ပေါင်ဇီ
Vol. 1 Ch. 5
"လုဟွေ့၊ မင်းတကယ်ပဲ ဒီနေ့ကျောင်းမသွားဘူးလား?"
မနက်ခင်းနေသာလျက် လေထုသည်လည်း သစ်ပင်ပန်းပင်တို့၏ မွှေ့ရနံ့များဖြင့် ပြည့်နှက်နေသည်။
ကောင်လေးနှစ်ယောက်၊ အရပ်ရှည်သူတစ်ယောက်၊ အရပ်ပုသူတစ်ယောက်၊ တံခါးကိုမှီကာ တံခါးရှိအပေါက်လေးမှချောင်း၍၊ လုဟွေ့နှင့် စကားပြောနေလေသည်။
ယနေ့သည် တနင်္လာနေ့ဖြစ်ရာ၊ သူ၏သူငယ်ချင်းများက ကျောင်းအတူသွားရန် လာခေါ်ကြသည်။
လုဟွေ့သည် မီးဖိုထဲသို့ ထင်းများထည့်နေစဉ် သူ့သူငယ်ချင်း၏ အသံကို ကြားလိုက်လေသည်။ "ငါမသွားတော့ဘူး။ ဆရာ့ကို ငါအိမ်မှာ ကိစ္စလေးရှိလို့လို့ ခွင့်တိုင်ပေးဦး။"
သူ၏ အမေ နိုးမလာသေးသည့်အတွက်၊ သူ သူမအား ဆေးရုံပို့ရန် နည်းလမ်းရှာရလိမ့်ဦးမယ်။ ထို့ကြောင့် သူကျောင်းတက်ရန် အချိန်မရှိချေ။
"အဲ့တာ မင်းအမေကိစ္စလား?" အရပ်ခပ်ပုပုရှိသည့် ကလေးမှ မေးလိုက်သည်။ "မင်းအမေက တုံးလို့ မင်းအဘွားဆီကနေ အရိုက်ခံရတယ်လို့ ကြားတယ်၊ အဲ့တာတကယ်လား?"
သတင်းသည် ကျယ်ပြန့်စွာ ပျံ့နှံ့သွားသည်ဖြစ်၍ ကလေးများပင် သိနေကြပြီဖြစ်သည်။ အမျိုးသမီးလု မနက်အပြင်ထွက်ပြီး အပြန်တွင် စိတ်တိုသည့်မျက်နှာဖြင့် ဆဲဆိုပြီး ပြန်လာသည်မှာ အံ့ဩစရာမရှိပေ။
"ငါ့အမေက မတုံးဘူး။" လုဟွေ့သည် ထို့သို့သူ့အမေအပြောခံရသည်ကို ကြားသော် မပျော်ချေ။
"အဲ့တာဆို မင်းဘာလို့ ကျောင်းမသွားတာလဲ?" သူငယ်ချင်း နောက်တစ်ယောက်သည် တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း အိမ်ထဲမှ ကောင်မလေးတစ်ယောက် ပြေးထွက်လာသည်ကို မြင်သော် မနေနိုင်ဘဲ ထ၍ရယ်လေသည်။
"ကိုကို၊ သမီး ရေသောက်လို့ရလား?" လုထောင် ကလေးအသံလေးဖြင့် မေးလိုက်သည်။
သူမတွင် နှင်းကဲ့သို့ ဖြူဖွေးသည့် အသားရေရှိပြီး၊ ကော့နေသည့် မျက်တောင်များ၊ စပျစ်သီးကဲ့သို့ မဲနက်ပြီးဝိုင်းဝန်းသည့် မျက်လုံးများပိုင်ဆိုင်ထားရာ လှပ၍ ချစ်စရာလည်းကောင်းသည်။
သူမဦးခေါင်းတွင် တဘက်ပတ်ထားရာ၊ ပတ်ထားသည်မှာ နည်းလမ်းမမှန်သဖြင့် ရယ်စရာဖြစ်နေသည်။
အပြင်မှ ရယ်သံကိုကြားသော်၊ သူမနှုတ်ခမ်းထော်ကာ၊ လှည့်၍ အိမ်ထဲပြန်ဝင်သွားလေသည်။
ထိုကောင်လေးမှ ပို၍ ကျယ်လောင်စွာ ရယ်ကာ၊ "သူကအဲ့တာ ဘာလုပ်ထားတာလဲ? ရုပ်ဆိုးလိုက်တာ။" ဟုပြောလေသည်။
ထိုအသံကြားသည်နှင့် အခန်းတွင်မှ အသံပြန်ထွက်လာခဲ့သည်။ "ရုပ်မဆိုးဘူး၊ ထောင်ထောင်က ရုပ်မဆိုးဘူး!"
"အဲ့လိုမပြောလိုက်နဲ့။ သူကအဲ့တာ သူ့ဆံပင်ကိုပတ်ထားတာ။"
လုဟွေ့သည် သူ့သူငယ်ချင်းများအား၊ "မင်းတို့ ဒီမှာ အခုထိရပ်ပြီး စကားတွေပြောနေတာ၊ မင်းတို့ ကျောင်းနောက်ကျမှာ မကြောက်ကြဘူးလား?" ဟူ၍ပြောလိုက်လေသည်။
ကောင်လေးနှစ်ယောက်ကြားသော်၊ ရယ်မောကာ ပြေးသွားလေသည်။
လုထောင် နှုတ်ခမ်းထော်ပြီး ထပ်၍မေးလေသည်။ "ကိုကို၊ ထောင်ထောင်က တကယ်ရုပ်ဆိုးတာလား?"
"ဆိုးတယ်။"
လုထောင် မျက်ရည်ဝဲလာပြီး ငိုတော့မည်အပြု၊ လုအိမ်၏ ခြံထဲမှ ဆူညံသံပေါ်ပေါက်လာလေသည်။
လီချွန်းလန် အိမ်အလုပ်များ စ၍လုပ်ပြီးမကြာခင်မှာပဲ၊ သူမသည် "အမလေး၊ အမလေး။" ဟုအော်ကာ သူမခါး အဆစ်လွဲသွားသည် ဟုပြောလေသည်။
အလုပ်လုပ်ရတဲ့ ဒုတိယမြောက်နေ့ရှိသေးသည်ပင် သူမတကယ်ပဲ အဆစ်လွဲသွားတာလား?
အမျိုးသမီးလု၏ မျက်နှာသည် ဒယ်အိုးဖင်ကဲ့သို့ မှောင်မဲသွားသော်လည်း၊ လူအများရှေ့ ဖြစ်သည်မို့၊ သူမဆရာစန်းအား ပင့်ပေးလိုက်ရသည်။
မမျော်လင့်စွာပင်၊ ဆရာစန်းလာ၍ စစ်ဆေးသော်၊ လီချွန်းလန် ကိုယ်ဝန်ရှိနေသည်ကို သိလိုက်ရလေသည်။
မှောင်မဲနေသည့် အမျိုးသမီးလု၏ မျက်နှာသည် ပန်းပွင့်လာသကဲ့သို့ပင်၊ "တကယ်လား?" ဟုပြောလိုက်လေသည်။
လုကျန်းကို မွေးပြီးနောက် လီချွန်းလန်း ရှစ်နှစ်မျှ ထပ်၍ ကလေးမရခဲ့ရာ၊ အမျိုးသမီးလု၊ သူမ၏သားငယ်အတွက် စိုးရိမ်ခဲ့ရလေသည်။
လီချွန်းလန်မှာတော့ အနည်းငယ် ကြောက်နေလေသည်။
သူမသည် အမှန်တကယ်တော့ အဆစ်မလွဲပေ။ အလုပ်မလုပ်ချင်သည့်အတွက် လဲကျရန် ဟန်ဆောင်ပြီး၊ အကြောင်းပြချက်ရှာလိုက်ခြင်း ဖြစ်သည်။
ရုတ်တရပ် ကိုယ်ဝန်ရှိနေလိမ့်မယ်ဟု ဘယ်သူက ထင်မှာလဲ? ဒီလိုထင်မထားတာမျိုး ဖြစ်လာတော့ ငါ့ကိုတော့ ဒီမိန်းမကြီး အစိမ်းလိုက်ဝါးစားတော့မှာပဲ။
သို့သော် သူမထင်နေသကဲ့သို့ မဟုတ်ဘဲ အမျိုသမီးလုအတွက် ထိုမိသားစုတွင် ရုတ်တရပ် ပျော်ရွှင်စရာ အဖြစ်အပျက်ရှိသကဲ့သို့ပင် မိုးအုံ့နေရာမှ နေသာလာသကဲ့သို့၊ သူမသည် လေထဲတွင် လမ်းလျှောက်နေရသကဲ့သို့ပင် ပျော်ရွှင်နေလေသည်။
ဤအကြိမ်တွင်တော့ လီချွန်းလန်သည် သူမအား ဘာမျှပြောစရာမလိုဘဲ၊ သူမသည် လီချွန်းလန်အား အလုပ်မလုပ်ခိုင်းတော့ပေ။
နေ့လည်တွင်၊ အမျိုးသမီးလုသည် လီချွန်းလန်အတွက် အထူးနေ့လည်စာ ချက်ပြုတ်ပေးပြီး အချိုတည်းဖို့အတွက်လည်း စီစဉ်ပေးလေသည်။
လီချွန်းလန်စားရန် ပြင်လိုက်ချိန်တွင် ခြံထဲတွင် လုဟွေ့အား တွေ့လိုက်လေသည်။
သူမ ရုတ်တရပ် စားချင်စိတ်ပျောက်သွားကာ၊ "အမေ၊ ရှောင်ဟွေ့နဲ့ ထောင်ထောင် ဒီနှစ်ရက်မှာ ဘာတွေစားကြလဲ?"
အတိတ်ကအချိန်များတွင်သာဆိုလျှင်တော့ သူမအခြားသူများ၏ ဘဝများကို ဂရုစိုက်လေ့မရှိဘဲ ကောင်းသည့်အရာအကုန်လုံးအား တစ်အိမ်လုံးတွင် သူမသားကိုသာ ရစေလိုလေသည်။
သို့သော်၊ သူမတို့အိမ်က သရဲခြောက်ကြောင်း သူမသိရှိပြီးနောက်တွင်တော့ သူမ တာဝန်မကျေသလို ခံစားလာရသည်။ သူမကိုယ်ဝန်ရှိနေသည့်အတွက် အပြစ်ရှိစိတ်ပိုများလာလေသည်။
အမျိုးသမီးလုကြားသော်၊ "ငါကျွေးတာပဲ စားစမ်းပါ။ အဲ့တာအတွက် စိတ်ပူမနေနဲ့။"
"ဒါပေမယ့် အစ်ကိုကြီး..."
" ဒီကမ္ဘာပေါ်မှာ သရဲတစ္ဆေဆိုတာ မရှိပါဘူးလို့ ပြောထားတယ်လေ။" အမျိုးသမီးလု သူမအား စိတ်ကြည့်ကာ၊ "အလွန်အကျွံတွေ လျှောက်တွေးမနေနဲ့ ငါ့မြေးကိုထိခိုက်မယ်။"
မီးသီးပေါက်ကွဲသွားသည်မှာ အံ့ဩစရာမရှိပါလား?
လုဟွေ့က ကိစ္စကြီးကို ဖြစ်စေခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ ဒါတောင် အမျိုးသမီးလု လုဟွေ့ကို အခဲမကျေသေးပေ။ သူမ မကြောက်ဘူးလား?
လီချွန်းလန် သူမကိုယ်သူမ တီးတိုးပြောလိုက်သည်။
သူမချွေးမပြောသည်ကို ကြားသော်၊ အမျိုးသမီးလု သူမမြေးတွေအကြောင်း စဉ်းစားမိလေသည်။
ချန်မိသားစုသည် ချန်ဖန်းရှု ဒုက္ခရောက်နေသည်ဟုကြားလျှင် ချက်ချင်းလာခေါ်လိမ့်မယ်ဟု သူမထင်ထားလေသည်။
နှစ်ရက်ကြာသည်အထိ မည်သည့်လှုပ်ရှားမှုမျှ မရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ ဒီနည်းကသာ သူမသုံးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်လိမ့်မည်။
သူတို့ အစာမစားရသည်မှာ နှစ်ရက်ရှိပြီ ဖြစ်သည်။ ကလေးနှစ်ယောက်အား သင်ခန်းစာပေးရမည့် အချိန်ဖြစ်သည်။
လုဟွေ့သည် ချန်အိမ်အား အချိန်အတော်ကြာ စောင့်ပြီးသော်လည်း လက်မလျှော့သေးပေ။ သူ့အဖေ၏ တပ်စုတွင် အကူအညီတောင်းရန် အပြင်ထွက်သွားပြန်သည်။
သူထွက်သွားသည်နှင့်၊ ၂၅၀ ပျောက်သွားသည်မှာကြာပြီဖြစ်ရာ၊ ပြန်ရောက်လာပြီး ရှောင်လုထောင်အား ချန်ဖန်းရှု ခြေထောက်များအား သေချာနှိပ်နယ်နိုင်ရန် ညွှန်ကြားလေသည်။
ဆုလာဘ်မှာတော့ ပေါင်မုန့်ကြီးလေးလုံးဖြစ်သည်။
[ငါရှင်းအောင် ပြောထားမယ်နော်။ ဒီမစ်ရှင်က ငါ မရှိတဲ့အချိန်မှာရော လုပ်ရမှာ။ မင်းအမေ နှိပ်ဖို့လိုနေတဲ့ အမှတ်တွေကို သေချာနှိပ်နိုင်မနှိပ်နိုင်၊ မင်းအမေရဲ့ဘဝက မင်းရဲ့လုပ်ရပ်တွေအပေါ် မူတည်တယ်။ ဟုတ်ပြီလား၊ ငါထပ်မပြောတော့ဘူး။ မင်းအစ်ကို ပြန်လာပြီ]
အာ့ဝူလင် ပြောပြီးသည်နှင့်၊ အပြင်ဘက်တံခါးပွင့်လာပြီး လုဟွေ့မျက်နှာပျက်ကာ ဝင်လာလေသည်။
ဤအကြိမ်တွင် သူဦးလေးလျိုတို့အိမ်သို့သွားကာ အကူအညီတောင်းသော်လည်း ၎င်းတို့မိသားစုအိမ်တွင် မရှိသဖြင့် လက်ဗလာဖြင့် ပြန်လာခဲ့ရသည်။
ငါတို့ဘာလုပ်ကြမလဲ?
လုဟွေ့ လေးလံသောခြေလှမ်းများလှမ်းရင်း အသေအချာ တွေးတောနေလေသည်။ သူမော့ကြည့်လိုက်သော်၊ သူ့ညီမ ကုတင်အောက်တွင် တစ်စုံတစ်ခုကို လျှို့ဝှက်စွာ ဖွက်နေသည်ကို တွေ့လေသည်။
သူ့အစ်ကိုမှန်း ကလေးမလေးသိသော်၊ စိတ်သက်သာရာရသွားကာ၊ ကြွေပန်းကန်လုံးအကြီးတစ်ခုကို ကုတင်အောက်မှ ထုတ်လာကာ၊ "ကိုကို၊ ပေါင်မုန့်စားပါဦး။"
လုထောင်၏ ချိုချဉ်နှင့် ဘီစကွတ်တို့သည် ထူးဆန်းစွာရရှိလာသည်ဟု သိထားသော်လည်း၊ သူမတွင် မုန့်များထပ်၍ ရှိနေသေးသည်မှာ လုထောင်အား အံ့ဩသင့်စေသည်။
"ဒီပေါင်မုန့်တွေ ဘယ်ကရတာလဲ?"
ပေါင်မုန့်သားသည် ဖြူဖွေးအိစက်၍ နူးညံ့ပြီး အရသာရှိပုံပေါ်သည်။ အသုံးပြုထားသော ဂျုံသည် သာမန်ဂျုံမှုန့် မဖြစ်နိုင်ပေ။
"ညီမလေးကို ဖေဖေပေးတာ။" လုထောင်မှ တည်ငြိမ်စွာဖြေလိုက်လေသည်။ "ကိုကို၊ တစ်ယောက်တစ်ခုစားရအောင်၊ ပြီးတော့ မေမေ့အတွက်နှစ်ခု၊ နော်?"
ဤအချိန်တွင် လုဟွေ့ဂရုအစိုက်ဆုံးမှာ သူ၏အမေသာဖြစ်သည်။ သူ့ညီမလေး သူတို့အမေအကြောင်းပြောသည်ကိုကြားသော်၊ ပေါင်မုန့်မည်သို့ရရှိကြောင်းကို ဆက်မမေးတော့ပေ။ "ထောင်ထောင်၊ ကိုကိုတို့ ကားဌားပြီး ကိုကိုတို့ဘာသာပဲ မေမေ့ကို ဆေးရုံပို့မလား?"
လုထောင် သဘောတူသည့်အနေဖြင့် လက်ခုပ်တီးပြီး၊ "မေမေ့ကို ဆေးရုံပို့မယ်? ကောင်းတယ်၊ကောင်းတယ်! ထောင်ထောင် မေမေ့ကို ဆေးရုံပို့ချင်တယ်။ ထောင်ထောင့်မှာ ကားရှိတယ်။"
သူမမှာ ဘယ်လိုလုပ်ကားရှိမှာလဲ?
ကလေးမလေးသည် သေချာစဉ်းစားကာ၊ "ဟုတ်သားပဲ၊ မေမေက ဗီရိုထဲမှာ ဖွက်ထားတာနေမှာ။"
သူမခုန်ပေါက်ကာ၊ ဗီရိုတံခါးဖွင့်ကာ၊ သူမ၏ ကားရှာပုံတော် ဖွင့်လေသည်။
လုဟွေ့သည် သူမကစားစရာကားအား ဆိုလိုမှန်းသိလေသည်။
ထိုကားသည် သူမအဘိုးက သစ်သားကိုအသုံးပြုကာ ပြုလုပ်ပေးထားခြင်းဖြစ်သည်။ ထိုကားသည် ပုံမှန်ကားများကဲ့သို့ ဘီးလေးဘီးရှိကာ၊ အရှေ့တွင် မြင်းခေါင်းကဲ့သို့ လက်ကိုင်ပါကာ၊ ဆွဲဖို့အဆင်ပြေရန် ထိုလက်ကိုင်တွင် ကြိုးချည်ထားလေသည်။
လုထောင်သည် ထိုကားအား အလွန်သဘောကျကာ ထိုကားပေါ်ထိုင်ပြီး သူမအဘိုး သို့မဟုတ် သူမအမေအား တစ်အိမ်လုံးပတ်၍ဆွဲစေလေသည်။
သို့သော် ထိုမျှသေးငယ်သည့်ကားနှင့် သူတို့အမေအား ဆေးရုံကို မည်သို့ခေါ်သွားနိုင်မည်နည်း?
"မရှာနဲ့တော့။ မင်းကားကို သုံးလို့မရဘူး။"
လုဟွေ့ ကုတင်ပေါ်သို့တက်ကာ၊ သူ၏ ခဲတံနှင့် အိမ်စာ စာအုပ်များ သိမ်းလေ့ရှိသည့် အံဆွဲမှ၊ သူမုန့်ဖိုးများ ဝှက်ထားသည့် ခြေအိတ်ဟောင်းများကို ထုတ်လေသည်။
သူပြန်လှည့်လိုက်သည့်အခါတွင်၊ ကလေးမလေးထိုနေရာတွင် မရှိတော့ချေ။ "ထောင်ထောင်?"
"ကိုကို၊ ထောင်ထောင်ရှာတွေ့ပြီ!" ဗီရိုထဲမှ ကလေးမလေး၏ အံ့ဩသည့်အသံ ထွက်လာလေသည်။
"အခုထွက်လာလိုက်တော့။" လုဟွေ့မှ ပြောလိုက်သည်။ "တခြားတစ်ယောက်ယောက်ဆီကပဲ ကားကြီးကြီးတစ်စင်း သွားဌားရအောင်။ အဲ့ကားကိုဆက်ရှာဖို့ မလိုတော့ဘူး။"
"အိုး။"
တုံ့ပြန်သံတစ်ချက် ထွက်လာပြီးနောက်၊ တိတ်ဆိတ်သွားပြန်သည်။
လုဟွေ့အံ့ဩစွာ "မင်းဘာလို့ထွက်မလာတာလဲ?"ဟုမေးလိုက်သည်။
ရှုပ်ပွနေသည့် အဝတ်များသည် ဗီရိုတံခါးအား ပိတ်ဆို့နေကာ၊ "ကိုကို၊ ညီမလေး၊ ညီမလေး ထွက်လို့မရဘူး။"
လုဟွေ့ - "..."
လုဟွေ့ သူ၏ညီမအား ဗီရိုထဲမှ ထုတ်ပေးရန် အားသုံးရလေတော့သည်။
နောက်ဆုံးအချိန်ထိ၊ ကောင်မလေးက သစ်သားကားလေးအား သူမလက်ထဲကိုင်ထားပြီး သူမ၏ မျက်နှာများလည်း နီမြန်းနေလေသည်။
[ကားသေးသေးလေးက ဘာလုပ်နိုင်မှာလဲ? မင်းအမေရဲ့ခေါင်းကိုပဲ ဆေးရုံခေါ်သွားမလို့လား?]
လုဟွေ့ပေါ်လာတည်းမှ ပျောက်ကွယ်သွားသော အာ့ဝူလင်သည် ဝင်မပြောဘဲ မနေနိုင်တော့သဖြင့် ["ဒီစနစ်ရှိနေတာကို ဘာလို့ဆေးရုံသွားဦးမှာလဲ? ဆေးရုံမှာ ဒီစနစ်ထက်ပိုပြီး နာကျင်မှုနည်းတဲ့၊ ဘေးထွက်ဆိုးကျိုးမရှိတဲ့ ကုသမှုရှိလို့လား? ဒီစနစ်က စကြာဝဠာ တစ်ခုလုံးမှာရှိတဲ့ နည်းပညာကိုပဲသုံးတာ။"]
"ဖေဖေ၊ ဖေဖေပြန်လာပြီပေါ့!" လုထောင်၏ မျက်လုံးများလင်းလက်ကာ၊ "ကိုကိုနဲ့ သမီးက မေမေ့ကို ဆေးရုံခေါ်သွားမလို့၊ ဖေဖေလိုက်ဦးမလား?"
ခြေအိတ်ထဲမှ ပိုက်ဆံများထုတ်နေသော် လုဟွေ့ကြားသော်၊ သူမဘက်သို့လှည့်ကာ မေးလိုက်သည်။ "ဖေဖေ? ဘယ်မှာလဲဖေဖေ?"
"ဒီမှာလေ။" လုထောင်ပြောလိုက်သည်။
လုဂွေ့ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး၊ "ဘာလို့ ကိုကိုကျ မတွေ့တာလဲ?"
[မင်းသာ တွေ့နိုင်မယ်ဆိုရင် ထူးဆန်းနေမှာပေါ့။ ကံကောင်းတာက၊ လက်ခံသူက ကလေးဖြစ်နေတော့၊ စနစ်တည်ရှိတာကို ဘယ်သူ့ကိုမှ မရှင်းပြနိုင်ဘူးလေ။]
ထို့နောက် အာ့ဝူလင်မှ၊ "ထောင်ထောင်လေး၊ ဖေဖေ့ကို မယုံဘူးလား? မေမေက အိပ်ပျော်နေတာလို့ ဖေဖေပြောတယ်လေ၊ ဘာလို့ မေမေ့ကို ဆေးရုံပို့ဦးမှာလဲ? ဖေဖေဝမ်းနည်းသွားပြီနော်။]
လုထောင် - "ဖေဖေဝမ်းနည်းတယ်?..."
[ဖေဖေ ဘာမှမပြောဖူးလို့ပဲ သဘောထားလိုက်တော့နော်။ တာ့တာ။]
"ဖေဖေ၊ဖေဖေ?"
သူမ နှစ်ကြိမ်ခေါ်သော်လည်း တုံ့ပြန်မှုမရှိသည့်အလျောက်၊ လုထောင် နှုတ်ခမ်းထော်ကာ ပြောလိုက်သည်။ "ဖေဖေထွက်သွားပြန်ပြီ။"
လုဟွေ့ သူ၏ညီမလေး လေနှင့်စကားပြောနေသည်ကို ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။ သူသည် ခုနှစ်နှစ်သာရှိသေးသည့် ကလေးတစ်ယောက်ဖြစ်ရာ ကြောက်စိတ်ထက် ထူးဆန်းသည်ဟုသာ တွေးတောမိလေသည်။
ကောင်လေးသည် ပိုက်ဆံရေတွက်ရင်း၊ လုထောင်အားမေးလေသည်။ "ညီမလေးတကယ် ဖေဖေ့ကိုမြင်ရတာလား?"
"ဟုတ်တယ်၊ မြင်ရတယ်။"
"အဲ့တာဆို နောက်တစ်ခါ အဘွား ကိုကိုတို့ကို အနိုင်ကျင့်ရင်၊ ဖေဖေ့ကို ခြောက်ခိုင်းလိုက်။"
လုဟွေ့သူရေတွက်ထားသည့် ၁ယွမ်နှင့် ၂၇ပြားကို သူ၏အိတ်ကပ်ထဲသို့ ထည့်ကာ၊ ကျောင်ူလွယ်အိတ်ကိုလွယ်လိုက်ပြီး၊ "သွားရအောင်၊ ကားဌားပြီး မေမေ့ကို ဆေးရုံပို့ရအောင်။"
"မေမေ့ကို ဆေးရုံပို့မယ်!"
လုထောင်ပြေးသွားပြီးနောက် ပြန်လှည့်လာကာ၊ "ကိုကို၊ ကိုကို၊ ညီမလေးတို့ ပေါင်မုန့်တွေ မစားရသေးဘူးလေ။"
"အဲ့တာဆို အရင်စားပြီး သွားရအောင်။"
လုဟွေ့တစ်ခုကောက်၍ကိုင်ကာ၊ သို့သော် တစ်ကိုက်မျှကိုက်ပြီးသော်၊ လန့်သွားသည့်ပုံစံဖြင့်၊ "အသားပါတာလား?"
အသားသည် ဤရက်ပိုင်းအတွင်း ဈေးတွင် အကန့်အသတ်နှင့် ရောင်းချခြင်းဖြစ်ရာ၊ နှစ်သစ်ကူးနှင့် အခြားပွဲတော်ရက်များတွင် အသားပါသည့် ဖက်ထုပ်စားရလျှင်ပင် လုံလောက်သည်ထက်ပိုလေသည်။
အသားအပြည့်ပါသော ပေါင်မုန့်အား သူတစ်ခါမှ မစားဖူးပေ။
လုထောင်သည် ပေါင်မုန့်ထဲ အသားပါသည် မပါသည်ကို ဂရုမစိုက်အားဘဲ၊ သူမသည် ပေါင်မုန့်သည် အရသာရှိကာ၊မွှေးသည်ကိုသာ သိလေသည်။
"ဒီပေါင်မုန့်တွေကို ဖေဖေ ပေးတယ်ဆိုတာ ကိုကိုယုံတယ်။ ဖေဖေသာ မဟုတ်ရင်၊ ဘယ်သူက ကိုကိုတို့ကို ဒီလိုကောင်းတာတွေ ဘယ်သူကပေးမှာလဲ?"
လုဟွေ့ သေချာတွေးတောပြီးနောက် သူ့ညီမလေးအား သတိပေးလိုက်သည်။ "ထောင်ထောင် ညီမလေးကို ဖေဖေပေးတဲ့ စားလို့ကောင်းတဲ့ မုန့်တွေအကြောင်း ဘယ်သူ့မှမပြောနဲ့နော်။"
"ဟုတ်တယ်။" လုထောင်ခေါင်းညိမ့်ကာ၊ "ကိုကိုသာ့ကျန်းက လုသွားလိမ့်မယ်။"
မောင်နှမ နှစ်ယောက် စားသောက်နေရင်း၊ ရုတ်တရပ် ခြေသံများကြားလိုက်လေသည်။
လုဟွေ့ သတိရှိစွာဖြင့်၊ လှမ်းကြည့်ကာ၊ သူ၏ မျက်နှာထား ပြောင်းသွားလေသည်။ "အဲ့တာအဘွားပဲ။"
ကုတင်ပေါ်တွင် ထိုင်နေသည့် လုထောင်လညိး လန့်သွားကာ၊ သူမ၏ ကျန်ရှိသောပေါင်မုန့်အား တင်ပါးအောက်သို့ ဖွက်လိုက်လေသည်။
[မင်းက ငတုံးလား? အဲ့မှာဖွက်လိုက်ပြီးရင် ပြန်စားနိုင်သေးလို့လား? ဒီတိုင်းကုန်အောင် စားလိုက်လို့မရဘူးလား?] အာ့ဝူလင်မှ သတိပေးလိုက်သည်။
လုထောင်လည်း သဘောတူကာ၊ သူမ၏ ပါးစပ်သေးသေးလေးထဲ့သို့ ကျန်ရှိသည့် ပေါင်မုန့်တစ်ဝက်လုံးအား သွင်းထည့်လိုက်လေသည်။
လုဟွေ့ သူမအားကြည့်ကာ၊ ရယ်လိုက်သည်မှာ နင်တော့မလိုပင်ဖြစ်သည်။
"ဖြည်းဖြည်းစား! နင်ပြီးသေသွားချင်လို့လား?"
သူ့ညီမလေး သောက်ရန်ရေပေးလိုက်ပြီး၊ သူမ မနင်စေရန် နောက်ကျောကို ပုတ်ပေးလေသည်။
ထိုအချိန်တွင်၊ လက်ထဲတွင် ကလေးအဝတ်အစားများကိုင်ထားသော အမျိုးသမီးလု ဝင်လာလေသည်။
လုဟွေ့ ပါးစပ်မှအဆီများအား လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ပြီး၊သူ၏ကျောင်းလွယ်အိတ် လွယ်ကာ၊ သူ့ညီမလေးရှေ့တွင် ကာ၍ရပ်လိုက်ပြီး၊ "ခင်ဗျား ဒီကိုဘာလာလုပ်တာလဲ?" ဟုမေးလိုက်လေသည်။
"ဒါက ငါ့သားရဲ့အိမ်ပဲ၊ ငါဘာလို့ လာလို့မရရမှာလဲ?"
အမျိုးသမီးလု သူ့အား မပြုံးစဖူး ပြုံးပြကာ၊ ထိုအပြုံးသည်လည်း ဟန်ဆောင်ပြုံးထားပုံရသည်။ "အဝတ်လဲပြီးတော့ ဘွားဘွားနဲ့ အိမ်လယ်ခန်းမှာ ထမင်းလာစားကြ။ ဘွားဘွားတို့ မိသားစုထဲမှာ ပျော်စရာကိစ္စရှိတယ် ပြီးတော့ ဘွားဘွားတို့ ပန်ကိတ်နဲ့ ကြက်ဥကြော်စားကြမှာ။"
လုဟွေ့ မတ်တပ်ရပ်မြဲရပ်နေကာ၊ သူ့ညီမလေးအား ကာကွယ်ရန် လက်ကိုဆန့်ထုတ်၍ ကာထားလိုက်လေသည်။
အမျိုးသမီးလု အကြိမ်များစွာ ချော့မြူပြောဆိုသော်လည်း ကောင်လေးမှ မတုံ့ပြန်သည့်အတွက်၊ သူမမပြုံးတော့ဘဲ၊ "မစားချင်ရင်တောင် အဝတ်လဲလိုက်ကြ။ မင်းတို့အဘွားအိမ်က တစ်ယောက်ယောက်က မင်းတို့ကို လာတွေ့မယ်တဲ့၊ အဲ့တော့ အဲ့အဝတ်စုတ်တွေ မြန်မြန်ချွတ်လိုက်၊မဟုတ်ရင် ငါက မင်းတို့ကို နေ့တိုင်း တစ်နေကုန် အနိုင်ကျင့်တယ်လို့ စွပ်စွဲနေလိမ့်မယ်။"
လုဟွေ့ သူမအား သံသယရှိစွာဖြင့်၊ "ကျွန်တော့်အဘွားအိမ်က တစ်ယောက်ယောက်လာမယ်?"
အမျိုးသမီးလုမှ၊ "မင်းတို့အဘွားအိမ်က ဘယ်သူမှမလာဘူးဆိုရင်၊ ငါက မင်းတို့ကို သာ့ကျန်းရဲ့ အဝတ်အစားတွေ ပေးဝတ်မယ်ထင်လို့လား?"
လုဟွေ့ မယုံသေးပေ။
သို့သော်၊သူ၏ အမေသည် ကုတင်ပေါ်တွင်လှဲရင်း၊ သူမအား ဆေးရုံခေါ်သွားနိုင်မည့် တစ်စုံတစ်ယောက်အားစောင့်နေဆဲ...
သူအံကြိတ်ကာ မေးလိုက်သည်၊ "အခုလာတာ ကျွန်တော့အဘွားလား၊ဦးလေးလား? အခုဘယ်မှာလဲ?"
လုထောင် အမျိုးသမီးလုအား ကျောပေးကာ သူမပါးစပ်ထဲရှိ ပေါင်မုန့်ကို မျိုချလိုက်သည်။
သူမအစ်ကို သူမအဘွားနောက် လိုက်မည်ဟု ကြားသော်၊ သူမစိတ်လှုပ်ရှားကာ၊ "ကိုကို...အွတ်...ခန၊ခနလေး...အွတ်..." ကျွတ်ထိုးရင်း ပြောလိုက်လေသည်။
သူတို့အဘွားသည် အကျင့်မကောင်းသည့်အပြင် မကောင်ဆိုးဝါးဆန်သည်။ ထောင်ထောင်သာ သူမအစ်ကို့ကို ကာကွယ်ဖို့လိုက်မသွားရင်၊ သူမအစ်ကို အနိုင်ကျင့်ခံရတဲ့အခါ သူဘာလုပ်ပေးနိုင်မှာလဲ?
ကလေးမလေး မတ်တပ်ရပ်လိုက်ပြီး၊ ကုတင်ပေါ်မှခုန်ချမည်အပြု၊ သူမခြေထောက်နားရှိ ပန်းကန်းလုံးအား မတော်တဆတိုက်မိကာ၊ လဲကျသွားလေသည်။
"အား--"
သူမ၏နူးညံ့သည့်ခန္ဓာကိုယ်လေးသည် ချန်ဖန်းရှုဧ။်ရင်ဘတ်ပေါ်သို့ တည့်တည့်လဲကျသွားလေသည်။
ခဏအကြာတွင်တော့၊ မျက်လုံးများပိတ်ထားသော ချန်ဖန်းရှု၏ မျက်တောင်များ အလျင်အမြန် ခတ်လာခဲ့သည်။