လေ၏။

ထိုအချိန်က တောက်ဓမ္မဂိုဏ်းတွင် တောက်ကျန့်ငယ်လေးများမှအပ၊ သူမနှင့် တောက်ကျန့်ကျွင်းဟုန်တို့သည်သာလျှင် အတည်အတန့် ကျင့်ကြံသူများ ဖြစ်ခဲ့ကြသည်။

ကုကျစ်စုန့် အသက်နှစ်ရာကျော်သည့်အချိန်တွင် သူမ ကြားခဲ့ရသည်မှာ လင်းမင်းဆက်၏ တော်ဝင်မိသားစုမှ ဒုတိယသားတော်တစ်ပါး ဖွားမြင်ခဲ့သည်။

ထိုအချိန်တွင် ကောင်းချီးတိမ်တိုက်များက နန်းတော်၏ အမိုးပေါ်၌ ပေါ်ထွန်းလာခဲ့ပြီး ထိုအရာမှာ အလွန်ပင် ကောင်းမွန်လှသော နိမိတ်ပင် ဖြစ်ခဲ့သည်။

ဝမ်းနည်းစရာကောင်းသည်ကတော့ ထိုမင်းသားငယ်သည် အားနည်းကာ ကျန်းမာရေစမကောင်းခဲ့ပါချေ။

သူမ၏ ဆရာဖြစ်သူကတော့ အဆောင်ပေါ်တွင် ထိုင်ကာ ကောင်းကင်သို့ အံ့ဩစွာ ကြည့်လျက် ပြောခဲ့သည်။

“ဒီတော်ဝင်မိသားစုမှာ လူတော်လူကောင်း မျိုးဆက်ကိုးဆက်တောင် မွေးဖွားခဲ့ပြီးပြီပဲ၊ အဲဒါက ကောင်းချီးလား၊ ကျိန်စာလားဆိုတာကိုတောင် မပြောတတ်တော့ဘူး”

ဆယ်နှစ်ကျော် ကြာမြင့်ပြီးချိန်တွင် သူတို့၏ တောင်ခြေသို့ ဝေါယာဉ်တစ်စီး ရောက်ရှိလာခဲ့သည်။

ထိုဝေါယာဥ်တွင် ကိုယ့်ကိုကိုယ်တောင် မထိန်းနိုင်သည့် အားနည်းကာ နာမကျန်းဖြစ်နေသည့် ဒုတိယမင်းသားငယ်လေးပါရှိခဲ့ပြီး တောက်ကျန့်ဂိုဏ်း၏ အဝင်ဝသို့ ရောက်ရှိလာကာ တောင်းဆိုမှု တစ်ခုပြုလာခဲ့လေသည်။

*

All Chapters