← Chapters

Chapter 15

Vol. 2 Ch. 15

Chapter 15

Vol. 2 Ch. 15

ချန်‌ေပါင်ခဲ့သည် ပါးစပ်လုံသူ တစ်ဦးမဟုတ်ပေ။ ယမန်နေ့ည အိမ်ပြန်ရောက်သော် သူ့အဖေအား အကြောင်းစုံ ပြောပြလိုက်လေသည်။

ချန်ကွမ်ဖာ့ သူ၏သမီးခံစားခဲ့ရသည်များကို ကြားသော်၊ သူမအား အမွေခွဲစေချင်ရာ သူ၏သားသုံးယောက်အားခေါ်ကာ ဆွေးနွေးလေသည်။

သူတို့လေးဦးလုံး ထိုနေ့တွင် အလုပ်မသွားကြဘဲ သာ့ဟွာရွာရှိ ချန်ဖန်းရှုဆီသို့ လာကြလေသည်။

အမျိုးသမီးလု၏ အမျိုးသား စောစောဆုံးသွားပြီး သူမတစ်ဘဝလုံး သားနှစ်ဦးကိုပြုစုပျိုးထောင်ခဲ့သော်လည်း၊ အခု သားသမီးထပ်၍မရှိတော့ပေ။ ထို့ကြောင့် အဖွဲ့ချင်းယှဉ်လျှင် သေချာပေါက်သူမနိုင်မည်မဟုတ်ပေ။

အဲ့တာဆို၊ အဆင့်အတန်းကိုကြည့်ရအောင်။

ချန်ကွမ်ဖာသည် ယခုရှန်းတုန်သားဖြစ်သော်လည်း အသက်ငယ်စဉ်က ကွမ်းတုံတွင်နေခဲ့လေသည်။

လုကွေ့ရင်း၏ ဘိုးဘေးတို့သည် မန်ချူးမျိုးဆက်များဖြစ်ပြီး သူမသည် သေးသိမ်သော အမျိုးသမီးမဟုတ်ပေ။ သူမသားသုံးယောက်လုံး ကျန်းမာသန်စွမ်းလေသည်။

အမျိုးသမီးလုတွင်တော့၊ သူမ၏ တစ်ဦးတည်း‌သော အရပ်မြင့်မြင့်ထွားထွားသားမရှိတော့ဘဲ၊ သိမ်နုပ်သောသားတစ်ယောက်သာကျန်လေသည်။

အရပ်1.7မီတာကျော်ကျော်၊ ခပ်ပိန်ပိန်နှင့် လု‌ကောဖုသည် လုဟွေ့နှင့် ထောင်ထောင်တို့လို ကလေးများကိုသာ အနိုင်ကျင့်နိုင်လေသည်။

ချန်မိသားစု ဝင်လာသည်ကိုတွေ့သော်၊ အမျိုးသမီးလုလန့်သွားလေသည်။

အခုလေးတင် ပြောလိုက်တာတွေ သူတို့ကြားသွားလားမသိဘူး။ ကြားသွားတယ်ဆိုရင်...

ဤအချိန်တွင်၊ ချန်မိသားစု၏ သားများသည် ခုံတို့တွင်နေရာယူပြီးဖြစ်ပြီး ချန်ဖန်းရှုအား ကျောပိုးလာသည့် ချန်ပေါင်ခဲ့သည် နောက်ဆုံးမှဝင်လာပြီး သူ့အစ်မအားခုံပေါ်တွင်ထိုင်စေလိုက်သည်။

သူမ မလာခင် သေချာပြင်ဆင်လာပုံရသည်။ ဆံပင်ကိုလည်းဖြီးလာပြီး အဝတ်အစားလည်း လဲလာလေသည်။

သူမအမျိုးသမီးလုအား ကြည့်ကာ၊ "အမေ၊ အမွေခွဲဖို့ကိစ္စ စကားပြောရအောင်။" ဟုပြောလေသည်။

အမွေခွဲမယ်?

အမျိုးသမီးလုနှင့် လုကောဖု အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ သူမအား နှင်မထုတ်ခင်၊ သူမဘက်မှအ‌မွေခွဲဖို့ပြောလာမည်ဟု မထင်ထားခဲ့ပေ။

ခွဲနေဖို့ဆိုရင်‌တော့၊ အဲ့လုထောင်ဆိုတဲ့ ကလေးမလေးရှိနေသရွေ့ ခွဲနေဖို့ဆိုတာ သူတို့လိုချင်တဲ့အရာ‌ပဲလေ။

ပြဿနာက၊ အမွေခွဲဖို့ဆိုရင် မည်သို့ခွဲရမည်မသိသော်လည်း အမျိုးသမီးလု ဘာမျှအဆုံးရှုံးမခံနိုင်ပေ။

သူမ ပြန်ပြောလိုက်သည်။ "အမွေခွဲတာကရပါတယ်၊ ဒါပေမယ့် ချွန်းလန်လည်း မိသားစုဝင်ပဲလေ၊ ဒီလိုကြီးတဲ့ကိစ္စ သူ့ကိုအသိမပေးလို့မဖြစ်ဘူး၊ ဒီလိုလုပ်ပါလား၊ မင်းတို့ခနစောင့်လိုက်။ ငါကောဖုကို သူ့သွားခေါ်ခိုင်းလိုက်မယ်။ သူမနေ့က သာ့ကျန်းနဲ့သူ့အမေတို့အိမ် ခနပြန်သွားတယ်။"

နှစ်နှင့်ချီ၍၊ လီချွန်းလန် အမျိုးသမီးလုနှင့်ပေါင်း၍ သူမလင်ညီအစ်မ ချန်ဖန်းရှုအား အနိုင်ကျင့်ပြီး သူမတို့အိမ်မှအရာများကို မကြာခဏ ယူသုံးလေ့ရှိသည်။ ချန်ဖန်းရှုမငြင်းပေ။ "ဟုတ်ပြီ၊ ကျွန်မလည်း သူ့ကိုပြောစရာရှိတယ်။ ကျွန်မ မှတ်မိ‌သလောက်တော့ သူ့မိဘအိမ်က သိပ်မဝေးဘူးမလား။"

"မဝေးဘူး။ မဝေးဘူး။ စက်ဘီးနဲ့သွားရင် မိနစ်နှစ်ဆယ်ပဲ။" လုကောဖုမှဝင်ပြောလေသည်။

သူစက်ဘီးအကြောင်းပြောသော်၊ ချန်ဖန်းရှု တစ်စုံတစ်ခုကို သတိရ‌သွားလေသည်။

ထိုစက်ဘီး၏ မူလပိုင်ရှင်သည် သူမဖြစ်သည်။

အစ်ကိုကောပင်း စခန်းမှ လက်မှတ်ရကာ သူမအတွက် အထူးတလည် ဝယ်ပေးခဲ့ခြင်းဖြစ်သည်။

ကလေးတွေက ငယ်သေးသည့်အတွက် ၎င်းတို့အားချီ၍ မိဘအိမ်နှင့် သူတို့အိမ်အသွားအပြန် ပြုလုပ်ရသည်မှာ ပင်ပန်းသဖြင့် စက်ဘီးစီးပြီး ရှေ့တစ်ယောက်၊နောက်တစ်ယောက် သိုင်းချီ၍ အသွားအပြန်လုပ်ရန် ဝယ်ပေးခြင်းဖြစ်သည်ဟုပြောခဲ့‌ဖူးလေသည်။

ဝယ်ပြီးခါစတွင်၊ ချွေးမအငယ်တို့ လင်မယား မကြာခဏ ယူသုံးခဲ့သော်လည်း သူမသည်စိတ်ကောင်းရှိသူဖြစ်၍ ဘာမျှမပြောခဲ့ပေ။

မမျှော်လင့်စွာပင်၊ ကောပင်းနှင့်သူမ အဆက်အသွယ်ပြတ်သွားပြီးနောက် ‌ချွေးမအငယ်သည် သူ့ယောင်္ကျားအား စက်ဘီးကို သော့ခတ်စေပြီး ပေါ်တင် သူမအပိုင်အဖြစ်ယူလိုက်လေသည်။

လွန်ခဲ့သည့် ခြောက်လအတွင်း၊ သူမ စက်ဘီးမစီးရဘဲ သူမမိဘအိမ်သို့ အသွားအပြန် လမ်းလျှောက်ခဲ့ရလေသည်။

လုကောဖု ချန်ဖန်းရှုကိုမကြည့်ဘဲ ချန်မိသားစု မတားသည်ကိုတွေ့သော် သူ့မိန်းမအား သွားခေါ်ရန်ပြင်လေသည်။

အမျိုးသမီးလု နောက်မှလိုက်ကာ တီးတိုးပြောလိုက်လေသည်၊ "ချွန်းလန်ကို သူ့အမေဘက်က အစ်ကိုတွေ အကုန်ခေါ်ခဲ့ဖို့ပြောလိုက်။ အမွေခွဲတာက ကိစ္စကြီးပဲ။ ချန်အိမ်က အသာစီးရသွားလို့မဖြစ်ဘူး။ ငါတို့လူထပ်လိုတယ်။"

ချန်ကွမ်ဖာ့နှင့် ချန်ညီအစ်ကိုသုံးဦးကို လုကောဖုလည်း ကြောက်လေသည်။

သူလည်းအမြန်ခေါင်းညိမ့်ကာ၊ "စိတ်ချ၊ ကျွန်တော်ထပ်ခေါ်ခဲ့မယ်။" ဟုပြောကာ ထွက်သွားလေသည်။

လုကောဖု ထွက်သွားသော်၊ အမျိုးသမီးလု အကူအညီမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

ချန်ဖန်းရှုဘက်မှ အိမ်သားများသည် ကုတင်ပေါ်တွင်နေရာယူသူကယူ၊ ထိုင်ခုံ‌တွင်နေရာယူသူကယူ တံခါးနားတွင်ရပ်သူကရပ်နှင့် သူမအားဝိုင်းဝန်းထားလေသည်။

အမျိုးသမီးလု အလယ်တွင် အကူအညီမဲ့စွာာရပ်နေလေသည်။

"ရေသောက်ကြဦးမလား၊ အမျိုးတို့?" သူမတိတ်ဆိတ်သော လေထုကို ဖြိုခွင်းလိုက်လေသည်။

လုကွေ့ရင်းမှ ပြန်ပြောလိုက်သည်။ "အမျိုးလို့မခံယူဝံ့ပါဘူး၊ ကျွန်မတို့က မိသားစုသေးသေးလေးရယ်။"

ငါ့ကို‌ခြောက်ဖို့ ရှိသမျှသားအကုန်ခေါ်လာပြီးမှ မိသားစုသေးတယ်?

အမျိုးသမီးလုစိတ်ထဲမှ ပြန်ပြောလိုက်လေသည်။

သူမဟန်ဆောင်အပြုံးဖြင့်၊ ချန်ဖန်းရှုအား မေးလေသည်။ "ဖန်းရှု၊ ခြေထောက်ထိထားတာကို ဒီလိုထိုင်လို့ရရဲ့လား? ကုတင်ပေါ်လှဲနေမလား?"

ချန်ဖန်းရှု အိမ်ထောင်ကျသည်မှာ ရှစ်‌နှစ် သို့မဟုတ် ကိုးနှစ်ရှိပြီဖြစ်သည်။ သူမသည် စကားနည်းပြီး အလုပ်ကြိုးစားကာ လူကြီးများကိုလည်း ရိုသေသည်။ မဟုတ်ရင်၊ အမျိုးသမီးလု သူမအား ဘယ်လိုလုပ်အနိုင်ကျင့်နိုင်မှာလဲ?

အမျိုးသမီးလု ဟန်ဆောင်ကာ ယဉ်ကျေးပြနေပြီး၊ သူမချွေးမအား ကောင်းကောင်းဆက်ဆံပါသည်ဟု ပြချင်သော်လည်း ချန်ဖန်းရှု ပြန်မဖြေလောက်ဘူးဟု ထင်လေသည်။

မထင်မှတ်စွာပင်၊ ချန်ဖန်းရှု သဘောတူကာ သူမအစ်ကိုအား သူမကို ကုတင်ပေါ်သို့ ပြောင်းရွှေ့ခိုင်းလေသည်။ ထိုအချိန်တွင် အိမ်ရှင်ဖြစ်သည့် အမျိုးသမီးလုမှတော့ ကုတင်နှင့် ဆန့်ကျင်ဘက်ရှိခုံမှာပဲထိုင်နေရလေသည်။

ယခု၊ အမျိုးသမီးလု ဘာမျှထပ်မပြောရဲဘဲ၊ ချန်မိသားစုနှင့် အတူထိုင်ရင်း သူမသား ပြန်အလာကို စောင့်မျှော်နေလေသည်။

စားပွဲတင်နာရီမှ နာရီလက်တံသည် ရွေ့လျားနေရာ၊ အချိန်တစ်ခုအကြာတွင် လုကောဖုနှင့် လီမိသားစုရောက်ရှိလာလေသည်။

လီအိမ်၏ ဒုတိယသားသည် အာကျယ်သူဖြစ်ရာ၊ အိမ်ထဲဝင်သည်နှင့် ကျယ်လောင်စွာအော်ပြောလေသည်၊ "အန်တီ၊ ချွန်းလန်က ဒီရက်ပိုင်း ကိုယ်ဝန်ကြောင့် နေလို့မကောင်းဘူးဖြစ်နေတာနဲ့ တစ်ယောက်တည်းပြန်မှာကို စိုးရိမ်လို့ ကျွန်တော်တို့ပါ လိုက်လာတာ၊ ကိစ္စမရှိဘူးမလား?"

အကြောင်းပြချက်တောင် ရှာလာကြသည်ဖြစ်ရာ၊ အမျိုးသမီးလု ကြားသည်နှင့် ပြုံးလိုက်လေသည်။ "မရှိဘူး၊ မရှိဘူး။ လာ၊လာ၊ ထိုင်ကြပါဦး။"

လုကောဖု၊ လီချွန်းလန်နှင့် သူမ၏အစ်ကိုလေးယောက်လုံးပါလာလေသည်။

အခန်းထဲတွင် လူဆယ့်သုံးယောက်ဖြင့် နေရာလွတ်ပင် မကျန်ဘဲ ပြည့်နှက်နေလေသည်။

လုကွေ့ရင်း တစ်ချက်ကြည့်သည်နှင့် အမျိုးသမီးလုအကြံအစည်ဖြစ်ကြောင်း ရိပ်မိလေသည်။

အမျိုးသမီးလု သူမအကြည့်အား မမြင်ချင်ယောင်ဆောင်လိုက်လေသည်။

သူမ လီချွန်းလန်အားခေါ်ခိုင်းသည့် အကြောင်းအရင်းမှာ သူမတွင် သားထပ်မရှိတော့သော်လည်း လီချွန်းလန်တွင် အစ်ကိုလေးယောက်ရှိသောကြောင့်ပင်ဖြစ်သည်။

လီချွန်းလန် အိမ်ထောင်ကျသည်မှာ ဆယ်နှစ်ခန့်ရှိပြီး ကလေးတစ်ယောက်ပင် မွေးပြီးသော်လည်း၊ သူမအစ်ကိုလေးယောက်သည်တော့ အသုံးဝင်သေးလေသည်။

သူမဘက်မှ လူအရေအတွက်များလာသည့်အတွက်၊ အမျိုးသမီးလု ယုံကြည်ချက်ရှိလာကာ၊ ချန်မိသားစုအား အမွေခွဲခြင်းအကြောင်း ပြောလေတော့သည်။ "ကောပင်း အကြောင်း မကြားရတာ တစ်နှစ်ပဲရှိသေးတယ်၊ ဖန်းရှုက အမွေခွဲပေးဖို့ ပြဿနာရှာနေပြီ၊ အမှန်အတိုင်းပြောရရင်၊ ကျွန်မနည်းနည်းတောင် လန့်သွားတယ်။ သူဘယ်လိုစိတ်နဲ့များ..."

သူမစကားမဆုံးခင် ချန်ဖန်းရှုပြောလိုက်သည်။ "စကားအများကြီးမပြောဘဲ၊ ဒီတိုင်းသာ ခွဲပေးပါ။"

လုကွေ့ရင်း ပြန်ပြောလိုက်သည်။ "ကျွန်မ သမီးကို အပြစ်မတင်နဲ့။ အမျိုးသမီးရေးရာက အရာရှိတွေကိုဖိတ်ပြီး အရင် ရှင့်ကို သင်တန်းပေးခိုင်းလိုက်မလား၊ အမွေခွဲဖို့ကို အဲ့နောက်မှပြောတာပေါ့။ ကျွန်မတို့ အလျင်မလိုပါဘူး။"

အမျိုးသမီးလု နင်သွားလေသည်။

လူရှေ့အရှက်ကွဲခဲ့ရသည်မှာ သူမအတွက် လုံလောက်လေပြီ။ ထပ်၍သင်ခန်းစာများ တင်ပြချက်များ မရေးချင်တော့ပေ။

လုကောဖုမှ ပြောလိုက်လေသည်။ "အမေ၊ အမွေခွဲဖို့ကိုပဲပြောရအောင်။"

အမျိုးသမီးလု ခဏတိတ်သွားပြီး၊ "အဲ့တာဆိုလည်း ခွဲတာပေါ့။ ဖန်းရှု လက်မထပ်ခင်က အိမ်အနောက်မှာ မြေကွက်လပ်ရှိတယ်၊ အဲ့အပေါ်မှာ ငါတို့အိမ်ဆောက်လိုက်တယ်။ အဲ့တော့ သူဘာဝေစုမှမရဘူး။" ဟုပြောလေသည်။

"ရှင်တွက်တာ မှားနေတယ်..." လုကွေ့ရင်း ပြုံးကာပြောလေသည်။ "မြေကတော့ ရှင်ပိုင်တာ ဟုတ်တယ်၊ ဒါပေမယ့်၊ မြေပေါ်စိုက်ထားတဲ့ အသီးအရွက်တွေတော့ မပါဘူး။ နွေဦးမှာစိုက်တယ်၊ ဆောင်းဦးမှာ ရိတ်သိမ်းတယ်၊ ရေလောင်းတာ၊ ‌မြေဆွတာ၊ အကုန်လုံးကို နေ့တိုင်းဖန်းရှုပဲလုပ်ရတာ။ ပြီးတော့ဒီအိမ်..."

သူမ အိမ်အကြောင်းပြောရင်း၊ ပြတင်းပေါက်အား ညွှန်ပြလေသည်။ "ကျွန်မ အသေအချာကို မှတ်မိတယ်၊ ဖန်းရှုလက်ထပ်တုန်းက၊ ရှင့်အိမ်က အခုလက်ရှိအိမ်ရဲ့တစ်ဝက်လောက်ပဲရှိတာ၊ ရှင့်သား အခုနေတဲ့အခန်းနဲ့ အပြင်ဘက်ခန်းနှစ်ခန်း၊ အကုန်လုံးကို ကောပင်းငွေနဲ့ဆောက်ခဲ့တာလေ..."

အမျိုးသမီးလု မျက်တောင်တစ်ချက်မခတ်ပေ။ "ကောပင်းက ကျွန်မသားလေ။ ကျွန်မသားက ကျွန်မကိုအိမ်ဆောက်ပေးတာ ဘာမှားလို့လဲ? အဲ့တာမှားနေလို့လား?"

"မမှားပါဘူး။" ချန်ဖန်းရှု ပြောလိုက်လေသည်။ "အဲ့တုန်းက ဒီအိမ်ကိုစဆောက်တာ ကျွန်မပဲလေ။ အဲ့တုန်းက အိမ်ကူဆောက်ပေးတဲ့ ရွာသားတွေကို ထမင်းကျွေးရတာတွေ ထည့်မတွက်ရင်၊ ကုန်ကြမ်းအပါအဝင် စုစုပေါင်း ယွမ် ၁၁၀၀ ကျတယ်။ ကျွန်မအများကြီးမတောင်းဆိုဘူး၊ ယွမ် ၅၀၀ ပဲပေးပါ။"

သူမငွေတန်းတောင်းလိမ့်မည်ဟု အမျိုးသမီးလုမမျှော်လင့်ထားပေ။ "ဘာလို့ပေးရမှာလဲ?"

ချန်ဖန်းရှု - "ဒီအိမ်က အစ်ကိုကောပင်းနဲ့ကျွန်မတို့မိသားစုပိုင်တာလေ၊ ကျွန်မယောင်္ကျား ပိုက်ဆံနဲ့ဆောက်ထားတာမလို့၊ သေချာပေါက် ကျွန်မမှာ တောင်းဆိုပိုင်ခွင့်ရှိတာပေါ့။ ကျွန်မ ဒီမှာ ဆက်နေဖို့အစီအစဉ်မရှိတဲ့အတွက်၊ ရှင့်ကို ဒီအိမ်ပေးမယ်၊ ကျွန်မကိုပိုကိဆံပေးပါ။ ဒါလေးပဲ တောင်းဆိုတာ များလို့လား?

အမျိုးသမီးလု စားပွဲခုံအားထုကာ မတ်တပ်ရပ်၍ ပြောလေသည်၊ "နင်က တောင်းဆိုခွင့်ရှိတယ် ထင်တယ်ပေါ့?"

လုကွေ့ရင်းလည်း သူမသမီးအား ကာကွယ်ရန် ချက်ချင်းမတ်တပ်ရပ်လိုက်သည်။ "ကျွန်မ သမက်ပိုက်ဆံနဲ့ ဒီအိမ်ကိုဆောက်ထားတာလေ။ ကျွန်မသမီးတောင်းဆိုတာက ဘာမှားနေလို့လဲ? ရှင်ရန်ဖြစ်ချင်လို့လား?"

အခန်းတွင်ရှိ၊ မိသားစုနှစ်ခုအကြားမှ အငြင်းအခုန်သည် ပြင်းထန်လာလေသည်။

အခြားတစ်အိမ်တွင်တော့၊ လုထောင် ခုံလေးပေါ်တွင်ထိုင်ရင်း သူမဆံပင်ကောက်လေးများကို ဖြီးနေလေသည်။

"မေမေပြောတာ ဆံပင်ကောက်ရင် စည်းစရာမလိုဘဲ ချထားတာက ပိုလှတယ်တဲ့။ ဟုတ်လား၊ကိုကို?" သူမအစ်ကို လုဟွေ့အားမေးလေသည်။

လုဟွေ့ အိမ်စာလုပ်နေသည့်အတွက် မစဉ်းစားဘဲ တန်းဖြေလိုက်လေသည်။ "လှပါတယ်။"

ချန်ဖန်းရှု အပြင်မသွားခင်က၊ လုဟွေ့အား ညီမလေးအားကြည့်ရန်နှင့် အိမ်ထဲ သူမပတ်မပြေးစေရန် မှာခဲ့လေသည်။

သူ၏အမေနှင့်အဘွား အဖေဘက်မှ အဘွားဆီသို့ သွားခြင်းဖြစ်မည်ဟု ခံစားချက်ရနေလေသည်။

သူ့အဒေါ်အိမ်မှ အိမ်သားများလည်း ရောက်လာရာ၊ သူ့အမေခြေထောက်‌ထပ်၍ ထိခိုက်ရင် ဘယ်လိုလုပ်မလဲ။

လုဟွေ့ စိတ်ပူနေလေသည်။

စိတ်ချင်းဆက်နေသည့်အလား ထောင်ထောင်မှလည်း သူမတို့အမေအကြောင်း ပြောဆိုလာလေသည်။ "ကိုကို၊ မေမေနဲ့ဘွားဘွားက ထောင်ထောင့်အတွက် လက်စားသွားချေတယ်လို့ထင်လား?"

ကလေးမလေး ယမန်နေ့မှ သူမနဖူးပေါ်သွေးအသုတ်ခံရသည်နှင့် သူမဆံပင်ကောက်သွားသည်ကို မကျေမခြမ်းဖြစ်နေလေသည်။

သူမစကားပြောနေရင်းပင်း၊ ခပ်တိုးတိုးအသံတစ်သံ ကြားလိုက်ရလေသည်၊ [ထောင်ထောင်လေး...]

လုထောင် သိပ်၍မကြားလိုက်သဖြင့်၊ ခနမျှရပ်၍ နားထောင်ပြီး မေးလေသည်။ "ဖေဖေ? ဖေဖေ၊နိုးလာပြီးလား?"

သူမ "ဖေဖေ" ဟုခေါ်သံလုဟွေ့ကြားသော်၊ ဘာမျှမပြောဘဲ ခဲတံကိုကိုင်ထားရင်း လှမ်းကြည့်လေသည်။

ရှောင်လုထောင် ခဏမျှစောင့်ကာ ထပ်၍ကြားရလေသည်။ [နေပူတဲ့နေရာမှာရပ်လိုက်...]

နေပူတဲ့နေရာ?

လုထောင် ဘေးဘီကိုကြည့်ကာ၊ ခြံထဲသို့ပြေးပြီး နေရောင်ခြည်အောက်တွင် ရပ်လိုက်လေသည်။ "ဒီနေရာဆို အဆင်ပြေလား?"

[ပြေတယ်။] အာ့ဝူလင်မှ အားနည်းနေသည့် အသံဖြင့် ဆက်၍ ပြောလေသည်။ [နေစွမ်းအင်က... ငါ့ကို... သက်သာစေတယ်...]

ဆံပင်ကောက်ကောက်နှင့် နေရောင်ထဲရပ်နေသည့် လုထောင်မှာ နေကြာပန်းလေးနှင့် တူနေလေသည်။

ခဏအကြာ၊ သူမ အဘွားအိမ်ဘက်မှ ဆူညံသံအချို့ကြားသဖြင့် မနေနိုင်ဘဲ သူမခြေထောက်အား ရွှေ့လိုက်လေသည်။

ထိုအချိန်တွင်၊ ၂၅၀ မှ သူမရှေ့တွင် ဖန်သားပြင်အဖြစ် ပေါ်လာလေသည်။

[သင့်အမေ ရထိုက်သည်ကို ပြန်ရရန် ကူညီပါ။]

မစ်ရှင်အကြောင်း - မင်း ထပ်ပြီးသည်းခံလို့မရတော့ဘူး။ မကောင်းဆိုးဝါး အဘွားကြီးတို့မိသားစုက မင်းတို့ကိုနင်းချေနေတာ၊ အဲ့တော့ ‌အမွေခွဲမှဖြစ်မယ်။ မင်းကလိမ္မာတဲ့ကလေးတစ်ယောက်မလို့ မင်းအစွမ်းနဲ့ မင်းအမေပိုင်သမျှပြန်ရအောင် ကူညီပါ။

မစ်ရှင် ဆုလာဘ် - လုယူခံရတာတွေအကုန်ပြန်ရဖို့ကအဓိကပါ။ အကုန်ပြန်မရရင်တောင် အနည်းဆုံး ယွမ် ၂၅၀ ရအောင်လုပ်နိုင်ခဲ့ရင် မစ်ရှစ် ပြီးမြောက်တယ်လို့ သတ်မှတ်ပြီး အမှတ် ၁၀ မှတ်ရပါမယ်။

All Chapters