ပြန်လည်သတိရခြင်း
Vol. 1 Ch. 6
"ကျွန့်တော် အဘွားတို့က ဘယ်မှာလဲ? ဘာလို့ ကျွန်တော် မတွေ့ရတာလဲ?"
လုဟွေ့ အမျိုးသမီးလုနောက်မှ အိမ်ခန်းထဲသို့ လိုက်သွားသော်လည်း၊ သူ့အဘွားနှင့် ဦးလေးကို မတွေ့ပေ။
သူတို့အစား၊ ထိုင်ခုံတွင်ထိုင်နေသည်မှာ၊ အသက်လေးဆယ်အရွယ်ရှိ၊ အသားညိုညို သူစိမ်း ယောင်္ကျား တစ်ယောက်နှင့် သူစိမ်း မိန်းမတစ်ယောက်ဖြစ်လေသည်။
လုဟွေ့ ဝင်လာသည်ကိုတွေ့သော်၊ သူတို့နှစ်ဦးလုံး လုဟွေ့အား ကြည့်လိုက်ကြသည်။
ယောင်္ကျားကြီးသည် သူ၏အိတ်ထဲမှ မြေပဲလက်တစ်ဆုပ်ခန့် နှိုက်ကာ၊ လုဟွေ့အား၊ "ဦးဦးတို့ကို သားရဲ့ ဘွားဘွားက လာဖို့ပြောလိုက်တာ။ သားဘွားဘွားက မလာနိုင်လို့၊ ဦးဦးတို့ကို လွှတ်လိုက်တာ။ လာပါဦး၊ မြေပဲစားဦးလေ။" ဟုပြောလေသည်။
လုဟွေ့ ပြန်မဖြေဘဲ၊ ခြေတစ်လှမ်းနောက်ဆုတ်ကာ "ဘွားဘွားက လာခိုင်းတာလား? ဘာလို့ကျွန်တော် ခင်ဗျားကို မသိတာလဲ?"
"ယူဆိုရင် ယူလိုက်ပေါ့။" အမျိုးသမီးလု သူ့အားတွန်းလိုက်လေသည်။
လုဟွေ့ သူမအား လျစ်လျူရှုကာ၊ ထိုအမျိုးသားအား၊ "ကျွန်တော် ခင်ဗျားကို အရင်က ဘာလို့မတွေ့ဖူးတာလဲ?"
"ကလေးက သတိထားတတ်သားပဲ။" ထိုအမျိုးသားမှ လှမ်းထားသော သူ၏လက်အား ပြန်သိမ်းကာ၊ ပြုံးပြလိုက်သည်။
"သူ့သတိက သူက တော်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။" အမျိုးသမီးလု ပြောလိုက်သည်။ "ငါ့မြေးကိုလျှော့မတွက်နဲ့။ သူက ၇နှစ်ပဲရှိသေးပေမယ့်၊ သူက ပထမတန်းတက်နေပြီ၊ အသက်၈နှစ်၊၉နှစ်အရွယ်တွေနဲ့ တန်းတူပဲ၊ပြီးတော့..."
အမျိုးသမီးလု လုဟွေ့လက်မောင်းအားကိုင်ကာ သူစိမ်းနှစ်ဦး ရှေ့သို့ တွန်းလိုက်ပြီး၊ "သူ့ပုံစံကိုကြည့်စမ်း။ ဒီတစ်နယ်လုံးမှာ သူ့ထက်ပိုချောတဲ့သူ မရှိဘူးဆိုတာ ငါပြောရဲတယ်။ ပြီးတော့ သူ့ရဲ့ ခြေတံလက်တံရှည်တွေကိုကြည့်လိုက်၊ သူက သေချာပေါက် ထွားလာဦးမှာ။"
လုဟွေ့ စိုက်အကြည့်ခံရသည်ကို မသက်မသာဖြစ်ကာ၊ ရုန်းလေသည်။
ဤအချိန်တွင်၊ စကားတစ်ခွန်းမှ မပြောသေးသည့် အမျိုးသမီးက၊ "သူက တော်တော်လေးချောတာပဲ။" ဟုပြောလေသည်။
"ဒါပေမယ့် မင်းကြီးလာတာနဲ့အမျှ၊ မင်းအစားပိုစားလို့ရတယ်။" ဟု အမျိုးသားမှ ပြောလေသည်။
"မင်းများများစားရင်၊ ပိုထွားနိုင်တာပေါ့၊ ဟုတ်တယ်မလား?" အမျိုးသမီးလုမှ၊ "ကလေးကိုသေချာပျိုးထောင်ထားရင် သူကငါတို့အသက်ကြီးသွားတဲ့အခါ ပြန်ပြုစုနိုင်တာပေါ့?"
"အဲ့တာအမှန်ပဲ။"
အမျိုသားနှင့် အမျိုးသမီးတို့နှစ်ဦး တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်ကြည့်ကာ တိတ်တဆိတ်ခေါင်းညိမ့်ပြလိုက်လေသည်။
အမျိုးသမီးလုမြင်သော်၊ သူမပါးရေတွန့်သည်အထိ ပြုံးလိုက်ပြီး၊ "အဲ့တာဆို အပေးအယူဖြစ်ပြီနော်?"
အမျိုးသားမှ ပြန်မဖြေဘဲ၊ အမျိုးသမီးကိုသာ၊ "သူနဲ့စကားဆက်ပြောလိုက်ဦး။" ဟုပြောပြီး ထကာ အပြင်ဘက်ခန်းသို့ ထွက်သွားလေသည်။
အမျိုးသမီးလု သူ့နောက်လိုက်သွားကာ၊ "ဘယ်လိုလဲ? တန်တယ်မလား?" ဟုမေးလေသည်။
"နှစ်ရာကတော့ တအားများတယ်၊" အမျိုးသားမှပြောလေသည်။ "သူကအခုဆို မှတ်မိတဲ့အရွယ်ရောက်နေပြီ။ ကျွန်တော်သူ့ကို သေချာမထိန်းနိုင်မှာစိုးရတယ်။"
"သူကအခုမှ ၇နှစ်ပဲရှိသေးတယ်၊ သူဘယ်လောက် မှတ်မိနိုင်မှာလဲ? သူ့ကို အစာကျွေးအဝတ်အစားဆင်ပေးတဲ့သူက သူ့အတွက် အဖေပဲ။"
"ဈေးကြီးလွန်းတယ်၊ ကျွန်တော်တို့ ဘေးအိမ်က လီအိမ်ဆိုရင် ၆ လအရွယ်ကလေးကို ယွမ် ၁၅၀ နဲ့ညှိတာ။ ခင်ဗျားကလေးက ၇ နှစ်တောင်ကျော်နေပြီ။ သူထွက်မပြေးဖို့လည်း ကျွန်တော်တို့အမြဲ စောင့်ကြည့်ရဦးမှာ။ ကျွန်တော် အများဆုံး ယွမ် ၈၀ ပဲ ပေးနိုင်တယ်။"
" ၈၀ ကနည်းလွန်းတယ်။" ဟုအမျိုးသမီးလုမှပြောလိုက်လေသည်။ "သူ့ကိုပျိုးထောင်ဖို့ ငါတို့အတွက်လည်း လွယ်တာမဟုတ်ဘူး။ သူ့မိဘတွေသာ ဒုက္ခရောက်မသွားဘဲ၊ ငါတို့လည်း သူ့ကိုကျွေးမွေးဖို့ မပူရဘူးဆိုရင်၊ သူ့ကိုဒီလိုပေးမှာမဟုတ်ဘူး။ ယွမ် ၁၀၀ အနည်းဆုံးပဲ။ မင်းလိုချင်မယ်ဆိုရင်၊ သူ့မှာတော်တော်လေးလှတဲ့ ညီမတစ်ယောက်လည်းရှိသေးတယ်..."
သူတို့ ဈေးဆစ်နေစဉ် အတွင်းခန်းမှ အသံခပ်တိုးတိုး ထွက်လာလေသည်။ "မင်းဘာလုပ်နေတာလဲ?"
ခဏတွင်ပင်၊ လုဟွေ့ ဘောလုံးလေးကဲ့သို့၊ တံခါးဆီသို့ တည့်တည့်မတ်မတ်ပြေးလေရာ သူ့နောက်မှ အမျိုးသမီးက လိုက်ဖမ်းလေသည်။
အမျိုးသမီးလုလည်း လန့်ကာ သူ့အားလိုက်ဖမ်းလေသည်။
သို့သော် သူမ၏ အိုမင်းနေသည့် လက်တံခြေတံတို့နှင့် အရှန်အပြည့်ဖြင့်ပြေးနေသည့် လုဟွေ့အား ဖမ်းရန် မတတ်နိုင်ပေ။
အဆုံးတွင်၊ အမျိုးသားကြီးမှ ဖမ်းမိလိုက်လေသည်။ အမျိုးသမီးလု လုဟွေ့အား ကော်လံမှဆွဲခေါ်လိုက်လေသည်။
"ဘယ်ကိုပြေးနေတာလဲ၊ မျိုးမစစ်လေးရဲ့ နာရေးသွားမလို့လား?"
အမျိုးသမီးလု လုဟွေ့တင်ပါးအား ကန်ကာ အထဲသို့ ပြန်၍ ဆွဲခေါ်လာလေသည်။
လုဟွေ့တံခါးဘောင်ကိုလှမ်းဆွဲထားကာ အထဲသို့ဝင်ရန် ငြင်းဆန်လေသည်၊ "လွှတ်! ခင်ဗျားကျွန်တော့်ကိုရောင်းစားချင်နေတာ၊ ကျွန်တော်မသိဘူးမထင်နဲ့!" ဟုပြောလေသည်။
သူသည်အပြင်ဘက်မှ ယွမ်၈၀၊ ယွမ်၁၀၀၊ အကုန်လုံးအကြောင်း ကြားလိုက်လေသည်။
သူတို့ဈေးညှိနေတုန်းမှာပင် သူမ အရှက်ခွဲခံလိုက်ရလေသည်။ အမျိုးသမီးလု မျက်နှာ ဖြူဖျော့သွားပြီး၊ "စကားကောင်းကောင်းပြောစမ်း..."
သူပြော၍ မပြီးခင်မှာပင်၊ တစ်စုံတစ်ယောက်အော်သံကို ကြားလိုက်ရလေသည်၊ "ဟေ့၊ ဘာလုပ်နေတာလဲ?"
"ကိုယ့်မြေးကိုယ် ရောင်းစားတဲ့သူက ကောပင်းမိန်းမကိုလည်း မရိုက်ဘူးငြင်းသေးတယ်။ ဘယ်လိုအဘွားမျိုးက ကိုယ့်မြေးကို ရောင်းစားချင်နေရတာလဲ?"
ထိုသို့ပြောလိုက်သူမှာ ဘေးအိမ်မှ အမျိုးသမီးဝမ်ဖြစ်လေသည်။
လုအိမ် တိုးချဲ့ဆောက်လုပ်စဉ်က၊ ဘေးကပ်ရပ်ရှိ လုအိမ်နှင့် နံရံတစ်ခုအပေါ် အဝေမတည့်ကာ၊ ထိုစဉ်မှပင် တစ်အိမ်နှင့်တစ်အိမ် အခဲမကြေခဲ့ကြပေ။
ဤမနက်၊အမျိုးသမီးလု အပြင်ထွက်စဉ်က၊ သူမအမျိုးသမီးဝမ် အပြစ်တင်သမျှကို နာရီဝက်ခန့် ခံခဲ့ရသေးလေသည်။
အမျိုးသမီးလု သူမ၏ မိသားစုကြောင်းများ မသိစေချင်ဆုံးသူကိုပြောပါဆိုလျှင် အမျိုးသမီးဝမ်ပဲဖြစ်ပေလိမ့်မယ်။
သူမချက်ချင်း အသံကိုမြှင့်ကာ ပြန်အော်၍ မေးလိုက်လေသည်။ "ဘာပြောလိုက်တယ်? ပြန်ပြောကြည့်စမ်းပါလား?"
အမျိုးသမီးဝမ်လည်း နည်းနည်းမျှပင် မကြောက်မရွံ့ဘဲ၊ "ဘာလို့ထပ်မပြောရဲရမှာလဲ? နင်တောင် ကိုယ့်ချွေးမကိုယ်ရိုက်တာတို့၊ ကိုယ့်မြေးကိုယ် ရောင်းစားတာတို့လို ကျင့်ဝတ်မရှိတဲ့ လုပ်ရပ်တွေ လုပ်ရဲသေးတာပဲ။ သူများတွေဘာပြောကြမလဲဆိုတာ နင် မကြောက်ဘူးလား? သူတို့ပြောတဲ့ နင့်အကြောင်းတွေက မှားတယ်လို့လည်း မထင်ပါဘူး။"
"နင်တကယ်ပဲ ကောပင်းကို သတ်လိုက်တာလည်း ဖြစ်နိုင်တာပဲ!"
"နင်!"
အမျိုးသမီးလု သတ်လတ်ပိုင်းစုံတွဲကို တစ်ချက်ကြည့်ကာ သူမ၏ဒေါသကိုထိန်းပြီး၊ "ငါ နင့်လို ကောင်မနဲ့ ပြိုင်ပြောမှာမဟုတ်ဘူး။"
သူမသက်ပြင်းချကာ လုဟွေ့အားပြောလိုက်သည်။ "ဒုက္ခမရှာဘဲ လိမ်လိမ်မာမာနေပါ။ ဘွားဘွားက ငါ့မြေးကောင်းဖို့အတွက် လုပ်ပေးနေတာ။ ဒီမှာကြည့်၊ မင်းအဖေက သေသွားပြီး အမေကဒီလိုဖြစ်နေတာ။ မင်းအတွက်ဒီလိုကောင်းတဲ့နေရာရှိနေတာကို၊ ထောင်ထောင်ကိုပါ ခေါ်မသွားချင်ဘူးလား?" ဟုပြောလေသည်။
"ဟားဟား!"
အမျိုးသမီးလု - "နင်က စကားကို ကြားကောင်းအောင်သာပြောနေတာ၊ တကယ်တမ်းက နင်ကလေးနှစ်ယောက်ကို မကျွေးမွေး မထောက်ပံ့ချင်တာလေ။ နင့်လိုအရှက်မရှိတဲ့သူမျိုး ငါတစ်ခါမှမမြင်ဖူးဘူး!"
"ငါ့ဘာငါ လုပ်ချင်တာလုပ်မယ်၊ နင့်အပူမပါဘူး!"
အမျိုးသမီးလု ပြန်အော်ကာ၊ လုဟွေ့အားချော့ပြောပြန်သည်၊ "အဲ့တံခါးကိုမြန်မြန်လွှတ်ပြီး ဦးလေးကျောက်နဲ့ အန်တီကျောက်နဲ့ စကားသွားပြောချည်။ သူတို့က မိသားစုနောက်ခံလည်းကောင်းပြီး ကလေးလည်းမရှိဖူးဘူး။ မင်း သူတို့ဆီလိုက်သွားရင် သူတို့ကသေချာပေါက် မင်းကို ကောင်းကောင်းဆက်ဆံလိမ့်မယ်။"
လုဟွေ့တံခါးဘောင်အား ပိုမိုတင်းကျပ်စွာ ဖက်တွယ်ကာ၊ သူ၏မျက်နှာနီးမြန်းနေသော်လည်း လွှတ်ဖို့ ငြင်းဆန်နေလေသည်။
"ဟဲ့၊ကောင်လေး၊ နင့်အတွက် ကောင်းမယ့်ဟာကို နင်ဘာလို့မသိရတာလဲ?" အမျိုးသမီးလု သူ့အားဆွဲကာ၊ "လက်လွှတ်၊ မင်းမှာပြောစရာရှိရင် အထဲဝင်ပြီးပြော။"
လုထောင်လေး ဘေးအခန်းမှ အော်၍ ပြေးလာစဉ်တွင်၊ ၎င်းတို့နှစ်ဘက်လုံး မည်သူမျှ နောက်မဆုတ်သည့် အခြေအနေတွင်ရှိလေသည်။ "ကိုကို...အွတ်...မေမေ...အွတ်...မေမေ...အွတ်...အွတ်..."
ကလေးမလေးသည် ၎င်း၏ကလေးသံလေးဖြင့် စာကြောင်းတစ်ကြောင်းပင် ဆုံးအောင်မပြောနိုင်ဘဲ ကျွတ်ထိုးနေလေသည်။
သူမသည် ခုန်ဆွခုန်ဆွဖြင့် အိမ်ထဲကိုသာ လက်ညိုးဖြင့် ညွှန်ပြနေလေသည်။
လုဟွေ့ သူမအား လှမ်းအော်လေသည်၊ "ထောင်ထောင်၊ အထဲပြန်ဝင်! ဒီကိုမလာနဲ့!"
"ဒါပေမယ့်...အွတ်...ဒါပေမယ့်...အွတ်...မေမေ...အွတ်...မေမေ..."
လုထောင် ခုန်ပေါက်ကာ လက်ဟန်ခြေဟန်ဖြင့် ပြသသော်လည်း၊ သူမအား မည်သူမမျှနားမလည်ပေ။
အဆုံးတွင်၊ သူမ စိတ်တိုစွာဖြင့် ခြေဆောင့်ကာ၊ အထဲသို့ ပြန်လှည့်ပြေးသွားလေတော့သည်။
ထိုအခါမှ လုဟွေ့ စိတ်သက်သာသွားပြီး သက်ပြင်းချနိုင်လေသည်။
ထိုအခြေအနေကို သုံးသပ်ပြီးသော် အမျိုးသမီးမှ "ဒီတိုင်းပဲမေ့လိုက်ကြတာပေါ့၊ ဟုတ်တယ်မလား? ကျွန်မတို့ အတင်းအကျပ်မလုပ်ပါဘူး။"
အမျိုးသမီးလုသည်တော့ ဤအခွင့်အရေးအား လက်မလွှတ်နိုင်ဘဲ၊ "သူက ဒီကိစ္စမှာပြောပိုင်ခွင့်မှ မရှိဘဲ။" ဟုပြောပြီး လုဟွေ့လက်မောင်းအား လိမ်ဆွဲရန် ပြင်စဉ်။
လုဟွေ့ သူမ၏ လက်အား လှမ်းကိုက်လိုက်ပြီး သူမဆွဲထားသည့် လက်လွှတ်သွားသည်နှင့် သူမအား တွန်းကာ၊ ထွက်ပြေးသွားလေသည်။ "ကျွန်တော်မသွားဘူး! သွားချင်ရင် ခင်ဗျားလိုက်သွားလိုက်!" ဟုပြောလေသည်။
အမျိုးသမီးလုလည်း ယိုင်ကာ သူမနောက်တွင်ရပ်နေသည့် လီချွန်းလန်ကို တိုက်မိလေသည်။
လီချွန်းလန်သည် သူမအခန်းတွင် လှဲနေရာမှ ဆူညံသံကြား၍ ထွက်ကြည့်ခြင်း ဖြစ်သည်။
ဤအကြံသည် အရမ်းကောင်းသည်တော့ မဟုတ်ပေမယ့်၊ သူမလည်း လုဟွေ့နှင့် လုထောင်အား မွေးစားရန် ပေးသင့်သည် ဟုတွေးလေသည်။
ကလေးနှစ်ယောက်မရှိတော့ရင်၊ သူတို့အဖေလည်း အိမ်မှာ ဆက်ရှိနေစရာ မလိုလောက်တော့ဘူးမလား?
သို့သော် သူမကြည့်နေရင်း ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်လာမည်ကိုလည်း စိုးရိမ်လေသည်။
အမျိုးသမီးလု သူမအားတိုက်မိသောအခါ၊ သူမတို့နှစ်ဦးလုံး မြေကြီးပေါ်သို့ လဲကျသွားလေသည်။
နှစ်ယောက်လုံးနာကျင်စွာ အော်ဟစ်ကြရာ၊ အခြေအနေသည် အလွန်ဗရုတ်ကျသွားလေသည်။
ခြံတစ်ဖက်မှ အမျိုးသမီးလု၏ ရယ်သံပေါ်ထွက်လာပြီး၊ "ဟားဟားဟား၊ တန်တယ်နင်နဲ့! နင်ကတအား ယုတ်မာတာကိုး!"
ပြန်ထနိုင်ရန် ရုန်းကန်နေသော အမျိုးသမီးလုလည်း ဟန်ချက်ပျက်ကာ တစ်ဖန်ပြန်၍ လဲကျလေသည်။
လုကောဖု အိမ်သာမှပြန်လာ၍၊ သူ၏အမေအား လုဟွေ့တွန်း၍ ပြေးထွက်လာသည်ကို မြင်သော်၊ လုဟွေ့အား ဆွဲထားလိုက်လေသည်။
ခဏအကြာတွင်ပင်၊ သူ့အမေနှင့် သူ့ကိုယ်ဝန်သည်မိန်းမ တို့လဲကျသည်ကိုတွေ့သော် ကလေးအားလွှတ်၍ သွားကူသင့်မကူသင့်ကိုပင် မဆုံးဖြတ်နိုင်ချေ။
အဆုံးတွင်တော့၊ သတ်လတ်ပိုင်းအမျိုးသမီးက အမျိုးသမီးလု နှင့် လီချွန်းလန်အား ထူပေးလိုက်လေသည်။
အမျိုးသမီးလု သေချာပြန်ရပ်နိုင်သည်နှင့်၊ သူမ တံမြက်စည်းရိုးရှာကာ၊ "ငါ မင်းကို မျက်နှာသာပေးမိနေလို့လား၊ဟုတ်လား?" ဟုပြောလေသည်။
"ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်မသွာဘူး! ကျွန်တော့မှာ မေမေနဲ့ ဘွားဘွားရှိသေးတယ်၊ ခင်ဗျားကျွန်တော့်ကို ရောင်းစားလို့မရဘူး!"
လုဟွေ့ လုကောဖုအား ထိုးလိုက်ပြီး ကန်လိုက်ကာ၊ အသားကုန်ရုန်းလေသည်။ သူ၏မျက်လုံးများသည် နီရဲနေပြီး ဒဏ်ရာရနေသည့် ဝံပုလွေငယ် တစ်ကောင်ကဲ့သို့ပင်ဖြစ်နေလေသည်။
လုဟွေ့ရုန်းသော်လည်း ကလေးအားသာရှိသဖြင့် လုကောဖုဆီမှလွတ်ရန် မရုန်းနိုင်ပေ။
အမျိုးသမီးလု တံမြက်စည်းရိုးကိုင်ကာ၊ ပြေးလာပြီး၊ "ငါမင်းကို စကားနားထောင်ဖို့ ပြောထားတယ်မလား? ငါမင်းကို ဒီနေ့ သေအောင်ရိုက်သတ်ပစ်မယ်! မင်းမှာ အမေနဲ့ အဘွားရှိတယ်ဟုတ်လား? မင်း ဘာလို့သူတို့ကိုခေါ်ပြီး လာမကယ်ခိုင်းလဲ?" ဟုပြောလေသည်။
တံမြက်စည်းရိုးနှင့် လုဟွေ့အား ရိုက်မည်အပြု၊ သူမရင်းနှီးသည့် အမျိုးသမီးတစ်ဦး၏အသံသည် ရုတ်တရပ်ပေါ်လာလေသည်၊ "တော်ပါတော့!"
"ငါ့ကိုတော်ခိုင်းတိုင်း တော်ရအောင် နင့်ကိုယ်နင် ဒီကလေးရဲ့အမေလို့များထင်နေလား..."
အမျိုးသမီးလု ရုတ်တရပ် ရပ်တန့်သွားကာ၊ "ဖန်းရှု?"
သူမနှင့် အလှမ်းမဝေးသည့်နေရာ၌ ခေါင်းတွင်ပတ်တီးစီးထားပြီး မျက်နှာဖြူဖျော့နေသည့် ခပ်လှလှအမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူသည် သူမ၏ ချွေးမအကြီးမဟုတ်လျှင် မည်သူဖြစ်နိုင်မည်နည်း?
ချန်ဖန်းရှု ခုံကိုအားယူ၍ သူမ၏ထိခိုက်ထားသော ခြေထောက်ဖြင့် လှမ်းပြီး သူမ၏လက်တွင်လည်း သွေးကြောများ မြင်နေရပြီး၊ "ကျွန်မသားကို ရောင်းလို့ရတယ်လို့ ဘယ်သူပြောတာလဲ? ကျွန်မ မသေသေးဘူး!"
သူအသံသည် အားနည်းနေသေးသည့်အသံ ဖြစ်သော်လည်း သူမအကြည့်များမှာ လူကိုသတ်တော့မည့်အကြည့်များဖြင့်၊ ဘေးပတ်ဝန်းကျင်ကို တိတ်ဆိတ်သွားစေသည်။
သူမနောက်မှ လိုက်လာသည့် လုထောင်လေးမှ လွဲ၍ဖြစ်သည်။
အမျိုးသမီးလု လုဟွေ့အား တံမြက်စည်းရိုးဖြင့် ရိုက်တော့မည်ကို မြင်သော်၊ သူမ ခဲသေးသေးလေးတစ်ခုကိုကောက်ကာ အမျိုးသမီးလုခြေထောက်သို့ လှမ်း၍ ပစ်ပေါက်လိုက်ပြီး၊ "ဆိုးတယ်...အွတ်...ဆိုးတယ်...အွတ်...ကိုကို့...ကို...အွတ်...မရိုက်နဲ့..."
ထိုသို့ပစ်လိုက်ပြီးနောက်၊ သူမအမျိုသမီးလုကိုပင် လှည့်၍မကြည့်ရဲကာ၊ သူမအမေနောက်သို့ ဝင်၍ပုန်းနေလိုက်သည်။
လုဟွေ့မြင်သော်၊ "မေမေ!မေမေ နိုးလာပြီ!"
"ဟုတ်တယ်၊ မေမေနိုးလာပြီ။"
ချန်ဖန်းရှု အနီးသို့ တိုးလာပြီး၊ လုဟွေ့အား ဆွဲထားသည့် လုကောဖင်းလက်ကို စိုက်ကြည့်ကာ၊ "ငါ့သားကိုလွှတ်လိုက်!"
ချန်ဖန်းရှုသည် အိမ်တွင် နာခံတတ်လေ့ရှိပြီး ဇနီးကောင်း၊အမေကောင်း တစ်ယောက်ဖြစ်သည်။
လုကောဖု သူမ ဤသို့ကြောက်စရာကောင်းသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်ပြီး လက်ကိုလျော့လိုက်လေသည်။
လုဟွေ့ သူ့အား အမြန်ခါချကာ၊ သူ၏အမေဆီသို့ ပြေးသွာလေသည်၊ "မေမေ၊ နောက်ဆုံးတော့ နိုးလာပြီ!"
ချန်ဖန်းရှု သူ့သားအား ဖက်လိုက်ပြီး၊ "မေမေ တောင်းပန်ပါတယ်၊ မေမေ အသုံးမကျလို့ သားလေးဒီလိုခံနေရတာ။"
"မငိုပါနဲ့...အွတ်...အွတ်...မငိုပါနဲ့..."
လုထောင်သူတို့ နှစ်ဦးကြားခုန်ဝင်သော်လည်း သူမအမေအား မမှီသဖြင့် ခြေဖျားထောက်ကာ သူမအစ်ကိုအား မျက်ရည်သုတ်လေသသည်။
သူမ၏ နူးညံ့သည့် လက်များဖြင့် သူမအစ်ကိုမျက်နှာအား ဂရုတစိုက်ကိုင်ကာ သုတ်ပေးလေသည်။
ကလေးမလေး၏ ကြိုသို့သံကျယ်ကျယ်များကြောင့် လုဟွေ့ဆက်၍ပင် မငိုနိုင်ဘဲ ရယ်ချင်လာလေသည်။
ထိုအချိန်တွင်၊ ဘေးအိမ်မှ အသံထွက်လာပြန်သည်။ "ဘုရားရေ! ဖန်းရှု သတိရလာပြီ! ကောပင်းမိန်းမ သတိရလာပြီ!"
ထို့နောက် သူတို့အနား ချဉ်းကပ်လာသည့် ခြေသံများ ပေါ်ပေါက်လာလေသည်။
လူလေးယောက် ချန်ဖန်းရှုအား မယုံနိုင်သည့် အကြည့်တို့ဖြင့် ကြည့်လေသည်။
"သူ တကယ်သတိရလာပြီပဲ? ဆရာစန်းပြောတော့ သတိမရနိုင်တော့ဘူးဆို?
"သတိရလာရင်တောင် ခေါင်းမကောင်းလောက်တော့ဘူးလို့ပဲပြောတာ၊ သတိမရဘူးလို့ မပြောပါဘူး။"
"အဘွားကြီး အစီအစဉ်တော့ ပျက်သွားပြီ။ သူများသားကို ရောင်းစားချင်တာလေ။ အခုတော့ အဆုံးသတ်ပြီ။"
"ဖန်းရှု ဒီလိုစိတ်ကြီးမယ်လို့ ဘယ်သူသိမှာလဲ..."
လူအချို့ အရိပ်အကဲမကြည့်ဘဲ လုမိသားစုနားတွင် စုဝေး၍ ပြောဆိုနေကြသည်။
အမျိသမီးဝမ်သည်ပင် ချန်ဖန်းရှုကြားစေရန် အော်၍၊ "ဖန်းရှု၊ သူ့ကိုမယုံနဲ့! ငါပြောမယ်၊ မင်းခေါင်းထိသွားနိုင်တယ်လို့ သူကြားတော့ သူနင့်ကို နည်းနည်းတောင် ဂရုစိုက်ခဲ့တာမဟုတ်ဘူး။ ရှောင်ဟွေ့နဲ့ ထောင်ထောင်ကိုလည်း အနိုင်ကျင့်ပြီး ထမင်းမကျွေးဘူး။ သူကတကယ်ကို ချီးထုပ်မကြီးပဲ!" ဟုပြောလေသည်။
"နင်ကမှ ချီးထုပ်မ! ပါးရိုက်ခံချင်နေတာလား?"
အမျိုးသမီးလု အလွန်စိတ်တိုကာ၊ ခုန်၍ တံမြက်စည်းဖြင့် လှမ်းပစ်လိုက်လေသည်။
လမ်းကြောင်းမတည့်၍သော်လည်းကောင်း၊ အရှိန်မလုံလောက်၍လည်းကောင်း၊ တံမြက်စည်းသည် လမ်းတစ်ဝက်နှင့်သာ ရပ်သွားလေသည်။
သူမ အမျိုးသမီးလုနှင့် ရန်ပွဲနွှဲတော့မည့်အချိန်တွင်၊ လုမိသားစုအိမ်ရှေ့သို့ သုံးဘီးဆိုင်ကယ်တစ်စီး ဆိုက်ရောက်လာလေသည်။
ဝတ်စုံပြည့်ဝတ်ထားသည့် ရဲနှစ်ဦး သုံးဘီးယာဉ်ပေါ်မှဆင်းသက်လာပြီး ဂိတ်တံခါးကို ခေါက်လေသည်။
" ယောက္ခမက ချွေးမကို မသေရုံတမယ် ရိုက်နှက်ထားတယ်လို့ တိုင်စာရလို့ပါ။ ရယ်ကျူဟွာဆိုတာ ဘယ်သူလဲဗျ?"