အခြေခံ ဒန်ဆေးပညာအား တတ်မြောက်ခြင်း
Vol. 10 Ch. 142
စံအိမ်၏ အပြင်ဘက်ရှိ တောအုပ်အတွင်းတွင် စုလင်းရှုံက ခုံရော့ကျစ်ကို မြှုပ်နှံရန်အတွက် မြေတွင်းတစ်ခုကို တူးနေ၏။
“ခုံရော့ကျစ်.. နင်က တကယ့်ကို စည်းကျော်သွားပြီ။ ငါကောင်းကင်မိခင်အဖြစ် သဘောတူခဲ့တုန်းက ငါတို့တွေ သဘောတူညီချက် လုပ်ခဲ့ကြတယ်။ နင်က ငါလိုအပ်တဲ့ အရင်းအမြစ်တွေကို ထောက်ပံ့ပေးပြီး ငါက ငါ့ရဲ့ ဆေးပညာနဲ့ သူဆင်းရဲတွေကို ကုသပေးမယ်လို့.. နင်ကတိပေးခဲ့တယ်”
“လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ဖို့အတွက် အဲ့သတင်းကို နင်ဖြန့်ခဲ့တယ်။ ပြီးတော့ ငါ့ကိုတောင် မကောင်းတဲ့ တွက်ချက်မှုတွေနဲ့ အသုံးပြုရဲလာတယ်။ ဘယ်လောက် မထီလေးစား နိုင်လိုက်လဲ”
ဒီအချိန်၌ ခုံရော့ကျစ်တစ်ယောက် လုံးဝ ကြောက်ရွံ့နေပါပြီ။ တွင်း၏ ပိုမို နက်လာမှုကို တွေ့ရပြီးနောက် ကိုယ့်ကိုယ်ကိုယ် အမြန် ချေပ၏။
“ကောင်းကင်မိခင်.. အဲ့ဒါက ယာယီ ပြောလိုက်တဲ့ စကားတွေပါပဲ။ ငါတို့ဂိုဏ်းရဲ့ တည်မြဲရေးအတွက် သူ့ကို လိမ်ဖို့ လိုလို့ပါ။ နင့်ကို အသုံးချဖို့အတွက် တကယ် မရည်ရွယ်ပါဘူး”
“ပြီးတော့.. နင်က ဒီလောက်တောင် စွမ်းအားကြီးတာ.. ငါ ဘယ်လိုလုပ်ပြီး နင့်ကို အသုံးပြုရဲမှာလဲ”
စုလင်းရှုံက နှာခေါင်းရှုံ့သည်။
“နင့်ကို ငါယုံမယ်လို့ ထင်လား။ ပထမဆုံးအကြိမ် နင့်ကို တွေ့စဉ်ကတည်းက ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်မယ်ဆိုတာ ငါသိသားပဲ။ အဖိုးတန် ဆေးပင်တွေ ပိုပြီး ရလာဖို့နဲ့ ကောင်းကင်မိခင်ဂိုဏ်းရဲ့ ကောင်းမွန်တဲ့ သတင်းအချက်အလက် ကွန်ယက်ကြောင့်သာ မဟုတ်ရင် ငါက ဘာလို့ ကောင်းကင်မိခင်ဖြစ်လာဖို့ သဘောတူခဲ့မှာလဲ”
သူမအနေနှင့် ကောင်းကင်မိခင် ဖြစ်လာရန်အတွက် သဘောတူခဲ့ခြင်းမှာ သူမ၏ အခြေကျ ရပ်တည်နိုင်ရေးအပြင် ဂိုဏ်း၏ ကောင်းမွန်သည့် သတင်းအချက်အလက် စုဆောင်းနိုင်မှုကြောင့် ချီနှင့် ဝူနိုင်ငံတို့ရှိ နောက်ဆုံးသတင်းများကို ရနိုင်သောကြောင့် ဖြစ်သည်။
ကောင်းကင်မိခင်ဂိုဏ်းက သူမလိုအပ်သည့် ဆောင်းပင်မျိုးစုံကို ထောက်ပံ့ပေးကာ သူမက ဆေးပညာဖြင့် သူဆင်းရဲများကို ဆေးကုသပေးသည်။
ကောင်းကင်မိခင်ဂိုဏ်းက ဤသည်ကို အသုံးပြုကာ သူတို့၏ ဝါဒဖြန့်မှုကို နည်းလမ်းဖြင့် လူများစွာတို့ကို အောင်နိုင်ခဲ့၏။
ပုန်ကန်မှုအတွက်တော့ စုလင်းရှုံအနေနှင့် အမှန်တကယ်ကို စိတ်ဝင်စားခြင်း မရှိပါ။ သူမတို့သည် ဒီစွန့်ပြစ်ဒေသတွင် လာရောက်ခိုလှုံရုံသာ ရှိ၏။
ထို့အပြင် ကောင်းကင်မိခင်ဂိုဏ်း၏ ခွန်အားနှင့် ယခုအချိန်၌ ချီနှင့် ဝူနိုင်ငံတို့တွင်လည်း မည်သည့် ကြီးမားသည့် ကပ်ဘေးကြီးမှ ရှိမနေရာ မည်သည့် အောင်မြင်မှုကိုမှ ရရှိရန် မဖြစ်နိုင်သလို မည်သည့် အုံကြွမှုတို့ကိုမှလည်း မဖြစ်စေနိုင်ပေ။
“ကောင်းကင်မိခင်… ရွှီယန်က တကယ့်ကို ပါရမီရှင် တစ်ယောက်ပါ။ ဒီလောကမှာ သူကလွဲပြီး ဘယ်သူမှ နင်နဲ့ မထိုက်တန်ဘူး။ ငါက နင်ကောင်းဖို့အတွက်ပဲ လုပ်ခဲ့တာပါ”
ခုံရော့ကျစ်တစ်ယောက် ပိုမိုကာ ကြောက်ရွံ့လာခဲ့သည်။
စုလင်းရှုံက အေးစက်စွာ ရယ်၏။
“ငါ့ကိစ္စတွေကို ဝင်ဆုံးဖြတ်ဖို့ နင့်ကို ဘယ်သူက အခွင့်ပေးထားလို့လဲ”
တွင်းက တူးလို့ပြီးလေပြီ။ စကားတစ်ခွန်းမှ မဆိုပဲ ရှီအာက ခုံရော့ကျစ်ကို မကာ တွင်းထဲသို့ ပစ်ထည့်လိုက်သည်။ ခုံရော့ကျစ်က ရှီအာကို စူးစိုက်စွာ ကြည့်သည်။ ဒီခွေးကောင်သည် သူ့အတွက် မတောင်းပန်ပေးရုံမက အလွန် ရက်စက်စွာလည်း ပြုမူခဲ့၏။
စုလင်းရှုံက သူ့ကို လျှင်မြန်စွာပင် စတင် မြေမြှုပ်သည်။ ခုံရောက်ကျစ်မှာ ထိတ်လန့်မှုဖြင့် ဖြူရော်နေပါပြီ။ သူမက သူ့ကို အမှန်တကယ် အရှင်လတ်လတ် မြေမြှုပ်တော့မှာ ဖြစ်၏။
“ကောင်းကင်မိခင်.. ငါ့ရဲ့ အသက်ကို ချမ်းသာပေးပါ။ နောက်မလုပ်ရဲတော့ပါဘူး။ ငါက ရွှီယန်ကိုပဲ လိမ်ပြောလိုက်တာ။ နင့်ကို ဘာမကောင်းတဲ့ တွက်ချက်မှုမှ မလုပ်ခဲ့ဘူး။ ငါ့ကိုယုံ..”
စုလင်းရှုံက တွင်းကို လျှင်မြန်စွာ ဖြည့်နေ၏။ သူမ၏ ကျွမ်းကျင်ပိုင်နိုင်သည့် လှုပ်ရှားမှုများက ရှီအာကို တုန်ယင်သွားစေသည်။ ယခုကဲ့သို့ ကျွမ်းကျင်မှုမျိုးအား ရရှိနိုင်ရန် လူမည်မျှကို သူက မြှုပ်ခဲ့မည်နည်း။
စုလင်းရှုံ၏ မကောင်းမှု ပြုသူများအား တိုက်တွန်းမှုပြုကာ သူတော်ကောင်း ဖြစ်လာစေခဲ့သည့် ကောလဟာလများကို သူပြန်လည် စဉ်းစားမိသည်။ အနည်းဆုံး ဆယ်ဂဏန်းများစွာ ရှိ၏။ အားလုံးကို မြေမြှုပ်ခဲ့တာ ဖြစ်ပေလိမ့်မည်။
“ရှီအာ.. ငါ့အတွက် တောင်းပန်ပေးပါဦး”
ခုံရော့ကျစ်က ထိတ်လန့်စွာဖြင့် အော်၏။
စုလင်းရှုံ၏ ခိုင်မာပြတ်သားသည့် မျက်လုံးများကို တွေ့ရပြီးနောက် ရှီအာက သူ၏ပါးစပ်ကို တင်းကြပ်စွာ ပိတ်ထားသည်။ စကားတစ်လုံးကိုမှ ဆိုရဲခြင်း မရှိပေ။
သူသာ ခုံရော့ကျစ်အတွက် တောင်းဆိုပေးပြီး စုလင်းရှုံကို စိတ်တိုသွားစေပါက နောင်တွင် မည်သည့် ဆေးလုံးကိုမှ ထပ်မံရရှိနိုင်တော့မည် မဟုတ်လောက်ပေ။
ယခုအချိန်၌ မြေကြီးများက ခုံရော့ကျစ်၏ လည်ပင်းအထိ ရောက်ရှိလာပြီ ဖြစ်သည်။ သူက ထိတ်လန့်စွာဖြင့် အသက်ရှင်နိုင်မည့် နည်းလမ်းတစ်ခုအတွက် အမြန် အလုပ်ပေးသည်။
“ဒီဗိုင်းမီးကျောက်တုံး… ငါသေရင် ဘယ်သူက တူးပေးမှာလဲ။ အခုရှိနေတဲ့ ဒီဗိုင်းမီးကျောက်တုံး သတ္တုတွင်းက ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ. ငါတစ်ယောက်ပဲ သတ္တုတွင်းအသစ်ရဲ့ နေရာကို သိတယ်”
သူက အမြန် အော်ဟစ်စွာ ပြော၏။
စုလင်းရှုံက ရပ်တန့်သွားပြီး သူ့ကိုကြည့်သည်။
“နင်က.. ဒီဗိုင်းမီးကျောက်တုံး သတ္တုတွင်းအသစ်ကို သိတာလား”
“ဟုတ်တယ်။ ကံကောင်းပြီး ရှာတွေ့ခဲ့တာ။ ပုံမှန်ထက် အများကြီးတောင် ပိုကြီးသေးတယ်”
ခုံရော့ကျစ်က အမြန် ခေါင်းညှိတ်သည်။
စုလင်းရှုံက သူ၏ ဦးခေါင်းကို ဂေါ်ပြားနှင့် ထုကာ ပြောသည်။
“ဒီနေ့ကစပြီး နင့်ရဲ့ အသက်က ငါ့အပိုင်ပဲ။ ဒီဗိုင်းမီးကျောက်တုံးအတွက် နင်တာဝန်ယူရမယ်။ နားလည်လား”
“နားလည်ပါပြီ”
ခုံရော့ကျစ်က အမြန် ခေါင်းညှိတ်သည်။
စုလင်းရှုံက အနီနက်ရောင် ဆေးလုံးတစ်လုံးကို ထုတ်ကာ ရှီအာကို ပေးသည်။
“သူ့ကိုတိုက်လိုက်”
“ဟုတ်ကဲ့”
ရှီအာက ခေါင်းညှိတ်သည်။ ခုံရော့ကျစ်၏ စူးရဲသည့် အကြည့်များအောက်တွင် သူက ပါးစပ်ကို အတင်းဖြဲကာ ဆေးလုံးကို ထည့်လိုက်၏။ အတင်း မြို့ကျသွားစေသည်။
“ဒါက နှလုံးသားအရည်ပျော်ခြင်း ဆေးလုံးပဲ။ နှစ်ဝက်ကြာပြီးတိုင်းမှာ အာနိသင် ထကြွမှု ဖြစ်မယ်။ ဖြေဆေးမရှိရင် နင့်ရဲ နှလုံးသားကို တဖြည်းဖြည်း အရည်ပျော်စေပြီး နှစ်ပတ်အတွင်းမှာ သေဆုံးသွားရလိမ့်မယ်။ ဘယ်လို နာကျင်ခံစားရမယ် ဆိုတာကိုတော့ ငါပြောပြဖို့ မလိုဘူးထင်တယ်”
စုလင်းရှုံက ပြုံးသည်။
ခုံရော့ကျစ်၏ မျက်နှာက ဖြူရော်လာပြန်၏။
“ငါ့ရဲ့ သိုင်းပညာလမ်းစဉ်က ဒန်ဆေး သိုင်းပညာလမ်းစဉ်ပဲ။ ငါ့မှာ ကိုယ်ပိုင်း နည်းလမ်းတွေ အများကြီး ရှိတယ်။ ဒါ့ကြောင့် ငါ့ကို မလိမ်ညာပဲ ခိုင်းတဲ့တာဝန်ကို ကျေပြွန်အောင် လုပ်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင်တော့.. ဟန့်”
စုလင်းရှုံက ဂေါ်ပြားကိ ကောက်ကာ စံအိမ်ဆီသို့ ပြန်လည် လျှောက်ဝင်သွား၏။
“ကောင်းကင်မိခင်.. ကျေးဇူးပြုပြီး ငါ့ကို ထုတ်ပေးပါဦး”
ခုံရော့ကျစ်က အတင်း မြည်တမ်း၏။
“ရှီအာ.. ၂၄နာရီ ကြာပြီးမှ သူ့ကို တူးထုတ်ပေးလိုက်”
စုလင်းရှုံက ညွှန်ကြားသည်။ စံအိမ်အတွင်းသို့ ပြန်ပြီးနောက် စိတ်လှုပ်ရှားနေသည့် စုလင်းရှုံတစ်ယောက် သူမ၏ ဒန်ဆေးပညာ ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်သည်။
နောက်ဆုံးတွင် ဒီဗိုင်းမီးကျောက်တုံး လိုအပ်ချက်အား ဖြေရှင်းနိုင်ခဲ့ပါပြီ။ ဒန်ဆေးသန့်စင်ရာတွင် ဆေးပင် အရင်းအမြစ်မျးမှ လွဲ၍ အရေးအကြီးဆုံး ပြဿနာမှာ လောင်စာ လိုအပ်မှု ဖြစ်သည်။
“ဆိုးတာပဲ.. ဒီစွန့်ပြစ်ဒေသမှာ ဘာစိတ်ဝိညာဉ်ဆေးပင်မှ မရှိဘူး”
စလင်းရှုံက သက်ပြင်းချသည်။ စိတ်ဝိညာဉ်ဆေးပင်နှင့် သန့်စင်ထားသည့် ဆေးလုံးများတွင် အံ့ဩဖွယ်ကောင်းသည့် အာနိသင်တို့ ရှိနေမှာပါ။ ၎င်းတို့သည် မူလအဆင့်တွင်ပါ အကျိုးပြုနိုင်မှာ ဖြစ်၏။
ဒန်ဆေးသန့်စင်မှု မစခင်တွင် စုလင်းရှုံက မူကြမ်းရေးသည့် စာအုပ်ကိုယူကာ ပြီးခဲ့တုန်းက ဆေးလုံးများကို သန့်စင်လေ့ကျင့်ခဲ့သည့် အတွေ့အကြုံများနှင့် စိတ်ကူးစိတ်သန်း အသစ်များကို သုံးသပ်သည်။
ထို့နောက်မှ မီးကို စမြှိုက်ပြီး စတင် ဆေးသန့်စင်၏။
ကျိုးယင်က သူမ၏ဘေးတွင် စောင့်နေပါသည်။ ရှီအာလည်းပဲ ဆေးလုံး ထွက်လာမှုအတွက် စိတ်လှုပ်ရှားစွာ စောင့်စားနေ၏။
ရက်အနည်းငယ် ကြာပြီးနောက်..
စုလင်းရှုံက ကျင့်ကြံမှု အပြီးတွင် ဒန်ဆေးပညာ၌ ကိုယ့်ကိုယ်ကိုယ် နစ်မြောနေပါသည်။ သူမသည် ချီနှင့်သွေး ဆေးလုံးကို အောင်မြင်စွာ မသန့်စင်နိုင်သေးပေမယ့် ဆေးပညာနှင့် ပက်သက်သည့် အသိပညာ များမှာတော့ ကြီးစွာ တိုးပွားလာခဲ့၏။
ကျရှုံးခဲ့သည့် ဆေးလုံးများ အားလုံးကို ရှီအာအား စားသုံးရန် ပေးလိုက်သည်။ မည်သည့် ဖြုန်းတီးမှုမှ ဖြစ်စေမည်မဟုတ်ပေ။