← Chapters

မိုးကောင်းကင်က ငါရွှယ့်လင်းကျစ်ကို သေအောင် ပစ်မထားခဲ့ဘူး(၂)

Vol. 10 Ch. 145

မိုးကောင်းကင်က ငါရွှယ့်လင်းကျစ်ကို သေအောင် ပစ်မထားခဲ့ဘူး(၂)

Vol. 10 Ch. 145

"ဆရာ ကျွန်တော်တို့တွေ ရှေ့ကိုဆက်ပြီးတော့ သွားကြမှာလား.."

ရှေ့ဆုံးမှ လျှောက်လှမ်းသည့် တပည့်က ညပုလဲတစ်ခုကို ထုတ်လိုက်သည်။ အက်ကွဲကြောင်းကို လင်းလက်လာစေ၏။

မှိန်ပြသည့် အလင်းအောက်တွင် သူတို့ ရှေ့ကို လှမ်းမျှော်ကြည့်ကြ၏။ နက်ရှိုင်းသည့် အက်ကွဲကြောင်းက လူများကို ဝါးမြိုလိုသည့်နှယ် ရှိနေပါသည်။

"ငါငယ်ငယ်တုန်းက အကြောက်တရားကြောင့် ဒီကြီးမားတဲ့ အခွင့်အရေးကို လက်လွှတ်ခဲ့ရတယ်။ မင်းတို့လည်း ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံး ချင်လို့လား.."

"မုန့်ချုံရဲ့ စွမ်းအားကို စဉ်းစားကြည့်။ မင်းတို့တွေ သူ့လို မဖြစ်ချင်ကြဘူးလား.."

အကြီးအကဲဝူက နက်ရှိုင်းသည့် အသံဖြင့် ပြော၏။

"ဆရာပြောတာ မှန်ပါတယ်.."

သူ၏ တပည့်များလည အံကိုကြိတ်ကာ ရှေ့သို့သာ  ဆက်လက်ထွက်ခဲ့ကြ၏။ အက်ကွဲကြောင်းက အောက်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ အရင်ကထက် ပိုမိုနက်ရှိုင်းကာ ပိုမို ညှို့မှိုင်းလာခဲ့၏။ အေးစက်သည့် လေကလည်း ပိုမိုကာ ပြင်းထန်လာခဲ့သည်။

အပူချိန်ဟာ ဆက်တိုက် ကျဆင်းလာ နေ၏။ ၃ယောက်သား အကြောက်တရားတို့ လွှမ်းခြုံလာပြီး လက်လျှော့ကာ နောက်သို့ ပြန်ဆုတ်တော့မှာပါ။

ရုတ်တရက် အရှေ့ဘက်မှ အလင်းရောင်သဲ့သဲ့ တစ်ခုကို တွေ့လိုက်ရ၏။

"မြန်မြန်လေး... ငါတို့တွေ ရောက်ခါနီးပြီ... ငါတို့ရဲ့အခွင့်အရေးကို မြင်နေရပြီ.."

အကြီးအကဲဝူက ပျော်ရွှင်စွာဖြင့် အသံပြု၏။ ၃ယောက်သားက အလျှင်အမြန် ရှေ့သို့တက်ကာ အလင်းရောင်၏ အရင်းအမြစ်ဆီသို့ ရောက်လာကြသည်။

ဤသည်မှာ ဂူတစ်ခု ဖြစ်ကြောင်းကို တွေ့လိုက်ရ၏။ ဂူ၏ အလယ်တွင် ရေကန်တစ်ခု ရှိသည်။ ရေကန်က ငွေရောင်အလင်းဖျဖျကို ထုတ်လွှတ်နေပြီး ဂူကိုအလင်းရောင်တစ်ခု ပေးစွမ်းထား၏။

"ဒါကဘာလဲ.."

ကန်၏ ပတ်ဝန်းကျင်တွင် ငွေရောင်မြက်အချို့ ပေါက်နေပါသည်။ လူကို စိတ်ဝိဉာဉ်ဆိုင်ရာ ဆွဲဆောင်မှု တစ်ခုအား ပေးစွမ်းနေ၏။

ဂူ၏ ကျောက်နံရံပေါ်တွင် အချို့ သင်္ကေတများကို  ရေးတေးတေး ထွင်းထုထားပုံ ပေါ်သည်။

"ဒါတွေက သိုင်းကျင့်စဉ်တွေလား။ ပြီးတော့ ဒီကန်ထဲကရေက ရတနာများလား.."

အကြီးအကဲဝူက ဂူအတွင်းသို့ စိတ်လှုပ်ရှားစွာဖြင့် လျှောက်ဝင်သွားသည်။ တပည့်နှစ်ယောက်လည်း သူတို့၏ ရှာဖွေတွေ့ရှိမှုအတွက် အလွန်စိတ်လှုပ်ရှားနေကြ၏။

၃ယောက်သား ကန်၏ အစွန်သို့ ရောက်လာပြီး  ငွေရောင်မြက်အချို့ကို ကြည့်သည်။ ၎င်းတို့သည် သိသာစွာပင် သာမန် အဖိုးတန်ဆေးပင်များပင် မဟုတ်လောက်ပေ။

ကန်ထဲရှိ ရေက ငွေရောင်အလင်းတစ်ခုကို ထုတ်လွှတ်နေပြီး လှပကာ အိပ်မက်ဆန်၏။ ဤသည်မှာ ရတနာဖြစ်ပါသည်။

"ဆရာ ကျွန်တော်ငယ်ငယ်တုန်းက ပုံပြင်စာအုပ် တစ်အုပ်ကို ဖတ်ခဲ့ဖူးတယ်။ ဒီလောကကြီးမှာ ခန္ဓာကိုယ်ကို သန့်စင်ပြီး ငယ်ရွယ်မှုကို ပြန်လည်ရရှိစေနိုင်တဲ့ စိတ်ဝိဉာဉ် ရေတစ်မျိုး ရှိတယ်တဲ့။ ဒါများ ဖြစ်နေမလား.."

တပည့်တစ်ယောက်က ပြောလိုက်ရင်းမှ သူ၏ အဝတ်အစားတို့ကို ချွတ်ကာ ကန်အတွင်းသို့  လျှောက်ဝင်သွားသည်။

ထိုပုံကိုတွေ့ရပြီးနောက် အခြားတပည့်ကလည်း အဝတ်များကို လျှင်မြန်စွာ ချွတ်ပြီး ကန်အတွင်းသို့ လျှောက်ဝင်သွား၏။ ကိုယ်ကို ရေထဲတွင် စိမ်လိုက်သည်။

"ဆရာ.. မြန်မြန်လေး ဝင်လာခဲ့လေ။ ဒီကန်ထဲက ရေက အရမ်းကို ကြည်လင်တယ်။ ပင်ပန်းနွမ်းနယ်မှုတွေအားလုံး ပျောက်ကွယ်သွားတယ်လို့ ခံစားရတယ်.."

တပည့်တစ်ယောက်က အော်၏။

အကြီးအကဲဝူက  ဒေါသတကြီး ပြောသည်။

"မင်းတို့က တကယ့်ကို တုံးတာပဲ။ ဒီစိတ်ဝိဉာဉ်ရေက သောက်တဲ့အခါမှပဲ အာနိသင်အကောင်းဆုံး ပြတာ။ မင်းတို့တွေ ဒီလိုမျိုး ဝင်စိမ်နေတာက ရေကို ညစ်ညမ်းသွားစေတာပေါ့.."

တပည့်နှစ်ယောက်က ခဏတာ မှင်သက်သွား၏။ ငိုင်တိုင်စွာ ဖြစ်သွားကြသည်။

"လူငယ်တွေများ..."

အကြီးအကဲဝူက သက်ပြင်းချကာ ခေါင်းကိုရမ်းသည်။သူလည်း ကိုယ့်ကိုယ်ကို အဝတ်များချွတ်ပြီး ရေထဲသို့ ဆင်းတော့မှာပါ။ သူ့ကိုသာ ပြန်လည်ငယ်ရွယ်လာစေပါက...

ရုတ်တရက် သူ၏ ပုံစံက အေးခဲသွား၏။ တစ်ခုခု မှားယွင်းနေပါပြီ။ တပည့်နှစ်ယောက်တို့သည် ငိုင်တိုင်စွာ ရပ်နေပြီး သူတို့၏ မျက်လုံးများလည်း ရီဝေနေကြ၏။

အသိစိတ်တို့ ပျောက်ကွယ်သွားသည့်ပုံ ပေါ်သည်။

သူသည် အတွေ့အကြုံ ကြီးရင့်ကာ သေစေနိုင်သည့် အန္တရာယ်များစွာတို့ကို ရှောင်ကြဉ်နိုင်ခဲ့၏။ ဒီအချိန်တွင်လည်း နောက်သို့လှည့်ကာ တုံ့ဆိုင်းခြင်း မရှိဘဲ ဂူ၏ အပြင်ဘက်သို့ ထွက်ပြေးလေတော့သည်။

ယခုအချိန်၌ သူ၏ ခန္ဓာကိုယ်က ခွန်အားအသစ်တို့ ထွက်ပေါ်လာသည့်ပုံ ပေါ်ပြီး အသက်ရာချီသည့် လူတစ်ယောက်နှင့် လုံးဝတူညီခြင်း မရှိပါ။

သို့ရာတွင် "ဝရုန်း.."

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ဂူအဝသို့ ကျောက်တုံးကြီးတစ်ခု ပြုတ်ကြလာပြီး ထွက်ပေါက်ကိုပိတ်လိုက်၏။

အကြီးအကဲဝူ၏ နှလုံးသားက တုန်ခါသွားသည်။ နောက်ပြန် လှည့်ကြည့်ပြီးနောက် ချက်ချင်းပင် ထိတ်လန့်သွား၏။

ကန်အတွင်းတွင်..

အဖြူရောင်ရှိကာ ဖောက်ထွင်းမြင်နိုင်အောင် ကြည်လင်သည့် အင်းဆက်လေးများ တပည့်နှစ်ယောက်၏ ခန္ဓာကိုယ်မှ ဖောက်ထွက်လာခဲ့သည်။ တဟစ်ဟစ် မြည်သံများကို ကြားနိုင်၏။

မျက်စိဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် တပည့်နှစ်ယောက်၏ ခန္ဓာကိုယ်များက ကျုံ့ဝင်သွားကြသည်။

နောက်ဆုံးတွင် ဆံပင်များပါ မကျန်အောင် ပျောက်ကွယ်သွားပြီး အဝတ်အချို့သာ ကျန်ရစ်ခဲ့၏။

"ဂလူ့.."

အကြီးအကဲဝူ၏ မျက်နှာက ဖြူရော်သွားသည်။

ယခုကဲ့သို့ ကြောက်စရာကောင်းလှသည့် မြင်ကွင်းက သူ၏ ဦးရေပြားများကို ယားယံလာစေ၏။ ထိုအဖြူရောင်ရှိကာ ကြည်လင်နေသည့် အင်းဆက်များက ကန်စီမှ ထွက်လာပြီး တစ်ခုတည်းအဖြစ်  ပေါင်းစည်းသွားခဲ့၏။

အပြင်ပန်းတွင် အဖြူနှင့် အကြည်ရောင်ရှိကာ အတွင်းထဲတွင် သွေးနီရောင်ရှိသည့် ထူးဆန်းသည့် အင်းဆက်တစ်ကောင်အဖြစ် ဖွဲ့စည်းလာခဲ့သည်။

ထိုအင်းဆက်တွင် မျက်လုံးများမရှိဘဲ ပါးစပ်က အကြီးအကဲဝူ ဘက်သို့ တစ်လက်မလောက် ချွန်ထွက်နေသည်။

အကြီးအကဲဝူ၏ ပုံစံက ကြမ်းကြုတ်သွားပြီး သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ အင်းဆက်ကိုခုတ်ပိုင်းလိုက်၏။

ချက်ချင်းပင် အင်းဆက်က ပျောက်ကွယ်သွား၏။ သူသည် မျက်ခုံးနှစ်ခုအကြား၌ နာကျင်မှုကို ခံစားလိုက်ရသည်။ တစ်ခုခုက ဦးခေါင်းအတွင်းသို့ ထိုဖောက်ဝင်ရောက်သွားသည့်ပုံ ရှိသည်။

သူ၏ အသိစိတ်က စတင် ကြောင်တောင်လာခဲ့၏။

ဝါးမြိုခံရလိုက်သည့်နှယ် ခံစားရသည်။

အကြီးအကဲဝူဟာ ပါးစပ်ကိုဖွင့်က အော်လို၏။ သို့ပေမယ့်  လည်ချောင်းသံ တစ်ခုသာ ထွက်ပေါ်လာပါသည်။

"အပြင်ဘက်မှာ ငါချန်ထားခဲ့တဲ့ ငါးစာကိုယူပြီး ဝင်မလာခဲ့တဲ့ကောင်ပဲ... မင်းကြောင့် ငါဒီမှာ ပိတ်မိနေပြီး ထွက်မရအောင် အကြာကြီး ဖြစ်နေခဲ့တယ်..."

အကြီးအကဲဝူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ၏ စိတ်ထဲတွင် အေးစက်သည့် အသံတစ်ခု ပေါ်လာခဲ့၏။

ကျန်ရှိသည့် သူ၏ လက်ကျန် အသိစိတ်လေးက  ကြောက်ရွံ့စွာဖြင့် မေးသည်။

"ဘယ်သူလဲ။ စီနီယာ.. ကျွန်တော့ရဲ့ အသက်ကို ချမ်းသာပေးပါ..."

"မင်းက သေသင့်တဲ့ကောင် ငါ့ရဲ့ ငါးစာကိုယူပြီး ဝင်တောင် ဝင်မလာခဲ့ဘူး။ ငါ့ကို ဒီနေရာမှာ ပိတ်မိနေစေခဲ့တယ်.."

အေးစက်သည့် အသံက အလွန် ဒေါသထွက်နေပုံ ပေါ်၏။

"အခု ဒီလောက်တောင် အိုမင်းရင့်ရော်နေမှ ဒီနေရာကို ပြန်ရောက်လာခဲ့တယ်။ မုန်းဖို့ ကောင်းလိုက်တာ။ မင်းရဲ့ခန္ဓာကိုယ်က အသုံးမဝင်လုနီးပါး ဖြစ်နေပြီ.."

အကြီးအကဲဝူ၏ နောက်ဆုံး အသိစိတ်က ပြော၏။ "ကျွန်တော့်ရဲ့ တပည့်တွေက ငယ်ရွယ်ပါသေးတယ် စီနီယာ..."

သူက အနည်းငယ် မကျေနပ်စွာ ခံစားလိုက်ရသည်။ သူ့ကို အလွန် အိုမင်းနေသည်ဟု စဉ်းစားပါက အဘယ်ကြောင့် ပစ်မှတ်ထားနေရသေး သနည်း။

သူ၏တပည့်များက ငယ်ရွယ်သည် မဟုတ်ပါလား။

"အဲ့ဒီ့သွေးအစာတွေက ငါ့ရဲ့ငါးစာကို မစားခဲ့ဘူး။ အဲ့ဒါကြောင့် မသင့်တော်ဘူး... ဟားဟားဟား.."

အေးစက်သည့် ရယ်သံတစ်ခု ထွက်ပေါ်လာ၏။ အကြီးအကဲဝူ၏ နောက်ဆုံးအသိစိတ်လေးက လုံးဝပျောက်ကွယ်သွားခဲ့သည်။

ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲကျသွား၏။ သို့ပေမယ့် ရုတ်တရက် လှုပ်ရှားလာပြီး ပြန်လည် မတ်တပ်ရပ်လာခဲ့သည်။

သူ၏ မျက်လုံးများက အေးစက်သွားပြီး ပါးစပ်မှ  ဒေါသထွက်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။

'ဒီလောက် အိုမင်းနေတဲ့ ခန္ဓာကိုယ်ကို ငါက ဘယ်လို  အသုံးပြုရမှာလဲ။ ငါ့ရဲ့ခွန်အားကို ဘယ်လိုမျိုး ပြန်ပြီးတော့ ရလာနိုင်မှာလဲ...'

ခန္ဓာကိုယ် အိုကြီးအား အညောင်းဆန့်ပြီးနောက် အကြီးအကဲဝူ၏ မျက်နှာပေါ်၌ အကူအညီမဲ့သည့် အကြည့်တစ်ခု ပေါ်လာခဲ့သည်။

သူက ရေကန်ဆီသို့ သွားကာ ခုန်ချလိုက်၏။ သိုင်းပညာအချို့ကို စတင် ကျင့်ကြံသည်။ မျက်လုံးများက အချိန်အတော်ကြာအောင် ပွင့်နေပြီး မျက်နှာပေါ်တွင် အလိုမကျသည့် အကြည့်တစ်ခု ပေါ်လာ၏။

'ချီးပဲ... ဒီစွန့်ပစ်ဒေသမှာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဝိဉာဉ်စွမ်းအင် မရှိတော့ဘူး။ ငါကျင့်ကြံဖို့ အတွက် ဘာစိတ်ဝိဉာဉ်စွမ်းအင်ကိုမှ အာရုံခံလို့ မရဘူး..'

ကန်၏ ငွေရောင် တောက်ပနေမှုက တဖြည်းဖြည်းနှင့် မှိန်ပြလာပြီး ပျောက်ကွယ်သွားလုမတက် ဖြစ်သွားခဲ့၏။

သူက ကန်မှ မတ်တတ်ရပ်ကာ ခဏတာ စဉ်းစားသည်။ လက်ကိုမြှောက်ကာ သေးငယ်သည့် ငွေရောင်မြက်တစ်ခုကို ဆွဲနှုတ်လိုက်၏။

ပါးစပ်ထဲသို့ ထည့်ကာ တစ်ခါတည်း ဝါးစားလိုက်သည်။ ပြီးနောက် ကျင့်စဉ်ကို ဆက်လက် ကျင့်ကြံ၏။

'နောက်ဆုံးတော့ ခွန်အားအချို့ ပြန်ရလာပြီ..'

သူက ကျန်ရှိသည့် ငွေရောင်မြက်များကို ကြည့်သည်။ နောက်ထပ်တစ်ခုကို နှုတ်ကာ ပါးစပ်ထဲသို့ ထည့်ပြီး ဝါးစားလိုက်၏။

'မြက်ပင်က အကန့်အသတ်ကို ရောက်လုနီးနေပြီ..' အကြီးအကဲဝူ၏ မျက်နှာက အကူအညီမဲ့သွားသည်။

သူက ကျန်ရှိသည့် ငွေရောင်မြက်များကို နှုတ်ယူပြီး သိမ်းဆည်းလိုက်၏။ ထို့နောက် မျက်လုံးများကို မှိတ်သည်။

'အသိစိတ်က ရှုပ်ထွေးနေတာပဲ။ အများကြီးလည်း သိပ်ပြီးတော့ မရှိတော့ဘူး... ဝူနိုင်ငံ... သိုင်းလောကရဲ့ နာမည်ကြီး ပုဂ္ဂိုလ်တစ်ယောက်လား... ဒါ ဒါကဘာလဲ..'

ရုတ်တရက် အကြီးအကဲဝူ၏ မျက်လုံးများက လင်းလက်သွားသည်။

'ဟားဟားဟား.. ကောင်းကင်က ငါ့ကို မပျောက်ကွယ်စေလိုခဲ့ဘူး ထင်တယ်။ ဒီစွန့်ပစ်ဒေသမှာ ဒီလောက်သန်မာတဲ့ လူတစ်ယောက် ဘာလို့ရှိနေရတာလဲ..'

ရွှယ့်လင်းကျစ်က ဝမ်းသာစွာရယ်၏။

'ဒီမြင်းကို သယ်ထားတဲ့ လူငယ်မှာ အရမ်းကို သန်မာတဲ့ ခန္ဓာကိုယ်ရှိတယ်။ ငါသာ သူ့ရဲ့ အသွေးအသားကို ဝါးမြိုပြီးရင် ဒီအိုမင်းတဲ့ ခန္ဓာကိုယ်ကြီးက ပြန်ငယ်ရွယ်လာပြီး ပါရမီတောင် မြင့်တက်လာမှာ..'

'ငါသာ အတွင်းဘက်နယ်မြေကို ပြန်ပြီး အချိန်တစ်ခုလောက် ကျင့်ကြံလိုက်တာနဲ့ မူလခွန်အားအဆင့်ကို ပြန်ပြီး ရရှိနိုင်မှာ..'

ရွှယ့်လင်းကျစ်က အလွန်စိတ်လှုပ်ရှားနေပြီး  ဂူ၏ ထောင့်တစ်ခုရှိ အိုဟောင်းသည့် ဓားတစ်ခုကို ဆွဲထုတ်လိုက်၏။

အညိုရောင်ဓားမော့ကြီးတွင် လွှသွားသဏ္ဍာန် အသွားများ ရှိနေပါသည်။

'ငါ့ရဲ့ အဖိုးတန်ဓားတောင် တောက်ပမှုတွေ ကင်းမဲ့နေခဲ့ပြီ။ နှစ်တွေ ဘယ်လောက်များ ကြာခဲ့တာပါလိမ့်..'

ရွှယ့်လင်းကျစ်က သက်ပြင်းချ၏။ သူ၏ ဓားကြီးကို ဝှေ့ရမ်းကာ ဂူဝရှိ ကျောက်တုံးကို ဖွင့်လိုက်သည်။ အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်ကာ သူ၏ စိတ်လှုပ်ရှားနေသည့် အသံက ပဲ့တင်ထပ်လာ၏။

'မြင်းကို သယ်ထားတဲ့လူငယ်... မင်းက ငါရွှယ့်လင်းကျစ်ရဲ့ တစ်ကျော့ပြန် ခရီးအတွက် ခြေနင်းကျောက်တုံးတစ်ခုပဲ။ ငါသာ မင်းကို ဝါးမြိုပြီးရင်... ချီး.. ဒီခွေးကောင် အသိစိတ်က ရှုပ်ထွေးလိုက်တာ။ သူ့ရဲ့မှတ်ဉာဏ်ကိုတောင် ကောင်းကောင်း မမှတ်မိဘူး...'

'မြင်းကိုသယ်ထားတဲ့ ကောင်လေးရဲ့ နာမည်က ဘာပါလိမ့်။ သူက ဘယ်နေရာမှာ နေတာလဲ..'

'အပြင်ကို ထွက်ပြီးရင် ဝူနိုင်ငံဆီကို သွားရမယ်။ ငါက သိုင်းလောကရဲ့ ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ လိုက်ပြီးတော့ မေးလိုက်ရင် အဖြေရလာမှာပါ..'

'ဟားဟားဟား.. ငါ့ကို စောင့်နေလိုက်။ ငါရွှယ့်လင်းကျစ်က မင်းတို့ကို အကြောက်တရားနဲ့ ပြန်ပြီး အသက်ရှင်ရအောင် လုပ်ပေးမယ်..'

ရွှယ့်လင်းကျစ်က တစ်စပြင်ကဲ့သို့ တိတ်ဆိတ်သည့်  နေရာမှ လျှောက်ထွက်သွားပြီး အဆုံးမဲ့တောင်၏ အပြင်ဘက်သို့ ဦးတည်လိုက်သည်။

လမ်းတလျှောက်တွင် တောင်အတွင်းသို့ စွမ်းအားကြီး ပုဂ္ဂိုလ်အား လာရှာသည့် ဝူနိုင်ငံမှ သိုင်းသမားအချို့နှင့် တွေ့ဆုံခဲ့၏။

"အကြီးအကဲဝူ.."

ထိုလူများက သူ့ကိုတွေ့ရသောအခါ အလျှင်အမြန်  ဦးညွှတ် နှုတ်ဆက်ကြသည်။

'ဟားဟားဟား... ဒီခွေးကောင်က တော်တော်လေး  နာမည်ကျော်တာပဲ..'

ရွှယ့်လင်းကျစ်က ကောက်ကျစ်စွာ ပြုံးသည်။ အရိုအသေပေးနေကြသည့် သိုင်းသမားများက ခဏတာ မှင်သက်သွားကြ၏။ ရုတ်တရက် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

"လာခဲ့ ငါ့ရဲ့ သွေးအစာ ဖြစ်လာကြ.."

ရွှယ့်လင်းကျစ်က လွှသွားနှင့် ဓားကြီးကို ဝှေ့ယမ်းလိုက်ပြီး သိုင်းသမားများကို ချက်ချင်းပင် သတ်ဖြတ်လိုက်၏။

အေးစက်သည့် အားတစ်ခုက အသွေးနှင့်အသား အဆီအနှစ်တို့ကို ဝါးမြိုသည်။

'ဖီ... ရွံဖို့ကောင်းလိုက်တာ... ငါမစားဘူး... မြင်းကိုသယ်ထားတဲ့ လူငယ်ကို စားတာမှ ပိုကောင်းဦးမယ်..'

ရွှယ့်လင်းကျစ်က အကြိမ်အနည်းငယ် ထွေးထုတ်၏။ ပြီးနောက် ရှေ့သို့ ဆက်လက်လျှောက်သွားသည်။

'ငါက သွေးဝိဉာဉ် အင်းဆက်နဲ့ ပေါင်းစပ်သွားခဲ့တယ်။ မြင်းကို သယ်ထားတဲ့ ကောင်လေးကို ဝါးမြိုပြီးရင် ငါ့ကိုယ်ငါ ဒီအင်းဆက်နဲ့ ခွဲဖို့အတွက် နည်းလမ်းတစ်ခု ရှာရမယ်။ မဟုတ်ရင် ဒီခန္ဓာကိုယ်ကို သိမ်းပိုက်ထားတဲ့ ဂူကောင်တစ်ကောင်ပဲ ဖြစ်နေမှာ..'

သူသည် သိုင်းသမားအချို့ကို ဆက်လက် ဆုံတွေ့ခဲ့၏။ ဖမ်းဆီးလိုက်ပြီးနောက် အေးစက်စွာ မေးသည်။

"မြင်းကိုသယ်ထားတဲ့ ကောင်လေးက ဘယ်နေရာကလဲ ဆိုတာကို မင်းသိလား။ သူ့ရဲ့ နာမည်က ဘာလဲ.."

ထိုသိုင်းသမားများသည် မျက်နှာများ ဖြူရော်သွားကြပြီး ထိတ်လန့်ကြောက်ရွံ့ ကုန်ကြသည်။ ကြည့်ရတာ အကြီးအကဲဝူတစ်ယောက် ရှိသည်။

"သူ့ရဲ့နာမည်က မုန့်ချုံပါ။ ဘယ်နေရာမှာလဲ ဆိုတာကိုတော့ ကျွန်တော်တို့ မသိပါဘူး.."

"မုန့်ချုံလား.."

ရွှယ့်လင်းကျစ်က ထိုနာမည်ကို မှတ်သားပြီးနောက် သူ၏ ဓားကြီးကို လွှဲရမ်းလိုက်သည်။

"အဲ့လူ ဘယ်နေရာမှာလဲ ဆိုတာကို မသိရင် သေလိုက်တော့.."

世尊 风:

All Chapters