← Chapters

ဆံပင်ကောက်ကောက်

Vol. 1 Ch. 12

ဆံပင်ကောက်ကောက်

Vol. 1 Ch. 12

အိမ်ထဲရှိ လူကြီးလေးယောက်တို့၏ အသက်စုစုပေါင်းသည် နှစ်၂၀၀ ပင်ကျော်သော်လည်း၊ ကလေးတစ်ယောက်ကြောင့် သေမတတ် ကြောက်သွားကြလေသည်။

လုထောင်‌ ခြေဆန့်ကာ၊ ကုတင်ပေါ်မှ‌ လျှောဆင်းလိုက်သော်လည်း သူမကိုဘယ်သူမျှ လာမတားကြပါ။

သူမရှေ့သို့တစ်လှမ်းတိုးလိုက်သောအခါ၊ လုကောဖုနှင့် မာသာ့ရှန်းတို့ အနောက်ဆုတ်၍ သူမအား လမ်းဖယ်ပေးကြလေသည်။

ကလေးမလေးလည်း စိတ်ဝင်စားကာ၊ မာသာ့ရှန်းဆီသို့ လျှောက်သွားလိုက်လေသည်။

သူမ တစ်ကိုယ်လုံး သွေးများ ပေကျံနေသော်လည်း မာသာ့ရှန်းမှ ထပ်ခါထပ်ခါ၊ "ကဲ၊ကဲ၊ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့၊ စကားပြောရအောင်။ စကားနဲ့ဖြေရှင်းအောင်။" ဟုကြောက်လန့်ကာ ပြောလေသည်။

ကလေးမလေး စိတ်ဝင်စားကာ၊ အမျိုးသမီးလုနှင့် ဟယ်ချွိန်ဖန်တို့ဘက်သို့ ခုန်လိုက်လေသည်၊ "အား!"

ဟယ်ချွိန်ဖန်မှ အော်လိုက်ခြင်းဖြစ်သည်။ အမျိုးသမီးလုမှာတော့ မျက်ဖြူလန်ကာ သတိလစ်သွားလေသည်။

တစ်ဖက်မှကြည့်နေသော လုကောဖုမှ ရှေ့သို့ခြေမလှမ်းရဲဘဲ၊ ရပ်တန့်နေကာ၊ "မလာနဲ့။ဒီဘက်မလာနဲ့။" ဟုပြောလေသည်။

လုထောင် သွေးများပေနေသော အမျိုးသမီးအားကြည့်ကာ၊ အပြစ်ရှိစိတ် ခံစားလိုက်ရလေသည်။ "မဟုတ်ဘူး၊ ထောင်ထောင် လုပ်လိုက်တာ မဟုတ်ဘူး။"

ဖေဖေ ခုနက ဘာပြောထားတာပါလိမ့်? သူမကိုပြေးခိုင်းထားတာမလား?

ကလေးမလေး ၂၅၀ အိပ်‌မပျော်သွားခင် ပြောသွားသည့် နောက်ဆုံးစကားများကို သတိရပြီး၊ နောက်သို့လှည့်ကာ မာသာ့ရှန်းအိမ်ထဲမှ အမြန်ထွက်ပြေးလေသည်။

ခြေသံများပျောက်ကွယ်သွားမှ အခန်းထဲမှသူအကုန်လုံး သက်ပြင်းချနိုင်ကာ၊ ကုတင်ဘေးရှိ ခုံများတွင်ထိုင်လိုက်ကြသည်။

ထိုအခါမှ လုကောဖု ရှေ့သို့လှမ်းကာ သူ၏သတိမေ့နေသောအမေအား နှိုးလေသည်။ "အမေ၊ အမေ၊ ထပါဦး!"

သူတို့သည် ပုန်းနေရင်း အလုပ်ရှုပ်နေပြီး သူမအားလိုက်မဖမ်းအားသည်ကို လုထောင်မသိချေ။

သူမအဝေးကြီးပြေးကာ၊ အိမ်ကိုရှာလို၍ အရှိန်လျှော့လိုက်လေသည်။

ကံကောင်းစွာပင် ဤနေရာသည် သူမတို့ရွာနှင့် သိပ်မဝေးသဖြင့် တစ်ယောက်ယောက်အား လမ်းမေး၍ အမြန်ပြန်နိုင်ပေသည်။

လုထောင် သူမတို့ရွာထဲသို့ဝင်စဉ်၊ အိမ်နီးချင်းဝမ်မိသားစုမှ အသက်၁၅နှစ်အရွယ် ကောင်မလေးနှင့် တွေ့လေသည်။

ဝမ်သာ့ယာသည် မြစ်တွင် အဝတ်လျှော်ပြီး အဝတ်ထည့်ထားသည့်ဇလုံပိုက်ကာ ပြန်လာရာ၊ လုထောင်အားမြင်သော် လှမ်းပြောလိုက်သည်။ "ထောင်ထောင်၊ ညီမလေးတို့အဘွားအိမ်က တစ်ယောက်ယောက် ရောက်နေတယ်။"

ကလေးမလေးကြားသော် အံ့ဩသွားလေသည်။ "တကယ်လား?"

ပြန်စဉ်းစားကြည့်သော် တစ်ခုခုမှားနေလေသည်။ အရင်တစ်ခါက သူတို့အမေဘက်မှအဘွား သူ့အစ်ကိုကိုရောင်းစားချင်၍ သူတို့အဖေဘက်မှ အဘွားအိမ်မှ တစ်ယောက်ယောက်‌လာကြည့်သည်ဟု လိမ်ခဲ့သည်။

သူမယုံတစ်ဝက်၊ မယုံတစ်ဝက်နှင့် ထပ်မေးလိုက်သည်။ "တကယ်လား?"

ဝမ်သာ့ရာမှ သဘောကျသွားကာ၊ "တကယ်ပေါ့၊ မမကဘာလို့လိမ်ရမှာလဲ?" ဟုလှမ်းပြောလေသည်။

"ကောင်းတယ်၊ ဘွားဘွားရောက်လာပြီ!" လုထောင်ပျော်ကာ သူမတို့အိမ်သို့ခုန်ပေါက်ကာ သွားလေတော့သည်။

"နေပါဦး!" ဝမ်သာ့ရာမှ လှမ်းမေးလိုက်လေသည်။ "ညီမလေးဘာလို့ ဒီလောက်နီနေတာလဲ?"

ကလေးမလေးလည်း ကြောက်စရာကောင်းသည့်အဘွားမှ သူမနဖူးပေါ်သို့ စေးကပ်သည့်အရာဖြင့် ပွတ်လိုက်သည်ကို သတိရပြီး စိတ်ပြောင်းကာ၊ "မြစ်မှာရေသွားဆေးလိုက်ဦးမယ်။" ဟုပြောလေသည်။

ဝမ်သာ့ရာ လမ်းလျှောက်သွားပြီး ခဏအကြာတွင်၊ ငိုသံကြားလိုက်ရလေသည် - "ဆံပင်! ထောင်ထောင့်ဆံပင်!"

လုကွေ့ရင်း သူမ၏ ချွေးမအကြီးနှင့် သားအငယ်အား အိတ်များကို သူမ၏သမီးအိမ်သို့ သယ်လာခိုင်းစဉ်၊ သူမ၏မြေးလုဟွေ့ မီးမွှေးနေသည်ကို တွေ့လေသည်။

အတွင်းခန်းထဲမှ ကုတင်ပေါ်တွင်၊ သူမ၏ တစ်ဦးတည်းသောသမီး၊ ချန်ဖန်းရှူ ခေါင်းနှင့်ခြေထောက်တွင် ပတ်တီးများစည်းထားပြီး၊ လှဲနေရင်းနှင့်ပင် ထူးဆန်းသောအနေအထားနှင့် ကြက်သွန်လှီးနေသည်ကို တွေ့လိုက်ရလေသည်။

လုကွေ့ရင်း တွေ့သော်၊ "သမီး ဒဏ်ရာရထားတာတောင် အလုပ်တွေ လုပ်နေတုန်းလား? ထားလိုက်၊ အမေလုပ်လိုက်မယ်။" ဟုပြောလေသည်။

"ရပါတယ်၊ ပြီးခါနီးနေပြီ။" ချန်ဖန်းရှု လက်စသတ်ပြီး လုကွေ့ရင်းအား မေးလိုက်လေသည်။ "အမေ၊ပြန်လာပြီလား?"

လုကွေ့ရင်း သူမသမီးထံမှ ဓားယူကာ သူမချွေးမဆီသို့ လှမ်းပေးလိုက်ရင်း "ပြန်လာပြီ။ ဒီနေ့နေ့လည် ရထားနဲ့ ပြန်လာတာ။ သမီး တစ်ခုခုဖြစ်တယ်ကြားလို့ စိတ်ပူတာနဲ့ အမြန်လာတွေ့တာ။ ရှုအာ၊ ဘာဖြစ်သွားတာလဲ? တကယ်ပဲ သမီးယောက္ခမက သမီးကိုရိုက်တာလား?" ဟုမေးလေသည်။

"မဟုတ်ပါဘူး။" ချန်ဖန်းရှု အမှန်အတိုင်းပြောလိုက်သည်။ "သမီး အဲ့နေ့ကအပြင်က ပြန်လာတာ နောက်ကျ‌တယ်။ အဲ့နေ့ကပဲ ကားအတိုက်ခံလိုက်ရတာ။"

လုကွေ့ရင်းမှ မယုံသေးဘဲ၊ "တကယ် သူရိုက်တာမဟုတ်ဘူးလား? အမေပြောမယ် ရူအာ၊ သမီးဒီတိုင်းခံစားနေလို့မရဘူး။ ဒီနှစ်တွေလည်း သမီး သည်းခံခဲ့ပြီးပြီမလား? ဒါပေမယ့်လည်း သူက သမီးကိုအဝေးကိုပဲ တွန်းပို့နေတာလေ။ သမီးမှာ မိသားစုမရှိတာလည်း မဟုတ်ဘူး၊ ဘာလို့ သမီးအစ်ကိုသုံးယောက်ကိုပဲ အားမကိုးရတာလဲ?" ဟုဖြောင်းဖြလေသည်။

ချန်ဖန်းရှု သူမနှုတ်ခမ်းတို့ကိုစေ့ကာ၊ သူမယောင်းမအား လှမ်းကြည့်လိုက်လေသည်။

ဟူချူရှန်း သူမအကြည့်ကိုမြင်သော်၊ "အရင်ရက်တွေတုန်းက ကောင်းရှန်း နေမကောင်းဖြစ်နေလို့ ပြုစုနေရတာမလို့ ညီမလေး အခြေအနေ မစိုးရိမ်ရဘူးထင်ပြီး အတည်မယူလိုက်မိဘူး..." ဟုရှင်းပြလေသည်။

ပြောရင်းအသံသည်ပို၍ အားနည်းလာပြီး၊ သူမဘာဆက်ပြောရမည် မသိတော့ပေ။

သူမယောင်းမ၏ မျက်လုံးများသည် သူမအတွေးများအပါအဝင် အကုန်ရှင်းရှင်းလင်းလင်းမြင်နိုင်လေသည်။

လုကွေ့ရင်းကြားသော် မျက်နှာမကောင်းပေ။

သူမနှင့် သူမယောင်္ကျားတို့ အိမ်တွင်ရက်ပိုင်းမရှိသည့်အတောအတွင်း ကိစ္စအများအပြားဖြစ်ပျက်သွားလေသည်။

အကြီးဆုံးချွေးမသည် တွက်ချက်တတ်လေ့ရှိသည်။ သူမထံမှ ငွေတောင်းခြင်းသည် သူမအသက်အားတောင်းသကဲ့သို့ပင်။ ရှုအာ ဒုက္ခရောက်စဉ်က၊ လုဟွေ့လာရှာသော်လည်း၊ ဆေးဖိုးဝါးခပေးရမည်စိုး၍ သူမသေချာပင်မမေးဘဲ ဒီတိုင်းထားလိုက်လေသည်။

အခြားသူများ သူမအားမေး‌သော်၊ "ဆရာဝန်က မစိုးရိမ်ရဘူးလို့ပြောတယ်၊ စိတ်မပူပါနဲ့။" ဟုလိမ်လေသည်။

စိတ်မပူပါနဲ့!

သူမလာသည့်လမ်းတွင် တွေ့ဆုံခဲ့သူများအား မမေးလျှင် သူမသမီး ခြေထောက်ကျိုးပြီး ရက်ပိုင်းခန့် သတိလစ်နေသည်ကို သိမည်မဟုတ်ပေ။

ရှုအာသာ တစ်ခုခုဖြစ်သွားလို့ကတော့၊ သူမ ချွေးမအကြီးအား တစ်စစီဆွဲဖြဲပစ်မည်ပင်။ ပြီးတော့ အိမ်ကဘာပြောပြောအကုန်ယုံတဲ့ ငတုံးတွေကိုရောပဲ!

ဟူချူရှန်း သူမယောင်းမ ထိုမျှပြင်းပြင်းထန်ထန် ထိခိုက်သွားမည်ဟု မမျှော်လင့်ထားခဲ့ဘဲ၊ အပြစ်ရှိစိတ်ဖြစ်ပေါ်လာလေသည်။

သူမယောက္ခမ ‌မရွှင်ပျသောအကြည့်ကိုမြင်‌သော်၊ သူမမနေတတ်တော့ဘဲ၊ လုဟွေ့ ချက်ပြုတ်သည်ကို ကူမည်ဟု အကြောင်းပြကာ ထွက်သွားလေသည်။

ချန်ဖန်းရှု မျက်လုံးများလည်းနီနေပြီး၊ လွန်ခဲ့သောရက်များအတွင် ဖြစ်ပျက်ခဲ့သမျှ လုကွေ့ရင်းအား ပြောပြလိုက်လေသည်။

ချန်မိသားစု၏ တတိယသား၊ ချန်ပေါင်ခဲ့သည် ဤနှစ်တွင် အသက်နှစ်ဆယ်ပြည့်ပြီဖြစ်ပြီး၊ ကြံ့ခိုင်သန်စွမ်းမှုအပြည့်ရှိသည် လူငယ်တစ်ဦးဖြစ်လေသည်။

အမျိုးသမီးလု သူ့အစ်မနှင့်တူ၊ တူမတို့ကို ဆက်ဆံသည့်ပုံစံကိုကြားသော်၊ သူ ပေါက်ကွဲလေသည်။ အမျိုးသမီးလု လုဟွေ့အားရောင်းစားရန် ကြံခဲ့သည်ကိုကြားသော်၊ သူချက်ချင်း မတ်တပ်ရပ်ကာ၊ "ဒီမိန်းမကြီးလွန်သွားပြီ။ မမ၊ ကျွန်တော်သူ့ကိုသွားရှာမယ်!" ဟုပြောလေသည်။

"နေဦး၊ မသွားနဲ့!" ချန်ဖန်းရှုမှ သူ့အား အလျင်အမြန် တားလိုက်လေသည်။

ချန်ပေါင်ခဲ့မှ စိတ်တိုစွာဖြင့်၊ "မမ ဆက်သည်းခံနေဦးမယ်လို့တော့ မပြောနဲ့နော်။ ဒါတွေက ဘယ်ချိန်မှပြီးမှာလဲ? နောက်တစ်ခါကျ သူပိုဆိုးဝါးလာရင် ဘယ်လိုလုပ်မလဲ?"

"သည်းခံမယ်လို့ ပြောချင်တာမဟုတ်ဘူး၊ ငါကဒီတိုင်း..."

ချန်ဖန်းရှု ပြောနေစဉ်မှာပင်၊ အပြင်ဘက်ရှိ လုဟွေ့၏ အသံကိုကြားလိုက်ရသည်။ "ထောင်ထောင်၊ ညီမလေးပြန်လာပြီပဲ။"

"ဟမ်။" ကလေးမလေးမှ သူမ၏ သနားကမားအသံလေးဖြင့် တုံ့ပြန်လေသည်။

ခြေသံများနီးကပ်လာသည်နှင့်၊ အခန်းထဲမှသူအားလုံး ပြောလတ်စကိုရပ်ကာ တံခါးဆီသို့ လှမ်း၍ ကြည့်လိုက်ကြသည်။

နောက်တစ်စက္ကန့်တွင်၊ ကြီးမား‌‌သော ခေါင်းပေါင်းနှင့် ကလေးတစ်ဦး သူတို့ရှေ့သို့ ရောက်လာလေသည်။

ကလေးမလေးမှ သူမ၏အင်္ကျီကိုချွတ်ကာ ခေါင်းပေါင်းအနေနှင့် ပေါင်းထားခြင်းဖြစ်သည်။

အရှေ့ဘက်တွင် မျက်လုံးများသာ ဖော်ထားပြီး ‌အနောက်မှကြည့်လျှင်တော့ ခေါင်းတစ်ခုလုံးမဖုံးထားသည့်အတွက် သူမဘာကို ဖုံးကွယ်သည်ကို အကုန်လုံးမြင်နိုင်လေသည်။

ချန်ပေါင်ခဲ့ မနေနိုင်တော့ဘဲ သူမဆီမှ စိုရွှဲနေသည့်ဆံပင်ကိုကိုင်ကာ၊ "ဘာဖြစ်လာတာလဲ? ဘာလို့မင်းဆံပင်တွေကောက်နေတာလဲ?" ဟုမေးလေသည်။

"ကောက်" ဆိုသည့်စကားလုံးကိုကြားသည်နှင့် ကလေးမလေးသူ၏ဆံပင်တွေကိုအုပ်ကာ၊ မျက်ရည်ဝဲလာပြီး၊ "မဟုတ်ဘူး! ထောင်ထောင်ဆံပင်က မကောက်ဘူး!" ဟုအော်လေသည်။

၂၅၀ သုံးလိုက်သည့် လျှပ်စီးစွမ်းအားကြောင့်၊ မာသာ့ရှန်းနှင့် အခြားသူများ ဓာတ်လိုက်သွားရုံသာမက၊ လုထောင်၏ ဆံပင်သည်လည်း ကောက်သွားလေသည်။

သူမနဖူးမှ ကြက်သွေးအား မြစ်တွင် သွားရောက် မဆေးကြောခင်အထိ ကလေးမလေးက ထိုအဖြစ်ကို မသိသေးပေ။ သူမဆံပင်ပုံစံပြောင်းသွားသည်ကိုသိသော်၊ ကလေးမလေး ကြောက်လန့်သွားလေသည်။

လှပသည်ကို နှစ်သက်သောကောင်မလေးအဖို့၊ ဤသည်မှာ မနှစ်မြို့ဖွယ်ဖြစ်လေသည်။

သူမငိုယိုပြီး ဆံပင်ကိုပြန်ဖြောင့်စေရန် ရေကိုသုံးသော်လည်း ပြန်မဖြောင့်သွားသည့်အပြင် ပိုမိုကောက်လာလေသည်။

သူမအင်္ကျီကိုချွတ်၍ ခေါင်းကိုအုပ်ကာပေါင်းပြီး အိမ်သို့ ပြန်ပြေးရုံမှအပ သူမတွင် ရွေးချယ်စရာမရှိပေ။

ချန်ပေါင်ခဲ့မှာ အစသန်သူဖြစ်ကာ၊ သူ့တူမ၏ ခံစားချက်များအား ဂရုမစိုက်ပေ။

လုထောင် ဖုံးကွယ်ထားသော်လည်း၊ ခေါင်းပေါင်းအား လှမ်း၍ ဆွဲဖယ်လိုက်လေသည်။

ကလေးမလေး၏ စိုရွှဲရှုပ်ပွနေသော် ဆံပင်ကောက်‌လေးများ အကုန်လုံးမြင်သာအောင် ဖော်ပြခံလိုက်ရလေသည်။

ထူးဆန်းသည့်ပုံပေါ်သော်လည်း၊ သူမ၏သေးသွယ်နူးညံ့သောမျက်နှာ၊ ကြောက်လန့်နေသော မျက်နှာထားလေးနှင့်လည်း လိုက်ပေသည်။

ချန်ပေါင်ခဲ့မှာရယ်ကာ၊ "ငါမင်းကိုမတွေ့တာ တစ်လလောက်ပဲရှိသေးတာ၊ ထောင်ထောင်၊ မင်းက ဒီလိုဖြစ်သွားပြီလား?" ဟုစနောက်လေသည်။

လုကွေ့ရင်းကပြုံးကာ၊ သူမ မြေးအားချီ၍ နမ်းရှုံ့လိုက်ပြီး၊ "အိုး၊ ငါတို့ထောင်ထောင်လေးက နိုင်ငံခြားသူလေးနဲ့ တူလာပြီပဲ။ ဆံပင်ကောက်ကောက်လေးတွေကို ကြည့်ပါဦး၊ ရုရှားသူလေးကျနေတာပဲ၊ ရှားရှားပါးပါး။" ဟုချီးမွမ်းလေသည်။

သူမ ပြောရင်းပင်၊ တဘက်တစ်ထည်ယူကာ၊ ကလေးမလေးအား ဂရုတစိုက်ရေသုတ်ပေးလေသည်။ "လာ၊ဘွားဘွားက ထောင်ထောင့်ကို‌ ခေါင်းသုတ်ပေးမယ်။ ဆံပငါမခြောက်ဘဲစိုနေရင် ဘွားဘွားတို့ ထောင်ထောင်လေးအအေးပတ်ရငိ ဘယ်လိုလုပ်မလဲ?"

ထိုအချိန်တွင်၊ ချန်ပေါင်ခဲ့ကြောင့် တိတ်ဆိတ်သွားသောလုထောင်မှ ရှိုက်ငိုကာ၊ "ထောင်ထောင် ဆံပင်ကမကောက်ဘူး! မကောက်ဘူး၊မကောက်ဘူး!" ဟုပြောလေသည်။

သူမငိုသည်ကိုမြင်သော် လုကွေ့ရင်းမှ သူမသားအားတစ်ချက်စိုက်ကြည့်လိုက်ပြီး၊ မျက်ရည်များသုတ်ပေးကာ ချော့မြူပြောဆိုလေသည်။ "ဆံပင်ကောက်တော့ဘာဖြစ်လို့လဲ? ငါတို့ထောင်ထောင်လေးက အသားကလည်းဖြူဖြူလေး၊ဆံပင်ကောက်ကောက်လေးနဲ့ ဘယ်လောက်တောင်လှလိုက်သလဲ?"

"တကယ်လား?" ကလေးမလေးမှ အတည်ပြာရန် မော့၍မေးလေသည်။

"တကယ်ပေါ့။"

သူမသမီးအပြင်ထွက်၍ ဆံပင်ကောက်ဖြင့် ပြန်လာသည်ကိုမြင်သော် ချန်ဖန်းရှုတစ်စုံတစ်ခု မေးမြန်းရန် တွေဝေနေပြီး၊ အဆုံးတွင်တော့ ဘာမျှမမေးခဲ့ချေ။ "သမီးက ဘယ်နှနှစ်ရှိနေပြီလဲ? ကိုယ့်အလှကိုယ်တောင် မသိသေးဘူးလား?"

လုထောင်ဘာမျှမပြောဘဲ သူမ လက်သေးသေးလေးတို့ဖြင့် ဆံပင်သပ်ကာ မျက်နှာမော့လိုက်လေသည်။

သူမ မျက်နှာထားမှာတော့၊ ဆံပင်ကောက်သည်လည်း လှပသည်ဆိုသည့်အချက်ကို သိပ်၍ လက်မခံနိုင်သေးသည်မှာ သိသာလေသည်။

ချန်ပေါင်ခဲ့မြင်သော်၊ မနေနိုင်ဘဲ ထပ်စလေသည်။ "ဘယ်နားကလှလို့လဲ? ငါလည်း မမြင်ရပါလား?"

ကလေးမလေးမှ နှုတ်ခမ်းထော်ကာ၊ ထပ်၍ ငိုတော့မည်ဖြစ်သည်။

လုကွေ့ရင်းမှ စိတ်တိုကာ သူမသားအား တစ်ချက်ရိုက်လိုက်ပြီး၊ "ကလေးကို ငိုအောင်မစရရင် နင် မနေနိုင်ဘူးလား?" ဟုပြောလေသည်။

အဆုံးတွင်တော့၊ နယ်စပ်မှပါလာသည့် ကန်စွန်းဥများနှင့် သူမအား ချော့နိုင်သွားလေသည်။ သူမပါးစပ်အတွင်းတွင်တစ်ခု၊ လက်နှစ်ဖက်တွေတစ်ခုဆီ၊ သူမအိတ်ကပ်ထဲတွင်လည်း ချိုချဉ်အပြည့်ဖြင့်၊ သူမအစ်ကို လုဟွေ့အား သွားရှာလေသည်။

အိမ်အပြင်ဘက်တွင်၊ မောင်နှမနှစ်ဦး ကပ်လျက်ထိုင်ကာ မုန့်များ မျှဝေစားသောက်ရင်း တီးတိုးစကားပြောဆိုနေကြလေသည်။

အိမ်အတွင်းဘက်တွင်တော့၊ ချန်ဖန်းရှုမှ လေးနက်သည့်အသံဖြင့်၊ "အမေ၊ သမီး အိမ်ခွဲနေချင်တယ်။" ဟုပြောလေသည်။

"ခွဲနေမယ်?"

လုကွေ့ရင်း အလွန်အံ့ဩသွားသည်။ သူမ၏ နူးညံ့သိမ်မွေ့သော သမီးထံမှ တစ်နေ့ ဤစကားကြားရမည်ဟု သူမ မထင်မှတ်ထားပေ။

ချန်ဖန်းရှု ခေါင်းညိမ့်လိုက်သည်။ "ဟုတ်တယ်၊ ခွဲနေတော့မယ်။ သူက ကလေးတွေကိုတောင် ရောင်းစားမလို့လုပ်ခဲ့တာ၊ သူနဲ့ ဆက်မနေနိုင်တော့ဘူး။"

"အရင်တည်းက ခွဲနေခဲ့ရမှာ" ချန်ပေါင်ခဲ့မှ ပြောလေသည်။ "ယောက်ဖ စာတွေမပို့တော့တည်းက၊ သူကလွန်လွန်လာတာ..."

သူမသားမက်အကြောင်း ပြောသည်ကိုကြားသော်၊ သူမသမီးဝမ်းနည်းမည်ကိုစိုး၍၊ လုကွေ့ရင်း လှမ်းတားလိုက်လေသည်။

ချန်ဖန်းရှုမှ မျက်နှာတစ်ချက်မဲ့သွားသော်လည်း၊ ချက်ချင်ပြန်ပြင်ကာ "သမီးတို့ သူတို့နဲ့ တစ်ခန်းတည်းအတူနေတာလည်း မဟုတ်တော့ ခွဲနေဖို့ကလွယ်ပါတယ်၊ ခြံထဲမှာနံရံကာလိုက်ရုံပဲ။" ဟုပြောလေသည်။

"သမီးက ပြင်းပြင်းထန်ထန်ကို ထိခိုက်ထားတာလေ။ အဲ့လိုခွဲလိုက်ရင် သမီး ဘယ်လိုနေမှာလဲ? သမီးကိုရော ဘယ်သူပြုစုမှာလဲ? ရှောင်ဟွေ့နဲ့ ထောင်ထောင်လား?" ဟု လုကွေ့ရင်းမှ စိုးရိမ်စွာ ပြောလေသည်။

ချန်ပေါင်ခဲ့ကြားသော်၊ မရွှင်မပျဖြင့် မေးလေသည်။ "အမေ၊ မမခွဲနေမှာကို ခွင့်မပြုမှာတော့ မဟုတ်ပါဘူးနော်၊ အမေ အရင်က အဲ့လိုမပြောဖူးပါဘူး။"

"ငါခွင့်ပြုဘူးလို့ ဘယ်သူကပြောလဲ?"

လုကွေ့ရင်း သူ့အား စိုက်ကြည့်ကာ ပြန်ပြောလိုက်လေသည်။ "သူတစ်ယောက်တည်း မနေနိုင်မှာကို စိတ်ပူလို့ ခြေထောက်ဒဏ်ရာပျောက်တဲ့အထိ ငါတို့နဲ့ လိုက်နေဖို့ပြောတာ။"

သူမအမေပြောသည်ကို နားထောင်ရသော်၊ သူမအမေလည်း ခွဲနေမည်ကို သဘောတူကြောင်း ချန်ဖန်းရှု သိလိုက်ရသည်။

ချန်ဖန်းရှုလည်း ဆုံးဖြတ်ချက်ချလိုက်သည်။ "ပြန်လိုက်နေလို့က ရပါတယ်၊ ဒါပေမယ့် မသွားခင် အရင်ဆုံး နံရံကာပြီး ခြံခတ်သွားမှဖြစ်မယ်။ သူ့ဆီမှာ ကောပင်းရရမယ့်ဝေစုရှိတယ်။ အဲ့တာကြောင့် နောက်ပိုင်း သူ့ကိုသတိရတဲ့အခါ ပြန်လာကြည့်ချင်သေးတယ်။"

သူမ ယောက်ျားအကြောင်းပြောသည်ကိုကြားသော်၊ လုကွေ့ရင်း သက်ပြင်းချရင်း သူမသမီးလက်ကိုကိုင်ကာ တိတ်တဆိတ်နှစ်သိမ့်လေသည်။

ခဏအကြာအထိ၊ အမေရောသမီးပါ စကားမပြောဖြစ်ကြရာ၊ အခန်းတွင်ရှိ လေထုသည် ဝမ်းနည်းစရာကောင်းနေလေသည်။

ထိုအခါ ချန်ပေါင်ခဲ့မှ၊ စကားလမ်းကြောင်းလွှဲလိုက်လေသည်။ "မမ ဒဏ်ရာအတွက်တော့ ဆေးရုံသွားတာအကောင်းဆုံးဖြစ်မယ်ထင်တယ်။"

"ဆေးရုံသွားသင့်တယ်" လုကွေ့ရင်းမှ ပြောလေသည်။ "ခေါင်းရော၊ ခြေထောက်ရော ထိထားတာဆိုတော့ သမီးဆရာဝန်သွားမပြရင် အမေနေသာမှာမဟုတ်ဘူး။"

"အဲ့တာဆို ကျွန်တော် ထွန်စက်သွားဌားလိုက်ဦးမယ်။ နောက်ကျမှသွားတာထက် စောစောသွားတာပိုကောင်းတယ်။ ကျွန်တော်တို့သာ မြန်မြန်သွားနိုင်ရင် ဆေးရုံမပိတ်ခင်ရောက်လိမ့်မယ်။"

ချန်ပေါင်ခဲ့ပြောပြီးသော်၊ အပြင်ဘက်သို့ အလျင်အမြန် ထွက်သွားလေသည်။

သူခြံဂိတ်သို့ရောက်လျှင်၊ အမျိုးသမီးလုအား ကျောပေါ်တွင် ထမ်းသယ်လာသည့် လုကောဖုအား တွေ့လိုက်လေသည်။

လုမိသားစုအားမြင်သည်နှင့်၊ ချန်ပေါင်ခဲ့ လုကောဖုအား ကြောက်မက်ဖွယ်အကြည့်ဖြင့် စိုက်ကြည့်လေသည်။

မထင်မှတ်စွာပင်၊ လုကောဖုမှတော့ လုံးဝစိတ်မတိုသည့်အပြင် နောက်သို့ဆုတ်ကာ လမ်းဖယ်ပေးလေသည်။

ချန်ပေါင်ခဲ့ အံ့ဩသွားသည်။

လုအိမ်၏ ဒုတိယသားမှဟုတ်ရဲ့လား? သူ့စရိုက်ကဘယ်လိုလုပ် ပြောင်းသွားတာလဲ?

အရင်က ၎င်းတို့တွေ့စဉ်တွင်၊ သူဌေးသားတစ်ဦးကဲ့သို့ပင် ခေါင်းမော့ရင်ကော့၍ နေလေ့ရှိသည်။

ထိုစဉ်မှာပင် လုကောဖုမှ ချောင်းဟန့်ကာ၊ အင်အားပြလေသည်။ "ဘာကြည့်နေတာလဲ?"

ချန်ပေါင်ခဲ့ တုံ့ပြန်ရန်ပြင်လိုက်သည်။ "ဘာကြည့်တာလဲ၊ ဟုတ်လား?" ထိုအချိန်တွင်၊ လုထောင်သူ့နောက်သို့လိုက်လာပြီး၊ ကန်စွန်းဥအားကိုက်ရင်း၊ "ဦးဦး၊ဘယ်သွားမလို့လဲ?" ဟုမေးလေသည်။

ခုနကပင် ရန်စနေသော လုကောဖုမှာ ရုတ်တရပ်၊ လက်များတုန်လာပြီး၊ ကျောပေါ်ရှိ သူ၏အမေပင် မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။

All Chapters