← Chapters

Chapter 44

Vol. 5 Ch. 44

Chapter 44

Vol. 5 Ch. 44

အမျိုးသားကြီးမှာ ယီချန့်စကားကြောင့် အားရပါးရရယ်မော၍ ပြန်ချေပလာသည်။

"တောင်းပန်ပါတယ်ကွယ်။ မနေ့က မင်းရဲ့ပန်းသီးတွေကြောင့် ငါတော်တော်လေးမျက်နှာသာရခဲ့တယ်လေ။ အဲ့ဒါကြောင့်မင်းဆီထပ်ရောက်လာတာ။ ကောင်လေး မင်းဆီကကျန်တဲ့ပန်းသီးနှစ်မျိုးရဲ့အရသာကို ရောမြည်းကြည့်လို့ရမလား"

ယီချန်လည်း ဤလူကြီး၏ဆိုလိုရင်းကိုသ‌ေဘာပေါက်ကာ ပန်းသီးစိမ်းနှင့်ဇီးပန်းသီးအားအစိတ်လေးများအဖြစ်စိတ်ကာ ကျွေးလိုက်၏။ အမျိုးသားကြီးမှာလည်း ယီချန်၏သစ်သီးအမြည်းကျွေးခြင်းကို သဘောကျသူဖြစ်ရာ ကမ်းပေးလာသည့် ပန်းသီးစိတ်များအား အရသာခံကာဝါးစားလိုက်သည်။ ‌ေစျးသည်လူငယ်လေးပြောသလိုပင် ဤပန်းသီးနှစ်မျိုးမှာ အချိုကြိုက်သည့်သူ့ပါးစပ်နှင့်ကိုက်မနေချေ။ သို့သော် သူလက်ဆောင်ပေးမည့်လူကတော့ သဘောကျလောက်မည်ဖြစ်ရာ ယီချန့်အားပြောလိုက်သည်။

"ကောင်လေး မင်းဆီကပန်းသီးသုံးမျိုးလုံးကို ငါအကုန်ယူသွားမယ်။ ဘယ်လောက်ကျလဲ လျှော့ပေးဦး"

ယီချန်လည်း ပန်းသီးလက်ကျန်အရေအတွက်အား စစ်ဆေးကာ‌ပြန်ဖြေလိုက်သည်။

"ဦးလေး သေချာရဲ့လား။ ကျန်တဲ့အရေအတွက်အတိုင်း တစ်ကယ်အကုန်ယူမယ်ဆိုရင် ယွမ်သုံးရာပဲပေးတော့။ အိမ်မှာချက်စားရအောင် ဒီအသီးအရွက်စုံခြင်းတစ်ခြင်းပါ လက်ဆောင်ထည့်ပေးလိုက်မယ်"

အမျိုးသားကြီးမှာ ထိုအစီအစဉ်ကိုခေါင်းငြိမ့်လက်ခံ၍ ယွမ်သုံးရာထုတ်ပေးလာ၏။ ယီချန်မှာ ပိုက်ဆံအားယူလိုက်ပြီး ဤအမျိုးသားကြီး၏နောက်ခံကိုစိတ်ဝင်စားလာမိသည်။ အဆင်ပြေလျှင် သူ့ကိစ္စအတွက်ပါ အကြံရလာနိုင်ပေ၏။ ထို့ကြောင့် လေသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဦးလေး ဒီပန်းသီးတွေကို လာဘ်ထိုးတဲ့နေရာမှာသုံးနေတာလား"

အမျိုးသားကြီးမှာ ယီချန့်အမေးကြောင့် လန့်ဖြန့်သွားကာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြည့်လာ၏။ ယီချန်လည်း တစ်ဖက်လူထိတ်လန့်သွားသည်ကို သတိပြုမိလိုက်ရာ အမြန်ချေပလိုက်ရသည်။

"ဦးလေးကိုခြိမ်းခြောက်မလို့ မဟုတ်ပါဘူး။ တစ်ကယ်တော့ ကျွန်တော်လည်း နည်းနည်းဒုက္ခ‌ေရာက်နေလို့လေ။ လာဘ်ထိုးရမယ့် ကျွန်တော့်အထက်လူကြီးက အခြားဘက်ကဖြစ်နေတော့ သူ့ကိုကျော်ပြီး ဘယ်ကနေစသွားရမယ်မှန်း မသိဖြစ်နေတယ်။ အဲ့ဒါကြောင့် ဦးလေးလည်းအဲ့လိုကိစ္စမှာအတွေ့အကြုံရှိရင် ကျွန်တော့်ကို အကြံဉာဏ်ပေးပါဦးလို့ ပြောချင်တာပါ"

အမျိုးသားကြီးမှာ သူ့စကားကိုပြန်မဖြေပဲ သူ့အားအထက်အောက်စုန်ဆန်ကြည့်ကာ မေးလာ၏။

"ကောင်လေး မင်းအထက်တန်းအောင်ပြီးသားလား"

ယီချန်မှာ ဘာကြောင့်မေးလာသည်ကို မသိသော်လည်း မူလကိုယ်မှာအထက်တန်းအောင်လက်မှတ်ရှိသည်ကိုသတိရ၍ ခေါင်းငြိမ့်ပြလိုက်၏။ ထိုသည်ကိုမြင်သော် အမျိုးသားကြီးက အနားကပ်ရန်လက်ဟန်ပြကာ လေသံတိုးတိုးဖြင့် ပြောလာသည်။

"ကောင်လေး ကျန်တာတွေကိုသိချင်မနေနဲ့။ ဒါပေမယ့် မင်းကြည့်ရတာအရိပ်အကဲနားလည်မယ့်ပုံမလို့ တစ်ခုတော့ ပြောပြလိုက်မယ်။ နောက်နှစ်ထဲကျရင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်တွေ ပြန်ခွင့်ပြုပေးတော့မယ်တဲ့။ အဲ့တော့ မင်းသာပိုပါးနပ်မယ်ဆိုရင် လက်ရှိနေရာမှာတင် အသာငြိမ်နေပြီး အဲ့အခွင့်အရေးကိုဆုပ်ကိုင်နိုင်ဖို့ ခုကတည်းကပြင်ဆင်ထားချေ။ မင်းသာအောင်မြင်တာနဲ့ အခုမင်းရှေ့မှာပိတ်ပင်ထားသမျှအခက်အခဲဆိုတာ တန်းပျောက်သွားလိမ့်မယ် နားလည်လား"

ယီချန်မှာသူသိထားပြီးသား သတင်းကိုလျှို့ဝှက်နေဟန်ဖြင့်ပြောလာသည့် အမျိုးသားကြီးကြောင့် စိတ်ပျက်သွားရသည်။ သူ့အနေဖြင့် တက္ကသိုလ်ဝင်ခွင့်အောင်မြင်သွားလျှင်တောင် ဇာတ်လိုက်တို့ဘက်မှ ဘာတွေကြံစည်လာဦးမည်မှန်းမသိနိုင်သေးပေ။ သူ့အနေနှင့် စစ်တပ်က‌ေနပင်စင်ယူထားမှကိုဖြစ်မည်ပင်။ အမျိုးသားကြီးပြန်သွားသည်နှင့် ယီချန်လည်းကျန်သည့်အသီးအရွက်စုံခြင်းများအား အပြတ်ရောင်းကာ ဆေးရုံဆီပြန်လာခဲ့တော့၏။

ကန်တင်းတွင်နေ့လည်စာစားပြီးသော် ယီချန်မှာနယ်မြေထဲဝင်ချင်စိတ်မရှိ‌ေတာ့ဘဲ ကုတင်ပေါ်တွင်သာစိတ်ပျက်လက်ပျက်လှဲနေတော့သည်။ ထိုစဉ် ဇာတ်လိုက်တို့ဘက်တွင်လည်း စိတ်ချမ်းသာမနေကြပေ။ ဟူယွမ်ချွမ်၏ရုံးခန်းထဲတွင် အန်းဝေမှာမျက်မှောင်ကြုံ့ရင်းမေးခွန်းများထုတ်နေတော့သည်။

"ဆရာ အထက်ကဘာလို့ဒီလောက်အချိန်ဆွဲနေရတာလဲ။ ဒါလေးကသာမန်တပ်ခွဲမှူးကိစ္စကို သူတို့ကကြန့်ကြာအောင်လုပ်နေကြတယ်။ သူတို့တွေ လက်ဆောင်ပမာဏထပ်တိုးလိုချင်သေးလို့ အချိန်ဆွဲနေတာများလား"

ဟူယွမ်ချွမ်မှာလည်း ထိုသို့တွေးနေမိခဲ့ပေမယ့် အဓိကအကြောင်းအရင်းမှာ ထိုအ‌ေကြာင်းကြောင့်မဟုတ်နေဟု ခံစားနေရသည်။ သို့သော်လည်း ထိုသို့မဟုတ်ပါက အခြားအကြောင်းအရင်းမြစ်ခံလည်းရှိမနေတော့ပေ။ ယီချန်ဆိုသည်မှာ သာမန်လယ်သမားမိသားစုနောက်ခံမှလာသူဖြစ်ရာ နောက်ခံလည်းရှိမနေသလို ရာထူးကြီးကြီးတစ်ယောက်,‌ေယာက်၏ ကျေးဇူးရှင်လည်းဟုတ်မနေပါချေ။

သို့ဆိုပါလျှင် အထက်ကမည်သည်ကြောင့်အချိန်ဆွဲနေရပါသနည်း။ မနေ့ကဆိုလျှင် သူသည်လက်ဆောင်ပင်မပေးရသေးခင် နှင်ထုတ်မခံရရုံတမယ်ပင်။ ယခင်က စကားကြောတည့်ခဲ့သည့် လူကြီးများမှာလည်း ယခုဆိုလျှင် သူ့အားဖယ်ကျဥ်နေကြသည့်အလား ခံစားနေရ၏။ ဟူယွမ်ချွမ်မှာ စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းသာကုတ်ရင်းပြန်ပြောလိုက်သည်။

"ငါလည်းသေချာမဆုံးဖြတ်တတ်တော့ဘူးကွာ။ ဘာမဟုတ်တဲ့ကိစ္စလေးက ဒီလောက်ခက်ခဲနေလိမ့်မယ်လို့ ထင်မထားမိဘူး။ အခြေအနေကို သေချာအကဲခတ်မိအောင် လက်ဆောင်တစ်ချို့နဲ့ထပ်သွားကြည့်ရမယ်။ ဘာပဲဖြစ်ဖြစ် အကြောင်းအရင်းတော့သိကိုသိရမှဖြစ်မှာပဲ"

အန်းဝေမှာ ဟူယွမ်ချွမ်၏စကားအား လက်ခံလိုက်၏။ သူ့အနေဖြင့် အစပြုခဲ့ပြီဖြစ်၍ ရသမျှနည်းလမ်းစုံသုံးကာ ယီချန့်အားဆွဲချပစ်ရမည်ဖြစ်သည်။ ယခုဆိုလျှင် စစ်တပ်ဝင်းထဲတွင် ယီချန်မှာ ထိခိုက်မိ၍ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ မသန်စွမ်းသူတစ်ယောက် ဖြစ်သွားပြီဟုပင် ကောလဟလများထွက်နေ၏။ ကြည့်ရသည်မှာ ယီချန့်အားမုန်းတီးနေသူမှာ သူတစ်ဦးတည်းဖြစ်ပုံမရပေ။ သူသည်ထိုကောလဟလများအား ဖန်တီးသူမဟုတ်သလို တားဆီးရန်လည်းအကြံမရှိချေ။

ယခုလက်ရှိ သူသည်စစ်တပ်ဝင်းထဲ၌ တက်လမ်းများစွာရှိသော လူငယ်အဖြစ် မိန်းကလေးရှင်မိခင်အုပ်စုများကြားတွင် နာမည်ကြီးနေလေသည်။ သို့သော် ယီချန်မရှိ၍သာသူကောင်းစားနေပါသည်ဟု အတင်းပိတ်ငြင်းနေကြသည့် အုပ်စုကလည်းမပြိုကွဲသေးချေ။ သူသည် စစ်တပ်ဝင်းထဲ၌ ပေါ်လွင်လာပါသော်လည်း နံပါတ်တစ် ခင်ပွန်းလောင်းနှင့် သားမက်လောင်းနေရာတွင် ယီချန်ကဆက်ရှိနေသေး၏။ ဟူယွမ်ချွမ်မှာတော့ ယီချန့်အကြောင်းဆက်မပြောတော့ဘဲ သူ့ကိစ္စကိုသာ မေးမြန်းလာသည်။

"ရှောင်ဝေ မင်းနနကို နာရီတစ်လုံးဝယ်ပေးလိုက်တယ်လို့ကြားတယ်။ ဒီလိုတန်ဖိုးကြီးတဲ့ပစ္စည်းကို လက်ဆောင်အနေနဲ့ ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ။ မင်းကဒီလိုလက်ဖွာနေရင် နောင်ကျသူမ ပျက်စီးသွားရင်ဘယ်လိုလုပ်မလဲ"

ဟူယွမ်ချွမ်မှာ သူ့သမီးအတွက်တန်ဖိုးကြီးလက်ဆောင်ဝယ်ပေး၍ ဆူပူနေဟန်ပေါ်သော်လည်း ကျေနပ်နေသည်မှာအထင်သားပင်။ ဤကဲ့သို့ နောင်ရေးစိတ်အေးရမည့် ရွှေသားမက်ကို အရယူရမည်မှာ နှောင့်နှေးမနေသင့်ချေ။ သူ၏သမီးမှာ ငယ်ရွယ်စဉ်ကမိဘများ၏ချစ်ခြင်းဖြင့် ကြီးပြင်းလာရပြီး အိမ်ထောင်ကျသွားလျှင်လည်း ခင်ပွန်းသည်၏အလိုလိုက်ခြင်းကိုခံရမည့်မိန်းကလေးဖြစ်ရာ ဟူယွမ်ချွမ်သည်အန်းဝေအား ကြည့်လေလေ သဘောကျလေပင်။ အန်းဝေမှာလည်း ဟူလီန၏ကိစ္စဘက်စကားရောက်သွားရာ လေသံကနူးညံ့သွား၏။

"နနက ကြင်နာပြီးနူးညံ့ပေမယ့် ထက်မြက်တဲ့မိန်းကလေးမလို့ အလွယ်တကူအကျင့်ပျက်သွားနိုင်တဲ့သူမဟုတ်ပါဘူး။ ကျွန်တော်သူမလက်မှာပတ်ရအောင် နာရီကိုဝယ်ပေးတုန်းကလည်း မနည်းချော့မော့ပြောမှ လက်ခံခဲ့တာပါ။ အဓိက,ကတော့ သူမကကျွန်တော့်လက်ဆောင်ကို သဘောကျရင်ရပါပြီ။ သူမသာ‌ေပျာ်ရွှင်မယ်ဆို ထောက်ပံ့ပေးရမယ့် ငွေရေးကြေးရေးပမာဏကို ကျွန်တော်အကုန်ခံနိုင်ပါတယ်"

ဟူယွမ်ချွမ်နှင့်အန်းဝေမှာ ဟူလီနအကြောင်းအား အပြန်အလှန်ချီးကျူးရင်းပြောဆိုနေကြသည်။ တောက်ပဖြောင့်ဖြူးသော အနာဂတ်မှာသူတို့လက်ထဲရှိနေသည့်အလားပင်။ ထိုစဉ် ဟူယွမ်ချွမ်၏ရုံးခန်းတံခါးကို အသိမပေးဘဲပုံရိပ်တစ်ခုကဝင်ချလာ၏။ ဟူယွမ်ချွမ်မှာ ခွင့်မတောင်းပဲဝင်လာသော လူအားလှည့်ကြည့်လိုက်စဉ် အဖြူရောင်ဂါဝန်လေးဖြင့် ကျစ်ဆံမြီးနှစ်ဖက်ကျစ်ကာ ဆံမြိတ်လေးချထားသည့် နူးညံ့သန့်ရှင်းသောဟန်ဖြင့် ပုံရိပ်လေးကြောင့် ဆူငေါက်ရန်ပြင်ထားသည့်စကားတို့အား ပြန်မျိုချလိုက်ရသည်။

အန်းဝေမှာ ဟူလီန၏ပုံရိပ်လေးအား လောဘတကြီးကြည့်ကာ သူမလက်ကောက်ဝတ်ထက်ရှိ နာရီအားမြင်သော် ပိုလို့ပင်သဘောကျသွားတော့၏။ ထို့ကြောင့် သူသည်ဟူလီနအား နူးညံ့သောလေသံဖြင့် ချီးကျူးလိုက်သည်။

"နန မင်းကတော့ တစ်နေ့ထက်တစ်နေ့ပို,ပိုလှလာတော့တာပဲ"

ဟူလီနမှာ အန်းဝေ၏စကားကြောင့် ကျေနပ်သွားသော်လည်း မသိစိတ်မှနေတော့ မကျေမနပ်ဖြစ်သွားရ၏။ သူမမှာ ယီချန်၏ဆူပူမှုကို ခံခဲ့ရပြီးသည့်နေ့မှစ၍ သူမကိုယ်သူမယုံကြည်ချက်လျော့ကျသွားခဲ့သည်မှာတော့ အမှန်ပေ။ လူအများက သူမအလှအားယစ်မူးနေကြသည်ကိုတောင် သူမ၏နဖူးကိုပဲကြည့်နေကြသည်ဟု အထင်ရောက်နေမိတော့၏။ ထို့ကြောင့် ယီချန်၏စကားအတိုင်း ဆံမြိတ်ချကာ နှုတ်ခမ်းနီအရောင်လည်း လျှော့ပစ်လိုက်ရသည်။

ထိုမှသာ သူမစိတ်ထဲယုံကြည်ချက်တို့ပြန်ရလာရ၏။ ယခုအန်းဝေမှ သူမအားပိုလှလာသည်ဟုပြောလာရာ သူမ၏အိပ်မက်ဆိုးတို့အား ပြန်သတိရသွားစေသည်။ ယခု သူမ၏ဖခင်ရုံးခန်းဆီလာသည့်လမ်းတစ်လျှောက်တွင်လည်း ယီချန်မှာရုပ်ပျက်ဆင်းပျက်ဖြင့် မသန်စွမ်းဖြစ်သွားပြီဟု လူတိုင်းက‌ေပြာ‌ေနကြသည်ကိုကြားလိုက်ရ၏။ အရင်တစ်ခေါက် ယီချန့်အားသွားတွေ့ခဲ့စဉ်က သူ၏ရုပ်ရည်မှာ ပိုမိုချောမောလာသည်ကို သူမတွေ့ခဲ့ရလေသည်။ သို့သော် ကောလဟလများက မည်သည့်အမှန်တရားနှင့်ဆက်စပ်၍ ထွက်ပေါ်လာရပါသနည်း။ ဧကန္တ ယီချန်၏ပတ်တီးအောက်က ရုပ်ရည်‌ေကြာင့်များလားဟုပင် တွေးနေမိသေးသည်။

All Chapters