Chapter 51
Vol. 6 Ch. 51
ယီချန်မှာနေ့လည်စာစားရန် ကန်တင်းသို့အသွားတွင် စစ်သားတစ်ဦးကသူ့အား ဗိုလ်မှူးဟူ၏ရုံးခန်းဆီသွားရန် သတင်းပို့လာ၏။ ယီချန်မှာ သူ့အတွက်ပင်စင်ကြေးချလာပေးသည်ကို ကြားပြီးဖြစ်၍ ထိုကိစ္စနှင့်ပက်သက်မည်ကိုသိလိုက်ရာ စစ်သားလေးနောက်မှလိုက်သွားလိုက်သည်။ လမ်းတွင်ထိုစစ်သားလေးက သူ့အားလှည့်ကြည့်,လှည့်ကြည့်လုပ်နေ၍ ပြောစရာတစ်ခုခုရှိနေမည်လားဟု တွေးကာပြောလိုက်၏။
"ရဲဘော် ဘာပြောစရာများရှိလို့လဲ။ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်"
ထိုအခါမှ စစ်သားလေးသည် ယီချန့်ထံ မရီးလီတို့၏သမိုင်းတင်လောက်စရာ ရန်ပွဲကြီးအကြောင်းကို ကွက်ကွက်ကွင်းကွင်းမြင်ေအာင်ေပြာပြလာတော့သည်။ သူ၏စိတ်ထဲတွင် မရီးလီတို့အုပ်စု၏ စေတနာမေတ္တာကြောင့် နွေးထွေးသွားရပါသော်လည်း ထိုကိစ္စအားအရင်းခံကာပြဿနာတက်မလာဖို့ကိုတော့ မျှော့်လင့်မိပါ၏။
ဟူယွမ်ချွမ်၏ရုံးခန်းတွင်းရောက်သော် အထဲ၌ငြိမ်သက်စွာ ခေါင်းများအားငုံ့၍ နာခံသည့်အသွင်ရှိနေကြေသာအုပ်စုကြီးနှင့် တည်တင်းသောမျက်နှာထားဖြင့် ဟူယွမ်ချွမ်အပြင် အန်းဝေပါရှိနေလေ၏။ ယီချန်ဝင်လာသည်ကိုတွေ့သော် အန်းဝေမှာ လှောင်ပြောင်ရန်ပြင်လိုက်သော်ငြား ယီချန်၏ရုပ်ရည်ကြောင့် အံ့အားသင့်သွားရသည်။ ဆေးရုံသို့ သူရောက်ခဲ့သေးသော်လည်း ထိုစဉ်ကယီချန်မှာ ညာဘက်မျက်လုံးအား ပတ်တီးဖြင့်စည်းထား၍ သူ့ရုပ်ရည်ကိုသေချာအကဲမခတ်မိခဲ့ပေ။
ထို့ကြောင့်လည်း စစ်တပ်ဝင်းထဲရှိယီချန်၏ ရုပ်ရည်ပျက်စီးသွားသည်ဟူသည့် ကောလဟလကို ယုံမိသွားခြင်းပင်။ သို့သော် အမှန်တရားမှာတော့ ယီချန်သည် ရုပ်ဆိုးပန်းဆိုးဖြစ်သွားရမည့်အစား ကျန်အမျိုးသားထုကြီးကို ဓားဆွဲ၍ကိုယ့်မျက်လုံးကို ကိုယ်ပြန်လှီးစေရန် သွေးဆောင်နေသည့်အလား ပိုလို့တောင်ချောမောကြည့်ကောင်းလာလေ၏။ ငြိမ်ကုပ်နေကြသော အမျိုးသမီးများမှာ ယီချန့်အားမြင်သော် တီးတိုးသံများဖြင့်အပြိုင်ပြောဆိုနေကြပြန်သည်။ ဟူယွမ်ချွမ်မှနေ ချောင်းဟန့်လိုက်မှသာ ပြန်ငြိမ်သွားကြပြီး တစ်ဘက်ရှိအတွေးထဲနစ်ဝင်နေသော အန်းဝေလည်း ပြန်သတိကပ်လာတော့၏။ ထို့အတူ ယီချန့်၏ရုပ်ရည်အားအကောင်းမြင်အားကျသွားမိသည့် သူ့ကိုယ်သူလည်း ပိုလို့ပင် မကျေမနပ်ဖြစ်သွားရသည်။
"တပ်ခွဲမှူးယီ....အာ!မဟုတ်သေးပါဘူး....အခုမင်းကိုရာထူးကနေ အနားပေးလိုက်ပြီဆိုတော့ ယီချန်လို့ပဲခေါ်ရတော့မှာပေါ့။ ယီချန်ရေ မင်းကတော့တစ်ကယ်ကို ရုပ်ရည်တစ်ခုတည်းနဲ့ ဆူပူမှုဖြစ်အောင် လှုံ့ဆော်နိုင်တာပဲ။ ခုဆို မင်းကျေးဇူးကြောင့် လူတိုင်းရဲ့ တာဝန်အလုပ်ချိန်တွေလည်း ပျက်ပြားသွားရပြီ။ ဒါတောင်မင်းက ခေါင်းမော့ရင်ကော့ပြီး လာနိုင်သေးတယ်နော်။ ငါဖြင့်မင်းကို နားကိုမလည်နိုင်တော့ဘူး"
ယီချန်မှာ သူရောက်လာချင်းမှာပင် သူ့အတွက်ကြိုးစားပမ်းစားကျင်းတူးပေးနေသည့် ဇာတ်လိုက်အားကြည့်ကာအေးအေးဆေးဆေးပင် ပြောလိုက်၏။ ယခုအချိန်တွင် သူသည်ဇာတ်လိုက်နှင့် စကားများရန်စိတ်ရှိမနေချေ။ သို့ေသာ် တစ်ဖက်မှရိုသေသမှုဖြင့် တောင်းဆိုလာလျှင်လည်း ငြင်းပယ်နေမည်မဟုတ်ပေ။ ထို့ကြောင့် အန်းဝေ၏ခန္ဓာကိုယ်အား အထက်အောက်စုန်ဆန်ကြည့်ကာ ပြောလိုက်သည်။
"ငါ့လိုရုပ်ရည်တစ်ခုတည်းနဲ့ ထိန်းချုပ်သွားနိုင်တယ်ဆိုတဲ့ ကိစ္စကိုမင်းနားမလည်နိုင်တာကို ငါနားလည်ပါတယ်။ စိတ်မကောင်းစရာက မင်းနားလည်နိုင်ရင်တောင် လိုက်လုပ်လို့မရတော့ အလဟဿဖြစ်တာပဲရှိမှာလေ။ အဲ့တော့ ခေါင်းရှုပ်ခံပြီးစဉ်းစားမနေပါနဲ့တော့"
မရီးလီတို့အုပ်စုမှာ ယီချန်၏အန်းဝေအား နှိပ်ကွပ်လိုက်သည့်စကားများအပေါ် သဘောတွေ့သွားကြကာ ကြိတ်ရယ်နေကြတော့၏။ တစ်ဘက်ရှိ လောင်ကျို့မိခင်တို့အုပ်စုဘက်တွင်ပင် တခွိခွိရယ်နေကြသံတို့အား ကြားနေရလေသည်။ အန်းဝေမှာ ယီချန်ကသူ့အားလူအများရှေ့တွင် အရှက်ခွဲလာမည်ဟု ထင်မထားသောကြောင့် ဒေါသတကြီးဆူငေါက်ရန် ပြင်လိုက်စဉ် ယီချန်ကအရင်ဆက်ပြောလာ၏။
"ပြီးတော့ မရီးလီတို့အုပ်စုကငါ့ရုပ်ရည်ကြောင့် ရန်ဖြစ်ကြတယ်ဆိုတဲ့ မင်းစကားကိုတော့ငါလက်မခံနိုင်ဘူး။ မင်းရဲ့ပြီးစလွယ်ပြောလိုက်တဲ့ စကားတစ်ခွန်းစီက မရီးလီတို့ရဲ့ လူအချင်းချင်းကြင်နာဖေးမပေးတဲ့ ဖြူဖြူစင်စင်မေတ္တာတရားကို စော်ကားလိုက်တာပဲ။ ဒါတင်မကသေးဘူး စစ်သားတစ်ဦးဖြစ်တဲ့မင်းက တိုင်းပြည်အတွက်ပေးဆပ်ခဲ့တဲ့ အခြားစစ်သားတစ်ဦးရဲ့ ကိုယ်ကျင့်တရားကိုပါ စော်ကားလိုက်မိတာ။ အန်းဝေ မင်းရန်ဖြစ်ချင်ရင် ပွင့်ပွင့်လင်းလင်းပြောလိုက်ရင်ရပြီ ဒီလိုအောက်တန်းကျတဲ့စကားတွေကို ဆင်ခြေအနေနဲ့သုံးပြီး ငါတို့ကို ဆူပူပြောဆိုလာဖို့ အခွင့်အရေးမင်းမှာရှိမနေဘူး"
ထိုစဉ်ဟူယွမ်ချွမ်မှ မကျေမနပ်ဝင်ပြောလာ၏။ သူတို့ရန်ဖြစ်နေကြချိန်တွင် သူ့ကိုပါဆွဲထည့်ပြီး စကားလုံးများဖြင့် တိုက်ခိုက်ခဲ့ကြသေးသည်မဟုတ်ပါလော။
"ဒါပေမယ့်ဘဒီအုပ်စုကမင်းရာထူးကနှုတ်ထွက်တဲ့ ကိစ္စကြောင့်အုံကြွမှုဖြစ်လာရတာလေ"
မရီးလီမှာ ဟူယွမ်ချွမ်၏ပြောစကားကြောင့် ဒေါသတကြီးဖြတ်ပြောလာ၏။
"ဗိုလ်မှူးဟူရဲ့စကားတွေက တအားချဲ့ကားလွန်းနေပါပြီ။ ကျွန်မတို့ကဒီအတိုင်းရန်ဖြစ်စကားများကြရုံလေးတင်ကို အုံကြွမှုဆိုပြီး အမည်တော့မတပ်သင့်ပါဘူး"
မရီးလီ၏စကားကို လောင်ကျို့ဘက်မှအမျိုးသမီးအုပ်စုကပင် ထောက်ခံလာကြရာ ဟူယွမ်ချွမ်၏မျက်နှာမှာ ဝက်အသည်းလိုနီရဲလာတော့၏။ ယီချန်သည်လည်း ဟူယွမ်ချွမ်မှ သူ့ဒေါသတို့အား မရီးလီတို့ထံ ပုံမချခင် ဝင်ပြောလိုက်သည်။
"မရီးလီ တစ်ကယ်တော့ စစ်တပ်ထဲကနှုတ်ထွက်ဖို့ကို ကျွန်တော်ကအရင်ထုတ်ပြောခဲ့တာပါ"
ယီချန်၏စကားကြောင့် မရီးလီတို့မှာ တကြွကြွဖြစ်လာ၏။ ဟူယွမ်ချွမ်နှင့်အန်းဝေတို့မှာတော့ သူတို့မှာ မှန်ကန်ပါသည် ဟူသောမျက်နှာထားဖြင့် စောင့်ကြည့်နေကြသည်။ သို့ေသာ် ယီချန်၏ဆက်ပြောလာသော စကားများကသူတို့အား ရိုက်ချလာတော့၏။ ယီချန်မှာ စိတ်လှုပ်ရှားနေကြသော မရီးလီတို့အား သေချာရှင်းပြလိုက်သည်။
"မရီးလီတို့လည်း ကျွန်တော့်ရဲ့ညာဘက်မျက်လုံးအခြေအနေနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာကို သိထားလောက်ပါပြီ။ တစ်ကယ်လို့ကျွန်တော်သာဒီမှာဆက်နေရင် ဖြစ်ရိုးဖြစ်စဉ်အရဆိုရင်တော့ ကျွန်တော့်အတွက်ကောင်းချီးတစ်ခုဆိုတာ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် အမှန်တစ်ကယ်ကျ ကျွန်တော့်အနေအထားနဲ့ဒီအရာက ကောင်းချီးတစ်ခုဟုတ်မနေဘူးဆိုတာ အသိသာကြီးပဲလေ။
ဒီတော့ ကျွန်တော်လည်းပင်စင်ယူပြီး ထုတ်လုပ်ရေးအဖွဲ့ဆီပြန်တာက အကောင်းဆုံးဖြစ်မယ်လို့ တွေးထားတယ်။ ထုတ်လုပ်ရေးအဖွဲ့ထဲမှာဆိုရင် အနည်းဆုံးတော့ ကိုယ့်အနာဂတ်ကို ကိုယ်ချုပ်ကိုင်လို့ရသေးတယ်လေ။ မရီးလီတို့ ကျွန်တော့်အတွက် ဒုက္ခခံပေးကြတာကို ကျေးဇူးတင်မိပေမယ့် ကျွန်တော့်အတွေးကိုလည်း နားလည်ကြမယ်လို့ မျှော်လင့်ပါတယ်"
မရီးလီတို့အုပ်စုမှာ ယီချန်၏ရှင်းပြချက်ကြောင့် ရှင်းရှင်းလင်းလင်းသဘောပေါက်သွားကြတော့သည်။ ဆောင်းဦးလယ်ပွဲပြီးလျှင် အန်းဝေမှာတပ်မှူးရာထူးရမည်မှာ သေချာနေပြီဖြစ်ပြီး ဗိုလ်မှူးဟူဆိုသည်မှာလည်း သူ့ကိုအလွန်မြှောက်စားလှရာ ပြိုင်ဘက်ဖြစ်သော ယီချန့်အတွက် စစ်တပ်ထဲဆက်ရှိနေခဲ့လျှင်ပင် နေ့ရက်ကောင်းများရမည်မဟုတ်ပေ။ အန်းဝေ၏တွက်ချက်တတ်သောစိတ်ထားအောက်၌ ယီချန်မှာ လူးလိမ့်ခံရပေလိမ့်မည်။
ထိုသို့ေတွးမိလိုက်ကြသော် မရီးလီတို့မှာ ယီချန့်အား အားနာသွားကြ၏။ သူမတို့ကကောင်းသည်ထင်၍ လုပ်လိုက်မိသောကိစ္စမှာယီချန့်အတွက် တူးထားသောကျင်းထဲ တွန်းချနေသည့်အလားပင်။ ကံကောင်းထောက်မစွာဖြင့် အထက်ကပင်စင်ယူခွင့်ပေးလိုက်သည်လေ။ မဟုတ်ပါက ယီချန့်အား ဤနေရာတွင်ဆွဲထားပြီး ဒုက္ခပေးရန်ကြံနေသူများထဲ သူမတို့ပင်ပါသွားနိုင်လေ၏။
မရီးလီတို့မှာ ပက်စက်လှသောအကြံအစည်များဖြင့် ပြည့်နှက်နေသော ဟူယွမ်ချွမ်တို့ဆရာတပည့်နှစ်ဦးထံ မကျေမနပ်ကြည့်လိုက်ကြသည်။ သို့သော် သူမတို့အနေအထားဖြင့် ဤလူနှစ်ယောက်ကို ကိုင်တွယ်နိုင်မည်မဟုတ်ရာ ဒေါသတကြီးကျိန်ဆဲရုံသာ တတ်နိုင်လေ၏။ ဟူယွမ်ချွမ်မှာ ယီချန်၏စကားကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်။
တစ်ဘက်ရှိ အန်းဝေမှာလည်း ယီချန်ကသူတို့အကြံအားသိနေသည့်အပေါ် ထိတ်လန့်သွားခဲ့သော်လည်း ယခုမှစ၍ ယီချန်မှာစစ်တပ်မှ ထွက်သွားရတော့မည်အား သတိရ၍ အသာငြိမ်နေလိုက်တော့၏။ ဒေါသထွက်နေသောအမျိုးသမီးများအတွက်တော့ သူစိတ်ပူမနေပါပေ။ သူမတို့မှာ သူ့လမ်းကြောင်းပေါ်ရှိ ဆူးငြောင့်အနေအထားပင်ဖြစ်နိုင်သော အရည်အချင်းမရှိချေ။ သို့သော် ထိုအကြောင်းအား ယီချန်မှလူအများရှေ့ပြောလာသည့်အပေါ်တော့ ဒေါသထွက်မိလေသည်။
"ယီချန်!မင်းစကားတွေက ဘာအဓိပ္ပာယ်လဲ။ ငါကအထက်လူကြီးတစ်ယောက်အနေနဲ့ မင်းကိုဖိအားပေးမယ်လို့ ထင်နေခဲ့တာလား။ မင်းစိတ်ထဲမှာ ငါကဒီလိုလူမျိုးဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး။ မင်းတပ်ထဲဝင်လာကတည်းက စိတ်ရင်းနဲ့ဂရုစိုက်ပေးခဲ့ရတဲ့အချိန်တွေကို ခွေးကျွေးပစ်ခံလိုက်ရသလိုပဲ"
ယီချန်မှာထိုစကားကြောင့် အသာရယ်လိုက်မိ၏။ ဇာတ်လိုက်မမှာ ဤလူအိုကြီး၏သမီးပီသပါပေသည်။
"ဒီမှာဦးလေး စကားကိုဆွဲဆန့်တာတွေလုပ်မနေပါနဲ့တော့။ ဦးလေးဘာတွေလုပ်ခဲ့တယ်ဆိုတာကို ဦးလေးစိတ်ထဲသိထားရင်ရပြီပေါ့။ ကျွန်တော်ကလည်း ဝန်ခံခိုင်းဖို့တောင်းဆိုနေတာမှ မဟုတ်တာ။ ပြီးတော့ မရီးလီတို့ဆီကနေ ကျွန်တော်သိထားသလောက်ဆို ကျွန်တော်ကစစ်တပ်ထဲဝင်လာကတည်းက အရာရာကိုကိုယ့်ဘာသာထိန်းကျောင်းခဲ့ရတာပါ။ ပြီးတော့ သေမင်းနဲ့လက်တစ်ကမ်းအကွာက မစ်ရှင်တွေကိုပဲလက်ခံခဲ့ရတာတဲ့။ အဲ့လိုဆိုကာမှ ဦးလေးကတစ်ကယ်ကို စိတ်ရင်းနဲ့ဆက်ဆံပေးခဲ့တာပါပဲ။ ဒါပေမယ့်လို့ ဂရုစိုက်ခံရတဲ့လူက ကျွန်တော်တော့မဟုတ်ခဲ့ပါဘူး"