တူ
Vol. 1 Ch. 9
လုထောင်လဲကျသွားသည်ကိုမြင်သော်၊ သူမအနားရှိ လုကျန်းသည် ရယ်မောနေလေသည်။
မမျှော်လင့်စွာပင်၊ သူထိုကဲ့သို့ လှောင်ပြောင်နေစဉ်၊ လုထောင် သူမတင်ပါးအောက်မှ ငါးကိုထုတ်ယူလိုက်လေသည်။
သူချက်ချင်း ရပ်သွားကာ၊ "ဒါဖြစ်နိုင်လို့လား?" ဟုအံ့ဩစွာ မေးလိုက်လေသည်။
လုဟွေ့သည်လည်း သူ့ဘဝတစ်လျှောက် တင်ပါးဖြင့်ငါးဖမ်းသည့်သူ မမြင်ဖူးသည့်အလျောက် သူ၏မျက်နှာထားမှာလည်း ပြောမပြနိုင်စရာဖြစ်လေသည်။
သို့သော် ခုနကပင် သူ၏ညီမလေး အလွန်ငိုယိုနေသည်ကို သတိရကာ၊ မေးလိုက်သည်၊ "ထောင်ထောင်၊ နာသွားလား?"
"မနာဘူး!"
ကလေးမလေးသည် ငါးကိုကိုင်ပြီး ပြုံးနေကာ၊ ငါးအား လက်ဖြင့် မကြာခဏ တို့ကြည့်နေလေသည်။
လုကျန်းသူမဆီသို့ ပစ်လိုက်သည်မှာ မျှော့မဟုတ်ဘဲ သစ်ခေါက်အပိုင်းအစသာဖြစ်သည်။ သူမငိုသည်မှာ လန့်သွား၍ဖြစ်သည်။
လုဟွေ့ သူ၏ညီမလေး အဆင်ပြေကြောင်းအတည်ပြုပြီးသော် သက်ပြင်းချလိုက်ပြီး၊ "မနာဘူးဆိုပြီး အကိုက်ခံရတယ်က ပြောသေးတယ်။" ဟုပြောလေသည်။
ကလေးမလေးမှရယ်ကာ၊ အပြစ်ရှိစိတ်နည်းနည်းမှမဖြစ်ဘဲ၊ "ကိုကို၊ ကိုကို၊ ထောင်ထောင်ဖမ်းလိုက်ပြီ။" ဟုပြောလေသည်။
"ညီမလေး ဖမ်းလိုက်တာ ကိုကိုသိပါတယ်။" လုဟွေ့သူမအား မတ်တပ်ရပ်စေလိုက်ပြီး၊ "ရေက အေးတယ်၊ရေထဲမထိုင်နဲ့နော်။" ဟူ၍ ပြောလေသည်။
ရှောင်လုထောင် ခေါင်းညိမ့်မည်အပြု၊ သူမလက်ထဲမှငါးသည်ရုတ်တရပ် လှုပ်လာလေသည်။
သူမလက်သေးသေးလေးဖြင့် သေချာဆုပ်ကိုင်ထားပြီး၊ "ကိုကို၊ ပုံး၊ပုံး!" ဟုအော်လေသည်။
လုဟွေ့လည်းမတတ်နိုင်ဘဲ ကမ်းခြေသို့ပြန်ပြေးရလေသည်၊ "နေဦး၊ ကိုကို ပုံးယူခဲ့မယ်။"
ထိုအချိန်တွင်၊ အာ့ဝူလင်မှ [ဒါကဘယ်လိုကံကောင်းမှုမျိုးလဲ?]
လုကျန်းသည်လည်း လုထောင် ဘယ်လိုလုပ်ကံကောင်းသွားကြောင်း သိချင်လေသည်။
သူဒီနေရာသို့အလာတွင် ပြောခဲ့သည့်စကားများကိုပင် ပြန်လည်မှတ်မိလာလေသည်။
"မင်းက ငါးဖမ်းမယ်? ငါးက မင်းကို ပြန်ဖမ်းသွားပါဦးမယ်။ မင်းသာ ငါးဖမ်းနိုင်ရင် ငါဘွားဘွားကို ပြန်ခေါ်ပြမယ်။"
သူသည် မျက်နှာမဲ့သွားသော်လည်း၊ မာန်တော့မလျှော့နိုင်သည်မို့၊ အလျှော့မပေးဘဲ ငါးကိုပုံးထဲသို့ထည့်နေသည့် လုထောင်အား ဆက်၍လှောင်ပြောင်နေလေသည်။ "ငါးသေးသေးလေးဖမ်းမိတာ ဘာလုပ်ရမှာလဲ? မင်းသာ တကယ်တော်တယ်ဆိုရင် ငါးကြီးကြီးဖမ်းနိုင်ရမှာပေါ့။ မင်းဒီကိုပုံးအကြီးကြီးနဲ့ လာတာမဟုတ်ဘူးလား?"
ထိုအချိန်တွင်၊ တစ်ပေခန့်မရှည်ရှိသည့် ငါးကြီးတစ်ကောင် ရေပေါ်မှခုန်တက်လာလေသည်။
ထိုငါးကြီး၏ အကြေးခွံများသည် နေရောင်ထဲတွင် အလင်းပြန်နေပြီး၊ သူ့ကိုယ်သူ စတေးတော့မည့်အတိုင်းပင် ရှောင်လုထောင်၏ ပုံးထဲသို့ ဝင်သွားလေသည်။
"ဘန်း" ကနဲပင်၊ လုဟွေ့နှင့် လုထောင်တို့ပင် မျက်နှာတွင် ရေများစင်ကုန်ပြီး၊ လုကျန်းသည်လည်း ပြောစရာပင်မရှာနိုင်တော့ချေ။
ဒီလိုလည်းရတယ်ပေါ့?
ငါးတွေကို ဖမ်းတာက လူတွေ မဟုတ်ဘူးလား? ကိုယ့်ဘာသာကိုယ်ပုံးထဲ ခုန်ဝင်ရအောင် ငါးတွေက အဲ့လောက်တုံးတာလား?
သို့သော်၊ သူပင် မတုံ့ပြန်နိုင်ခင်တွင်၊ ဗွမ်း - နောက်ထပ်ငါးကြီးတစ်ကောင် ရေထဲမှခုန်ထွက်လာလေသည်။
ထိုသို့ပင်၊ တတိယတစ်ကောင်ရသွားလေသည်...
လုကျန်း ပါးစပ်အဟောင်းသားနှင့် လွန်စွာအံ့ဩနေလေသည်။
လုဟွေ့သည်လည်း အံ့ဩသွားလေသည်။
အဲ့လိုငါးကြီးတွေ ဘယ်ကပေါ်လာတာလဲ?
သို့သော်၊ သူမ ဘာမျှစဉ်းစားတော့ဘဲ သူ့ညီမလေးကိုကူကာ ငါးများပြန်မလွတ်စေရန် ပုံးကိုထိန်းထားလိုက်လေသည်။
မောင်နှမနှစ်ဦးအတန်ကြာထိတ်လန့်နေပြီး၊ ရေမျက်နှာပြင်ငြိမ်သွားမှပဲ သက်ပြင်းချနိုင်တော့လေသည်။
လုထောင်မှာ အလွန်ပျော်ရွှင်နေ၍ သူမရယ်လိုက်သည်မှာ မျက်လုံးများပင် ပျောက်ကွယ်သွားလေသည်။ "ကိုကို၊ညီမလေးတို့ အဲ့လောက်ကြီးတဲ့ငါးကြီးကို ဘယ်လိုစားကြမှာလဲ?"
"ဘယ်...ဘယ်လိုစားရမလဲ? ကြိုက်သလိုသာစား။" လုဟွေ့ သံသယရှိနေဆဲဖြစ်သည်။
သူသည် ကလေးသာရှိသေးသဖြင့် ထိုကဲ့သို့ အများကြီးခံစားစရာမလိုသေးသည်ဟု သူခံစားလိုက်ရလေသည်။
လုထောင်ကြားသော်၊သေချာတွေးကာ ပြန်မေးလိုက်လေသည်၊ "ညီမလေး၊ ကွတ်ကီးတွေနဲ့ စားလို့ရလား?"
လုဟွေ့ဘာမျှမပြောနိုင်ခင်မှာပင်၊ လုထောင်၏ နားထဲတွင် ၂၅၀ ၏အသံပေါ်ပေါက်လာလေသည်။
[ငါးကိုကွတ်ကီးနဲ့စားမယ်? ကြယ်တွေသာခူးပြီး ညှပ်စားလိုက်ပါတော့လား? ဖေဖေ မင်းကို ငါးတွေပေးတာ ဒီလိုဖြုန်းတီးဖို့လား?]
"ကြယ်တွေခူးမယ်? လုထောင်မှရှုပ်ထွေးစွာဖြင့် မေးလိုက်လေသည်၊ "ကြယ်တွေကိုခူးပြီး စားလို့ရတယ်လား?"
[ထားလိုက်ပါတော့။ ဒါနဲ့ ရေမကြောက်ဘူးလား?]
ကလေးမလေးရပ်၍ စဉ်းစားလေသည်။ "အိုး၊ ဟုတ်သားပဲ၊ သမီးဘာလို့ ရေမကြောက်တာလဲ?"
သူမကိုယ်သူမငုံ့ကြည့်လိုက်ပြီး၊ ရုတ်တရပ် တအံ့တဩထခုန်လေသည်၊ "ထောင်ထောင် ဘာမှမဖြစ်ဘူး! ထောင်ထောင်မကြောက်တော့ဘူး! ထောင်ထောင်သတ္တိရှိတယ်!"
၂၅၀ - [……]
မောင်နှမနှစ်ယောက်ပုံးကို ပြန်ဆွဲလာချိန်တွင်၊ လုကျန်းမှာ ခြေရာပင်မကျန်ခဲ့ဘဲ ပျောက်သွားလေသည်။
သို့သော်၊ လုထောင်သည် သူ့ဝမ်းကွဲအစ်ကိုအကြောင်းမေ့သွားပြီး ငါးကို အိမ်ရောက်အောင်ဘယ်လိုသယ်ရမလဲဆိုတာကိုပဲ တွေးနေလေသည်။
သူတို့မောင်နှမနှစ်ဦးသည် သေးကွေးသည့်အတွက် ပုံးကိုအတူတူသယ်ရပြီး၊ နှစ်ဦးလုံး အသက်ရှုသံများပြင်းထန်ကာ မောဟိုက်နေကြလေသည်။
ကံကောင်းသည်မှာ၊ သူတို့မြစ်က အပြန်လမ်းတွင်၊ အိမ်နီးချင်းဦးလေး စုန့်ဂန်းနှင့်တွေ့လေသည်။
ဦးလေးစုန့်ဂန်းသည် ကြောက်စရာကောင်းသည့် ရုပ်ရည်ရှိသော်လည်း ကြင်နာတတ်သူဖြစ်ကာ၊ ပုံးအားကူ၍သယ်ပေးလေသည်။
ဦးလေးစုန့်ဂန်းသည်လည်း သူတို့၏ အောင်မြင်မှုကို အံ့အားသင့်ကာ၊ "ဝါး၊ ဒီလောက်ကြီးတဲ့ငါးကို ဘယ်ကရတာလဲ? ဒီတစ်ကောင်ဆို ၂ ကီလို၊ ၃ကီလိုလောက် ရှိလောက်တယ်။"
"ကျွန်တော်တို့ ရွာထိပ်က မြစ်ထဲကနေဖမ်းခဲ့တာပါ။"
"သမီး ဖေဖေပေးတာ။"
မောင်နှမနှစ်ဦး တစ်ပြိုင်နက်ဖြေလိုက်သော်လည်း၊ သူတို့၏ အဖြေများမှာ မတူကြပေ။
လုဟွေ့ လေးနက်သည့်သူ့ညီမလေးအားကြည့်ပြီး၊ ဆုံးဖြတ်ချက်ကိုပြင်ကာ၊ "ကျွန်တော်မှားသွားတယ်၊ ကျွန်တော်တို့ ဖေဖေပေးတာပါ။" ဟုပြန်ပြင်၍ပြောလိုက်လေသည်။
ကလေးနှစ်ဦး၏ မျက်လုံး၊မျက်ခုံးများသည် တစ်ယောက်နှင့်တစ်ယောက် ၅၀ ရာခိုင်နှုန်းမျှဆင်တူကာ နှစ်ယောက်လုံး ချောမောလှပပြီး ချစ်စရာကောင်းလေသည်။
စုန့်ဂန်းလည်း သူတို့အဖြေကိုသဘောကျသွားပြီး မေးခွန်းထပ်၍ မမေးတော့ဘဲ၊ ပြုံးကာ၊ စ နေလေသည်။ "အဲ့တာဆို မင်းတို့ ဒီငါးကို ရောင်းမှာလား?"
ဤဧရိယာတစ်ဝိုက်တွင် ဆိုင်အနေဖြင့်မဖွင့်ဘဲ တစ်ဦးချင်းမှ ရောင်းချခြင်း၊ ဝယ်ယူခြင်း ပြုလုပ်ခြင်းသည် တရားမဝင်ပေ။ သတင်းပေးခံရလျှင်၊ ဝေဖန်ခံရပြီး တရားရင်ဆိုင်ရမည်ဖြစ်သည်။
နောက်ကွယ်တွင်၊ပုန်းလျှိုးကွယ်လျှိုး အရောင်းအဝယ်ပြုလုပ်နေသူများ ရှိသေးသော်လည်း လုထောင်နှင့် လုဟွေ့သည်တော့ ထိုအကြောင်းမသိချေ။
လုထောင်မှ "ရောင်းတယ်? ဈေးမှာရောင်းသလိုလား?" ဟုမေးလိုက်လေသည်။
လုဟွေ့သေချာ စဉ်းစားကာ၊ "ဦးလေးစုန့်ဂန်း သားတို့ကို မီးလုံးကူလဲပေးရင်၊ ဦီးလေးကို တစ်ကောင်ပေးမယ်။" ဟုပြောလေသည်။
ချန်ဖန်းရှုသည် ခြေထောက်ထိထားပြီး၊ သူတို့အိမ်ရှိ မီးလုံးမှာလည်း မလဲရသေးသဖြင့် ဒီရက်တွေအတွင်း ညဘက်တွင် သူတို့အမှောင်ထဲတွင်သာ နေကြရလေသည်။
ကလေးများတွင် ရိုးရှင်းသောအတွေးများသာရှိရာ၊ ငါးနှင့် မီလုံးလဲပေးရသည့် တန်ဖိုးကို သေချာမသိပေ။ သူတို့လိုအပ်သည်ထင်လျှင် ပြောလိုက်မည်ပင်ဖြစ်သည်။
စုန့်ဂန်းသဘောကျကာ လုဟွေ့ခေါင်းအား ပုတ်လိုက်ပြီး ကလေးများထံမှ အခွင့်ကောင်းယူရန်တော့ အစီအစဉ်မရှိပေ။ ကလေးနှစ်ယောက်အား အိမ်ပြန်ပို့ပြီးသော် သူသည် မီးလုံးကူဖြုတ်ပေးရုံသာမက၊ ငါးကိုဝယ်ယူရန် ချန်ဖန်းရှုနှင့် ဈေးညှိလေသည်။
သူတစ်ကောင်ကို ကြိုးဖြင့်သိုင်းချည်ပြီး မီးလုံးအသစ်နှင့်ပိုက်ဆံပြန်ယူလေသည်။
ချန်ဖန်းရှု စိုရွှဲနေသော လုထောင်အားခေါ်ကာ၊ "သမီးဘယ်လိုလုပ် ဒီလောက်ရွှဲသွားရတာလဲ?" ဟုမေးကာ မောင်နှမနှစ်ယောက်အား ငါးအကြောင်းမေးလေသည်။
တစ်ဖက်တွင်တော့၊ လုကောဖု အပြင်မှပြန်လာရာ သူ၏သား တံခါးနားတွင်ထိုင်ကာ မျက်ရည်များသုတ်နေသည်ကို တွေ့လေသည်။
သူသည် တစ်ခန်းလုံးပတ်ပြေးပြီး သူ့အဘွားကိုမခေါ်နိုင်သဖြင့် ငိုနေလေသည်။ သူ့သားအား ဤသို့တွေ့သော် သူစိတ်တိုသွားကာ၊ "ဘာဖြစ်တာလဲ? ကလေးလည်းမဟုတ်တော့ဘဲနဲ့။ အရှုံးသမားကျနေတာပဲ။" ဟုပြောလေသည်။
"ရှင့်သားက တခြားသူတွေ ငါးဖမ်းတာကိုကြည့်ပြီး လောဘကြီးနေတာ။" ဟု လီချွန်းလန် အတွင်းခန်းမှ မရွှင်မပျ လှမ်းပြောလိုက်လေသည်။
လုကောဖုသည် ကိစ္စကြီးဟုထင်နေရာ မဟုတ်မှန်းသိသော်၊ "ငါးဖမ်းတာလေးများ၊ မင်းစားချင်ရင် မင်းလည်းမြစ်ထဲ ကိုယ်တိုင်သွားဖမ်းလေ။" ဟုပြောလေသည်။
"ပြောတာလောက်တော့ လွယ်တာပေါ့။" လုကျန်းမှ နှာရှုံ့ကာ၊ "ဖေဖေတစ်ပေလောက်ရှိတဲ့ ငါးရအောင်ဖမ်းနိုင်လို့လား?"
"ဒီနားမှာ တစ်ပေလောက်ရှိတဲ့ ငါး ဘယ်ကနေဖမ်းလို့ရမှာလဲ? တစ်ယောက်သာ အဲ့လိုငါးမျိုးဖမ်းနိုင်ရင်၊ ငါ့အဘွားကိုခေါ်ပြမယ်။"
လုကောဖု သူ့သားအား ဘေးသို့ စိတ်မရှည်စွာ တွန်းလိုက်ပြီး၊ "တခြားတစ်နေရာရာသွား၊ ဒီမှာလမ်းပိတ်မနေနဲ့။" ဟုပြောလေသည်။
သူအခန်းထဲသို့ လှမ်းကာ၊ ရေကရားမှ ရေသောက်ပြီး၊ ထိုင်ခုံတွင်ထိုင်ကာ သက်ပြင်းချလိုက်လေသည်။
"ရှင်သွားတာ အလကားပဲမလား?" လီချွန်းလန်မှ ဖြည်းညင်းစွာပြောလေသည်၊ "ကျွန်မ ပြောသားပဲ၊ ရှင်မှနားမထောင်တာ။"
"အဲ့တာ ငါ့အမေလေ၊ ငါဘယ်လိုလုပ် ဒီတိုင်းထားနိုင်မှာလဲ?"
လုကောဖု သူမအား စိုက်ကြည့်ကာ၊ "မင်း အဲ့လိုလျှောက်ပြောနေဖို့အချိန်ရှိရင် ဘာလို့ငါ့ကိုကူပြီး အဖြေရှာမပေးတာလဲ? အဖေ စောစောဆုံးသွားပြီး ငါတို့ညီအစ်ကိုကို အမေပဲတစ်ယောက်တည်း ရှာကျွေးခဲ့တာ။ သူအများကြီး ခံစားခဲ့ရပြီးပြီ။ အသက်လည်း ကြီးနေပြီကို အမေ့ကို ထောင်အကျခံလို့မရဘူးလေ၊ ဟုတ်တယ်မလား?"
လီချွန်းလန်မှ၊ "ကျွန်မကို ပြောလို့ အလကားပဲ။ ရှင့်မရီးကိုသွားပြောလေ၊ အမေ့ကိုတရားစွဲတာ ကျွန်မမှ မဟုတ်ဘဲ။" ဟုပြောလေသည်။
လုကောဖုကြားသော် စိတ်တိုသွားပြီး၊ "မရီးက ဘာတွေတွေးနေတာလဲ? အမေက သူ့ကိုအဲ့လိုဆက်ဆံရင်တောင်၊ သူဒီလိုလုပ်လို့မရဘူးလေ။ ပြီးတော့ သူအဲ့လိုလုပ်လိုက်ရင် တစ်ရွာလုံးသိသွားမှာ။ တကယ်အရှက်မရှိဘူးပဲ..." ဟုပြောလေသည်။
သူတို့စုံတွဲစကားပြောနေစဉ်၊ လုကျန်းမှ ငါးအကြီးစားချင်ကြောင်း ပြောဆိုကာ ငိုပြန်သည်။
လုကောဖုသည် ထိုဆူညံသံကြောင့်လည်းကောင်း၊ ချန်ဖန်းရှုအား အမျိုးသမီးလုနှင့်ပက်သက်၍ စကားပြောသည်ကြောင့်လည်းကောင်း၊ မတ်တပ်ရပ်ကာ၊ "ငါသွားကြည့်လိုက်မယ်။" ဟုပြောလေသည်။
လီချွန်းလန်ကြားသော်၊ ချက်ချင်း မျက်နှာထားပြောင်းလဲသွားပြီး၊ "ဘာလို့သွားမှာလဲ? အဲ့အခန်းက သရဲခြောက်တယ်ဆိုတာ မေ့သွားပြီလား?" ဟုပြောလေသည်။
လုကောဖုမှ စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။ "ဘာသရဲခြောက်တာလဲ? မင်းကို အမေက သရဲဆိုတာမရှိဘူးလို့ ပြောထားတယ်မလား?"
သူ့သားအား မငိုဘဲ အိမ်ထဲတွင် စောင့်ရန် အသံမြှင့်၍ ပြောလိုက်ပြီး သူအစ်ကိုနှင့်မရီးတို့အခန်းထဲ ဝင်သွားလေသည်။
သူတံခါးသို့ရောက်သော်၊ တစ်စုံတစ်ခုကို သတိရလိုက်ကာ ပြန်လှည့်လာလေသည်။
"ကြောက်လို့လား? ဘာလို့ပြန်လှည့်လာတာလဲ?" ဟုလီချွန်းလန်မှ မေးလေသည်။
လုကောဖုဘာမျှမပြောဘဲ၊ အံဆွဲထဲမှ တူကိုထုတ်ကာ သူ့အင်္ကျီလက်ထဲတွင်ဝှက်ပြီးမှ စိတ်ချလက်ချသွားရဲလေသည်။
လုကောဖု အခန်းဆီသို့သွားသော်၊ အထဲမှ ယောင်္ကျားသား အသံကြားလိုက်လေသည်။ "အစ်မ၊ ဒီလောက်လင်းရင်အဆင်ပြေလား?"
သူစိတ်တိုလာလေသည်။
သူ့အစ်ကိုသေဆုံးသည်မှာ တစ်နှစ်သာရှိသေးသော်လည်း၊ မရီးသည် တခြားယောင်္ကျားနှင့် ဖောက်ပြန်နေလေသည်။ သူလုအိမ်ကို လေးရောလေးစားသေးရဲ့လား?
သူတံခါးကိုကန်ဖွင့်လိုက်ပြီး၊ ဘယ်သူလဲမေးတော့မည်အပြု ရင်းနှီးသည့်ရုပ်အသွင်အပြင်ကို တွေ့လိုက်ရလေသည်။
သူသည် ဝေခွဲမရဖြစ်ကာ၊ "ဂန်းဇီ၊ ဒီကိုဘာလို့ရောက်နေတာလဲ?" ဟုမေးလိုက်လေသည်။
လုကောဖုသည် ငကြောက်ဖြစ်သောကြောင့် မဟုတ်ပေ။
အဓိကအကြောင်းအရင်းမှာ၊ စုန့်ဂန်းသည် သန်မာထွားကြိုင်းသဖြင့် သူ့ကိုပြဿနာရှာရန် မလွယ်ချေ။
လူငယ်လေးသည် အသက်နှစ်ဆယ်ကျော်သာရှိသေးသော်လည်း၊ ရွာထဲတွင် အင်အားကြီးပြီး၊ ကြောက်စရာကောင်းသည့် ရာဇဝင်ရှိလေသည်။
သူဘွဲ့ရ၍ ရွာထဲတွင် အလုပ်လုပ်စဉ်က လုကောဖုနှင့် အတူတစ်သင်းတည်း ကျဖူးလေသည်။ လုကောဖုသည်ပျင်းရိသည့်အတွက် သူလုကောဖုကို နှစ်ခါအနိုင်ရဖူးလေသည်။
စုန့်ဂန်းသည် လုကောဖုနှင့် ပြောရာတွင်တော့ကြမ်းတမ်းပြီး၊ "ဘာလို့လဲ? ဘာပြောစရာရှိလို့လဲ?" ဟုမေးလေသည်။
"မဟုတ်ဘူး။ မရှိပါဘူး။"လုကောဖု သတ္တိနည်းသွားပြန်သည်။
ချန်ဖန်းရှု သူ့အသံကိုကြားသော် အေးစက်စွာမေးလိုက်လေသည်၊ "မင်း ငါ့အိမ်ထဲမှာ ဘာလုပ်နေတာလဲ?"
စုန့်ဂန်းရှိနေသရွေ့၊ အမျိုးသမီးလုအကြောင်းပြောရန် မဖြစ်နိုင်ပေ။
လုကောဖု သူ့အင်္ကျီလက်ထဲမှ တူကိုထုတ်ကာ၊ "ငါတူပြန်လာပေးတာပါ။ အရင်တစ်ခါက ဌားပြီး ပြန်မပေးရသေးလို့။" ဟုပြောလေသည်။
"တူ?" ချန်းဖန်းရှုမှ နားမလည်သဖြင့် မေးလိုက်လေသည်။
သူမ လုကောဖု တူလာဌားသည်ကို မမှတ်မိပေ။ တူမပြောနှင့်၊ လုမိသားစု သူမတို့အိမ်မှ ဌားသွားသည့် မည်သည့်အရာကိုမျှ ပြန်ပေးလေ့မရှိပေ။
သို့သော်၊ သူမထပ်၍ မမေးနိုင်ခင်ပင်၊ လုကောဖုသည် လှည့်၍ ထွက်သွားပြီးဖြစ်လေသည်။ "တံခါးမှာထားခဲ့ပြီနော်၊မရီး သိမ်းဖို့ မမေ့နဲ့ဦး။"
အခန်းအပြင်ရောက်လျှင်၊ လုကောဖုရပ်ကာ စိတ်ရှုပ်စွာဖြင့် သူ့နဖူးသူပြန်ရိုက်လေသည်။ "ငါဘာလို့တူကိုပေးလိုက်မိတာပါလိမ့်?"
သူသည် ဤကဲ့သို့ အရှုံးကိုမခံစားဖူးပေ။ သူဘယ်လိုလက်ခံရမလဲ?
အခန်းတွင်းရှိ မည်သူမျှသူ့ကို ဂရုမစိုက်သည့်အလျောက်၊ သူပြန်ခိုးဝင်ကာ၊ တံခါးနှင့် မလှမ်းမကမ်းရှိ ငါးနှစ်ကောင်ပါသည့် ပုံးကိုယူသွားလေသည်။
လုထောင်သည် သူမအစ်ကိုနှင့်အတူ စုန့်ဂန်းကိုလိုက်ပို့ပြီးပြန်လာ၍ သူမဖမ်းခဲ့သည့် ငါးကိုရှာသော်၊ ငါးမှာပျောက်ဆုံးနေလေသည်။
သူမမျက်လုံးပြူးကာ၊ အိမ်အနှံ့လိုက်ရှာသော်လည်း ရှာမတွေ့ချေ။
နောက်ဆုံးတွင်၊ ကလေးမလေးနှုတ်ခမ်းထော်ကာ၊ ငိုလေတော့သည်၊ "ငါး...ထောင်ထောင့် ငါး...ထောင်ထောင့် ငါးမရှိတော့ဘူး..."
သူမအသံသည် မြစ်နားတွင် လန့်၍ငိုစဉ်မှအသံထက်တော့ မတိုးပေ။
လုဟွေ့ အမြန်ရောက်လာပြီး၊ "ထောင်ထောင်၊ ထောင်ထောင်၊ ဘာဖြစ်လို့လဲ?" ဟုမေးလေသည်။
"ထောင်ထောင့် ငါး...ထောင်ထောင့်ကို ဖေဖေပေးတဲ့ငါး မရှိတော့ဘူး..." ဟူ၍ လုထောင် အသက်ရှုရန်ပင်မနားဘဲ ဆက်တိုက်ငိုလေသည်။
ပုံးထဲတွင် ငါးကြီးနှစ်ကောင်တင်မက၊ သူမတင်ပါးဖြင့် ဖမ်းထားသည့် ငါးသေးသေးလေးလည်းပါဝင်လေသည်။
သူမဘဝတွင် သူမလက်ဖြင့်၊သို့မဟုတ်၊ သူမတင်ပါးဖြင့် ငါးတစ်ကောင် ဖမ်းဖူးသည်မှာ ပထမဆုံးဖြစ်လေသည်။ အဲ့လိုခက်ခက်ခဲခဲဖမ်းထားတဲ့ငါး ဘယ်လိုလုပ်ပျောက်သွားတာလဲ?
လုဟွေ့မှ ခန့်မှန်းကာ၊ "ဦးလေးငယ် ယူသွားတာများလား?" ဟုပြောလေသည်။
စုန့်ဂန်းကလွဲလျှင် သူတို့အခန်းသို့လာသည်မှာ သူအပြင်မရှိချေ။ စုန့်ဂန်းတော့ သေချာပေါက်မဖြစ်နိုင်သည့်အတွက် သူပဲဖြစ်ပေလိမ့်မည်။
ချန်ဖန်းရှုကြားသော်၊ သူမသည် ကုတင်ပေါ်မှဆင်းမည်ပြု၍၊ "ထောင်ထောင်၊မငိုနဲ့။ မေမေ သူ့ကို သွားရှာလိုက်မယ်။" ဟုပြောလေသည်။
လုထောင်မှ သူမခြေထောက်များကို တင်းကြပ်စွာဖက်ကာ၊ "မေမေ၊မသွားနဲ့၊ မေမေ့ခြေထောက်...အွတ်...မေမေ့ ခြေထောက်နာလိမ့်မယ်..." ဟုငိုယိုကာ ပြောလေသည်။
ထိုအချိန်တွင်၊ အာ့ဝူလင်၏အသံ ထောင်ထောင့်နားတွင် ကြားရပြန်သည်၊ "ရှာစရာမလိုဘူး၊ စနစ်ကတွေ ဆုချထားတဲ့ ဆုလာဘ်တွေကို ကာကွယ်ထားတာမလို့ လက်ခံသူရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ယူသွားလို့မရဘူး။"
"ဘာ၊ဘာကိုလဲ?" ကလေးမလေးမှ ငိုရင်း မေးလေသည်။
[ဘာပြောတာလဲဆိုတော့၊ ထောင်ထောင်လေးရဲ့ငါးတွေက ခဏနေရင် ပြန်လာလိမ့်မယ်။]
လုကောဖု သူ၏တူကို ဆုံးရှုံးလိုက်သော်လည်း၊ ငါးအကြီးနှစ်ကောင်ပြန်ရသဖြင့် အရှုံးဟုမသတ်မှတ်နိုင်ချေ။
ငါးအားမျှော်နေသည့် လုကျန်းရှေ့သို့ ပုံးကိုချကာ၊ "မင်းအမေကို ဒီညမင်းအတွက် ချက်ခိုင်းလိုက်၊ ဟုတ်ပြီလား? မင်းက အဖြေဘယ်လိုရှာရမလဲမတွေးဘဲ ငိုဖို့ပဲသိတယ်။ မင်းငိုနေလို့ ငါးတွေက မင်းဆီကိုပျံလာမယ်ထင်လို့လား?" ဟုပြောလေသည်။
လုကျန်းငိုလျှင် ငါးများပျံလာမလာတော့ မည်သူမျှမသိနိုင်ပေမယ့် လုထောင်ငိုလျှင်တော့ ငါးများပျံလာလေသည်။
လုကောဖု အိမ်ထဲဝင်ကာ ခနနားလေသည်။ သူပြန်ထွက်လာပြီး ငါးကိုင်တော့မည့်အချိန်တွင်၊ ငါးရော ပုံးရော မရှိတော့ပေ။
"ချွန်းလန်၊ မင်း ပုံးကိုရွှေ့လိုက်သေးလား?" ဟုသူ့မိန်းမအား မေးလိုက်လေသည်။
"ကျွန်မမှ အပြင်မထွက်ရသေးတာ၊ ဘယ်လိုရွှေ့မလဲ?" ဟုလီချွန်းလန်မှ စိတ်ပျက်လက်ပျက် ပြောလိုက်လေသည်။
"အဲ့တာဆို..." လုကောဖု သူ့သားဘက်သို့လှည့်ကာ၊ "သာ့ကျန်း၊ မင်းရွှေ့လိုက်တာလား?" ဟုမေးလိုက်လေသည်။
"သားမရွှေ့ပါဘူး။" လုကျန်းမှ အလျင်အမြန် ခေါင်းခါလိုက်လေသည်။
ဘယ်သူမှမရွှေ့ရင်၊ ငါးတွေ ဘယ်လိုလုပ် ပျောက်သွားတာလဲ?
အတောင်ပံပေါက်ပြီး ပျံသွားတာတော့ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား?
လုကောဖု အံ့ဩနေစဉ်တွင် တစ်ဖက်အခန်းမှ ကလေးမလေး၏ ပျော်ရွှင်စွာအော်သံကို ကြားလိုက်ရလေသည်။ "ဖေဖေက မိုက်လိုက်တာ! ငါးတွေပြန်ရောက်လာပြီ!"
ထိုခဏလေးအတွင်တွင်၊ သူတို့စုံတွဲ၏ မျက်နှာထားများ ပြောင်းလဲကုန်ကြလေသည်။