← Chapters

Chapter 45

Vol. 5 Ch. 45

Chapter 45

Vol. 5 Ch. 45

ဟူလီနမှာ ယီချန့်အားနာမည်ဖျက်နေကြသည်ကိုကြားသော် ဝင်၍တားဆီးလိုက်ချင်‌ေပမယ့်လည်း သူမအပေါ်နှိပ်ကွပ်ခဲ့သည့် ယီချန့်စကားများအား ပြန်ကြားယောင်လာကာ အသာငြိမ်နေလိုက်တော့၏။ ယီချန့်စကားလုံးများ၏ဒဏ်ကို သူမ၏နူးညံ့‌ေသာနှလုံးသားလေးက ခံနိုင်ရည်မရှိပါချေ။ ထို့ကြောင့် ယီချန့်အား ခဏတာလျစ်လျူရှုထားရမည်ဟု တွေးကာ အန်းဝေထံအပြုံးလေးဖြင့်ပြောလိုက်၏။

"ရှင်ကတော့ မြှောက်ပြောနေပြန်ပါပြီ။ ဒါနဲ့အ‌ေဖ့ဆီကို ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ"

ဟူယွမ်ချွမ်သည် သမီးဖြစ်သူမှအန်းဝေအပေါ်ဆက်ဆံပုံမှာ နူးညံ့သွားသည်ဟု ခံစားမိလိုက်၍ သဘောတကျဖြစ်သွားရကာ အန်းဝေအစား ပြန်ဖြေပေးလာသည်။

"ရှောင်ဝေက အဖေနဲ့ဆွေးနွေးစရာရှိလို့ ရောက်လာတာပါ။ သမီးကရော ဘာကိစ္စနဲ့ရောက်လာတာလဲ အလုပ်ချိန်ရှိတယ်မဟုတ်ဘူးလား"

ဟူယွမ်ချွမ်၏စကားကြောင့် အန်းဝေမှာစိုးရိမ်နေသောမျက်နှာထားဖြင့် အလျင်စလိုမေးလာ၏။

"နန မင်းနေမကောင်းလို့ခွင့်ယူလာတာလား"

အန်းဝေနှင့် ဟူယွမ်ချွမ်တို့၏ မျက်နှာထက်မှ သူမအပေါ်စိုးရိမ်နေဟန်တို့ကို မြင်လိုက်ရာ ဟူလီနသည် ကျေနပ်သွားရသည်။ ထို့နောက် သူမဖခင်ဘေးဝင်ထိုင်ကာ ‌မကျေမနပ်ပြောလိုက်၏။

"သမီးနေကောင်းပါတယ် အဖေရဲ့။ တစ်ကယ်တော့ အဖေနဲ့အေးဆေးတွေ့ရအောင် လာခဲ့တာပါ။ ဒါ‌ေပမယ့် အခု‌ေတာ့သိချင်တာတစ်ခုရှိလာပြီ‌ေလ။ အိမ်မှာမေးရအောင်ကလည်း အဖေနဲ့သမီးတွေ့ရတဲ့အချိန်က ငါးမိနစ်တောင်မပြည့်ဘူးဆိုတော့လဲ..."

ဟူယွမ်ချွမ်မှာ သူ့သမီး၏မ‌ေကျမနပ်‌ေပြာလာသည့် စကားကြောင့် စိတ်မကောင်းဖြစ်သွားရကာ သူမခေါင်း‌ေလးအားအသာပွတ်၍ချော့မော့သော လေသံဖြင့်ပြန်ပြောလိုက်သည်။

"ဟုတ်ပါပြီ အဖေ့အမှားပါ။ ကဲ အခုလာရင်းကိစ္စကိုပြောပါဦး"

ဟူလီနမှာ ညှိုးငယ်နေသောလေသံဖြင့် ဖခင်ဖြစ်သူအားမဝံ့မရဲပြောလာ၏။

"အဖေ သမီးစစ်တပ်ထဲလာတုန်းက လမ်းမှာ ယီချန်ကောကော ရုပ်ပျက်ဆင်းပျက်နဲ့မသန်စွမ်းဖြစ်သွားပြီလို့ ပြောနေကြတာကြားလို့ပါ။ ဒီအခြေအမြစ်မရှိတဲ့ ကောလဟလတွေက ဘယ်ကရောက်လာတာလဲ။ ဟိုတစ်နေ့ကမှ သမီးယီချန်ကောကောကို သွားကြည့်လာတာ။ သူကအကောင်းကြီးရှိပါသေးတယ်။ အဖေ တစ်ခုခုလုပ်ပေးနိုင်တာမရှိဘူးလား။ ယီချန်ကောကောက အခုဆိုထိခိုက်မိထားလို့ စိတ်ဓာတ်ကျနေပါတယ်ဆို စစ်တပ်ဝင်းထဲပြန်ရောက်လာလို့ ဒီအကြောင်းတွေကြားသွားရင် မကောင်းဘူးလေ။ သမီး ယီချန်ကောကောအတွက် စိတ်မကောင်းဖြစ်လို့ပါ"

ဟူလီန၏စကားကြောင့် ဟူယွမ်ချွန်နှင့် အန်းဝေတို့၏မျက်နှာထက်မှ အပြုံးများကလွှင့်ပြယ်သွားတော့သည်။ ဟူယွမ်ချွမ်မှာတော့ သံမှသံမဏိဖြစ်မလာနိုင်သေးသည့် သမီးဖြစ်သူအား စိတ်ပျက်စွာ ကြည့်နေစဉ် တစ်ဖက်ရှိအန်းဝေက အပြုံးတုတစ်ခုတပ်၍ ဟူလီနအားပြန်ပြောလိုက်၏။

"နန မင်းအရမ်းစိတ်ပူမ‌ေနပါနဲ့။ ဒီကောလဟလတွေက ဘယ်ကစထွက်လာမှန်း ကိုယ်တို့မသိရသေးပေမယ့် အရမ်းဖိအားပေးပိတ်ပစ်လို့မရဘူး။ အဲ့လိုလုပ်လိုက်ရင် သူတို့ကယီချန့်ကို ပိုအပြစ်မြင်လာကြမှာ။ ပြောရရင် လက်ရှိမှာလည်း ယီချန်က ရုပ်ပျက်ဆင်းပျက်အခြေအနေထိမရောက်ပေမယ့် ညာဘက်မျက်လုံးတစ်ဝိုက်မှာ ဒဏ်ရာရခဲ့တာမလို့ နည်းနည်းတော့ ကြည့်ရဆိုးနေလောက်မှာ။ သူ့အခြေအနေအမှန်ကို မသိရသေးတော့ ကိုယ်တို့လည်းလုပ်ချင်တာလုပ်မရသေးဘူးလေ။ တော်ကြာ သူတို့ပြောတာမှန်သွားရင် ကောလဟလကို ဖိအားပေးပိတ်ခဲ့တဲ့ ဆရာတို့အနေနဲ့ အနေကြပ်သွားမှာပေါ့။

ပြီးတော့ မကြာခင်ရက်ပိုင်းအတွင်း သူ့အမြင်အာရုံကိုစစ်ဆေးကြည့်ကြမယ်တဲ့။ သူ့အနေနဲ့ အမြင်အာရုံအခြေအနေ ရလဒ်ကောင်းထွက်လာတောင် သူ့မှတ်ဉာဏ်အခြေအနေကြောင့် လက်ရှိရာထူးနေရာတောင် မြဲနေမှာမဟုတ်တော့ဘူး။ ဘာပဲဖြစ်ဖြစ်ပါလေ ကိုယ်တို့တွေ ဒီကောလဟလဖြန့်တဲ့သူကို မဖမ်းသေးတာကဘယီချန့်အကျိုးအတွက်ပါပဲ"

ဟူလီနမှာ အန်းဝေ၏အပြောကြောင့် အနည်းငယ်စိတ်ပျက်သွားရသည်။ သူမမှာ ယီချန့်အားမြင့်မြင့်မှန်းထားသူဖြစ်ရာ ယခုသူ့အနာဂတ်တက်လမ်း ပိတ်သွားပြီဆိုသောကြောင့် ယီချန့်အပေါ်ထားသော သူမ၏အလေးပေးမှုများမှာ လျော့ကျသွားရ၏။ ကြည့်ရသည်မှာ သူမအနေဖြင့်ယီချန်နှင့် အဆက်အသွယ်လျှော့ချပစ်ရတော့မည်ထင်သည်။ သာမာန်ကာလျှံကာ အဆင့်အတန်းနှင့်လူတစ်ယောက်အား သူမနှင့်နီးစပ်ခွင့်မပေးနိုင်ပါချေ။

ထို့နောက် သူမအားနာခံကာ ချော့မော့ပေးတတ်သည့် အန်းဝေအားကြည့်လိုက်ရာ ဤရက်ပိုင်းတွင်းဆန်းစစ်မှုအရ သူသည်မဆိုးရှာဘူးဟု တွေးမိသွား၏။ သို့သော်လည်း သူမအားအလွယ်စိတ်ပြောင်းတတ်သူဟု မမြင်ရန်ထိုအတွေးများအားဖုံးကွယ်၍ စိတ်ပျက်နေ‌သည့်လေသံဖြင့်ပြောလိုက်သည်။

"ဒီအကြောင်းတွေကို ယီချန်ကောကောကောင်းကောင်းနားမလည်နိုင်ဘဲ မှတ်ဉာဏ်ပျောက်သွားခဲ့တာကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် သူ့လိုသန်မာတဲ့လူတစ်ယောက်က နိမ့်ကျတဲ့‌အခြေအနေရောက်သွားခဲ့တဲ့အပြင် လူတစ်ကာရဲ့လက်ညှိုးဝိုင်းထိုးတာကိုခံနေရတယ်ဆိုတာက.....ဟင်းးး သူခံနိုင်ရည်ရှိမှာမဟုတ်လောက်ဘူး။

ဒါနဲ့သူ့အနာဂတ်တက်လမ်းမရှိတော့တဲ့ကိစ္စကထားပါဦး။ လာမယ့်နေ့တွေကျ သူဘယ်လိုဆက်လုပ်မှာလဲ။ သူ့မိသားစုတစ်ခုလုံးက သူ့ကိုအဓိက မှီခိုထားတာကို အခုသူကပြိုလဲသွားပြီးဆိုတော့ ဒုက္ခတွေတော့များကုန်တော့မှာပါပဲ"

ဟူယွမ်ချွမ်မှာ အန်းဝေကယီချန့်အ‌ေကြာင်း ပြောနေသည့်သူ့သမီးအား အမြင်မကြည်မဖြစ်သည့်အပြင် ပိုလို့သဘောကျနေဟန်ပေါက်နေသည်ကို တွေ့လိုက်ရရာ အံ့ဩသွားရ၏။ သူ၏နှစ်သက်ရသူမိန်းကလေးက အခြားယောင်္ကျားနှင့်ပက်သက်ရန်လုပ်နေသည်ကို သူကသဝန်မတိုသည့်အပြင် သဘောကျဟန်ပင်‌ပေါက်နေသည်လော။ ဟူယွမ်ချွမ်မှာ ထိုသဘောတရားအားနားမလည်နိုင်ပေမယ့် အကောင်းဘက်မှသာတွေးကာ အန်းဝေကသူ့သမီးအား သဘောကျ၍အရာရာနားလည်ပေးထားသည်ဟုသာ မှတ်လိုက်တော့၏။

သူသည်ယခင်က သမီးဖြစ်သူအား ယီချန်နှင့်မပက်သက်တော့ရန်ပြောခဲ့သော်လည်း စကားနားထောင်သောသမီးဖြစ်သူက မနာခံ၍ မကျေမနပ်ဖြစ်ခဲ့ရသည်။ သို့သော် ယခုအခါတွင်မှ အဓိကအကြောင်းအရာကို ဟူယွမ်ချွမ်ကနားလည်လိုက်ရကာ သမီးဖြစ်သူကို စိတ်ထဲကနေချီးကျူးမိနေတော့၏။ ကြည့်ရသည်မှာ သူ့သမီးသည်လည်း အန်းဝေ၏အကျင့်အားနားလည်၍ ယီချန့်အားဂရုစိုက်နေခြင်းဖြစ်နိုင်ပေသည်။

ထို့ကြောင့် ဟူယွမ်ချွမ်မှာ စိတ်အားငယ်နေဟန်ပေါ်သည့် သမီးဖြစ်သူ၏ပုခုံးအား ချစ်ခင်မြတ်နိုးစွာ အသာပုတ်၍ နူးနူးညံ့ညံ့လေးနှစ်သိမ့်လိုက်၏။

"အဲ့တာတွေကို စိုးရိမ်လို့ပဲ ရှောင်ဝေကယီချန့်အတွက် စစ်တပ်ထဲအလုပ်တစ်ခုရ‌ေအာင် ဒုက္ခခံပြီးစီစဉ်ပေးနေရတာပေါ့။ သူတို့တွေက အများအမြင်မှာ ပြိုင်ဘက်တွေဆိုပေမယ့် ရှောင်ဝေကယီချန်နိမ့်ကျသွားမှာကို ရပ်ကြည့်မနေနိုင်ခဲ့ဘူးလေ။ ရှောင်ဝေက တစ်ကယ်ကိုကြင်နာတတ်တဲ့လူပါကွယ်"

ဟူလီနမှာ သူမဖခင်စကားကြောင့် အံ့အားသင့်သွားရကာ အတည်ပြုလာ၏။

"‌အန်းဝေက ယီချန်ကောကောအတွက် စစ်တပ်ထဲအလုပ်တစ်ခုစီစဉ်ပေးမှာပေါ့လေ ဟုတ်လား။ ဒါပေမယ့် အဲ့လိုလုပ်ဖို့ကတော်တော်အကုန်ကျများမှာလေ"

ဟူယွမ်ချွမ်မှာ အန်းဝေအကြောင်းလေလုံးထွားကာ ချီးကျူးနေပြန်သည်။

"သမီးလည်း ရှောင်ဝေ့ရဲ့နောက်ခံအကြောင်းသိနေတာပဲ။ သူ့မိဘ‌ေတွအနေနဲ့လည်း ကလေးဆိုလို့ရှောင်ဝေတစ်ယောက်ပဲရှိတာဆိုတော့ သူတောင်းဆိုသမျှအလွယ်ရနေတာပေါ့။ ဒီလိုအလိုလိုက်ခံထားရတာတောင် ဆိုးသွမ်းမသွားဘဲ ကြင်နာတတ်နေ‌တုန်းပဲ။ ဟင်းးး ရှောင်ဝေ မင်းကိုငါ့တပည့်မလို့မြှောက်ပြောတာမဟုတ်ပေမယ့် မင်းသာလာမယ့်တပ်မှူးရွေးချယ်ပွဲပြီးလို့ တပ်မှူးနေရာရလာရင် မင်းကိုလာပြီးစေ့စပ်ကြောင်းလမ်းမယ့် မိန်းကလေးရှင်တွေ ကြိတ်ကြိတ်တိုးနေမှာပဲ။ မင်းရဲ့အနာဂတ်ဇနီးလေးကတော့ ကောင်းချီးတွေနဲ့ပြည့်စုံနေတော့မှာပါပဲကွာ"

ဟူလီနမှာ သူမဖခင်က သူမအားပြောနေရာမှ အန်းဝေဘက်လှည့်သွားကာ ပြောလိုက်သောစကားကြောင့် စိတ်ထင့်သွားရ၏။ သူမတွေးထားသည်မှာ အန်းဝေကသူမနားကပ်တွယ်ကာ သူမလိုအပ်သမျှဖြည့်ဆည်းပေးနေသည့်လူတစ်ဦးဟုပင်။ သို့သော် သူမဖခင်စကားအတိုင်း အနာဂတ်တွင် သူမအားလုပ်ပေးသလို မဟုတ်သေး သူမအားလိုက်လျောပေးသည်ထက်ပိုသော လုပ်ရပ်များအား အန်းဝေကအခြားမိန်းမတစ်ဦးထံလုပ်ပေးနေသည်ဟု တွေးမိလိုက်သော် မပျော်တော့ချေ။

ယခင်ကအန်းဝေဆိုသည်မှာ သူမအတွက်အရံသာသာဖြစ်တည်မှုဖြစ်သော်လည်း ယခုယီချန်မှာနိမ့်ကျသွားပြီဖြစ်ရာ အန်းဝေကိုပါလက်လွှတ်မခံနိုင်ပေ။ ထို့ပြင်လက်ရှိစစ်တပ်ဝင်းထဲ ရေပန်းစားနေသောအကြောင်းအရာများနှင့် အရင်ရက်များက အန်းဝေ၏သူမအပေါ်လုပ်ရပ်များအား ပေါင်း၍ဆင်ခြင်ကြည့်သော် အန်းဝေမှာ သူမအတွက် သင့်လျော်သည့်လူဆိုသည်မှာ သေချာသွားလေသည်။ ဟူလီနအနေဖြင့် သူမအပိုင်ဟုသတ်မှတ်လိုက်လျှင် အလွတ်ပေးလိမ့်မည်မဟုတ်ချေ။

ထို့အတူ အန်းဝေဆိုသည်မှာလည်း သူမအားပိုးပန်းနေသူပင်ဖြစ်ရာ ဟူလီနမှာ ကျေနပ်သွားရပြီးရယ်မောမိမတတ်ဖြစ်သွားရသည်။ သို့သော် မနည်းထိန်းချုပ်လိုက်၍ ရှက်ရွံ့နေဟန်ဖမ်းကာ သူမဖခင်လေသံအတိုင်းလိုက်၍ အန်းဝေအားချီးကျူးလိုက်၏။

"အဖေပြောတာအမှန်ပဲ။ အန်းဝေ ရှင့်ရဲ့ဇနီးဖြစ်မယ့် မိန်းကလေးကတော့ ကောင်းချီးပေးခံရတာပဲ"

All Chapters