← Chapters

အခြေခံ ဒန်ဆေးပညာအား တတ်မြောက်ခြင်း(၂)

Vol. 10 Ch. 143

အခြေခံ ဒန်ဆေးပညာအား တတ်မြောက်ခြင်း(၂)

Vol. 10 Ch. 143

ရှီအာမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။ သူ၏ ချီနှင့်သွေးတို့ ကြီးထွားမှု များစွာ ပိုမိုလျှင်မြန်လာမှုကို ခံစားရသည်။ 

ရွှီယန်နှင့် မုန့်ချုံတို့လည်း ရံဖန်ရံခါ တောင်စောင်းမှ ပြန်လာပြီး စုလင်းရှုံ၏ ဒန်ဆေးလုံး သန့်စင်မှုကို ကြည့်ရှုလေ့ရှိ၏။ 

ရက်အနည်းငယ်တို့ ကုန်လွန်သွားသည်။ မည်သည့် စစ်ဘုရင်မျ ထပ်မံလာရောက် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ကျိုးယင်လည်း နောက်ဆုံးတွင် စိတ်သက်သာရာ ရသွား၏။ သူမတို့၏ တည်နေရာ မပေါက်ကြားသွားခဲ့သည့် ပုံပါ။ 

ထိုနေ့တွင် လီရွှမ်တစ်ယောက် ကျင့်ကြံမှု ပြုနေသည့် စုလင်းရှုံကို ကြည့်ကာ နက်ရှိုင်းစွာ အတွေးနက်သွားပြန်၏။ 

“တစ်ခုခု မှားနေပြီ။ ဒါက ရွှေအရိုး သန့်စင်တာကို ရောက်လုနီးပါးပဲ”

စလင်းရှုံ၏ ကျင့်ကြံမှု အမြန်နှုန်းမှာ ထင်ထားသည်ထက် များစွာ ကျော်လွန်နေပါသည်။ ယခုအချိန်၌ စံအိမ်၏ ခြံဝန်းသည် ဗလာကျင်းလင်း ဖြစ်မနေတော့ပါ။

အဲ့ဒီအစား ပန်းနှင့် သစ်ပင် မျိုးစုံတို့ကို စိုက်ပျိုးထားပြီး ပန်းပွင့်များက မြိုင်မြိုင်ဆိုင်ဆိုင် ဖူးပွင့်ကာ ညင်သာည့် ပန်းရနံ့သင်းသင်းကို ထုတ်လွှန်နေပါသည်။ ထိုအရာအားလုံးတို့ကို စုလင်းရှုံက စိုက်ပျိုးခဲ့ခြင်း ဖြစ်၏။ 

“ဒီကောင်မလေးမှာ အထူးသီးသန့် ခန္ဓာကိုယ်တည်ဆောက်မှု တစ်မျိုးမျိုးများ ပိုင်ဆိုင်ထားတာလား”

“အဲ့ဒီအပြင် အဲ့ဒီ ခန္ဓာကိုယ်က ဒန်ဆေးသိုင်းပညာ ကျင့်ကြံမှုနဲ့ ပြီးပြည့်စုံအောင် လိုက်ဖက်ညီနေတာ ဖြစ်မယ်။ အဲ့ဒါကြောင့်သာ သူမကျင့်ကြံတာ ဒီလောက်တောင် မြန်နေတာ”

လီရွှမ်တစ်ယောက် ထိုဖြစ်နိုင်ချေကို ဟုတ်လောက်သည်ဟု ခံစားရသည်။ 

“အသက်လေးနှစ်အရွယ်မှာ ဆေးပညာကို လေ့လာခဲ့ပြီး.. အသက်ခြောက်နှစ်မှာ လူတွေကို ဆေးကုသပေးတယ်..”

စုလင်းရှုံ၏ ဆေးပညာအရာတွင် မကောင်းဆိုးရွား ဆန်လောက်အောင် ပါရမီကောင်းပုံအား စဉ်းစားကာ ချီးကျူးနေမိ၏။ 

သူမ၏ ကျင့်ကြံမှုအပြီးတွင် စုလင်းရှုံသည် ဆေးသန့်စင်မှုကို ဆက်လက်ပြုလုပ်၏။ 

“သူမရဲ့ ဆေးသန့်စင်မှုက အောင်မြင်အံ့ဆဲဆဲကို ရောက်နေလောက်ပြီ။ မကြာခင် ဆေးပညာကို နားလည်သဘောပေါက်တော့မယ် ထင်တယ်”

လီရွှမ်က မျှော်လင့်နေ၏။ 

သုံးရက်ကြာပြီးနောက် စုလင်းရှုံက ယုံကြည်ချက်အပြည့်နှင့် ဆေးသန့်စင်မှု တစ်သုတ်ကို စတင်ပြုလုပ်သည်။ ချီနှင့်သွေး ဆေးလုံးကိုသာ ဆက်လက် သန့်စင်ဆဲ ရှိ၏။ 

ရွှီယန်နှင့် မု့န်ချုံတို့ နှစ်ယောက်လည်း ဂျူနီယာညီမ ဖြစ်သူ၏ ဒန်ဆေးသန့်စင်မှုအား ကြည့်ရှုရန်အတွက် ပြန်လာကြသည်။ သူမ၏ စကားအရ ဒီတစ်ကြိမ်တွင် သေချာပေါက် အောင်မြင်မှု ရမည့်ပုံ ရှိသည်။ 

ဒီဗိုင်းကျောက်တုံး၏ မီးကို ညှိလိုက်သည်။ ဆေးပေါင်းအိုးကို အပူပေး၏။ 

အကြိမ်ကြိမ် အကျဉ်းချုပ်ကာ လေ့ကျင့်မှုအပြီးတွင် စုလင်းရှုံ၏ ဆေးသန့်စင်ခြင်း တိုးတက်မှုက အံ့ဩစရာ ကောင်းလောက်အောင် ကျွမ်းကျင်လာခဲ့ပြီး ဖြစ်သည်။ သူမသည် ဆေးကုန်ကြမ်းများကို ဆေးပေါင်းအိုးအတွင်းသို့ ထည့်ကာ အပူချိန်ကို ခံစား၏။

လက်ကို စည်းချက်ညီညီ ပုတ်ရိုက်သည်။ စွမ်းအင်က ဆေးပေါင်းအိုးကို လှုပ်ခါစေပြီး သူမ၏ လှုပ်ရှားမှုများက စည်းချက်နှင့် သင်္ကေတတစ်ခုနှယ် စီးမျောနေပါသည်။ 

ဤသည်မှာ အကြိမ်ကြိမ် ကြိုးစားမှုအပြီး၌ သူမ ဖန်တီးခဲ့သည့် ဆေးသန့်စင်ခြင်းအတတ် ဖြစ်သည်။ နောက်ဆုံးတွင် ဆေးသန့်စင်သည်၏ နောက်ဆုံးအဆင့် ဖြစ်သည့် ဆေးစုစည်းခြင်းသို့ ရောက်ရှိလာ၏။ 

“ဒီတစ်ကြိမ်မှာ သေချာပေါက် အောင်မြင်ရမယ်”

စုလင်းရှုံက မျှော်လင့်စွာဖြင့် လက်သီးလေးနှစ်ဖက်ကို ဆုပ်ထားသည်။ 

“ပေါ့”

ဆေးပေါင်းအိုး အဖုံးကို ဖွင့်ပြီး အိုးကို စောင်းလိုက်ချိန်၌ ဆေးလုံသုံးလုံးတို့ ကျဆင်းလာခဲ့၏။ ရွှီယန်နှင့် မုန့်ချုံတို့က စုလင်းရှုံ၏ ကြိုးစားမှု ရလဒ်ကို စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းအုံကြည့်ကြသည်။

စုလင်းရှုံ၏ နုနယ်သည့် လက်ဖဝါးအတွင်းတွင် အဖုအထစ်များနှင့် အနက်ရောင် ဆေးလုံးတစ်လုံး ရှိနေ၏။ အခြား နှစ်လုံးမှာတော့ ချောမွေ့ကာ အုန်းခွံရောင် ရှိ၏။ ရနံ့တစ်ခုကို ရေးတေးတေး ထုတ်လွှတ်နေပါသည်။ 

‘သူမ လုပ်နိုင်ခဲ့ပြီ’

“ဂုဏ်ယူပါတယ် ဂျူနီယာညီမလေး.. ဆေးသန့်စင်မှုကို အောင်မြင်ခဲ့ပြီ”

ရွှီယန်နှင့် မုန့်ချုံတို့က စိတ်လှုပ်ရှားစွာ‌ အော်လိုက်ကြ၏။ 

“ခစ်ခစ်… နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ”

စုလင်းရှုံက ခုန်ပေါက်စွာဖြင့် သူမ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေပါသည်။ သူမ၏ ပါးနှစ်ဖက်က နီရဲနေ၏။ 

ကျရှုံးခဲ့သည့် ဆေးလုံးကို ဂရုမစိုက်စွာဖြင့် ရှီအာဆီသို့ ပစ်ပေးလိုက်ပြီးနောက် အောင်မြင်သည့် ဆေးနှစ်လုံးတို့ကို ယူဆောင်ကာ ဆရာ့ဆီသို့ အမောတကော ပြေးကာ ပြောသည်။ 

စုလင်းရှုံ၏ ဆေးလုံး သန့်စင်မှု အောင်မြင်ချိန်တွင် ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် လီရွှမ်လည်း ရွှေရောင် အလင်းတစ်ခု ပေါ်လာမှုကို တွေ့လိုက်ရ၏။ သူက ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ 

“သင်၏တပည့် စုလင်းရှုံသည် သင်တီထွင်လိုက်သည့် ဒန်ဆေးသန့်စင်ခြင်း ပညာကို နားလည်သဘောပေါက်ပြီး ဆေးသန့်စင်ခြင်းကို အောင်မြင်စွာ တတ်မြောက်သွားခဲ့သည်။ သင်၏ အခြေခံ ဒန်ဆေးသန့်စင်ခြင်း အတတ်သည် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသည်”

သူ၏ စိတ်ထဲတွင် ဆေးသန့်စင်ခြင်းနှင့် ပက်သက်သည့် အသိအမြင်များ ပေါ်လာခဲ့၏။ သို့ပေမယ့် ဤသည်မှာ အခြေခံသာ ဖြစ်ပါသည်။ 

“ဒါက အခြေခံလေးပဲ ဆိုတော့.. နောက်ပိုင်းမှာ တိုးတက်စရာ အခန်းကဏ္ဍတွေ ရှိသေးတာပေါ့”

လီရွှမ်က ရုတ်တရက် စိတ်ကူးတစ်ခု ရလာခဲ့၏။ 

“တတိယတပည့် နားလည်သဘောပေါက်ခဲ့တဲ့ ဒန်ဆေးပညာ လျှို့ဝှက်ကျမ်းနဲ့ ဆေးသန့်စင်ခြင်း အတတ်က ပဏာမလေးပဲ ရှိတယ်။ ရှေ့ပြေးအသွင်လေးပဲ။ ငါရထားတာကတော့ အပြည့်အစုံ ဖြစ်တယ်။ ငါသာ ပြည့်စုံတဲ့ ဒန်ဆေးပညာ လျှို့ဝှက်ကျမ်းနဲ့ အ‌ခြေခံ ဆေးသန့်စင်ခင်း အတတ်ကို လက်ဆင့်ကမ်းပေးလိုက်ရင်..”

“ဒါဆိုရင် အဲ့ဒီဟာအပေါ်မှာ အခြေခံပြီး သူမ အဆင့်ပိုမြင့်တဲ့ ဒန်ဆေးပညာလျှို့ဝှက်ကျမ်းနဲ့ ဆေးသန့်စင်ခြင်း အတတ်တွေကို နားလည်လာလောက်မလား”

“အဲ့လိုသာ အလုပ်ဖြစ်ရင် ဒီနည်းလမ်းကို အသုံးပြုပြီး ရွှေလက်ချောင်းကို အကြိမ်ကြိမ် အခွင့်အရေးယူလို့ ရပြီ”

ထိုစိတ်ကူး ထွက်ပေါ်လာသည်နှင့် လီရွှမ်တစ်ယောက် စမ်းသပ်ကြည့်ရန် ထိုက်တန်သည်ဟု ပိုမို၊ ပိုမိုကာ တွေးမိလာခဲ့သည်။ ဘာပဲဖစ်ဖြစ် ဒန်ဆေးပညာ လျှို့ဝှက်ကျမ်းနှင့် ဆေးသန့်စင်ခြင်း အတတ်တို့မှာ သိုင်းကျင့်စဉ်နှင့် ခြားနား၏။ 

သိုင်းပညာအပေါ် တပည့်များ နားလည်မှုရသည်မှာ သက်ဆိုင်ရာ ကျွမ်းကျင်မှုအရာသာ ကွာခြားပြီး သင်ပေးစရာ ဘာမှမရှိပေ။

သို့ရာတွင် ဓါတုဆေးပညာနှင့် ဆေးသန့်စင်ခြင်းမှာတော့ ခြားနားသွားပါပြီ။ စုလင်းရှုံတွင် ၎င်းတို့နှင့် ပက်သက်ပြီး ပဏာမ နားလည်မှုသာ ရှိ၏။ သူကတော့ ပြည့်စုံကာ အနာအဆာ ကင်းမဲ့သည့် နားလည်သဘောပေါက်မှုမျိုးကို ရရှိထားခြင်း ဖြစ်သည်။ 

တပည့်များကို သင်ကြားပေးခြင်းက သူမ၏ ဆေးသန့်စင်ခြင်းအပေါ် နားလည်သဘောပေါက်မှုအား ပိုမို ကျစ်လစ်လာစေကာ လျှင်မြန်သည့် လေ့လာမှုကို ပြုနိုင်ပြီး ပိုမိုအဆင့်မြင့်မားသည့် ဒန်ဆေးလျှို့ဝှက်ကျမ်းနှင့် ဆေးသန့်စင်ခြင်း စွမ်းရည်တို့ကို ရရှိလာနိုင်သည်။ 

“ဖြစ်နိုင်တာက.. ဒါလည်း အလုပ်ဖြစ်လောက်တယ်”

လီရွှမ်တစ်ယောက် စိတ်လှုပ်ရှားမှု တစ်လှိုင်းကို ခံစားလာရသည်။ ဤသည်သာ အလုပ်ဖြစ်ပါက သူသည် အကျိုးအမြတ်များကို ဆက်တိုက် ရိတ်သိမ်းယူပြီး ရွှေလက်ချောင်းမှတစ်ဆင့် ဒန်ဆေးပညာ နိယာမအား ဖမ်းဆုပ်နိုင်မှုတို့ မြင့်တက်လာမှာ ဖြစ်သည်။ ကျင့်စဉ်သာလျှင် ကျန်ရစ်မည် ဖြစ်၏။ 

စုလင်းရှုံမှာ အလွန် စိတ်လှုပ်ရှားနေ၏။ သူ့ဆီသို့ အပြေးကလေး ရောက်လာခဲ့သည်။ သူမ၏ မျက်လုံးများ၌ ကြယ်ပွင့်လေးများ လင်းလက်နေကာ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို ဖုံးကွယ်၍ မရနိုင်အောင် ရှိနေပါသည်။ 

နူးညံ့သည့် လက်ဖဝါးလေးကို ဖွင့်ကာ ပြော၏။ 

“ဆရာ.. ကျွန်မ ချီနဲ့သွေး ဆေးလုံးကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ပြီ”

နီညိုရောင် ဆေးလုံးနှစ်ခုတို့ကို ကြည့်ကာ လီရွှမ်က ကျေနပ်စွာ ခေါင်းညှိတ်သည်။ 

“တော်တယ်။ ဒီလို အချိန်တိုအတွင်းမှာ အခြေခံ ဆေးသန့်စင်ခြင်းကို နားလည်သဘောပေါက် နိုင်တာက ဆရာ့ကို ဂုဏ်ယူရစေတယ်”

“ဒီနေ့ကစပြီး နင်က ငါ့ရဲ့ တရားဝင်တပည့်ပဲ”

ဆရာဖြစ်သူ၏ အသိအမှတ်ပြုမှုကို ရရှိပြီး စစ်မှန်သည့် တပည့်တစ်ယောက် ဖြစ်လာပြီးနောက် သူမ၏ မောင်းထုတ်ခံရမည်အား စိုးရိမ်စရာ မရှိတော့ပါ။ နောက်ဆုံးတွင် စိတ်အေးလက်အေးနှင့် နှလုံးသားထဲရှိ အပူလုံးကို ငြှိုးသတ်နိုင်ပြီ ဖြစ်၏။ 

“ကျေးဇူးတင်ပါတယ် ဆရာ”

“အခု ဆေးသန့်စင်ခြင်းရဲ့ အခြေခံကို ဖမ်းဆုပ်မိပြီ ဆိုတော့ ဒီနေ့မှာ ဆရာ နင့်ကို နည်းစနစ်အချို့ ပြပေးမယ်”

လီရွှမ်က ပြုံးသည််။ 

ဒီအချိန်သည် သူ၏ ကြီးမားသည့် စွမ်းအားကို ပြသရန် အချိန် ရောက်လာပြန်လေပြီ ဖြစ်၏။ 

ထိုစကားကို ကြားရပြီးနောက် စုလင်းရှုံက ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ ဆရာသည် ဆေးသန့်စင်ခြင်းကို ပြသတော့မည် ဖြစ်၏။ 

ရွှီယန်နှင့် မုန့်ချုံတို့လည်း မျှော်လင့်မှုတို့ဖြင့် ပြည့်နှက်နေပါသည်။  ဆရာဖြစ်သည်သည် ဆေးသန့်စင်မှုကို ကိုယ်တိုင် လုပ်ဆောင်ပြတော့မည်လား။ 

လီရွှမ်က လက်ကိုမြှောက်လိုက်ပြီးနောက် ဆေးပေါင်းအိုးက ပျံသန်းလာခဲ့သည်။ 

“ဒီနေ့မှာ ဆရာ နင့်ကို ဒန်ဆေးပညာရဲ့ အခြေခံကို ပိုင်နိုင်တယ်ဆိုတာ ဘယ်လိုလဲလို့ ပြပေးမယ်”

“ဟုတ်ကဲ့ပါဆရာ”

စုလင်းရှုံက ဆေးပေါင်းအိုးကို တောက်ပသည့် မျက်လုံးများဖြင့် ကြည့်နေ၏။ သူမ၏ မျက်ဝန်းဝိုင်းများက ပြူးကျယ်နေပါသည်။ 

“ချီနဲ့သွေး ဆေးလုံးကိုပဲ သန့်စင်တာပေါ့”

လီရွှမ်က ပြောလိုက်ရင်းနှင့် လက်ကိုဆန့်ကာ ချီနှင့်သွေး ဆေးလုံးကို ပြုလုပ်ရန်အတွက် တိကျစွာ လိုအပ်သည့် ဆေးကုန်ကြမ်း ပမာဏကို ယူလိုက်သည်။ ဘယ်ဘက်လက်နှင့် ဆေးပေါင်းအိုးကို ကိုင်ကာ မီးတောက်ကဲ့သို့ အစစ်အမှန်ချီက ထွက်ပေါ်လာ၏။ 

ခဏအတွင်းတွင် အိုးက နီလာခဲ့သည်။ အတွင်းထဲသို့ ဆေးပင်များကို ပစ်ထည့်ရင်းက မတ်တပ်ရပ်ခြင်း မရှိပဲ ကုလားထိုင်ပေါ်တွင် ထိုင်ရင်းက ဆေးသန့်စင်၏။ 

လေထဲတွင် လွင့်လူးနေသည့် ဆေးပေါင်းအိုးကို အစစ်အမှန်ချီက ဝန်းရံနေပြီး အိုး၏ လှည့်ပတ်လာမှုနှင့်အတူ သန့်စင်မှုလည်း စတင်သည်။ စုလင်းရှုံ၏ မျက်နှာပေါ်တွင် အံ့ဩမှုတို့ အရှင်းသား ပေါ်လာခဲ့၏။

‘ဒါက အခြေခံ ဆေးသန့်စင်ခြင်း အတတ်လား’

ထိုအချိန်၌ သူမဟာ အနည်းငယ် နေရခက်စွာ ခံစားလိုက်ရသည်။ သူမသည် ဆေးပညာ အခြေခံကိုပင် ပြည့်စုံစွာ နားလည်သဘောပေါက်မှု မရှိသေးပေ။ 

ဆရာ၏ ဆေးသန့်စင်ပုံကို ကြည့်ရသည်မှာ တိမ်များ၊ ရေများ စီးဆင်းနေသည့်နှယ် ရှိ၏။ ပေါ့ပါးကာ တင့်တယ်လှသည််။ အားစိုက်ထုတ်စရာ လုံးဝ မလိုသကဲ့သို့ ရှိ၏။ ထို့အပြင် ဆရာသည် ကုလားထိုင်ပေါတွင် သက်တောင့်သက်သာ ထိုင်နေဆဲ ရှိသည်။ 

ရွှီယန်နှင့် မုန့်ချုံတို့လည်း တူညီစွာ အံ့ဩနေပါသည်။ ဆေးသန့်စင်ခြင်းအတတ်၏ အခြေခံသည် ထိုမျှ မှော်ဆန်လှသည်လား။ ထိုသို့ဆိုပါက ပိုမို အဆင့်မြင့်မားသည့် အတတ်များသာ ဆိုပါက မည်ကဲ့သို့ ဖြစ်မည်နည်း။

သူတို့အနေနှင့် စိတ်ကူးရဲခြင်းပင် မရှိတော့ပေ။ 

ရှီအာနှင့် ကျိုးယင်တို့၏ မျက်လုံးများလည်း ပြူးကျယ်နေပြီး မျက်တောင်မခတ်ရဲအောင် ရှိနေပါသည်။ နှလုံးသားထဲရှိ အံ့ဩမှုတို့ကို ဖော်ပြရန်ပင် မတတ်နိုင်အောင် ရှီနေ၏။ 

တပည့်များ၏ အသွင်အပြင်တို့ကို တွေ့ရပြီးနောက် လီရွှမ်၏ နှလုံးသားထဲတွင် အောင်မြင်စွာ ခံစားလိုက်ရသည်။ ဤသည်မှာ ဆရာသခင်တစ်ယောက်၏ စွမ်းအား ဖြစ်၏။ 

“ဖောက်”

ဆေးပေါင်းအိုး၏ အဖုံး ပွင့်သွားပြီးနောက် ဆေးလုံး၁၂လုံးတို့ ပျံထွက်လာခဲ့သည်။ လီရွှမ်က လက်ယက်လိုက်ပြီးနောက် ဆေးလုံးအားလုံးတို့ သူ၏ လက်ထဲသို့ ပျံသန်းလာခဲ့၏။ သူ၏ ဆေးလုံးများသည် တောက်ပနေပြီး ကြွယ်ဝသည့် သင်းရနံ့တို့ဖြင့် ပြည့်နှက်နေပါသည်။ စုလင်းရှုံ သန့်စင်ခဲ့သည်များထက် များစွာ ပိုမိုသာလွန်၏။ 

သူက လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ဆေးပေါင်းအိုးက မီးဖိုဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ 

“နင်နားလည်ပြီလား”

သူက စုလင်းရှုံကို ကြည့်ကာ မေးသည််။ 

“သန့်စင်ခြင်းအတတ်ကို မှတ်မိပါတယ်။ ဒါပေမယ့် သိုင်းပညာမှာ မစတင်ရသေးတော့ ဆရာ့လိုမျိုး လိုက်လုပ်နိုင်မှာ မဟုတ်ဘူး”

စုလင်းရှုံက ရှက်ရွံ့စွာဖြင့် ဖြေကြားသည်။ 

“နည်းစနစ်ကိုပဲ မှတ်သားမထားနဲ့။ ငါပြတာက နည်းပညာကို မဟုတ်ဘူး။ ဆေးသန့်စင်ခြင်းမှာ ပါဝင်တဲ့ လျှိုဝှက်ဆန်းကြယ်မှုနဲ့ သဘောတရားတွေကိုပဲ။ အဲ့ဒါတွေကို နင်လေ့လာရမယ်”

“အဓိပ္ပာယ်ကိုပဲ ဖမ်းဆုပ်.. အသွင်သဏ္ဍာန် မဟုတ်ဘူး”

လီရွှမ်က လေးနက်စွာ ညွှန်ကြား၏။ 

အတင်း ပုံတူလိုက်လုပ်ခြင်းမှာ လူတစ်ယောက်၏ ဆေးသန့်စင်ခြင်း အတတ်ကို မြှင့်တင်ရန် မည်ကဲ့သို့ အကူအညီ ဖြစ်မည်နည်း။ 

“ဟုတ်ကဲ့ပါဆရာ။ တပည့် နားလည်ပါပြီ”

စုလင်းရှုံက လေးစားစွာ ပြောသည်။ 

လီရွှမ်က ချီနှင့်သွေး ဆေးလုံးကို ရွှီယန်အား အသာပေးလိုက်၏။ ရွှီယန်မှာ ဒီဆေးလုံးများကို လိုအပ်နေပါသည်။ မိဘများနှင့် ဆွေမျိုးများ၏ လေ့ကျင့်မှုအတွက် ပေးနိုင်၏။ 

မုန့်ချုံမှာတော့ သူ၏ ချီနှင့်သွေးမှာ ပြီးပြည့်စုံလုနီးပါးသို ရောက်ရှိနေပြီး ဒီဆေးလုံး၏ အကူအညီအား လိုအပ်ခြင်း မရှိပေ။ 

“အခု.. နင့်ကို ငါကိုယ်တိုင်လည်း သရုပ်ပြပေးပြီးသွားပြီ ဆိုတော့ ဆေးသန့်စင်ခြင်းရဲ့ ပြည့်စုံတဲ့ အခြေခံနဲ့ ဒန်ဆေး ရတနာကျမ်းကို သင်ကြားပေးမယ်”

သူ၏ ကျွမ်းကျင်မှုကို ပြသပြီးနောက် လီရွှမ်က စုလင်းရှုံကို ဆေးသန့်စင်ခြင်း၏ ပြည့်စုံသည့် အခြေခံနှင့် ဒန်ဆေး ရတနာကျမ်းတို့ကို စတင် သင်ကြားပေးသည်။ 

ဆေးသန့်စင်ရန်အတွက် ဒီဗိုင်းမီးကျောက်တုံး အနည်းငယ်သာ ကျန်ပါတော့သည်။ ရှီအာက ပြန်လည်ဖြည့်တင်းရန်အတွက် ခုံရော့ကျစ်ကို သွားရောက် လှုံ့ဆော်၏။ 

ကျိုးယင်က ခြံဝန်းကို သန့်ရှင်းရေးလုပ်ခြင်း၊ အပင်များကို ရေလောင်းခြင်းဖြင့် အလုပ်ရှုပ်နေပါသည်။ ရွှီယန်က ဆေးလုံးများကို ယူကာ အိမ်သို့ ပြန်သွားပြီး မုန့်ချုံက တောင်စောင်းသို့ သွားရောက်ကာ ဆေဘာကို ဆက်လက်ပျိုးထောင်၏။ 

လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ စုလင်းရှုံအား သင်ကြားပေးသည်။ ဒန်ဆေး ရတနာကျမ်းတွင် ဒန်ဆေးလုံးများအတွက် ဖော်မြူလာ များစွာတို့ ရှီနေ၏။ ၎င်းတွင် ဆေးပင်များအား မည်ကဲ့သို့ ပေါင်းစပ်ရမည့် သီအိုရီများလည်း ရှင်းလင်းစွာ ပါရှိသည်။ ဤသည်က စုလင်းရှုံအတွက် ဒန်ဆေးလမ်းစဉ်ကို လေ့လာရာ၌ ဉာဏ်အလင်းရစေရန် အကူအညီ ဖြစ်စေသည်။

All Chapters