← Chapters

ဆေဘာဝိဉာဉ် နိုးထခြင်း၊ ကြီးစိုးခြင်းဆေဘာဆန္ဒ

Vol. 10 Ch. 150

ဆေဘာဝိဉာဉ် နိုးထခြင်း၊ ကြီးစိုးခြင်းဆေဘာဆန္ဒ

Vol. 10 Ch. 150

နေ့စဉ်နေ့တိုင်း မုန့်ချုံသည် သူ၏သွေးနှင့် စိတ်ဝိဉာဉ်တို့ကို အသုံးပြုပြီး အဖိုးတန်ဆေဘာကို ပျိုးထောင်ခဲ့၏။ နှလုံးသားနှင့် ဆေဘာတို့အား ထပ်တူညီစေရန် ကြိုးစားသည်။

နောက်ဆုံးတွင် သေခြင်းရှင်ခြင်း အခိုက်အတန့်၌  သူ၏ဆေဘာကို ဆွဲထုတ်ရမည့် အချိန်သို့ ကျရောက်လာခဲ့ပါပြီ။

ဆေဘာကို ဆွဲထုတ်လိုက်သည်နှင့် ၎င်း၏ ဝိဉာဉ်က နိုးထလာပြီး ပတ်ဝန်းကျင်ကို စိတ်ဆန္ဒဖြင့် လှုပ်ခါသွားစေသည်။

ဆေဘာအလင်းက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို သိုင်းဖြတ်သွားသည့်ပုံပေါ်ပြီး လုံးဝကြီးစိုးကာ ၎င်း၏ ရှေ့တက်မှုကို မည်သည်မှ တားဆီးနိုင်ခြင်း မရှိအောင် ဖြစ်နေပါသည်။

ဝူနိုင်ငံ၏ တော်ဝင်မြို့တော် မြို့ရိုးအထက်၌ ဧကရာဇ်ဝူတို့က အဝေးမှ တိုက်ပွဲကို ကြည့်နေရင်းမှ ထိုဆေဘာအလင်းကိုသာ တွေ့မြင်ရတော့သည်။

နေအလင်းအစား တောကိပနေပြီး ၎င်းမှ ထုတ်လွှတ်နေသည့် ကြီးစိုးလှသည့် အငွေ့အသက်ကို ခံစားရဆဲဖြစ်သည်။

သူတို့၏ နှလုံးသားများအား လက်တစ်ခု၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည့်နှယ် အသက်ရှူရန် မေ့လျော့သွားပြီး မျက်လုံးများက ပြူးကျယ်ကာ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နက်နေပါသည်။

အနှိုင်းမဲ့သည့် ဆေဘာအလင်း...

ကြီးစိုးသည့် ဆေဘာဆန္ဒက ရွှယ့်လင်းကျစ်၏  ဖိအားကို ပျက်စီးသွားစေပြီး အသိစိတ်အား ခုတ်ပိုင်းလာခဲ့၏။

'ဘယ်လိုဖြစ်နိုင်မှာလဲ... ဒါကဘယ်လို ဓားသိုင်းမျိုးလဲ..' ရွှယ့်လင်းကျစ်က ထိတ်လန့်သွားပြီး သွေးရောင်တို့ ပျောက်ကွယ်သွားသည်။

သူက မုန့်ချုံ၏ တိုက်ခိုက်မှုကို ကာကွယ်ရန်ကြိုးစား၏။ လွတ်မြောက်လို၏။ ရှောင်ရှားလို၏။ သို့ရာတွင် စွမ်းအားမဲ့စွာ ရှိနေပါသည်။

ဆေဘာတစ်ချက်က လောကကြီး၏ အရောင်အားလုံးတို့အား ဆုံးရှုံးသွားသည့်နှယ် ရှိနေပြီး အနှိုင်းမဲ့သည့် ဆေဘာဆန္ဒက ချက်ချင်းပင် ရွှယ့်လင်းကျစ်ကို ပိုင်းဖြတ်သွားသည်။

"ဇွတ်.."

လွှသွားနှင့် ဆေဘာက လွင့်စင်ထွက်သွားပြီး အကြီးအကဲဝူ၏ ခန္ဓာကိုယ်က နှစ်ပိုင်းပျက်သွားခဲ့သည်။

ဓားချက်အောက်တွင် ရွှယ့်လင်းကျစ်လည်းလည်း နှစ်ပိုင်းပြတ်သွား၏။ ထိုနှစ်ပိုင်းသည် ခန္ဓာကိုယ်နှင့်အတူ ကွဲထွက်သွားခဲ့သည်။

"မဖြစ်နိုင်ဘူး... ဒါလုံးဝ မဖြစ်နိုင်ဘူး... ဒါကဘယ်လို စွမ်းအားမျိုးလဲ... ငါ့ကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ။ သူက သိုင်းသခင်တစ်ယောက်တောင် မဟုတ်ဘူး။ ငါက နတ်ဘုရားသန့်စင်ခြင်း ကောင်းကင်လူသား တစ်ယောက်ပဲ..."

ရွှယ့်လင်းကျစ်က ခြောက်ခြားစွာ ရှိနေပါသည်။ သူ၏ အသိစိတ်သည် မကျေနပ်မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နက်နေ၏။

သူသည် ဒီသိုင်းသမားလူငယ်ကို သူ၏ တစ်ကျော့ပြန်မှုအတွက် နင်းပြားတစ်ခုအဖြစ် တွေးထားခဲ့တာပါ။ နတ်ဘုရားများက သူရွှယ့်လင်းကျစ်ကို မပျောက်ကွယ်စေလိုခြင်းကြောင့်ဟု ထင်ခဲ့၏။

ရလဒ်အနေနှင့် ဒီနေရာတွင် သေဆုံးရပေတော့မည်။ လုံးဝ ကျေနပ်ခြင်းမရှိပေ။ အလွန် ကျေနပ်မှု မရှိစွာ ဖြစ်နေ၏။

အစပိုင်းတွေ စွမ်းအားကြီး ပုဂ္ဂိုလ်များစွာတို့၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရစဉ်က သူသည် အသက်ရှင်ကျန်နိုင်ခဲ့ပြီး ပြန်လည် ထွက်ခွာနိုင်မည့် အခွင့်အရေးကို စောင့်စားနေခဲ့သည်။

နောက်ဆုံးတွင် ဒီစွန့်ပစ်ဒေသ၌ သေဆုံးခဲ့ရသည်လား။

"ဒုတ် ဒုတ် ဒုတ်..."

မုန့်ချုံ၏ နှလုံးက ပြင်းထန်စွာ ခုန်နေ၏။

ရင်ဘတ်ပေါ်ရှိ ဒဏ်ရာမှ သွေးထွက်နေမှုက ဖြေးညှင်းစွာ ရပ်တန့်သွားသည်။ သို့ပေမယ့် ပြီးပြည့်စုံစွာ ပြန်လည်ကောင်းမွန်ရန်အတွက် ရက်အနည်းငယ်လောက် အနားယူရန် လိုအပ်သေး၏။

သူသည် ဒီတိုက်ပွဲတွင် သေလုမတတ် ဖြစ်သွားခဲ့သည်။ နောက်ဆုံးသော အခြေအနေတွင် ဆေဘာပျိုးထောင်ခြင်းအား အောင်မြင်ပြီး ဆေဘာကို ထုတ်ကာ ရန်သူကို သတ်ဖြတ်နိုင်ခဲ့ခြင်းကြောင့်သာ ရှင်ကျန်ရစ်ခြင်းဖြစ်၏။

အချိန်အတော်ကြာအောင် ပျိုးထောင်ထားသည့်  ဆေဘာချက်၏ စွမ်းအားက အံ့ဩဖို့ ကောင်းလှသည်။ သိုင်းသခင်တစ်ယောက်ကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်၏။

သူ့ကို ပိုမိုကာ ဝမ်းသာသွားစေသည်မှာ ထိုအရေးကြီးသည့် အခိုက်အတန့်တွင် သူသည် ဆေဘာကို ဆွဲထုတ်နိုင်ခဲ့ရုံမက ဆေဘာဝိဉာဉ်ကိုလည်း နိုးထစေခဲ့ပြီး ဆေဘာဆန္ဒကိုပင် နားလည်သဘောပေါက်လာခဲ့သည်။

ကြီးစိုးကာ အနှိုင်းမဲ့သည့် ဆေဘာဆန္ဒ...

"ဟူး ဟူး ဟူး..."

မုန့်ချုံသည် အသက်ကို ပြင်းထန်စွာ ရှူနေရ၏။ လက်ထဲရှိ အဖိုးတန်ဆေဘာကို ကြည့်ကာ ယခုအချိန်၌ ခြားနားမှုကို ခံစားလာရသည်။

၎င်းသည် သူနှင့် ပဲ့တင်ထပ်နေသကဲ့သို့ ရှိ၏။ ကြည့်ရတာ သူက ဒီဆေဘာကို စိတ်ဝိဉာဉ်တစ်ခု ပေးထားသည့်ပုံပါ။

ထို့အပြင် ရွှယ့်လင်းကျစ်၏ လွှသွားနှင့် ဆေဘာကိုလည်း သူခံစားရ၏။ သူ၏စိတ်ကို ဖြန့်ကျက်လိုက်သည်နှင့် ဆေဘာက သူ့ကို တုံ့ပြန်လာသည့်ပုံပါ။

"ဆေဘာဝိဉာဉ်ပဲ.."

"ဒါက ဆေဘာဝိဉာဉ်ရဲ့ နိုးထမှုလား.."

မုန့်ချုံတစ်ယောက် ဆေဘာစိတ်ဝိဉာဉ်၏ နိုးထလာမှုကို ခံစားလိုက်ရပြီးနောက် လောကကြီးတွင် သူနှင့် မဆက်သွယ်နိုင်သည့် ဆေဘာ မရှိတော့ဟု ခံစားရ၏။

ထို့အပြင် သူသည် ဆေဘာဆန္ဒကိုလည်း တစ်ခါတည်း နားလည်သဘောပေါက်လာခဲ့သည်။

'ငါမူလအဆင့်ကို မချိုးဖြတ်ခင်မှာ ဆေဘာဆန္ဒကို နားလည်သဘောပေါက် နိုင်ခဲ့ပြီ..'

မုန့်ချုံသည် အလွန် စိတ်လှုပ်ရှားနေ၏။ ဒီတိုက်ပွဲက အန္တရာယ်များလှကာ သူ၏အသက်ကိုပင် ကုန်ဆုံးလုမတတ် ဖြစ်စေခဲ့ပေမယ့် ရရှိမှုများကလည်း များပြားလှသည်။

'စီနီယာအကိုကြီးပြောတာ မှန်တယ်။ သိုင်းသမားတစ်ယောက်အနေနဲ့ ငါတို့တွေ တိုက်ခိုက်မှုကို နားလည်ရမယ်။ တိုက်ခိုက်တာကပဲ သိုင်းပညာရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို ပိုပြီးတော့ လွယ်လွယ်ကူကူ နားလည်လာစေနိုင်တယ်..'

မုန့်ချုံက ရှေ့သို့တက်ကာ နှစ်ပိုင်းကွဲသွားသည့် ခန္ဓာကိုယ်ဆီသို့ လျှောက်သွားသည်။ သူ၏ ဆရာက ရန်သူကို ရင်ဆိုင်ရာတွင်ရာတွင် ဘယ်တော့မှ သတိလက်လွတ် မနေရန် သင်ကြားထားခဲ့၏။

ခေါင်းဖြတ်ခြင်းသည် ပင်လျှင် သေဆုံးပြီဟု သေချာနိုင်မည် မဟုတ်ပါ။ အရိုးကိုချေပြီး ပြာဖို့လွှင့်ကာ ဝိဉာဥ်ကို ဖျက်ဆီးရပေမည်။

တည်ရှိမှု သဲလွန်စအားလုံးတို့ကို ဖျောက်ဖျက်ပစ်ရမည် ဖြစ်၏။

'ငါ့ရဲ့ဆေဘာက လောကကြီးကို အတားအဆီးမရှိအောင် ဖြတ်ကျော်ပြီး ဆေဘာရဲ့ တံခါးပေါက်ကို ဝင်ရောက်နိုင်စေခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဆေဘာဆန္ဒကို ကြီးစိုးခြင်းဆေဘာဆန္ဒလို့ ခေါ်မယ်... ဒါက ငါနဲ့လည်း အရမ်းသင့်တော်တယ်..'

မုန့်ချုံက ကိုယ့်ကိုယ်ကို စဉ်းစားသည်။ သူက ဆေဘာကို လက်ဖြင့်ဆုတ်ကာ အလောင်းဆီသို့ ခြေတစ်လှမ်းချင်း ချဉ်းကပ်သွား၏။

သူ၏ ခန္ဓာကိုယ်တွင် ရွှေရောင်အလင်းက လင်းလက်နေပါသည်။ ကိုယ့်ကိုယ်ကို ရွှေခေါင်းလောင်းတစ်ခုဖြင့် လွှမ်းခြုံကာ ဆေဘာဆန္ဒက ပတ်ဝန်းကျင်၌ လှိုင်းထန်နေ၏။

အနည်းငယ်မျှပင် သတိလက်လွတ် ဖြစ်ရဲခြင်းမရှိပါ။ ဒီအကြီးအကဲဝူနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေသည့်ပုံ ပေါ်၏။

သူသည် ခန္ဓာကိုယ်ဆီသို့ မရောက်ရှိခင်တွင်ပင် ဆေဘာတစ်ချက်ကို ထုတ်ဖော်လိုက်ပြီး ဖြစ်သည်။ ခန္ဓာကိုယ်အပိုင်းက နောက်ထပ်တစ်ကြိမ် နှစ်ပိုင်းကွဲသွား ပြန်၏။

"ဒါကဘာလဲ.."

မုန့်ချုံက ရုတ်တရက် အလောင်း၏ အနီးအနား၌ ငွေရောင် မြက်ပင်အချို့ကို တွေ့လိုက်ရသည်။ ကြည့်ရတာ မှော်ဆန်သည့် အငွေ့အသက်တစ်ခု  လွှမ်းခြုံနေသည်ထင်၏။

"ဖြစ်နိုင်တာက... စိတ်ဝိဉာဉ်ဆေးပင် တစ်ခုများလား.."

မုန့်ချုံက ဝမ်းသာသွားသည်။ သူသည် ဂျူနီယာညီမဆီမှ စိတ်ဝိဉာဉ်ဆေးပင်အကြောင်း ပြောကြားချက်ကို မကြာခဏ ကြားရလေ့ရှိသည်။

စိတ်ဝိဉာဉ်ဆေးပင်သာ ရှိပါက ဒန်ဆေးသန့်စင်ရာတွင် အာနိသင်တို့ အံ့သြစရာ ကောင်းလောက်အောင် ကောင်းမွန်နေမှာပါ။

လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် ငွေရောင်မြက်က သူ၏ဘေးသို့ ရွေ့လျားလာခဲ့သည်။ သို့ပေမယ့် သတိကြီးစွာဖြင့် မြက်ကို ထိကိုင်ခြင်း မပြုပါ။ အဲ့ဒီအစား အလောင်းကို လှမ်းကာကြည့်၏။

သူ၏ မျက်လုံးများထဲတွင် ကြမ်းကြုတ်သည့် အကြည့်တစ်ခု ဖြတ်သန်းသွားလေသည်။ ဘာပဲဖြစ်ဖြစ် သူသည် သေဆုံးလုမတတ် ဖြစ်ခဲ့ရ၏။

"ဘုန်း.."

လက်သီးချက်တစ်ချက်ကို ထုတ်ဖော်ကာ ပူလောင်သည့် ချီနှင့်သွေးက အလောင်းကို လွှမ်းခြုံသွားသည်။

ဆေဘာဆန္ဒလည်း ထွက်ပေါ်လာခဲ့၏။

"ဘုန်း.."

ခန္ဓာကိုယ်က ပျက်စီးကာ ပူလောင်သည့် စွမ်းအင်အောက်တွင် ပြာအဖြစ် လောင်ကျွမ်းသွားရသည်။

ဆေဘာဆန္ဒ၏ လွှမ်းခြုံမှုအောက်တွင် မုန့်ချုံတစ်ယောက် သူ၏ ကိုယ်ပိုင်ဆန္ဒအား ဆန့်ကျင်နေသည့် အားတစ်ခုကို ရုတ်တရက် ရှာတွေ့လိုက်သည်။

ရှာကြည့်လိုက်ပြီးနောက် နှစ်ပိုင်းပြတ်နေသည့်  အင်းဆက်တစ်ကောင်ကို တွေ့လိုက်ရ၏။ ထိုထူးဆန်းသည့် အရာက ဖိအားတစ်ခုကို ထုတ်လွှတ်နေပါသည်။

သို့ရာတွင် ဖိအားက အားနည်းကာ သူ၏ ဆေဘာဆန္ဒက ၎င်းကိုလုံးဝ ဖိနှိပ်ထား၏။

"သေလိုက်တော့.."

မုန့်ချုံက သတိမပြတ်ရဲဘဲ သူ၏ဆေဘာဖြင့် လျှင်မြန်စွာ ခုတ်ပိုင်းလိုက်သည်။ ထိုအင်းဆက်ကို လုံးဝဖျက်ဆီးရမည် ဖြစ်၏။

"ကောင်လေးငါ..."

ရွှယ့်လင်းကျစ်က ထိတ်လန့်ဒေါသထွက်သွား၏။ သူသည် ဒဏ်ရာအပြင်းအထန် ရရဇိထားပြီး အသိစိတ်တို့ လွင့်ပြယ်လုနီးပါး ရှိနေပေမယ့် လုံးဝ သေဆုံးသွားခြင်း မရှိသေးပါ။

သူ့တွင် အသက်ရှင်ရန် အခွင့်အရေး တစ်ခုရှိနိုင်လောက်သေး၏။ ခဏကြာပါက ဝူနိုင်ငံရှိ မြို့တော်မှ အမှုထမ်းများက သူ၏အလောင်းကို လာရောက် သယ်ဆောင်ခြင်း သို့မဟုတ် တိုက်ပွဲပြင်ကို လာရောက်စစ်ဆေးခြင်း ပြုလုပ်ပါက လူတစ်ယောက်ကို ရွေးချယ်ကာ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ဆက်လက် အသက်ရှင်နိုင်လောက်သေးသည်။

ထိုလူများတွင် သူ၏ ငါးစာမရှိကာ အသိစိတ်နှင့်  ထပ်တူမညီနိုင်ပေမယ့် လုံးဝ သေဆုံးသွားခြင်း မဟုတ်ပါက သူ့တွင် တစ်ကျော့ပြန် စွမ်းအားကြီးလာနိုင်မည့် ဖြစ်နိုင်ချေတို့ ရှိနေပါသေးသည်။

သူ့အနေနှင့် တစ်ကျော့ပြန်နိုင်ခြင်း မရှိလျှင်တောင်  အချိန်အချို့ ဆက်လက်နေထိုင်ပြီး သူ၏ကျင့်စဉ်အတွက် ဆက်ခံသူတစ်ယောက်ကို ရှာဖွေနိုင်ပါသည်။

ဒီစွန့်ပစ်ဒေသတွင် အလွန်စွမ်းအားကြီးလာအောင် ကျင့်ကြံနိုင်ရန် မဖြစ်နိုင်ပေမယ့် လုံလောက်သည့် အသွေးအသား အဆီအနှစ်တို့ကိုသာ ဝါးမြိုပါက  ခွန်အားကို အဆင့်၅ သို့မဟုတ် အဆင့်၆လောက်အထိ ရောက်ရှိအောင် မြှင့်တင်နိုင်ပါသေးသည်။

ထို့နောက် အဆုံးမဲ့တောင်များကို ဖြတ်သန်းကာ အတွင်းဘက်နယ်မြေသို့ သွားရောက်မည် ဖြစ်၏။ သူရွှယ့်လင်းကျစ်၏ မျိုးဆက်က သူ့အတွက် လက်စားပြန်ချေပေးနိုင်လောက်သည်။

ရလဒ်အနေနှင့် ဒီကောင်ဂတုံးကား အလွန် မုန်းဖို့ကောင်းလှ၏။ လူတစ်ယောက်ကို သတ်ဖြတ်ပြီးနောက်  အရိုးများကိုချေကာ ပြာများကိုပင် လွှင့်လိုနေသေး၏။

အရင်က သူ့ထက်ပင် ပိုမို ရက်စက်လှသည်။

All Chapters