Chapter 23
Vol. 2 Ch. 23
ရှောင်လုထောင်မှာ သူ့ဖေဖေရဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေမှုကို လုံးဝသဘောမပေါက်ပေမယ့် ကံကောင်းထောက်မစွာဖြင့် တစ်ယောက်ယောက်က အာ့ဝူလင်အား ဒီအခြေအနေကနေ ကယ်တင်လိုက်သည်။
ခေါင်းလေးသုံးလုံးဟာ ချန်မိသားစုခြံဝင်းရှိ ဖွင့်ထားသည့် ခြံတံခါးကနေ ပေါ်လာသည် - တစ်လုံး၊ နှစ်လုံး၊ သုံးလုံး
ထိုအဖွဲ့ကို ဦးဆောင်သည့်သူမှာ ကျစ်ဆံမြှီးနှစ်ဖက်နှင့် ကလေးမလေးဖြစ်သည်။ သူမတွင် မျက်နှာဝိုင်းဝိုင်းလေးရှိကာ ခြောက်နှစ် ခုနစ်နှစ်အရွယ်လောက်ဖြစ်သည်။
"ဟေး ညီမလေး" သူမက လုထောင်ကိုခေါ်လိုက်သည်။ "တို့တွေ ကစားနည်းအသစ်ကစားမလို့၊ ငါတို့နဲ့ကစားချင်လား?"
[သူကစားချင်တယ်တဲ့]
လုထောင်မဖြေရသေးခင် အာ့ဝူလင်က သူမနားနားတီးတိုးပြောလာသည်။ [သွားလေ၊ လုထောင်လေး။ ကျန်းမာပြီး ယုံကြည်မှုရှိတဲ့ကလေးတိုင်း အတူတူကစားမယ့် သူငယ်ချင်းတွေ ရှိသင့်တယ်။ သမီးဖေဖေရဲ့ ကောင်းချီးပေးတာကိုယူပြီး သတ္တိရှိရှိနဲ့သွားလိုက်]
လုထောင်မှာ တုံ့ဆိုင်းနေဆဲဖြစ်ကာ ကျစ်ဆံမြှီးနှင့်ကလေးမလေးမှာ မနေနိုင်ဘဲ သူမခေါင်းကိုထပ်ကြည့်လာသည်။ "နင့်ခေါင်းကသဘာဝလား? တကယ်လှဝာာပဲ"
လုထောင်ဟာ ဆံပင်ကောက်ကောက်လေးနှင့် ချစ်စရာကောင်းသည်ဟု ထင်မိသည်ကြောင့် သူမနဲ့အတူကစားရန်ခေါ်ချင်သည့်အတွက် ချန်အိမ်အရှေ့မှ အကြိမ်များစွာဖြတ်ဖြတ်သွားလေ့ရှိသည်။
ဒီအရမ်းလှတယ် ဆိုတဲ့စကားဟာ ရှောင်လုထောင်ရဲ့ရင်ကို အောင်အောင်မြင်မြင်နှင့် ဝင်ရောက်နိုင်လိုက်သည်။ အခုလေးတင် သူမရဲ့ တုံ့ဆိုင်းနေမှုဟာ ချက်ချင်းဘဲ ပျောက်ကွယ်သွားတော့သည်။ "ကောင်းပြီ၊ ကောင်းပြီ ဘယ်ကိုသွားမှာလဲ?"
သူမအမြန် အိမ်ဘက်ပြန်ပြေးသွားကာ သူမအပြင်ထွက်ကစားချင်ကြောင်း သူမအမေကို ပြောလိုက်သည်။
မမျှော်လင့်ထားစွာနဲ့ ကလေးတချို့ဟာ သူမကိုရွာဝင်ပေါက်ဆီ ဦးဆောင်ခေါ်သွားကာ နည်းနည်းဝသည့်ကောင်လေးတစ်ယောက်က သတင်းပေးရန်အရှေ့ကိုပြေးသွားသည်။ "မြန်မြန်၊ ဒီမှာဘယ်သူမှမရှိဘူး"
ကျစ်ဆံမြှီးနဲ့ကောင်မလေးဟာ ရှောင်လုထောင်၏ လက်ကိုဆွဲကာ ပြေးသွားသည်။ "မြန်မြန်လာ၊ နောက်ကျသွားရင် ထပ်ပြီးအလုခံရလိမ့်မယ်"
သူမသည် ရှောင်လုထောင်အား ရွာဝင်ပေါက်ရှိ သစ်ပင်အသေးလေးဆီခေါ်သွားကာ ကြိုးနီဖြင့်ချည်ထားသည့် သစ်ပင်လေးအား လက်ညိုးထိုးပြလိုက်ပြီး လုထောင်ကို ပြောပြလာသည်။ "ငါ့အဖွားပြောတယ် အဲ့ဒီကြိုးအနီချည်ထားတဲ့သစ်ပင်တွေက အစွမ်းရှိတယ်တဲ့။ ဒီအပင်သေးသေးလေးက ငါတို့အဖွဲ့ အထွတ်အမြတ်ထားတဲ့အပင်ပဲ"
"အထွတ်အမြတ်ထားတဲ့အပင်?"
ရှောင်လုထာင်မှာ အံ့ဩတကြီးဖြင့် မျက်လုံးတွေပြူးကျယ်သွားကာ ထိုသစ်ပင်အားကြည့်ရသည်မှာ အရမ်းစွမ်းအားကြီးသလို ခံစားလိုက်ရသည်။
"ဟုတ်တယ်" ကျစ်ဆံမြှီးနှင့်ကောင်မလေးက ခေါင်းညိတ်ပြလာသည်။ "နင်တစ်ခုခုလိုချင်တာရှိရင် အဲ့ဒီသစ်ပင်ကို ပြောလိုက်။ တစ်ယောက်ယောက် အဲ့ဒီကနေ ယုန်တစ်ကောင်ရလာတယ်လို့ ငါကြားတယ်"
"အရမ်းအံ့ဩစရာကောင်းတာပဲ" ကလေးမလေးကအဝေးကိုလှမ်းကြည့်လိုက်ပြီး "အဲ့ဒါဘယ်သူလဲဟင်?"
ကျစ်ဆံမြှီးနှင့်ကောင်မလေးမှာ ခေါင်းခါလိုက်ပြီး "ငါလဲမသိဘူး။ ဘာဘဲဖြစ်ဖြစ် ဒီအပင်ကအရမ်း အစွမ်းရှိတာ။ ဒါက နင်သိထားရမှာတွေပဲ"
သူမက ပြောပြီးနောက် သူမ၏ သူငယ်ချင်းတချို့နှင့် စကားစမြည်ပြောလိုက်ကာ သစ်ပင်တွင် ဆုတောင်းရန် တစ်ယောက်ပြီးတစ်ယောက် ရှေ့တိုးသွားကြသည်။
ဘယ်လိုလုပ်မလဲဆိုတာ မသိကြသည့်အတွက် ကျစ်ဆံမြှီးနှင့်ကောင်မလေးက အရင်ပြောပြသည်။ "ငါ့အစ်ကိုပြောတာတော့ ဒီအပင်အစွမ်းပြတာကို လိုချင်ရင် အပင်ကို တစ်ုခုခုအရင်ပြောရမယ်တဲ့"
"ဘာပြောရမှာလဲ?"
"ဖေဖေ၊ ဖေဖေ ရှိနေလား လို့ပြောရမယ်"
ရှောင်လုထောင်လည်း အားကြိုးမာန်တက်ဖြင့် ခေါင်းညိတ်လိုက်သည်။
ငါ့ကိုဖေဖေလို့ ခေါ်ချင်တာမဟုတ်လား? ထောင်ထောင်ထောင်အဲ့ဒါကိုမှတ်မိသွားသည်။
သူမက အရမ်းလေးလေးနက်နက်ကို ခေါင်းညိတ်နေတာမြင်တော့ အာ့ဝူလင်က မေးလိုက်သည်။ [ထောင်ထောင်လေး၊ ဒီစကားနဲ့ရင်းနှီးနေတယ်လို့ မထင်ဘူးလား?]
"ရင်းနှီးနေတယ်လား?" ကလေးမလေးမှာ စိတ်ရှုပ်သွားတော့သည်။ "ဒါကိုတခြားသူပြောတာ ထောင်ထောင်တစ်ခါမှမကြားမိပါဘူး"
အာ့ဝူလင် - [....မင်းပျော်နေသရွေ့ထားလိုက်ပါတော့]
ဒီအချိန်တွင်၊ ကျစ်ဆံမြှီးနှင့်ကောင်မလေးက စပြီးဆုတောင်းလိုက်သည်။ " ဖေဖေ ရှိနေလား? သမီးဆံပင်ကောက်ကောက်လေးလိုချင်ပါတယ်။ သမီးမှာ ဝေချောင်လို ဆံပင်ကောက်ကောက်လေးရှိရင်ကောင်းမှာပဲ။ ဒါပေမယ့် မဟုတ်ရင်လဲ ဒီညီမလေးလို ဆံပင်ကောက်ကောက်လေးရလဲ အဆင်ပြေပါတယ်"
မိနစ်အနည်းငယ်အကြာ သူမခေါင်းငိုက်စိုက်ဖြင့်ရောက်လာသည်။ "အလုပ်မဖြစ်သေးဘူး။ နောက်တစ်ယောက် ဘယ်သူလဲ?"
"ငါ! ငါလုပ်မယ်!" ဝဝနဲ့ကောင်လေးက သူ့လက်ကိုမြှောက်ကာ သစ်ပင်ရှေ့ကိုလျှောက်သွားပြီး သူ့ခေါင်းကိုကုတ်ကာ ဂရုတစိုက်ဖြင့် မေးလိုက်သည်။ "ဖေဖေ ရှိနေလား? သားတခြားဘာမှမတောင်းချင်ပါဘူး၊ အသားဘဲစားချင်ပါတယ်။ သားကို ယုန်လေးတွေ ပေးလို့ရမလား? အများကြီးမဟုတ်ပါဘူး ရှစ်ကောင်ဆယ်ကောင်လောက်ပါပဲ"
အာ့ဝူလင် - [....သိပ်မများပါဘူး၊ ဟဟ]
လူတိုင်းစမ်းကြည့်ပြီးနောက် ရှောင်လုထောင်အလှည့်ရောက်လာသည်။
သူမသည် သူမရဲ့အစ်ကိုကြီးအစ်မကြီးတွေအတိုင်း ရှေ့ကိုတိုးကာ လုံးဝလေးလေးနက်နက်ဖြင့် အော်ပြောလိုက်သည်။ "ဖေဖေ၊ ဖေဖေ ရှိနေလား? ထောင်ထောင်မှာ လုပ်ရမယ့်မစ်ရှင်ရှိတယ်"
သူမပြောပြီးသည့်နောက် သစ်ပင်လေးက ဘာမှမတုံ့ပြန်ပေမယ့် အာ့ဝူလင်ဆီမှ တည်ငြိမ်သည့်အသံကို ကြားလိုက်ရသည်။
[သစ်ပင်အကျိုးကြီးကို 'ဖေဖေ' လို့အော်ခေါ်နေတာ hostရေ အမှန်တိုင်းပြောရရင် တာဝန်တွေကိုဘယ်အချိန်ပေးတယ် ဘာတာဝန်ပေးလဲဆိုတာကို ပင်မဦးနှောက်ကနေ ဆုံးဖြတ်ပေးတာပါ။ ပြီးတော့ ဒီစနစ်မှာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။ ဒီတော့ အိမ်မက်မက်မနေ....]
စကားပြောနေရင်းတန်းလန်းမှာဘဲ စနစ်မှာ ရုတ်တရက်ရပ်သွားသည်။
နောက်တစ်စက္ကန့်မှာတော့ ဖောက်ထွင်းမြင်နိုင်တဲ့ ဘောင်ကွက်တစ်ခုက ရှောင်လုထောင်အရှေ့တွင်ပေါ်လာတော့သည်။
အာ့ဝူလင် - [ငါ့ရဲ့ မြောင်မြောင်မြောင်! Hostရေ မင်းမှာဘယ်လိုကံမျိုးရှိနေရတာလဲ? မင်းတကယ် မစ်ရှင်တစ်ခုရလာပြီ!]
........
“ပိုက်ဆံရှာရမယ်…ပိုက်ဆံရှာရမယ်…”
စိတ်လှုပ်ရှားမှုအပြီးတွင် ရှောင်လုထောင် သူမ၏လက်ချောင်းတွေကို ကိုက်လိုက်ပြီး သူမနှင့်အနည်းငယ် စိမ်းသက်နေသည့် ထိုစကားလုံးအား တွေးတောလိုက်သည်။
ဒီတစ်ခေါက် စနစ်မှတာဝန်ဟာ မေမေချန်ဖန်းရှုအား တစ်ပတ်အတွင်း နှစ်ဆယ့်ငါးယွမ်ပါသည့် ပထမဆုံးရွှေအိုးကို ရှာပေးရမည်ဖြစ်သည်။
ထိုတာဝန်၏ ဆုလာဘ်မှာ ဆယ်ကီလိုဂရမ်ရှိသည့်လမုန့်နှင့် အနီရောင်ပန်းလေးဟုခေါ်သည့် ပွိုင့်နှစ်ဆယ်ဖြစ်သည်။
ထောင်ထောင် လှုပ်လှုပ်ရွရွဖြစ်နေသည်။ ဒါ...ဒါပေမဲ့ သူ့မေမေကို ဘယ်လိုပိုက်ဆံကူရှာပေးရမှာလဲ?
တစ်ခဏမှာ သူမက 'အထွတ်အမြတ်သစ်ပင်'ကို ပျော်ရွှင်မှုအပြည့်ဖြင့် ကြည့်လိုက်ပြီး နောက်တစ်ခဏမှာတော့ မျက်မှောင်ကြုတ်ကာ သူတို့နားမလည်နိုင်သည့်တစ်ခုခုကို ပြောနေတာကြောင့် သူငယ်ချင်းတစ်စုမှာ သူမနားရောက်လာကာ မေးလိုက်သည်။ "နင်ဘယ်သူနဲ့စကားပြောနေတာလဲ?"
"ဖေဖေနဲ့လေ" ကလေးမလေးက စဉ်းတောင်စဉ်းစားမနေဘဲ ပြောလိုက်သည်။
ဖေဖေနဲ့?
လူတိုင်းရဲ့ အကြည့်တွေက ကြိုးအနီချည်ထားသည့် သစ်ပင်ကို အာရုံစိုက်လာကြသည်။
ကျစ်ဆံမြှီးနှင့်ကောင်မလေးက မဝံ့မရဲဖြင့် မေးလိုက်သည်။ "နင် ဖေဖေလို့ပြောလိုက်တာလား? အထွတ်အမြတ်သစ်ပင်က အစွမ်းပြလိုက်တာလား?"
"ဟုတ်တယ်!" ရှောင်လုထောင်က ခေါင်းညိတ်ပြလိုက်သည်။
သူမရဲ့ ဖေဖေက သူမကို တာဝန်အသစ်ပေးလိုက်တဲ့အတွက် ဒီသစ်ပင်ရဲ့အစွမ်းက ပေါ်လာတာဖြစ်ရမည်။
ဒါကိုပြောလိုက်တဲ့အခါ ကလေးတွေ အံ့ဩထိတ်လန့်သွားကြသည်။ "အဲ့ဒါ တကယ်ဖြစ်လာတာလား? ဒီသစ်ပင်ဖေဖေက နင့်ကို ဘာပြောလိုက်လဲ?"
"ဖေဖေက ငါ့ကိုအိမ်ပြန်ပြီး ငါ့ရဲ့တာဝန်ကို လုပ်လို့ပြောလိုက်တယ်"
"တာဝန်ကိုလုပ်ရမယ်?"
ကလေးတွေက ထပ်ပြီးမေးလာကြသည်။ "ဘာတာဝန်လဲ? အဲ့ဒါက အဖွဲ့ကနေ စီစဉ်ပေးတဲ့ အလုပ်တာဝန်လား?"
ရှောင်လုထောင် ဒါကိုကြားတဲ့အခါ ချက်ချင်းရင်ဘက်ကိုမတ်မတ်ထားလိုက်ပြီး ပြောလိုက်သည်။ "ငါ ဒါကိုသိတယ်။ တာဝန်ကိုပြီးအောင် လုပ်ရတယ်လို့ဆိုလိုတာက အလုပ်လုပ်တာပဲ"
ထောင်ထောင်က အရင်ကလို ဘာမှမသိတဲ့ထောင်ထောင်မဟုတ်တော့ဘူး ~ ဂုဏ်ယူနေတဲ့မျက်နှာ.jpg
ကလေးတွေလည်း ရုတ်တရက် သဘောပေါက်သွားကြသည်။ "ဒီတော့ အဲ့ဒါက အလုပ်လုပ်တာလို့ ပြောချင်တာပေါ့။ ထောင်ထောင် နင်က အလုပ်လုပ်ရတာကို တကယ်ကြိုက်တာပဲ"
"ဒါပေါ့၊ အလုပ်ဆိုတာက အကြီးကျယ်အခမ်းနားဆုံးပဲ"
ရှောင်လုထောင်မှာ ချီးကျူးခံရသည်ကြောင့် အနည်းငယ်ရှက်သွားကာ သူမအိမ်ပြန်ချင်သည်ဟု အမြန်ပြောလိုက်သည်။ "ငါပြန်ပြီး ငါ့အလုပ်တွေကိုလုပ်ရအုံးမယ်"
"သွား၊ သွား" ကလေးတွေက သူမကို လက်ယမ်းပြလိုက်ကာ သစ်ပင်ရှေ့တွင် ထပ်ပြီး စုဝေးကြပြန်သည်။
ကျစ်ဆံမြှီးနှင့်ကောင်မလေးမှာ မျက်မှောင်ကြုတ်လိုက်ပြီး ပြောလာသည်။ "ဒီအပင်က ငါတို့တွေ လိုချင်တာဘဲတောင်းနေတာလို့ ထင်ပြီး ငါတို့ကို လျစ်လျူရှုထားတာလို့ ထင်လား?"
"ဟုတ်လောက်တယ်။ ဒီအပင်က လိမ္မာပြီး အလုပ်ကြိုးစားတဲ့ကလေးကိုပဲ သဘောကျတာထင်တယ်"
"ငါတို့တောင်းထားတာတွေကို နောက်တစ်ခေါက် ဘယ်လိုပြန်ပြောင်းရမှာလဲ?"
ဆွေးနွေးမှုတချို့အပြီးမှာ၊ ကျစ်ဆံမြှီးနဲ့ကောင်မလေးက အရှေ့ကိုအရင်သွားကာ ဆုတောင်းလိုက်သည်။ "ဖေဖေ ရှိနေလား? သ သမီးလည်းအလုပ်လုပ်ချင်တယ်!"
သူမက သတ္တိကိုစုကာ သေဖို့အသင့်ဖြစ်နေသလိုစိတ်ပိုင်းဖြတ်ထားပုံဖြင့် ပြောလိုက်သည်။ သို့ပေမယ့်၊ အတော်ကြာတဲ့အထိ သစ်ပင်က ဘာမှပြန်မတုံ့ပြန်လာပေ။
ကျစ်ဆံမြှီးနဲ့ကောင်မလေးဟာ သက်ပြင်းချလိုက်သည်။ "ဒါက အလုပ်လုပ်တာနဲ့ မဆိုင်လောက်ဘူး။ ဒီအပင်က ဆံပင်ကောက်ကောက်လေးတွေကိုပဲ သဘောကျတာထင်တယ်"
သူတို့တွေ အပြင်ထွက်လာကစားတဲ့အချိန် ဘယ်သူကအိမ်ပြန်ပြီး အလုပ်လုပ်ချင်မှာလဲ? ကံကောင်းထောက်မစွာဖြင့် သစ်ပင်ဟာ သူ့အစွမ်းကို မထုတ်ပြလာပေ။
ဒါကိုတွေးနေရင်း သူမရဲ့အမေက အဝေးမှနေ လှမ်းအော်ခေါ်လာသည်။ "ရှောင်ယွဲ့၊ ပဲတွေ ခူးတာပြီးလို့ ထွက်ကစားနေတာလား? မြန်မြန်လာပြီး ကိုယ့်အလုပ်ကို ပြီးအောင်လုပ်အုံး"
ကျစ်ဆံမြှီးနဲ့ကောင်မလေးမျက်နှာမှာ ကြီးကြီးမားမားကို ပြောင်းလဲသွားတော့သည်။ "ဒါက တကယ်အစွမ်းပြတာပဲ!"
တခြားကလေးတွေလည်း မျက်လုံးတွေ ပြူးကျယ်လာတော့သည်။ "ဒီအပင်က ငါတို့တွေ အလုပ်လုပ်ချင်တယ်လို့ ပြောတဲ့အခါကျ ဘယ်လိုလုပ် အစွမ်းပြလာတာလဲ?"
ဒီအချိန်မှာ ကျစ်ဆံမြှီးနဲ့ကောင်မလေးက ပြန်မဖြေလာသည့်အတွက် သူ့အမေက ထပ်အော်ခေါ်လာသည်။ "အမေခေါ်နေတယ်လေ၊ ကြားရဲ့လား? တိုဖူးစားချင်လို့ နင့်အဖိုးကို အပူကပ်နေတာ မဟုတ်ဘူးလား? မြန်မြန်လာပြီး ပဲတွေလာခူး၊ အမေကြိုပြီး ရေစိမ်ထားရအောင်"
"သမီးသိပြီ" ကလေးမလေးမှာ စိတ်ဓာတ်ကျသွားတော့သည်။
ကျစ်ဆံမြှီးနှင့် ကလေးမလေး ထွက်သွားတော့ သစ်ပင်ရှိရာနေကာတစ်ဝိုက်မှာ တိတ်ဆိတ်သွားတော့သည်။
နောက်တစ်ခဏမှာ တစ်ယောက်ယောက်ကမေးလိုက်သည်။ "ငါတို့ထပ်စမ်းကြည့်ကြအုံးမလား?"
"မစမ်းကြည့်တော့ဘူး"
ကျန်တဲ့သူတွေလည်း ခေါင်းခါကာ ကြောက်သလိုအမူအရာတွေဖြင့် မနေနိုင်ဘဲ သစ်ပင်နဲ့ဝေးရာဆီ ရွှေ့သွားကြတော့သည်။
ဘုရားရေ! ဒီသစ်ပင်က အရမ်းကြောက်ဖို့ကောင်းတာ!
သူတို့အိမ်က တစ်ယောက်ယောက်သာ သူတို့ကိုအိမ်ပြန်ပြီးအလုပ်လုပ်ဖို့ လာပြောရင်ဘယ်လိုလုပ်လဲ? သူတို့ဘယ်လိုလုပ်ရမလဲ?"
ဆံပင်ကောက်ကောက်လေးနဲ့ ရှောင်ထောင်ထောင်က တကယ်သတ္တိရှိတာပဲ၊ ဘယ်သူမှ သူနဲ့မယှဉ်နိုင်ဘူး။
အထွတ်အမြတ်သစ်ပင်ရှိ ဆုတောင်းကြတဲ့ပွဲဟာ ရှင်းမပြနိုင်လောက်အောင် ထူးထူးခြားခြားနှင့် ကျော်ကြားနေမှုဟာ မှိန်ဖျော့လာတော့သည်။
နှစ်ရက်အတွင်း၊ ကိုယ်ခံပညာကမ္ဘာတွင် - အထွတ်အမြတ်သစ်ပင်ဟာ မိသားစုထဲက လူကြီးတွေကိုဘဲ သဘောကျပြီး လူတွေကို အလုပ်လုပ်ဖို့/ အိမ်စာလုပ်ဖို့/ စာမေးပွဲဖြေဖို့ လုပ်ရတာကိုကြိုက်တယ် ဆိုတဲ့ ဒဏ္ဍာရီအသစ်တစ်ခု ပြန့်နှံ့သွားသည်။ ကလေးတွေဟာလည်း ကြောက်နေကြပြီး ရွာအဝင်ဝတွင် ယခင်ကလိုစုဝေးနေတာမျိုး မရှိတော့ပေ = =
လုထောင်အိမ်ပြန်ရောက်တဲ့အခါ ချန်ဖန်းရှုက လုကွေ့ရင်း အဝတ်တွေကိုဖာနေသည်ကို ကူလုပ်ပေးနေသည်။ "အမေ၊ ကျွန်မဖာထားတာ ဘယ်လောက်တော်လဲဆိုတာ ကြည့်ပါအုံး"
"ဒါပေါ့ အမေသိတယ်။ အမေ နင့်လက်ရာကိုယုံတယ်"
လုကွေ့ရင်းမှာ အဝတ်အစားတွေကို အဝေးမှာထားဖို့လုပ်လိုက်တဲ့အချိန် လုထောင်က တံခါးပေါက်အရှေ့တွင် ဇက်ကိုပုကာ မေးလာသည်။ "ဖွားဖွားက အဝတ်အစားတွေကို ဖာပေးပြီး ပိုက်ဆံရှာတာလား?"
သူမ၏ ချုပ်လုပ်နေတာတွေကို ဘေးတွင်ထားနေတဲ့ ချန်ဖန်းရှုမှာ အံ့ဩသွားရသည်။ သူမပြုံးကာ သူမ၏သမီးအား တစ်ချက်ကြည့်လိုက်သည်။ "သမီးအပြင်မှာသွားကစားတာ မဟုတ်ဘူးလား? ခဏဘဲရှိသေးတယ် ပြန်လာပြီလား?"
ရှောင်လုထောင်မှာ ပိုက်ဆံရှာမယ့်အကြောင်းကိုသာ တွေးနေတဲ့အတွက် ကြုံသလို ခေါင်းညိတ်ပြလိုက်ကာ လုကွေ့ရင်းအား မေးလိုက်သည်။ "သမီးရော အဝတ်တွေဖာပေးရင် သမီးကို ပိုက်ဆံပေးမှာလားဟင်?"
လုကွေ့ရင်းမှာ ရယ်စရာကောင်းသည်ဟု ထင်လိုက်ကာ သူမခေါင်းလေးအား ထိလိုက်သည်။ "ဘာဖြစ်လို့လဲ? အပြင်ခဏလေးပဲ ထွက်ရသေးတယ် ပြန်လာတော့ ပိုက်ဆံကိုစွဲလမ်းလာပြီ"
ချန်ဖန်းရှူလည်း ပြုံးကာ သူမ သမီးကိုဖက်လိုက်ကာ သူမကျောမှ ချွေးတွေကို သုတ်ပေးလိုက်သည်။ "ကိုယ့်မိသားစုအတွက် အဝတ်တွေ ဖာပေးတာကို ပိုက်ဆံတောင်းတယ်လား? ပိုက်ဆံသရဲလေးပဲ"
"ပိုက်ဆံမပေးဘူးလားဟင်?" ကလေးမလေးမှာ အနည်းငယ်စိတ်ပျက်သွားမိသည်။ "တခြားမိသားစုတွေကိုရောဟင်? သူတို့ကိုရော မပေးဘူးလားဟင်?"
"တခြားအမေတွေလဲ အဝတ်အစားတွေ ဖာတတ်တယ်လေ၊ ဒီတော့ သူ့တို့အတွက်လုပ်ပေးဖို့ မေမေ့ကိုမလိုဘူးပေါ့"
ရှောင်လုထောင်မှာ ပိုလို့တောင် စိတ်ပျက်သွားမိသည်။
သူမမေမေက အဝတ်တွေကို အလှဆုံးဖာတတ်တာ။ သူ့ကိုပိုက်ဆံမပေးဘူးဆိုရင် သူဘယ်လိုလုပ် ပိုက်ဆံရှာနိုင်မှာလဲ?
သူမသည် အိမ်ထဲတွင် လိုက်ပတ်ကာ ရောင်းစရာဘာကိုမှ မတွေ့သည့်အတွက် အပြင်ထွက်လာလိုက်သည်။
ကောင်းရှန်းက ခြံဝန်းထဲတွင် ဟန်ဟန်နှင့် ကစားနေ၏။ သူ့ရဲ့ တစ်ဝမ်းကွဲအပြင်ထွက်လာကာ ဟန်ဟန်ကိုစိုက်ကြည့်နေတာမြင်တော့ ဖော်မပြနိုင်လောက်အောင် သူကြက်သီးထသွားရသည်။
သူမသိလိုက်ဘာသာနှင့် ခွေးလေးကို သူ့ရင်ခွင်ထဲဖက်လိုက်ကာ မေးလိုက်သည်။ "ထောင်ထောင်၊ ဘာဖြစ်လို့လဲ?"
လုထောင်က ဘာမှမပြောဘဲ ဟန်ဟန်ကိုဘဲ သူမရဲ့မျက်လုံးနက်နက်လေးတွေနဲ့ ကြည့်နေသည်။
ပန်းရောင်ဟန်ဟန်က အနီရောင်ပန်း နှစ်ဆယ့်ငါးပွင့်တန်တယ်။ အဝါရောင်ဟန်ဟန်ကတော့ နည်းနည်းတုံးပေမဲ့ ပိုက်ဆံအများကြီးတော့ ရလောက်မယ်မလား?
ဟန်ဟန်မှာ သူမအကြည့်ကြောင့် လန့်နေကာ လှုပ်တောင်မလှုပ်ရဲပေ။ သူမကိုယ်ဟာ အတော်ကြာအောင်တောင့်တင်းနေကာ ရုတ်တရက် ပါးစပ်ဖွင့်လာသည်။ "အီ...."
အဲ့ဒီအချိန် ကောင်းရှန်းမှာလည်း အရမ်းကြောက်နေကာ ခေါင်းငုံ့ပြီး သူ့ရင်ခွင်ထဲကခွေးလေးကို အချိန်နှင့်အမျှကြည့်ကြည့်နေသည်။
ဒါကခွေးလေးတစ်ကောင်ပဲ၊ ဟုတ်တယ် ၊ဒါပေမယ့် ဘယ်လိုလုပ် ဝက်အသံထွက်နိုင်တာလဲ?
လုထောင်လည်း အီသံကိုကြားလိုက်ရသည်။ အသံကတိုတောင်းကာမသဲကွဲသော်လည်း ဝက်အသံလေးလိုပင်။
ကလေးမလေးမှာ အတော်ကြာကြောင်အနေကာ နောက်တော့ သူမရဲ့ခြေတံတိုတိုလေးဖြင့် ရှေ့နှစ်လှမ်းတိုးကာ နီးနီးကပ်ကပ် ကြည့်လိုက်သည်။ "ဟားဟား၊ ထပ်အော်ပါအုံး"
သူမနီးကပ်လူသည်နှင့် ခွေးလေးမှာ ပိုပြီးတော့တောင် စိုးရိမ်လာသည်။ သူလေးမှာ အတော်ကြာတဆတ်ဆတ်တုန်နေကာ နောက်တစ်သံထွက်နိုင်ရန် ဖျစ်ညှစ်ထုတ်လိုက်သည်။ "အီ--"
အခုတော့ ရှောင်လုထောင်မှာ သဘောထားကွဲလွဲသွားတော့သည်။
ဟန်ဟန်က ဘယ်လိုအသံထွက်ရမလဲဆိုတာကို သင်ယူပြီးပြီဆိုတော့ သူကမတုံးတော့ဘူးဘဲ။ သူ့ကိုမရောင်း...မရောင်းတော့ရင်ရော?