← Chapters

Chapter 22

Vol. 2 Ch. 22

Chapter 22

Vol. 2 Ch. 22

အတွင်းရေးမှူးလျိုပြောသည်ကို အမျိုးသမီးရှုကြားသည့်အခါ သူမ မယုံနိုင်ဖြစ်သွားသည်။ "ဘာပြောလိုက်တာလဲ? ဘယ်သူ့ကိုတိုင်တာ?"

"ရဲဘော်ဝမ်မာဟွာ့ကို တိုင်ထားတာပါ" အတွင်းရေးမှူးလျိုကိုကြည့်ရသည်မှာ ကူကယ်ရာမဲ့ဖြစ်နေသည်။ " ကျွန်တော်တို့တပ်ဖွဲ့မှာ တခြား ဝမ်မာဟွာ့ရှိသေးလို့လား?"

ဒီတစ်ခါတော့၊ အမျိုးသမီးရှူမှာ ရှင်ရှင်းလင်းလင်းကြားလိုက်ရသည်။ သူမ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်ကြောင့် ‌ဒေါသလည်း အရမ်းထွက်လာသည်။ "ဘယ်သူလဲ? ဘယ်သူငါ့ကိုတိုင်တာလဲ?"

အတွင်းရေးမှူးလျိုမှာ ဘယ်မှမပြောဘဲ သူမအား စာရွက်တစ်ပိုင်းကမ်းပေးကာ ပြောလိုက်သည်။ "ဘယ်သူက တပ်ဖွဲ့ရုံးကနံရံမှာ ဒါကိုလာကပ်ထားလဲဆိုတာ ကျွန်တော်လဲမသိဘူး၊ ကြည့်ကြည့်ပါ"

ရွာသားတွေအားလုံးဟာ ဆင်းရဲသည်ကြောင့် တောရိုင်းတိရိစ္ဆာန်တွေကိုသာ စားကြသည်ဟု အတွင်းရေးမှူးလျိုတွေးမိသည်။ သူတို့တွေဟာ တစ်တောင်လုံးကိုပြောင်အောင်စားသည် မဟုတ်တာကြောင့် သူတို့ကိုတိုင်ဖို့မလို‌သေးပေ။

ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး သူလုပ်နိုင်တာ ဘာမှမရှိပေ။ ဒီစာရွက်ကို သူ့ရုံးနံရံတွင် ကပ်ထားတာဖြစ်သည်။မနက်ခင်းတစ်နေ့တာ အလုပ်တာဝန်တွေကို ခွဲပေးရန် သူထွက်လာသည့်အချိန် လူအများစုဟာ ထိုစာကိုတွေ့သွားကြပြီဖြစ်သည်။ ၎င်းကို ဘာမှမဖြစ်ခဲ့သလို သူဟန်ဆောင်နေလို့ မရတော့သည့်အတွက် လာရတော့တာဖြစ်သည်။

စာလုံးကြီးကြီးတိုင်စာဟုခေါ်သော်လည်း အတွင်းရေးမှူးလျိုမှ အမျိုးသမီးရှုဆီ ကမ်းပေးလာသည်မှာ တကယ်တော့အဝါရောင်သန်းနေသည့် သတင်းစာဟောင်းတစ်ခုသာဖြစ်သည်။

တွန့်ကွေးနေသည့် စကားလုံးတစ်စုကို မီးရှို့ထားသည့်သစ်သားချောင်းဖြင့် သတင်းစာပေါ်တွင်ရေးထားသည်။ ကံမကောင်းစွာဖြင့်၊ အမျိုးသမီးရှုမှာ ကျောင်းမတက်ဖူးသလို သူမ၏နာမည်ကလွဲ၍ ကျန်စကားလုံးတွေကို မသိပါချေ။

"ဒီမှာဘာရေးထားလဲဆိုတာ တစ်ယောက်ယောက် ကူဖတ်ပေးလို့ရမလား?" သူမက သတင်းစာဟောင်းကိုလှုပ်ခါရင်းမေးလိုက်သည်။

ရှုလောင်စန်း၏ ဇနီးသည်မှာ မီးဖွါးကာနီးဖြစ်နေကာ အိမ်ထဲတွင်စောင့်နေ၏။ ဆူညံသံတွေကို သူမကြားသည့်အခါ၊ အခြေအနေအား စစ်ဆေးရန် ထွက်လာတော့သည်။

သူမယောက္ခမ မေးနေတာကိုမြင်တော့ သူမ၏ဗိုက်ပူပူနှင့်အတူ သတင်းစာအားယူလိုက်ကာ လည်ချောင်းရှင်းလိုက်ပြီး စဖတ်လိုက်သည်။ "အာ! အာ! ဒါက လုံးဝမတရားဘူး! ဝမ်မာဟွာ့၊ ဒီအရှက်မရှိတဲ့လူက ကျွန်တော်တို့အဖွဲ့က ‌တောရိုင်းယုန်တွေကို စားနေတယ်!"

အန်တီကျန်းမှာ ဘေးတွင်ရပ်ရင်းကြည့်နေကာ ဒါကိုသူမကြားသည့်အခါ မနေနိုင်ဘဲ အော်ရယ်လိုက်သည်။

အမျိုးသမီးရှုရဲ့မျက်နှာဟာ မည်းမှောင်လာကာ ချက်ချင်းဘဲ သူမရဲ့ချွေးမကို စိုက်ကြည့်လိုက်သည်။ "နင်က ဘယ်သူ့ကို အရှက်မရှိဘူးလို့ ပြောနေတာလဲ?"

ရှုလောင်စန်းရဲ့ဇနီးမှာတိတ်သွားကာ ရန်လိုသလိုပြောလာသည်။ "အမေပဲ ကျွန်မကို ဖတ်ခိုင်းတာမဟုတ်ဘူးလား? ဒါက ဒီထဲမှာပြောထားတာတွေပဲ"

အမျိုးသမီးရှုမှာ ဆို့နင့်သွားကာ သူမလက်တွေကို စိတ်မရှည်စွာဖြင့် ဝေ့ယမ်းလိုက်သည်။ "အမြန်ဖတ်၊ ပြီးရင်ရပြီ"

ဒီတစ်ခါတော့၊ ရှုလောင်စန်းရဲ့ဇနီးမှာ သူမရဲ့ခံစားချက်ကိုသိပ်အများကြီး မဖော်ပြရဲတော့ဘဲ တုံးတိတိလေသံဖြင့်ဖတ်ပြလာသည်။ " သူက ယုန်တွေကိုစားရုံတင်မကဘူး အရိုးတွေကိုလဲ တွင်းထဲမှာဖွက်ထားသေးတယ်! ဝမ်မာဟွာ့ကို အရေးယူပေးပါ! နိုင်ငံကိုခိုးတဲ့သူခိုးကိုအရေးယူပေး!!! ဒါပါပဲ"

နောက်ဆုံး သူမရဲ့ချွေးမစာဖတ်ပြလို့ပြီးသွားတော့ အမျိုးသမီးရှုက သတင်းစာကို ဆွဲယူကာပြောလိုက်သည်။ "အတွင်းရေးမှူးလျို ဒီကောလဟာလကို ဘယ်သူဖြန့်တာလဲ? ငါတို့မိသားစုက ဘယ်တုန်းက ယုန်သားစားခဲ့လို့လဲ?"

"ဒါက ကောလဟာလလို့ ငါတော့မထင်ဘူး" အနီရောင်လက်ပတ်နဲ့လူတစ်ယောက်က ရှုအိမ်ရဲ့နံရံဘေးရှိအရိုးတွေကို ညွှန်ပြကာပြောလာသည်။ "ဒါကသက်သေဘဲမဟုတ်ဘူးလား?"

အမျိုးသမီးရှုမှာ ချက်ချင်း အော်လာခဲ့သည်။ "ဒီအရိုးတွေက ငါတို့အိမ်က မြုပ်ထားတာမဟုတ်ဘူးဆိုတာ ဘုရားသိတယ်။ ငါ မတုံးဘူး။ စားပြီးတော့အရိုးတွေကိုမလွှင့်ပစ်ဘဲ ငါ့အိမ်နံရံမှာ မြုပ်ထားတယ်တဲ့။ ဒါက ငါကတစ်ယောက်ယောက် ရှာတွေ့မှာကို စောင့်နေတာမဟုတ်ဘူးလား?"

အနီရောင်လက်ပတ်နဲ့ တစ်ယောက်က ပြောလာသည်။ "အရိုးတွေကို မြုပ်တယ်ဆိုတာ တုံးတယ်လို့ငါမထင်ဘူး။ အရိုးတွေကို မြေမြုပ်လိုက်တာထက် အပြင်မှာထားတာက ရှာတွေ့ဖို့ပိုလွယ်သေးတယ်။ ခင်ဗျားရဲ့အရိုးတွေသာ အတူးမခံခဲ့ရရင် ငါတို့လာခဲ့ရင်တောင် ဘာသက်သေမှ ရှာတွေ့မှာမဟုတ်ဘူး"

အနီရောင်လက်ပတ်နဲ့ရဲဘော်က အမျိုးသမီးရှုရဲ့ ဉာဏ်ကောင်းမှုကို အပြုသ‌ဘောဆောင်ကာ ခိုင်ခိုင်မာမာ ပြောလိုက်ပေမယ့် အမျိုးသမီးရှုမှာတော့ လုံးဝမပျော်တော့ပေ။ "အတွင်းရေးမှူးလျို ငါတို့တွေအိမ်မှာ တကယ် ဘာယုန်မှမစားခဲ့ပါဘူး။ မယုံရင် ငါ့ရဲ့တတိယချွေးမကို မေးကြည့်လို့ရတယ်"

"ခင်‌ဗျားတို့တွေအားလုံးက မိသားစုတွေလေ၊ သူက ခင်ဗျားဘက်ကဘဲ သေချာပေါက် ပြောပေးမှာပေါ့၊ ဘာမေးရအုံးမှာလဲ?"

အတွင်းရေးမှူးလျို ဘာမှမပြောရသေးခင် ချန်ပေါင်ခဲ့က လူအုပ်အနောက်မှ ပေါက်ပြားသယ်ရင်းခေါင်းပြူထွက်လာသည်။ "သူတို့အတိုင်ခံရတယ်ဆိုမှတော့ သူတို့တွေယုန်ဖမ်းနေတာကို တွေ့ခဲ့လို့ပေါ့။ ရှင်းပြစရာလိုသေးလို့လား?"

ချန်ပေါင်ခဲ့အား မြင်လိုက်သည်နှင့် အမျိုးသမီးရှုမှာ မနေ့ကဖြစ်ပျက်ခဲ့တာတွေကို သတိရသွားသည်။ "ဒါကိုလုပ်တာ နင်တို့မိသားစုလား?"

ပြောရလျှင်၊ ဒီတလော သူမအမှားလုပ်မိကာ သူမကိုအမှားလုပ်မိအောင် လုပ်နိုင်သူတွေမှာ အမျိုးသမီးချန်၏ မိသားစုမှဖြစ်နိုင်ချေများသည်။

အမျိုးသမီးရှုမျက်နှာမှာ မှုန်မှိုင်းသွားသည်။ သူမသည် ကောင်းရှန်းနှင် လုထောင်ဆီလျှောက်သွားကာ မေးလိုက်သည်။ "နင်တို့ကို ဒီမှာအရိုးတွေလာတူးဖို့ ဘယ်သူပြောတာလဲ? အဖွားကြီးချန်လား?"

အမျိုးသမီးအိုကြီး၏ အမူအယာဟာ အရမ်းရုပ်ဆိုးနေကာ ကောင်းရှန်း သူမကိုမြင်တဲ့အခါ သူရဲဘော်ကြောင်စွာဖြင့် ချက်ချင်း လုထောင်အနောက်ဝင်ပုန်းလိုက်သည်။

အစက ရှောင်လုထောင်လည်း ပုန်းချင်ခဲ့ပေမယ့် သူမရဲ့တစ်ဝမ်းကွဲမှာ အရမ်းသူရဲဘော်ကြောင်ကာ သူမကို တိုက်ပွဲရှေ့ တွန်းပို့လိုက်သည်။

အရမ်းအရပ်မြင့်ကာ၊ အရမ်းကြီးပြီး အရှုံးမပေးနိုင်ဖြစ်နေတဲ့ အမျိုးသမီးရှုကိုကြည့်ရင်း သူမမှာ တစ်ခဏလောက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ "မဟုတ်ပါဘူး၊ သမီးတို့ မတူးပါဘူး၊ ဟန်ဟန်တူးတာပါ"

ဟမ်?

ပတ်ပတ်လည်က လူတွေမှာ အံ့အားသင့်သွားကြသည်။

ကလေးမလေးမှာ သူမရဲ့ခွေးလေးကို လှည့်ကြည့်လိုက်သည်။ "ဟန်ဟန်ပါ၊ ဒါကိုတူးခဲ့တာဟန်ဟန်ပါ"

သို့ပေမယ့် သူမခေါင်းငုံ့လိုက်တဲ့အခါ ခွေးက သူမအာရုံမစိုက်နေတာကို အခွင့်ကောင်းယူပြီး သူ့ရဲ့သွားသေးသေးလေးတွေကိုသုံးကာ အရိုးကို အားရပါးရကိုက်နေသည်။

ကလေးမလေးက အံ့ဩတကြီးဖြင့်ပြောလာသည်။ "ဟေး၊ အဲ့ဒါစားလို့မရဘူး။ အဲ့ဒါက ညစ်ပတ်တယ်လို့ မေမေပြောတယ် စားလို့မရဘူး!"

စကားကို ကျွမ်းကျင်ရုံသာပြောတတ်တဲ့ ကလေးသေသေးလေးက ဘာလုပ်နိုင်မှာတဲ့လဲ?

လူတိုင်း အမျိုးသမီးရှုဆီ အကြည့်ပြန်ရောက်လာကာ အားလုံးက သဘောမတူကြပေ။ အနီရောက်လက်ပတ်နှင့်တစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး "ကလေးကိုခက်ခဲအောင်မလုပ်ပါနဲ့"

"ဟုတ်တယ်၊ ကျွန်တော်တို့ဘက်မှာ ဘယ်သူမှမရှိဘူးဆိုပြီး ကျွန်တော်တို့ကို အနိုင်ကျင့်လို့မရဘူး" ချန်ပေါင်ခဲ့‌လျှောက်ဝင်လာကာ သူ့ပေါက်ပြားအား မြေပြင်ပေါ်ချလိုက်ပြီး သူ့အရပ်မြင့်မြင့်ကိုယ်ဖြင့် ကလေးနှစ်ယောက်ကို ကာလိုက်သည်။ "ခင်ဗျားမှာ ဘာမှပြောစရာမရှိတော့ရင် ကျွန်တော်တို့နဲ့လိုက်ခဲ့ပါ။ ကလေးနှစ်ယောက်ကို တော့အနိုင်မကျင့်နဲ့"

အမျိုးသမီးရှုမှာ သူနှင့်ငြင်းခုံရင်း အချိန်မဖြုန်းချင်သည့်အတွက် အတွင်းရေးမှူးလျိုနှင့် တခြားသူတွေဘက်လှည့်ကာ ပြောလိုက်သည်။ " ဒီတိုင်ကြားစာကို ရေးပြီး အရိုးတွေကိုမြုပ်ခဲ့တဲ့သူက တစ်ယောက်ထဲဘဲလို့ ငါထင်တယ်။ ဘယ်မိသားစုက ယုန်ကိုခိုးပြီး တမင်သပ်သပ် ငါတို့ကို အပြစ်လာဖို့လဲဆိုတာ ငါမသိဘူး"

သူမဒါကိုပြောပြီးနောက် သူတို့ကိုကြံစည်သူမှာ ချန်မိသားစုမှဟု ရည်ရွယ်ကာ တမင်တကာလုပ်သလိုလိုမလုပ်သလိုလိုနှင့် ချန်ပေါင်ခဲ့အား စိုက်ကြည့်လိုက်သည်။

ချန်ပေါင်ခဲ့မှာ သူမကိုဇာတ်လမ်းတွေ ဆင်ခွင့်မပေးဘဲ ပြောလိုက်သည်။ "ကျွန်တော်တို့တွေ ယုန်အားလုံးကို လွှတ်ထားပြီးပြီ။ ဘယ်နားကနေ ယုန်က လာမှာလဲ? အန်တီရှုက တောင်ပေါ်ကို တိတ်တိတ်လေးတက်ပြီး မှောင်မှပြန်ဆင်းလာတာ ပြီးတော့ သူဘာလုပ်ချင်လို့လဲဆိုတာ ဘယ်သူမှမသိဘူးလေ"

ဒါကို သူပြောပြီးသည်နှင့် လူအုပ်ထဲမှတစ်ယောက်လည်း မှတ်မိသွားသည်။ "အိုး ဟုတ်တယ်၊ အဲ့ဒီတုန်းက သူတို့ရဲ့ဒုတိယသားလဲ တောင်ပေါ်မှာရှိနေတဲ့ပုံဘဲ"

ရှုမိသားစု၏ ဒုတိယသားဟာ ထောင်ခြောက်ဆင်တာတော်မှန်း အဖွဲ့ထဲမှ လူတိုင်းသိကြသည်။ သူသည် တောင်ပေါ်မှ ရစ်ငှက်တွေ၊ ယုန်တွေနှင့် တခြားတိရိစ္ဆာန်တွေ အများအပြား ဖမ်းမိဖူးသည်။ တစ်ခါတွင် သူသည်တောဝက်ရိုင်းတစ်ကောင်အား ဖမ်းမိခဲ့သေးသည်။ တစ်မိသားစုလုံးဟာ အတော်ကြာပျော်ရွှင်ခဲ့ကြသေးကာ တစ်နေ့လုံးကြွားဝါနေခဲ့ကြသည်။

ချန်ပေါင်ခဲ့ပြောပုံအရ၊ ရှုမိသားစုသည် တကယ်ဘဲ ယုန်တွေကိုဖမ်းကာ စားသောက်ကြသည်ကို တခြားသူတွေမြင်သည်ကြောင့် တိုင်စာရေးကြသည့်ပုံပင်။

ချန်မိသားစုဟာ ယုန်ကိုလွှတ်လိုက်ပေမယ့် ရှုမိသားစုကပြန်ဖမ်းလိုက်ကြတာဟာ အတူတူဘဲဟု တချို့လူတွေက အမြန်တွေးမိကြတော့သည်။

အမျိုးသမီးအိုကြီးရှုစိတ်ထဲတွင် လှည့်ကွက်ပေါင်းစုံရှိသည်။ လှည့်ကွက်ပေါင်းစုံရှိသည်သာမက ဆိုးလည်းဆိုးကာ တကယ် ဆိုးရွားလှသည်။

ယခုတွင်တော့ အမျိုးသမီးရှုမှာ သူမတွင် ပါးစပ်ပေါက်ပါရင်တောင်မှ ရှင်းပြလို့မရနိုင်တော့ပေ။ တစ်ယောက်ယောက်သာ သူတို့ကိုမြင်ပါက သူမပိုပြီးတော့တောင် ဆွံ့အနေမိလိမ့်မည်ပင်။

အဆုံးတွင်၊ အတွင်းရေးမှူးလျိုသည် သူမအား ချန်မိသားစုအတိုင်း ဆုံးမလိုက်သည်။ ယုန်ကိုစားလိုက်ပြီဖြစ်တာကြောင့် အမှားအား အချိန်မီပြုပြင်ရန် နည်းလမ်းမရှိတော့ကာ သူတို့မိသားစုမှာ ညစ်ပတ်သည့်အလုပ်ဖြစ်သည့် အသင်းအတွက် တစ်ပတ်နွားချေးကြုံးရန် တာဝန်ပေးအပ်ခံလိုက်ရစည်။

အတွင်းရေးမှူးလျိုနှင့် သူ့အပေါင်းအပါများ ထွက်သွားသွားသည့်အခါ အမျိုးသမီးရှု၏ မျက်နှာမှာ စိမ်းလာကာ ချန်ပေါင်ခဲ့အား ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

သူမသည် ဘာစကားတစ်ခွန်းမှမပြောဘဲ သူ့ကိုချန်ခဲ့သည်ကိုမြင်တော့ ရှုလောင်စန်း၏ဇနီးမှာ မနေနိုင်ဘဲ သံသယဝင်မိတော့သည်။

လူတိုင်းဒီလိုပြောနေကြတော့၊ သူမယောက္ခမက တကယ်ဘဲယုန်ကို တိတ်တိတ်လေးဖမ်းပြီး သူတို့ကိုမပြောပြဘဲ စားဖို့ပြန်ယူလာတာ ဖြစ်နိုင်လောက်မလား?

သူမက ဗိုက်ကြီးနေလို့ ယုန်သားကိုစားလို့မရပေမဲ့ သူမယောက်ျားနဲ့ သူတို့ရဲ့အကြီးဆုံးသမီးကတော့ စားလို့ရသည်။ သူမရဲ့ယောက္ခမ ဒီလိုကိစ္စကြီးကို ဘာလို့သူတို့ကိုမပြောပြနိုင်ရတာလဲ?

လုကွေ့ရင်း ခြံထဲဆင်းကာ အသီးအရွက်စိုက်ခင်းအား ရှင်းလင်းသည့်အချိန် အပြင်ဘက်မှ အဖြစ်အပျက်ဟာ ပြီးနေပြီဖြစ်ကာ သူမအနေဖြင့် တခြားသူတွေ‌ဆီမှ နည်းနည်းပါးပါးကိုသာ ကြားခဲ့ရသည်။

ချန်ပေါင်ခဲ့က သူမရဲ့မြေးတွေကို လာပြန်ပို့တာမြင်တော့ သူမရဲ့အငယ်ဆုံးသားအား တိတ်တိတ်လေး မေးလိုက်သည်။ "မင်းလုပ်ခဲ့တာလား?"

ချန်ပေါင်ခဲ့ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "အမေ၊ ဒါကိုလျှို့ဝှက်ထားနော်၊ ဘယ်သူ့ကိုမှ မပြောနဲ့"

"သိပါတယ်၊ နင့်အမေက မတုံးဘူး" လုကွေ့ရင်းမျက်လုံးလှိမ့်ပြလိုက်ကာ မေးလိုက်သည်။ "အဲ့ဒီစာလုံးကြီးတိုင်စာကရော? ဘယ်သူမှ မသိဘူးမလား?"

"ဘယ်သူမှမပြောနိုင်လောက်ဘူး။ ကျွန်တော်အဲ့ဒါကိုဘယ်လက်နဲ့ရေးခဲ့တာ"

‌လုကွေ့ရင်း သူ့ကျောကို ပုတ်လိုက်ကာ ပြောလိုက်သည်။ "အမြန် လယ်ထဲသွားတော့။ အိမ်မှာအပျင်းတစ်မနေနဲ့"

ခုတောင်ကတော့ သူ့ဦးလေးနဲ့အဖွားပြောနေတာကို ဂရုမစိုက်ပါချေ။ ဟန်ဟန် ဒီနေ့ အမှားတစ်ခုခုလုပ်ခဲ့ကာ သင်ခန်းစာပေးသင့်သည်ဟု သူမထင်မိသည်။

ဒီတော့ သူမအိမ်ပြန်ရောက်သည်နှင့် ခွေးခြေခုံအသေးလေးအား ဒေါသထွက်ထွက်ဖြင့် မ ကာထိုင်လိုက်ပြီး သူမအရှေ့ကိုလက်ညိုးထိုးပြလိုက်သည်။ "ဟေး၊ ဒီကိုလာ"

ဟန်ဟန်မှာ ခြေတံ‌တိုလေးတွေနဲ့ အပြေးရောက်လာကာ သွားရာတွေနှင့် အရိုးအား သူ့ပါးစပ်တွင်ချီထားပြီး သူမအား အမြီးယမ်းပြနေသည်။

လုထောင်မှာ မတတ်နိုင်ဘဲ သူမမျက်လုံးတွေကို တွန့်ချိုးလိုက်ကာ ခွေးလေးရဲ့ခေါင်းကို ထိချင်သွားသည်။ သို့ပေမယ့် လမ်းတစ်ဝက်တွင် သူမဟန်ဟန်ကို သင်ခန်းစာပေးရမယ်မှန်း သတိရသွားကာ ခပ်မြန်မြန် မျက်နှာထားတင်းလိုက်ပြီး ပြောလိုက်သည်။ "အလိုလိုက်ခံထားရတဲ့ကလေးလို လုပ်မနေနဲ့။ အလိုလိုက်ခံထားရတဲ့ကလေးလို လုပ်နေလဲအသုံးမဝင်ဘူး!"

သူက အရိုးကိုခါယမ်းလိုက်ပြီး သူမ မထူးခြားနားဖြစ်နေတာကိုမြင်တဲ့အခါ တွန့်ဆုတ်ဆုတ်ဖြင့်အရိုးကိုအောက်ချလိုက်ပြီး သူမခြေထောက်နားဆီ တွန်းပို့ပေးလိုက်သည်။

ကလေးမလေးမှာ ကြောင်အသွားရသည်။

အဲ့ဒီအချိန် အာ့ဝူလင်က ရုတ်တရက်ပြောလာသည်။ [ခွေးကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပါအုံး။ လနည်းနည်းလောက်ပဲ ရှိသေးတယ် သူက သမီးကိုအရိုးပေးရမယ်ဆိုတာ သိနေပြီ။ သမီး ဖေဖေကတော့ သမီးကိုပျိုးထောင်ဖို့ ကြိုးကြိုးစားစား အလုပ်လုပ်နေရတာ၊ ကိုယ့်ဖေဖေက်ိုကျ ဘယ်လိုဆက်ဆံနေတာလဲ?]

ကံ‌မကောင်းစွာဖြင့်၊ လုထောင်မှာ သူစိတ်မကောင်းဖြစ်နေတာကို လုံးဝသဘောမပေါက်ပါချေ။ အဲ့ဒီအစား၊ သူမမျက်လုံးတွေ တောက်ပသွားကာ ပြောလာသည်။ "နောက်ဆုံးတော့ ဖေဖေထွက်လာပြီ!"

အာ့ဝူလင် - [....ဒီစနစ်က ဘယ်လိုခံစားရမှာလဲ? ဒီစနစ်ရဲ့ ဦးတည်ချက်က ဘာလဲဆိုတာ နားလည်မှုလွဲနေတာလား?]

လုထောင်လေးမှာ နားလည်မှုလွဲတာလားဆိုတာကိုဂရုမစိုက်ပါချေ။ သူမက တိုက်ရိုက်မေးလာသည်။ "ဖေဖေ၊ ဟန်ဟန့်ကို ပန်းရောင်လေး လုပ်ပေးလို့ရမလားဟင်? ထောင်ထောင်က ပန်းရောင်ကြိုက်တယ်"

အာ့ဝူလင်မှာ နှစ်စက္ကန့်လောက်တိတ်သွားပြီးနောက် ရုတ်တရက် ဒေါသထွက်လာသည်။ [ဖေဖေ သမီးရဲ့တစ်ဝမ်းကွဲ ပု‌ရွတ်ဆိတ်တွေကို ကစားမယ့်အချိန်စောင့်နေတာလေ။ သမီးအနားမှာ ဘယ်သူမှမရှိမှ နောက်ဆုံးမစ်ရှင်ရဲ့အချက်တွေကို လာပေးလို့ရမှာလေ။ ဒီစနစ်က မင်းရဲ့ခွေးကို အရောင်ဆိုးပေးဖို့လား?]

သူမအဖေဆီမှ အဆူခံရပြီးနောက် ကလေးမလေးမှာ ချက်ချင်းနှုတ်ခမ်းစူလိုက်သည်။ "ဒါပေမဲ့ ဒါပေမဲ့၊ ဖေဖေက ထောင်ထောင်ကို ဝက်လေးမပေးဘူးလေ"

[မင်းက နောက်ဆုံးမစ်ရှင်ကိုတောင် မပြီးသေးတာ ငါ့ကိုအပြစ်လာတင်နေတာလား? ပြီးတော့ မင်းကို ယုန်မပေးခဲ့ဘူးလား?]

လုထောင်လေးက ခေါင်းငုံ့လိုက်ကာ ခုံတန်းအစွန်းလေးကို ကုတ်ခြစ်နေကာ မျက်နှာကိုဆူပုတ်ထားရင်း ဘာစကားမှမပြောပေ။

[မေ့လိုက်တော့၊ မေ့လိုက်တော့ သမီးဝက်ကို လိုချင်ဆိုရင် နောက်တစ်ခေါက် ဖေဖေ့အလုပ်တွေကို ကူလုပ်ပြီးတဲ့အချိန်ထိစောင့်ပေး။ သမီးမှာ ပန်းအနီလေး အခု၂၀ရှိတယ်။ နောက်ထပ်ငါးခုသာရရင် ဖေဖေ့ဆီကနေလက်ဆောင်ရမယ်]

"တကယ်လား?" ကလေးမလေးမှာ ချက်ချင်း ပြန်တက်ကြွလာတော့သည်။ "ပန်းရောင်လေးလား၊ ဟန်ဟန်ကိုပြောထားသလိုလားဟင်?"

[ဒါပေါ့] အာ့ဝူလင်က ပြောလာသည်။ [ဒါပေမဲ့ အဲ့ဒီဝက်လေးကို ကြည့်ဘဲကြည့်လို့ရမယ် ထိလို့မရဘူးနော်၊ လိုချင်သေးရဲ့လား?]

ရှောင်လုထောင်မှာ တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်သည်။ "သမီးလိုချင်တယ်"

[ဒါဆိုရင် နောက်ထပ်မစ်ရှင်ကိုစောင့်နေ။ လဲလို့ရမယ့်ဆိုတွေကိုတွေ့ရင် သမီး ဟန်ဟန်လေးကို လိုချင်ပါ့ဦးမလားတော့မသိဘူး]

ရလာမယ့်ပန်းရောင် ဟန်ဟန်လေးနှင့်အတူ ကာကီရောင်ဟန်ဟန်လေးကတော့ ချက်ချင်း ကျော်ကြားမှုကျသွားတော့သည်။

မွန်းလွဲပိုင်း၊ ခွေးလေးနေရောင်အောက်တွင် အိပ်နေချိန် ကလေးမလေးဟာ သူမရဲ့မေးစေ့ကိုကိုင်ကာ အာ့ဝူလင်အား နောက်ထပ်မစ်ရှင်က ဘယ်တော့လဲဆိုတာကို မေးနေသည်။

အာ့ဝူလင်မှာ အရမ်းစိတ်ညစ်လာကာ ပြောလာသည်။ [အရင်တုန်းကလို ပြီးပြည့်စုံတဲ့ လက်ခံသူမျိုးရပါစေလို့ ငါဆုတောင်းမိတယ်၊ ဒီတော့မှ ဘယ်အချိန်မဆို ပါးစပ်ပိတ်ထားဖို့ပြောလို့ရမှာ]

All Chapters