Chapter 19
Vol. 2 Ch. 19
အိမ်တွင်ရေယိုသည်ဟု ကြားသော် လုဟွေ့အိပ်နေရာမှ နိုးလာပြီး ထခုန်လေသည်။ "ဘယ်မှာလဲ? ဘယ်မှာယိုတာလဲ?"
သူသတင်းစာများဖြင့် အုပ်ထားသော် မျက်နှာကျက်အား အသေအချာကြည့်သော်လည်း၊ ရေယိုသည်ကိုမတွေ့သဖြင့် ပြတင်းပေါက်ဘက်သို့လှည့်ကြည့်လေသည်။
အပြင်ဘက်တွင် နေသာလျက်ရှိပြီး ခြံထဲရှိမြေပြင်သည်လည်း ခြောက်သွေ့နေကာ၊ မိုးရွာထားသည့် အရိပ်အယောင်မတွေ့ရချေ။
လုဟွေ့ နားမလည်ဟန်ဖြင့် သူ့ညီမအား မေးခဲ့သည်။ "ရေယိုတယ်ဆို? ဘယ်နားကယိုတာလဲ?"
ရှောင်လုထောင် အကြည့်လွှဲကာ၊ "ဘယ်လိုပဲဖြစ်ဖြစ်၊ ယိုတာကယိုတာပဲ။"
အခင်းပေါ်ရှိ စိုနေသည့်အကွက်ကိုပင် သူမတင်ပါးလေးဖြင့် ဖုံးလိုက်လေသည်။
သို့သော်၊ လုဟွေ့ ရိပ်မိသွားကာ မေးလေသည်။ "ထောင်ထောင်၊ ညီမလေးရှူရှူးပေါက်ချလိုက်တာလား?"
"မပေါက်ဘူး၊ မပေါက်ဘူး!" ကလေးမလေး ထပ်ခါထပ်ခါ ငြင်းလေသည်။ "ထောင်ထောင်က လူကြီးဖြစ်လာပြီ၊ အိပ်ရာထဲထပ်ပြီး ရှူးမပေါက်ချတော့ဘူး။"
လုဟွေ့ မယုံနိုင်ပေ။ "မပေါက်ဘူးဆိုရင် ဘာလို့အခင်းကစိုနေရတာလဲ?"
လုထောင် သူမလက်ချောင်းလေးများအား ကိုက်ကာစဉ်းစားရင်း "အခင်း၊ အခင်းက..."
သူမအမိုးပေါ်သို့ မော့ကြည့်သည်ကိုမြင်သော်၊ လုဟွေ့ အရင်ပြောလိုက်သည်။ "အမိုးကို အပြစ်မတင်နဲ့။ မနေ့ညက ဘာမိုးမှမရွာဘူး။"
ကလေးမလေး လက်မခံချင်ပေ။ "မိုးမယိုဘူးဆိုရင်၊ အဲ့တာဆို၊ အဲ့တာဆို..."
သူမအတန်ကြာစဉ်းစားပြီးနောက် ရုတ်တရပ်၊ တင်းပါးအား နေရာရွှေ့လိုက်ပြီး ပြောလေသည်။ "ထောင်ထောင် ပေါက်တာမဟုတ်ဘူး။ ကိုကိုပေါက်တာ..."
လုဟွေ့မှ "စိုနေတဲ့အပိုင်းက ညီမလေးအိပ်တဲ့ဘက်မှာလေ၊ အဲ့တာကို ကိုကိုပေါက်တာ ပြောနေသေးတယ်?" ဟုပြန်ဖြေရှင်းလေသည်။
ကလေးမလေး၏ စိုနေသည့်ဘောင်းဘီကို ပြကာ၊ "ညီမလေးဘောင်းဘီတွေ စိုနေတာတောင် ဝန်မခံသေးဘူးလား?" ဟုမေးလေသည်။
ကလေးမလေး သူမဘောင်းဘီအား ပြန်ကိုင်ကြည့်ကာ၊ မျက်ရည်ဝဲလာလေသည်။ "ထောင်၊ ထောင်ထောင် မလုပ်ဘူး..."
လုဟွေ့ သူမအကြောင်းပြချက်များအား နားမထောင်ပေ။ "မနေ့ညက ကြက်ဥဖျော်ရည်တွေ အများကြီးသောက်လိုက်လို့ ပေါက်ချလိုက်တာမလား?"
"ထောင်ထောင် မပေါက်ဘူး!" ကလေးမလေး အော်ငိုလေတော့သည်။
လုကွေ့ရင်း သူမသမီးအား အိမ်သာမှအထွက် ကူပေးပြီးနောက် သူမ၏မြေး အိပ်ရာခင်းများကိုင်ကာ ငိုကျွေးနေသည်ကို တွေ့လေသည်။ မနီးမဝေးတွင် လုဟွေ့မှ ခန့်မှန်း၍မရသော မျက်နှာထားဖြင့် ကြည့်နေသည်ကိုပါ တွေ့ရသည်။
"ဘာဖြစ်တာလဲ? ရှောင်ဟွေ့၊ သားညီမလေးကို အနိုင်ကျင့်လိုက်တာလား?" ဟု သူမမေးလေသည်။
လုဟွေ့ ချက်ချင်းပင် ပြန်ဖြေလေသည်။ "သားအနိုင်မကျင့်ပါဘူး။ သူ မနေ့ညက ဖျော်ရည်တွေ အများကြီးသောက်ပြီး အိပ်ရာစိုသွားလို့ ငိုနေတာ။"
သူမရှူးပေါက်ချလိုက်သည်ဟု ပြောလိုက်လျှင် သူ၏ညီမလေး ခေါင်မိုးပင်ပေါက်ထွက်မတတ် ပို၍ငိုမည်ဖြစ်သဖြင့် ထိုကဲ့သို့ မပြောရဲပေ။
လုကွေ့ရင်း ချက်ချင်း နားလည်သွားကာ ပြုံးရင်း ပြောလေသည်။ "မနေ့ညက သမီးကိုဖျော်ရည်တွေတိုက်လိုက်တဲ့ ဘွားဘွားအမှားပါ။"
သူမကလေးမလေးအား ပေသွားသော ဘောင်းဘီကိုလဲပေးပြီး စိုနေသည့်အိပ်ရာခင်းများအား ချွတ်လိုက်လေသည်။
ထို့နောက်၊ ကလေးနှစ်ဦး ရေမချိုးရသည်မှာ အတော်ကြာနေလောက်ပြီဟုတွေးကာ၊ ရေနွေးတည်ရန် မီးခိုချောင်ထဲသို့ ဝင်သွားသည်။ "ဘွားဘွား၊ထောင်ထောင့်ကို အရင်ရေချိုးပေးလိုက်ဦးမယ်၊ ရှောင်ဟွေ့ သားကကျောင်းသွားရဦးမှာဆိုတော့ ညနေပြန်လာရင်ချိုးလိုက်နော်။"
လုဟွေ့ ခေါင်းညိမ့်ကာ၊ ပေါင်မုန့်စားပြီးနောက်၊ အိမ်ခန်းထဲသို့ ဝင်သွားလေသည်။
ခဏအကြာ၊ ပုခုံးတွင်ကျောင်းလွယ်အိတ်လွယ်၍သာမက၊ခါးတွင် လုကောပင်း စစ်တပ်မှ သယ်လာသည့်ခါးပတ်ကိုပါ ဝတ်ဆင်ထားလေသည်။
ခါးပတ်တွင် သစ်သားနှင့် ပြုလုပ်ထားပြီး ဆေးအနက်သုတ်ထားသော၊ ဘယ်ဘက်တွင် ခြောက်လုံးပြူး သေနတ်တစ်လက်နှင့် ညာဘက်တွင် ပုံစံ ၅၆ ပစ်စတိုတစ်လက် ချိတ်ဆွဲထားလေသည်။
လုကောပင်းသည် စစ်သားလည်းဖြစ်ပြီး သစ်သားထုဆစ်ပုံဖော်ရာတွင်လည်း ကျွမ်းကျင်သည့်အတွက် ထိုသေနတ်သည် အစစ်အမှန်ကဲ့သို့ပင် ထင်ရလေသည်။ ချန်မိသားစု၏ အကြီးဆုံးမြေး၊ အသက်၁၂နှစ်ခန့်ရှိသော ချန်ပေါင်မြင်သော်၊ "မင်း ငါ့ကို ခနဌားလို့ရလား? ငါဘိုးဘိုးကို အဲ့လိုမျိုးလုပ်ခိုင်းချင်လို့။" ဟုတောင်းဆိုလေသည်။
"ရပါတယ်။" လုဟွေ့ ရက်ရောစွာပင် သဘောတူလေသည်
လုဟွေ့ သူ၏ညီမလေးအကြောင်း တွေးမိသွားပြီး၊ချန်ပေါင်အား မေးလေသည်။ "အစ်ကို၊ အနီရောင်တောင်လိုမျိုးအသီးဟာလေ၊ အဲ့တာဘယ်မှာ ခူးလို့ရလဲသိလား?"
"သိတယ်။" ချန်ပေါင်မှ အသံတိုးတိုးဖြင့် ကပ်၍ပြောလိုက်လေသည်။ "လူတွေသိပ်မခူးရသေးတဲ့ နေရာတစ်ခုသိတယ်။ အဲ့မှာမင်းမှည့်တာတွေ ခူးလို့ရတယ်။ ကျောင်းကပြန်လာရင် ငါလိုက်ပြမယ်။"
အသီးများသည် ရှားပါးပြီး ဈေးအင်မတန်ကြီးသည့်အတွက် အိမ်တွင် အသီးပင်မရှိလျှင်၊ တစ်နှစ်လုံးတွင်မှ အကြိမ်အနည်းသာ စားနိုင်သည်။ တောင်ပေါ်တွင် သစ်သီးပင်များရှိပြီး၊ ၎င်းတို့သည်လည်း မမှည့်ခင်ပင် လူတို့ ခူးယူသွားကြလေသည်။
လုဟွေ့မှည့်သည့်အသီးများ ခူး၍ရနိုင်သေးသည်ကိုကြား၍ ခေါင်းညိမ့်ကာပြောခဲ့သည်။ "အဲ့တာဆို ကျွန်တော့်ကို ကျောင်းဆင်းရင် ခေါ်သွားပေးပါ၊ ထောင်ထောင့်အတွက် နည်းနည်းသွားခူးချင်လို့။"
ဒီမနက် သူ ညီမလေးအား ငိုအောင် ပြုလုပ်ခဲ့သည့်အပြင်၊ထိုကလေးမလေးသည် သူ၏သစ်သားရုပ်များ အကုန်ပြန်ယူပေးခဲ့သည့်အတွက်၊ သူမအားပြန်ချော့ရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။
ညီအစ်ကိုနှစ်ယောက်၊ လွယ်အိတ်ကိုယ်စီလွယ်၍ ကျောင်းသွားကြပြီးမကြာခင်တွင် လုကွေ့ရင်းတည်ထားသော ရေနွေးလည်းဆူလေပြီ။
ဟူချူရှန်း သူမယောက္ခမအားကူကာ ရေဇလုံကို ချန်ဖန်းရှုအခန်းထဲသို့ သယ်လာပေးလေသည်။
အစတွင်၊ သူမယောင်းမ ကလေးများခေါ်ကာ မိဘအိမ်ပြန်လာစဉ်က သူမစိုးရိမ်ခဲ့လေသည်။
အရိုးပြန်ဆက်ဖို့ဆိုရင် ရက်ပေါင်းတစ်ရာလောက်ကြာတာကို ပြန်ကောင်းရင်တောင် သေချာဂရုစိုက်ရဦးမှာ။ အလုပ်လည်း လုပ်နိုင်ဦးမှာ မဟုတ်ဘူး။ ယောင်းမလေးအနည်းဆုံးနှစ်ဝက်လောက်တော့ အလုပ်ပြန်ဝင်နိုင်မှာမဟုတ်ဘူး။ သူ့အစ်ကိုတွေနဲ့ ငါတို့က ထောက်ပံ့ထားရမှာလား?
ထို့နေ့မနက်စာစားချိန်တွင်၊ လုကွေ့ရင်းမှ ယွမ်တစ်ရာထုတ်၍ တစ်မိသားစုလုံးအား သူမသမီးမှ နေစရိတ်ပေးထားကြောင်းပြောပြလေသည်။
ထိုအချိန်မှသာ ဟူချူရှန်း စိတ်သက်သာရာရသွားပြီး သူမယောင်းမအား သေချာပြုံးပြနိုင်တော့လေသည်။
ရေချိုးရန်ပြင်ပြီးသော်၊ လုထောင်အား ခေါ်လိုက်ရာ၊ ကလေးမလေးမှ ခွေးလေးတစ်ကောင်ချီကာ ပြေးလာလေသည်။
"မေမေ၊ ဒီမှာကြည့်! ခွေးလေး!"
သူမရတနာ ပိုက်လာသကဲ့သို့ ကုတင်နားသို့ပြေးသွားရင်း ခြေဖျားထောက်ကာ သူမအမေအား ပြလေသည်။
ခွေးလေးသည် ကျေးလက်တောရွာများတွင် မွေးလေ့ရှိသော သာမန်လမ်းဘေးခွေးလေး ဖြစ်သော်လည်း ခပ်သေးသေး၊အမွှေးပွပွနှင့် ချစ်စရာကောင်းလေသည်။
ချန်ဖန်းရှု လက်လှမ်း၍ ပွတ်သပ်ကာ၊ လုထောင်အား မေးလေသည်။ "ဘယ်ကခွေးလေးလဲ?"
"ကိုကိုကောင်းရှန်းဆီက" သူမပြောပြလေသည်။ "ကိုကိုက ထောင်ထောင် ချီလို့ရတယ်ဆိုလို့။"
သူမပြောပြီးသည်နှင့်၊ တံခါးအပြင်ဘက်မှ ခေါင်းလေးတစ်လုံးဝင်လာလေသည်၊ "အန်တီ" ဟူချူရှန်း၏ အငယ်ဆုံးသား ကောင်းရှန်းဖြစ်လေသည်။
ကောင်းရှန်းလက်ထဲတွင် ပုံးတစ်ပုံးကိုင်ထားပြီး အထဲတွင် ကောက်ရိုးများပါရှိလေသည်။ ခွေးလေးအား ထည့်သည့်ပုံးဟုထင်ရလေသည်။
ဟူချူရှန်းမြင်သော်၊ ချန်ဖန်းရှုအား ရှင်းပြလေသည်။ "ကောင်းရှန်းက နေမကောင်းတော့ အမေက သူနဲ့ဘယ်သူမှ မကစားကြမှာစိုးလို့ အဖော်ရအောင်ဆိုပြီး တစ်ယောက်ယောက်ဆီက ခွေးလေးတောင်းခဲ့တာ။"
လုထောင်ကြားသော် ထောက်ခံလေသည်။ "ခွေးတွေက ပျော်စရာကောင်းတယ်။"
"သမီးကတော့ အကုန်လိုချင်နေတော့တာပဲ။" ချန်ဖန်းရှု သူမနှာခေါင်းလေးအား တို့ကာပြောလိုက်သည်။ "ခွေးလေးကို မြန်မြန်ပြန်ထည့်လိုက်! ပြုတ်မကျအောင် ဂရုစိုက်ဦးနော်။"
"မကျပါဘူး။"
ကလေးလေး နှုတ်ခမ်းထော်သော်လည်း၊ အလျင်အမြန်ပြေးကာ ခွေးလေးအား ပုံးထဲပြန်ထည့်လိုက်သည်။
ထို့နောက် ကလေးနှစ်ဦး ပုံးနားတွင် ဆောင့်ကြောင့်ထိုင်ကာ ခွေးလေးနှင့် ဆော့နေကြသည်။ ကလေးမလေးမှ ကောင်းရှန်းအားမေးလေသည်။ "ကိုကိုကောင်းရှန်း၊ ခွေးလေးမှာ နာမည်ရှိလား?"
ကောင်းရှန်း ခေါင်းခါပြလေသည်။ "မရှိဘူး။"
လုထောင်ချက်ချင်း ပျော်ရွှင်သွားပြီး၊ "အဲ့တာဆို ထောင်ထောင်၊ နာမည်ပေးမယ်၊ အမ်... ကောဒန်းလို့ခေါ်ရင်ရော?" ဟုမေးလေသည်။
"သိပ်အဆင်မပြေဘူး။" လုကွေ့ရင်း ပြောလေသည်။ "သမီးဘိုးဘိုး ငယ်ငယ်ကနာမည်ကလည်း ကောဒန်းပဲ၊ ဘိုးဘိုးကြားသွားဦးမယ်၊ဂရုစိုက်ဦး။"
"အဲ့တာဆို...ရှောင်ထောင်ဆိုရင်ရော?" လုထောင်အလျင်အမြန် နောက်တစ်ခု စဉ်းစား၍ ပြောလိုက်လေသည်။
ချန်ဖန်းရှုမှ ရယ်လိုက်သည်။ "သူက ရှောင်ထောင်ဆိုရင်၊ သမီးနာမည်ကရောဘာလဲ?"
"ဟုတ်သားပဲ။" ကလေးမလေး ခေါင်းခြောက်သွားလေသည်။ "ကောဒန်းလည်းမရဘူး၊ ရှောင်ထောင်လည်းမရဘူးဆိုရင်၊ ဟန်ဟန်ဆိုရင်ရော?"
ကလေးမလေး ရုတ်တရပ် လက်ခုပ်ထတီးခဲ့သည်။ "ဟုတ်တယ်! ဟန်ဟန်လို့ခေါ်ရအောင်။ ဟန်ဟန်၊ သမီးပြောသလိုလိုက်ပြော၊ ဟန်ဟန်——"
နှေးတုတ်တုတ် ကောင်းရှန်း သူ၏အမြင်ကိုပင် မဖော်ပြရသေးခင်၊ ခွေးလေးတွင် နာမည်ရသွားလေသည်။
ထို့နောက်၊ သူ၏ညီမလေး စိတ်အားထက်သန်စွာပင် နာမည်အသံထွက်ကိုပင် သင်ကြားပေးနေလေသည်။
လုကွေ့ရင်းမှ ကလေးမလေးအား ချီလိုက်သည်။ "ဟုတ်ပြီ၊ နောက်မှဆက်သင်ရအောင်။ အခုတော့ ရေချိုးရအောင်။ အခုမချိုးရင်၊ ရေတွေ အေးကုန်လိမ့်မယ်။"
လုထောင်မှ၊ "သမီး ဟန်ဟန်နဲ့တူတူ ချိုးချင်တယ်။" ဟုပြောလေသည်။
"နှစ်ယောက်ချိုးဖို့ မဆံ့ဘူး၊ ထောင်ထောင် စကားနားထောင်ပြီး ကိုယ့်ဘာသာကိုယ်ပဲချိုး၊ ဟုတ်ပြီလား?"
ကလေးမလေး စကားနားထောင်လေသည်။ သို့သော် ရေချိုးပြီးသည်နှင့် သူမအစ်ကိုနှင့် ဟန်ဟန်ဆီသို့ ဆော့ရန် ပြေးပြီး ခွေးလေးအား စကားပြော သင်ပေးနေလေသည်။
နေ့လည်ခင်းတွင်တော့၊ ဟန်ဟန် အနည်းငယ်မျှ ဟောင်တတ်လာလေသည်။
လုထောင် မပျော်ပေ။ "ဟမ်၊ ဒါပဲလား? ဟမ်——"
၂၅၀ - [လုထောင်လေး၊ သမီးဆုကိုတောင်းနိုင်မယ့် အချိန်က တစ်နာရီပဲကျန်တော့တယ်နော်၊ သမီးမတောင်းဘူးဆိုရင် သမီးယုန်လေး မရတော့ဘဲနေလိမ့်မယ်။]
ကလေးမလေး ရုတ်တရပ် ထခုန်လေသည်။ "အိုး၊ သမီးယုန်လေး!"
ကောင်းရှန်း သူမ၏ "ဟန်ဟန်" ဟုအကြိမ်ပေါင်းများစွာ ခေါ်ဆိုခြင်းကြောင့် ခေါင်းမူးနေရာ သူမရုတ်တရပ် ထ၍ခုန်လိုက်ခြင်းကြောင့် လန့်သွားလေသည်။ "ထောင်ထောင်၊ ဘယ်သွားမလို့လဲ?"
လုထောင် နောက်ပင်လှည့်မကြည့်ဘဲ ပြေးသွားလေသည်။ "သမီးယုန်လေး သွားယူမလို့။"
[ဟုတ်တယ်။ မြန်မြန်သွား။] အာ့ဝူလင် သူမအား ပြောလေသည်။ [ယုန်လိုမျိုး ဆုတွေက တောင်ပေါ်မှာပဲတွေ့ရမှာ၊ မဟုတ်ရင် သံသယဝင်စရာဖြစ်နေမှာ။ နေကိုကြည့်ပြီး ဆန့်ကျင်ဘက်ကိုပြေး၊ အဲ့အတိုင်းသွားရင် ရောက်သွားလိမ့်မယ်။]
"သမီး နေကိုသိတယ်။"
ကလေးမလေး ခြံအပြင်သို့ အလျင်အမြန် ယုံကြည်ချက်အပြည့်ဖြင့် ပြေးထွက်သွားပြီး နေဝင်နေသည့် အနောက်ဘက်ကိုမော့ကြည့်ကာ တည့်တည့်ပြေးလေတော့သည်။
၂၅၀ မယုံနိုင်ပေ။ [ဆန့်ကျင်ဘက်သွားခိုင်းတာလေ၊ ဘာလို့တည့်တည့်ကြီးပြေးနေတာလဲ? တွေ့သမျှ လမ်းအတိုင်းသွားမလို့လား?]
ကလေးမလေး ကြားသော် ရုတ်တရပ် ရပ်လိုက်လေသည်။ "ဒါပေမယ့်၊ ဘယ်ဘက်က ဆန့်ကျင်ဘက်လဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ?]
၂၅၀ - [……]