← Chapters

အမွှာ(1)

Vol. 13 Ch. 125

အမွှာ(1)

Vol. 13 Ch. 125

ကုကျစ်စုန့် နာမည်ခေါ်ပြီး သုံးစက္ကန့်အကြာ၌ နူးညံ့ချိုသာသော အသံဖြင့် ကြည့်ရှုသူတစ်ဦးက မိုက်ကရိုဖုန်းနှငာ့ စကားပြောလာခဲ့သည်။

“စုန့်စုန့်၊ ကျွန်မရှိတယ်နော်၊ ကျွန်မက ‘နို့လက်ဖက်ရည်နဲ့ ကျွတ်ကျွတ်လေးပေါ်ပေါ်’ပါ၊ တိုက်ရိုက်ထုတ်လွှင့်မှုကို အိမ်က ကြည့်နေတာဆိုတော့ ဗီဒီယိုကို တစ်ခါတည်း ဖွင့်လိုက်လို့ ရပါတယ်”

သူမ၏ အသံအား နားထောင်ကြည့်လျှင် တစ်ဖက်လူမှာ ငယ်ရွယ်ကာ နူးညံ့သည့် မိန်းမငယ်လေးတစ်ဦးဟု ခန့်မှန်း၍ ရနိုင်သည်။

တစ်ဘက်မှ ကင်မရာကို ဖွင့်လိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်က နှစ်ပိုင်းကွဲသွားပြီးနောက် ကုကျစ်စုန့်၏ မျက်နှာပြင်ဘေးတွင် နောက်ထပ် အမျိုးသမီးငယ်တစ်ဦးပေါ်လာခဲ့သည်။

သူမက ရှည်လျားသော ဆံပင်တို့ရှိကာ အပြာနုရောင်အပေါ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားခဲ့ပြီး တောက်ပလင်းလက်နေသော မျက်လုံးများရှိသည်။ သူမက သွားဖြူဖြူများကိုပေါ်သည်အထိ နူးညံ့သော အပြုံးလေးကိုထုတ်ဖော်ကာ တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာအား နှုတ်ဆက်လာခဲ့သည်။

“မင်္ဂလာပါ စုန့်စုန့်၊  ကြည့်ရှုသူများလည်း မင်္ဂလာပါ”

[စုန့်စုန့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာဆိုရင် မိန်းမလှလေးတွေချည်းပဲ၊ ဒါက လှပလွန်းတဲ့ တိုက်ရိုက်ထုတ်လွှင့်သူရှိတဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းရဲ့ ဘောနပ်စ်များလား? (ခွေးခေါင်း)]

[မင်္ဂလာနံနက်ခင်းပါ၊ မိသားစုတို့၊ ငါ့ရဲ့ ဇနီးလေးကို တွေ့ဖို့ လာခဲ့တာ…. မဟုတ်ပါဘူး၊ စုန့်စုန့် ဗေဒင်ဟောတာကို ကြည့်ဖို့ လာခဲ့တာပါ]

[ဝါးးးးးးးးးးးးးးးးးးးးးးးးးးးး]

[ မင်းတို့တွေ ဒီထုတ်လွှင့်မှုခန်းထဲမှာ နှောင့်ယှက်နေတဲ့ black fan တွေကြောင့် စိတ်ရှုပ်နေကြလား? ရှုန်းတိတို့၊ report သာထုလိုက်ကြပါ]

[……]

အစီအစဉ်တတိယပိုင်းပြီးသည့်နောက်တွင် ကုကျစ်စုန့်၏ ပရိတ်သတ်များက ဆယ်သန်းပင်ကျော်နေပြီဖြစ်သည်ကာ ဘေးမှ ဖြတ်လျှောက်ကြည့်ကြသော လူအရေအတွက်ကတော့ သိသိသာသာ ပြောင်းပြန်ဖြစ်သွားခဲ့သည်။

‘မျောလွင့်နေသော ပင်လယ်၏ ဒဏ္ဍာရီ’အဖွဲ့မှ ‘စစ်ယွီချင်း’၏ မိတ်ကပ်ဓာတ်ပုံများနှင့် သရုပ်ဆောင်ချက်များအား တင်လိုက်ပြီးချိန်တွင် သူမ ပရိတ်သတ်အသစ်များက ထပ်မံတိုးလာခဲ့ပြန်သည်။

ယခင်က ကုကျစ်စုန့်‌ ပြောခဲ့ဖူးသည့် စကားကြောင့် သူမ၏ ပရိတ်သတ်များက black fan များအား တိုက်ခိုက်ကာ တစ်ချိန်လုံး ဒေတာများကို စောင့်ကြည့်နေခဲ့ကြသည်။

(T/N: Idol တွေလို ဓာတ်ပုံအသစ်တင်တာမျိုး၊ ဗီဒီယိုအသစ်တင်တာမျိုးကို စောင့်ကြည့်ပြီး trend ဖြစ်အောင်လုပ်တာမျိုးပါ)

ပရိတ်သတ်များ သတိထားလိုက်မိသည်မှာ သူတို့တွင် စောင့်ကြည့်စရာ မည်သည့်ဒေတာမှမရှိနေခဲ့ပေ။

တချို့အနုပညာရှင်များက ကြေငြာများ လက်ခံကာ ဓာတ်ပုံအသစ်များ တင်လေ့ရှိကြသော်လည်း ကုကျစ်စုန့်ကမူ ‘ဝိဉာဉ်ရေးရာ’အစီအစဉ်တွင် ပေါ်လာချိန်မှလွဲ၍ ကျန်သည့်အချိန်များတွင် မည်သည်ကိုမျှ မမြင်မတွေ့ရပါချေ။ ဝေ့ပေါ်အတွင်းတွင် ရှာဖွေမှုမှာ ဗလာနတ္ထိပင် ဖြစ်နေခဲ့သည်။

တခြားအနုပညာရှင်များတွင် တရားမဝင်ကလေးရှိသည့် သတင်းများနှင့် black fanများ၏ ထိုးနှက်ခံကြရသော်ငြား ကုကျစ်စုန့်ကတော့ သူမကိုယ်တိုင်ပင် ပြိုင်ပွဲတွင် black fan များအား တိုက်ရိုက်စိန်ခေါ်ခဲ့သည်။

သူမ ပြိုင်ပွဲတွင် အသုံးပြုသည့် သဘာဝလွန်ပညာရပ်များ၊ ချန်ကျန်းနှင့် အခြားသူတို့၏ အဖြစ်အပျက်များကြောင့် အနုပညာအသိုင်းအဝိုင်းတွင်းမှ ပါပါရာဇီများက သူမအား အနည်းငယ်ကြောက်လန့်နေခဲ့ကြသည်။

အနုပညာနယ်ပယ်မှ နာမည်ကြီးများ၊ တက်သစ်စများသည်ကား သူတို့မျက်နှာများအား လူသိများသည့်နေရာတွင် ပါဝင်စေရန် အသည်းအသန် ကြိုးစားနေခဲ့ကြသော်လည်း ကုကျစ်စုန့်သည်ကား တော်ဝင်သင်္ချိုင်းဂူအား ရှာဖွေတွေ့ရှိကာ တရားဝင်အစိုးရ၏ ကျေးဇူးတင်ခြင်းပင် ခံခဲ့ရသည်။

ပရိတ်သတ်အသစ်များမှာ လမ်းပျောက်နေခဲ့ရသည်။

သူတို့အနေဖြင့် မည်ကိုမျှလည်း လုပ်စရာမရှိပေ။ ငွေသုံးစရာလည်း မလိုသကဲ့သို့ ကုကျစ်စုန့်အနေဖြင့် သူမကိုယ်တိုင် ထိပ်တန်းရှာဖွေမှုသို့ ရောက်အောင် လုပ်နိုင်စွမ်းရှိသည်။

သူမ၏ ပရိတ်သတ်အရေအတွက်သည်လည်း ဆက်တိုက်တိုးနေခဲ့သည်။ ထိုမျှထိ အောင်မြင်ကာ ပရိတ်သတ်များ အားမစိုက်ရသည့် အနုပညာရှင်က အမှန်တကယ်ရှိပါသလား?

သူတို့က ဤအတိုင်းရပ်နေရုံနှင့်ပင် ကြယ်များအား ခူးဆွတ်နိုင်သကဲ့သို့ ဖြစ်နေသည်။

ပရိတ်သတ်အသစ်များမှာ သူတို့၏ စွမ်းရည်အား မည်သည့်နေရာတွင်မှ အသုံးချစရာမရှိသည်ကြောင့် နေ့စဉ် ထိုင်၍ ဆုတောင်းကြသည်။

သူတို့ ပရိုဂရမ်၏ အပိုင်းအသစ်တွင် အပြန်အလှယ်ဆက်သွယ်ရမည့်အပိုင်း၌ ရွေးချယ်ခံရပါစေဟူ၍ပင်။

ပြိုင်ပွဲစတင်သည်နှင့် သူတို့က ‘ဝိဉာဉ်ရေးရာ’အစီအစဉ်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းအား စစ်ဆေးကာ ပါးစပ်သရမ်းနေသည့် Black fanများအား တွေ့သည်နှင့် အပြေးအလွှား ဝိုင်း၍ report ထုကြသည်။

‘နို့လက်ဖက်ရည်နဲ့ ကျွတ်ကျွတ်လေးပေါ်ပေါ်’ သည်လည်း နေ့စဉ်ဆုတောင်းသည့် ပရိတ်သတ်ထဲက တစ်ဦးဖြစ်သည်။

သူမ မဲရွေးချယ်ခံရသည်အား မြင်သည်နှင့် အင်မတန် စိတ်လှုပ်ရှားသွားသည်။

“လူထောင်သောင်းကျော်ထဲက ရွေးချယ်ခံရဖို့ဆိုတာက ထီပေါက်သလောက်ကို ဖြစ်နိုင်ခဲတယ်ဆိုတော့ ကျွန်မ နေ့တိုင်း ဆုတောင်းနေခဲ့တာ ဆုတောင်းပြည့်သွားခဲ့တာပဲ! စုန့်စုန့်၊ ကျွန်မက စုန့်စုန့်ရဲ့ ပရိတ်သတ်ပါ၊ ကျွန်မ စုန့်စုန့်ကို  အရမ်းကို လှတာပဲ။ အရမ်း အရမ်းသဘောကျတာ!”

ခေတ်လူငယ်များ၏ စိတ်အားတက်ကြွမှုကြောင့် ကုကျစ်စုန့် အနည်းငယ်ပင် လန့်သွားသည်။

သူမ၏ ယခင်ဘဝတွင် လူတိုင်းလူတိုင်းသည် စိတ်ခံစားချက်အား အဆုံးထိ လွှတ်ချလိုက်သည်ဟု မရှိပါချေ။

သူမ ဤနေရာသို့ ရောက်သည်မှ ၂လ၊၃လခန့်သာ ရှိသေးသည့်အပြင် သူမက ယခင်ကလည်း ကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ကာ နေလေ့ရှိသောကြောင့် ဤကဲ့သို့ ပေါ်ပေါ်ထင်ထင်ဖြင့် စိတ်လှုပ်ရှားမှုအား ထုတ်ပြခြင်းကို ကျင့်သားမရနိုင်သေးပေ။

သူမ ချောင်းအသာဟန့်ကာ မေးလိုက်သည်။

“မင်း မေးချင်တာ တစ်ခုခုရှိတာလား? ဒါမှမဟုတ် ကျွန်မပဲ ဆုံးဖြတ်ပေးရမှာလား?”

‘နို့လက်ဖက်ရည်နဲ့ ဘိုဘိုကျွတ်ကျွတ်လေး’ က ပြန်ဖြေသည်။

“စုန့်စုန့် ၊ မင်းပဲ ဆုံးဖြတ်ပြီး ဟောပေးလိုက်ပါ”

“ကောင်းပြီလေ”

ကုကျစ်စုန့် သီးသန့်မက်ဆေ့ချ်ကို ဖွင့်လိုက်ချိန်တွင် တစ်ဘက်လူမှ သူမ၏ ဇာတာခွင်နှင့် ဓာတ်ပုံများ ပို့ထားပြီးပေပြီ။

ကောင်မလေး၏ မျက်နှာအား ခေတ္တကြည့်လိုက်ပြီးနောက် သူမ ဖြည်းညင်းစွာ ပြောသည်။

“မင်းက ၁၉၉၅ခုနှစ်မှာ မွေးတာ၊ ဒီနှစ်ဆိုရင် အသက် ၂၇နှစ်ရှိပြီ၊ မင်းက နွေလယ်ပိုင်းမှာ မွေးတာပဲ၊ ပြီးတော့ တစ်ဦးတည်းသော ကလေး၊ ဓာတ်ကြီးငါးပါးအရ ကြည့်မယ်ဆိုရင် မင်းရဲ့ ဘဝက ရွှေနဲ့ မီးဖြစ်ပြီး ဒါက မင်းရဲ့ မွေးရပ်မြေနဲ့လည်း သက်ဆိုင်နေတယ်

ဒီတော့ မင်းက သတ္တုဓာတ်နဲ့ နီးစပ်လိမ့်မယ်၊ ကျွန်မ ခန့်မှန်းရရင် မင်းမွေးတဲ့နေရာအနားမှာ မိုင်းတွင်းတွေ၊ သံရည်ကျိုစက်ရုံတွေ ရှိလိမ့်မယ်၊ မင်းရဲ့ မိသားစုနဲ့ လူကြီးတွေကလည်း အဲလို အလုပ်မျိုး လုပ်ကိုင်တာပဲ ဖြစ်ရမယ်”

“ဒါပေမယ့် မင်းရဲ့ ရွှေ့ပြောင်းခြင်းနန်းတော်နဲ့ ကြီးပြင်းရာ လမ်းကြောင်းအရဆိုရင် မင်းက မွေးရပ်မြေနဲ့ အဲဒီမိုင်းတွင်းတွေကနေ ငယ်ကတည်းက ထွက်လာခဲ့တာပဲ”

“ဒါ့အပြင် မင်းရဲ့ ယင်၊ယန် ဓာတ်ကြီးငါးပါးမှာ အစကတော့ ‘ရေဓာတ်’လိုအပ်နေတယ်၊ ဒါပေမယ့် အဲ့တာက မင်းငယ်ငယ်တည်းက မင်းရဲ့ ဓာတ်ကြီးငါးပါးကို အချိုးကျညီစေအောင် ဖြည့်ထားပြီးပြီ၊

ဒီတော့ မင်းမွေးတုန်းက မင်းရဲ့ မိသားစုက ဗေဒင်ဆရာကို မေးပြီး မင်းရဲ့ နာမည်မှာ ရေဓာတ်ပါအောင် ထည့်ပြီး မှည့်ခဲ့တာပဲ၊ ကျွန်မပြောတာ မှန်လား?”

ဗီဒီယိုထဲတွင် တစ်ဘက်အမျိုးသမီး၏ မျက်လုံးများက အရောင်လက်ကာ ဝိုင်းစက်နေခဲ့သည်။

“ဘုရားရေ၊ မှန်လိုက်တာ၊  စုန့်စုန့်က တကယ့်ကို အကုန်ပြောနိုင်တာပဲ!”

“ ကျွန်မငယ်ငယ်တုန်းက မိသားစုက သံမဏိစက်ရုံထောင်ထားတာလေ၊ အဲဒီခေတ်တုန်းကတော့ ပိုက်ဆံနည်းနည်းရှိတယ်လို့ ပြောလို့ရတာပေါ့၊ ကျွနာမ မမွေးခင်တုန်းက အဖေနဲ့ အမေက စက်ရုံမှာပဲ နေကြတာ၊

ဒါပေမဲ့ အဲဒီနီးပတ်ဝန်းကျင်ကလည်း စက်ရုံတွေ၊ ကျောက်မီးသွေးတွင်းတွေပဲဆိုတော့‌ လေက တော်တော်လေးကို မသန့်တာလေ၊ အဲဒါနဲ့ မိဘတွေက နောက်ပိုင်း ကျွန်မကို အဘိုး၊အဘွားတွေဆီ ပို့လိုက်တာပါပဲ၊ ဒါကြောင့် ကျွန်မက ကျန်းနန်မှာ ကြီးလာခဲ့တာ”

“ပြီးတော့ တကယ်လည်း ကျွန်မနာမည်မှာ ရေတွေ အများကြီးပါတယ်၊ ကျွန်မနာမည်က ‘မြောင်’လေ”

‘နို့လက်ဖက်ရည်နဲ့ ကျွတ်ကျွတ်လေးပေါ်ပေါ်’၏ နာမည်အရင်းသည် ဖန်းမြောင်ဖြစ်သည်။ သူမငယ်စဉ်က လူကြီးများအား မေးခွန်းထုတ်ဖူးသည်။

ဘာကြောင့် ဒီနာမည်ပေးခဲ့ရတာလဲ?

သူငယ်ချင်းများကလည်း သူမအား ရေသုံးမှတ်ဟု ခေါ်ကြသည်။

အဘိုးဖြစ်သူက သူမ၏ ဘဝတွင် ‘ရေဓာတ်’နည်းနေသောကြောင့် ရေများများထည့်ပေးရန်လိုသည်ဟု ဖြေဆိုခဲ့လေသည်။

ဖန်းမြောင်တွေးခဲ့မိသည်မှာ လူကြီးများ၏ အယူသီးခြင်းဖြစ်သည်ဟူ၍ပင်။ သို့ သော်လည်း ယခု ကုကျစ်စုန့် ပြောလာသည့်စကားအား ကြားရပြီးနောက် သူမက ကုကျစ်စုန့်၏ တိကျမှန်ကန်မှုကိုလည်း လေးစားကာ လူတိုင်းတွင် ယင်၊ယန်နှင့် ဓာတ်ကြီးလေးပါးရှိကြောင်းကိုလည်း ယုံကြည်သွားပြီဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင်လည်း မှတ်ချက်များမှာ ဝင်လာမစဲဖြစ်နေခဲ့သည်။

[ဒီကျဲရဲ့ အသက်က ၂၇နှစ်?? ဒါဆို အသက်ကြီးနေပြီကို၊  ဒီကျဲကိုကြည့်ရတာ ဘွဲ့တောင်မရသေးတဲ့ တက္ကသိုလ်ကျောင်းသူလေးလိုပဲလေ!]

[ငါတို့မိသားစုကလည်း ၁၉၉၀ခုနှစ်တွေတုန်းက သံမဏိလုပ်ငန်းမှာ လုပ်တာလေ၊ အဲဒီသံမဏိစက်ရုံတွေ တော်တော်များများက ပြည်နယ်ပိုင် လုပ်ငန်းတွေများတယ်၊ အဲဒီအချိန်တုန်းက ကိုယ်ပိုင်စက်ရုံထောင်နိုင်တဲ့သူဆိုတာ တော်တော်လေး ကောင်းမွန်ပြည့်စုံတဲ့သူတွေပဲ၊ ငွေနည်းနည်းလောက်ပဲရှိတာမဟုတ်ဘူးလေ? ဒါက သူဌေးသမီးပဲ !]

[အစ်မမြောင်မြောင်၊ ကျွန်မက အစ်မရဲ့ ပျောက်ဆုံးနေတဲ့ညီမပါ၊ ဘာလို့လဲဆိုတော့ ကျွန်မနာမည်က ‘ဖန်ဖန် /ဗိုက်ဆာတယ်’လေ QAQ]

ကုကျစ်စုန့် ခေါင်းငြိမ့်ကာ ဆက်ပြောသည်။

“မင်းက ပိုက်ဆံချမ်းသာတဲ့ မိသားစုမှာမွေးလာတာပဲ၊ ပညာရေးလည်း အရမ်းကောင်းတယ်၊ မင်းက နိုင်ငံခြားမှာ တက္ကသိုလ်တက်ခဲ့တာပဲ၊ နိုင်ငံခြားမှာ တက္ကသိုလ်တက်တာ ၃နှစ်မြောက်ကိုရောက်နေပြီ၊  မင်းရဲ့ လက်ထပ်ခြင်းလမ်းကြောင်းကလည်း ပေါင်းစည်းတော့မှာပဲ”

“သိပ်မကြာခင်က မင်းရဲ့ အနီရောင်မီးငှက်ကြယ်စင်က ရွေ့လျားစပြုလာတယ်၊ ပြီးတော့ ဇာတာခွင်အရ မင်းရဲ့ အရာရှိကြယ်စင်ကလည်း အသက်နန်းတော်အနားကို ကပ်လာနေပြီ၊ ဒါက ဘာကို ဆိုလိုလဲဆိုတော့ မင်းက လက်ထပ်ဖို့အရေးကိစ္စကို မင်းရဲ့ချစ်သူနဲ့ ဆွေးနွေးနေပြီး မကြာခင် ထိမ်းမြားခြင်းနန်းတော်ကို ဝင်တော့မှာပဲ”

သူမ၏ချစ်သူအကြောင်းကို ပြောလိုက်သည်နှင့် ဖန်းမြောင် ပြုံးလိုက်မိသည်။

“မှန်ပါတယ်? ကျွန်မရဲ့ ချစ်သူနဲ့ ကျွန်မနဲ့က နိုင်ငံခြားမှာ ကျောင်းတက်နေတုန်း တွေ့ကြတာလေ၊ ကျွန်မတို့ တွဲနေကြတာ ကြာပြီး တရုတ်ပြည်ကို ပြန်လာကြတာ၊ အရင်လကပဲ မိဘတွေ တွေ့ဆုံပြီး စေ့စပ်ပွဲလုပ်ခဲ့ကြတာ”

“လက်ထပ်ပွဲကတော့ ပြင်ဆင်နေတုန်းပါပဲ၊ ကျွန်မတို့ မင်္ဂလာပွဲပြင်ဆင်တဲ့ ကုမ္ပဏီကို ငှားပြီး ပွဲအခမ်းအနား ပြင်ဆင်ခိုင်းထားပြီ၊ ပွဲကို တရားဝင် ကျင်းပနိုင်ဖို့ကတော့ ၂လ၊၃လလောက် လိုဦးမှာပါ”

ကုကျစ်စုန့် ခေါင်းငြိမ့်ကာ ကင်မရာ၏ အခြားတစ်ဖက်မှ ဖန်းမြောင်အား သူမ၏ မျက်ဝန်းနက်နက်များဖြင့် သေသေချာချာ စူးစိုက်ကြည့်လိုက်သည်။

“မင်းသူ့ကို တကယ်သဘောကျတယ်ဆိုတာကို မြင်နေရပါတယ်၊ ဒါဆို ဘာလို့တွေဝေနေတာလဲ? ဘာတွေကို စိတ်ပူနေတာလဲ?”

ဖန်းမြောင်ပြုံးလိုက်ရင်း နှုတ်ခမ်းကို စေ့ကာ ဘာမှ ဆက်မပြောတော့ပေ။

“လူတစ်ယောက်ရဲ့ မျက်နှာက သူ့ရဲ့ ကျန်းမာရေးအပြင် စိတ်ခံစားချက်တွေနဲ့လည်း ဆက်စပ်နေတယ်၊ မင်းမပြုံးဘဲနေတဲ့ အချိန်မှာဆိုရင် နှုတ်ခမ်းတွေက အလိုလိုမဲ့သွားကြတယ်?

ဘာကို ပြောချင်တာလဲဆိုတော့ မင်းရဲ့ နှလုံးသားထဲမှာ မင်းကို တစ်ချိန်လုံးနှောင့်ယှက်နေတဲ့ အရာတစ်ခုခုရှိနေလို့ပဲ၊ အဲဒါက မင်းကို အနားမယူနိုင်ဘဲ၊ စိတ်ပင်ပန်းအောင် လုပ်နိုင်တယ်၊ မင်းရဲ့ မျက်ရည်နန်းတော်ကလည်း သုန်မှိုင်းတဲ့ လေရိပ်လေယောင်ရှိနေတယ်၊

အဲဒီနေရာက ထိမ်းမြားခြင်းနန်းတော်နဲ့ ဆက်စပ်နေတဲ့ နေရာပဲလေ၊ ဒီတော့ မင်းရဲ့ ပြဿနာတွေက ယောင်္ကျားနဲ့ မိန်းမကြားက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပဲ”

“ဒါ့အပြင် မင်းရဲ့ ထိမ်းမြားခြင်းလမ်းကြောင်းက အစတုန်းက ဖြောင့်ဖြူးနေခဲ့တယ်၊ ဆိုလိုတာက မင်းနဲ့ မင်းချစ်သူရဲ့ကြားက ဆက်သွယ်မှုက အရမ်းကောင်းတယ်၊  မင်းတို့နှစ်ယောက်ကြားက အချစ်ရေးက သစ္စာရှိပြီးတော့ မယိုင်လဲနိုင်ဘူးလို့ မင်းယုံကြည်ထားတယ်၊

သူက မင်းအတွက် အိမ်ထောင်ထူထောင်ပြီး လက်ထပ်ဖို့အတွက် အသင့်တော်ဆုံးလူပဲ၊ ဒါပေမယ့် အခုအချိန်တွင်းမှာ အဲဒီထိမ်းမြားခြင်းလမ်းကြောင်းက ဝေဝါးသွားတယ်”

“မင်းက ဒီဆက်ဆံရေးကို သိပ်ပြီး မသေချာတော့ဘူး၊ သံသယတွေ ဝင်လာနေပြီ၊ ဘာလို့လဲ?”

ကုကျစ်စုန့်၏ မျက်လုံးများသည်ကား တစ်ဘက်လူ၏ နှလုံးသားထဲအထိ ထိုးဖောက်နိုင်သကဲ့သို့ သူမက ဖန်းမြောင်၏ ရင်ထဲတွင် ဖြစ်ပေါ်နေသည်များအား အကြည့်တစ်ချက်ဖြင့် မြင်နိုင်ခဲ့သည်။

“မင်းအရွေးခံလိုက်ရပြီး ကျွန်မနဲ့ ဆက်သွယ်လိုက်တဲ့အချိန်မှာ ပထမဆုံးတွေးလိုက်မိတဲ့အရာက ဒီလက်ထပ်ပွဲပဲ”

ဖန်းမြောင် တွေဝေနေပြီးနောက်  သက်ပြင်းချကာ ပြောလိုက်သည်။

“စုန့်စုန့်.. မင်းက တကယ်ကိုပဲ… တိကျလွန်းပါတယ်၊ ကျွန်မ ဒီမေးခွန်းတွေကို မေးဖို့ တွန့်ဆုတ်နေခဲ့တာ”

သူမ မည်သည်ကို တွေးတောရမည်မသိတော့ပေ။ သို့နှင့် မျက်မှောင်ကြုတ်ရင်း ဆက်ပြောခဲ့သည်။

“ဘယ်လိုပြောရမလဲ၊ မင်းပြောသလိုပါပဲ၊ စုန့်စုန့်ရယ် ကျွန်မနဲ့ ကျွန်မရဲ့ ချစ်သူနဲ့က ဆက်ဆံရေး အရမ်းအဆင်ပြေတယ်၊ သူက လူကောင်းတစ်ယောက်ဖြစ်ပြီး ပြည့်စုံလွန်းတဲ့ ချစ်သူလို့တောင် ပြောလို့ရတယ်”

“ဒါပေမယ့် ကျွန်မတို့ စေ့စပ်လိုက်ပြီးတဲ့နောက်ပိုင်း ကျွန်မရဲ့စိတ်ထဲမှာ ခံစားနေရတာ … သူ နည်းနည်းပြောင်းလဲသွားတယ်၊ ကျွန်မ ဒါက ဘယ်နေရာက ထူးဆန်းနေတာလဲဆိုတာတောင်မှ များလွန်းလို့ ဘယ်နေရကနေ စပြောရမလဲမသိတော့ဘူး”

[အရမ်းကောင်းတဲ့ သတို့သားလောင်းက လူယုတ်မာဖြစ်နေတာလား? အဲလိုလား? !]

[အာ.. ပိုက်ဆံရှိပြီး ရုပ်ချောတဲ့ မိန်းကလေးတိုင်းက အမြဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တယ်နော်၊ အဲ့ဒါ ကျိန်စာများလား?]

[ငါ ဒီတိုင်းမှန်းကြည့်တာပါ၊ ဒါပေမယ့် ကုကျစ်စုန့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းက ထူးတော့ ထူးဆန်းတယ်နော်၊ မင်းတို့ သတိထားမိကြလား၊ ဘာပြဿနာမှ ကြီးကြီးမားမားမရှိတဲ့ သာမန်လူတွေက ဘယ်တော့မှ သူမဆီမှာ မဲမပေါက်ကြဘူး?]

တက်ကြွနေကြသည့် ကြည့်ရှုသူများက သတို့သားလောင်းအား ဖောက်ပြန်နေသည်ဟု ခန့်မှန်းချက်များချနေသောကြောင့် ဖန်းမြောင်တစ်ယောက် အလျင်အမြန် လက်ကို ခါလိုက်ပြီး ငြင်းဆန်လိုက်သည်။

“မဟုတ်လောက်ပါဘူး၊ ကျွန်မတို့က နိုင်ငံခြားမှာ ကျောင်းတက်ခဲ့တဲ့ကျောင်းသားတွေလေ၊ ကျွန်မရဲ့သတို့သားလောင်းက တော်တော်ချောတယ်၊ ကျွန်မတို့ နိုင်ငံခြားကိုရောက်နေတုန်းက တချို့လူတွေက သူ့ကို ချစ်ကြောင်း၊ကြိုက်ကြောင်း အကြိမ်ကြိမ် လာပြောကြပေမယ့် သူက ဘယ်တုန်းကမှ လက်မခံခဲ့ဘူး၊ သူငယ်ချင်းတွေရော  ဆရာတွေအားလုံးကပါ သူက လူတော်လူကောင်းလို့ပဲ ပြောကြတာ”

“ကျွန်မပဲ အတွေးလွန်နေလားဆိုတာ မပြောတတ်တော့ပါဘူး၊ လက်မထပ်ခင်ပဲ စိတ်အပူလွန်တာလား? သူကပဲ ကျွန်မကို တစ်ခုခုဖုံးကွယ်ထားတာလား မသိတော့ဘူး၊ ပထမတစ်ခုဆိုရင်တော့ လွယ်ပါတယ်၊ ခက်တာက ကျွန် စိတ်လွတ်သွားပြီး လက်မထပ်ဖြစ်လိုက်ရင်…..”

ဖန်းမြောင်ရယ်ရင်း ပြောလိုက်သည်။

“ကျွန်ထင်တာကတော့ သူ့ရဲ့ မိသားစုက တစ်ခုခုဖြစ်နေတယ်လို့ ထင်တယ်၊ သူကတော့ ငါ့ကို စိတ်မပူစေချင်တာနဲ့ ဘာမှ မပြောဘူး”

“စုန့်စုန့်၊ ဒီအိမ်ထောင်ရေးကိစ္စကို ကျေးဇူးပြုပြီး ကြည့်ပေးလို့ ရမလားဟင်?”

“အင်း”

ကုကျစ်စုန့်  သဘောတူလိုက်သည်။

**

All Chapters