မုန့်ချုံ၏ ချီနှင့်သွေး ပြီးပြည့်စုံခြင်း၊ အန္တရာယ်၏ အငွေ့အသက်(၂)
Vol. 10 Ch. 147
ကျင့်ကြံမှု၏ အခိုက်အတန့် တစ်ခုတွင် သူ၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်၌ ရွှေရောင်အလင်းတစ်ခု လင်းလက်လာပြီး အတွင်းထဲမှ ခေါင်းလောင်းမြည်သံတစ်ခု ပေါ်လာသည့်ပုံ ရှိ၏။။
ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ဟာ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခဲ့ပါပြီ။
'ငါ.. ချီနဲ့သွေးအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်ရှိပြီ... ကြီးမြတ်သောနေ ရွှေခန္ဓာကိုသာ နားလည်သဘောပေါက်နိုင်ပြီး ငါ့ရဲ့ဆေဘာကို အောင်အောင်မြင်မြင် ပျိုးထောင်နိုင်ရင် မူလအဆင့်ကို ချိုးဖြတ်ဖို့ စတင်နိုင်ပြီ..'
မုန့်ချုံက စိတ်လှုပ်ရှားစွာဖြင့် နှလုံးသားထဲတွင် စဉ်းစားသည်။ ယခုအချိန်၌ မူလအဆင့်သည် သူနှင့် လက်တစ်ကမ်းသာ လိုပါတော့သည်။
ခြံဝန်းအတွင်းတွင် လီရွှမ်က ရှေးဟောင်း သားရေစာအုပ်ကို လက်ထဲတွင် ကိုင်ကာ လေ့လာနေ၏။ သူသည် စုလင်းရှုံ၏ ကျင့်ကြံမှု အမြန်နှုန်းကိုလည်း သတိထားနေပါသည်။
'ဒီကောင်မလေးရဲ့ အရိုးသန့်စင်မှု အမြန်နှုန်းက နောက်ဆုံးတော့ နှေးကွေးလာတဲ့ အရိပ်အယောင် ပြလာခဲ့ပြီ..'
စုလင်းရှုံသည် ယခုလက်ရှိ အချိန်၌ ရွှေအရိုးကို သန့်စင်နေပါသည်။ သန့်စင်ခြင်း အမြန်နှုန်းက နှေးကွေးလာခဲ့၏။ ပြီးပြည့်စုံသည့် ရွှေအရိုးသန့်စင်မှုကို ရရှိရန်အတွက် အချိန်တစ်ခု ကြာဦးမှာပါ။
သို့ရာတွင် သူမ၏ ကျင့်ကြံမှုတွင် အထောက်အကူ ဖြစ်ရန်အတွက် ကိုယ်တိုင် သန့်စင်ထားသည့် ဆေးလုံးများနှင့် ကျင့်ကြံမှု အမြန်နှုန်းက အရမ်းကြီး နှေးသွားမည်တော့ မဟုတ်လောက်ပါ။
'ဒီနှုန်းအတိုင်း ဆိုရင် သူမရဲ့ ရွှေအရိုး ပြီးပြည့်စုံခြင်းကို ရောက်ပြီးရင် အတားအဆီးတစ်ခုကို ကြုံတွေ့လာတော့မယ်။ အဲ့ဒီ အတားအဆီးကို ချိုးဖြတ်ပြီး ထာဝရစိမ်းလန်းခြင်း အရိုးကို ရအောင်လုပ်ဖို့က ပြဿနာတစ်ခုပဲ..'
လီရွှမ်က နက်ရှိုင်းစွာ စဉ်းစား၏။ စုလင်းရှုံအနေနှင့် ထာဝရစိမ်းလန်းခြင်း အရိုးအား သန့်စင်နိုင်ခြင်း မသန့်စင်နိုင်ခြင်းမှာ သူ၏ ကိုယ်ပိုင် အကျိုးအမြတ်နှင့် တိုက်ရိုက် သက်ဆိုင်နေပါသည်။
ထို့ကြောင့် ဦးနှောက်ကို အလုပ်ပေးကာ စုလင်းရှုံအတွက် ထာဝရစိမ်းလန်းခြင်း အရိုးအား မည်ကဲ့သို့ ရနိုင်မည်ကို စဉ်းစား၏။
'ထာဝရစိမ်းလန်းခြင်း အရိုးရဲ့ အသွင်အပြင် လက္ခဏာရပ်က အသက်ဓာတ်နဲ့ ထာဝရတည်မြဲခြင်းပဲ... သာမန်နည်းလမ်းတွေနဲ့ သန့်စင်လို့မရဘူး... ဆေးလုံးတွေကတော့...'
ခဏတာ စဉ်းစားပြီးနောက် လီရွှမ်တွင် မည်သည့်သဲလွန်စမှ မရ ဖြစ်နေ၏။ သူသည် ထိုကိစ္စကို ယခုအချိန်၌ ဘေးချထားရန်သာ တတ်နိုင်သည်။ စုလင်းရှုံကို သူမဘာသာ ကိုယ်တိုင် လေ့လာခိုင်းတာ ကောင်း၏။
သူ့အနေနှင့် ဒန်ဆေးသိုင်းပညာ ကျမ်းအား သူမကို လက်ဆင့်ကမ်းပေးခဲ့ပြီး ဖြစ်သည်။ သူမ၏ ပါရမီနှင့် နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်လောက်မှာပါ။
'သင်၏တပည့် မုန့်ချုံသည် ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသည်။ သင်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ပိုမိုသန်မာလာပြီး အစစ်အမှန်ချီလည်း အားကောင်းလာခဲ့သည်..'
ရွှေရောင်အလင်းတစ်ခု ပေါ်လာခဲ့၏။ မုန့်ချုံ၏ ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခြင်းအတွက် ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှု ရရှိလာခဲ့လေသည်။
'ငါ့ရဲ့ ဒုတိယတပည့်လည်း မူလအဆင့်ကို ရောက်ဖို့ မဝေးတော့ဘူး။ ကြည့်ရတာ ကြီးမြတ်သောနေ ရွှေခန္ဓာကိုလည်း သူနားလည်သဘောပေါက်ဖို့ နီးနေလောက်ပြီ ထင်တယ်..'
လီရွှမ်က စိတ်လှုပ်ရှားစွာဖြင့် နှလုံးသားထဲတွင် စဉ်းစားသည်။ မုန့်ချုံသည် ဆေဘာပျိုးထောင်မှုကို အောင်မြင်ပြီး ဆေဘာဝိဉာဉ် နိုးထလာမှ သာလျှင် မူလအဆင့်သို့ ချိုးဖြတ်မည် ဖြစ်ကြောင်းအား သူသိပါသည်။
'အချိန်ကြာတဲ့အထိ ဆေဘာပျိုးထောင်ခြင်းမှာသာ အောင်မြင်မှု မရဘူးဆိုရင် ချီနဲ့သွေးအဆင့်မှာပဲ အမြဲတမ်း ဆက်နေလို့ မဖြစ်ဘူး... မူလအဆင့်ကို အမြန်ဆုံး ချိုးဖြတ်တာက ပိုပြီးတော့ ကောင်းလိမ့်မယ်။ ဖြစ်နိုင်တာက မူလအဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ဆေဘာ ပျိုးထောင်ခြင်းမှာ အောင်မြင်မှုရပြီး ဆေဘာဝိဉာဉ်ကို ပိုမိုလွယ်လွယ်ကူကူ နိုးလာစေမှာလည်း ဖြစ်နိုင်တာပဲ..'
လီရွှမ်၏ စိတ်ထဲတွင် အတွေးများက ရစ်ဝဲနေ၏။ မုန့်ချုံသည် ကြီးမြတ်သောနေ ရွှေခန္ဓာအား နားလည်သဘောပေါက်ခြင်း မရှိသေးပါ။ ထို့ကြောင့် မူလအဆင့်သို့ ချိုးဖြတ်ခြင်းမှာ အနည်းငယ် ဝေးကွာနေသေး၏။
သူ့အနေနှင့် တစ်ဖက်လူ၏ ကြီးမြတ်သောနေ ရွှေခန္ဓာအား လေ့လာမှုကိုသာ စောင့်စားနေရပေမည်။
မုန့်ချုံသာ ဆေဘာကို အောင်အောင်မြင်မြင် ပျိုးထောင်နိုင်ခြင်းမရှိဘဲ အချိန်အတော်ကြာအောင် ဆေဘာဝိဉာဉ်အား နိုးထလာစေခြင်း မရှိပါက လီရွှမ်အနေနှင့် သူ့ကို မူလအဆင့်သို့ အရင်ဆုံး ချိုးဖြတ်ရန် တိုက်တွန်းမှာဖြစ်သည်။
အဆင့်ချိုးဖြတ်ပြီးနောက် မုန့်ချုံ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်စွာ ရှိနေ၏။ သူ၏ မသိစိတ်က ပြောနေပါသည်။
သူသည် ဆေဘာပျိုးထောင်ခြင်းကို အောင်မြင်လုနီးပါးသို့ ရောက်ရှိနေပြီး ဖြစ်၏။ ဆေဘာဝိဉာဉ်သာ နိုးထလာပြီး ကြီးမြတ်သောနေ ရွှေခန္ဓာအား နားလည်သဘောပေါက်လာပါက အဆင့်ချိုးဖြတ်ရန် အဆင်သင့်ဖြစ်ပါပြီ။
ရှီအာက ရောက်လာခဲ့၏။
"ရှီအာ...ဘာကိစ္စရှိလို့လဲ.."
မုန့်ချုံက မေးသည်။ ရှီအာက သူ့ကို တကူးတက လာရှာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ကိစ္စတစ်ခုခု ရှိရပေလိမ့်မည်။
"ဒါက ဒီလိုပါ... ကောင်းကင်မိခင်ဂိုဏ်းက နေပြီးတော့ အကြောင်းကြားချက် ရလာခဲ့တာ။ ဝူနိုင်ငံရဲ့ ဧကရာဇ်က မင်းကို တွေ့ချင်လို့တဲ့။ မင်းရဲ့ အကူအညီ လိုနေတယ်ထင်တယ်။ ကြည့်ရတာ စွမ်းအားကြီး ရန်သူတစ်ယောက်နဲ့ တွေ့နေပုံပဲ.."
ရှီအာက ကောင်းကင်မိခင်ဂိုဏ်းမှ အကြောင်းကြားစာအား မုန့်ချုံကို ပေးသည်။ အစက ဤသည်မှာ သာမန် ကိစ္စရပ်လေး တစ်ခုသာ ဖြစ်မှာပါ။ ကောင်းကင်မိခင်ဂိုဏ်းအနေနှင့် ထိုသတင်းကို ယွင်ရှန်းမြို့ငယ်ဆီသို့ ပို့လိုက်ရုံသာ ရှိပြီး ဧကရာဇ်ဝူကို ကူညီကာ မုန့်ချုံကို ရှာဖွေပေးရန် စိတ်ကူးမထားပါ။
သူတို့သည် ဧကရာဇ်ဝူ ပြောကြားခဲ့သည့် စွမ်းအားကြီး ဆရာသခင်တစ်ယောက် ရောက်လာသည်ဟူသည့် အချက်ကို လျစ်လျူရှု့ထားမိ၏။
သို့ရာတွင် ၎င်းတွင် ဧကရာဇ်ဝူသည် စွမ်းအားကြီး ရန်သူတစ်ယောက်နှင့် ကြုံတွေ့နေရသည်ဟု ဆိုထားသည့်အကြောင်းကို ရှီအာက တွေ့လိုက် ရပြီးနောက် ခဏတာ စဉ်းစားပြီး မုန့်ချုံကိုပြောရန် ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ဧကရာဇ်ဝူသည် မုန့်ချုံကို လက်စားချေနိုင်ရန်အတွက် ကူညီထား၏။
"အိုး.. ဧကရာဇ်ဝူက သန်မာတဲ့ ရန်သူတစ်ယောက်ကို တွေ့နေတာလား.."
မုန့်ချုံ၏ မျက်ခုံးများက မြင့်တက်သွားပြီး ပြောသည်။
"ကောင်းပြီလေ.. ငါသွားလိုက်မယ်။ ဘာပဲဖြစ်ဖြစ် ဧကရာဇ်ဝူက ငါ့ကို လက်စားချေနိုင်အောင် ကူညီခဲ့တယ်။ သူ့အတွက် ရန်သူကို ငါရင်ဆိုင်ပေး လိုက်မယ်။ ဒါဆိုရင် ကြေပြီပေါ့.."
"အဲ့လိုဆို မင်းမြန်မြန်လေး လုပ်သင့်တယ်။ နောက်ကျရင် ဧကရာဇ်ဝူ အသက်ခံရပြီး ဖြစ်နေဦးမယ်.."
ရှီအာက သတိပေး၏။
"စိတ်မပူပါနဲ့... ငါအဲ့ဒီ့ကိုရောက်ပြီး ဧကရာဇ်ဝူ သေပြီးပြီဆိုတာကို တွေ့ရရင်လည်း လက်စားချေပေးမှာပါ... ဆရာ့ကို သွားပြောလိုက်.. ငါဝူနိုင်ငံရဲ့ မြို့တော်ကို သွားပြီလို့.."
မုန့်ချုံက အသာပြော၏။
"ကောင်းပါပြီ.."
ရှီအာက နောက်သို့လှည့်ကာ ထွက်ခွာသွားသည်။ ဧကရာဇ်ဝူ ကြုံတွေ့ရသည် ဟူသည့် စွမ်းအားကြီးမားသည့် သိုင်းသမားမှာ မုန့်ချုံ၏ လက်တဝှေ့နှင့် အလွယ်တကူ သတ်ဖြတ်ခံရလောက်မှာ ဖြစ်သည်။
ထို့ကြောင့် ရှီအာအနေနှင့် အရမ်းကြီး စိုးရိမ်ခြင်း မရှိပါ။ ဘာပဲဖြစ်ဖြစ် စွန့်ပစ်ဒေသတွင် သူပင်လျှင် အကြောက်တရားကင်းမဲ့စွာဖြင့် လှည့်လည် သွားလာနိုင်၏။
မုန့်ချုံဆိုလျှင် ပိုတောင်ဆိုးသေးသည်။
မုန့်ချုံ၏ အမြင်မှာလည်း ထိုကဲ့သို့သာ ဖြစ်သည်။ သူသည် ဝူနိုင်ငံ၏ မြို့တော်ဆီသို့ ချက်ချင်းပင် ခရီးထွက်ခဲ့၏။
မြင်းကို မသုံးဘဲ မိုးကြိုး၏ ကောင်းကင်ဖြတ်ကျော်ခြင်းအတတ်ကို အသုံးပြုခဲ့သည်။
ဝူနိုင်ငံ၏ တော်ဝင်မြို့တော်တွင်...
အမှုထမ်းများနှင့် တော်ဝင်မျိုးနွယ်များသည် ထိတ်လန့်ကြောက်ရွံ့သည့် အခြေအနေတွင် ကျရောက်နေပါသည်။
အချို့ဆိုလျှင် မြေအောက်ခန်းများတွင်ပင် ဝင်ပုန်းနေကြပြီး ရက်စက်သည့် အကြီးအကဲဝူ၏ ပစ်မှတ်ထားခြင်းကို ခံရလောက်အောင် ကံဆိုးမည်အား ကြောက်ရွံ့နေကြသည်။
ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်းတွင် လူများစွာတို့ သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်၏။ အားလုံးတို့သည် သွေးအစာ ဖြစ်ကုန်ကြပြီး သူတို့၏ အသွေးအသား အဆီအနှစ်တို့ကို အကြီးအကဲဝူက စုပ်ယူခဲ့သည်။
ထိုအထဲတွင် ချမ်းသာသည့် မိသားစုမှ သခင်လေးများစွာ ပါဝင်ခဲ့၏။ သူတို့အားလုံး ဆိုးရွားစွာ သေဆုံးခဲ့ရသည်။
သို့ရာတွင် ဝူနိုင်ငံ၏ မြို့တော်ရှိ ပြည်သူများကတော့ လက်ခုပ်ဩဘာတီးကာ ကျေနပ်နေပါသည်။ ထိုတိရစ္ဆာန်ကဲ့သို့ ရက်စက်ယုတ်မာသည့် လူများလည်း နောက်ဆုံးတွင် သူတို့နှင့် ထိုက်တန်တာကို ပြန်လည် ရရှိခဲ့ပါပြီ။
ဘာပဲဖြစ်ဖြစ် သွေးအစာ ဖြစ်မည်မှာ သူတို့၏ အလှည့်သို့ မရောက်သေးပေ။ ဝူနိုင်ငံ၏ မြို့တော်တစ်ခုလုံးတွင် ထကြွသောင်းကြမ်းသည့် သခင်လေးများ သို့မဟုတ် အမတ်ကြီးများနှင့် တော်ဝင်မျိုးနွယ်များကို မြင်တွေ့ရန် ခက်ခဲလာခဲ့သည်။
သူတို့အားလုံး ပုန်းအောင်းနေကြ၏။ ဤသည်မှာ မြို့တော်ရှိ သာမန်လူများအတွက် ကောင်းမွန်သည့် ကိစ္စဖြစ်သည်။ သူတို့သည် ယခုအချိန်၌ နေ့ရက်များကို ပျော်ရွှင်စွာ ဖြတ်သန်းနေရပြီး မျက်နှာများ၌ အပြုံးများ ပွင့်လန်းလာကြသည်။
လုယူခံရခြင်း သို့မဟုတ် ပစ်မှတ်ထားခြင်း ခံရမည်ကို ကြောက်စရာမလိုဘဲ စျေးဆိုင်များကို ဖွင့်ကာ စီးပွားရေးကို လုပ်ဆောင်နိုင်ကြသည်။
ရွှယ့်လင်းကျစ်၏ အမတ်ကြီးများနှင့် တော်ဝင်မျိုးနွယ်များကိုသာ စားသုံးခြင်းမှာ မကောင်းသည့် လူများကို အပြစ်ပေးပြီး သာမန်လူများအတွက် ရပ်တည်ပေးခြင်းမဟုတ်ပါ။
အရိုးရှင်းဆုံး အကြောင်းပြချက်မှာ ချမ်းသာသူနှင့် စွမ်းအားကြီးသူများက ဝဖြိုးကာ ဖြူဖွေးကြသည်။ သူတို့သည် ကောင်းမွန်စွာ စားသောက်ပြီး ကောင်းမွန်စွာ အိပ်ကြ၏။ အသွေးနှင့်အသား အဆီအနှစ်က ပိုမိုအာဟာရဖြစ်ကာ သန့်စင်ပါသည်။
ဆင်းရဲကာ ညစ်ပတ်သည့် လူများမှာတော့ ကြည့်လိုက်ရုံနှင့် သူ၏ စားချင်စိတ်ကို ပျောက်သွားစေ၏။
"ဧကရာဇ်ဝူ... ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်နော်။ နောက်ထပ် ရက်အနည်းငယ် ထပ်စောင့်ပြီးလို့ မုန့်ချုံကို မမြင်ရဘူးဆိုရင် မင်းသိပါတယ်... ငါက ငါနဲ့ခံတွင်းသင့်မယ့် သွေးအစာကို ရှာနေတယ် ဆိုတာကို.."
ရွှယ့်လင်းကျစ်က ပြုံးကာ ဧကရာဇ်ဝူ၏ ပုခုံးကိုပုတ်သည်။
ဧကရာဇ်ဝူ၏ မျက်နှာက ဖြူရော်နေပြီး လူတစ်ကိုယ်လုံး တုန်ခါသွား၏။
"စိတ်မပူပါနဲ့ အကြီးအကဲဝူ... မုန့်ချုံ သေချာပေါက် လာမှာပါ.."
မုန့်ချုံသာ မလာပါက သူသည် ကျောက်တုံးအိမ်အတွင်းတွင်သာ ပုန်းအောင်းနေပြီး သူ၏ အသက်ကို ကယ်နိုင်ရန် မျှော်လင့်ထား၏။
သို့ပေမယ့် မလိုအပ်ပါက ကျောက်တုံးအိမ်၏ တည်ရှိမှုကို ဖော်ထုတ်လိုခြင်း မရှိပေ။
"ဟားဟားဟား... ငါလည်း အဲ့လိုပဲ မျှော်လင့်တယ်.."
ရွှယ့်လင်းကျစ်က ကောက်ကျစ်စွာ နှစ်ကြိမ်လောက် ရယ်ပြီးနောက် ထောင်ထောင်ထောင်ထောင်နှင့် လျှောက်ထွက်သွား၏။
ဝူနိုင်ငံ၏ တော်ဝင်မြို့တော်တွင်... မြို့ရိုးပေါ်၌ ရွှယ့်လင်းကျစ်က ရပ်နေ၏။ မြို့ဂိတ်အောက်ရှိ သွားသွားလာလာ လူများကို ကြည့်ရှု့နေပါသည်။ သူ၏ အရသာနှင့် သင့်တော်သည့် သွေးအစာကို ရွေးချယ်နေ၏။
ရုတ်တရက် သူ၏ပုံစံက ပြောင်းလဲသွားပြီး မြို့အပြင် အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်သည်။ သူ၏ မျက်လုံးများက လင်းလက်သွားပြီး စိတ်လှုပ်ရှားမှုတို့ ပေါ်လာခဲ့၏။
'မြင်းကို သယ်ထားတဲ့လူငယ်... မင်းရောက်လာပြီပေါ့... မင်းက ငါရွှယ့်လင်းကျစ်ရဲ့ တစ်ကျော့ပြန် ခရီးအတွက် အခြေခံပဲ။ ငါမင်းကို စောင့်နေတာ တော်တော်လေးကြာပြီ..'
လွှသွားပုံဓားကြီးကို ကိုင်ဆောင်ကာ မြို့ရိုးပေါ်မှ ပျံသန်းဆင်းသွား၏။ ဧကရာဇ်ဝူနှင့် သူ၏ အမတ်ကြီးများလည်း မကြာခင် သတင်းရရှိပြီး မြို့ရိုးဆီသို့ အပြေးရောက်လာကြသည်။
"အနီးအနားက ပြည်သူပြည်သားတွေကို ဖယ်ထုတ်လိုက်.. မြို့ရိုးကို ပိတ်လိုက်.."
ဧကရာဇ်ဝူက နက်ရှိုင်းသည့်အသံဖြင့် အမိန့်ကိုပေး၏။
ထန်းရွှမ် အစောင့်များက ပြည်သူပြည်သားများကို ရှောင်ရှားခိုင်းကာ မြို့ရိုးကို ပိတ်လိုက်သည်။
မုန့်ချုံသည် ဝူနိုင်ငံ၏ တော်ဝင်မြို့တော်ဆီသို့ ဦးတည်လာနေ၏။ အဝေးမှ မြို့ဂိတ်ကို တွေ့မြင်နေရပါပြီ။
ရုတ်တရက် သူ၏ မျက်နှာက ပြောင်းလဲသွားပြီး ကဗျာကယာ ရပ်တန့်သွား၏။
"အန္တရာယ်ရဲ့ အငွေ့အသက်ပဲ.."
သူ၏ပုံစံက လေးနက်သွားသည်။ သူသည် ချီနှင့်သွေး၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိထားသည့် သိုင်းသမားတစ်ယောက် ဖြစ်၏။ သာမန် မူလအဆင့် သိုင်းသမားတစ်ယောက် ပင်လျှင် သူ့ကို အန္တရာယ်ပေးနိုင်ခြင်း မရှိပါ။ သို့ပေမယ့် ဒီအချိန်၌ သိုင်းသမားတစ်ယောက်၏ စူးရှသည့် မသိစိတ်က အန္တရာယ်ခံစားချက်ကို ပေးစွမ်းနေ၏။
'ဧကရာဇ်ဝူ.. ငါ့ကိုသတ်ဖို့ စွမ်းအားကြီး လူတစ်ယောက်ကိုများ ရှာတွေ့ထားတာလား..'
မုန့်ချုံက မျက်မှောင်ကျုံ့သွားသည်။
ဧကရာဇ်ဝူသည် ထိုသိုင်းသမားကို မည်သည့်နေရာမှ ရှာတွေ့ခဲ့သနည်း။ အတွင်းဘက်နယ်မြေကို သွားရောက်နိုင်သည်မှာတော့ မဟုတ်လောက်ပေ။
မြို့ရိုးပေါ်မှ ပုံရိပ်တစ်ခု ပျံသန်းလာပြီး
မလှမ်းမကမ်းတွင် တိတ်ဆိတ်စွာ သက်ဆင်း၏။ အားကောင်းသည့် အန္တရာယ် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပါသည်။
မုန့်ချုံ၏ မျက်လုံးများက ထိုလူအပေါ်သို့ စူးစိုက်စွာ ကျရောက်သွားသည်။
"အကြီးအကဲဝူလား.."
သူက အံ့သြသွား၏။ ဤသည်မှာ ဝူနိုင်ငံ၏ ဂုဏ်သရေရှိ သိုင်းသမားကြီးဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
'မဟုတ်ဘူး... အကြီးအကဲဝူမှာ ဘယ်လိုလုပ်ပြီး ဒီလိုခွန်အားမျိုး ပိုင်ဆိုင်ထားမှာလဲ။ သူသာ ဒီလိုခွန်အားမျိုးရှိရင် နောက်ဆုံးအကြိမ်တုန်းက သိုင်းလောကညီလာခံမှာ ငါ့ကိုဖမ်းဆီးပြီးတာ ကြာပြီ ဖြစ်လိမ့်မယ်..'
ရွှယ့်လင်းကျစ်၏ ခြေတစ်လှမ်းချင်းစီ နီးကပ်လာပုံကို ကြည့်ကာ မုန့်ချုံ၏ ပုံစံက ပိုမိုလေးနက်လာခဲ့သည်။
ရွှေရောင်အလင်းက ထွက်ပေါ်လာပြီး ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာကွယ်ကို အဆုံးစွန်အထိ လှည့်ပတ်လိုက်၏။
ဤသည်မှာ အလွန် စွမ်းအားကြီးမားလှသည့် ရန်သူတစ်ယောက် ဖြစ်သည်။ သို့ရာတွင် သူ့အနေနှင့် ကြောက်ရွံ့သွားခြင်း သို့မဟုတ် နောက်ဆုတ်သွားခြင်း မရှိပါ။
အဲ့ဒီအစား တိုက်ခိုက်လိုသည့် စိတ်ဆန္ဒအပြည့်ဖြင့် ရှိနေ၏။
'သူက အကြီးအကဲဝူမဟုတ်ဘူး... ဘယ်လိုဖြစ်တာလဲ..'
သို့ရာတွင် သူ၏မျက်စိရှေ့ရှိ ထိုလူမှာ ပြီးခဲ့တုန်းက သိုင်းလောက၏ နာမည်ကျော်ပုဂ္ဂိုလ် အကြီးအကဲဝူဖြစ်တာ သိတာပါသည်။
မုန့်ချုံသည် မည်သည်တို့ ဖြစ်နေသည်ကို နားမလည်နိုင်အောင် ဖြစ်သွား၏။
"မင်းက မြင်းကိုသယ်ထားတဲ့ လူငယ်လား... တကယ်ကို ထည်ဝါတာပဲ...ဒီသွေးနဲ့ချီက..."
ရွှယ့်လင်းကျစ်၏ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှုတို့ကို ဖုံးကွယ်နိုင်ခြင်း မရှိတော့ပေ။ တစ်ချိန်တည်းတွင် သူက အလွန်လည်း အံ့သြသွား၏။
မြင်းကို သယ်ထားသည့် ဒီလူငယ်ကို အစက သန်မာသည့် ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည်ဟု ထင်ထားတာပါ။
သို့ပေမယ့် သိုင်းသမားတစ်ယောက် ဖြစ်မည်ဟုဘယ်တုန်းကမှ မတွေးထားမိပေ။ ထို့အပြင် သာမန်သိုင်းသမားများနှင့် အနည်းငယ် ခြားနားနေ၏။
'အတွင်းဘက်နယ်မြေ ကလား..'
ရွှယ့်လင်းကျစ်က ထိုကဲ့သို့ တွေးမိသည်။
"မင်းက ဘယ်သူလဲ.. ဧကရာဇ်ဝူက ငါ့ကိုသတ်ဖို့ လွှတ်လိုက်တာလား.."
မုန့်ချုံက နက်ရှိုင်းသည့်အသံဖြင့် မေး၏။
"ဧကရာဇ်ဝူလား... အဲ့ဒါက ဘယ်လို ချီးထုပ်မျိုးလဲ... ဘယ်ကောင်က ငါ့ကို အမိန့်ပေးရဲမှာလဲ... မင်းက ငါ့ရဲ့ မြင့်တက်ဖို့အတွက် နင်းတုံး ဖြစ်လာလိမ့်မယ်။ ငါ့စကားကို နာခံပြီး မြန်ဆန်တဲ့ သေခြင်းကို အမြန်ဆုံးလက်ခံလိုက်.."
ရွှယ့်လင်းကျစ်က ဝမ်းသာစွာ ပြုံး၏။ လက်ထဲရှိ လွှသွားပုံ ဓားမော့ကြီးက အေးစက်သည့်အလင်းတစ်ခုအား ထုတ်လွှတ်လာခဲ့သည်။
世尊 风: