← Chapters

မင်းတို့ဆရာ အဆင့်ပိုမြင့်တဲ့ လူတစ်ယောက်ကို ဘယ်လိုအနိုင်ယူမလဲ ဆိုတာကို သေသေချာချာ ကြည့်ကြ(၂)

Vol. 10 Ch. 136

မင်းတို့ဆရာ အဆင့်ပိုမြင့်တဲ့ လူတစ်ယောက်ကို ဘယ်လိုအနိုင်ယူမလဲ ဆိုတာကို သေသေချာချာ ကြည့်ကြ(၂)

Vol. 10 Ch. 136

လီရွှမ်က ဝတ်စုံနက်နှင့်လူ၏ ပုံရိပ်ကို ခေါင်းမော့ကြည့်ကာ ထပ်မံ ပြောလိုက်ပြန်၏။

"ငါတပည့်တို့... သေသေချာချာ ကြည့်ထားကြ... ကိုယ့်ထက်အဆင့်တစ်ခု ပိုမြင့်မားတဲ့ ရန်သူကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ ငါသရုပ်ပြပေးမယ်.."

"အခု ငါ့ရဲ့ခွန်အားကို မူလအဆင့်မှာပဲ ထားလိုက်မယ်။ မင်းတို့ကို ကိုယ့်ထက် အဆင့်ပိုမြင့်တဲ့လူကို ဘယ်လိုရင်ဆိုင်ရမလဲ ပြမယ်.."

နောက်ဆုံးတွင် သူက စတင်လှုပ်ရှား၏။ ဤသည်မှာ သူ့အတွက် တပည့်ဖြစ်သူများ၏ အသိအမြင်တို့ကို ချဲ့ထွင်ကာ သူကိုယ်တိုင်၏ မည်မျှ စွမ်းအားကြီးမှုကိုလည်း ပြသနိုင်မည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။

အဆင့်နိမ့်ဖြင့် အဆင့်ပိုမိုမြင့်မားသူကို မည်ကဲ့သို့ အနိုင်ယူလိမ့်မလဲ...

ဖြစ်နိုင်တာက ဤသည်က တပည့်များကို ဉာဏ်လင်းပွင့်မှုတို့အား ရရှိစေကာ စွမ်းရည်တို့ကို မြှင့်တင်ပေးပြီး မိမိထက် အဆင့် ပိုမိုမြင့်မားသူကို ရင်ဆိုင်နိုင်မည့် စွမ်းအားတို့အား နားလည်သဘောပေါက်လာရန် ကူညီပေးနိုင်လောက်ပါသည်။ ဤသည်က သူ့ကိုလည်း ပိုမိုသန်မာလာစေမှာ ဖြစ်၏။

ရွှီယန်နှင့် မုန့်ချုံတို့က ချက်ချင်းပင် တက်ကြွသွားကြသည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်လာခဲ့၏။

ဆရာသည် အဆင့် ပိုမိုအဆင့်မြင့်မားသည့် လူကို မည်ကဲ့သို့ ရင်ဆိုင်မည်နည်း။

'ငါတို့ရဲ့ဆရာက တကယ့်ကို လေးစားဖွယ်ပဲ။ သူက တည်ရှိနေတဲ့  သိုင်းပညာအဆင့် အားလုံးရဲ့ အထက်ကို ရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီးပြီ။ ဒါပေမယ့် အခြားလူတွေကို သူ့ရဲ့ ခွန်အားအဆင့်နဲ့ နင်းချေလိုက်မယ့်အစား ရန်သူထက် တစ်ဆင့်နိမ့်အောင် လုပ်ပြီးတော့တောင် အဆင့်ဖြတ်ကျော်ပြီး ရန်သူကို ရင်ဆိုင်ဦးမယ်.."

"ဒါက အနှိုင်းမဲ့တဲ့ ဆရာသခင်တစ်ယောက်ရဲ့ မာနလား.."

"ငါလည်း ဆရာလိုမျိုး အဆင့်မျိုးကို ဘယ်တော့များမှ ရနိုင်မှာပါလိမ့်.."

ရွှီယန်က လေးစားစွာဖြင့် စဉ်းစားသည်။ စုလင်းရှုံ၏ မျက်လုံးများလည်း အံ့ဩစွာဖြင့် ပြူးကျယ်သွား၏။

သူမ၏ ဆရာဖြစ်သူသည် မိမိထက် အဆင့်ပိုမိုမြင့်မားသူကို မည်ကဲ့သို့ ရင်ဆိုင်ရန်အတွက် စီနီယာအကိုတို့အား ပြသရန် သူ၏ ခွန်အားအဆင့်ကို နှိမ့်ချထားမည်လား။

ယခုကဲ့သို့ ယုံကြည်ချက် အပြည့်ရှိနေသည့် ဆရာသည် မည်မျှ စွမ်းအားကြီးလိုက် သနည်း။

ဤသည်မှာ စစ်ဘုရင်တစ်ယောက် ဖြစ်ပါသည်။ သိုင်းသခင်တစ်ယောက်ထက် ဆယ်ဆ ပိုမိုသန်မာသည့် စစ်ဘုရင် တစ်ယောက် ဖြစ်၏။

စုလင်းရှုံအနေနှင့် စစ်ဘုရင်တစ်ယောက်အား ရင်ဆိုင်နိုင်သည့် မည်သည့် သိုင်းသခင်ကိုမှ ကြားဖူးခြင်း မရှိပါ။

ဆရာ၏ သိုင်းပညာစနစ်သည် အတွင်းဘက်နယ်မြေရှိ သိုင်းပညာစနစ်ထက် ပိုမိုသာလွန်ပေမယ့် ထိုခြားနားချက်ကို ဖြတ်ကျော်ရင်ဆိုင်ရန် မဖြစ်နိုင်လုနီးပါး ရှိနေသည် မဟုတ်ပါလား။

လီရွှမ်က လေထဲတွင် မျောလွှင့်နေသည့် ဝတ်စုံနက်နှင့်လူငယ်ကို ကြည့်ကာ သူ၏ မျက်လုံးများက မထူးမခြားနားစွာ ရှိနေပါသည်။ လက်တစ်ဖက်ကို နောက်သို့အသာပစ်ကာ ဂရုမစိုက်မှုကို ပြသ၏။

"ငါသာ ခွန်အားအပြည့်နဲ့ တိုက်ခိုက်ရင် ငါ့ရဲ့ စွမ်းအားက မူလအဆင့် ပြီးပြည့်စုံခြင်းရဲ့ အဆ၁၀၀ ရှိတယ်။ ဒီအပေါ်ကလူကို အနိုင်ယူဖို့က အရမ်းကို လွယ်ကူနေလောက်မှာ မလား.."

သူ၏ စွမ်းအားကြီးကာ အနှိုင်းမဲ့ပုံကို ပြသရန်အတွက် အဆင့်ပိုမို မြင့်မားသည့် လူကို မည်ကဲ့သို့ တန်ပြန်တိုက်ခိုက်ရမည်နည်း...

လီရွှမ်က ခွန်အားကို ဖုံးကွယ်ထားမည် မဟုတ်ပါ။ ပြောစကား တစ်ခုရှိ၏။ ခြင်္သေ့တစ်ကောင်သည် ယုန်တစ်ကောင်ကို အမဲလိုက်သည့် အချိန်တွင်ပင်  ခွန်အားအပြည့်ကို အသုံးပြုလေ့ ရှိသည်။

သူလည်းပဲ ခွန်အားအပြည့်နှင့် တိုက်ခိုက်ကာ အနှိုင်းမဲ့သည့် အရှိန်အဟုန်မျိုးဖြင့် အထက်ရှိ စစ်ဘုရင်ကို ဖျက်ဆီးပစ်လိုက်မှာ ဖြစ်သည်။

'အတွင်းဘက်နယ်မြေမှာရှိတဲ့ စစ်ဘုရင်တစ်ယောက်ရဲ့ ခွန်အားက သိုင်းသခင်တစ်ယောက်ထက် ဆယ်ဆ ဖြစ်တယ်။ ငါ့ရဲ့ စွမ်းအားပိုကြီးတဲ့ သိုင်းပညာစနစ် ခွန်အားနဲ့ဆိုရင် ၁၀ဆမဖြစ်ပေမယ့်  ၅ဆ၆ဆလောက်တော့ ခွန်အားကြီးနေလောက်သေးတယ်..'

'၅ဆ၆ဆလောက်များ... ငါ့ရဲ့ အဆ၁၀၀ရှိတဲ့ ခွန်အားနဲ့.. ငါ့ရဲ့ နဂါးနိုင်လက်ဝါးသိုင်းနဲ့... နဂါးစွမ်းအားကို နားလည်သဘောပေါက်မှုနဲ့ ပေါင်းလိုက်ရင် သူ့ကို အလွယ်တကူ နင်းချေနိုင်လောက်တယ်..'

စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးအနေနှင့် သူသည် စွမ်းအားကြီးသူတစ်ယောက်၏ အသွင်အပြင်ကို ပြသရန် လိုအပ်ပါသည်။

ထို့နောက် လီရွှမ်က ပြော၏။

"လူငယ်.. မင်းအဆင်သင့် ဖြစ်ပြီလား။ ငါ့ရဲ့ လက်ဝါးချက်ကို ခုခံရဲပြီလား.."

ဝတ်စုံနက်နှင့်လူ၏ မျက်လုံးများထဲတွင် ဒေါသတို့ လောင်ကျွမ်းလာခဲ့၏။

"လူငယ်.."

တစ်ဖက်လူသည်  မကောင်းဆိုးဝါးအိုကြီး တစ်ယောက်အဖြစ် ဟန်ထုတ်နေသည်လား။

"ဟန့်.."

သူသာလျှင် သာမန် သိုင်းပညာရှင်များက မကောင်းဆိုးဝါးအိုကြီး တစ်ယောက်အဖြစ် တွေ့မြင်ကြသည့် စစ်ဘုရင်တစ်ယောက် ဖြစ်သည်။

"မောက်မာတဲ့ စောက်ရူး... မင်းငါ့ကို ဘယ်လိုအနိုင်ယူနိုင် မလဲလို့ ကြည့်တာပေါ့.."

ဝတ်စုံနက်နှင့် လူက သူ၏လက်ဝါးကို မြှောက်လိုက်သည်။ လက်ဝါးချက်၏ ရွေ့လျားမှုနှင့်အတူ ကြောက်စရာကောင်းသည့် ခွန်အားတစ်ခုက သူ၏ ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာခဲ့၏။

အကာအကွယ် အလွှာတစ်ခုကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

"လာခဲ့.."

ကြမ်းကြုတ်စွာ အော်လိုက်ပြီးနောက်  လက်ဝါးချက်ကို အသာဝှေ့ယမ်းလိုက်၏။ ခုခံမှုနှင့် တိုက်ခိုက်မှုကို အဆုံးအစွန်တိုင်အောင် ပြုလုပ်ထားသည်။ သူသည် ဒေါသထွက်နေပေမယ့် တိုက်ခိုက်သည့် အချိန်တွင် အားကုန် တိုက်ခိုက်ဆဲ ရှိသည်။

ထိုအချိန်၌ သူ၏ စစ်မှန်သည့် စစ်ဘုရင်တစ်ယောက်၏ ခွန်အားက ထွက်ပေါ်လာခဲ့သည်။ ရွှီယန်နှင့် မုန့်ချုံတို့ နှစ်ဦးလုံး လေးနက်သွားကြ၏။

သူတို့သည် အတွင်းဘက်နယ်မြေ၏ သိုင်းပညာအပေါ် အထင်သေးမိခဲ့သည့်ပုံ ရှိသည်။ စစ်ဘုရင်တစ်ယောက်၏ ခွန်အားက လုံးဝ အထင်သေးလို့ မရပေ။

နောင်တွင် အတွင်းဘက်နယ်မြေကို ဝင်ရောက်သောအခါ၌ သတိလက်လွတ်နေလို့ မဖြစ်ပါ။

"သေချာကြည့်ထားကြ.. ကိုယ့်ထက် အဆင့်ပိုမြင့်မားတဲ့ လူကို ဆရာဘယ်လိုရင်ဆိုင်မလဲ ဆိုတာကို ကြည့်လိုက်.."

လီရွှမ်က လေထဲတွင် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ နောက်တစ်ဖက်က ခါးနောက်တွင်သာ ဆက်လက် ရှိနေ၏။

"ဝေါင်း.."

ရွှေရောင် နဂါးကြီးတစ်ကောင်က ကောင်းကင်သို့ မြင့်တက်သွားသည်။ ၎င်း၏ အရှိန်အဝါတို့ ပျံ့နှံလာပြီး ကောင်းကင်ကို ဆွဲဖြဲတော့မည့်နှယ် ရှိသည်။

ရွှေရောင်နဂါးကြီး ပေါ်လာသည်နှင့် စစ်ဘုရင်တစ်ဦး၏ ဖိနှိပ့်မှုခွန်အားက ပျောက်ကွယ်သွားခဲ့သည်။ နဂါးကြီး၏ လေဟာနယ်ကို ဆွဲဖြဲလိုသည့် ကြောက်စရာကောင်းသည့် အရှိန်အဟုန်သာ ကျန်ရစ်တော့၏။ ထိုအချိန်၌ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပင်လျှင် မှေးမှိန်သွားသည့်ပုံ ရှိသည်။

မူလအဆင့်၏ စွမ်းအားမှာ ရွှီယန်ထက် များစွာ ပိုမိုသာလွန်လှပါသည်။

"တကယ့်ကို ငါတို့ရဲ့ဆရာပဲ.."

မုန့်ချုံမှာ သွေးများ ဆူပွက်နေ၏။ ဤသည်မှာ  ဆရာ၏ မူလအဆင့်က ခွန်အားလေလား။ မယုံကြည်နိုင်စရာကောင်းလောက်အောင် သန်မာလှပါသည်။

စုလင်းရှုံလည်း အံ့ဩနေ၏။ ဤသည်မှာ မူလအဆင့်ရှိ သူမဆရာ၏ ခွန်အားလေလား။ ဤသည်မှာ မိမိထက် အဆင့်ပိုမိုမြင့်မားသည့် လူကို  ရင်ဆိုင်နိုင်သည့် အရှိန်အဟုန်လေလား။

အဘယ်ကြောင့် စစ်ဘုရင်တစ်ယောက် ထက်ပင် ပိုမိုစွမ်းအားကြီးနေသည်ဟု ထင်ရသနည်း။

ကျိုးယင်မှာလည်း ငိုင်တိုင်နေပါသည်။ သခင်မလေး၏ ဆရာဖြစ်သူသည် အမှန်တကယ်ကို ကြောက်စရာကောင်းလှ၏။

ဝတ်စုံနက်နှင့်လူမှာ တစ်ကိုယ်လုံး ထုံထိုင်းစွာ ခံစားလိုက်ရသည်။ သေခြင်း၏ အန္တရာယ်က ရောက်ရှိလာခဲ့၏။ ကြောက်စရာကောင်းသည့် ဖိအားက သူ့ကို  အသက်ရှူဖို့ပင် ခက်ခဲလာစေသည်။

'ငါ ထွက်ပြေးဖို့လိုတယ်။ ငါထွက်ပြေးရမယ်..'

သူ၏ ဦးခေါင်းထဲတွင်ရှိသည့် တစ်ခုတည်းသော အတွေးမှာ ထွက်ပြေးရန် ဖြစ်သည်။

ရွှေရောင်နဂါးကြီးက သူ၏လက်ဝါးရိုက်ချက်ကို အလွယ်တကူ ဖျက်ဆီးပြီးနောက် စစ်မှန်သည့် နဂါးတစ်ကောင်ကဲ့သို့ ရောက်ရှိလာခဲ့၏။

ကြောက်စရာကောင်းသည့် ဖိအားက သူ့ကို လွှမ်းခြုံလာခဲ့ပြီး ဖြစ်သည်။ ထိုအချိန်၌ သူ့အတွက် ထွက်ပြေးရန် အလွန် နောက်ကျနေပါပြီ။

"ရား.."

ဝတ်စုံနက်နှင့်လူက အော်လိုက်ပြီးနောက် သူ၏ အရှိန်အဝါတို့ ပေါက်ကွဲ ထွက်လာခဲ့သည်။ ထိုအချိန်၌ သူ၏ ခွန်အားအားလုံးတို့ကို ထုတ်ယူလိုက်၏။

ရွှေရောင်နဂါးကြီးကို တန်ပြန် တိုက်ခိုက်ရန် ကြိုးစားသည်။

သို့ပေမယ့် ကြိုးစားအားထုတ်မှု အားလုံးတို့ အလကား ဖြစ်သွားရ၏။ သူ၏ တိုက်ခိုက်မှုနှင့် ခုခံမှု အားလုံးတို့သည် နဂါးကြီး၏ ရှေ့တွင် စက္ကူကဲ့သို့ ချိနဲ့လှသည်။

"ဘုန်း.."

မိုးကြိုးပစ်သကဲ့သို့ အသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။

ကြောက်စရာကောင်းသည့် အားလှိုင်းတစ်ခု ပျံ့နှံ့သွားပြီး ဝတ်စုံနက်နှင့်လူကို ရွှေရောင်နဂါးကြီး၏ ထိမှန်မှုအောက်တွင် ပေါက်ကွဲထွက်သွားစေသည်။

"ဝေါင်း.."

ရွှေရောင်နဂါးကြီးက မာန်ဖီလိုက်ပြီးနောက် ပစ်မှတ်ကို ဖြတ်ကျော်သွားကာ လျှပ်တပြက်အတွင်း ပြာမှုန်များအဖြစ်သာ ကျန်ရစ်အောင် ဖျက်ဆီးပစ်လိုက်သည်။

လေထဲတွင် ပြာမှုန့်အနည်းငယ်တို့သာ လွင့်ပါးသွားပုံပေါ်၏။

စစ်ဘုရင်တစ်ယောက်သည် သူ့ဘဝ၏ နောက်ဆုံး အော်ဟစ်မှုတစ်ခုကိုသာ ထုတ်လွှတ်နိုင်ပြီးနောက် ပြာအဖြစ် ပြန့်ကျဲသွားရလေသည်။

လီရွှမ်က ရိုက်ထုတ်လိုက်သည့် လက်ဝါးကို  ပြန်လည်ရုတ်သိမ်းကာ လက်ကို ခါးနောက်သို့ ပစ်လိုက်၏။ ခြင်တစ်ကောင်ကို ရိုက်သတ်လိုက်သည့်နှယ် ရှိနေပါသည်။

'စစ်ဘုရင်တစ်ယောက်ရဲ့ ဂုဏ်သတင်းက တကယ်ကို ထိုက်တန်မှု ရှိတယ်။ ငါ့ရဲ့ တိုက်ခိုက်မှုက သူ့ကို  ပြာအဖြစ် ပြောင်းလဲနိုင်ခဲ့ပေမယ့် ခွန်အားနည်းနည်းလောက်ကို ထိန်ချန်ထားရင်တောင် ဒီလို တစ်ခါတည်း ပြာအဖြစ် ပြောင်းလဲသွားစေနိုင်မှာ မဟုတ်လောက်ဘူး..'

လီရွှမ်က စိတ်ထဲတွင် သက်ပြင်းချသည်။ စစ်ဘုရင်တစ်ယောက်၏ စွမ်းအားမှာ အမှန်တကယ်ကို  သန်မာလှ၏။

သူ၏ ခွန်အားအားလုံး နီးပါးကို အသုံးပြုမှသာလျှင်  ရန်သူကို ပြာမှုန့်များအဖြစ် လုံးဝ ရှင်းထုတ်နိုင်ခဲ့သည်။

ရွှီယန်၏ မျက်နှာပေါ်၌ မယုံကြည်နိုင်စရာ ကောင်းမှုတို့ ပေါ်လွင်နေ၏။ ဤသည်မှာ ဆရာဖြစ်သူ၏ မိမိထက် အဆင့်ပိုမို မြင့်မားသူကို ရင်ဆိုင်ခြင်း အကြောင်းလေလား။

All Chapters