← Chapters

သေခြင်းရှင်ခြင်း အန္တရာယ်၊ ဆေဘာထုတ်ချိန်

Vol. 10 Ch. 148

သေခြင်းရှင်ခြင်း အန္တရာယ်၊ ဆေဘာထုတ်ချိန်

Vol. 10 Ch. 148

မုန့်ချုံက လက်သီးများကို ဆုပ်ကာ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်အား အမြင့်ဆုံး အကန့်အသတ်အထိ အသုံးပြုလိုက်သည်။

ရွှေသားပြင်နှင့် ပြုလုပ်ထားပုံ ပေါ်သည့် ကြီးမားသည့် ခေါင်းလောင်းကြီးတစ်ခု ခန္ဓာကိုယ်ပေါ်တွင် ရေးတေးတေး ပေါ်လာပြီး သူ့ကို လွှမ်းခြုံသွား၏။

“မင်းရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ်.. ငါ့ကို သတ်ချင်ရင်တော့.. အိပ်မက်မက်နေလိုက်”

သူ့အနေနှင့် ရွှယ့်လင်းကျစ်ထံမှ အလွန် အန္တရာယ်များသည့် အငွေ့အသက်တစ်ခုကို အာရုံခံမိသော်ငြား ကြောက်ရွံ့ခြင်း အလျဉ်းမရှိပါ။ ထွက်ပြေးရန်လည်း မည်သည့် စိတ်ကူးမှ မရှိပါ။

“မျှော်လင့်ချက်မရှိတဲ့ ခေါင်းမာမှုပဲ”

ရွှယ့်လင်းကျစ်၏ ပုံစံက အေးစက်သွားသည်။

“ဒါဆိုလည်း ငါကိုယ်တိုင် လာပြီး မင်းရဲ့အသက်ကို နှုတ်ယူတာပေါ့”

သူက လက်ကိုမြှောက်ကာ ရိုက်ထုတ်လိုက်၏။ အေးစက်သည့် လေပြင်းတစ်ခုက မာန်ဖီလာပြီး ညို့မှိုင်းသည့် အလင်းတန်းတစ်ခုသဖွယ် လျှပ်တစ်ပြုတ် မုန့်ချုံ၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုအလင်းက ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ပေါက်ကွဲထွက်သွာားပြီး ပိုးချည်မျှင်များနှင့် ပင့်ကူအိမ်တစ်ခုသဖွယ် ပြန့်ကားလာခဲ့၏။ မုန့်ချုံကို လွှမ်းခြုံရန် ကြိုးစား၏။

မုန့်ချုံ၏ ပုံစံက ပိုမိုကာပင် တင်းကြပ်လာခဲ့သည်။ သူ၏ မျက်လုံးများထဲ၌ ထိတ်လန့်မှုတို့ ဖြတ်သန်းသွား၏။ ချက်ချင်းပင် အသံတစ်ချက်ဟစ်ကာ လက်သီးချက်ကို ထိုးလိုက်သည်။

စိန်ရွှေရောင် အလင်းက မိုးကြိုးသဖွယ် ပြောင်းလဲသွားပြီး ကြမ်းတမ်းသည့် လေပြင်း၏ တိုက်ခတ်မှုအလား ပွင့်ထွက်သွား၏။ ခဏအတွင်း သူ့ကို လွှမ်းခြုံလာနေသည့် ပင့်ကူအိမ်ကဲ့သို့ အားကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။

ရွှယ့်လင်းကျစ်၏ မျက်နှာက ပြောင်းလဲသွား၏။

“မီးလို လောင်ကျွမ်းနိုင်တယ်… အရမ်းယန်ဓါတ်ဆန်ပြီး ပြင်းထန်တယ်။ ငါမင်းကို အသက်ရှင်ရက်ထားလို့ မရဘူး”

သူ၏ ခန္ဓာကိုယ်က သရဲတစ်ကောင်ကဲ့သို့ ရွေ့လျားသွား၏။ လက်များက အေးစိမ်းဖွယ်ကောင်းအောင် ဖြူရော်ကာ တစ္ဆေလက်သည်းများသဖွယ် ဖြစ်နေပါသည်။ မုန့်ချုံ၏ ရင်ဘတ်ဆီသို့ ချက်ချင်း ဖမ်းဆုပ်လာ၏။

“ဘုန်း”

ရွှေခေါင်းလောင်းပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ မုန့်ချုံ၏ ခန္ဓာကိုယ်လည်း လှုပ်ခါသွား၏။ သူ၏ လက်သီးက လေနှင့် မိုးကြိုးကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ လေမိုးကြိုးအသွင်ရှိသည့် လက်သီးချက်များက လေးလံကြီးမားပြီး စိန်ရွှေရောင် အလင်းနှင့် ဖုံးလွှမ်းထား၏။

“ဒါက ဘယ်လို သိုင်းပညာမျိုးလဲ”

ရွှေခေါင်းလောင်း အကာအကွယ်၏ ခံနိုင်ရည်ကို သူ၏ တိုက်ခိုက်မှုက ဖျက်ဆီးရန် ကျရှုံးခဲ့ကြောင်းအား တွေ့ရပြီးနောက် ရွှယ့်လင်းကျစ်၏ ပုံစံက ပြောင်းလဲသွားသည်။

သူ၏ ပုံရိပ်က တစ္ဆေတစ်ကောင်သဖွယ် နောက်သို့ လွင့်ပျံသွားပြီး မုန့်ချုံနှင့် သူ၏ အကြားတွင် အကွာအဝေးတစ်ခုကို ခြားထားလိုက်သည်။

သူ၏ မျက်နှာလည်း လေးနက်လာခဲ့၏။ မြင်းကိုသယ်သည့် ကောင်လေး၏ ခွန်အားမှာ မထင်မှတ်ထားလောက်အောင် သန်မာလှသည်။ ထိပ်တန်းကျသည့် အဆင့်တစ် သိုင်းသမားများထက် ကျော်လွန်၏။

သိုင်းသခင်အဆင့်ရှိ သာမန် သိုင်းသမားများပင် သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်လောက်ပါ။

မုန့်ချုံက ရန်သူကို ဒေါသတကြီး ကြည့်သည်။ သူ၏ ခန္ဓာကိုယ်တွင် လေနှင့် မိုးကြိုး၏ အရှိန်အဝါတို့ ဝန်းရံနေ၏။ ရွှေခေါင်းလောင်းက ပိုမို သိပ်သည်းလာကာ ခေါင်းလောင်းမြည်သံ သဲ့သဲ့ကို ရေးတေးတေး ကြားလာရသည်။

“နတ်ဆိုးဂိုဏ်းလား”

ရွှယ့်လင်းကျစ်က လှုပ်ရှားမှု ပြုသည်နှင့် သူသည် ရင်းနှီးသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ ဤသည်မှာ ရွှယ့်ဝူရှင်း ဖြစ်သည်။

လက်ရှိ ရန်သူ၏ စွမ်းအားမှာ ရွှယ့်ဝူရှင်းထက် ပိုမိုသန့်စင်ကာ ပိုမိုကြမ်းကြုတ်ပြီး ပိုမိုစွမ်းအားကြီးမား၏။

“ဟေး.. မင်းငါ့ရဲ့ နတ်ဆိုးဂိုဏ်းကို သိတာလား”

ရွှယ့်လင်းကျစ်က ကောက်ကျစ်စွာ ပြုံးသည်။ သူ၏ ပုံရိပ်က ရွေ့လျားသွားပြီး တစ္ဆေ အရိပ်လွှာများသဖွယ် ပြောင်းလဲသွား၏။ အေးစကသ်ည့် အငွေ့အသက်တစ်ခုက လေထဲတွင် ပြည့်နှက်လာ၏။ ကြည့်ရတာ တိုက်ပွဲပြင်က ညို့မှိုင်းသည့် တစ္ဆေသိုက်ကဲ့သို့ ပြောင်းလဲလာခဲ့သည်။

မုန့်ချုံ၏ နှလုံးသားက လေးလံသွားသည်။ နတ်ဆိုးဂိုဏ်းမှ လူများသည် အဘယ်ကြောင့် စွန့်ပြစ်ဒေသသို့ ခဏခဏ ရောက်လာသနည်း။ တစ်ဖက်လူကို ကြည့်ရတာ သူ၏ အသွေးအသား အဆီအနှစ်ကို မျက်စိကျနေသည့်ပုံ ရှိသည်။

“ဒုန်း… ဒုန်း”

သူ၏ နှလုံးခုန်မှုက ပြင်းထန်စွာ ခုန်ပေါက်လာပြီး ချီနှင့်သွေး စီးကြောင်းများ ထွက်ပေါ်လာကာ ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းသွားသည်။ ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအား အဆုံးစွန်အထိ အသက်သွင်းလိုက်ပြီး ခန္ဓာကိုယ်က စိန်ရွှေရောင် အလင်းဖြင့် လင်းလက်လာခဲ့၏။

ရွှေခေါင်းလောင်းတစ်ခု၏ ပုံရိပ်က သူ့ကို လွှမ်းခြုံထားသည်။

ဤသည်မှာ မုန့်ချုံ၏ ပထမဆုံးအကြိမ် ခွန်အားအပြည့်ကို အသုံးပြုခြင်း ဖြစ်သည်။ ခြောက်ခြားဖွယ် အငွေ့အသက်တို့ သူ့ဆီသို့ ဆက်လက် မြင့်တက်လာပေမယ့် သက်ရောက်ခြင်း လုံးဝ မရှိပါ။

သို့ရာတွင် မျက်စိဖြင့် မြင်နိုင်သမျှ အရာအားလုံးမှာ တစ္ဆေပုံရိပ်များသာ ဖြစ်ပြီး ပတ်ဝန်းကျင်တွင် လွင့်ပျံကာ ဖမ်းဆီးရန် ခက်ခဲနေပါသည်။

“အကြီးအကဲဝူက နတ်ဆိုးဂိုဏ်းရဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်လား။ ဒီတစ်လျှောက်လုံးမှာ သူ့ကိုယ်သူ ဖုံးကွယ်ထားတာလား”

“မဖြစ်နိုင်ဘူး။ ကြည့်ရတ သူက အကြီးအကဲဝူနဲ့ ချွတ်စွပ်တူတာများလား”

မုန့်ချုံက လေးလံသည့် နှလုံးသားနှင့် စဉ်းစားသည်။ မည်သို့ပင် ကြည့်စေကာမူ သူ၏ရှေ့ရှိ လူသည် အကြီးအကဲဝူကိုယ်တိုင် ဖြစ်၏။

သို့ပေမယ့် အဘယ်ကြောင့် ရုတ်တရက် နတ်ဆိုးဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာကြောင်းကို နားလည်နိုင်ခြင်း မရှိပေ။ အလွန် စွမ်းအားကြီးလာခဲ့၏။

'ရှဲ့လင်ဖုန်း မိစ္ဆာဂိုဏ်းအကြောင်းကို မိတ်ဆက်ပေးတုန်းက ခွန်အားကြီးတဲ့ လူများစွာနဲ့ အတွင်းဘက်နယ်မြေမှာ အရမ်းစွမ်းအားကြီးတဲ့ အင်အားစုတစ်ခုလို့ ပြောခဲ့တယ်။

နတ်ဆိုးဂိုဏ်းက လူတွေထဲမှာ ရွှယ့်ဝူရှင်းဆိုတာ အရမ်းကြီး စွမ်းအားကြီးတယ်လို့တောင် မယူဆနိုင်ဘူး'

“မင်းက နတ်ဆိုးဂိုဏ်းက ဘယ်ပုဂ္ဂိုလ်လဲ”

မုန့်ချုံက နက်ရှိုင်းသည့် အသံဖြင့် မေး၏။

“ဟီးဟီး.. သွေးအစာက ငါ့အမည်ကို သိဖို့အတွက် အဆင့်မမှီဘူး”

ရွှယ့်လင်းကျစ်က သွေးဆာစွာ ပြုံးသည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်က မုန့်ချုံနှင့် နီးကပ်သွားပြီး ရင်ဘတ်ကို လက်သည်းဖြင့် တိုက်ခိုက်လိုက်၏။

“ဘုန်း”

မုန့်ချုံက လက်သီးတစ်လုံးကို ပစ်ထုတ်လိုက်သည်။ ပြင်းထန်သည့် လေနှင့်မိုးကြိုးအားက ထွက်ပေါ်လာ၏။

သို့ပေမယ့် ရွှယ့်လင်းကျစ်က ချက်ချင်း ပျောက်ကွယ်သွာားပြီး သူ၏နောက်သို့ ရောက်ရှိသွားခဲ့သည်။

“ဇုပ်”

တိုက်ခိုက်မှုက ရွှေခေါင်းလောင်းကို အက်ကွဲစေကာ လက်ချောင်းငါးခုက ထက်မြသည့် လက်သည်းများသဖွယ် နောက်ကျောအား ဖမ်းဆုပ်လာ၏။

“ဟစ်”

မုန့်ချုံ၏ ချီနှင့်သွေးက တုန်ခါသွားပြီး ရွှေခေါင်းလောင်းက ချက်ချင်း ခါရမ်းထုတ်သည်။ သူက နောက်သို့လှည့်ကာ လက်သီးတစ်ချက်ကို ထုတ်လိုက်၏။ ရွှယ့်လင်းကျစ်၏ ပုံစံက အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ ပုံရိပ်က နောက်သို့ ဆုတ်ခွာသွားပြန်လေသည်။

“ကောင်လေး.. ဒါက ဘယ်လို ကျင့်စဉ်မျိုးလဲ.. မင်းရဲ့ ခန္ဓာကိုယ်က ဘာလို့ ဒီလောက်တောင် သန်မာရတာလဲ”

သူက အံ့ဩနေ၏။ ထိုရွှေခေါင်းလောင်းကဲ့သို့ အကာအကွယ်သည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မာကြောနေပြီး ဖြစ်၏။ ယခုကဲ့သို့ အကာအကွယ် သိုင်းပညာတစ်ခုအား ဘယ်တုန်းကမှ တွေ့မြင်ဖူးခြင်း မရှိပါ။

ရလဒ်အနေနှင့် အခုတော့ ခန္ဓာကိုယ်ကိုယ်တိုင်က အလွန် သန်မာနေ၏။ သံမဏိပင်လျှင် သူ၏ ခန္ဓာကိုယ်လောက် မာကျောမည်မဟုတ်ပေ။ သူ၏ တိုက်ခိုက်မှုသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင် အမှတ်ငါးခုတို့ကိုသာ ကျစ်ရစ်နိုင်ခဲ့သည်။ အရေအပြားကိုပင် ပျက်စီးစေခြင်း မရှိခဲ့ပေ။

“မင်းသိဖို့ မလိုဘူး”

မုန့်ချုံက ရှေ့သို့တက်ကာ ရွှယ့်လင်းကျစ်နောက်သို့ လိုက်ပြီး လက်သီးချက်များကို ဆက်တိုက်ထိုး၏။ အရပ်မျက်နှာ အားလုံးတို့ဆီသို့ လေနှင့်မိုးကြိုး၏ အားက ကြောက်စရာကောင်းသည့် စွမ်းအားနှင့် ဖြတ်သန်းသွားသည်။

ရွှယ့်လင်းကျစ်၏ ခန္ဓာကိုယ်က တစ္ဆေကဲ့သို့ ပုံရိပ်ယောင်ဆန်စွာ ရွေ့လျားနေပြီး လက်သီးချက်များကို ဆက်တိုက် ရှောင်ရှားနေပါသည်။ ရုတ်တရက် သူက အခွင့်အရေးတစ်ခုကို ယူကာ ရှေ့သို့ လျှပ်တစ်ပြတ် တက်သွားပြီး ခန္ဓာကိုယ်ကို ပတ်လိုက်၏။ မုန့်ချုံ၏ နောက်ကျောမှ ရွှေခေါင်းအကာအကွယ်ကို လက်သည်းဖြင့် ဆွဲဖြဲလိုက်သည်။

မုန့်ချုံက အသံဟစ်ကာ နောက်သို့လှည့်ပြီး တိုက်ခိုက်လိုက်ချိန်၌ ရုတ်တရက် ခန္ဓာကိုယ်ကို ယိုင်လိုက်ပြီး မုန့်ချုံရင်ဘတ်နှင့် ကပ်ကာ ကြမ်းကြုတ်စွာဖြင့် လက်သည်းဖြင့် ကုတ်ဆွဲလိုက်၏။

ရွှေခေါင်းလောင်းက ပျက်စီးကာ ထိုလက်သည်းက မုန့်ချုံ၏ ရင်ဘတ်ပေါ်သို့ ဖမ်းဆုပ်လာခဲ့သည်။ ထိုအချိန်၌ မုန့်ချုံသည် သူ၏ရင်ဘတ်မှ စူးရှသည့် နာကျင်မှုကို ခံစားလာရ၏။

သွေးနှင့်ချီက အရိုင်းဆန်စွာ မြည်တမ်းလာပြီး ရွှေခေါင်းလောင်းလည်း တုန်ခါလာခဲ့သည်။ စွမ်းအားကြီးမားသည့် အားတစ်ခုအဖြစ် ပြောင်းလဲကာ ရွှယ့်လင်းကျစ်အား ဖိနှိပ်ရန် ကြိုးစား၏။

ရွှယ့်လင်းကျစ်၏ လက်သည်းက မုန့်ချုံကို သတ်ဖြတ်ရန် ကျရှုံးခဲ့ပြီး သူ၏ ပုံရိပ်သည် နောက်တစ်ကြိမ် ဝေဝါးစွာ ဆုတ်ခွာသွား၏။ ယခုအချိန်၌ သူ၏ ပုံစံမှာ လေးနက်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပိုမိုကာ ပြည့်နက်လာခဲ့သည်။

မုန့်ချုံ၏ ခန္ဓာကိုယ် ပိုမိုသန်မာလေလေ ဝါးမြိုပြီးပါက သူရရှိမည့် အကျိုးအမြတ်တို့ ပိုမိုများပြားလေ ဖြစ်သည်။

သူ့အနေနှင့် ပြန်လည် ငယ်ရွယ်လာနိုင်ရုံမက ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း သိုင်းသမား အများစုထက် သာလွန်နေမှာ ဖြစ်သည်။ တွေးမိသည်နှင့် စိတ်လှုပ်ရှားဖွယ် ကောင်းလှ၏။

“ကောင်းကင်က ငါ့ကို ကူညီတာပဲ။ ဒီလို သွေးအစာကို ချီးမြှင့်ပေးခဲ့တယ်”

မုန့်ချုံက သွေးအမှတ်ရာ ငါးခုနှင့် သူ၏ရင်ဘတ်ကို ငုံ့ကြည့်သည်။ ဤသည်မှာ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်အား ကျင့်ကြံပြီးနောက် ပထမဆုံးအကြိမ် သူ၏ ခံနိုင်ရည်အား ချိုးဖျက်ခံရပြီး ဒဏ်ရာရရှိလာခြင်း ဖြစ်၏။

“အရမ်းသန်မာတယ်.. တစ္ဆေတစ်ကောင်လို ရွေ့လျားမှုနဲ့ ကြွယ်ဝတဲ့ တိုက်ခိုက်မှု အတွေ့အကြုံတွေ ရှိတယ်။ ငါက သူ့ထက် အများကြီး နိမ့်ကျနေတာပဲ”

မုန့်ချုံက ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

သို့ပေမယ့် ပြဿနာအချို့ကိုလည်း ရှာတွေ့ခဲ့၏။ တစ်ဖက်လူ၏ ခန္ဓာကိုယ်မှာ တစ်ခုခု မှားယွင်းနေသည့်ပုံ ရှိသည်။

世尊 风:

All Chapters