← Chapters

ကျောက်ကပ်ရောင်းခြင်း

Vol. 1 Ch. 4

ကျောက်ကပ်ရောင်းခြင်း

Vol. 1 Ch. 4

အမျိုးသမီးလု‌တွင် သူမတို့အိမ်အနားတွင် နေထိုင်သော ဟယ်ချွိန်ဖန်ဟုခေါ်သည့် ဆွေမျိုးတစ်ယောက်ရှိလေသည်။

သူတို့နှစ်ဦးသည် ဆက်ဆံရေးကောင်းကာ တစ်ယောက်အိမ်တစ်ယောက် အလည်သွားလေ့ရှိသည်။

ရာသီဥတုအေးလာသည်နှင့်၊ အဘွားလုသည် အဝတ်အစား လက်မှတ်များစုပြီး သူမမြေးအကြီးဆုံးအတွက် အဝတ်အစားဝယ်ပေးရန် စီစဉ်လေသည်။

သူတို့နှစ်ဦးသည် လုအိမ်တွင် တွေ့ဆုံရန် ချိန်းဆိုထားပြီး၊ မမျှော်လင့်စွာဘဲ၊ သူတို့နှစ်ယောက် အိမ်မှထွက်သည်ကို လုဟွေ့က တွေ့သွားခြင်းဖြစ်သည်။

အမျိုးသမီးလုသည် ထိုအခါ မျက်မှောင်ကုတ်သွားပြီး၊ "မင်းဘာတွေပြောနေတာလဲ? မင်းအမေကို ငါဘယ်တုန်းက ရိုက်လို့လဲ?"

သူတို့သည် အိမ်ရှေ့ဂိတ်တွင်ဖြစ်ရာ၊ ဆွေမျိုးများလည်း သူတို့ပြောဆိုနေသည်ကို ဝိုင်း၍ ကြည့်လျက်ရှိသည်။

လုဟွေ့၏ စကားများကြောင့်၊ အမျိုးသမီးလု ချန်ဖန်းရှုကို တကယ်ပင် တစ်ခုခုလုပ်လိုက်သည်ဟု ထင်ကုန်ကြလေသည်။

အနီးအနားရှိ အမျိုးသမီးအချို့လည်း ကြားလိုက်ရာ၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍၊ လမ်းကိုဖြည်းညင်းစွာလျှောက်ကာ နားစွင့်နေကြလေသည်။

လုဟွေ့သည် အလွန်စိတ်တိုနေသောကြောင့် ကြည့်နေသောသူများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ "ခင်ဗျား မရိုက်ဘူးဆိုရင်၊ မေမေက ဘယ်လိုလုပ် ခေါင်းကွဲသွားတာလဲ? သူ့ကိုနေ့တိုင်း အနိုင်ကျင့်နှိပ်စက်နေတာ ခင်ဗျားပဲလေ!"

"သူ့ကိုနေ့တိုင်း အနိုင်ကျင့်နှိပ်စက်နေတာ ခင်ဗျားပဲလေ။" ဆိုသည့် စာကြောင်းကြောင့် စောင့်ကြည့်နေသည့်မျက်လုံးများသည် အမျိုးသမီးလုပေါ်သို့ ကျရောက်သွားလေသည်။

အဖြစ်မှန်ကို မသိသူအချို့သည်၊ သူမ ချွေးမ၏ ခေါင်းကိုခွဲလိုက်သည်ဟု ကြားသော် ပိုမိုထိတ်လန့်သွားကြသည်။

"အဲ့တာက တကယ်လား? သူ့ချွေးမကို ဆိုးဆိုးဝါးဝါး ဆက်ဆံတယ်လို့ပဲ ကြားဖူးတာ၊ သူ အဲ့လိုရိုက်နေတယ်လို့တော့ မကြားဖူးဘူး။"

"တကယ်ဖြစ်လောက်တယ်။ လုအိမ်က မနေ့ညတည်းက ဂယက်တွေထနေတာ။ အဝေးကနေတောင် ဆူညံသံတွေ ကြားရတယ်။"

"ဖန်းရှု ဒီနေ့ ဘာလို့အလုပ်မသွားတာလဲလို့ တွေးနေတာ။ အဲ့အဘွားကြီးဆီက အရိုက်ခံလိုက်ရလို့ဖြစ်မယ်..."

အမျိုးသမီးလုကြားသော်၊ သူမ မူးလဲမတတ်ပင် ဖြစ်သွားလေသည်။

သို့ပေမယ်၊့ သူမသည် လူအများရှေ့တွင် ကလေးအား တံမြက်စည်းရိုးနှင့်လည်း ရိုက်၍မရသဖြင့်၊ သူမ လုဟွေ့အား လက်ညိုးထိုးကာ "လျှောက်ပြောမနေနဲ့! ငါကဘယ်တုန်းက မင်းအမေကို နှိပ်စက်လို့လဲ? မင်းအဘွားက ဒီလိုလျှောက်ပြောဖို့ သင်ပေးလိုက်တာလား?"

"ခင်ဗျား မေမေ့ကို အမြဲနှိပ်စက်နေကျပဲလေ၊ ကျွန့်တော့်ဘွားဘွားကို မကောင်းမပြောနဲ့!" လုဟွေ့ပြောလိုက်သည်။ "ခင်ဗျားသာ မေမေ့ကို အနိုင်မကျင့်ဘူးဆိုရင်၊ ဘာလို့ဖေဖေပေးတဲ့ ပိုက်ဆံတွေ အကုန်ယူသွားတာလဲ? မေမေ့ကိုတော့ နေ့တိုင်းအလုပ်တွေ အကုန်လုပ်ခိုင်းထားပြီးတော့၊ ခင်ဗျားရယ်၊ ဦးလေးရယ်၊ အဒေါ်ရယ်ကျ ဘာမှမလုပ်ဘူး!"

ထိုအကြောင်းကိုတော့ အများလည်း သိထားပြီးဖြစ်သည်။

အမျိုးသမီးလုသည် သူမအား ဝိုင်း၍ ကြည့်နေကြသည်ကို သတိထားမိ၍၊ လုဟွေ့အား လက်မောင်းမှ ဆွဲကာ၊ "ပါးစပ်ပိတ်ထား!" ဟူပြောလိုက်လေသည်။

လုဟွေ့သည် လျင်သူဖြစ်၍ အရိုက်ခံရတော့မည်ကို သိသော်၊ ထွက်ပြေးသွားလေသည်။

အမျိုးသမီးလုသည် ကလေးကိုရိုက်ရန် လွတ်သွားရုံသာမက၊ ခါးရိုးပါလွဲသွားလေသည်။

ဟယ်ချွိန်ဖန် - "စိတ်လျှော့ပါ။ ကလေးက မဟုတ်တာတွေ လျှောက်ပြောသွားတာ။"

"လျှောက်ပြောတာ မဟုတ်ဘူး။ ကျွန်တော့်အမေက အခုထိ ကုတင်ပေါ်လှဲနေတုန်းပဲ!" ဟု လုဟွေ့ အဝေးမှ အော်ပြောလိုက်လေသည်။

လုထောင်၏ ကလေးသံလေးသည်လည်း ‌လုဟွေ့အော်သံအပြီး ကပ်၍ပါလာလေသည်။ "ဟုတ်တယ်၊ အဘွားက သမီးနားရွက်တွေကိုလည်း လိမ်ဆွဲသေးတယ်!"

သူမအစ်ကို ထွက်‌ပြေးသည်ကိုမြင်သော်၊ သူမတံခါးအကွယ်တွင် ပုန်းနေလိုက်ကာ အပြင်ဘက်မှ အခြေအနေကိုသိရန် ခေါင်းပြူ၍ ကြည့်လေသည်။

အဘွားအိုကြီးသည် အလွန်စိတ်တိုကာ လက်များပင် တုန်လာလေသည်။

ထိုအချိန်တွင်၊ ဆရာစန်းသည်လည်း ထိုနေရာမှ ဖြတ်သွားလေသည်။

အမျိုးသမီးလုအား မြင်သော်၊ သူအဝေးမှ လှမ်း၍အော်လိုက်လေသည်။ "အဘွားလု၊ ခင်ဗျားချွေးမအကြီးကို ဆေးရုံပြပြီးပြီလား? သူရဲ့ ခေါင်းဒဏ်ရာက အချိန်ဆွဲလို့မရဘူးနော်၊ မဟုတ်ရင် သူတကယ်ဘဲ တစ်ခုခုဖြစ်သွားလိမ့်မယ်။ ခင်ဗျား အဲ့တာကိုမေ့ထားလို့ မရဘူးနော်။"

သူသည် အရေးကြီးသွားစရာရှိပုံရကာ၊ စက်ဘီးကိုပင် မရပ်ဘဲ လုအိမ်ရှေ့မှ ဖြတ်၍ စီးသွားလေသည်။

သို့သော်၊ သူ့စကားများသည် မိုးကြိုးပစ်လိုက်သကဲ့သို့ပင် ဘေးပတ်ဝန်းကျင်ကို ပေါက်ကွဲသွားစေသည်။

ဖြစ်ရပ်မှန်ကို မသိသူတို့သည်၊ အဘွားလု သူမချွေးမအား ထိခိုက်အောင် ရိုက်နှက်ပြီး ဆေးရုံမပို့သည့်အတွက် မည်မျှရက်စက်ကြောင်း ပြောနေကြလေသည်။

အဖြစ်မှန်သိသူများသည်လည်း၊ အမျိုးသမီးလုသည် အရမ်းမှန်နေသည်တော့ မဟုတ်သည့်အတွက် ၎င်းဘက်မှဝင်၍ ဖြေရှင်းရန် စိတ်မပါကြပေ။

လုဟွေ့သည် အလွန်စိတ်တိုကာ မျက်လုံးများလည်းရဲနေသည်။

အမျိုးသမီးလု ပြောစရာ စကားပင်ရှာမရဖြစ်ကာ၊ ဒေါသငယ်ထိပ်ရောက်နေလေသည်။

"မင်းက အပိုတွေတအားလုပ်တာပဲ! မင်းအမေက မနေ့ညက လမ်းထွက်လျှောက်ရင်း၊ ကားတိုက်ခံရတာ၊ အဲ့တာကို မင်းက ငါ့ကိုအပြစ်တင်ချင်သေးတယ်!"

သူမသည် လုဟွေ့အား ကော်လံမှဆွဲကာ၊ ခြံထဲသို့ ဆွဲ‌ခေါ်လာလေသည်။ "ငါ မင်းကို လျှောက်မပြောနဲ့လို့ ပြောထားတယ်မလား၊ မင်းကို သေအောင်ရိုက်ပစ်မယ်!"

လုထောင်မြင်သော်၊ သူမခြေတံတိုလေးများဖြင့်၊ အိမ်အပြင်သို့ ပြေးထွက်ကာ၊ "ဖေဖေ၊ မြန်မြန်လာ! ဘွားဘွားက ကိုကို့ကို သေအောင်ရိုက်မလို့တဲ့!"

ခြံထဲတွင် စိတ်တိုစွာဖြင့် အော်လိုက်သည့် အသံတစ်ခုလွှမ်းမိုးသွားလေသည်၊ "ငါ့သားကို ဘယ်သူရိုက်ရဲတာလဲ? ငါတစ္ဆေဖြစ်နေရင်တောင်၊ အဲ့ဒီ့သူကို အလွတ်ပေးမှာမဟုတ်ဘူး___"

အမျိုးသမီးလုကြားသော်၊ တုန်လှုပ်သွားပြီး လုဟွေ့အား ကိုင်ထားသည့် လက်များလည်း အားလျော့သွားလေသည်။

ဤသည်ကို အခွင့်ကောင်းယူကာ၊ လုဟွေ့ သူမလက်များမှရုန်းပြီး သူ့ညီမလေးလုထောင်ကိုပါ ဆွဲကာ အိမ်ထဲသို့ဝင်ပြေးလေသည်။

သူတို့သည် အသက်ပင်လု၍ ရူနေရသော်လည်း လုဟွေ့ အမျိုးသမီးလု လိုက်မလာနိုင်ရန် တံခါးကို သော့ခတ်ဖို့လည်း မမေ့ချေ။

လုထောင်မြင်သော်၊ သူမလည် ထိုင်ခုံတစ်ခုအား ဆွဲလာပြီး တံခါးရှေ့တွင် ပိတ်ထားလိုက်လေသည်။

လုံခြုံပြီဟု မခံစားရသေးသည့်အလျောက် သူမအိမ်ထဲမှ လုကောပင်းနှင့် ချန်ဖန်းရှုတို့ အသုံးပြုသည့် ခုံများကိုပါ ဆွဲလာပြီး ပိတ်လိုက်လေသည်။

ထို့အပြင်၊ ကလေးမလေးသည် မီးဖို‌ချောင်မှ ဓားတစ်လက်ကိုပါယူလာပြီး လက်နှစ်ဖက်ဖြင့် သေချာကိုင်ထားလေသည်။

လုဟွေ့လှည့်ကြည့်၍ သူမအားမြင်သော်၊ အလွန်လန့်သွားကာ၊ "ဘာလို့ဓားကြီးကိုင်ထားတာလဲ? မြန်မြန်ချလိုက်၊ လက်ကိုမခိုက်မိအောင် ဂရုစိုက်ပြီးချလိုက်!"

လုထောင်ခေါင်းမော့ ရင်ကော့ကာ၊ အသက်စွန့်ဖို့အသင့်‌ဖြစ်နေပုံရကာ၊ "မကြောက်နဲ့၊ကိုကို။ ထောင်ထောင် ကိုကို့ကို ကာကွယ်မယ်! ဘွားဘွား ကိုကို့ကိုရိုက်ရင်၊ထောင်ထောင်က..."

သူမပြော၍မပြီးခင်မှာဘဲ၊ သူမ၏ လက်သေး‌သေးလေးများဖြင့် မနည်းထိန်းကိုင်ထားရသည့် မီးဖိုချောင်သုံးဓားသည် ပြုတ်ကျပြီး မြေကြီးပေါ်တွင်လျှောသွားလေသည်။

သူမ မတုံ့ပြန်နိုင်ခင်မှာပဲ၊ ထိုဓားသည် တံခါးအောက်ခြေမှ လျှောကာ အပြင်ဘက်သို့ ရောက်သွားလေသည်။

အမျိုးသမီးလုသည် တံခါးအားကန်၍ ဖွင့်အံ့ဆဲဆဲ‌တွင် ထိုဓား ရုတ်တရပ် ထွက်လာသည်ကို တွေ့လိုက်လေသည်။

သူမသည် အလွန်ကြောက်သွားကာ၊ ဟန်ချက်ပြတ်၍ လဲကျတော့မလိုပင်ဖြစ်သည်။

အမျိုးသမီးလု စိတ်တိုစွာ အော်လိုက်သည်၊ "ဒီမျိုးမစစ်လေးနှစ်ယောက်၊ မင်းတို့ သေချင်နေပြီလား? မင်းတို့..."

သို့သော်၊ မနေ့ညမှ မီးသီးကွဲသွားသော ပုံရိပ်များ သူမအတွေးထဲ ပြန်၍ ပေါ်လာလေသည်။

‌ထို့နောက်၊ လုထောင်၏ လေးနက်သောအသံကို ကြားလိုက်ရလေသည်။ "ဖေဖေ"...

အမျိုးသမီးလု ရုတ်တရပ် ဘာမျှမပြောတော့ဘဲ၊ သူမမျက်လုံးများတွင် သံသယများပြည့်နှက်လာသည်။

ထိုအချိန်တွင်၊ ဟယ်ချွိန်ဖန်ရောက်လာပြီး သူမအား စိတ်လျှော့ရန် ပြောလေသည်။

ထိုနှစ်သိမ့်မှုကို အခွင့်ကောင်းယူကာ၊ အမျိုးသမီးလုက "ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်။ မင်းတို့ ငါပြန်လာမှာကို စောင့်နေကြ။" ဟုပြောကာ ဟယ်ချွိန်ဖန်နှင့် ထွက်သွားလေသည်။

အမျိုးသမီးလု ထွက်သွားကာမှ၊ လုဟွေ့လည်း စိတ်သက်သာရာရတော့သည်။

သူထိုင်ခုံတွင် ခနထိုင်၍ နားပြီးနောက် မီးဖိုချောင်သုံးဓားအား ကောက်လိုက်သည်။

"ဒါမျိုတွေ နောက်ဘယ်တော့မှမကိုင်နဲ့။ ကိုင်ရင် ကိုကိုမေမေ့ကို တိုင်ပြီး ရိုက်ခိုင်းမှာ။"

လုဟွေ့ထို့သို့ပြောရင်း၊ ဓားကို စဉ့်နီတုံးပေါ်သို့ ပြန်တင်လိုက်လေသည်။

လုထောင် သူမအစ်ကိုနောက် တစ်ကောက်ကောက်လိုက်ကာ၊ သူ့လက်ထဲသို့ တစ်ခုခု လှမ်း၍ ပေးလိုက်လေသည်။

"ကိုကို၊ ဒါကိုကို့အတွက်။" ကလေးမလေးကတိုးတိုး ပြောလိုက်သည်။ "ယုန်ချိုချဉ်၊ဖေဖေ သမီးကိုပေးတာ။"

လုဟွေ့သည် ထိုချိုချဉ်အား ဈေးဆိုင်များတွင် မြင်ဖူးလေသည်။

ဈေးသည်မှ ချိုချဉ်များအားလုံးသည် ရှန်ဟိုင်းမှလာဟုဆိုကာ အကုန်လုံးကို သံပုံးများဖြင့် ထုပ်ပိုးထားသည်။ မမေးဘဲနဲ့တင် ဈေးကြီးမည်ကို သိနိုင်ပေသည်။

ညီမလေးသည် သူ့အား အရင်က ဆော့ကစားဖူးသည့်အတိုင်း၊ ချိုချဉ်ဟုဆိုကာ ကျောက်တုံးသာ ပေးမယ်ဟု ထင်ထားလေသည်။

မမျှော်လင့်စွာဘဲ၊ သူငုံ့ကြည့်လိုက်သော်၊ တကယ်ပင် သူ့လက်ထဲ၌ ချိုချဉ်ရှိနေလေသည်။

ချိချဉ်ထိပ်တွင် အခွံသည် ဟနေပြီး ချိုချဉ်ပေါ်တွင် ချစ်စရာ သွားရာကလေးများရှိလေသည်။

ချိုချဉ်ကိုမြင်သော် လုထောင်လည်း စားချင်လာလေသည်။

သူမ မျက်နှာလွှဲလိုက်ကာ၊ "ကိုကိုမြန်မြန်စား၊ ဒါကချိုပြီး အရသာရှိတယ်။"

"ကိုကို မစားချင်ပါဘူး၊ ထောင်ထောင်ပဲစားလိုက်။" လုဟွေ့ပြန်ပေလိုက်သည်။

‌လုထောင်ပြန်တွန်းလေသည်။ "ဖေဖေက ဒါကို ကျောက်ကပ်ရောင်းပြီးရတာလို့ ပြောတယ်။ အဲ့တာကြောင့် ဖြုန်းတီးလို့မဖြစ်ဘူး။"

"ကျောက်ကပ်ရောင်းတယ်? ဘာကျောက်ကပ်လဲ?" လုဟွေ့ ရှုပ်ထွေးသွားသည်။

"ညီမလေးလည်း မသိဘူး။" လုထောင် သူမ၏ လက်ချောင်းလေးအား ကိုက်ကာ သေချာ‌တွေးတောလေသည်။

သူမတွေးလေ၊ အစဖော်၍ မရလေဖြစ်သည်။ "ဖေဖေကအပင်ပန်းခံပြီး ဝယ်ကျွေးတာမလို့ ကိုကို မဖြုန်းနဲ့နော်။" ဟုသာပြောလိုက်လေသည်။

လုဟွေ့လည်း ချိုချဉ်ဝယ်ရန် သူ့အဖေ ပင်ပင်ပန်းပန်း ကြိုးစားထားသည် ဟုတွေးလေသည်။

‌သူခပ်သေးသေး တစ်ကိုက်မျှကိုက်ကာ၊ ကျန်တာကို အခွံဖြင့်ပြန်အုပ်ကာ၊ ရှောင်လုထောင်အား ပြန်၍ ပေးလိုက်လေသည်။

ချိုချဉ်သည် သူ၏ ပါးစပ်ထဲတွင် အရည်ပျော်သွားလေသည်၊ ထို့နောက် ရုတ်တရပ် သူသတိထားမိကာ၊ "ဖေဖေ၊ ဖေဖေပြန်လာတယ်လို့ ညီမလေးပြောတယ်မလား?"

"ဟုတ်တယ်။ ဖေဖေပြန်လာပြီ!"

သူမအဖေ‌အကြောင်း ပြောပြ‌သောအခါ၊ လုထောင် စိတ်အားထက်သန်စွာဖြင့်၊ "ဖေဖေက တအားမိုက်တာ၊ ဖေဖေ့မှာ တီဗီအကြီးကြီးရှိတယ်။"

သူမသည် နမူနာဖော်ပြရန် လက်ကို ဆန့်ထုတ်ကာ၊ မည်မျှကြီးကြောင်း ပုံဖော်ပြလေသည်။ "ဖေဖေက ဖောက်ခွဲနိုင်သေးတယ်!"

"ဖောက်ခွဲတယ်?" လုဟွေ့ စိတ်ရှုပ်ထွေးဖြင့် မေးလိုက်သည်။

"ဟုတ်တယ်။" လုထောင် အခန်းထဲမှ မီးသီးကို ညွှန်ပြကာ၊ "ကြွိကြွိ၊ ကြွိကြွိ...ဖောင! ပြီးတော့ အကုန်မှောင်သွားရော!"

ကလေးမလေးသည် အမူအရာများဖြင့် အချိန်အတန်ကြာ ပြောပြနေရာ၊ လုဟွေ့ နားမလည်နိုင်ဘဲ၊ "ဖေဖေက ဘယ်မှာလဲ?" ဟုသာမေးလိုက်လေတော့သည်။

လုထောင်လည်း မေးခွန်းကြောင့်ခနရပ်သွားပြီး၊ "အိုး၊ဟုတ်သားပဲ၊ ဖေဖေ ဘယ်မှာပါလိမ့်?"

သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများကို မြင်နိုင်လေသည်။ သူမသေချာတွေးလိုက်သည်။ "ဖေဖေက ထောင်ထောင်နဲ့စကားပြောရင်း မုန့်တွေတောင်ပေးနေသေးတာ။ ဘယ်လိုလုပ် ချက်ချင်းကြီး ပျောက်သွားတာလဲ?"

၂၅၀ - ဇီဇီ__ဇီဇီ၊ စနစ်က အားနည်းနေပြီ...

*

အမျိုးသမီးလု၏ သတင်းသည် ချက်ချင်းပင်ပျံ့နှံသွားလေသည်။

နေ့လည်မတိုင်ခင်မှာပင်၊ အမျိုးသမီးလု သူမချွေးမအား သတိမေ့သည်အထိ ရိုက်နှက်ပြီး ဆေးရုံမပို့ပေးသည့် သတင်းသည် နေရာအနှံ့ပျံ့နှံ့သွားလေသည်။

ထို့ပြင်၊ ပျံ့နှံသွားသောသတင်းသည် တစ်မျိုးစီကွဲသွားကာ အစစ်အမှန်ထက်ပို၍ ဆိုးသွားလေသည်။

တချို့က အမျိုးသမီးလုသည် ချန်ဖန်းရှု သူမဆီကလေး‌နှစ်ယောက်အား ထားခဲ့ပြီး နောက်အိမ်ထောင်ပြုမည်ကို စိုးရိမ်သောကြောင့် ရိုက်နှက်ခဲ့သည် ဟုပြောကြလေသည်။

တချို့ကတော့ အမျိုးသမီးလုသည် လုကောပင်းအား သတ်ပြီးနောက် ချန်ဖန်းရှုသိသွားသည့်အတွက် သူမကိုပါ တိတ်တဆိတ် သတ်လိုက်ဖို့ဖြစ်သည် ဟုပြောကြလေသည်။

တိရစ္ဆာန်များပင် သူတို့၏ ကလေးများ မသတ်ရာ၊ အမျိုးသမီးလု သူမသားအား မည်သို့ပင် သတ်နိုင်သနည်း...

သူမသည် လုကောပင်းအား ဆိုးဆိုးဝါးဝါး ဆက်ဆံရုံမျှမက၊ လုကောပင်းငယ်စဉ်မှပင် သူ့အားမုန်းခဲ့လေသည်။

လုအိမ်မှာ ကွဲခဲ့သည့် မီးသီးသည် လုကောပင်းက သူ၏

မတရားခံရမှုကို ပြသည့်နည်းလမ်းဖြစ်မည်ဟု ထင်ကြလေသည်။

အမျိုးသမီးလု ဈေးမှပြန်လာသော်၊ ရွာသားများသည် မနေ့ညက ဖြစ်ရပ်အကြောင်းကို တီးတိုး ပြောဆိုနေကြလေသည်။

"ကောပင်း မိန်းမကို သူပဲ ရိုက်လိုက်တာနေမှာ၊ ရိုက်ပြီးတော့ ကားတိုက်ခံရတယ်ထင်အောင် လမ်းမပေါ်သွားပစ်ထားတာနေမှာပေါ့။"

"သူ့ချွေးမကို ကယ်လိုက်လို့ ကောင်းဇီတို့ အုပ်စုကိုတောင် စိတ်တိုရင်တိုနေဦးမှာ၊ ဟုတ်တယ်မလား?"

"ဒါက ကိစ္စကြီးပဲ၊ ငါတို့ရဲခေါ်ကြမလား?"

"ရဲခေါ်မယ်?" အမျိုးသမီးလု စိတ်တိုစွာဖြင့်၊ "ငါ သူ့ကို မရိုက်ပါဘူးလို့ ပြောတယ်မလား။ မင်းတို့နားမလည်နိုင်ကြဘူးလား?"

အမျိုးသမီးလု - "ငါ စိတ်တိုတတ်တာမှန်ပေမယ့် ငါ့ချွေးမကို ငါက ဘာလို့ရိုက်ရမှာလဲ? နင်တို့ကငါ့နောက်ကွယ်မှာ အတင်းပြောဖို့ပဲသိကြတာ‌ပဲ! ချွိန်ဖန် ငါတို့သိလာတာ ကြာလှပြီ။ ငါကပါးစပ်ကြမ်းပေမယ့် စိတ်ထားနုပါတယ်၊ဟုတ်တယ်မလား?"

ဟယ်ချွိန်ဖန်မှ ရယ်ကာ၊ "ဟုတ်တယ်၊ ဟုတ်တယ်၊ အစ်မ၊ သူတို့လျှောက်ပြောနေကြတာတွေကို နားထောင်မနေနဲ့။"

သူမ၏ မလေးနက်သည့် အပြုအမူကိုမြင်သော်၊ အမျိုးသမီးလုပို၍ စိတ်တိုကာ၊ အိမ်ထဲသို့ မျက်မှောင်ကြုံ့၍ ဝင်သွားလေသည်။

လုကျန်းသည် ငယ်သေးသဖြင့် အရိပ်အကဲမသိသေးကာ သူ့အဘွားပြန်လာသည်ကို မြင်သော်၊ "ဘွားဘွား၊ သားငှက်ပျောသီးတွေရော ဘယ်မှာလဲ?" ဟုမေးလိုက်သည်။

"ဘာငှက်ပျောသီးလဲ!"

အမျိုးသမီးလု သူ့မမြေး၏ နဖူးအားပုတ်ကာ ပြောလိုက်သည်။ "စား၊စား၊စား၊ မင်းက စားဖို့ပဲသိတာပဲ။ စားတာကလွဲရင် ဘာလုပ်တတ်သေးလဲ?"

လုကျန်းသည် သူ၏အဘွားဆီမှ ဤသို့ဆက်ဆံခံရခြင်းသည် ပထမဆုံးဖြစ်သည်။ သူခဏမျှရပ်တန့်သွားပြီး၊ အသားကုန် ထအော်လိုက်လေသည်။ "ဘွားဘွား သားကိုရိုက်တယ်!"

ဘေးအခန်းတွင်တော့၊ လုဟွေ့နှင့် လုထောင်တို့ မောင်နှမနှစ်ယောက် အမှောင်ထဲတွင် ဘီစကွတ်များ စားနေကြလေသည်။

လုထောင်မှ လုဟွေ့အား အသံတိုးတိုးဖြင့်၊ "ကိုကို ဘွားဘွားနဲ့ ဦးဦးက ဘာလို့မလာသေးတာလဲ?" ဟူ၍ မေးလိုက်လေသည်။

သူတို့အမေအား ဆေးရုံသို့ တတ်နိုင်သမျှ မြန်မြန်ပို့ရန်အတွက်၊ လုဟွေ့‌သည် နေ့ခင်းပိုင်းတွင်အိမ်မှခိုးထွက်ကာ၊ ၁၀မိုင်အကွာတွင်ရှိသည့် သူ့အမေဘက်မှအဘွားအိမ်သို့ အပြေးသွား၍ သတင်းပို့လေသည်။

သို့သော် မှောင်သည်အထိ ချန်အိမ်မှ တစ်စုံတစ်ယောက်မျှ ပေါ်မလာခဲ့ပေ။

လုဂွေ့သည်လည်း စိတ်ပျက်စွာဖြင့်၊ "ကိုကိုသွားတုန်းက၊ အကြီးဆုံး ဒေါ်ဒေါ် နဲ့ပဲတွေ့ခဲ့တာ။ သူက ဘိုးဘိုးဘွားဘွားတို့က ဦးလေးငယ်ကို နယ်စပ် ပြန်လိုက်ပို့တယ်လို့ ပြောတယ်။"

"ဒါဆို ဦးဦးကြီးနဲ့ ဦးဦးလတ်ကရော? သူတို့ကရော ဘာလို့မလာတာလဲ?"

"ကိုကိုလည်း မသိဘူး။ ကိုကိုမနက်ဖြန်ထပ်သွားပြီးမေးလိုက်မယ်။"

မောင်နှမနှစ်‌ယောက် စကားပြောနေစဉ်မှာပင်၊ တခြားအခန်းမှ အော်သံကျယ်ကျယ်ကို ကြားလိုက်ရလေသည်။ "မရဘူး - သားငှက်ပျောသီး စားချင်တယ်! သားငှက်ပျောသီး စားချင်တယ်!"

အမျိုးသမီးလု၏ ဆဲဆိုသံကိုလည်း ကြားလိုက်ရသည်။

သူတို့နှစ်ဦး သိချင်စိတ်ဖြင့် ပြတင်းပေါက်ဆီသို့ ပြေးကာကြည့်လိုက်သည်။ လုထောင်သည် ခုံသေးသေးလေးကိုပင် ရွှေ့ကာ၊ ထိုအပေါ်တွင်ရပ်၍ ကြည့်လေသည်။

"ကိုကိုသာ့ကျန်း ငိုနေသလိုပဲ။" လုထောင်ပြောလိုက်သည်။

လုဟွေ့ ခေါင်းညိမ့်လိုက်သည်။

လုကျန်းထံမှ ငှက်ပျောသီးအကြောင်းကြားသော်၊ လုထောင် မနက်က အ‌ဖြစ်အပျက်ကိုပြန်၍ တွေးမိလေသည်။

ထိုအချိန်တွင် ကလေးမလေးက သူ့အား မုန့်များပေးမည်ဆို၍၊ သူစားခဲ့သည့် ယုန်ချိုချဉ်ကဲ့သို့ပင် ထင်ရာ ညီမလေးနောက်လိုက်လေသည်။

မမျှော်လင့်စွာပင်၊ လုထောင် အိမ်ထဲသို့ပြန်ပြေးကာ၊ စားပွဲပေါ်မှ မက်မွန်သီးကိတ်များ ထည့်ထားသည့် အိတ်အကြီးတစ်လုံးကို ဆွဲယူလိုက်သည်။ ထိုအိတ်သည် အလွန်ကြီးကာ သူမမျက်နှာတစ်ခုလုံးကိုပင် ဖုံးအုပ်သွားလေသည်။

အဲ့တာက...ဖေဖေ တကယ် ပြန်လာတာဖြစ်မလား?

လုဟွေ့ မယုံနိုင် ဖြစ်နေသည်။

ထိုအချိန်တွင်၊သူ့ဘေးရှိ ကလေးမလေး ရုတ်တရပ် လေချဉ်တက်လေသည်။

"ကိုကို၊ ထောင်ထောင် တအားဗိုက်ပြည့်နေပြီ။ ‌ဒီနေ့ကွတ်ကီးတွေ အများကြီးစားလိုက်တာ။ ထောင်ထောင်အန်ချင်နေပြီ။"

လုဟွေ့ - "..."

All Chapters