မူလအဆင့်ရဲ့ အထက်က ဆန်းကြယ်နက်နဲခြင်းအဆင့် ဖြစ်တယ်
Vol. 10 Ch. 140
ရှီအာ၏ သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ကာ ချီနဲ့သွေးအဆင့်သို့ ချိုးဖြတ်ခြင်း အပေါ်၌ ရွှီယန်တစ်ယောက် အံ့ဩစွာ ခံစားလိုက်ရသည်။
အဘယ်ကြောင့် အလွန် အားနည်းနေရသနည်း။ တစ်ဖက်လူ၏ ကြွက်သားနှင့် အရိုးများမှ မိုးခြိမ်းသံတို့ မြည်လာမှုမှာ ထိုအဆင့်က သူ့ထက် များစွာပိုမို နိမ့်ပါးလှ၏။
ချီနှင့်သွေးတို့၏ လှိုင်းထန်စွာ ထွက်ပေါ်လာမှုက အလွန်အားနည်းပုံ ပေါ်နေပါသည်။ မုန့်ချုံလည်း ထိုကဲ့သို့ မြင်မိ၏။
သို့ရာတွင် စုလင်းရှုံမှာတော့ အံ့ဩနေပါသည်။ ဤသည်မှာ ကြွက်သားနှင့် အရိုးတို့ မိုးခြိမ်းသကဲ့သို့ မြည်ဟီးကာ ချီနှင့်သွေးတို့ မုန်တိုင်းကဲ့သို့ ထွက်ပေါ်လာသည့် စစ်မှန်သည့် စွမ်းအားဖြစ်ပြီး အလွန် ထူးကဲလှသည်။
ကြည့်ရတာ အလွန် စွမ်းအားကြီးလှ၏။ အတွင်းဘက်နယ်မြေရှိ သိုင်းသမားများနှင့် နှိုင်းယှဉ်ပါက များစွာ ပိုမို စွမ်းအားကြီးမားသည်ဟု ခံစားရသည်။
ရှီအာ၏ အဆင့်ချိုးဖြတ်မှု အတွင်းတွင် လီရွှမ်လည်း ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာမှုကို တွေ့လိုက်ရသည်။
"သင်၏အစေခံ ရှီအာသည် သင်တီထွင်သွားသည့် သိုင်းပညာအား စတင်ခြင်းအဆင့်အထိ ကျင့်ကြံခဲ့သည်။ သင်၏ အစစ်အမှန်ချီက အနည်းငယ် တိုးမြင့်လာခဲ့သည်.."
ရွှေလက်ချောင်းမှ ဖော်ပြလာသည့် အချက်အလက်အရ သူဖန်တီးထားသည့် သိုင်းပညာဟူ၍ ဆိုထားပါသည်။
ထင်ထားသည့် အတိုင်းပင်။ လမ်းကြောင်းဖောက်ပြီး ဖြစ်သည့် ကျင့်ကြံခြင်း စနစ်တစ်ခုကို အခြားတစ်ယောက်က ကျင့်ကြံသောအခါ တန်ပြန်အကျိုးပြုမှုတို့ အမှန်တကယ်ကို နည်းပါးလှ၏။
ထို့အပြင် ရှီအာမှာ သူ၏အစေခံ ဖြစ်သည်။ သူစိမ်းတစ်ယောက်သာ ဆိုပါက.. သူနှင့် ပတ်သက်မှု မရှိပါက သူတို့ဆီမှ မည်သည့် တန်ပြန်အကျိုးပြုမှုမှပင် ရရှိနိုင်လောက်မည် မဟုတ်ပေ။
'အစစ်အမှန်ချီက တကယ်ပဲ နည်းနည်းလေးပဲ တိုးလာခဲ့တာပဲ..'
လီရွှမ်တစ်ယောက် အကူအညီမဲ့စွာ ခံစားလိုက်ရသည်။
ဒီတစ်ကြိမ်တွင် ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုသည် သူ၏ အစစ်အမှန်ချီကို အနည်းငယ်သာလျှင် တိုးတက်စေခဲ့ပြီး ၁၀%ပင် မရှိခဲ့ပေ။
'ဒါဆိုရင် ကျင့်ကြံခြင်း စနစ်အသစ် တစ်ခုကို ငါတပည့်တွေကို အောင်မြင်အောင် ကျင့်ကြံခိုင်းမှပဲ ကြွယ်ဝတဲ့ တန်ပြန် အကျိုးပြုမှုတွေကို ရရှိနိုင်မှာပေါ့..'
'လမ်းဖောက်ပြီးဖြစ်တဲ့ ကျင့်ကြံခြင်းစနစ် တစ်ခုကို ကျန်တဲ့လူတွေက လိုက်ပြီးကျင့်ရင် တန်ပြန်အကျိုးပြုမှုက နည်းပါးလွန်းတယ်။ ဒါပေမယ့် လူတွေ အရမ်းများလာရင်တော့ ပိုပြီးတော့ ရလာမှာပေါ့..'
သို့ရာတွင် လီရွှမ်အနေနှင့် သူ၏အခြေခံ အဓိက ဦးတည်ချက်မှာ တပည့်များသာ ဖြစ်ကြောင်းကို သိလိုက်သည်။
သူ၏တပည့်များ ဆက်လက်ကျင့်ကြံကာ ပိုမိုသန်မာလာမှ သာလျှင် စစ်မှန်သည့် အကျိုးအမြတ်များကို ရရှိနိုင်မည်ဖြစ်၏။
'ရှီအာက ကြေးအရိုးနဲ့ စတင်ခြင်းအဆင့်ကို ရောက်ရှိခဲ့တယ်။ ဒီခွန်အားက အနေတော်လောက်ပါပဲ..'
လီရွှမ်က လျှင်မြန်စွာ တစ်ချက် ကြည့်လိုက်သည်။
ရှီအာ၏ စတင်ခြင်းခွန်အားမှာ သူ၏ သုံးသပ်ချက်နှင့် အများကြီး ခြားနားခြင်း မရှိပေ။
ရှီအာက ချီနှင့်သွေးတို့ကို ရုတ်သိမ်းပြီးနောက် အလွန်စိတ်လှုပ်ရှားစွာ ရှိနေ၏။ ဒူးထောက်ကာ လီရွှမ်၏ဘက်သို့ လှည့်ပြီး ရိုသေစွာ ဦးချသည်။
"ကျေးဇူးတင်ပါတယ် သခင်... ကျွန်တော့်ကို သိုင်းပညာ သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.."
ထို့နောက် စုလင်းရှုံကို ကျေးဇူးတင်ပြန်၏။ "ကျေးဇူးတင်ပါတယ် ကောင်းကင်မိခင်.. ကျွန်တော့်ကို ဆေးလုံးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.."
"ဟမ်း.."
စုလင်းရှုံက ခေါင်းငြိမ့်သည်။
"ဂျူနီယာညီမလေး.. နင်က ကောင်းကင်မိခင်လား.."
ရွှီယန်က အံ့သြစွာ ကြည့်သည်။
ခုံရော့ကျစ်က နတ်သမီးတစ်ပါးအဖြစ် တင်စားခဲ့သည့် အနှိုင်းမဲ့သည့် မိန်းကလေးမှာ သူ၏ ဂျူနီယာညီမလေး ဖြစ်သည်လား။
သို့ရာတွင် ခုံရော့ကျစ်က အမှန်တကယ်ကို လိမ်ညာခဲ့ခြင်း မဟုတ်ပါ။ ဂျူနီယာညီမလေးသည် သေမျိုးများအကြားတွင် အမှန်တကယ်ကို မနှိုင်းယှဉ်သာသည့် အလှမျိုးကို ပိုင်ဆိုင်ထား၏။
"ဟုတ်တယ်လေ.. ဘာဖြစ်လို့လဲ.."
စုလင်းရှုံက ကြောင်တောင်စွာဖြင့် စီနီယာအကိုကြီးကို ကြည့်သည်။
ရွှီယန်၏ မျက်လုံးများက ထူးဆန်းနေ၏။
"ခုံရော့ကျစ် ပထမဆုံးအကြိမ် ငါ့ကို ပြောခဲ့တုန်းက..."
ရွှီယန်က မည်သည်ကိုမှ ဖုံးကွယ်မနေပါ။ အစပိုင်းတွင် ခုံရော့ကျစ်က ပြောခဲ့သည့် ကိစ္စအားလုံးကို ပြောပြ၏။
ထိုစကားကို ကြားရပြီးနောက် စုလင်းရှုံက ဒေါသထွက်သွားသည်။ ခုံရော့ကျစ်၏ သူမကို အသုံးပြုကာ ရွှီယန်အပေါ် ဖားရားနေခြင်းမှာ သိသာစွာပင် သူမ၏ ကောင်းကင်မိခင် ဟူသည့် ရာထူးအား အနည်းငယ်မျှပင် လေးစားမှု မရှိခြင်း ဖြစ်သည်။ မည်မျှ ရဲတင်းလိုက်သနည်း။
"ခုံရော့ကျစ်က အသက်ရှင်ရတာ ပင်ပန်းနေတာ ဖြစ်မယ်။ ညီမသူ့ကို မြေမြှုပ်ပစ်ရမယ်.."
ရွှီယန်က ခေါင်းငြိမ့်ကာ ပြောသည်။
"ငါလည်းသူ့ကို ကောက်ကျစ်တဲ့ လူဆိုးတစ်ယောက်လို့ အမြဲတမ်း ထင်နေတယ်.."
စုလင်းရှုံက ရှီအာကို ကြည့်တာ ပြောသည်။
"ရှီအာ.. နင်သွားပြီးတော့ ခုံရော့ကျစ်ကို ဖမ်းလာခဲ့.."
"ဟုတ်ကဲ့ပါ ကောင်းကင်မိခင်.."
ရှီအာက အလွန်တည့်တိုးဆန့်ကာသာ ခေါင်းငြိမ့်ပြန်ကြားသည်။
"ငါ့ကို ကောင်းကင်မိခင်လို့ မခေါ်နဲ့.."
စုလင်းရှုံက သူ့ကိုစူးစိုက်စွာ ကြည့်၏။
"ဟုတ်ကဲ့ပါ.."
ရှီအာက ခေါင်းငြိမ့်သည်။ ချီနှင့်သွေးအဆင့်သို့ ချိုးဖြတ်ကာ စစ်မှန်သည့် သိုင်းသမားတစ်ယောက် ဖြစ်လာခြင်းအတွက် သူသည် အလွန် စိတ်လှုပ်ရှားနေ၏။
ချက်ချင်းပင် ခုံရော့ကျစ်ကို သွားရောက်ဖမ်းဆီးရန်အတွက် သုံဟယ်စီရင်စုသို့ ထွက်ခွာခဲ့သည်။
ရှီအာကို ညွှန်ကြားချက် ပေးပြီးနောက် စုလင်းရှုံက ဒန်ဆေးသန့်စင်ခြင်းကို ဆက်လက် လုပ်ဆောင်သည်။
ဒုတိယ အသုတ်၏ ဆေးလုံးများမှာလည်း ကျရှုံးခဲ့၏။ သို့ပေမယ့် တိုးတက်မှုအချို့ ရှိပါသည်။
ဒန်ဆေးလုံးများကို နှစ်ကြိမ်သန့်စင်မှုအပြီးတွင် စုလင်းရှူံတစ်ယောက် အလွန်မောပန်းနေပြီး ဖြစ်၏။ သူမသည် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ပြုလုပ်ပြီး ဆေးသန့်စင်ရာ၌ ရရှိခဲ့သည့် အတွေ့အကြုံများကို စီစစ်ရန် လိုပါသည်။
ပြီးနောက် သူမ၏ ဒန်ဆေးသန့်စင်ခြင်း နည်းလမ်းကို ပြည့်စုံအောင် လုပ်ရမည် ဖြစ်၏။ အခန်းအတွင်းသို့ ပြန်ကာ အိပ်ယာပေါ်တွင် လဲလျောင်းလိုက်သည်။
"သခင်မလေး.."
ကျိုးယင်က ရေဇလုံတစ်ခုကို ယူဆောင်လာပြီး စုလင်းရှုံ၏ မျက်နှာကို သန့်ရှင်းရေး လုပ်ပေးသည်။
"ဒေါ်လေးကျိုး.. ဒန်ဆေးသန့်စင်မှု အောင်မြင်ပြီး ဒန်ဆေးသိုင်းပညာကို ကျင့်ကြံပြီးတဲ့ အခါကျရင် ရှင်လည်း သိုင်းပညာစနစ်ကို ပြောင်းလဲကျင့်ကြံလို့ ရပြီ။ ကျွန်မရဲ့ ဆေးလုံးတွေနဲ့ဆို သေချာပေါက် အောင်အောင်မြင်မြင် ပြောင်းလဲနိုင်မှာ.."
စုလင်းရှုံက ပြော၏။
"ကောင်းပါပြီ။ ကျွန်မ သခင်မလေးစကားကို နားထောင်ပါ့မယ်.."
ကျိုးယင်က ခေါင်းငြိမ့်သည်။
ထို့နောက် စိုးရိမ်မှု အချို့ဖြင့် ပြော၏။
"သခင်မလေး.. ကျွန်မဒီတစ်ကြိမ်မှာ အတွင်းဘက်နယ်မြေကို အလောတကြီး ပြန်လိုက်မိပြီး စစ်ဘုရင်တစ်ယောက်ကို လိုက်လာစေခဲ့မိတယ်။ ကြည့်ရတာ ကျွန်မတို့ရဲ့ စွန့်ပစ်ဒေသမှာ ရှိနေတဲ့ ကိစ္စကလည်း ပေါက်ကြားသွားလောက်ပြီ ထင်တယ်.."
စုလင်းရှုံက ခေါင်းကိုရမ်းကာ ပြောသည်။
"မပေါက်ကြား လောက်ဘူး။ အဲ့ဒီ့ စစ်ဘုရင်အဆင့်က အရမ်းကို မာနကြီးပြီး ငါ့ကို သူတစ်ယောက်တည်းနဲ့ အလွယ်တကူ ဖမ်းဆီးနိုင်တယ်လို့ ထင်ထားတာ။ အဲ့ဒါကြောင့်မို့လို့ ဒေါ်လေးကို ရှာတွေ့ထားတာနဲ့ နောက်ကနေ လိုက်လာတာ ဖြစ်မယ်။ အခြားလူတွေကို မပြောလောက်ဘူး.."
"အခု သူ့ကို ဆရာက သေအောင်ရိုက်လိုက်ပြီး ပြာတောင်မှ မကျန်တော့ဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့နေရာကို ဘယ်သူမှ မသိလောက်ဘူး.."
ကျိုးယင်က အနည်းငယ် စိုးရိမ်နေဆဲရှိကာ ပြောသည်။
"ငါလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်.."
စုလင်းရှုံက ပြုံးကာ ပြော၏။
"ဘာတွေ ကြောက်နေတာလဲ။ ဆရာရှိတာပဲကို.."
ကျိုးယင်လည်း ထိုကဲ့သို့ တွေးမိ၏။ ထိုဆရာကြီးက အမှန်တကယ်ကို အနှိုင်းမဲ့လှပါသည်။
စံအိမ်၏ အပြင်ဘက်ရှိ သေးငယ်သည့် တောင်ကုန်းတစ်ခုပေါ်တွင် မုန့်ချုံက တင်ပျဉ်ခွေထိုင်ကာ ဆေဘာ၏ အရိုးကို ကိုင်ထား၏။ ဆေဘာပျိုးထောင်ခြင်းကို ဆက်လက် လုပ်ဆောင်ရင်းက ကျင့်ကြံမှုပြုကာ ကြီးမြတ်သောနေ ရွှေခန္ဓာကိုလည်း လေ့လာနေပါသည်။
လီရွှမ်က တောင်စောင်းမှ လမ်းတလျှောက် အေးအေးလူလူ လမ်းလျှောက်နေ၏။ ရွှီယန်က သူ၏နောက်မှ နီးကပ်စွာ လိုက်နေသည်။
စုလင်းရှုံနောက်သို့ စစ်ဘုရင်တစ်ယောက် လိုက်လာခဲ့၏။ သူ့အနေနှင့် တစ်ဖက်လူကို လက်ဝါးတစ်ချက်ဖြင့် အလွယ်တကူ သတ်ဖြတ်ပြီးသော်လည်း လီရွှမ်အနေနှင့် ဂရုမစိုက်နေရဲခြင်း မရှိတော့ပါ။
ထိုစစ်ဘုရင်သည် ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိပြီး ကျိုးယင်ကို တွေ့ရပြီးနောက် မည်သည်ကိုမှ အကြောင်းမကြားဘဲ လိုက်ခဲ့ကာ စုလင်းရှုံတို့၏ တည်နေရာမှာ ပေါက်ကြားသွားသည့်ပုံ မပေါ်ပေ။
သို့ပေမယ့် ဘာပဲဖြစ်ဖြစ် လူဆိုတာ အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရမည် ဖြစ်သည်။ သူ စစ်ဘုရင်များကို ကြောက်ရွံ့ခြင်းမရှိပေ။ သို့ပေမယ့် စစ်ဘုရင်၏ အထက်ရှိ တည်ရှိမှုများကိုတော့ ကြောက်ရွံ့ပါသည်။
သို့ပေမယ့် လက်ရှိ ရရှိထားသည့် သတင်းအချက်အလက်များ အရ အတွင်းဘက်နယ်မြေတွင် စစ်ဘုရင်အဆင့်၏ အထက်ရှိ သိုင်းသမားများ မရှိပေ။
ရှိနေလျှင်တောင် သူတို့သည် ပုန်းအောင်းနေသည့် လူအိုကြီးများသာ ဖြစ်မှာပါ။
ရွှီယန်သည် မူလအဆင့်၏ အသေးစား ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိပြီးဖြစ်၏။ ဒီအချိန်က သူ့ကို မူလအဆင့်၏ အထက်ရှိ ကျင့်စဉ်အား သင်ကြားပေးရန် အချိန်သို့ ရောက်ပါပြီ။ လီရွှမ်က ရပ်တန့်သွား၏။
"ငါ့တပည့်.."
"ဆရာ.."
ရွှီယန်က လေးစားစွာ ပြောသည်။ ဆရာဖြစ်သူက သူ့ကို မူလအဆင့်၏ အထက်ရှိ ကျင့်စဉ်အား သင်ကြားပေးတော့မည် ဖြစ်ရာ အနည်းငယ် စိတ်လှုပ်ရှားစွာ ခံစားနေရ၏။
"မနေ့က စစ်ဘုရင်တစ်ယောက်နဲ့ တိုက်ပွဲအပြီးမှာ မင်းဘာတွေကို သင်ယူခဲ့ရလဲ.."
လီရွှမ်က မေး၏။
ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် ပြောသည်။
"စစ်ဘုရင်တွေက အရမ်းကို သန်မာကြတယ်။ သူတို့ရဲ့ အတွင်းစွမ်းအင်က သိုင်းသခင်တွေထက် အများကြီး ပိုပြီး သန်မာတယ်။ အဲ့ဒါက စမ်းချောင်းတစ်ခုနဲ့ မြစ်တစ်ခု အကြား ခြားနားသလိုပဲ.."
"ပြီးတော့ စစ်ဘုရင်တွေဆီမှာ အနှိုင်းမဲ့တဲ့ အငွေ့အသက်တစ်ခုကို ခံစားနေရတယ်။ ကောင်းကင်ရဲ့ ထည်ဝါမှုမျိုးလိုပဲ..."
世尊 风: