← Chapters

ခန္ဓာတစ်ခု၊ ဝိဉာဉ်နှစ်ခု (1)

Vol. 13 Ch. 127

ခန္ဓာတစ်ခု၊ ဝိဉာဉ်နှစ်ခု (1)

Vol. 13 Ch. 127

ခင်ပွန်းလောင်းရဲ့ ညီဓာတ်ပုံကို လိုချင်တယ်?

ဘာလို့လဲ?

ဖန်းမြောင် မျက်စိလည်သွားရသည်။

သို့သော် ကုကျစ်စုန့်၏ တည်တံ့နေသော မျက်နှာအား မြင်ပြီးနောက် သူမ စိတ်ထဲတွင် ဇဝေဇဝါဖြစ်သွားရသည်။

သူမက အနည်းငယ် ရှက်ရွံ့သွားပြီးနောက် ပြန်ပြောလာလေ၏။

“သူမှာ ဒီလိုမိသားစုဝင်ရှိမှန်း ကျွန်မ ကြားရုံပဲ ကြားဖူးတာ၊ တစ်ခါမှ မတွေ့ဖူးဘူး၊ ကျွမ်မ သူ့ဆီကို ဖုန်းဆက်ပြီး သူ့ဆီကနေ ပုံတောင်းလိုက်မယ်လေ..”

ကုကျစ်စုန့်က နှုတ်ခမ်းထောင့်တို့ကို တွန့်ကွေးရုံမျှ ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။

“ မင်းရဲ့သတို့သားလောင်းကို မမေးဖို့ အကြံပေးချင်တယ်၊ သူက မင်းကို ပေးမှာလည်းမဟုတ်သလို အမှန်ကိုလည်း ပြောမှာမဟုတ်ဘူး၊ မင်းကိုတောင် သံသယဝင်သွားလိမ့်ဦးမယ်”

“မင်းနဲ့ အနီးစပ်ဆုံးယောင်္ကျားမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ? ဘာလို့ ဒီလောက်တောင် သိသိသာသာကြီး ပြောင်းလဲသွားလဲဆိုတာ မသိချင်ဘူးလား?”

ဖန်းမြောင် တွေဝေသွားသည်။

ကုကျစ်စုန့်၏ စကားလုံးများက အမှန်တကယ် မည်သည်ကို ဆိုလိုချင်နေသည်လဲကို သူမ နားလည်သည်။

ခင်ပွန်းလောင်း၏ ပြောင်းလဲမှုများသည်ကား သူမ အတွေးလွန်နေခြင်းကြောင့်မဟုတ်ဘဲ တစ်ခုခု အကြောင်းရင်းရှိ၍သာ ဖြစ်ပေလိမ့်မည်။

ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူမ အံကိုကြိတ်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ၊ ကျွန်မ သူ့ရဲ့ အမေကို မေးကြည့်လိုက်မယ်လေ၊ ကျွန်မမှာ အန်တီရဲ့ ဖုန်းနံပါတ်ရှိတယ်”

ပြောပြောဆိုဆိုနှငာ် သူမက မိုက်ကရိုဖုန်းကို ပိတ်ကာ ခင်ပွန်းလောင်း၏ မိခင်အား ဖုန်းဆက်လိုက်သည်။

စောင့်ဆိုင့်နေဆဲအချိန်တွင် ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ လူများက နှစ်သန်းကျော်နေပြီဖြစ်ကာ အားလုံးကလည်း မှတ်ချက်ဧရိယာတွင် အမျိုးမျိုး ကောက်ချက်ချနေကြသည်။

[အမွှာတွေကြားမှာ ဘာလို့ အဲလိုမျိုးတွေ ရှိနေရတာလဲ? ကောင်မလေးက အမွှာနှစ်ယောက်လုံးနဲ့ စကားပြောနေပြီး လူမခွဲနိုင်တာမျိုးများလား?]

[...အပေါ်က လူက တော်တော်ပေါက်ကရ ပြောတာပဲ၊ အမွှာတွေက ချွတ်စွပ်တူနေတာမဟုတ်ဘူး၊ နည်းနည်းတော့ ကွဲကြတာပဲလေ၊ မသိစရာ အကြောင်းမှမရှိတာကို]

[မား ရေ၊ ကုကျစ်စုန့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းကတော့ ဘေးခန်းက ဆန်ပြုတ်တွေနဲ့ယှဉ်ရင် အမြဲစိတ်ဝင်စားစရာကောင်းနေတော့တာပဲ၊ ဘာတွေဖြစ်နေတာလဲဆိုတာကို သိချင်လှပြီ!]

[မဟုတ်သေးဘူးလေ၊ အငယ်က လွန်ခဲ့တဲ့ တစ်လလောက်က သေသွားတယ်လို့ ပြောလိုက်တာမဟုတ်ဘူးလား? ငါမှန်းကြည့်မယ်နော်၊ သေသွားတာက အစ်ကို၊ ဒါပေမယ့် မိသားစုက ကောင်မလေးကို မင်္ဂလာမဆောင်ခင် သတင်းဆိုးမပြောချင်တာကြောင့် ညီကို ရှာပြီး လက်ထပ်ဖို့ လူစားထိုးလိုက်တာဖြစ်မယ်!]

[ရယ်ရလို့ သေတော့မှာပဲ၊ ဒီနှစ် အင်တာနက်သုံးစွဲသူတွေကတော့ လန်ထွက်နေတာပဲ၊ ချက်ချင်းကို ဇာတ်လမ်းတွေ ရေးကြတော့တာ...]

ကုကျစ်စုန့် ခွက်အဖုံးကို ဖွင့်ကာ ရေတစ်ငုံသောက်လိုက်ရင်း မျက်လုံးများက ထိုမှတ်ချက်များအား ကျော်ဖတ်သွားလိုက်သည်။

တကယ့်ဘဝအမှန်သည်ကား ပုံပြင်ဇာတ်လမ်းများထက် ပို၍ ထူးဆန်းကာ ပို၍ မှောင်မိုက်လွန်းသည်။

သာမန်လူတစ်ယောက်က ရက်အနည်းငယ်အတွင်းမှာ အခြားလူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားနိုင်ပါသလား?

ကုကျစ်စုန့် ထိုပြောင်းလဲမှုအား ဖန်းမြောင်၏ သတို့သားလောင်းထံတွင် မြင်တွေ့လိုက်ရသည်။

သူတို့ လွန်ခဲ့သည့် တစ်လကျော် ခရီးသွားစဉ်က ရိုက်ကူးခဲ့သည့် ပုံများတွင် ကောင်လေး၏ မျက်လုံးများသည် ကြည်လင်ကာ တည်ကြည်နေခဲ့ပြီး ထိမ်းမြားခြင်းလမ်းကြောင်းသည်လည်း ရှင်းလင်းဖြောင့်ဖြူးနေခဲ့သည်။

သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်က ဓာတ်ပုံဆိုင်တွင် ရိုက်ကူးခဲ့သည့် ပုံနှစ်ပုံတွင်မူ သူ၏ ရုပ်ရည်သည် မည်သို့မျှ မပြောင်းလဲသွားသော်လည်း မျက်လုံး၊ မျက်နှာအမူအယာတို့သည် ယခင်ကနှင့် လုံးဝ မတူညီ၊ ပြောင်းလဲသွားခဲ့ပြီ။

ပထမပုံများ၏ မျက်နှာဖတ်ခြင်းအရ ထိုလူငယ်လေးသည် သူ၏ လက်ရှိအလုပ်အကိုင်တွင် ထူးချွန်ပြောင်မြောက်ကာ အမြင့်ဆုံးအဆင့်သို့ လှမ်းနိုင်မည်ဖြစ်သည်။

သူနှင့် ဖန်းမြောင်တို့သည်လည်း ပျော်ရွှင်ငြိမ်းချမ်းသည့် အိမ်ထောင်ရေးပိုင်ဆိုင်ရမည်ဖြစ်ကာ အချစ်၏ သက်သေအဖြ၀် ကလေးငယ်လည်း မွေးဖွားမည်ဖြစ်သည်။

သို့သော် ယခုဓာတ်ပုံတွင် ထိမ်းမြားခြင်းနန်းတော်၌ အရိပ်မည်းဖုံးလွှမ်းနေကာ ဆက်ဆံရေးလမ်းကြောင်းသည်ပင်လျှင် မပြတ်မသား၊ ဝိုးတဝါးဖြစ်နေခဲ့သည်။

စေ့စပ်ပြီးနောက် ကောင်လေးက စိတ်ကိုပြောင်းကာ ဆိုးသွမ်းလာပြီးနောက် ဖန်းမြောင်အပေါ်ထားသည့် ခံစားချက်များလည်း အငွေ့ပျံသွားသည်။

သူ၏ တောက်ပနေသော အနာဂတ်အလုပ်အကိုင်မှာလည်း မှုန်မှိုင်းကာ ပျက်စီးလာခဲ့သည်။

သူ၏ မျက်နှာပြောင်းလဲသွားလျှင် ရှင်းပြလို့ ရနိုင်သော်လည်း စိတ်အခြေအနေသည်လည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ထို့နောက် ထူးဆန်းနေသော အချက်နှစ်ချက်ရှိသေးသည်။

တစ်ခုမှာ ဖန်းမြောင်ခင်ပွန်းလောင်း၏ ယခင်ဓာတ်ပုံများအရ သူ၏ ချောမွေ့နေသော ဘဝတွင် သေရေးရှင်ရေး ကိစ္စတစ်ခု ကြုံတွေ့ရမည်ဖြစ်သည်။

အချိန်မှာ လွန်ခဲ့သည့် လဖြစ်ပြီး သူနှင့် ဖန်းမြောင်တို့ မစေ့စပ်ခင်နှင့် စေ့စပ်ပြီးအချိန်ဖြစ်သည်။ ထိုအချိန်သည် အမွှာညီဖြစ်သူ သေဆုံးချိန်လည်း ဖြစ်သည်။

သေရေးရှင်ရေးကိစ္စများသည် ကပ်ဆိုးများဖြစ်ကြပြီး ထိုကပ်ဆိုးအား ကျော်လွှားနိုင်ပါလျှင် သူတို့ဘဝသည် ရှေ့လျောက် ဖြောင့်ဖြူးနေမည်ဖြစ်ကာ မကျော်လွှားနိုင်ပါက ရုတ်တရက် သေဆုံးသွားနိုင်သည်။

သို့သော် ဖန်းမြောင် ပြောစကားအရ ခင်ပွန်းလောင်းသည် မည်သို့သော သဘာဝဘေးအန္တရာယ်၊ မည်သို့သော လူ၏ ဒုက္ခပေးမှုမျိုးကိုမှ လွန်ခဲ့သည့် နှစ်လအတွင်း မခံစားခဲ့ရပေ။

သို့သော် မင်္ဂလာဓာတ်ပုံတွင်မူ ကောင်လေး၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားကာ သေရေးရှင်ရေး ကပ်ဆိုးကြမ္မာသည်လည်း လုံးလုံးပျောက်ကွယ်သွားသည်။

ထိုကဲ့သို့ ခန္ဓာပျက်စေနိုင်သည့် ကပ်ဆိုးအား အလွယ်တကူ၊ မသိလိုက်ခင်၌ ကျော်လွှားသွားသည်ဆိုသည်မှာ သာမန်တော့ မဟုတ်နိုင်ပေ။

နောက်ထပ် ထူးဆန်းသည့်အချက်မှာ ကောင်လေး၏ သေရေးရှင်ရေး ကပ်ဆိုး ပျောက်ကွယ်သွားသော်ငြား သူ၏ အသက်နန်းတော်သည် မှုန်မှိုင်းမှုများ၊ အနီရောင်အလင်းမှိန်တို့ဖြင့် ဖုံးအုပ်နေခဲ့သည်။

ထိုအချက်မှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မကောင်းမှုစွမ်းအားဖြင့် ဖုံးကွယ်နေသည်ဟု ဆိုလိုခြင်းပင်။

ထူးဆန်းသော ကိစ္စများစွာရှိသည်။

ကောင်လေး၏ ထူးခြားချက်ဖြစ်သည့် အမွှာအကြောင်း သေချာစဉ်းစားလိုက်ပြီးနောက် ကြက်သီးထဖွယ်ရာ ခန့်မှန်းချက်တစ်ခုက ကုကျစ်စုန့် စိတ်ထဲတွင် ပေါ်လာခဲ့သည်။

၃မိနစ်၊ ၄မိနစ်ခန့် ကြာပြီးနောက် ဖန်းမြောင် ဖုန်းချလိုက်ကာ မိုက်ကရိုဖုန်းပြန်ဖွင့်လိုက်သည်။ ထို့နောက်:

“စုန့်စုန့်၊ ကျွန်မ အခုပဲ အန်တီ့ကို ဖုန်းဆက်ပြောပြီးတာ၊ အန်တီက ဒီ’ဝိဉာဉ်ရေးရာ’အစီအစဉ်အကြောင်းရော မင်းအကြောင်းရော သိတယ်တဲ့၊ အခုလည်း တိုက်ရိုက်လွှင့်တာကို ကြည့်နေတာ...”

အခုလေးတင် သူမ ခင်ပွန်းလောင်း၏ မိခင်အား ပူပန်စွာ ဆက်သွယ်ခဲ့ပြီး ချစ်သူ၏ အမွှာညီဓာတ်ပုံ နှစ်ပုံခန့် လိုချင်ကြောင်း ပြောခဲ့သည်။

ဖန်းမြောင် အင်မတန် စိုးရိမ်နေခဲ့သည်။

သူမ၏ မတ်ဖြစ်လာမည့် သူ၊ ယခင်က တစ်ခါမှ မတွေ့ဖူးသူသည် ကွယ်လွန်သွားကြောင်း မကြာသေးမီကမှ သိလိုက်ရသည်။ အစမရှိ အဆုံးမရှိ ဓာတ်ပုံတောင်းခြင်းသည် ရိုင်းပျရာ ကျမည်လော?

ယောက္ခမလောင်း ဒေါသထွက်လောက်မည်ကိုလည်း တွေးပူနေမိသည်။

သို့သော် သူမ ဖုန်းဆက်ကာ တောင်းဆိုလိုက်ချိန်တွင် တစ်ဘက်မှ အမျိုးသမီးသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် တုန်ယင်နေသော အသံဖြင့် မေးလာခဲ့သည်။

“မြောင်မြောင်၊ ဘယ်လိုလုပ်ပြီး.. အဲဒီကလေးကို သိနေရတာလဲ?? သူ့ဓာတ်ပုံကရော ဘာအတွက်လိုချင်တာလဲ?”

ဖန်းမြောင် မလိမ်နိုင်၊ ဖုံးကွယ်မထားနိုင်သောကြောင့် ယောက္ခမလောင်းအား တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ဖြစ်ပျက်ခဲ့သည်များနှင့် ခင်ပွန်းလောင်းနှင့် သူမကြားက လတ်တလော ဆက်ဆံရေးအဆင်မပြေမှုများအား ပြောပြခဲ့သည်။

သူမ အနည်းငယ် အရှက်ရသော လေသံဖြင့်:

“ကျွန်မ အားဟန်ကို မယုံတာမဟုတ်ပါဘူး အယူသီးလွန်းနေတာလည်း မဟုတ်ပါဘူး...”

သူမ မည်သို့ရှင်းပြရမည်မသိဖြစ်နေချိန်တွင် ဖုန်းတစ်ဘက်မှ ယောက္ခမလောင်းဖြစ်သူက ပြောလာသည်။

“အန်တီ့မှာ ဓာတ်ပုံရှိပါတယ် မြောင်မြောင်၊ အဲဒီကုတောက်ကျန့်ကို မေးပေးပါလား? အန်တီလည်း စကားနည်းနည်းလောက် ပြောလို့ရမလားလို့”

ထိုတောင်းဆိုချက်အား ကြားရသည့် ဖန်းမြောင်လည်း အံ့အားသင့်ကာ တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ စကားလက်ဆင့်ပါးရန် ပြန်ဝင်လာခဲ့သည်။

ကုကျစ်စုန့်ကတော့ ပြဿနာမရှိပေ။

ထို့ကြောင့် မကြာမီမှာပင် တိုက်ရိုက်ထုတ်လွှင့်ခန်းမှ နှစ်ခြမ်းခွဲထားသည့် မျက်နှာပြင်တွင် နောက်ထပ်တစ်ခု ထပ်တိုးလာခဲ့သည်။

မျက်နှာပြင်အသစ်တွင် မြင်နေရသည်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။

သူမသည်ကား နားဖုံးလောက်ရုံ ဆံပင်အတိုဖြင့် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားကာ တည်ငြိမ်သည့် ဟန်ပန်ရှိသည်။

မျက်လုံးထောင့်မှ အရေးအကြောင်းလမ်းများသည် အသက်အရွယ်ကြောင့်ဖြစ်သော်ငြား သူမ ငယ်ရွယ်စဉ်က အချောအလှတစ်ဦးဖြစ်ခဲ့မည်မှာ သိသာထင်ရှားလှသည်။

ဤလူသည်ကား ဖန်းမြောင်၏ ထူးချွန်ထက်မြက်သော ယောက္ခမလောင်း၊ သူမ သတို့သားလောင်း၏ မိခင်ပင်ဖြစ်သည်။

“ကုတောက်ကျန့်၊ ငါ့ရဲ့ မျိုးရိုးနာမည်က ကျိုးပါ၊ ရှောင်ဟန်ရဲ့ အမေပါ”

ကုကျစ်စုန့်: “မင်္ဂလာပါ၊ မစ္စကျိုး”

ကင်မရာတစ်ဖက်မှ မိခင်ကျိုး မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူမလက်များကို ခပ်တင်းတင်းယှက်ထားလိုက်သည်မှာ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် အသားမကျသေး၍ စိတ်ထဲတွင် ရှိနေသည်များကို ပြောသင့်၊မပြောသင့် ဝေခွဲရခက်နေပုံပင်။

သူမ အတော်ကြာမှ စကားစသည်။

“ကုတောက်ကျန့်၊ ရှောင်ရှင်းရဲ့ ဓာတ်ပုံကို ဘာကြောင့် လိုတာလဲဆိုတာ မေးလို့ ရမလား? ရှောင်ရှင်းက အန်တီ့ရဲ့ သားအငယ်ပါ”

“မစ္စကျိုး မခန့်မှန်းနိုင်ဘူးလား?”

ကုကျစ်စုန့် အမျိုးသမီးကြီး၏ မျက်နှာအား သေချာကြည့်နေရင်း ရုတ်တရက်ပြောလိုက်သည်။

“မစ္စကျိုး၊ ရှင့်ရဲ့ သားကြီး အခုတလော တစ်ခုခုလွဲနေတယ်ဆိုတာကို  ရှင် သတိထားမိသင့်ပါတယ်”

“ရှင် အမြဲတမ်းတော့ သံသယဝင်နေခဲ့မှာပါ၊ ဒါပေမယ့် ရင်ထဲမှာ တွေးနေတာတွေကို လက်မခံနိုင်တာကြောင့် ရှင် အမြဲ စိတ်ဒုက္ခရောက်နေခဲ့ရမှာပဲ”

မိခင်ကျိုး၏ မျက်နှာထားက ချက်ချင်းပြောင်းလဲသွားကာ ခေါင်းကို မော့လိုက်ပြီးနောက် ကင်မရာ၏ အခြားတစ်ဖက်မှ မိန်းမပျိုအား စိုက်ကြည့်နေခဲ့သည်။

ကုကျစ်စုန့်၏ မည်းနက်ကြည်လင်နေသော မျက်လုံးများအား ကြည့်လိုက်မိသည့် ထိုအချိန်ခဏတွင် သူမသည် အစမှ အဆုံးထိ ဖောက်ထွင်းမြင်ခံလိုက်ရသလိုပင်။ သူမ၏ ပူပန်မှုများ၊ အတွေးများ၊ သူမရင်ထဲတွင် သိုဝှက်ထားသည့် သံသယများ အားလုံး ထိုမျက်လုံးများက ဖောက်ထွင်းမြင်နေရသည်ဟု ခံစားလိုက်ရသည်။

“တကယ်တော့ ရှင့်မျက်နှာကို ဖတ်လိုက်ပြီးတာနဲ့ ကျွန်မ ရှင့်ကလေးနှစ်ယောက်ရဲ့ အကြောင်းကို အကုန်နီးနီးပြောလို့ ရနိုင်တယ် မစ္စကျိုး”

ကုကျစ်စုန့်ကတော့ လေသံခပ်အေးအေးပင် ရှိနေခဲ့သည်။

“ကျွန်မ ဘာတွေများ ကောက်ချက်ချထားလဲဆိုတာလေး နားထောင်ကြည့်မလား?”

အချိန်အနည်းငယ်ခန့် တွေဝေနေပြီးနောက် မစ္စကျိုး သက်ပြင်းချရင်း ခေါင်းကို ငြိမ့်လိုက်သည်။

“အတိတ်က အကြောင်းက မပြောထွက်စရာ ဘာမှ မရှိပါဘူး၊ အားလုံးက ပြီးပြီးသား ကိစ္စတွေပဲလေ…”

ကုကျစ်စုန့်:

“မစ်စ်ကျိုး၊ ရှင်က ၁၉၇၅ ခုနှစ်မှာ မွေးခဲ့တာ၊ ရှင်မှာ မောင်နှမသားချင်း များလိမ့်မယ်၊ ဒါပေမယ့် အဲ့အချိန်တုန်းက မိသားစု အခြေအနေက ကောင်းလွန်းတယ်တော့ မဟုတ်ဘူး၊ ရှင်တို့ မိသားစုက အရမ်းကို ဆင်းရဲခဲ့တယ်၊

ရှင့်မိဘတွေရဲ့ နန်းတော်နေရာက ရှု့ထောင့်အရဆိုရင် ရှင်တို့ကြားက ဆက်ဆံရေးက မပြေပြစ်ဘူး၊ အဓိကအကြောင်းရင်းကတော့ သူတို့က သမီးမိန်းကလေးထက် သားတွေကို ပိုတန်ဖိုးထားပြီး ရှင်နဲ့ ရှင့်ညီအစ်မတွေကို ပြင်းပြင်းထန်ထန် ဆက်ဆံခဲ့ကြလို့ပဲ”

“ရှင့်ဘဝရဲ့ ပထမပိုင်းက အရမ်းကြမ်းတမ်းပြီး စိတ်ကျေနပ်စရာ မရှိခဲ့ဘူး၊ ရှင့်ကို အချိန်ခဏလေး ပညာသင်ကြားခွင့်ပေးခဲ့ပြီးနောက် လယ်စိုက်၊အလုပ်ကြမ်း ပြန်လုပ်ခိုင်းခဲ့တယ်၊ အသက် ၁၇နှစ်မှာ ရှင့်ရဲ့ ခင်ပွန်းဟောင်းနဲ့ လက်ထပ်ခဲ့ရတယ်၊ ၄နှစ်ကြာပြီးနောက်မှာတော့ အမြွာကလေးနှစ်ယောက် မွေးဖွားခဲ့တယ်”

ကုကျစ်စုန့် စကားများအား နားထောင်ပြီးနောက် မစ္စကျိုး၏ အမူအယာသည်ကညး ဂျုံစိုက်ခင်းများနှင့် ထောင်ကဲ့သို့ နာကျင်ခံစားခဲ့ရသည့် အတိတ်နှစ် ၂၀ကျော်သို့ ပြန်ရောက်သွားခဲ့သလို မှိုင်တွေသွားခဲ့သည်။

“တကယ်လည်း အဲလိုပါပဲ….”

သူမ မွေးဖွားချိန်တွင် သူမအထက်၌ မိန်းကလေး ၃ယောက် ရှိပြီးဖြစ်သည်။

နောက်ထပ် ညီမငယ်တစ်ယောက် မွေးဖွားပြီးချိန်မှသာလျှင် မိဘများ၏ ဆုတောင်းပြည့်ဝကာ ‘သားရတနာ’တစ်ဦး ဖွားမြင်ခဲ့သည်။

သူမ ကလေးဘဝမှစ၍ အများဆုံးကြားခဲ့ရသည့် စကားတစ်ခွန်းမှာ

‘မိန်းကလေးတွေက ပိုက်ဆံရှုံးတဲ့ ကုန်ပစ္စည်းတွေပဲ’

*

All Chapters