Chapter 60
Vol. 6 Ch. 60
အမေယီမှာ သူမသားဖြစ်သူ၏စကားကြောင့် စိတ်အားတက်ကြွလာခဲ့သည်။ အားချန်မှာ သူမလုပ်နိုင်သည့် ကိစ္စတစ်ခုအား အာမ,မခံတတ်သူဖြစ်ရာ ဤသည်မှာ သူဖြစ်ေမြာက်ေအာင်လုပ်နိုင်၍ဖြစ်၏။ အမှန်တော့ သူမလည်း ကျားလိထံမှ အရာရာလက်ခံမနေချင်ချေ။ ယခုသူမဘက်၌ သားဖြစ်သူကထောက်ပံ့ပေးနေပါက ကျားလိလည်းဝန်ပိုတစ်ခုပိုထမ်းနေစရာမလိုတော့ပေ။
"ဟုတ်ပြီ ဒါဆိုမနက်ဖြန်ကျ အမေရှောင်ကျားဆီ အကျိုးအကြောင်းပြောလိုက်မယ်။ ပြီးရင် ဒီငွေတွေကို မင်းတို့ညီအစ်ကိုေတွအတွက် ခွဲဝေလိုက်တာပေါ့။ အမေတို့အတွက်က ရှောင်ကျားရဲ့လက်ရှိအကူအညီတွေနဲ့တင် များလှနေပြီ။ သူမကို အမေတို့အတွက် ငွေထပ်မထုတ်ခိုင်းကြတော့တာပေါ့။ သားပြောသလို သူမဆီကအယူပဲရှိနေရင် သူမမိသားစုအမြင်မှာလည်း တင့်တယ်မှာမဟုတ်ဘူး"
ယီချန်မှာ အမေယီအားအချိန်ယူနားချရမည်ထင်ခဲ့သော်လည်း တန်းလက်ခံလာမည်ဟု တွေးမထားမိပေ။ သို့သော် လွယ်လွယ်ကူကူပြောလို့ပြီးသွားလျှင်လည်း ရလဒ်ကောင်းပင်။ ထို့အတူ ယီချန်မှာ သူ့အနာဂတ်အကြောင်းပြောသည်ကို အမေယီကယုံစားပေးသည်ကိုလည်း ကျေနပ်သွားရ၏။
"ဒါနဲ့ အမေ့ကိုကြည့်ရတာ တက္ကသိုလ်တက်မယ့်အကြောင်းနဲ့ ပက်သက်ပြီး သိပ်အံ့ဩမသွားသလိုပဲ....ဪ လိလိပြောထားလို့လား"
အမေယီလည်း ခေါင်းငြိမ့်ကာ ပြန်ဖြေလာသည်။
"ဟုတ်တယ်။ သိပ်မကြာခင်တုန်းက စကားစပ်မိကြရင်း ရှောင်ကျားပြောပြတာလေ။ မင်းကိုအမေက အချိန်ယူပြီးတိုးတိုးတိတ်တိတ်ပြောပြဖို့တောင် တွေးနေသေးတယ်။ မင်းလည်း သိထားမယ်လို့ထင်မထားဘူး"
ယီချန်လည်း ကျားလိ၏နောက်ခံအားတွေးမိကာ ဤကိစ္စများသိထားသည့်အပေါ်ထူးဆန်းပြမနေပေ။ ထိုစဉ်အမေယီက သူ့လက်ထဲငွေနှစ်ထောင်ထည့်ပေးလာ၍ ငြင်းပယ်လိုက်ရ၏။
"အမေဒီငွေတွေကို ညီလေးတွေအတွက်ပဲသုံးလိုက်ပါဆို။ ကျွန်တော့်ဆီငွေလက်ကျန်ရှိသေးတယ်"
အမေယီမှာ ယီချန်အားမကျေမနပ်ကြည့်ကာပြောလိုက်သည်။
"မင်းမှာဘယ်ကငွေလက်ကျန်ရှိရမှာလဲ။ မင်းညီတွေအတွက် တစ်ယောက်စီငွေတစ်ထောင်ဆိုတာ နည်းတာမှမဟုတ်တာ ငြင်းမနေနဲ့တော့"
ယီချန်မှာ အမေယီ၏တိုက်တွန်းမှုကြောင့် သူမှောင်ခိုဈေးတွင် စီးပွားရေးလုပ်ခဲ့သည်ကို ဖွင့်ပြောလိုက်ရတော့၏။ အမေယီမှာ ယီချန့်တွင်ထိုကဲ့သို့နည်းလမ်းဖြင့်ရှာထားသည့်ငွေများရှိနေမည်ဟု ထင်မထားမိသော်လည်း ယခုလက်ရှိ ယီချန်၏အနေအထားကြောင့် သတိထားရန်သာပြောကာ ငွေအားလက်ခံရန်တိုက်တွန်းမနေတော့ပေ။
"ဟုတ်ပါပြီ ဒါဆိုလည်း အမေလက်ခံထားလိုက်တော့မယ်။ မင်းလည်းအခန်းဆီပြန်သွားချေတော့။ ဒီနေ့တစ်နေကုန် အနားမယူရသေးဘူးမလား"
ယီချန်လည်း အမေယီအားနှုတ်ဆက်ကာသူ့အခန်းဆီပြန်လာလိုက်သည်။ ပြတင်းပေါက်မှတစ်ဆင့်တစ်ဖက်သို့ လှမ်းကြည့်လိုက်ရာ ပိတ်သွားပြီဖြစ်သော ပြတင်းတံခါးကိုတွေ့၍ကျားလိတစ်ယောက်အိပ်ရာဝင်သွားပြီထင်၏။ ဆယ့်ငါးရက်နေ့မနက်ပိုင်းတွင် ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးမှာ ကလေးငယ်အုပ်စုတို့၏ဆူညံပွက်လောရိုက်သံတို့ဖြင့် စည်ကားနေတော့သည်။ ယနေ့တွင် လူတိုင်းကသူတို့တတ်နိုင်သမျှ ဝယ်ခြမ်းထားကြပြီး ကောင်းကောင်းမွန်မွန်စားသောက်ကြရာ ကလေးများမှာလည်း သူတို့အိမ်တွင် ဘာဟင်းချက်သည်၊ငါတို့အိမ်တွင် ဘာတွေစားသည်တို့ဖြင့် လေလုံးကြီးကြီးဖြင့် အပြိုင်အဆိုင်ကြွားဝါနေကြ၏။
ကျားလိမှာ မနက်အစောကတည်းက အိမ်မှအပြင်ထွက်ဆော့ရန် စိုင်းပြင်းနေသည့် ကလေးများထံကိတ်မုန့်နှင့် သကြားလုံးများ အိတ်အပြည့်ထည့်ပေးလိုက်ကာ သူငယ်ချင်းများနှင့်ဝေမျှစားရန်ပြော၍ဆော့ခိုင်းလိုက်သည်။ ကျားလိ၏ကျေးဇူးကြောင့် ထုတ်လုပ်ရေးအဖွဲ့ထဲရှိလူများမှာ ယီချန်စစ်တပ်မှ ပင်စင်ရလာကြောင်းမသိသလို ယီမိသားစုအိမ်ဆီလာပြီးစပ်စုရန်လည်း မဝံ့ရဲဖြစ်နေကြ၏။ သူတို့ထုတ်လုပ်ရေးအဖွဲ့တွင်းတွင်တော့ ယီချန်မှာနံပါတ်တစ်သားမက်လောင်းဖြစ်သည့်အပြင် အနီးအနားရှိထုတ်လုပ်ရေးအဖွဲ့များထဲထိတောင် နာမည်ကျော်လေသည်။ သို့သော် ယခုတွင်တော့ အောင်သွယ်တော်များမှာလည်း အမေယီမှစကားမစလာသ၍ သူတို့လည်း ယီမိသားစုအိမ်ဆီသွားကာ နားမဖောက်ရဲကြပေ။ ထို့ကြောင့် ဤနှစ်ယီချန်ပြန်ရောက်သည်မှာ ရေအိုင်ထဲကျောက်ခဲပစ်သလို ရေပွက်လေးထရုံသာဖြစ်ပြီး ပြန်လည်ငြိမ်သက်သွားရ၏။
ကလေးများမှာ ကျားလိထည့်ပေးလိုက်သော မုန့်များကြောင့်ကလေးဘုရင်ရာထူးရသွားကြကာ နေ့လည်စာစားချိန်မရောက်မီ တောင်ပေါ်အသီးသွားကောက်ကြမည်ဟု စီစဉ်လိုက်သည်။ ယနေ့တွင် မိဘများမှာလည်း ကလေးများအားလွတ်လပ်ခွင့်ပေးထားကြရာ သူတို့လေးေတွ၏အစီအစဉ်မှာ အကောင်အထည်ပေါ်သွားတော့၏။ ရှောင်စန်းတို့တစ်တွေလည်း အိမ်ပြန်၍တောင်းပလုံးများလာယူကာ ကျားလိကိုပင် အဖော်ညှိနေသည်။ တောင်ပေါ်တွင်သဘာဝအတိုင်းစီးဆင်းနေသော ချောင်းလေးရှိပြီး ထိုချောင်းလေးမှာ ရာသီတိုင်းငါးပုဇွန်ပြတ်လပ်မနေပေ။ ရေစီးကြောင်းကလည်း ပုံမှန်အရှိန်ရှိသည့်အပြင် ရေအနက်ကလည်းမမြင့်သဖြင့် ထုတ်လုပ်ရေးအဖွဲ့ရှိကေလးများ၏စားကျက်မြေများထဲမှတစ်ခုဖြစ်လာတော့သည်။
အန္တရာယ်လည်းမရှိရာ မိဘများကလည်းစိတ်ချလက်ချလွှတ်ထားပေး၏။ ကံကောင်း၍ ငါးတစ်ကောင်နှစ်ကောင်ရခဲ့လျှင် အပိုအသားဟင်းတစ်ခွက်ကို အလကားရသည်ဟုတွက်၍ရသည်မဟုတ်ပါလော။ ရှောင်စန်းတို့၏အစီအစဉ်မှာ အသီးကောက်ရန်အပြင် ငါးဖမ်းရန်လည်းပါလေ၏။ အသီးခူးသည်ကတော့ မနေ့ကသူတို့အသီးအရွက်သွားခူးစဉ်တွင် မှည့်နေပြီဖြစ်သော သလဲသီးများအားတွေ့ခဲ့ရ၍ သလဲသီးကိုအဓိကထားခူးကြမည်ပင်။ မည်သို့ပင်ဆိုစေကာမူ သလဲသီးမှာလည်း ပွဲတော်စာအဖြစ်စားသုံးနိုင်သည်မဟုတ်ပါလား။
"ကျားလိကျဲလိုက်ခဲ့ပါလားလို့။ ကျွန်တော်တို့ကဒီနေ့ငါးပါဖမ်းကြမှာ အရမ်းပျော်စရာကောင်းတယ်။ ပြီးတော့ချောင်းထဲကငါးတွေက အရမ်းချိုတာနော်"
တစ်ကယ်တော့ကျားလိမှာ ရှောင်စန်းတို့တစ်တွေ ပြင်ဆင်နေကြကတည်းမှ လိုက်ချင်စိတ်ဖြစ်နေသော်လည်း ကလေးအုပ်စုထဲသူမတစ်ယောက်သာ သင်းကွဲနေသည်ဖြစ်ရာ မဝံ့ရဲဖြစ်နေခြင်းပင်။ ထို့ပြင် သူမမှာဆူညံနေသည့်ဤကလေးအုပ်ကြီးနှင့် သွားလာရမည်ကို ခေါင်းကျိန်းနေသည်လည်း ပါဝင်လေသည်။ တစ်ဖက်ရှိ သူတို့အားမေးထောက်ကာအပျော်ကြည့်နေသော ယီချန်မှာ ကျားလိ၏မျက်လုံးများထဲရှိ တွန့်ဆုတ်နေဟန်တို့ကို တွေ့နေရရာ အပြုံးလေးဖြင့်ဝင်ပြောလိုက်၏။
"သွားပြင်ဆင်ကြတော့ မင်းတို့နဲ့အတူငါပါလိုက်ခဲ့မယ်"
ကလေးများမှာ သူတို့အစ်ကိုကြီးကလိုက်လာမည်ဆိုသောကြောင့် မြူးထူးသွားကြသည်။ သူတို့မှာ အစ်ကိုကြီးဖြစ်သူနှင့် အချိန်များစွာမဖြုန်းဖူးကြရာ ယီချန့်အပေါ်ပို၍ ကပ်တွယ်ကြလေ၏။ ကျားလိလည်း ယီချန်ေတာင်ေပါ်လိုက်သွားမည်ဟု ပြောလာသည်ကိုကြားရာ မျက်လုံးေလးများကေတာက်ပလာပြီး ယီချန့်အားတောင်းဆိုဟန်ဖြင့်ကြည့်လာသည်။ ယီချန်မှာ ကျားလိ၏အပြုအမူေကြာင့် အသည်းယားသွားခဲ့ပြီး သူမရှေ့ရပ်ကာ သူမနဖူးကိုအသာေတာက်၍ အားမလိုအားမရဟန်ဖြင့်ပြောလိုက်၏။
"အ,အမလေး သွားချင်တယ်ဆိုသွားလိုက်ပေါ့။ တစ်ကယ်ပါပဲ ဘာတွေလျှောက်တွေးနေမှန်းကိုမသိတော့ဘူး။ ကိုယ်သာမရှိရင် မင်းဖြစ်ချင်တာတွေကို လိုက်ကြည့်ပေးနေမယ့်လူရှိပါဦးမလား။ တောထဲသွားမှာဆိုတော့ အခုဝတ်စုံနဲ့အဆင်ပြေမှာမဟုတ်ဘူး။ ပြီးတော့ ဖိနပ်လည်း လဲခဲ့လိုက်ဦး။ ချည်သားဖိနပ်ရှိလား မရှိရင်အမေ့ဆီကယူစီးလိုက်နော်။ တစ်ကယ်ကို ကလေးမလေးပဲ သွား!သွား!ပြင်ဆင်ချေတော့ ဟိုအုပ်စုကအဆင်သင့်ဖြစ်လို့ရှိရင် စောင့်မယ့်ပုံမပေါ်ဘူး"
ကျားလိမှာ သူမအားသူ့ထက်ငယ်သလိုဆက်ဆံနေတတ်သည့် ဤကောင်စုတ်လေးအား မကျေနပ်သော်လည်း သူပြောသည်မှာ မှန်နေ၍အခန်းဆီပြန်ကာ ပြင်ဆင်လိုက်သည်။ ယခင်ကအမေယီတို့နှင့် တောင်ပေါ်တက်စဉ်တွင် အဝတ်လဲမသွားခဲ့ရရာ လုံးဝသက်တောင့်သက်သာမရှိခဲ့ချေ။ ထို့ကြောင့် သူမဝယ်ယူခဲ့သော ချည်ထည်အဝတ်များနှင့် ဖိနပ်အားလဲကာ ပြန်ထွက်လာ၏။ ယီချန်သည် သူ့ရှေ့ရပ်နေသော ကောင်မလေးအားကြည့်ကာ ကျစ်သပ်လိုက်မိသည်။ တစ်ကယ်ကိုပင် သူတို့လိုရုပ်ရည်ချောမောပြီးပြည့်စုံသူများမှာ အဝတ်စုတ်တစ်ထည်ကောက်ဝတ်လိုက်လျှင်တောင် ထိုအဝတ်စုတ်အားအမြင့်ဆုံးလေလံဈေးဖြင့်ပြန်ရောင်းနိုင်လောက်အောင် စွမ်းဆောင်ရည်ရှိကြ၏။ ယီချန်လည်း ပြင်ဆင်ထားသော သစ်တော်ပွင့်နှစ်ခိုင်အား ကျားလိ၏ဘယ်ညာဆံမြီးကျစ်နှစ်ဖက်ထဲ ပန်ပေးလိုက်ပြီး ပြောလိုက်သည်။
"ကဲ သွားကြစို့။ တောင်ပေါ်ရောက်ရင် ကိုယ့်နားကပ်နေနော်။ ကလေးတွေက ဒီဆိုဟိုရောက်သွားတာဆိုတော့ မင်းသာသူတို့နောက်လိုက်သွားရင် လမ်းပျောက်သွားလိမ့်မယ် နားလည်လား"
ကျားလိလည်း မကျေမနပ်ဖြင့် ယီချန့်အားကြည့်ကာ ပြန်ဖြေလိုက်၏။
"သိပါပြီ ဒါပေမယ့်ကျွန်မက ကလေးမဟုတ်လို့ တောထဲလမ်းပျောက်ကျန်ခဲ့မှာ မဟုတ်ပါဘူး"
ယီချန်မှာ ကျားလိ၏စကားကြောင့် သဘောတကျရယ်ရင်း အလိုလိုက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ ကိုယ်မှားတာပါ။ မင်းကို အထင်မသေးသင့်ပါဘူး"
ကျားလိမှာ ယီချန်၏ရိုကျိုးနေပုံကြောင့် စိတ်မဆိုးနိုင်တော့ပဲ နှာမှုတ်ကာထွက်သွားတော့၏။ ခြံတံခါးနားရောက်သော် ယီချန်လိုက်မလာကြောင်း သိလိုက်၍ လှည့်ကြည့်ရာ မူလေနရာ၌သူမအား လက်ပိုက်ပြီး ပြုံးစစအမူအယာဖြင့် ကြည့်နေသော ယီချန်အားတွေ့လိုက်ရသည်။