← Chapters

Chapter 18

Vol. 2 Ch. 18

Chapter 18

Vol. 2 Ch. 18

သူတို့သာ့ဟွာရွာမှ ထွက်လာချိန်မှာ၊ နေ့လည်တွင် ဖြစ်ပြီး၊ ဆောင်းဦးရာသီ၏ နေရောင်ခြည်သည် ‌၎င်းတို့အပေါ်သို့ ကျရောက်နေခဲ့သည်။

သယ်စရာများသည့်အတွက်၊ သူတို့ဌားလာသော် နွားလှည်းသည်မလောက်ဘဲ၊ သာ့ဟွာရွာမှ တစ်စီးထပ်၍ ဌားလိုက်ရသည်။

တစ်စီးတွင် စားပွဲ၊ ကုတင်၊ ဗီရိုတို့တင်ထားပြီး တစ်စီးတွင် အိပ်ရာခင်း အဝတ်အထည် ကဲ့သို့သော မကြီးမားသည့်အရာများတင်ထားပြီး၊ ချန်ဖန်းရှုနှင့် သူမကလေး‌နှစ်ယောက်လည်းထိုင်နေ‌ကြလေသည်။

ချန်ဖန်းရှု သူမ ဆယ်နှစ်နီးပါးခန့်နေခဲ့သည့် နေရာအား ပြန်လှည့်ကြည့်ရင်း ရုတ်တရပ် ထွက်ခွာလာရသည်ကို စိတ်မကောင်းဖြစ်နေမိသည်။

ဒီနှစ်သည်‌ ခက်ခဲသော်လည်း သူမမှတ်ဉာဏ်တွင် ထိုနေရာတွင် အရင်ကရဖူးသည့် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

တကယ်လို့၊ တကယ်လို့၊ အစ်ကို ကောပင်းသာ ဒီမှာရှိဦးမယ်ဆိုရင်၊ ကောင်းမှာပဲ...

ထွက်လာရသည်ကို ပျော်သော်လည်း၊ လုဟွေ့ သူ၏အမအား ဖက်လိုက်ပြီး ပြန်လည်တိတ်ဆိတ်သွားသည်။

သူလည်း အဖေ့ကို လွမ်းလေသည်။

သူ ‌သူ့အဖေနှင့် မတွေ့ရသည်မှာ အလွန့်အလွန်ကို ကြာပြီဖြစ်သည်။

သူသာ ထောင်ထောင်လို အဖေ့ကို‌မြင်နိုင်မယ်ဆိုရင် ကောင်းမှာပဲ...

ရှောင်လုထောင်လည်း စိတ်မကောင်းပေ။

သူမအမေနှင့် အစ်ကိုတို့ စိတ်များလေးလံနေသဖြင့် သူမလည်း ထပ်တူခံစားရသည်။

"တကယ်လို့၊ တကယ်လို့၊ ကိုကိုက ပိုပြီး တန်ဖိုးရှိရင်ကောင်းမှာပဲ..."

လုဟွေ့ - "..."

လုဟွေ့ သူမ ပြောသည်ကို နားမလည်သဖြင့် စိုးရိမ်သွားလေသည်။

ကလေးမလေး လေးနက်စွာ သက်ပြင်းချနေသည်ကိုမြင်သော်၊ သူမခေါင်းအား ပုတ်လိုက်ပြီး၊ "ဘာပြောတာလဲ?" ဟုမေးလေသည်။

ကလေးမလေး အနှောင့်အယှက်ခံလိုက်သဖြင့်၊ မပျော်မရွှင်ဖြင့် တစ်ဖက်သို့လှည့်ပြီး လုဟွေ့အား ကျောပေးလိုက်ပြီး သက်ပြင်းများသာ ချနေတော့သည်။

၂၅၀ - [မင်းသက်ပြင်းမချတော့လို့ မရဘူးလား? မစ်ရှစ်အောင်မြင်သွားပြီပဲ မဟုတ်ဘူးလား?]

လုထောင် - "ဒါပေမယ့် ထောင်ထောင် ပန်းရောင်ဝက်လေးမရဘူးလေ။"

၂၅၀ - [အဲ့ဒီ့ကိစ္စဆိုရင်မပူပါနဲ့။ အနည်းဆုံး ယွမ် ၂၅၀ ကျော် ပြန်ယူနိုင်ရမှာကို ထောင်ထောင်လေးက ယွမ် ၉၀၀ ကျော်တောင်ယူနိုင်ခဲ့ပြီး ထပ်တိုးဆုကို ရသွားတာပဲ။ တကယ်အံ့ဩစရာပဲ။ ဖေဖေတော့ ဂုဏ်ယူတယ်။]

လုထောင် - "ဒါပေမယ့် ထောင်ထောင် ပန်းရောင်ဝက်လေးမရဘူးလေ။"

၂၅၀ - [...ယုန်လေးတွေလည်း ချစ်စရာကောင်းပြီး အရသာရှိပါတယ်။ ထောင်ထောင် ယုန်လေးတွေ မချစ်ဘူးလား?]

"ချစ်တယ်။" လုထောင် ခေါင်းညိမ့်သော်လည်း၊ "ဒါပေမယ့် ထောင်ထောင် ပန်းရောင်ဝက်လေးမရဘူး။" ဟုပြောလေသည်။

၂၅၀ - [……]

သူမ‌အဖေ စကားပြောရပ်သွားသည်ကို တွေ့သော်၊ ကလေးမလေး သက်ပြင်းထပ်ချရန် ပြင်လိုက်လေသည်၊ ထိုအချိန်တွင် ၂၅၀ ၏အသံသည် ရုတ်တရပ် မြန်ဆန်လာလေသည်။

[သက်ပြင်းချနေတုန်းလား? မင်း ဒီမစ်ရှစ်မှာ ဘယ်လောက်တော်‌တယ်ဆိုတာ မင်း မသိဘူးလား? ပြီးတော့ ဆုဆိုတာကလည်း ရဖို့ခက်တာမျိုးလေ။ ဒီစနစ်ကသာ မင်းကိုသနားပြီး မင်းအစ်ကိုကိုပါ ထည့်မတွက်ခဲ့ရင် မင်း‌မြေကြီးတွေပါ တူးနေရမှာ။ ဒါပေမယ့် မင်းရတာပဲမလား၊ အဲ့တော့ သက်ပြင်းချမနေစမ်းပါနဲ့!]

အာ့ဝူလင် စကားများစွာပြောလိုက်သော်လည်း ရှောင်လုထောင်မှာတော့ တစ်ကြောင်းတည်းသာ ကြားလိုက်လေသည်။ "မြေကြီးတူးနေရမှာ။"

အိုး၊ဟုတ်သားပဲ၊ ထောင်ထောင် ဒါကိုဘာလို့မတွေးမိတာပါလိမ့်?

မြေကြီးတူပြီးသာ ယူလာနိုင်ရင်၊ ယွမ်၁၀၀၀ သေချာပေါက်ကျော်မှာပဲ၊ တကယ်ပါပဲ။

ကလေးမလေး မတ်တပ်ရပ်ကာ၊ လှည့်မောင်းသူအား အော်လိုက်လေသည်၊ "ရပ်ပေးပါ! ထောင်ထောင် ပြန်သွားချင်တယ်!"

ချန်ဖန်းရှုလန့်သွားပြီး၊ သူမအား လှမ်းဆွဲခဲ့သည်။ "သမီး ဘာလုပ်တာလဲ? ပြုတ်ကျလိမ့်မယ်၊သတိထားလေ!"

ကလေးမလေး သူမတစ်ယောက်တည်း စကားပြောနေသည့်အတွက်၊ အခြားသူများရှိနေလျှင် သူမအဖေနှင့် စကားမပြောရန် သတိပေးလိုလေသည်။ မမျှော်လင့်စွာပင်၊ သူမ‌ မပြောရသေးခင်၊ ကလေးမလေးက လှည်းပေါ်မှ ဆင်းချင်နေသည်။ သူတို့နှစ်ဦး ဘာပြောခဲ့သည်ကို သူမ မသိပေ။

သူမအမေ လှမ်းဆွဲသည်ကိုသိသော်၊ ကလေးမလေး ပိုမိုစိတ်လှုပ်ရှားလာကာ၊ "မြေကြီး! ထောင်ထောင် ပြန်ပြီး၊ မြေကြီးတူးချင်တယ်!" ဟုပြောလေသည်။

ခေါင်းလောင်းနှင့် သော့မပါသော စက်ဘီးအား စီးလာသော ချန်ပေါင်ခဲ့ကြားသော်၊ လှည်းနားသို့ကပ်၍ စီးကာပြောခဲ့သည်။ "ပြန်ပြီးမြေတူးချင်တယ်ဆိုတာ ဘာပြောတာလဲ? ခြံထဲမှာ တစ်ခုခု မြုပ်ထားလို့လား? ဘယ်မှာမြုပ်ထားတာလဲ? ဦးဦး သွားရှာပြီး ထောင်ထောင့်အတွက် ယူလာခဲ့မယ်။"

"ထောင်ထောင် ဘာမှမမြုပ်ထားဘူး။" ‌လုထောင်မှပြောလိုက်သည်၊ "ထောင်ထောင် မြေကြီးတူပြီး၊ လှည်းပေါ်တင်ပြီး ပြန်သယ်လာရမယ်။”

လူကြီးများ ခနလန့်သွားပြီးနောက် ရယ်မောကြလေသည်။ "ဘာလို့ဒီလောက် ရက်စက်ရတာလဲ? မြေကြီးတောင်တူးပြီး ယူလာဦးမယ်တဲ့။"

အရှေ့တွင် လှည်းမောင်း‌နေသည့် ချန်ကွမ်ဖာ့မှ ပြုံးကာ ပြောလိုက်လေသည်။ "ဘိုးဘိုးတို့‌ ထောင်ထောင်လေးက ဓားပြလေးဆိုတာ ဘိုးဘိုး မသိခဲ့ပါလား?"

၎င်းတို့ဂရုမစိုက်ကြသည်ကိုမြင်သော် လုထောင် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ "ထောင်ထောင်က ဓားပြမဟုတ်ဘူး၊ အဲ့မြေကြီးလည်း ထောင်ထောင်တို့ဟာပဲ။"

ချန်ဖန်းရှုက သူမအား ဖက်ကာ ပြောခဲ့သည်။ "ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ထောင်ထောင် မေမေတို့ဟာတွေ အကုန်ပါခဲ့ပြီ၊ အဲ့တာကောင်းတာပေါ့၊ မြေကြီးတော့ မေမေတို့မယူတော့ဘူးလေ၊ လှည်းကိုကြည့်ပါဦး၊ ထပ်မသယ်နိုင်တော့ဘူးလေ၊ တွေ့တယ်မလား?"

လှည်းပေါ်တွင် အမှန်ပင် နေရာမကျန်တော့သဖြင့်၊ အကြီးဆုံးသားနှစ်ယောက်ပင် ‌လှည်းဘေးမှ လမ်းဆင်းလျှောက်၍ လိုက်လာရသည်။

ကလေးမလေး နှုတ်ခမ်းထော်ကာ၊ သူမအမေ၏ ပုခုံးတွင်မျက်နှာအပ်ပြီး စငိုတော့မည့်ဟန်ပင် ဖြစ်သည်။

ချန်ပေါင်ခဲ့အတွက်တော့ ရယ်စရာပင်ဖြစ်သည်။ "မင်းအဘွားအတွက် ချန်ပါဦး၊ သူ ပြန်လာလို့၊ မြေကြီးတွေမရှိတော့တာတွေ့ရင် ဆေးရုံပြန်ရောက်သွားဦ်းမယ်။ ဒီရက်အတွင်း သူမ ခနခနသတိတွေလစ်ပြီး ‌လဲလဲကျနေတာ သူ့အတွက် ငါတောင် စိတ်မကောင်းဖြစ်တယ်။"

ချန်ပေါင်ခဲ့ အမျိုးသမီးလု မျက်နှာကို ပြန်တွေးမိပြီး ပြောခဲ့သည်။ "ယောက်ဖနဲ့ မမကြောင့်သာမဟုတ်ရင်၊ အရင်တည်းက အဲ့အိမ်နဲ့ တည့်ရှင်းပြီးပြီ။ တကယ်ကို ဘယ်လိုလူမျိုးတွေမှန်း မသိဘူး။" ထို့နောက် တစ်စုံတစ်ခုကိုစဉ်းစားမိကာ၊ ချန်ဖန်းရှူအား မေးလိုက်လေသည်။ "ရှုအာ၊ အဲ့ဘွားတော်နဲ့ သူ့သားက ဘာလို့ ထောင်ထောင့်ကို ကြောက်နေကြတာလဲ? ထောင်ထောင် ဘာလုပ်ထားလို့လဲ?"

ချန်ဖန်းရှု၊ သူမသမီး ထိုသို့ ကြောက်လန့်အောင် လုပ်နိုင်မည်ဟု မတွေးဖူးသော်လည်း၊ တစ်စုံ‌တစ်ယောက်‌မေးလာလျှင် ဖြေနိုင်ရန် အကြောင်းပြချက် ကြိုတင်စဉ်းစားထားလေသည်။ "ဘာလို့ရှိဦးမလဲ? သူမကောင်းတာတွေ အများကြီး လုပ်ထားလို့ ကြောက်တာပေါ့။ အဲ့နေ့ညက အိမ်မှာမီးလုံးကွဲသွားတည်းက သူ‌မတို့နေ့တိုင်း ကြောက်လန့်နေပြီး နတ်ဆရာတောင် သွားရှာလာသေးတယ်။"

ချန်ပေါင်ခဲ့မှ မေးလေသည်။ "ဒီခေတ်မှာတောင် အဲ့တာမျိုးတွေ ယုံသေးတယ်လား? သူတို့ အဲ့လိုယုံလို့ အတိုင်ခံရမှာကို မကြောက်ကြဘူးလား?"

"သူတို့ ဘာတွေးနေဆယ်ဆိုတာ ဘယ်သူသိမှာလဲ? ဘယ်လိုပဲဖြစ်ဖြစ်၊ ငါတောင် အရှုံးမရှိဘူး..."

ရှောင်လုထောင်၏ မြေကြီးတူးမည့် စီးပွားရေးသည် ဟာသတစ်ခုအဖြစ် သတ်မှတ်ခံရပြီး ငြင်းပယ်ခံလိုက်ရလေသည်။

နွားလှည်း ချန်မိသားစုအိမ်သို့ မရောင်ခင်အထိ၊ သူမနှုတ်ခမ်းဆူကာ မရွှင်မပျရှိလေသည်။

ဟူချူရှန်း ကြက်ခြံအား သန့်ရှင်းရေးလုပ်ရင်း အသံကြားသော်၊ သူမတံမြက်စည်းအားချကာ အကူအညီပေးရန်ထွက်လာခဲ့သည်။

ကလေးမလေးအား ထိုသို့မြင်သော်၊ သူမ အံ့ဩကာ၊ မေးလိုက်သည်။ "ထောင်ထောင် ဘာဖြစ်လို့လဲ? အမွေခွဲတာအ‌ဆင်မပြေလို့လား?"

"ဘယ်ကသာ အဆင်မပြေရမှာ၊ ပြေလွန်းလို့။" ချန်ပေါင်ခဲ့ စက်ဘီးအား ပုတ်ကာ၊ "ဒီမှာကြည့်၊ စက်ဘီးပြန်ရလာပြီ။" ဟုပြောလေသည်။

ဟူချူရှန်း လန့်သွားသည်။ "ထောင်ထောင့် အဘွားက အဲ့စက်ဘီးကို ဒီတိုင်းပေးလိုက်တယ်ပေါ့? ဘယ်လိုဖြစ်တာလဲ?"

သူမ ပြောပြီးသည်နှင့်၊ သူမယောင်္ကျား ရန်ပွဲတွင် ခိုက်မိလာမည်ကိုကြောက်ကာ၊ သူမ ယောင်္ကျားဆီသို့ အမြန်သွားလိုက်လေသည်။

‌ချန်ပေါင်ခဲ့မြင်သော်၊ ရယ်ကာပြောခဲ့သည်။ "ကျွန်တော်တို့ ဘာလုပ်ဖို့လိုဦးမှာလဲ? ထောင်ထောင်‌ကိုမြင်တာ‌နဲ့ ရှိသမျှအကုန်ထုတ်ပေးနေကြတာ။"

ဟူချူရှန်း မယုံနိုင်ပေ။ "ထောင်ထောင်နဲ့ ဘာဆိုင်လို့လဲ? သူ့ကြောင့်ပြန်ရလာတာလား? အာ၊ အချိန်မဆွဲဘဲ အမှန်အတိုင်း ပြောပြစမ်းပါ။ ထောင်ထောင့် အဘွားက ဘယ်လိုလုပ် ဒီတိုင်းလွှတ်လိုက်တာလဲ?"

သူမအမြင်တွင်တော့၊ ဤအရာအားလုံးသည် ငွေဖြစ်ပြီး၊ ရူးနေသည့်သူကသာ မယူထားဘဲ ပေးလိုက်ပေ‌လိမ့်မည်။

သူ၏မရီးပြောသည်ကိုကြားသော် ချန်ပေါင်ခဲ့ ရယ်မော၍ ပြောလေသည်။ "ဘာလို့ထောင်ထောင့်ကြောင့်မဟုတ်ရမှာလဲ? ဒီကား၊ ဒီနာရီ၊ မမရဲ့လက်ပတ်နာရီ၊ အကုန်သူ့ကြောင့်ပဲ ပြန်ရလာတာ။ ကျွန်တော်တို့ထောင်ထောင် တကယ်တော်တာပဲမလား?"

သူ့စက်ဘီးအား ဒေါက်ချလိုက်ပြီး၊ လှည်းပေါ်မှ ကလေးမလေးအား လှမ်းချီလိုက်သည်။

လုထောင်သည် သူမလိုချင်တဲ့ဆု မရသည့်အတွက် စိတ်မကောင်းဖြစ်နေရာ သူမဦးလေး ချီးကျူးသည်ကို စိတ်မဝင်စားဘဲ သူမအား အောက်သို့ ပြန်ချခိုင်းလေသည်။

ချန်ပေါင်ခဲ့ သူမအား အောက်သို့ချပေးကာ ပြောလေသည်။ "ကောင်းရှန်းအိမ်ထဲရှိတယ်၊ သူနဲ့သွားဆော့လေ။"

"မဆော့ဘူး။"

ကလေးမလေး မျက်နှာမဲ့ကာပြောလိုက်ပြီး၊ နံရံသို့ပြေးကာ လူကြီးများအား ကျောပေးပြီး နံရံရှိ မြက်များဆွဲနှုတ်နေခဲ့သည်။

ဟူချူရှန်းမှာတော့ ကလေးမလေး၏ ဆံပင်ကောက်ကောက်နဲ့တင်ပါးလေးကို ကြည့်နေလေသည်။

ဒီလိုကလေးက ဒါတွေအကုန် ဘယ်လို‌လုပ် ပြန်တောင်းနိုင်မှာလဲ?

မတ်လေးကပဲ အချီးကျူးလွန်နေတာလား၊ ဒါမှမဟုတ် လုအိမ်ကသူတွေပဲ ရူးကုန်ကြတာလား?

နွားလှည့်နှစ်လှည်းအပြည့် သယ်လာသည်မှာ လူတို့၏ အာရုံကိုဖမ်းစားနိုင်သည်။

ချန်မိသားစု ချန်ဖန်းရှုအား အိမ်ထဲသို့ဝင်စေပြီး သယ်လာသည်များကို ရွှေ့ပြောင်းနေစဉ်တွင် လူအများဝိုင်းအုံ၍ ကြည့်ကြသည်။

ချိန်မိသားစု၏ သမီးနှင့်သူမကလေးများ ပြန်ပြောင်းရွှေ့လာသည်ကိုသိသော်၊ တစ်စုံတစ်ယောက်မှ ခေါင်းညိမ့်ကာ ပြောခဲ့သည်။ "ပြန်ပြောင်းလာတာ ကောင်းတယ်။ အဲ့အဘွားကြီးက တကယ်ကိုတန်ဖိုးမရှိတဲ့မိန်းမကြီးပဲ။ အရင်ရက်တွေတုန်းက သာ့ဟွာရွာကနေ အမှုစုံစမ်းဖို့ဆိုပြီး ရောက်လာကြသေးတယ်လေ၊ သိတယ်မလား? အဲ့တာဖန်းရှု‌ယောက္ခမအကြောင်း လာစုံစမ်းတာပဲ။"

"ကလေးကိုရောင်းစားလို့ ချွေးမက ပြန်တရားစွဲရတယ်ဆိုတဲ့ တစ်ယောက်လား?"

"ဟုတ်တယ်။ သူပဲ။"

"အဲ့တာကြီးက မလွန်လွန်းဘူးလား? ဖန်းရှုမှ မသေးသေးဘဲ၊ ဘာလို့ကလေးကို ရောင်းစားရတာလဲ?"

သေချာပေါက်ကို လွန်တာပေါ့။

ချန်ဖန်းရှု ဒဏ်ရာဒဏ်ချက်များဖြင့် အိမ်ပြန်လာသည်ကိုတွေ့သော်၊ ချန်မိသားစုအိမ်၏ နှစ်အိမ်အကျော်တွင်နေသည့် အမျိုးသမီးရှု ပျော်ရွှင်စွာ ပြောလိုက်လေသည်။ "လက်ထပ်ထားတာဖြင့် နှစ်နည်းနည်းပဲရှိသေးတယ်၊ ယောင်္ကျားက ပျောက်သွားပြီး၊ ယောက္ခမဆီကလည်း ကန်ထုတ်ခံလိုက်ရသေးတယ်။ တော်သေးတာပေါ့၊ အဲ့လိုဂြိုဟ်ဆိုးမျိုးကို ငါတို့မိသားစုထဲ အဝင်မခံခဲ့လို့။"

အိမ်နီးချင်းနှင့် အခြားသူများသည် ရှုမိသားစုမှ တတိယသားသည် ချန်းဖန်းရှုအား မျက်စိကျခဲ့ပြီး၊ သူ့မိဘများအား သူနှင့် ဖန်းရှုအား လက်ထပ်ပေးရန် အတင်းတောင်းဆိုခဲ့ဖူးကြောင်းသိသည်။

သို့သော်၊ လုကွေ့ရင်းမှ သူမသမီးအိမ်တွင် ဆွေ့းမြေ့သွားလျှင်ပင် အိမ်နီးချင်းနှင့် လက်မထပ်ပေးနိုင်ဟုဆိုကာ၊ သာ့ဟွာရွာသားနှင့် လက်ထပ်ပေးခဲ့သည်။

ချန်ဖန်းရှု လက်ထပ်သည့်ညတွင်၊ ရှုလောင်စန်း အရက်မူးကာ ၎င်းအိမ်မှ ငိုကျွေးသည်ကို မီတာ ၁၀၀၊ မီတာ ၈၀ အကွာလောက်ခန့်ကပင် ကြားနိုင်လေသည်။

အမျိုးသမီးရှု တွေးနေသည်ကို သိသည့်အတွက်၊ သူတို့အကုန်လုံး သူမအား မတုံ့ပြန်ဘဲ အချင်းချင်း ပြောလက်စ စကားကိုသာ ဆက်၍ပြောနေကြလေသည်။

ခဏခန့်နားထောင်ပြီးသော်၊ အမျိုးသမီးရှုလည်း ယောင်္ကျားပျောက်ချင်းမလှ ပျောက်သွားသည့် ချန်ဖန်းရှုအား သနားလာလေသည်။

သို့သော်၊ ချက်ချင်းထပြောခဲ့သည်။ "ဘယ်လိုပဲဖြစ်ဖြစ်၊ငါပြောတာယုံလိုက်၊ ရှေ့လျှောက်ပိုဆိုးဦးမှာ။" သူမအနားကသူများအား တွန်းသွားလေသည်။ "ဘေးဖယ်။ ငါတို့တတိယချွေးမလေးက ကလေးမွေးတော့မှာ၊ သူ့ကိုပြန်သွားကြည့်ရဦးမယ်၊ နင်တို့လောက် အချိန်တွေပေါမနေဘူး။"

ချန်မိသားစုအိမ်သည် ရှေးဟောင်းအိမ်များပုံစံဖြစ်ရာ၊ တစ်ဆက်တည်း အခန်းခြောက်ခန်းရှိပြီး လေးခန်းတွင် မိသားစုဝင်များ နေထိုင်လေသည်။

ချန်ဖန်းရှုနှင့် ကလေးတို့ ပြန်လာသော်၊ ချန်ပေါင်ခဲ့က သူ့အခန်းကိုဖယ်ပေးတာ သူ၏မိဘများနှင့် သွားနေခဲ့သည်။

ထိုအိမ်တွင် ပရိဘောဂများ ရှိပြီးသားဖြစ်သည့်အတွက် ချန်ဖန်းရှု ပြန်သယ်လာသည်များကို စတိုခန်းတွင် သိမ်းဆည်းထားလေသည်။

သူတို့သယ်လာသည်များကို နေရာချပြီးချိန်တွင် မှောင်နေပြီဖြစ်ပြီး တစ်ခုခုစားရန်ပင် တစ်ယောက်တစ်လှည့် သွားစားခဲ့ရသည်။

အကုန်လုံး အိပ်ခန်းကိုယ်စီသို့ ပြန်သွားကြချိန်တွင်၊ အကြီးဆုံးသားနှင့် ဒုတိသားတို့လည်း မီးများငြှိမ်းလိုက်ကြကာ၊ လုကွေ့ရင်းသည်တော့ အပြင်သို့ တိတ်တဆိတ်ထွက်သွားလေသည်။

သူမ ကြောင်အိမ်ပေါ်တွင် သကြားအိတ်တွေ့သဖြင့်၊ မီးဖို့သို့သွားကာ၊ ကြက်ဥသုံးလုံးအား သကြားဖြင့် ရောနှောကာ သူမသမီးအခန်းသို့ သွားလိုက်လေသည်။

"ရှောင်ဟွေ့၊ ထောင်ထောင်၊ သမီးတို့ညစာမစားရသေးဘူးမလား? ဘွားဘွား သမီးတို့အတွက် ကြက်ဥဖျော်ရည်လုပ်ခဲ့တယ်၊ ရှုအာ သမီးလည်းလာစား။"

ယခုခေတ်တွင်၊ ကျေးလက်ရှိ မိသားစုများသည် ကြက်များမွေးမြူကြသည့်အတွက် မြို့များထက် ကြက်ဥရရန်ပိုလွယ်သော်လည်း ရှားပါးလေသည်။ လူအများစုသည် သူတို့၏ကြက်များမှ ဥသည့်ကြက်ဥများကို မစားဘဲ သိမ်းထားတာ တိတ်တဆိတ် ရောင်းချကြသည်။

သကြားသည်လည်း ရှားပါးလေသည်။ ဝယ်ယူရန် လက်မှတ်လိုအပ်ပြီး တစ်နှစ်အတွင်းတွင်ပင် အများအပြားမဝယ်ယူနိုင်ပေ။

လုထောင် သူမနောက်ဆုံး ကြက်ဥစားခဲ့သည့်အချိန်ကို မမှတ်မိ‌နိုင်တော့ပေ။ သူမမြင်သော် မျက်လုံးများ တောက်ပလာလေသည်။

လုကွေ့ရင်း သူမနဲ့လုဟွေ့အား ပန်းကန်လုံးလှမ်းပေးကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "မအော်ဘဲ၊ မြန်မြန်စား။"

လုထောင်ခေါင်းညိ့မ်ကာ ပျော်ရွှင်စွာ စားလေတော့သည်။

လုဟွေ့က ဘာအမူအရာမျှမပြသော်လည်း အချိန်ခဏနှင့်ပင် တစ်ပန်ကန်းလုံး ကုန်သွားလေသည်။

ချန်ဖန်းရှုသည်သာ ‌ဖြည်းဖြည်းချင်းစားပြီး ပန်းကန်အား ဘေးတွင် ချထားလိုက်သည်။

"အမေ၊ အရင်တုန်းကတော့ အဆင်ပြေပေမယ့် အခုသမီးက ကလေးတွေကိုပါ ခေါ်လာပြီးလာနေတာဆိုတော့ သမီးအမေ့ကို အိမ်စရိတ်ပေးရလိမ့်မယ်။" သူမနေ့ခင်းက အမျိုးသမီးလုဆီမှ ရရှိခဲ့သော ပိုက်ဆံရေရင်း အရွက်၁၀၀ ထုတ်ကာ ပေးရင်း ပြောလိုက်လေသည်။ "သမီးတစ်လကို ယွမ်၁၀၀ ပေးမယ်၊ လောက်မလား?"

လုကွေ့ရင်းကြားသော်၊ မပျော်ပေ။ "ကိုယ့်သမီးအရင်းက ကိုယ်နဲ့အတူ ပြန်လာနေတာကိုတောင် ပိုက်ဆံတောင်းရဦးမှာလား? သမီး အမေ့ကိုဘယ်လိုထင်လို့လဲ?"

ချန်ဖန်းရှု ထပ်ပြောလေသည်။ "သမီးက ဒီမှာ တစ်ရက်၊နှစ်ရက်ပဲနေမှာမှ မဟုတ်တာ၊ ဘယ်လိုလုပ် အလကားနေပြီး ထိုင်စားနေနိုင်မှာလဲ? ပြီးတော့အမေ့မှာ ချွေးမနှစ်ယောက်တောင် ရှိသေးတယ်လေ၊ သမီး သူတို့ကို စိတ်အနှောင့်အယှက် မပေးချင်ပါဘူး။"

"သမီးက အမေ့သမီးအရင်းလေ၊ ‌အမေက သမီးကိုခေါ်ထားတာကို သူတို့ဘာလုပ်နိုင်မှာလဲ?"

လုကွေ့ရင်းပြောကာ၊ ငွေကိုဘေးသို့ ချလိုက်သည်။ "အမေဒီတစ်ရာကို သမီးအတွက် သိမ်းထားပေးမယ်။ သမီးပိုကိဆံလိုတဲ့အချိန်၊ ပြန်လာတောင်းလှည့်။ ရှေ့လျှောက်သမီးပိုက်ဆံလိုလာမှာပဲ။ ကပ်စေးနည်းတတ်စမ်းပါ၊ လျှောက်ဖြုန်းမနေနဲ့။"

သူတို့နှစ်ဦး စကားပြောပြီးသော်၊ သူမအမေ၏ ပန်းကန်အား မျက်တောင်မခတ်ဘဲကြည့်နေသည့် လုထောင်အား တွေ့လိုက်ရသည်။

ချန်ဖန်းရှုရယ်ကာ၊ သူမ ပန်းကန်လုံးအား လုထောင်ထံ လှမ်း၍ပေးလိုက်လေသည်။

ကလေးမလေးမျက်လုံးများ တောက်ပလာသော်လည်း၊ တွေဝေနေလေသည်။ "မေမေ၊ မစားချင်ဘူးလား?"

"မေမေကြိုက်ဘူး။ ထောင်ထောင်စားလိုက်နော်။"

လုထောင်ထခုန်ကာ၊ သူမအမေအားနမ်းလိုက်လေသည်။ "မေမေက ကောင်းလိုက်တာ၊ ထောင်ထောင် မေမေ့ကို အချစ်ဆုံးပဲ။"

လုဟွေ့ဘေးမှကြည့်ကာ ပြောလိုက်သည်။ "ကပ်ဖား။"

လုထောင် ပြန်ပြောလေသည်။ "မဖားဘူး၊ ထောင်ထောင်တကယ်ပြောတာ။"

ခုဟွေ့ ရယ်ကာပြောခဲ့သည်။ "အများကြီး သောက်ပြီး ညကျမှ အိပ်ရာထဲ ရှူရှူးပေါက်မချနဲ့နော်။"

ကလေးမလေးကြားသော် ခဏမျှစဉ်းစားသွားသည်။

ဒါပေမယ့် ထောင်ထောင် တကယ်ကြိုက်တာလေ။

ကလေးမလေး နှစ်စက္ကန့်မျှ တွေဝေသွားပြီးနောက်၊ "ထောင်ထောင်ကုတင်ပေါ် ရှူရှူးပေါက်မချဘူး။ ထောင်ထောင်က ကြီးလာပြီ။"

သူမအဘွားအိမ်မှ ကုတင်သည် သက်တောင့်သက်သာရှိ သူမညတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။ နောက်တစ်နေ့မနက် သူမနိုးသောအခါ တစ်စုံတစ်ခု တွေ့လိုက်လေသည်—

ဟမ်?

ဘာလို့အိပ်ရာခင်းက စိုပြီးအေးနေရတာလဲ?

ဒီလောက်များတဲ့ရေတွေ ဘယ်ကရောက်လာတာလဲ?

ကလေးမလေး ခဏကြောင်သွားကာ၊ လုဟွေ့ဘက်သို့လှည့်၍ လှုပ်နှိုးလေသည်။ "ကိုကို၊ ထထ! မကောင်းတော့ဘူး! ဘွားဘွားတို့အိမ်က ရေယိုနေတယ်!”

All Chapters