← Chapters

အခန်း (၁၂၉)

Vol. 13 Ch. 129

အခန်း (၁၂၉)

Vol. 13 Ch. 129

“အစ်ကို့ကိုတော့ နာမည်ကြီးတံဆိပ် အင်္ကျီတွေနဲ့ အိမ်ကြီးကိုတောင် ဝယ်ထားပေးတယ်ဆို? နိုင်ငံခြားကိုတောင်မှ သွားခိုင်းပြီး ကျောင်းတတ်ခိုင်းတယ်လို့ ကြားတယ်၊ ဒါပေါ့လေ၊ ကျုပ်လိုရွာသားမျိုးက သူဌေးမကြီးရဲ့ သား ဘယ်ဟုတ်မလဲ?”

“လာပြီး တောင်းပန်စကားတွေ ပြောမနေနဲ့၊ ကျုပ်တို့ မိသားစုကို ဖျက်ဆီးခဲ့တာ ခင်များပဲ!”

“အဲဒီတုန်းက ဇွတ်အတင်း ကွာရှင်းချင်နေခဲ့တာမလား၊ အဖေတို့ရဲ့ ဆင်းရဲတဲ့ မိသားစုကို မကြိုက်တာနဲ့ပဲ မြို့သွားပြီး ကောင်းကောင်းနေ၊ ကောင်းကောင်းစားနေတာလေ! အခုမှ နောင်တရနေတာက နောက်ကျနေတယ်လို့ မထင်ဘူးလား?”

သူမ သားငယ်ဖြစ်သူအား လျစ်လျူမရှုနိုင်သည်အား အခွင့်ကောင်းယူကာ ခင်ပွန်းဟောင်းသည်ကလည်း သူမထံမှ ငွေအမြောက်အမြားကို အကြိမ်ပေါင်း များစွာတောင်းဆိုခဲ့သည်။

ထိုအရာများကလည်း မစ္စကျိုးအား လူရော၊စိတ်ပါ ပင်ပန်းစေခဲ့သည်။

သူမ ငွေအများကြီး ရှာဖွေနိုင်သော်လည်း မျက်နှာလိုက်သည်မဖြစ်ရစေရန် ရှာလို့ရသည့် ငွေ၏ တစ်ဝက်အား သားငယ်ထံသို့ ပို့ပေးခဲ့သည်။

အစ်ကိုဖြစ်သူအား မနာလိုဖြစ်သည်ဟု ရှောင်ရှင်းပြောလာသောကြောင့် သူမက သားငယ်အား နိုင်ငံခြားသို့ ပို့ခဲ့သော်ငြား Yeji တက္ကသိုလ်ကိုပင် ငွေပေး၍ ဝင်ခဲ့ရသည်။

ကလေးဘဝတည်းက ရွာသားများ၏ အထင်သေးခြင်းခံရသည်ဟု ပြောခဲ့ခြင်းကြောင့် သူလိုချင်သမျှ ပြိုင်ကားအပါအဝင် နာမည်ကြီးကုန်ပစ္စည်းများကို ဝယ်ပေးခဲ့သည်။

ကုကျစ်စုန့် သူမ၏ နီမြန်းနေသော မျက်လုံးများအား ကြည့်ရင်း သက်ပြင်းခပ်ဖွဖွချသည်။

“ဘာလို့ ဒီလိုတွေ လုပ်နေခဲ့တာလဲ? ရှင် အဲဒီငရဲတွင်းက ထွက်လာနေပြီးနေပြီလေ၊ ဒါကို အဲဒီမျက်လုံးဖြူဝံပုလွေလို ကလေးရဲ့ ချုပ်နှောင်တာကို ခံနေရတုန်းပဲလား? အဲဒါတွေက ရှင့်အတွက် တန်ရဲ့လား?”

မှန်ပေသည်။ ထိုသားငယ်သည်ကာ့ အတွင်းရော၊အပြင်ပါ မျက်လုံးဖြူဝံပုလွေတစ်ကောင်ကဲ့သို့ ရက်စက်၍လောဘကြီးကာ တစ်ကိုယ်ကောင်းဆန်သည်။

သူသည်ကာ့ သူမကွာရှင်းချိန်က အသက် ၅နှစ်၊၆နှစ် အရွယ်ဖြစ်ပေသည်။ သူမှတ်မိသည့် အရာများ ရှိသည်။ သူ မမှတ်မိလျှင်တောင်မှ ရွာသားများမှ မိခင်ဖြစ်သူ ကွာရှင်းကာ ထွက်သွားရသည့် အကြောင်းရင်းအား ပြောပြလိမ့်မည်ဖြစ်သည်။

သို့သော် ဖခင်ဖြစ်သူ၏ အိမ်တွင်းအကြမ်းဖက်မှုနှင့် လောင်းကစားလုပ်ခြင်းတို့အား အပြစ်မတင်သည့်အပြင် မိခင်ဘက်မှလည်း တွေးတောစာနာပေးခြင်း အလျဉ်းမရှိခဲ့ပေ။

မိခင်ဖြစ်သူ ဘဝအသစ်တွင် ပျော်ရွှင်နေရသည်အား ဝမ်းမသာသည့်အပြင် မိခင်အား ဖခင်ဖြစ်သူကို သည်းခံမပေါင်းခဲ့ခြင်းအတွက် အပြစ်တင်ခဲ့သည်။

မိခင်ဖြစ်သူ ကွာရှင်းခဲ့ခြင်းက သူ့အတွက် အရှက်ရစရာဟုသာ ခံစားနေခဲ့သည်။

သူ အသက် ၁၀နှစ်ခန့်တွင် မိခင်ဖြစ်သူမှ သူ့အား စားစရာ၊ ဝတ်စရာ၊ နေစရာ၊ ငွေကြေးနှင့် အခြားတန်ဖိုးကြီး အသုံးအဆောင်များ ထောက်ပံ့ခဲ့သော်ငြား မိခင်ဖြစ်သူမှ သူ့အပေါ်အကြွေးတင်နေသေးသည်ဟုသာ တွေးတောနေခဲ့သည်။

သူမ၏သားငယ်သည်လည်း အဖေ့ဖြစ်သူ၏ခြေရာအတိုင်းသာ တစ်ထပ်တည်း နင်းနေခဲ့ပေပြီ။

ဘေးမှ တိတ်တိတ်လေး နားထောင်နေသော ဖန်းမြောင်ပင်လျှင် စိတ်ထဲ၌ ကြိတ်၍ အပြစ်တင်မိသည်။

‘ဘာကြောင့်များ မတော်ရသေးတဲ့ မတ်က ဒီလောက်တောင် ဆိုးနေရတာလဲ?’

တစ်ချိန်တည်းမှာပင် သူမ မစ္စကျိုးအတွက် စိတ်မကောင်းဖြစ်မိကာ မည်သို့ပင် ဖြေသိမ့်ရမည်ကို မတွေးတတ်တော့ပေ။

“ငါသိပါတယ်…. ဒါပေမယ့်….”

သူမ ရင်ထဲတွင် သားငယ်မှာ ပျက်စီးနေပြီဆိုသည့်အကြောင်းကို ကောင်းကောင်းသိနေခဲ့သည်။

အတိတ်က သူမ တစ်ယောက်တည်း မားမားမတ်မတ်ဖြင့် အံကို ကြိတ်ကာ ရွာထဲမှ လူမိုက်အား ကွာရှင်းခဲ့သည်။

ထို့နောက် အောင်မြင်သည့် လုပ်ငန်းကြီးတစ်ခုအား အောက်ခြေမှ စတင်နိုင်ခဲ့သည်မှာ သူမသည် စိတ်ဓာတ်မာကြောကြောင်း၊ စိတ်ဆုံးဖြတ်ချက်ပြတ်သားသည့် မိန်းမဖြစ်ကြောင်း ပြသနေခဲ့သည်။

သို့သော် လူသားတို့၏ နှလုံးသားသည် ကျောက်ရုပ်မဟုတ်ပါချေ။ အသွေးနှင့်အသားနှင့် တည်ဆောက်ထားခြင်းပင် ဖြစ်ပေသည်။

နှလုံးသားရေးရာများ ပါဝင်လာလျှင် လူဘယ်နှစ်ဦးကများ သမာသမတ်ကျကျ ဆုံးဖြတ်ချက်ချနိုင်ပါသနည်း?

မစ္စကျိုး၏ စိတ်ထဲတွင် သားငယ်မှာ သူမအား ချုပ်နှောင်ရန်မွေးဖွားလာသလားဟု ခံစားမိခဲ့သည်။

“ထားလိုက်ပါတော့၊ သူ့အကြောင်းပြောနေဖို့ မလိုတော့ပါဘူး၊ ငါ အခုပဲ သူ့ပုံကို ပို့လိုက်ပါမယ်”

မစ္စကျိုး သူမဖုန်းထဲမှ သားငယ်၏ ပုံအား ကုကျစ်စုန့်ထံသို့ ပို့ပေးလိုက်သည်။

ဓာတ်ပုံထဲမှ လူငယ်လေးသည်ကား ဘောင်းဘီအပြဲနှင့် ခေတ်ဆန်သော အင်္ကျီခပ်ပွပွကို ဝတ်ဆင်ထားကာ ဆံပင်ကိုလည်း ကောက်ထားခဲ့သည်။ ထို့နောက် ကင်မရာအား ခပ်မော့မော့ ကြည့်နေခဲ့သည်။

ဖြတ်ခနဲ ကြည့်လိုက်ပါက သူ၏ မျက်နှာမှာ အစ်ကို၏ မျက်နှာနှင့် တူညီသော်လည်း သေချာကြည့်ပါက ကွဲပြားမှုများအား မြင်တွေ့နိုင်သည်။

သူက ပို၍ ပိန်ကာ အရပ်ပိုပုပြီး အသားအရည်သည်လည်း တစ်နှစ်ပတ်လုံး နေမထိသည့်အလား ဖြူဆွတ်နေခဲ့သည်။ သူက ခေါင်းကို အနည်းငယ်မော့ထားကာ မျက်လုံးများသည်လည်း တည်ကြည်ပြတ်သားမှုမရှိပါချေ။

သူ၏နှုတ်ခမ်းထောင့်စွန်းများက ကွေးညွှတ်နေကာ ခပ်ဂျစ်ဂျစ် စတိုင်ဖြစ်နေခဲ့သည်။

သူ၏ဓာတ်ပုံအား မြင်တွေ့ရပြီးနောက်တွင် ကုကျစ်စုန့်မှာ သူမတွေးထားသည့်အတိုင်းပင်ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ခဲ့သည်။

သူမ ရုတ်တရက် မျက်နှာကို မဲ့လိုက်ကာ ကင်မရာတစ်ဘက်မှ မစ်စ်ကျိုးအား ကြည့်လိုက်သည်။

“ရှင့်ရဲ့ အငယ်ဆုံးသားက တကယ်ကို ဆိုးသွမ်းပြီး အမှတ်သည်းခြေလည်း မရှိဘူး၊ သူ့အဖေက အမြဲတမ်း အားသုံးပြီး အနိုင်ကျင့်တတ်တယ်ဆိုရင် ရှင့်ရဲ့ သားငယ်ကတော့ သူ့အဖေမလုပ်ဖူးတာတွေကအစ မကောင်းမှုမှန်သမျှ အကုန်လုပ်ခဲ့တာပဲ”

“သူ နိုင်ငံခြားမှာ ရှိနေတုန်းက မူးယစ်ဆေးလည်း စွဲနေတဲ့အပြင် ကားကိုလည်း အရှိန်ပြင်းပြင်း မောင်းတတ်သေးတယ်”

မစ္စကျိုး အရှက်ရမိသော်လည်း ကုကျစ်စုန့်၏စကားများမှာ အမှန်ပင်ဖြစ်သည်။

“လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက သူနဲ့ သူငယ်ချင်းတွေက ပန်ရှန်းလမ်းမှာ လူမသိသူမသိ ကားပြိုင်နေကြတယ်၊ ရလဒ်ကတော့ ပြင်းပြင်းထန်ထန် ကားတိုက်တာပဲလေ၊ သူ့ရဲ့ ခြေထောက်နှစ်ချောင်းလုံးက ကားရှေ့ပိုင်းမှာ ပျက်စီးသွားတဲ့ထဲ ညှပ်သွားတယ်၊ နောက်ဆုံးတော့ ခြေထောက်နှစ်ချောင်းလုံးက ကြွက်သားသေသွားတဲ့နေရာတွေကို ဖြတ်ပစ်လိုက်ရတယ်”

“သူက လွန်ခဲ့တဲ့ တစ်လကျော်က အိမ်မှာ ထူးထူးဆန်းဆန်း ကွယ်လွန်သွားခဲ့တယ်”

မစ္စကျိုး ကုကျစ်စုန့်အနေဖြင့် အဘယ်ကြောင့် ထိုကိစ္စများကိုပါ သိနေရသည်နည်းဟု မအံ့ဩနိုင်တော့။ သူမ ကတုန်ကယင်ဖြင့် မေးလိုက်သည်။

“ကုတောက်ကျန့် ငါ့ရဲ့သားငယ်လေး ဘယ်လိုလုပ် သေရတာလဲဟင်? ငှားထားတဲ့ သူနာပြုကလည်း အိမ်ထဲကို ဘယ်သူမှ ဝင်တာ၊ထွက်တာ မမြင်မိဘူးတဲ့၊ ဒါပေမယ့် ရှောင်ရှင်း သေသွားတုန်းက တော်တော်လေးကို ထူးဆန်းတဲ့ ပုံစံမျိုးဖြစ်နေတာ…”

ကုကျစ်စုန့် ဆက်မဖြေတော့ပဲ အေးစက်စွာပြောလိုက်သည်။

“ရာဇဝတ်မှုနဲ့ ပတ်သတ်တာတွေကို လူအများရှေ့မှာ ချပြဆွေးနွေးလို့ မလွယ်ကူပါဘူး။ ကျွန်မအနေနဲ့ သီးသန့်လိုင်းတစ်ခုကို ပြောင်းပေးဖို့ အကြံပေးချင်ပါတယ်”

[သီးသန့်လိုင်းပြောင်းမယ်? ငါသဘောမတူဘူး! ]

[???ကုကျစ်စုန့် လူကို သေစေချင်နေတာလား? ဇာတ်လမ်းက တစ်ဝက်တစ်ပျက်ကြီးနဲ့လေ၊ နှလုံးသားမရှိဘူးလား!]

[အားးးးးးးး ပြောပြပေးပါ စုန့်စုန့်၊ ဒီလိုလုပ်လို့ မရဘူးလေ! QAQ]

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိတ်သတ်များကတော့ မေးခွန်းများ ဆက်တိုက်မေးနေကြကာ သူတို့ မကျေနပ်သည့်အကြောင်းကိုလည်း ထုတ်ဖော်ပြောနေခဲ့ကြသည်။

သို့သော် အဆုံးတွင် တိုက်ရိုက်ထုတ်လွှင့်ခြင်းရပ်နားကာ သီးသန့်ဆွေးနွေးမှုနေရာသို့ ပြောင်းလဲလိုက်ကြသည်။

မစ်စ်ကျိုးနှင့် ဖန်းမြောင်ပါ ပြောစရာစကား ပျောက်နေခဲ့သည်။

ချက်ချင်းလိုပင် ကုကျစ်စုန့်၏ အေးစက်သော လေသံဖြင့် ပြောလာသည့်စကားအား ကြားလိုက်ရသည်။

“ကျွန်မ သီးသန့်လိုင်းကို ပြောင်းခိုင်းလိုက်ရတဲ့ အကြောင်းရင်းက ရှင့်သားကြီးရဲ့ လက်မှာ သွေးစွန်းနေတာကြောင့်ပဲ၊ မစ္စကျိုး ထင်တာက သားငယ်ရဲ့ သေဆုံးတာက ထူးဆန်းတယ်ဆိုပြီးနော်၊ ဘာလို့လဲဆိုတော့ သူ့အစ်ကိုက သူ့လက်နဲ့ ကိုယ်တိုင်သတ်ခဲ့တာကြောင့် ညီအစ်ကိုချင်းသတ်ဖြတ်တဲ့ မကောင်းမှုရှိနေတာကြောင့်ပဲ!!”

“မဖြစ်နိုင်တာ!!”

“ငါမယုံဘူး!”



ဖန်းမြောင်ရော မစ်စ်ကျိုးပါ တပြိုင်တည်းဆိုသလို ခေါင်းကို တွင်တွင်ရမ်းကာ ရှောင်ဟန်သည် ထိုကဲ့သို့ ကိစ္စမျိုးကို မည်သို့မှ လုပ်မည့်သူမဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။

မစ၉ကျိုး အသက်မပါသည့် အပြုံးတစ်ခုနှင့် စိတ်တုန်လှုပ်စွာ ပြောလိုက်သည်။

“ကုတောက်ကျန့်၊ တစ်ခုခုတော့ လွဲနေတယ်နော်? ရှောင်ဟန်က ဘယ်တော့မှ အဲ့လိုမျိုးလုပ်မယ့်သူမဟုတ်ဘူး၊  သူက သူ့အဖေဘက်က အမျိုးတွေနဲ့ အဆက်အသွယ်လုပ်ရတာတောင် သဘောကျတဲ့သူမဟုတ်ဘူး၊

အမှန်တိုင်းပြောရရင် ငါတို့ ကွာရှင်းပြီးတဲ့ အချိန်ထဲက သူတို့ညီအစ်ကိုနှစ်ယောက်က တွေ့တောင် မတွေ့ကြတော့တာပဲ၊ သူ့မှာ သူ့ညီကို သတ်စရာ အကြောင်းရင်းရော၊ အဓိပ္ပာယ်ရော လုံးဝမရှိဘူးလေ!”

ကုကျစ်စုန့် မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီးနောက် စကားပြန်စသည်။

“ကျွန်မပြောတာက လူသတ်သမားက ရှင့်ရဲ့ သားအကြီးလို့ပြောတာလေ။ ရှင့်ရဲ့ သားကြီးက ကျိုးဟန်လို့ ကျွန်မ ပြောခဲ့မိလို့လား?”

ဖန်းမြောင်: “???”

“စုန့်စုန့် ဘာတွေ ပြောနေတာလဲ? ကျိုးဟန်က ကျွန်မရဲ့ သတို့သားလောင်း၊ အန်တီ့ရဲ့ သားကြီးလေ?”

သို့သော် မစသကျိုးကတော့ တစ်ခုခုကို သဘောပေါက်သွားပုံပေါ်ကာ မျက်နှာတစ်ခုလုံး‌ သွေးဆုတ်သွားခဲ့သည်။

ကုကျစ်စုန့် သူမမျက်နှာအား တည့်တည့်စိုက်ကြည့်ကာ စကားကို တစ်လုံးချင်းစီ ပီသစွာ ပြောလိုက်သည်။

“မစ္စကျိုး၊ ကျိုးဟန်နဲ့ ချန်ရှင်းတို့ရဲ့ မိခင်အနေနဲ့ ရှင်က အဲဒီကလေးနှစ်ယောက်ရဲ့ စရိုက်၊ အကျင့်စာရိတ္တနဲ့ အကြိုက်တွေကို ရှင်က အသိဆုံးဖြစ်မှာပါ”

“ခိုးကြောင်ခိုးဝှက် ဆေးလိပ်သောက်တယ်၊ ဘားကို သွားပြီး အရက်သောက်တယ်၊ လောင်းကစားလုပ်ပြီး ဇိမ်ခံပစ္စည်းတွေတောင် ဝယ်နေတဲ့သူက ချစ်သူကို တန်ဖိုးထားပြီး အလုပ်မှာပဲ အာရုံနှစ်ထားတတ်တဲ့ ရှင့်သား ကျိုးဟန်လို့ ထင်နေတာလား??”

ဖန်းမြောင် ပြာယာခတ်သွားပြီးနောက် ကုကျစ်စုန့်ကို တလှည့်၊ မစ္စကျိုးကို တလှည့် ကြည့်လိုက်မိသည်။

“အန်တီ၊ စုန့်စုန့်၊ ဘာတွေ ပြောနေကြတာလဲ?”

ကုကျစ်စုန့် မျက်လွှာချလိုက်ကာ ကျိုးဟန်မှ ဖန်းမြောင်အား သူနှင့် အတူအိပ်ရန် ဖိအားပေးခဲ့သည့်အကြောင်း မစ္စကျိုးအား ပြောပြလိုက်သည့်အချိန်တွင် မူလက သွေးမရှိသည့် မစသကျိုး၏ မျက်နှာသည် အေးခဲသွားသည့်အလား၊ ကြက်သေသေနေခဲ့သည်။

သူမ ဖန်းမြောင်အား ပူပင်စွာ မေးလိုက်သည်။

“မြောင်မြောင် မင်းအဆင်ပြေရဲ့လား?”

“အန်တီ…. အမြဲတမ်းလိုပါပဲ.. ကျွန်မ.. အဲဒါက အရေးမကြီးတော့ပါဘူး”

ဖန်းမြောင် ရှက်လွန်း၍ မျက်နှာများပင် နီမြန်းလာသည်။

မစစသကျိုး သူမ ခံစားချက်များအား ဖုံးကွယ်မထားနိုင်တော့။ သူမ ပုခုံးများ တုန်ယင်နေပြီး လည်ပင်းတွင်လည်း တစ်ခုခုတစ်ဆို့နေသကဲ့သို့ပင် ခံစားနေရသည်။

“ကုတောက်ကျန့်.. အဲဒါ… အဲဒါ သူလားဟင်?”

ကုကျစ်စုန့်၏ လေသံသည် တည်ငြိမ်ပြတ်သားလွန်းလှသည်။

“ဟုတ်တယ်၊ အဲ့တာ ရှင့်ရဲ့ သားငယ် ချန်ရှင်းပဲ”

ဖန်းမြောင် နောက်ဆုံးတော့ သဘောပေါက်သွားကာ မျက်လုံးလေးများပင် ဝိုင်းစက်သွားပြီးနောက် တုန်ရီစွာ အော်ဟစ်လိုက်သည်။

“မင်းပြောချင်တာက ငါနဲ့ မင်္ဂလာဓာတ်ပုံရိုက်ခဲ့တဲ့သူ၊ နေ့တိုင်း ငါနဲ့ လက်ထပ်ဖို့ ရှိနေတဲ့သူက အန်တီရဲ့ သားငယ်တဲ့လား? ငါက ငါ့ရဲ့ ခင်ပွန်းလောင်းကိုတောင် မခွဲတတ်ဘူးဆိုတာ မဖြစ်နိုင်တာ!”

မစ္စကျိုးလည်း ထိုသို့‌တွေးခဲ့မိသည်။

သူမသည်ကား မိခင်တစ်ဦးဖြစ်သည့်အလျောက် သူမ၏ သားများအကြောင်းကို ကောင်းကောင်းသိသည်။

ကျိုးဟန် ထူးဆန်းနေသည်ကို သူမ ဖန်းမြောင်ထက်ပင် အရင် သတိပြုမိခဲ့သည်။

သားကြီး၏ အပြုအမူနှင့် အကျင့်စရိုက်များက သားငယ်ချန်ရှင်းနှင့် တူ,တူလာပြီး အရင်ကဲ့သို့ တည်ငြိမ်မှုမရှိတော့သည်ကို သတိထားမိခဲ့သည်။

သို့သော် သူမ အကြိမ်ပေါင်းများစွာ စောင့်ကြည့်ခဲ့လေသည်။ သားငယ်သည်ကား လွန်ခဲ့သည့် တစ်လက ရုတ်တရက် သေဆုံးသွားသည်မှာ သေချာသည်။

သူမမျက်စိရှေ့တွင် သားငယ်၏ အသက်မဲ့ခန္ဓာကိုယ်အား ခင်ပွန်းဟောင်း၏ မိသားစုဝင်များမှ ငိုကြွေးအော်ဟစ်နေရင်း သယ်ဆောင်သွားကာ သူမကို အသုဘအခမ်းအနားကိုပင် တက်ခွင့်မပေးခဲ့ပေ။

သားကြီး၏ ကိုယ်ပေါ်မှ မွေးရာပါအမှတ်တစ်ချို့မှာလည်း တုပ၍ ရသည့်အရာများမဟုတ်ကြောင်း သူမ အတည်ပြုပြီးပြီဖြစ်သည်။

မစ္စကျိုးတွေးမိသည်မှာ ချန်ရှင်းသေဆုံးသည်အား မြင်လိုက်ရပြီးနောက် သူမ၏ စိတ်အခြေအနေသည်က ပုံမှန်မဟုတ်ဘဲ သားကြီးအား‌ မြင်တွေ့တိုင်း ချန်ရှင်းဟုသာ မြင်ယောင်နေမိသည်ဟု ထင်ခဲ့မိသည်။

သို့သော် ကုကျစ်စုန့်စကားအရ သူမ ထူးဆန်းသည်ဟု ခံစားခဲ့ရသည်မှာ အမှန်တကယ်ပင် ဖြစ်နေခဲ့သည်။

ထိုကလေးသည် ကျိုးဟန်မဟုတ်ဘဲ ချန်ရှင်းပင်ဖြစ်နေသည်!

သို့သော် ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း?

သူက ချန်ရှင်းဆိုပါလျှင် ကျိုးဟန် ဘယ်ရောက်သွားသနည်း? သေသွားသည့် ကလေးငယ်ကရော အဘယ်သူနည်း?

မစ်စ်ကျိုး ချုံးပွဲချ ငိုလိုက်မိသည်။

“ကုတောက်ကျန့်၊ တကယ်ကို ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ ရှောင်ဟန်က သူ့ညီဖြစ်နေရတာလဲ? သူက ဘယ်ရောက်သွားတာလဲ!?”

ကုကျစ်စုန့် သူမ၏ ဖီးနစ်ငှက်မျက်လုံးများအား အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း ပြောသည်။

“အမြွှာတွေက ဘယ်လိုဖြစ်လာတာလဲဆိုတာကို သိလား?”

“ဆေးပညာမှာဆိုရင် တစ်ထပ်တည်းတူတဲ့ အမြွှာတွေရှိတယ်၊ မျိုးအောင်ထားတဲ့ ဥတစ်ခုတည်းကနေ သန္ဓေသားလောင်း နှစ်ခုကွဲသွားပြီးမှ ကလေးနှစ်ယောက်ဖြစ်လာတာ၊

ကျိုးဟန်နဲ့ ချန်ရှင်းတို့ကလည်း အဲလို ဖြစ်တည်မှုမျိုးပဲ၊ အကြမ်းဖျင်းပြောရရင် အမြွှာတွေက မွေးတည်းက ရုပ်ချင်းဆင်မယ်၊ သူတို့ကြားမှာလည်း ထူးခြားတဲ့ ‘စိတ်ချင်းဆက်သွယ်မှု’ တစ်ခုရှိတတ်ကြတယ်”

*

All Chapters