စုလင်းရှုံ၏ ဒန်ဆေးသန့်စင်မှု(၂)
Vol. 10 Ch. 139
ဆေးပေါင်းအိုးမှ တုန်ခါမှုကို စုလင်းရှုံ ခံစားနိုင်ပါသည်။ အတွင်းထဲရှိ ပြောင်းလဲမှုများကို သေသေချာချာ အာရုံခံကြည့်၏။
"ဒုတိယ စီနီယာအကို... ချီနဲ့သွေးကို နည်းနည်းလောက် အားထည့်လိုက်.."
"ကောင်းပြီ.."
"ဒန်.."
မုန့်ချုံက နောက်တစ်ကြိမ် ရိုက်လိုက်ပြန်၏။ စုလင်းရှုံ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူမ၏ နုနယ်သည့် အဖြူရောင် လက်လေးကို ဆန့်ကာ ဆေးပေါင်းအိုးကို ကပ်လိုက်သည်။
၎င်း၏ တုန်ခါမှုကို ခံစားကာ အတွင်းရှိ ဆေးပင်များ၏ ပြောင်းလဲမှုကို အာရုံခံကြည့်၏။
"ချီနဲ့သွေးကို နည်းနည်း အားလျော့လိုက်.."
စုလင်းရှုံက ပြောလိုက်ပြန်၏။
မုန့်ချုံက နောက်ထပ်တစ်ကြိမ် ဆေးပေါင်းအိုးကို လက်ဝါးဖြင့် ပုတ်လိုက်ပြန်သည်။
ဤနည်းအားဖြင့် စုလင်းရှုံက ဆေးပေါင်းအိုးကို ရံဖန်ရံခါ ထိကိုင်ပြီး ခံစားကာ သူမ၏ ခံစားချက်အတိုင်း အားကို ထိန်းညှိသည်။ ဆေးပေါင်းအိုးကို ပုတ်သည့် အချက်များက တဖြည်းဖြည်း ပုံမှန် ဖြစ်လာခဲ့၏။
"ရပြီး.."
၉ကြိမ်တိုင်အောင် ပုတ်ပြီးနောက် စုလင်းရှုံက ဆေးပေါင်းအိုးအတွင်းရှိ အရွက်၉မျိုး ဆေးရွက်၏ ပျော်ဝင်သွားမှုကို ခံစားရသည်။
"စီနီယာအကိုကြီး... ပြီးရင် ကျွန်မ အိုးကို အဖုံးဖွင့်လိုက်တဲ့အခါ အိုးဝကို သေသေချာချာ စည်းပိတ်ထားလိုက်။ ဆေးအာနိသင်တွေကို ပြယ်လွှင့်မသွားစေနဲ့.."
"ကောင်းပြီ.."
ရွှီယန်က စိတ်အားထက်သန်စွာ ခေါင်းငြိမ့်သည်။
စုလင်းရှုံက ဆေးပေါင်းအိုးကို အဖုံးဖွင့်လိုက်ပြီးနောက် အစစ်အမှန်ချီ အလွှာက ဆေးပေါင်းအိုး၏ နှုတ်ခမ်းဝကို စည်းပိတ်လိုက်သည်။
ထို့နောက် သူမက ဒုတိယမြောက်ဆေးကို အိုးအတွင်းသို့ ပစ်ထည့်လိုက်၏။ ဤသည်မှာတော့ ကျားသွေးမှ စုစည်းလာခဲ့သည့် သွေးနီရောင်ဆေး ဖြစ်၏။
'ပေါင်းအိုးကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖွင့်နေရမှာ အရမ်းကို ပြဿနာ များလွန်းတယ်။ လိုအပ်တဲ့ ဆေးပင်တွေ အားလုံးကို တစ်ခါတည်း ထည့်လိုက်တာ ကောင်းမယ်။ အဲ့ဒါဆိုရင် ပထမဆုံး သန့်စင်ရာမှာ တစ်ခါတည်း အတွေ့အကြုံလည်း ယူလို့ရတယ်..'
ဤနည်းအားဖြင့် စုလင်းရှုံတစ်ယောက် အတွေးရလာခဲ့သည်။ သူမသည် ကျန်ရှိသည့် သန့်စင်ရာတွင် လိုအပ်သော ဆေးပင်အားလုံးတို့ကို ဆေးပေါင်းအိုး အတွင်းသို့ ထည့်ကာ အဖုံးအုပ်လိုက်၏။
ဒီဗိုင်းမီးကျောက်တုံး သုံးခုတို့ကိုလည်း မီးပေါင်းဖိုအတွင်းသို့ ထည့်ကာ မီးကို အားဖြည့်လိုက်သည်။ ဒီတစ်ကြိမ်တွင် စုလင်းရှုံက မုန့်ချုံကို ပေါင်းအိုးအား ပုတ်ရိုက်ခိုင်းခြင်း မပြုပါ။ မျက်လုံးများကို အနည်းငယ်မှိတ်ပြီး ဆေးပေါင်းအိုးကို သေသေချာချာ ခံစား၏။
သူမ၏ ဖြူဖွေးနူးညံ့သည့် လက်တစ်စုံက ၎င်းကို ဆက်တိုက် ထိရိုက်နေကာ ဆေးပေါင်းအိုးကို တုန်ခါနေစေသည်။
သူမ၏ ခွန်အား စိုက်ထုတ်မှုမှာလည်း ဆက်တိုက် ပြောင်းလဲနေ၏။ ဆေးပေါင်းအိုးသည် အဖိုးတန်ကိရိယာတစ်ခု ဖြစ်ပေမယ့် မီး၏ တိုက်စားမှုနှင့်အတူ ပေါင်းအိုး၏ အပြင်ဘက် မျက်နှာပြင်က အလွန် ပူလောင်လာခဲ့၏။
စုလင်းရှုံက ၎င်းကို ဆက်တိုက် ထိရိုက်နေရာ သူမ၏ နူးညံ့သည့် လက်လေးက တဖြည်းဖြည်း နီရဲလာခဲ့သည်။
ကံကောင်းစွာပင် သူမသည် အရေပြား သန့်စင်ခြင်းအဆင့်အား ပြီးမြောက်ပြီးဖြစ်ရာ ခံနိုင်ရည် ရှိပါသည်။
ကျိုးယင်က စိုးရိမ်သည့် မျက်နှာဖြင့် ကြည့်ရှု့နေ၏။ သို့ပေမယ့် ဤသည်မှာ သခင်မလေး ဖြတ်ကျော်ရမည့် ကိစ္စတစ်ခု ဖြစ်ကြောင်းကို သူမ သိပါသည်။
ဆေးသန့်စင်ခြင်း ပညာကို တတ်မြောက်မှသာလျှင် ဆရာကြီး၏ စစ်မှန်သည့် တပည့်တစ်ယောက် ဖြစ်လာနိုင်မည် ဖြစ်၏။
"ဂျူနီယာညီမလေး ငါလုပ်လိုက်လို့ မရဘူးလား.."
မုန့်ချုံက မနေနိုင်ဘဲ ပြောသည်။
စုလင်းရှုံက ခေါင်းကိုရမ်း၏။
"ဆေးသန့်စင်ခြင်းက အခြားလူတွေရဲ့ အကူအညီကို ယူနေလို့ မရဘူး.. တကယ်လို့ စီနီယာအကိုတို့သာ အနားမှာမရှိရင် ကျွန်မ ဒန်ဆေးသန့်စင်တာကို မလုပ်ဆောင်နိုင်ဘဲ ဖြစ်နေရင်ရော။ ပြီးတော့ ဒီအပူလောက်က ကျွန်မကို မထိခိုက်စေပါဘူး.."
မုန့်ချုံက ခေါင်းငြိမ့်သည်။ စုလင်းရှူံ၏ စကားလုံးများက ကျိုးကြောင်းဆီလျော်မှု ရှိ၏။
ခြံဝန်းအတွင်းတွင် လီရွှမ်မှလွဲ၍ ကျန်ရှိသည့် လူအားလုံးတို့ စုလင်းရှုံ၏ ဒန်ဆေးသန့်စင်မှုအား လာရောက် ကြည့်ရှု့နေကြသည်။
လီရွှမ်လည်းပဲ စိတ်အတွင်းထဲတွင် ရိုးတိုးရွတ ဖြစ်နေ၏။ သူလည်းပဲ စိတ်လှုပ်ရှားစရာ ပွဲကို လာရောက်ကြည့်ရှု့ လိုနေပါသည်။
သို့ပေမယ့် စွမ်းအားကြီး ဆရာသခင်တစ်ယောက် အနေနှင့် တပည့်များနှင့်အတူ သွားရောက် ပျော်ပါးရမည်လား။ ထိုသို့ဆိုပါက သူ၏ စည်းကမ်းတင်းကြပ်သည့် အလေးစားခံ ပုဂ္ဂိုလ်တစ်ယောက်၏ ဂုဏ်သိက္ခာကို မထိပါး သွားစေဘူးလား။
'ဆေးသန့်စင်တာ ဘယ်လိုဖြစ်နေပြီလဲ မသိဘူး..'
လီရွှမ်သည် ဆေးသန့်စင်နေသည့် စုလင်းရှုံ၏ လှုပ်ရှားမှုများကို အာရုံခံမိပြီး သူ၏ နှလုံးသားထဲတွင် ကြောင်တစ်ကောင် ကုပ်ခြစ်နေသည့်နှယ် ခံစားရသည်။
'ငါ့ရဲ့ ဒီတတိယတပည့် ဆေးလုံးကို သန့်စင်နိုင်လောက်မှာ မလား။ ဒီတစ်ကြိမ် မအောင်မြင်ရင်လည်း နောက်ထပ်အကြိမ် အနည်းငယ်လောက် သန့်စင်ပြီး အတွေ့အကြုံတွေကို အကျဉ်းချုပ်လိုက်ရင် အဆင်ပြေလာ လောက်မှာ..'
စတင်ခြင်းမှာ အခက်ခဲဆုံး ကိစ္စဖြစ်သည်။ သန့်စင်မှုသာ အောင်မြင်ပါက ဆေးသန့်စင်ခြင်း ပညာကို နားလည်လာပြီး တံခါးတစ်ခု ပွင့်လှစ်သွားသည့်နှယ် ရှိနေမှာပါ။
ဒန်ဆေး သိုင်းပညာ၏ တံခါးဝလည်း စစ်မှန်စွာ ပွင့်လန်းလာမည် ဖြစ်၏။ ထိုအခါ ဒန်ဆေးသိုင်းပညာ၏ အဓိကဖြစ်သည့် ဆေးသန့်စင်ခြင်း ပညာလည်း စစ်မှန်စွာ ထွက်ပေါ်လာမည် ဖြစ်သည်။
စုလင်းရှုံက ဆေးပေါင်းအိုးကို ညင်သာစွာ ပုတ်ရိုက်နေရင်းက ရုတ်တရက် ပြော၏။
"မီးကို နည်းနည်းလောက် လျှော့လိုက်.."
"ကောင်းပြီ.."
မုန့်ချုံက လောင်ကျွမ်းနေသည့် ဒီဗိုင်းမီးကျောက်တုံး နှစ်တုံးတို့ကို မီးပေါင်းဖိုထဲမှ ထုတ်ယူလိုက်သည်။
ရွှံ့တွင် ၎င်းတို့ကို မီးငြှိမ်းလိုက်၏။ မီးပေါင်းဖို၏ မီးအရှိန်က ရုတ်တရက် လျော့ကျသွားသည်။
"ထပ်ပြီးတော့ လျှော့လိုက်ဦး.."
စုလင်းရှုံက ပြောလိုက်ပြန်၏။
မုန့်ချုံက နောက်ထပ် ဒီဗိုင်းမီးကျောက်တုံး တစ်တုံးကို ထပ်ယူလိုက် ပြန်သည်။ ဤသည်မှာ ဆေးလုံးသန့်စင်ခြင်းအတွက် ဒီဗိုင်းမီးကျောက်တုံးကို အသုံးပြုရခြင်း၏ အားသာချက် ဖြစ်၏။
မီးကို အပူရှိန် တိုးရန်အတွက် ကျောက်တုံးများကို ထည့်လိုက်ပြီး အရှိန်လျှော့ရန်အတွက် ကျောက်တုံးများကို တစ်ခါတည်း ထုတ်ယူလိုက်ရုံသာ ရှိသည်။
"မီးအားလုံးကို ထုတ်လိုက်တော့.."
စုလင်းရှုံ၏ မျက်နှာက နီရဲနေ၏။ ဒန်ဆေးသန့်စင်ခြင်းမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပါပြီ။
မီးပေါင်းဖိုအတွင်းရှိ မီးတို့ ငြိမ်းသက်သွားခဲ့၏။ လူအားလုံးတို့သည် အသက်ကို အောင့်ထားကြပြီး ဆေးပေါင်းအိုးကို စူးစိုက်စွာ ကြည့်နေကြသည်။
စုလင်းရှုံက ဆေးပေါင်းအိုးကို ဆက်တိုက် ပုတ်ရိုက်နေ၏။ ဒီအချိန်၌ ဆေးပေါင်းအိုး၏ တုန်ခါမှုက ပိုမိုပိုမိုကာ သန်မာလာခဲ့သည်။
တုန်ခါမှုအလယ်တွင် ဆေးပေါင်းအိုးအတွင်းမှ တစ်ခုခု လိမ့်နေသည့် အသံများ ရေးတေးတေး ပေါ်လာခဲ့၏။
"ဆေးလုံးပဲ.."
"ဆေးသန့်စင်တာ အောင်မြင်သွားတာလား.."
စုလင်းရှုံ၏ နဖူးမှ ချွေးစေးများ စီးကျလာခဲ့သည်။
ထိုအချိန်၌ ဆေးသန့်စင်ခြင်းမှာ အရေးကြီးသည့် အချိန်အခါသို့ ရောက်ရှိလာခဲ့ပါပြီ။
"ဆေးလုံးစုစည်းခြင်း.."
သူမသည် ချီနှင့်သွေးကို အသုံးပြုနိုင်သည့် သိုင်းပညာရှင်တစ်ယောက် မဟုတ်သေးရာ ချီနှင့်သွေး သန့်စင်ခြင်း နည်းလမ်းကို အသုံးပြုလို့ မရပါ။
ထို့ကြောင့် ဆေးလုံးအဖြစ် စုစည်းခြင်းသည် ဆေးပေါင်းအိုး၏ တုန်ခါမှုနှင့် သူမ၏ အာရုံခံမှုအပေါ်တွင်သာ လုံးဝ မှီခိုနေပါသည်။
"ဖွတ် ဖွတ်.."
ရုတ်တရက် ဆေးပေါင်းအိုး၏ ဘေးပေါက်များက စုလင်းရှုံ၏ ပုတ်ရိုက်မှုနှင့်အတူ ပွင့်ထွက်သွားပြီး ပူလောင်သည့် လေတို့ ထွက်ပေါ်လာခဲ့၏။ ဆေးလုံးများ၏ မသန့်စင်မှုများကို ဖယ်ထုတ်လိုက်သည်။
စုလင်းရှုံက ဝမ်းသာသွား၏။ သူမ ဖန်တီးလိုက်သည့် ဆေးပေါင်းအိုးကို အလွန် ပြည့်စုံလှသည်ဟု ခံစားလိုက်ရသည်။
ဆေးပေါင်းအိုးကို လျှင်မြန်စွာဖြင့် အကြိမ်ပေါင်းများစွာ ထပ်မံ ပုတ်ရိုက်လိုက်၏။ ထို့နောက် မီးပေါင်းဖိုပေါ်သို့ ပြန်တင်လိုက်သည်။
"ဒန်ဆေးသန့်စင်လို့ပြီးပြီ.."
စုလင်းရှုံက ကြေငြာလိုက်၏။ အနည်းငယ် နီရဲနေသည့် သူမ၏ လက်ဝါးတို့ကို ဆုပ်ထားသည်။
"မြန်မြန်လေး.. မြန်မြန်လေးဖွင့်ပြီး ကြည့်ရအောင်.."
ရွှီယန်က လက်ဝါးနှစ်ဖက်ကို ပွတ်ကာ မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။
ဆေးသန့်စင်မှုသာ အောင်မြင်ပါက သိုင်းပညာရှင်တစ်ယောက်၏ ကျင့်ကြံမှုအတွက် ကြီးမားသည့် အထောက်အကူတို့ ရလာသည်ဟု ဆိုလိုသည်ပင်။ကျင့်ကြံမှုကို ပိုမိုကာ လွယ်ကူလာစေမှာ ဖြစ်၏။
ဒီဆေးလုံးများ၏ အကူအညီဖြင့် သူ၏ မိဘများနှင့် ချစ်ရသူများ၏ ကျင့်ကြံမှု အမြန်နှုန်းလည်း မြင့်တက်လာပြီး ခွန်အားတို့ ကြီးလာမှာ ဖြစ်သည်။
"ကောင်းပြီ.."
စုလင်းရှုံက ရိုက်ချက်တစ်ခုနှင့် အတူ ဆေးပေါင်းအိုး၏ အဖုံးကို ဖွင့်လိုက်သည်။ ၎င်းသည် "ကလန်.." ဟူသည့် အသံတစ်ခုနှင့် အတူ ပွင့်ထွက်သွား၏။
ပေါင်းအိုးကို စောင်းလိုက်ပြီးနောက် ဆေးလုံးသုံးလုံးတို့ ကျဆင်းလာခဲ့သည်။ မုန့်ချုံက အမြန်ဖမ်းလိုက်၏။
လူတိုင်း၏ အကြည့်များက မုန့်ချုံ၏ လက်ထဲသို့ ကျရောက်သွားသည်။ ဤသည်များမှာ မဲမှောင်ကာ ဆေးလုံးများနှင့် မတူပေ။ မျက်နှာပြင်က ကြမ်းတမ်းနေပြီး ပြည့်စုံစွာ လုံးဝိုင်းခြင်းမရှိပါ။ လက်ဝါးထဲတွင် သေးငယ်သည့် အတုံးလေးသုံးခု တိတ်ဆိတ်စွာ ရှိနေသည့်နှယ် ရှိသည်။
"ကျရှုံးသွားတယ်.."
စုလင်းရှုံက ပင်ပန်းစွာဖြင့် ပြော၏။
"ဂျူနီယာညီမလေး.. ပထမဆုံးကြိုးစားမှုမှာ ဆေးလုံးတွေ ဖြစ်လာတာကိုက တော်တော်လေး ကောင်းနေပါပြီ။ အကြိမ် အနည်းငယ်လောက် ထပ်ပြီးတော့ ကျင့်ကြံလိုက်ရင် အတွေ့အကြုံတွေ စုပြီးတဲ့အခါ လျှင်လျှင်မြန်မြန် အောင်မြင်လာမှာလို့ ငါယုံကြည်တယ်.."
ရွှီယန်က သူမကို နှစ်သိမ့်၏။
"ဟုတ်တယ်။ ဆေးသန့်စင်မှုမှာ ပထမဆုံးအကြိမ်က ကျရှုံးတယ် ဆိုတာ ပုံမှန်ပဲ.."
မုန့်ချုံကလည်း သဘောတူစွာ ခေါင်းငြိမ့်၏။
စုလင်းရှုံက ဆေးလုံးတစ်လုံးကို ကောက်ယူလိုက်သည်။ ဤသည်မှာ ကျရှုံးမှုတစ်ခု ဖြစ်ပေမယ့် လုံးဝ ကျရှုံးခြင်းဟု ဆိုလိုနိုင်ခြင်း မရှိပါ။ ဆေးတွင် အာနိသင်တို့ ရှိနေဆဲဖြစ်၏။
ဆေးလုံးဖန်တီးရန် အတွက် ကုန်ကြမ်းများမှာ စျေးပေါခြင်းမရှိပေ။ ထို့ကြောင့် မဖြုန်းတီးသင့်ပါ။
သူမက ပုံမှန်မကျသည့် ဆေးလုံးတို့ကို ရှီအာဆီသို့ ပေးလိုက်ပြီး ပြော၏။
"ရှီအာ.. နင်ကျင့်ကြံရာမှာ အတားအဆီးကို ကြုံတွေ့နေတယ်။ ဒီဆေးလုံး သုံးလုံးက နင့်အတွက်ပဲ။ အဲ့ဒါက အဆင့်ချိုးဖြတ်ဖို့အတွက် ကူညီပေးနိုင်လိမ့်မယ်.."
ထိုအကြောင်းကြောင့်သာ သူမ ချီနှင့်သွေးဆေးလုံးကို သန့်စင်ခဲ့ခြင်း ဖြစ်သည်။ သန့်စင်မှု ကျရှုံးလျှင်တောင် လုံးဝ ပျက်စီးသွားခြင်း မဟုတ်ပါက ရှီအာကို ပေးကာ သောက်ခိုင်းလိုက်ပြီး ဖြုန်းတီးခြင်းမှ ကာကွယ်နိုင်ပါသည်။
ရှီအာက ကြောင်တောင်သွား၏။ လက်ထဲရှိ မဲညစ်ကာ မညီညာသည့် ဆေးလုံးများကို ကြည့်ကာ တံတွေးများကို မျိုချမိသည်။ ၎င်းတို့ကို စားသုံးနိုင်မည်လား ဟူသည်အား သေချာခြင်း မရှိပေ။
"ဒီကျရှုံးခဲ့တဲ့ ဆေးလုံးတွေက... စားလို့တော့ ရလောက်သေးတယ် မလား.."
"ရတာပေါ့။ ဒါတွေက ဆေးလုံးတွေ ဖြစ်နေဆဲပဲ။ အဆိပ်သင့်မှာလဲ မဟုတ်ဘူး။ အာနိသင် နည်းနည်း လျော့သွားတာပဲ ရှိမှာ။ မဖြုန်းတီးနဲ့ မြန်မြန်လေးသောက်ပြီးတော့ အာနိသင်ကို ကြည့်ရအောင်.."
စုလင်းရှုံက လှုံ့ဆော်စွာ ပြောသည်။
"ဒါက...ဒါက.."
ရှီအာ၏ မျက်နှာက ကြေကွဲသွား၏။ ဒီဆေးလုံးများသည် အမှန်တကယ် အဆိပ်မသင့်နိုင်ပေဘူးလား။
"အတွေး မမှားစမ်းပါနဲ့။ ဒီဆေးလုံးတွေက ကျရှုံးခဲ့ရင်တောင် ဆေးလုံးတွေပဲ။ ဘာအဆိပ်မှ မပါဘူး။ အချို့ကျပန်း ကျိုထားတဲ့ ဆေးလုံးတွေထက် အများကြီး ကောင်းတယ်။ မင်းအစ်မရဲ့ စကားကို မယုံဘူးလား.."
မုန့်ချုံက ရှီအာ၏ လက်ကို ဆွဲယူကာ ဆေးလုံးများကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ရှီအာမှာ အကူအညီမဲ့နေ၏။
စိုးရိမ်စရာ မလိုဘူးဆိုတာ ဆေးလုံးကို သောက်ရတာ မင်းတို့ မဟုတ်လို့မလား...
စုလင်းရှုံက ပြူးကျယ်သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေ၏။ ရွှီယန်၊ မုန့်ချုံနှင့် ကျိုးယင်တို့လည်း မျက်တောင်မခက်ဘဲ ကြည့်နေကြသည်။
"ဘယ်လိုခံစားရလဲ။ ဘာတွေ ပြောင်းလဲလာလဲ.."
စုလင်းရှုံက မေးသည်။
"ခံစားရတာက... နွေးထွေးတဲ့ ခံစားချက်ပဲ.."
ရှီအာသည် ဝမ်းဗိုက်အတွင်းသို့ ဆေးလုံးဝင်သွားသည်နှင့် မကြာခင် နွေးထွေးသည့် ခံစားချက်တစ်ခု ပျံ့နှံလာမှုကို ခံစားချက်ရ၏။
"မြန်မြန်လေး စပြီး ကျင့်ကြံတော့။ နင်အတားအဆီးကို ချိုးဖြတ်နိုင်လောက်တယ်.."
စုလင်းရှုံက နှိုးဆော်၏။
ရှီအာ၏ စိတ်အခြေအနေက သူမ၏ စကားကြောင့် ချက်ချင်းပင် တက်ကြွလာခဲ့သည်။
"ကောင်းပြီ.."
တုံ့ဆိုင်းမှုမရှိဘဲ စတင်ကျင့်ကြံ၏။
သူသည် ကျင့်ကြံသည်နှင့်အမျှ ချီနှင့်သွေးစွမ်းအင်တို့ လှိုင်းထလာမှုကို ခံစားလာရသည်။ ခန္ဓာကိုယ်က နွေးထွေးလာပြီး အစက ထိုးဖောက်နိုင်ခြင်း မရှိသည့် အတားအဆီးက ရုတ်တရက် ပြေလျော့လာသည်ဟု ခံစားရ၏။
ရှီအာ ဝမ်းသာသွားသည်။ ဆေးလုံးက ကျရှုံးခဲ့ပေမယ့် အာနိသင်တို့ ရှိဆဲဖြစ်၏။
ငါချီနဲ့သွေးအဆင့်ကို အဆင့်ချိုးဖြတ်တော့မှာလား...
လီရွှမ်ကလည်း အာရုံစိုက်နေပါသည်။ ဒီအချိန်၌ သူ့တွင် စိတ်ကူးတစ်ခု ရလာခဲ့၏။
'ရှီအာက အဆင့်ချိုးဖြတ်တော့မှာ။ ဒီဆေးလုံးက မအောင်မြင်ပေမယ့် အာနိသင်အချို့ ရှိနေပြီး ရှီအာအတွက် တစ်စို့မှုကို ကျော်ဖြတ်နိုင်ဖို့ ကူညီပေးနိုင်တယ်..'
အသေအချာပင်။ ရှီအာ၏ ခန္ဓာကိုယ်အတွင်းမှ ကြွက်သားနှင့် အရိုးတို့ မိုးခြိမ်းသကဲ့သို့ မြည်သံများ ထွက်ပေါ်လာခဲ့၏။ ခန္ဓာကိုယ်မှ သွေးနှင့်ချီ အငွေ့အသက်တို့ ပြင်ပသို့ စီးထွက်လာခဲ့သည်။
ကြွက်သားနှင့် အရိုးများ၏ မိုးခြိမ်းမှုက ပိုမိုပိုမိုကာ ကျယ်လောင်လာပြီး ချီနှင့်သွေးတို့ကလည်း ပိုမိုပိုမိုကာ ကြွယ်ဝလာခဲ့သည်။
စုလင်းရှုံတို့က အကွာအဝေးတစ်ခုဆီသို့ နောက်ဆုတ်သွား၏။
ကျိုးယင်က အံ့သြနေပါသည်။ ဤသည်မှာ ချီနှင့်သွေး အဆင့်လေလား။ အလွန် သန်မာလှပါသည်။ ရှီအာသာ သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ပါက သူ၏ခွန်အားက သူမထက် များစွာ သာလွန်သွားမှာပါ။
ချီနှင့်သွေးက ကြွယ်ဝလှ၏။
"တတိယအဆင့် သိုင်းသမားပဲ... မဟုတ်ဘူး။ သူက သာမန် တတိယအဆင့် သိုင်းသမားထက် ပိုပြီးတော့ သန်မာတယ်.."
ထိုအချိန်၌ ကျိုးယင်၏ နှလုံးသားက တုန်ခါလာခဲ့သည်။ သူမလည်း သိုင်းပညာစနစ်ကို ပြောင်းလဲပြီး ကျင့်ကြံလို၏။
ဘာပဲဖြစ်ဖြစ် စွန့်ပစ်ဒေသတွင် သူမ၏ သိုင်းအဆင့်က မြင့်တက်နိုင်ခြင်း မရှိပါ။ ထို့အပြင် ရှင်းလင်းစွာပင် ဆရာကြီး သင်ကြားပေးသည့် သိုင်းပညာမှာ အတွင်းဘက်နယ်မြေရှိ သိုင်းပညာများထက် ပိုမို သာလွန်၏။
သို့ရာတွင် သူမသည် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီးဖြစ်ကာ အခြေခံက တည်မြဲနေပြီး ဖြစ်၏။ ကျင့်စဉ်အား ပြောင်းလဲရန်မှာ လွယ်ကူမည် မဟုတ်ပါ။
"ဘုန်း.."
ရှီအာ၏ ခန္ဓာကိုယ်၌ မိုးခြိမ်းသံများ ဆက်တိုက်ထွက်ပေါ်နေပြီး ချီနှင့်သွေးက စွမ်းအားကြီးမားသည့် အားတစ်ခုနှယ် ထွက်ပေါ်လာခဲ့သည်။ ချီနှင့်သွေးလှိုင်းများက ကန်ထွက်လာပြီး သူ့ကိုဝန်းရံနေ၏။
ထိုအချိန်၌ သူက အလွန် စိတ်လှုပ်ရှားနေပါသည်။နောက်ဆုံးတွင် သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ပြီ ဖြစ်၏။ ဒန်ဆေးလုံးများက အမှန်တကယ်ကို မှော်ဆန်လှသည်။
ကျရှုံးခဲ့သည့် ဆေးလုံး ဖြစ်နေလျှင်တောင် ယခုကဲ့သို့ စွမ်းအားကြီးမားသည့် အာနိသင်မျိုးကို ထုတ်လွှတ်နိုင်ဆဲရှိ၏။