← Chapters

Chapter 16

Vol. 2 Ch. 16

Chapter 16

Vol. 2 Ch. 16

ရှောင်လုထောင် စာမဖတ်တတ်သည့်အတွက်၊ အာ့ဝူလင်မှ မစ်ရှင်အကြောင်း ပြန်ရှင်းပြရလေသည်။

ကလေးမလေး စိတ်အားထက်သန်စေရန် ဆုလာဘ်များ ပြလေသည်။

ပထမဆုံးဆု‌လာဘ်မှာ၊ ခိုသေးသေးလေးတစ်ကောင်ဖြစ်သည်။

ဒုတိယတစ်ခုမှတော့၊ ခပ်ဝဝ အမွေးပွပွရှိသည့် မီးခိုရောင် ယုန်တစ်ကောင်ဖြစ်လေသည်။

တတိယဆုလာဘ်မှာ...

ရှောင်လုထောင်ရှေ့ရှိ ဖန်သားပြင်တွင် ချစ်စရာဝတ်လေး တစ်ကောင်ပေါ်လာလေသည်။

သူမရုတ်တရပ် မျက်လုံးပြူးသွားလေသည်၊ သို့သော် ထိုပုံသည် တောဝက်ရိုင်းများအဖြစ်သို့ ပြောင်းသွားလေသည်။

[ငါ အားပြန်မပြည့်သေးလို့ မှားပြမိသွားတာပါ။ ကဲ၊ အခုနားလည်ပြီမလား။ မင်းအမေအတွက် ယွမ် ၁၀၀၀ ကျော် တန်ဖိုးရှိတာတစ်ခုခု ပြန်ရအောင် လုပ်ပေးနိုင်ရင် ဖေဖေတောဝက်လေးပေးမယ်။]

"သမီး ဟိုဟာပဲယူလို့မရဘူးလား?" လုထောင်ပြောလိုက်သည်၊ "ထောင်ထောင် ခုနလေးတင်ကဟာ၊ အဲ့တာပဲလိုချင်တယ်။"

"‌ယုန်လား? ယုန်တွေက တောဝက်တွေလောက် အသားမများဘူး။"

"မဟုတ်ဘူး၊ ပန်းရောင်ဝက်လေး။"

အာ့ဝူလင်မှ ပြောလိုက်သည်။ [အရင်ဆုံး မေမေ့ကို သွားကူပေးရမယ်။]

အခြားနည်းလမ်းမရှိသည့်အတွက်၊ လုထောင်နှုတ်ခမ်းထော်ကာ သူ့အစ်ကိုအား သွား‌အသိပေးလေသည်။ "ကိုကို၊ အိမ်မှာကောင်းကောင်းနေခဲ့နော်။ ထောင်ထောင်နဲ့ဖေဖေက လူ‌ဆိုးတွေကို သွားချလိုက်ဦးမယ်။ ထောင်ထောင် မေမေ့အတွက် အကုန်ပြန်ယူခဲ့မယ်။ ယုန်လေးနဲ့ဝက်လေးရောပဲ။"

"ဒါပေမယ့်၊ မေမေက မင်းကို လျှောက်မပြေးဖို့ ပြောမထားဘူးလား?" လုဟွေ့ မေးလိုက်သည်။

လုထောင် ယုံကြည်ချက်ရှိစွာ ပြောလိုက်‌သည်။ "ဖေဖေက ပြေးလို့ရတယ်တဲ့။" ပြောပြီးသည်နှင့် တစ်ဖက်အိမ်ထဲသို့ ပြေးဝင်သွားလေသည်။

ထောင်ထောင်ရောက်သွားသော်၊ နှစ်ဘက်မိသားစုတို့အကြား စစ်ဖြစ်အံ့ဆဲဆဲ ဖြစ်သည်။

အမျိုးသမီးလု - "နင့်လိုမကောင်းဆိုးဝါးမကို ငါးသားနဲ့ လက်ထပ်ဖို့ သဘောတူမိတာ ငါကိုယ်က မျက်စိကန်းနေလို့ပဲ။ ကောပင်း ဖြစ်သွားတာလည်း၊ နင့်ကြောင့်ပဲ!"

ချန်မိသားစု၏ ဒုတိယမြောက်သား ချန်ပေါင်မင်းသည် ဒေါသအကြီးဆုံးဖြစ်သည်။ သူ့ရှေ့တွင် ပိတ်နေသည့် လီလောင်ရှိအား တွန်းကာ၊ "ဖယ်စမ်းပါ၊ သူဘယ်လိုသတ္တိနဲ့ ငါတို့ရှုအာကို မကောင်းဆိုးဝါးလို့ ပြောနိုင်ရတာလဲ? သူကမှ မကောင်းဆိုးဝါးမကြီး။ သူ့ယောင်္ကျားကို သတ်ပြီး အခုလည်း သားနဲ့ချွေးမကို အကြပ်ကိုင်နေပြန်ပြီ.." ဟုပြောလေသည်။

သူ့ညီအတွန်းခံလိုက်ရသည်ကို တွေ့သော်၊ လီအိမ်၏ ဒုတိယသားလည်း ချန်ပေါင်မင်းကို ကော်လံမှဆွဲကာ မေးလိုက်လေသည်။ "မင်း ဘယ်သူ့ကိုရန်စနေတယ်ထင်လဲ?"

လုကောဖု သူ့လူမှ အခွင့်အရေးရနေသည်ကို မြင်သော်၊ အားရှိလာလေသည်။

လီအိမ်၏ ဒုတိယသားဆွဲထားသည့် ‌ချန်ပေါင်မင်းအား ထိုးရန်ပြင်လိုက်လေသည်။ "လွှတ်ပေးထားလို့ မာန်တက်နေတယ်၊ဟုတ်လား? ဒီနေ့မင်းကိုမသတ်ရရင် ငါ့ကိုယ်ငါ လုကောဖုလို့မခေါ်တော့ဘူး!"

သူလက်ဖြင့် ရွယ်လိုက်သည်နှင့်၊ သူ့နောက်မှ လီချွန်းလန် ရုတ်တရပ် ထအော်လေသည်။ "ထောင်ထောင်၊ ထောင်ထောင် ဒီမှာရောက်နေပြီ။"

လုကောဖုရပ်သွားပြီး သူရဲဘောကြောင်ကာ၊ "ဘယ်မှာလဲ? ဘယ်မှာလဲ?" ဟု အကြောက်အလန့်မေးလေသည်။

လီချွန်းလန် တံတွေးမျိုချကာ၊ အပြင်ဘက်သို့ လက်ညိုးထိုးပြလေသည်။ "ကျွန်မတို့ အခန်းထဲ ဝင်သွားတဲ့ပုံပဲ။"

လုကောဖု လက်ရွယ်ထားဆဲပေမယ့်၊ ဘာလုပ်ရမည်မှန်းမသိပေ။

သူ့ယောက်ဖ တွေဝေနေသည်ကို မြင်သော်၊ လီအိမ်မှဒုတိယသား စိတ်တိုစွာဖြင့် မေးလိုက်သည်။ "မင်းဒါလေးတောင် မလုပ်နိုင်ဘူးလား?"

"ငါ၊ငါ..." လုကောဖု အကြောင်းပြချက်ရှာနေစဥပင် အပြင်ဘက်မှခြေသံများ ကြားလိုက်ရလေသည်။

သူလက်ကိုပြန်ချကာ ပြောလေသည်၊ "ကဲ၊ စကားကောင်းကောင်း ပြောကြရအောင်။ ငါတို့အကုန်ဆွေမျိုးတွေပဲမလား၊ ဘာလို့စိတ်မရှည်တာလဲ?"

လီအိမ်မှ ဒုတိယမြောက်သား - "..."

ထောင်ထောင်သည်တော့ အထဲဝင်လာဖို့အကြံမရှိချေ။

သူမဦး‌လေးနှင့် အဒေါ်တို့အခန်းတွင် သူမအစ်ကိုဝမ်းကွဲ၏ သစ်သားသေတ္တာလေးများအား တွေ့လေသည်။

ဘယ်သူမျှ သူမအပေါ် အာရုံမရှိစဉ်၊ ဓားပြမလေးသည် အရှည်ဆုံးရိုင်ဖယ်ဘူးကို ပုခုံးပေါ်တွင်ထမ်း၍ ကျန်သည့်ရိုင်ဖယ်အားဘူးလိုက် မ ပြေးလေသည်။

အာ့ဝူလင်မှ စိတ်တိုစွာဖြင့် အော်လေတော့သည်။ "ရသမျှယူခိုင်းတော့ အဲ့တာတွေယူမယ်ပေါ့? အဲ့တာတွေက ဘယ်လောက်တန်ဖိုးရှိမှာမို့လို့လဲ?"

ကလေးမလေးက တန်ဖိုးရှိမရှိမသိပေ။ သူမ သိသည်မှာ ထိုဘူးများကို သူမအစ်ကိုအတွက် သူမအဖေမှပြုလုပ်ပေးထားခြင်းဖြစ်သည်ကိုသာ သိလေသည်။

ထိုဘူးများသာ့ကျန်းဆီ အလုခံရစဉ်က သူမအစ်ကိုလုဟွေ့ ဝမ်းနည်းစွာ ငိုယိုခဲ့သည်။ သူမအစ်ကိုပြန် သူမပြန်ယူပေးချင်လေသည်။

သူမလှည့်မကြည့်ဘဲ ပြေးသွားသည်ကိုမြင်မှ အမျိုးသမီးလု၊ သူမသားနှင့် ချွေးမတို့သက်ပြင်းချနိုင်လေသည်။

သို့သော်၊ ထိုအချိန်တွင် ချန်ပေါင်မင်းအား ဆွဲထားသည့် လီအိမ်မှသားလည်း လက်လွှတ်လိုက်လေသည်။

အမျိုးသမီးလုမှ ပြောလေသည်။ "ဒီနေ့တစ်ခါတည်းပြောလိုက်မယ်။ ငါ မသေသရွေ့ နင်တို့ငါ့ဆီကနေ တစ်ပြားမှမရစေရဘူး! နင်တို့မှာ ဒီလောက်လူတွေပါနေတာတောင် ကြောက်နေ၊ကြောက်နေသေး..."

သူမ ပြောရင်း၊ ထောင်ထောင် သူမတို့အခန်းထဲ ပြန်ဝင်လာသည်ကိုတွေ့သော် ရုတ်တရပ်ရပ်သွားလေသည်။

အခန်းထဲတွင် လူအလွန်များနေသည်ကိုမြင်သော်၊ ကလေးမလေးက အနည်းငယ်လန့်သွားလေသည်။

သို့သော်၊ နောက်တွင် သူမအဖေပါသဖြင့် ဘာကိုမျှမကြောက်ပေ။

ချန်ဖန်းရှုလည်း လန့်သွားပြီး၊ "ထောင်ထောင်၊ သမီးဒီမှာဘာလုပ်နေတာလဲ? သမီးကို အိမ်မှာပဲနေဖို့ မေမေမပြောခဲ့ဘူးလား?"

ချန်ပေါင်ခဲ့ သူ့တူမအားအမြန်ဆွဲကာ သူ့နောက်တွင်ထားလိုက်လေသည်။

သို့သော်၊ ကလေးမလေးက ပိုမြန်လေသည်။ သူမပစ်မှတ်ဖြစ်သည် ‌လီချွန်းလန်၏ ပေါင်ကို အမြန်သွားဖက်လေသည်။

လီချွန်းလန် ကျယ်လောင်စွာ အော်လိုက်လေသည်၊ "ဘာလုပ်တာလဲ?"

လီညီအစ်ကိုများသည် သူမထိုမျှကျယ်လောင်စွာ အော်ဟစ်သံကို တစ်ခါမျှမကြားဖူးပေ။ လုထောင်အားမကြောက်ဘဲ၊ သူမအော်သံကို ပိုလန့်သွားကြလေသည်။

ကလေးမလေးလည်း သူမအဒေါ်အော်သံကို ကြားလိုက်ရလေသည်။

သို့သော်၊ သူမ ဘာအတွက်ကြောင့် လာခဲ့သည်ကိုသိသဖြင့်၊ ခေါင်းမော့ပြီး၊ "သမီးကို မေမေ့ရဲ့ လက်ပတ်နာရီပြန်ပေးပါ!"

အခြားသူများတော့ သတိထားမိသည်မသိ၊ သူမတော့ သူမအမေလက်တွင် ပတ်လေ့‌ရှိသောနာရီကို မြင်ပြီးအားကျဖူးလေသည်။

ထိုနာရီ သူမအဒေါ်လက်ထဲသို့ရောက်သွားမည်ဟု သူမ မထင်ခဲ့။ အခုသူမပြန်တောင်းရမည့်အချိန်ဖြစ်သည်။

ကလေးတစ်ဦးမှ ထိုကဲ့သို့တောင်းဆိုသည်ကို လီညီအစ်ကိုများ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ပြီး အကုန်ရယ်ကြလေသည်။

"အမလေးကြောက်လိုက်တာ၊ ပြန်ပေးရမှာလား?"

"မင်းတို့အိမ်မှာ လူမကျန်တော့ဘူးလား? ဒီလိုကလေးကနေတစ်ဆင့် တောင်းခိုင်းရအောင်..."

သို့သော်၊ သူတို့လှောင်ရယ်၍ မပြီးခင်မှာပင်၊ လီချွန်းလန် သူမလက်မှနာရီကို အဆိပ်ထိနေသကဲ့သို့ အမြန်ချွတ်ပစ်ကာ လုထောင်ဆီသို့ ပစ်ပေးလိုက်သည်။ "ပေးမယ်၊ အကုန်ပေးမှာမလို့၊ မင်း၊ မင်း၊ မင်း လွှတ်! လွှတ်ငါ့ကို!"

ရယ်မောသံများ ရပ်သွားလေသည်။

လီညီအစ်ကိုများ သူတို့မျက်လုံးများကိုပင် သူတို့မယုံနိုင်ကြပေ။ "သူတောင်းတိုင်း ပေးလိုက်မှာလား? ချွန်းလန်၊ မင်းရူးနေတာလား?"

ကလေးမလေး ထိုမျှလွယ်မည်ဟုမထင်ခဲ့သည့်အတွက် နာရီကိုကိုင်ကာ ကြောင်ကြည့်နေလေသည်။

ထိုအခြေအနေကို အခွင့်ကောင်းယူကာ၊ ချန်ပေါင်ခဲ့ သူ၏တူမအားချီလိုက်ပြီး နောက်ရှိသူ့အစ်မလက်ထဲထည့်လိုက်လေသည်။

သူမအမေ ချီလိုက်တော့မှ၊ ထောင်ထောင်သတိပြန်ဝင်ကာ၊ သူမအမေရှေ့တွင် နာရီကို ရတနာကဲ့သို့ မြှောက်ပြနေလေသည်။ "မေမေ၊ ထောင်ထောင် နာရီရခဲ့ပြီ။"

ချန်ဖန်းရှု လုကောဖုအား လီချွန်းလန်အား သွားခေါ်ရန် ခွင့်ပြုလိုက်သည့် အဓိကအကြောင်းအရင်းမှာ ထိုနာရီကြောင့်ဖြစ်လေသည်။

သူမ ထိုနာရီကို အလွန်တန်ဖိုးထားခဲ့ရာ အလုပ်လုပ်သည့်အခါများတွင် မဟုတ်ပေ။ ရေစိုသွားမည် သို့မဟုတ် ထိခိုက်သွားမည်စိုး၍ သူမအမြဲအံဆွဲထဲ‌တွင် အသေအချာ သိမ်းလေ့ရှိသည်။

လီချွန်းလန် ဘယ်အချိန်က ယူသွားမှန်းသူမသိပေ။ သူမပြန်ပေးရန်တောင်းသည့်အခါ၊ လီချွန်းလန်မှ သူမအသစ်ဝယ်ထားသည်ဟု လိမ်ကာ ပြန်ပေးရန် ငြင်းဆိုလေသည်။

နာရီကို ဤကဲ့သို့ ချောချောမွေ့မွေ့နှင့် ပြန်ရလိမ့်မည်ဟု သူမတစ်ခါမှမတွေးဖူးပေ။

ထိုအချိန်တွင်၊ လုထောင် အာ့ဝူလင်၏ အသံကိုကြားလိုက်ရလေသည်။ [၁၂၅ယွမ် တန်ဖိုးရှိ ရှန်ဟိုင်းနာရီ ပြန်ယူလိုက်နိုင်သည်။]

ကလေးမလေး ရုတ်တရပ် နိုးကြားလာကာ၊ နောက်ထပ်ပစ်မှတ်လိုက်ရှာလေတော့သည်။

သူမကိုမြင်သော်၊ လီချွန်းလန်မှ ပြောလိုက်သည်။ "ငါ့ကိုမကြည့်နဲ့၊ ငါ့ဆီမှာ ဘာမှမကျန်တော့ဘူး။"

အမျိုးသမီးလုမှ၊ "ထောင်ထောင်၊ လူကြီးတွေ စကားပြောနေတာမလို့၊ အိမ်ပြန်နှင့်မလား?" ဟုမေးလေသည်။

"မပြန်ချင်ဘူး။" ဟုရှောင်လုထောင်ပြောကာ၊ စားပွဲပေါ်မှ စားပွဲတင်နာရီကိုကြည့်ကာ၊ "အဲ့တာလည်း ထောင်ထောင်တို့ အိမ်ကဟာပဲ!" ဟုပြောလေသည်။

သူမခုန်ကာ၊ လက်လှမ်း၍ ယူရန်ကြံသော်လည်း မမှီပေ။

အနားတွင်ရှိသည့် ချန်ကွမ်ဖာ့မှ နာရီအားယူကာ ကုတင်ဘေးတွင် ထားလိုက်လေသည်။

ကလေးမလေးမှ သူ့ထံသွားပြီး၊ "ကျေးဇူးတင်ပါတယ်၊ ဖိုးဖိုး။" ဟုပြောပြီး နှစ်ခါတိတိဖက်လိုက်လေသည်။

ထိုအချိန်တွင် အသံထပ်ကြားလိုက်ရပြန်သည်။ [၃၇ ယွမ် တန်ဖိုးရှိသည့် နာရီပြန်ယူလိုက်နိုင်သည်။]

ကလေးမလေးမျက်လုံးတွင် ပန်းရောင်ဝက်ကလေးအားမြင်ယောင်ကာ၊ ကြီးကြီးမားမားတစ်ခုခုလုပ်ရန် အသင့်ဖြစ်နေလေသည်။

လီညီအစ်ကိုများမှ ရပ်မကြည့်နိုင်တော့ဘဲ၊ "မင်းတို့ကအမွေခွဲနေတာရော ဟုတ်ရဲ့လား? ဓားပြတိုက်နေတာပဲ။" ဟုပြောလိုက်လေသည်။

"သူတို့ ငါ့သမီးအိမ်က ယူသွားတာတွေချည်းပဲလေ။ ထောင်ထောင် ပြန်တောင်းတာ ဘာဖြစ်နေလို့လဲ? သူတို့ယူသွားတာတော့ရတယ်၊ ငါတို့ပြန်တောင်းတာတော့မရဘူးလား?" လုကွေ့ရင်းပြန်ပြောလေသည်။

လီအိမ်၏ ဒုတိယသားမှ၊ စိတ်တိုကာ လုကောဖုဘက်သို့လှည့်ပြီး စိုက်ကြည့်လေသည်။ "သူတို့ဒီလိုပေါ်တင်ကြီး ဓားပြတိုက်နေတာကို ဒီတိုင်းပဲကြည့်နေတော့မှာလ?"

လုကောဖုမှ တုတ်တုတ်မျှမလှုပ်ပေ။

"ငကြောက်၊ မင်းယောင်္ကျားရော ဟုတ်ရဲ့လား?"

လီအိမ်မှ ဒုတိယသား သူကိုယ်တိုင်လုပ်ရန် ပြင်လိုက်လေသည်။

လုထောင်က နည်းနည်းပင်မကြောက်ပေ၊ "မလာနဲ့နော်၊ လာရင် ဖေဖေနဲ့တိုင်ပြီး ချခိုင်းလိုက်မှာ! ဘန်း ဘန်း ဘန်း!"

"မင်းအဖေ ဆုံးသွားတာကို ငါမသိဘူးထင်လို့လား။ လုပ်ရဲရင်လုပ်လိုက်ရင်၊ ငါနဲ့လာချခိုင်းလိုက်။

သူပြောလိုက်သည်နှင့်၊ သူ့ညီမမှ လှမ်းဆွဲလိုက်လေသည်။ "အစ်ကို၊ မသွားပါနဲ့။ သူ့နားမှာတစ်ခုခုရှိတယ်။"

သရဲရှိတာလား?

လီညီအစ်ကိုများ လန့်သွားလေသည်။ "ချွန်းလန်၊ မင်းဘာတွေပြောနေတာလဲ? အဲ့တာမျိုးရှိလို့လား?"

"ရှိတယ်။" လီချွန်းလန်မှ လုထောင်ကိုပင် မကြည့်ရဲပေ။ "မယုံရင် ကောဖုကိုမေးကြည့်။ သူရော အမေရော ခံခဲ့ရဖူးတယ်။"

အကုန်လုံး လုကောဖုအား ဝိုင်းကြည့်လိုက်ကြလေသည်။

လုကောဖု ဘာမျှမပြောဘဲ ခေါင်းသာညိမ့်ပြပြီး၊ သူတို့ညီအစ်ကိုများနောက်တွင် ပုန်းနေ‌လိုက်လေသည်။

ယခုတော့၊ လီမိသားစုလည်း ဘာလုပ်ရမှန်းမသိတော့‌ချေ။

သူတို့အရှေ့တွင် ရပ်နေစဉ် သူတို့ယောက်ဖတို့မိသားစုတွင် အနောက်တွင် ပုန်းနေကြသည်။ အမွေလုနေတာ ဘယ်သူလဲ?

ထိုအချိန်တွင် ချန်ပေါင်ခဲ့မှ စားပွဲတင်နာရီကို ကိုင်ကာ၊ လုထောင်အား‌ ပြောလေသည်။ "လာ၊ ထောင်ထောင်၊ ဦးဦး သမီးကို အိမ်ပြန်လိုက်ပို့ပေးမယ်။"

သရဲရှိရှိမရှိရှိ၊ သူတို့ရှေ့တိုးမလာရဲသေးခင်၊ ယူစရာရှိတာယူပြီး ကလေးအားပြန်ပို့ဖို့ပင် ဖြစ်သည်။

လုထောင်ကြားသော်၊ သူ့ဦးလေးနောက်သို့ လိုက်သွားလေသည်။ "ဦးဦး၊ ဂရုစိုက်ဦး၊ နာရီကို လွှတ်မချနဲ့နော်။"

သူမထွက်သွားသည်နှင့် အမျိုးသမီးလုတို့ စိတ်သက်သာရာရသွားသည်ကိုမြင်သော် လီညီအစ်ကိုများ သူတို့အားဆဲချင်လာလေသည်။

အမျိုးသမီးလု ဂရုမစိုက်ဘဲ ချန်မိသားစုအား မောင်းထုတ်လေသည်။ "ငါ မင်းတို့ကို နာရီနှစ်ခုပေးပြီးပြီ။ အကုန်ပေးပြီးပြီမလို့၊ ထွက်သွားကြတော့၊ ငါ့ကိုနောင်တရအောင် မလုပ်ကြနဲ့။"

သူမလုထောင်ထံမှ ပြန်မတောင်းရဲသော်လည်း ထပ်မပေးရလေအောင် က‌လေးမလေးမရှိခင် အလျင်အမြန် ဆုံးဖြတ်ချက်ချမှဖြစ်ပေမည်။

ချန်မိသားစုအား မသွားခိုင်းလျှင် စက်ဘီးပါ ပါသွားလိမ့်မယ်။

ချန်ညီအစ်ကိုများတွင် အကြီးဆုံးတစ်ယောက်သည် အရိုးသားဆုံးဖြစ်လေသည်။

နာရီနှစ်ခုပြန်ရသည်ကိုမြင်သော် သူ့ညီမအား ခပ်တိုးတိုးပြောလေသည်။ "ပြီးပြီလား? အစကဆို သူကတစ်ပြားမှ ပေးချင်တာမဟုတ်ဘူး။ အခုငါတို့ပြန်ရပြီဆိုတော့၊ မရှုံးဘူးလေ..."

စကားပြော၍မပြီးခင်၊ ၎င်းအမေမှ ကြောက်စရာကောင်းသည့်အကြည့်ဖြင့် စိုက်ကြည့်လေသည်။ "နင်မပြောနိုင်ရင်လည်း ပါးစပ်ပိတ်ထား၊ ပြဿနာမရှာနဲ့။"

အမျိုးသမီးလုကြားသော် စက်ဘီးမပါသွားတော့သည်ကိုသိ၍ သက်ပြင်းချနိုင်လေသည်။

သူမချောင်းဟန့်လိုက်ပြီး ဆက်ပြောမည်အပြု၊ရုတ်တရပ် ခြံထဲမှ ကလေးမလေး၏ အသံကို ကြားလိုက်ရလေသည်။

"အိုး၊ ဒီမှာ စက်ဘီးပဲ! ဦးဦး၊ ဒီစက်ဘီးကိုလည်း ဖေဖေဝယ်ထားတာပဲ!"

အမျိုးသမီးလု သူမရှေ့မှ လီမိသားစုအား တွန်းကာ၊ ကြောက်ကြောက်လန့်လန့်ဖြင့် အပြင်သို့ပြေးထွက်လေသည်။ "ရပ်လိုက်! အဲ့စက်ဘီးသော့နဲ့ ခေါင်းလောင်းက ကောဖုလဲထားတာ၊ အဲ့တာ ငါတို့မိသားစုပိုင်တာမလို့၊ မင်းတို့ယူလို့မရဘူး!”

All Chapters