← Chapters

Chapter 42

Vol. 5 Ch. 42

Chapter 42

Vol. 5 Ch. 42

ယီချန်မှာ သူ့တောင်းများကို ဝက်သားသည်တို့အားခဏကြည့်ခိုင်းထားကာ ဈေးအတွင်းလှည့်ပတ်ကြည့်လိုက်သည်။ ဤစီရင်စုရှိမှောင်ခိုဈေးမှာ အတော်လေးစုံလင်လှ၏။ ယီချန်လည်း အသီးအရွက်သည်များထံမှ မျိုးစေ့တစ်ချို့ဝယ်လိုက်သည်။ သူ့ဆီတွင်ရှိနေသော မျိုးစေ့များမှာ ဝါးမျိုးစေ့၊သစ်သီးမျိုး‌ေစ့များနှင့် ပန်းပင်မျိုးစေ့များသာဖြစ်ရာ ထိုမျိုးစေ့များမှာ ယခုသူ့လုပ်ငန်းအတွက် အသုံးမဝင်သေးပေ။ ထို့ကြောင့် ခေတ်ကာလအရလိုအပ်သော အသီးအရွက်မျိုးစေ့အစုံသာ ဝယ်လိုက်သည်။

ယီချန်မှာစိတ်တိုင်းကျ လှည့်လည်ဝယ်ခြမ်းပြီးသည်နှင့် နဂိုနေရာဆီပြန်လာသော် ဝက်သားသည်နှင့် ကောက်နှံသည်တို့က မပြန်သေးဘဲ သူ့တောင်းများအား စောင့်ကြည့်ပေးနေသည်ကိုတွေ့ရာ ကျေးဇူးတင်စကားဆို၍ တောင်းများအားသယ်ကာပြန်ရန်ပြင်လိုက်၏။ သို့သော် ဈေးသည်နှစ်ဦးကတားလာသည်။ ယီချန်မှာ သူ့ရှေ့ရှိဈေးသည်နှစ်ယောက်အားကြည့်ကာ ဇဝေဇဝါဟန်ဖြင့် မေးလိုက်၏။

"ဦးလေးတို့ ဘာပြောစရာရှိလို့လဲ"

ဈေးသည်နှစ်ဦးမှာ အစကတွန့်ဆုတ်‌နေကြသော်လည်း ဝက်သားသည်ကြီးမှအရင်ဖွင့်ဟပြောဆိုလာသည်။

"အဲ့ဒါ လူလေး မင်းဒီပန်းသီးတွေကိုအခြားနေရာတွေမှာ သွားရောင်းဦးမှာလားဆိုတာ သိချင်လို့"

ယီချန်မှာ သူတို့၏လာရင်းကိစ္စကိုခန့်မှန်းမိလိုက်၍ တန်းဖြေပေးလိုက်၏။

"ဦးလေးတို့ကို ပွင့်ပွင့်လင်းလင်းသာပြောလိုက်တော့မယ်။ တစ်ကယ်ဆို တတ်နိုင်ရင်ကျွန်တော်ကတစ်နေကုန်ကို ဈေးတကာလိုက်ရောင်းချင်နေတာ။ ဦးလေးတို့မြင်တဲ့အတိုင်း ကျွန်တော်ခဏလေးထိုင်ရောင်းလိုက်တာတောင် ယွမ်တစ်ထောင်နီးနီးရသွားတာလေ။ တစ်နေကုန်ဆို ဘယ်လောက်တောင် ရမလဲ။ ဒါကပွဲတော်ရက်နားမလို့လဲ ပိုအလုပ်ဖြစ်တာလေ။ ကျန်တဲ့ရက်တွေဆို ဘယ်သူကငွေကိုဒီလောက် အများကြီးသုံးနိုင်ကြမှာလဲ။ ဒါပေမယ့် ကျွန်တော့်အခြေအနေရယ် လာရတဲ့နေရာအသွားအပြန်ကြာချိန်ရယ်ဆို ကုန်ပစ္စည်းအများကြီးသယ်ပြီးသွားလာဖို့ဆိုတာ ဘယ်လိုမှအဆင်မပြေတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ အခုလက်ကျန်ပန်းသီးတွေတောင် ဒီရက်ပိုင်းလေးအတွင်းအကုန်ရောင်းနိုင်ရအောင် ကြိုးစားရမှာ"

ယီချန်၏ငြီးငြူမှုတို့ကြောင့် ဈေးသည်နှစ်ယောက်မှာ စိတ်လှုပ်ရှားကာတရွရွဖြစ်လာကြပြီး ကောက်နှံသည်ကယီချန့်အားပြောလိုက်သည်။

"ဒါဆိုလူလေး မင်းအဒေါ်တို့ဆီဖောက်သည်ဈေးနဲ့ရောင်းပေးပါ့လား။ အဒေါ်တို့ကဒီစီရင်စုပတ်လည် ပတ်ရောင်းနေကြတဲ့လူတွေမလို့ ကုန်ပစ္စည်းမရောင်းရမှာထက် ရောင်းကုန်အရင်းအမြစ်ပြတ်မှာကိုစိုးရိမ်နေရတဲ့ အခြေအနေလေ။ အခုဒီကိစ္စသာပြေလည်သွားရင် မင်းရောအဒေါ်တို့ရော နှစ်ဖက်လုံးအတွက် အဆင်ပြေမယ့်ကိစ္စပဲ"

ယီချန်မှာသူတို့၏စကားကြောင့် တွေဝေဟန်ပြပြီးမှ စိတ်ပိုင်းဖြတ်လိုက်သည့်ပုံဖြင့် ပြန်ဖြေလိုက်သည်။

"ဒါဆိုလည်း ဒီအတိုင်းပဲသွားကြတာပေါ့။ ဒါပေမယ့် ပစ္စည်းတွေကို ဦးလေးတို့လာယူမှဖြစ်မယ်နော်။ ဒီထိသယ်လာဖို့က ကျွန်တော့်အတွက် တစ်ကယ်အဆင်မပြေလို့ပါ။ ပြီးတော့ အဒေါ်တို့တွေကို ကျွန်တော် ဇီးပန်းသီးကို တစ်ယွမ်နဲ့ ပန်းသီးစိမ်းကို‌ေလျှာ့မ‌‌ေန‌ေတာ့ဘဲနဲ့ ရွှေပျားရည်သီးတွေကို နှစ်ယွမ်အတိ‌ေစျးနဲ့ပဲ ရောင်းပေးပါ့မယ်။ အဒေါ်တို့လည်း ဈေးကိုကိုယ့်ဘာသာတွက်ပြီးရောင်းကြပေါ့။

ဒါပေမယ့် အမြတ်ကိုအများကြီးတင်မရောင်းဖို့ ကျွန်တော်အကြံပေးချင်တယ်။ အသီးအနှံဆိုတာ လတ်ဆတ်လေ ပိုကောင်းလေပဲလေ။ မြန်မြန်ရောင်းကုန်တော့လည်း လတ်လတ်ဆတ်ဆတ်‌အသီးတွေ ထပ်တင်ရောင်းလို့ရတာပေါ့။ အများကြီးဈေးတင်ရောင်းလို့ ကျန်နေခဲ့ရင် ပန်းသီးတွေက လတ်ဆတ်မှုကုန်ပြီး ရင်းထားတဲ့ငွေတွေလည်း အလဟဿဖြစ်သွားမှာပဲ"

ယီချန်၏စကားကြောင့် ဈေးသည်နှစ်ဦးမှာအသိစိတ်ဝင်သွားတော့သည်။ ဤလူငယ်လေးပြောသည်မျာ မှန်လေ၏။ လူငယ်‌ေလး‌ေရာင်းသည့်အတိုင်း‌ေစျးနှင့်‌ေရာင်းလျှင်ပင် သူတို့အတွက်တစ်နေ့တာအမြတ်ငွေမှာ ယခုလုပ်ကိုင်နေသော လုပ်ငန်းထက်ပိုရမည်မှာသေချာသည်။ နဂိုက သူတို့မှာဈေးပိုတင်လိုသော်လည်း ဤပန်းသီး‌ေစျးမှာ ပွဲတော်အတွင်းသာရောင်းလို့လှမည်ဖြစ်ကြောင်းကို သတိထားမိသွားရာ သူတို့လောဘကိုအမြန်သတ်၍ သတိကပ်ထားလိုက်၏။ ထို့ပြင်ယီချန့်ကိုလည်း ကျေးဇူးတင်သွားကြသည်။

"ဟုတ်ပြီလေ လူငယ်လေး။ ပစ္စည်းလာယူမယ့်ကိစ္စကတော့ စိတ်မပူပါနဲ့။ ဦးလေးတို့အိမ်တွေမှာ လှည်းတွေရှိတယ်ဆိုတော့ လှည်းနဲ့လာသယ်လို့ရပါတယ်။ လာယူရမယ့်နေရာကိုသာ ပြောလိုက်ပါ"

ထိုသို့ဖြင့် ယီချန်လည်း ဆေးရုံအနားရှိနေရာတွင်ဆုံရန်ချိန်းလိုက်ကာ သူတို့မှာညနေတွင်လာယူမည်ဟု ပြောလာသည်။ ပြီးနောက် သူတို့သည်စရန်ယွမ်တစ်ရာစီ ထုတ်ပေးခဲ့ကြ၏။ ယီချန်မှာတော့ ဤခေတ်လူများ၏ရိုးသားပွင့်လင်းမှုကို သဘောတွေ့သွားတော့သည်။ ကိစ္စဝိစ္စပြတ်သည်နှင့် ယနေ့ညနေငါးနာရီတွင် လာယူမည်ဟု ယီချန့်အားပြောထားခဲ့ကြကာ လူစုခွဲလိုက်ကြတော့၏။

ယီချန်လည်း ဆေးရုံဆီပြန်လာခဲ့ကာ‌ ဆရာဝန်ဆေးလာစစ်မည်ကို လိမ်လိမ်မာမာဖြင့်စောင့်နေလိုက်သည်။ သူနာပြုလေးမှာ ယီချန်၏ရွှင်မြူးနေသောစိတ်အခြေအနေအား မြင်နေရရာ ထိုသည်မှာအပြင်ထွက်၍ အညောင်းအညာ‌ေပြလမ်းလျှောက်လိုက်၍ဟုထင်ကာ ဆရာဝန်ဆေးစစ်ချိန်မရှိပါက စိတ်ပြေလက်ပျောက် လျှောက်သွားလို့ရသည်ဟု ပြောလာခဲ့၏။ ယီချန်လည်းထိုအဆိုကို ဝမ်းသာအားရလက်ခံလိုက်သည်။

ဆရာဝန်ဆေးလာမစစ်ခင် ယီချန်သည်ဆေးရုံမှလစ်ထွက်ကာ ချိန်းထားသောနေရာဆီ စောစောသွား၍ ပန်းသီးများအားထုတ်ကာစောင့်နေလိုက်၏။ ခဏအကြာတွင် ရင်းနှီးနေသောပုံရိပ်နှစ်ခုမှာ ယီချန့်မြင်ကွင်းထဲရောက်လာသည်။ ကြည့်ရသည်မှာ သူတို့မိသားစုများပါ ခေါ်လာခဲ့ပုံပင်။ ယီချန်မှကြိုရောက်နေသည်ကိုမြင်ရာ သူတို့လည်းအလောတကြီးနှုတ်ဆက်ပြီး ပန်းသီးများအားစစ်ဆေးကာ လက်ကျန်ငွေများအား ရှင်းပေးလိုက်၏။ ယီချန်လည်း ငွေများကိုသိမ်းကာ အတည်ပြုရန်မေးလိုက်သည်။

"ပန်းသီးတွေက နေ့တိုင်းယူမှာလား။ တစ်ရက်ခြားယူမှာလား"

ဈေးသည်နှစ်ဦးမှာ ယီချန့်အမေးကြောင့် ခဏစဉ်းစားလိုက်ကြပြီးပြန်ဖြေလာ၏။

"မနက်ဖြန်တော့မယူသေးဘူး။ အရင်ဆုံးအခြေအနေကို စမ်းသပ်ကြည့်လိုက်ဦးမယ်။ ပြီးတော့မင်းကလည်း ဈေးမှာပုံမှန်ရောင်းနေဦးမှာဆိုတော့ လိုအပ်ရင်ဈေးရောက်မှ အသိပေးမယ်လေ"

ယီချန်မှာသူတို့ပြောသည်ကိုနားလည်ကြောင်းပြကာ သူ့ခြင်းတောင်းများအားပြန်သိမ်း၍ ဆေးရုံဆီပြန်လာလိုက်သည်။ သူပြန်ရောက်ပြီး ခဏအကြာတွင် ဆရာဝန်ကယီချန့်အခြေအနေအား စစ်ဆေးရန်ရောက်လာ၏။ ဆရာဝန်မှာ ယီချန့်၏ညာဘက်မျက်လုံးအား သေချာစစ်ကြည့်ကာဒဏ်ရာမှာ သူနာပြုလေးပြောသလို အတော်သက်သာနေပြီကို တွေ့လိုက်ရ၍အံ့ဩသွားရသည်။

"ဒဏ်ရာကိုပတ်တီးမစည်းထားလည်းရပါပြီ။ ဒါ‌ေပမယ့် အပြင်ထွက်ရင်တော့ ပိတ်ကျဲစလေးပတ်သွားပေါ့။ ဆေးတော့ပုံမှန်ထည့်ပေးနော်။ အနာလုံးဝကျက်ပြီး အမာရွတ်ကျန်ခဲ့ရင် စိတ်ဓာတ်ကျမသွားနဲ့ဦး။ ဘာပဲဖြစ်ဖြစ် ဒီဒဏ်ရာကဂုဏ်ပြုစရာကောင်းတဲ့အမှတ်အသားပဲလေ။ မကြာခင် ကျွန်တော်တို့အမြင်အာရုံပြန်စစ်ဆေးလို့ရပါပြီ"

ယီချန်မှာဆရာဝန်ပြောသမျှကို နာခံစွာနားထောင်နေရာ ဆရာဝန်ဖြစ်သူမှာလည်း အလွန်အမြင်ကြည်နေတော့၏။ ထို့ကြောင့် ယီချန့်အားနှစ်သိမ့်စကားထပ်ဖြည့်ပြောလိုက်သည်။

"အမြင်အာရုံထိသွားတောင် စိတ်မပူပါနဲ့။ ဗိုလ်မှူးဟူပြောပုံအရဆို တပ်ခွဲမှူးယီတို့မိသားစု ပြေလည်အောင်စစ်တပ်ထဲ အရန်အလုပ်တစ်ခုရအောင် စီစဉ်ပေးမှာပါတဲ့။ ဒါကြောင့် တပ်ခွဲမှူးယီအနေနဲ့ စစ်တပ်ထဲကထွက်ရတော့မှာဆိုပြီး စိတ်မကောင်းဖြစ်စရာမလိုတော့ပါဘူး"

ယီချန်မှာတော့ စိတ်ထဲတွင်ဟူမျိုးရိုးကျွဲအိုကြီးကို ကျိန်ဆဲနေပေသိ အပြင်ဘက်တွင်တော့ ဆရာဝန်အားကျေးဇူးတင်စကားပြောလိုက်သည်။ လက်ရှိနိုင်ငံရေးအခြေအနေနှင့် ခေတ်ကာလအရ သူ့တွင်မှီခိုအားထားရန် မည်သည့်အာဏာရှိ‌ေနာက်ခံမှရှိမနေသလို အထက်အရာရှိများအား လာဘ်ထိုးရန်ငွေပမာဏများရှိနေလျှင်တောင် ထုတ်သုံးလို့မရသေးပေ။ သူ့လို‌ေနာက်ခံမရှိ‌ေသာစစ်သားလေးတစ်ဦးအတွက် ငွေပုံလိုက်ကြီးထုတ်ပြလိုက်လျှင် အရင်းအမြစ်လိုက်စစ်ခံရပြီး မတော်လျှင်သူလျှိုဟုပင်အမည်တပ်ခံရနိုင်ကာ မြေပဲတောင့်စားလိုက်ရနိုင်သည်။

ထို့ပြင် သူ့ပိုင်ဆိုင်မှုများမှာလည်း ဝေစားမျှစားခွဲယူခြင်းခံသွားရမည်ပင်။ ထို့ကြောင့် လက်ရှိသူ့အခြေအနေမှာ ကံတရားကိုသာ ပုံချထားရပေတော့မည်။ သို့သော် ဇာတ်လိုက်တို့ထက် သူကကံတရားပိုကောင်းနိုင် မကောင်းနိုင်ကတော့ စောင့်ကြည့်ရမည်ပေ။

ဆရာဝန်ထွက်သွားသည်နှင့် ယီချန်လည်း ထိုအရှုပ်အထွေးများကို ထပ်စဉ်းစားမနေတော့ဘဲ နယ်မြေထဲဝင်ကာ ဤနေ့ရောင်းရငွေများအား ထုတ်စစ်လိုက်၏။ ခုနက ဝက်သားသည်တို့အား ပေးလိုက်သော ပန်းသီးရောင်းကြေးများအပါအဝင် ယွမ်သုံးထောင်ရလေသည်။ ဤပမာဏမှာ လက်ရှိစီရင်စုတွင်နှစ်ဝက်စာပမာဏဖြစ်သော်လည်း သူ၏ထုတ်လုပ်ရေးအဖွဲ့တွင်တော့ ကောင်းမွန်သောဘဝတစ်ခုကို ဖန်တီးနိုင်လေ၏။

ယီချန်သည်‌ဝမ်းသာအားရငွေများအား သေတ္တာတစ်ခုထဲထည့်သိမ်းကာ လက်ကျန်ပန်းသီးများအား ခူးလိုက်သည်။ ထို့နောက် ခြင်းတောင်းထဲစီထည့်ကာ မနက်တွင်သွားရောင်းရန်ပြင်ထား၏။ ထို့နောက် မနက်ကဝယ်လာသော အသီးအရွက်မျိုးစေ့များအား မြေဆွကာစိုက်ပျိုးထားလိုက်သည်။ ဤအပင်များမှာ မနက်တွင်ခူးရောင်းလို့ရလောက်ပြီဟု တွေးထား၏။ သူဝယ်လာသော အသီးအရွက်မျိုးစေ့များမှာ မုန်ညှင်း၊ဟင်းနုနွယ်၊ခရမ်းချဉ်သီး၊သခွားသီး၊မုန်လာဥဖြူ၊မုန်လာဥနီ၊ဘူးသီး၊ဆလပ်ရွက်နှင့် ရွှေဖရုံသီးတို့ပင်။ သူသည် သေချာမြေဆွစိုက်ပျိုး၊စင်တင်ရမည့်အပင်ကို စင်ထိုးပေးပြီးသည်နှင့် စမ်းရေဖြင့်လောင်းလိုက်သည်။

ထို့နောက်သူသည် စမ်းချောင်းထဲရေဆင်းချိုးလိုက်၏။ ရေချိုးရင်းသူသည်စမ်းရေအားကြည့်ကာစိတ်ထဲအတွေးတစ်ချက်ပေါက်လာည်။ သူသာငါးသားပေါက်များဝယ်ပြီး စမ်းချောင်းထဲထည့်မွေးလိုက်ပါက အကြံကောင်းတစ်ခုဖြစ်သွားပေမည်။

All Chapters