← Chapters

Chapter 59

Vol. 6 Ch. 59

Chapter 59

Vol. 6 Ch. 59

ယီချန်မှာ ကြောင်တောင်တောင်ဖြင့် သူ့အားလှမ်းကြည့်နေသော ကောင်မလေးကိုကြည့်ကာ အသာရယ်ရင်းလှမ်းပြောလိုက်၏။

"ရေခြောက်အောင် သုတ်ပြီးမှအိပ်နော်"

ကျားလိလည်း ခေါင်းငြိမ့်ပြလိုက်ပြီး ကျေးဇူးတင်လိုက်သည်။

"အဲ့လိုလုပ်မှာပါ။ ကျေးဇူးပဲနော်"

ယီချန်မှာ ယနေ့တင်ထိုကောင်မလေးထံမှ နှစ်ခါကျေးဇူးတင်ခံလိုက်ရသဖြင့် ပြောလိုက်၏။

"ကိုယ့်အပေါ်အရမ်းယဉ်ကျေးပြနေစရာမလိုပါဘူး။ လောင်အာ့တို့ကိုဆက်ဆံသလို ရင်းရင်းနှီးနှီးပြောလို့ရပါတယ်။ ကိုယ်ကမင်းကိုမဆူပါဘူး"

ကျားလိမှာ ထိုအပြောကြောင့်ရယ်လိုက်မိသည်။ ထို့နောက်သူမလည်းပြန်ချေပ၏။

"ဒါဆို ကျွန်မကိုလည်း ကျားလိမိန်းကလေးဆိုပြီး မခေါ်နဲ့လေ။ ကျွန်မကအဲ့လောက်ထိ လေး‌ေလးစားစားဆက်ဆံခံရလောက်အောင် မထိုက်တန်သေးပါဘူး"

ယီချန်မှာကျားလိအပြောကြောင့် ပြုံးလိုက်မိ၏။ ဤသို့ဆိုလျှင် ဒီကောင်မလေးက သူမနာမည်အားရင်းရင်းနှီးနှီးခေါ်ခိုင်းချင်၍ သူ့အပေါ်ယဉ်ကျေးပြနေသည်လော။ ထိုအတွေးကြောင့် ယီချန်မှာခေါင်းအားအသာယမ်းရင်း ရယ်လိုက်မိသည်။ သူမနှင့်ဆုံချိန်တိုင်းသူပြုံးနေတတ်သည်ကိုလည်း သတိထားမိလိုက်၏။ ယီချန်မှာ စကားဆက်ပြောချင်သေးသော်လည်း အမေယီအားစောင့်ခိုင်းထားသည်ဖြစ်ရာ ကျားလိထံနှုတ်မဆက်ချင် ဆက်ချင်ဖြင့် နှုတ်ဆက်လိုက်ရသည်။

"ဒါဆိုလည်း ကောင်းသောညပါနော် လိလိ"

ကျားလိမှာ သူမအားယီချန်ခေါ်ဆိုလိုက်သည့်အသုံးကြောင့် ဆံပင်အားသုတ်နေရင်းမှ တန့်သွားမိသည်။ ထို့နောက် ချက်ချင်းပြန်အမူအယာမပျက်နေရင်း ယီချန့်ထံကြည့်ကာ ‌ပြောလိုက်၏။

"ကောင်းသောညပါ ယီချန်"

ယီချန်မှာ သူ့နာမည်အား ကျားလိပါးစပ်မှနေကြားလိုက်ရသည်နှင့် တစ်ကိုယ်လုံးရှိန်းတိန်းတိန်းဖြစ်လာရကာ အတွန့်တက်လိုက်သည်။

"ကိုယ်ကမင်းထက် အသက်ကြီးတယ်နော်။ ဘာလို့ ယီချန်ကောကောလို့ မခေါ်တာလဲ"

ကျားလိမှာ ယီချန်စကားကြောင့် ရယ်လိုက်မိ၏။ တစ်ကယ်တမ်းတွက်ကြည့်လျှင် သူမ၏ဤခန္ဓာကိုယ်မှာ ဆယ့်ကိုးနှစ်ဖြစ်နေပေသိ တစ်ကယ်တမ်းသူမအသက်က နှစ်ဆယ့်ခြောက်နှစ်ပင်။ ထိုအသက်က ယီချန့်ထက်ပင် ပိုကြီးနေ၍ သူမမှာသူ့အားမည်သို့‌ *ကောကော* တပ်ခေါ်နိုင်ပါမည်နည်း။

"ဟင့်အင်း ကျွန်မရှင့်ကို ယီချန်လို့ပဲခေါ်မယ် ရမလား"

ယီချန်မှာ ကျားလိ၏တောင်းဆိုနေဟန်ကြောင့် မလိုက်လျောပေးဘဲ မနေနိုင်တော့ချေ။ မည်သို့ပင်ဆိုဆို ဤကောင်မလေးမှာ သူ့အားဇာတ်လိုက်တို့လက်ထဲမှ ကယ်တင်ပေးခဲ့သည့်လူမဟုတ်ပါလော။ ထို့ကြောင့် ယီချန်မှာ သက်ပြင်းအသာချရင်းပြန်ဖြေလိုက်သည်။

"မင်းနိုင်ပါတယ် ခေါ်ချင်သလိုသာခေါ်တော့။ ခုနက အမေ့ကိုမအိပ်ပဲစောင့်ခိုင်းထားလို့ ကိုယ်သွားလိုက်ဦးမယ် တာ့တာနော်"

ကျားလိလည်း ‌အပြုံး‌ေလးဖြင့်ပြန်ပြောလိုက်၏။

"ဟုတ်ပါပြီ ဘိုင့်ဘိုင် ယီချန်"

ယီချန်လည်းကျားလိအား နှုတ်ဆက်ကာအမေယီ၏အခန်းဆီဦးတည်လိုက်သည်။ ကျားလိမှာ ပြတင်းပေါက်အားမှီ၍ ထိန်ထိန်လင်းနေသောလမင်းကြီးအားကြည့်ကာ ခဏအကြာတွင်သက်ပြင်းချရင်း တီးတိုးရေရွတ်မိ၏။

"ဘွားဘွား အခုအဆင်ပြေနေရဲ့လား။ လိလိကတော့ မိတ်ဆွေကောင်းတွေနဲ့ဆုံခဲ့ရလို့ အဆင်ပြေနေပါတယ်။ ပြီးတော့ ဒီနေ့လူချောလေးတစ်ယောက်က သမီးကို လိလိလို့လာခေါ်တယ်လေ။ ဘွားဘွား သူကလိလိအပေါ် ဂရုတစိုက်ရှိပေးနိုင်မယ့်လူ ဖြစ်နိုင်ပါ့မလား မသေချာပေမယ့် သူ့ကြောင့်ရင်ခုန်မိသွားတာတော့ အမှန်ပဲ။ သူကလူကောင်းတစ်ယောက်လို့ ခံစားမိပေမယ့်စိုးရိမ်စိတ်ကရှိနေတုန်းဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲ‌ေနာ်။ ဘွားဘွားပြောသလို ပြီးတော့ ရှောင်ဟွေ့ဆီအကြံပေးခဲ့သလို လိလိလည်း နှလုံးသားစေညွှန်ရာနောက်ပဲ လိုက်,လိုက်ရမလား"

ထိုစဉ် ယီချန်ကအမေယီ၏အခန်းရှေ့ရောက်လာပြီး အမေယီအားလှမ်းပြောလိုက်သည်။

"အမေ ကျွန်တော်ဝင်လာပြီနော်"

"အေး ဝင်ခဲ့လေ အားချန်"

ယီချန်မှာ အမေယီ၏အခန်းထဲဝင်သွားလိုက်ပြီး သူမရှေ့တွင်ဝင်ထိုင်လိုက်၏။ သူ့ရှေ့ရှိအမျိုးသမီးအားကြည့်ကာ စိုးရိမ်စိတ်ဝင်မိသော်လည်း သူ့အနေဖြင့် တစ်ပါးသူလောင်းရိပ်အောက် ရှင်သန်နေချင်စိတ်မရှိပေ။ အမေယီတို့ဘက်မှ တစ်ခုခုမသင်္ကာစရာတွေ့ခဲ့လျှင်တောင် မှတ်ဉာဏ်ပျောက်နေသည်ဆိုသည့် ဆင်ခြေကိုသာ သုံးရပေမည်။ အမေယီမှာ သူမသားအားကြည့်၍ မေးလိုက်သည်။

"အားချန် အမေ့ကိုဘာပြောစရာရှိလို့လဲ"

ယီချန်လည်း သူပြင်ဆင်လာသည့် ငွေနှင့်စာရွက်စာတမ်းများအား အမေယီထံပေးလိုက်၏။ အမေယီမှာ သူမသားပေးလာသည်တို့ကို ယူကာနားမလည်ဟန်ဖြင့်ကြည့်နေ၍ ယီချန်ကရှင်းပြလိုက်သည်။

"ဒါတွေကကျွန်တော့်ရဲ့ ပင်စင်ကြေးတွေပါ"

ယီချန့်စကားဆုံးသည်နှင့် အမေယီမှာသူမလက်ထဲရှိသည်တို့ကို ယီချန့်ထံပြန်ပေးလိုက်၏။

"ဒါတွေကို သားဘာသာသိမ်းထားလိုက်ပါ။ ဒီရက်တွေထဲ မင်းအိမ်ကိုပို့‌ေပးတဲ့ငွေပမာဏကိုက မနည်းဘူးလေ။ ‌အမေတို့ဆီ ငွေပြတ်နေတာမဟုတ်လို့ သားဘာသာပဲ သုံးပါ"

ယီချန်မှာ အမေယီ၏မျက်လုံးထဲရှိ ဝမ်းနည်းမှုများအားကြည့်ကာ သက်ပြင်းချရင်းရှင်းပြလာသည်။

"နောက်နှစ်ဆို ရှောင်စန်းကရှန်ဟိုင်းမှာ စားသောက်ဆိုင်ဖွင့်မယ်ဆို။ အ‌ေမ!လိလိကကျွန်တော်တို့ကို မိသားစုလိုဆက်ဆံလို့ ပြောစရာမရှိပေမယ့် သူမမိဘတွေသိသွားရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့မိသားစုက သူမကိုကပ်တွယ်နေတဲ့ သွေးစုပ်မျှော့တွေလို့ ထင်မသွားနိုင်ဘူးလား။ ကျွန်တော်ပင်စင်ကြေးငါးထောင်ရထားတယ်။ ကျွန်တော်အမေ့ဆီအကုန်ပေးထားမယ်။ ရှန်ဟိုင်းမှာ ဝင်းပိုင်အိမ်ပိုင်နဲ့ စိတ်သန့်သန့်ဆိုင်ဖွင့်နိုင်အောင် ဒီငွေကိုသုံးလိုက်ပါ။ လက်ရှိရှန်ဟိုင်းကမြေနေရာကုန်ကျငွေကို ကျွန်တော်မသိပေမယ့် သူမကတော့သိမှာပဲ။

အဲ့တော့အမေကသူမဆီသေချာမေးကြည့်လိုက်ဦး။ ဒီငွေငါးထောင်ထဲက‌ေနမလောက်ဘူးဆို ကျွန်တော့်ကိုပြန်ပြောပေး။ ကျွန်တော်က လိုတဲ့ငွေကို ရှောင်စန်းဆီချေး‌ေပးတယ်လို့ သဘောထားလိုက်မယ်။ ‌အမေ ဒီငွေငါးထောင်က ညီလေးတွေရဲ့ အနာဂတ်အတွက် အုတ်မြစ်ချဖို့ပဲသုံးပေးလိုက်ပါ။ ကျွန်တော်ကလည်း သူတို့ကိုအစအဆုံးလိုက်လုပ်ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်သာ အကုန်လုံးကိုတာဝန်ယူလိုက်ရင် သူတို့လေးတွေ တာဝန်ခံဖို့စိတ်မွေးလာကြမှာမဟုတ်ဘူး။ ကျွန်တော်က သူတို့အတွက်မရှိမဖြစ်လိုအပ်တဲ့ အရင်းအနှီးငွေကလွဲလို့ ထပ်ထုတ်ပေးမှာမဟုတ်ပေမယ့် လိုအပ်တယ်ဆိုရင် ချေးငွေအနေနဲ့ ထုတ်‌ေပးမှာပါ။

အတိုးမယူဘဲချေးပေးမှာဆိုတော့ သူတို့အနေနဲ့ ဝန်ပိုမထမ်းဘဲ အလုပ်ပိုကြိုးစားလာကြမှာလေ။ အမေ သူတို့အတွက်က ဒီငွေငါးထောင်ပဲနော်။ ကျန်တဲ့လယ်မြေစာချုပ်က အမေ့ဘာသာသိမ်းထား။ အဲ့တာက အမေ့‌ေနာင်‌ေရးအတွက် ကျွန်တော်စီစဉ်ပေးထားတာ"

အမေယီမှာ အကြောင်းအကျိုးတစ်စီတစ်တန်းကြီးကြောင့် ခေါင်းရှုပ်သွားရသော်လည်း ယီချန်၏ဆိုလိုရင်းကို နားလည်ကာ ထပ်မငြင်းတော့ပေ။ သူသည်ညီငယ်တွေအတွက် အစီအစဉ်ချထားပြီးဖြစ်ရာ သူမလည်းအတွန့်မတက်နေတော့ချေ။ သို့သော် ယီချန်၏များပြားလှသော ပင်စင်ကြေးများကြောင့် အံ့ဩတကြီးထုတ်မေးလိုက်ရ၏။

"‌အားချန် မင်းရဲ့ပင်စင်ကြေးတွေက ဘာလို့ဒီလောက်များနေရတာလဲ။ ငွေငါးထောင်အပြင် လယ်မြေတွေပါ,ပါသေးတာလား"

ယီချန်မှာ လယ်မြေပိုင်ဆိုင်မှု စာရွက်စာတမ်းအားထုတ်ကာ အမေယီထံပေးရင်း ရှင်းပြလိုက်သည်။

"အဲ့ဒါ လိလိရဲ့ကျေးဇူးကြောင့်ပေါ့။ မဟုတ်ရင် ကျွန်တော်ဒီလောက်အကျိုးကျေးဇူးတွေရမှာမဟုတ်ဘူး။ လယ်မြေက အထက်ကချပေးတဲ့မြေကွက်မဟုတ်ဘူး အမေရဲ့။ အမေနှစ်သက်တဲ့ နေရာကမြေဆီကောင်းတဲ့လယ်မြေငါးဧကကို ရွေးယူခွင့်ရမှာ"

အမေယီမှာ ယီချန့်စကားကြောင့် ဝမ်းသာအားရဖြစ်သွားရသည်။ သူမတို့လို လယ်သမားများအဖို့တော့ လယ်မြေပိုင်ဆိုင်မှုသည်သာ အစစ်အမှန်ဟုထင်ကြသည်လေ။ ယီချန်မှာ အမေယီအားကြည့်ရင်း သိချင်သည်ကိုမေးလိုက်၏။

"အမေ လိလိရဲ့မိဘတွေက ဘယ်ကတဲ့လဲ"

အမေယီမှာ ထိုခါမှ သူမအနေဖြင့် ကျားလိမိသားစုအကြောင်းပြောမပြရသေးမှန်းအမှတ်ရသွားကာ သေချာရှင်းပြလိုက်သည်။ ယီချန်မှာတော့ အမေယီ၏စကားများအား နားထောင်ကာ ရှက်ရွံ့သွားရ၏။ ထိုသို့ဆိုလျှင် လိလိမှာ သူ့အတွက်ကြောင့် ဤနေရာဆီရောက်လာကာ သူ့မိသားစုအားစည်းရုံးထားခြင်း မဟုတ်ဟု ဆိုလိုသည်ပင်။ ယီချန်မှာ တစ်နေကုန်စိတ်ကြီးဝင်ခဲ့သော သူ့ကိုယ်သူတစ်ချက်ရိုက်ချင်သွားသည်။

"အမေက ရှောင်ကျားကူညီပေးခဲ့တာတွေကိုပဲ ပြောခဲ့မိတာကို မေ့နေတာ။ ရှောင်ကျားက သနားစရာကောင်းပေမယ့် အသက်အရွယ်နဲ့မလိုက်အောင် ထက်ထက်မြက်မြက် အရမ်းရှိတယ်။ ပြီးတော့ အမေတို့လို လယ်သမားမိသားစုကိုလည်း အထင်မ‌ေသးပဲ မိသားစုလိုဆက်ဆံပေးသေးတာလေ"

ယီချန်မှာအမေယီ၏မျက်လုံးထဲရှိ သိမ်ငယ်မှုကိုတွေ့လိုက်၍ချက်ချင်းနှစ်သိမ့်ပေးမိသည်။

"အမေတော့ အတွေးလွန်နေပါပြီ။ ကျွန်တော်ကတော့ ကျွန်တော်တို့မိသားစုနိမ့်ကျတယ်လို့ တစ်ခါမှမတွေးဖူးဘူး။ အမေ ကျွန်တော်တို့ညီအစ်ကိုတွေကိုကြည့်လိုက်။ အမေ့မျက်လုံးထဲ အနာဂတ်ကောင်းကောင်းမရှိဘူးလို့ ထင်မိတဲ့လူရှိလား။ ကျွန်တော်သတင်းရထားသလိုဆို နောက်နှစ်ကုန်ပိုင်းကျတက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေ ဖွင့်‌ေပးတော့မှာတဲ့လေ။ ကျွန်တော်က အဲ့စာမေးပွဲကို ကျိန်းသေဝင်ဖြေပြီး တက္ကသိုလ်တက်မှာ။ အဲ့အချိန်ဆို လောင်အာ့လည်းကျွန်တော်နဲ့အတူဝင်ဖြေလို့ရပြီလေ။ လောင်အာ့ရဲ့အရည်အချင်းအရဆို သူလည်းတက္ကသိုလ်တက်နိုင်မှာပဲ။

ပြီးတော့ ငတုံးလေးလောင်စန်းကတော့ ပညာရေးမှာမထူးချွန်နိုင်ပေမယ့် သူကစီးပွားရေးမှာတော့လုပ်နိုင်စွမ်းရှိတယ်လေ။ ရှောင်စစ်လေးကျ ငယ်‌ေသးပေမယ့် သူကထူးချွန်တဲ့ကလေးတစ်ယောက်ဆိုတာ သိသာနေပြီပဲ။ ကဲ အမေရေ ကျွန်တော်တို့မိသားစုက နိမ့်ကျမနေပါဘူး ဟုတ်ပြီလား"

All Chapters