Chapter 24
Vol. 2 Ch. 24
အဲ့ဒီအချိန်၊ ချန်ပေါင်နဲ့ လုဟွေ့တို့ညီအစ်ကိုတွေ ပြန်လာကြသည်။
ချန်ပေါင်မှာ အသက်ရှူရပ်မတတ်ဖြစ်နေကာ ခြံထဲဝင်လာသည်နှင့် သူမေးလိုက်သည်။ "ကောင်းရှန်း၊ ထောင်ထောင်၊ မင်းတို့အတွက် ငါတို့ ဘာယူလာလဲမှန်းကြည့်?"
ညီအစ်ကိုဖြစ်လာတာ ငါးနှစ်လောက်ရှိပြီဖြစ်တာကြောင့် ကောင်းရှန်းကတော့ အရမ်းကြီးကြီးမားမားအရာဟု မခံစားရတော့ပေ။ ကယ်တင်ရှင်ကို တွေ့လိုက်ရသလိုမျိုး သူချက်ချင်းဘဲ အရှိန်အနည်းငယ်သုံးကာ ခွေးလေးကိုချီရင်း သူ့အစ်ကိုနောက် ဝင်ပုန်းလိုက်သည် "ဘာ ဘာယူလာတာလဲ?"
"ဟေး၊ မင်းငါ့အနောက်မှာ ဘာလို့ပုန်းနေတာလဲ?" ချန်ပေါင်က လက်လှမ်းကာ သူ့ကိုဆွဲခေါ်လိုက်သည်။
ဘယ်လိုဘဲဖြစ်ဖြစ် ကောင်းရှန်းကတော့ သူ့ရဲ့အားနေတဲ့လက်တစ်ဖက်နှင့် သူ့အစ်ကိုဘောင်းဘီအား ဆွဲထားကာ မလွှတ်ပေးချေ။
သူ့ဘောင်းဘီ ကျွတ်တော့မှာကိုမြင်တော့ ချန်ပေါင်မှာ ထပ်မဆွဲရဲတော့ပေ။ သူ့မှာ ကျောင်းလွယ်အိတ်ကိုဖွင့်ပြီး အထဲက အသီးတွေကိုပြရုံသာ တတ်နိုင်တော့သည်။ "မင်းရဲ့အစ်ကိုရှောင်ဟွေ့နဲ့ ငါတို့ ဒါတွေကို တောင်ပေါ်မှာသွားခူးလာတာ။ အားလုံးမှည့်နေပြီ။ မင်းစားချင်လား?"
လုဟွေ့လည်းဘဲ သူ့ကျောင်းလွယ်အိတ်ကိုဖွင့်လိုက်ပြီး လက်ချောင်းအရွယ် အနီရောင်အသီးတွေကို လက်အပြည့်ထုတ်လိုက်ကာ လုထောင်ရဲ့အိတ်ကပ်ထဲ ထိုးထည့်ပေးလိုက်သည်။ "စား"
မနေ့က ယုန်အဖြစ်အပျက်ကြောင့် သူနဲ့ချန်ပေါင်သည် တောင်ပေါ်သို့သွားရန် အခွင့်အရေးသိပ်မရခဲ့သည့်အတွက် ယနေ့ ကျောင်းဆင်းသည့်အခါ အထူးတလည်သွာခဲ့တာဖြစ်သည်။
မမျှော်လင့်ထားစွာနဲ့၊ အပင်တွင် အသီးတွေ အများကြီးသီးနေ၏။ သူတို့နှစ်ယောက် မှီသည့်နေရာမှ မှည့်နေသည့်အသီးတွေကိုခူးကာ အပြုံလိုက်ပြန်ယူခဲ့သည်။
ရှောင်လုထောင်ဒါကိုမြင်သည့်အခါဘသူမမျက်လုံးတွေ တောက်ပလာသည်။ "ဒါကတောင်ပေါ်က အနီရောင်အသီးပဲ!" သူမလည်း တစ်ခဏလောက် သနားစရာဟန်ဟန်လေးကို မေ့သွားတော့သည်။
သူမရဲ့လက်လေးနှစ်ဖက်စလုံးကို ရင်ဘက်အထိမြှောက်ကာ သူမရဲ့အစ်ကိုကျေးဇူးတင်လိုက်ပြီးအိမ်ထဲပြေးဝင်သွားတော့သည်။ "မေမေ့ကို ပေးမြည်းခိုင်းရမယ်"
လုဟွေ့လည်း သူမအနောက်မှ လိုက်သွားသည်။
သူတို့မောင်နှမ အိမ်ထဲဝင်သွားတော့ ကောင်းရှန်းလည်း သူ့အစ်ကိုဘောင်းဘီကို လွှတ်ပေးလိုက်ကာ ချန်ပေါင်၏ ကျောင်းလွယ်အိတ်ဆီ ရောက်လာသည်။ "အများကြီးပဲ"
ချန်ဖန်းရှုလည်း သူတို့တွေ ဒီတစ်ခေါက် တောင်ပေါ်မှအနီရောင်အသီးတွေကို အများကြီးခူးခဲ့ကြောင်း ခံစားရသည်။ "ဘယ်ကနေ အများကြီးရလာတာလဲ? မင်းတို့နှစ်ယောက် သစ်ပင်ပေါ်တက်ခဲ့တာလား?"
"မဟုတ်ပါဘူး၊ အဲ့ဒီနေရာက နည်းနည်းကွယ်နေတော့ လူတွေသိပ်မတွေ့ကြလို့"
လုဟွေ့က တစ်လုံးကို ခွဲဖွင့်လိုက်တော့ အထဲတွင် ဘာကောင်မှမရှိမှန်း တွေ့သည့်အခါ သူ့ညီမကိုပေးလိုက်သည်။
ဤကဲ့သို့ တောင်ပေါ်ရှိ အနီရောင်အသီးတွေဟာ အသီးရိုင်းတွေဖြစ်ကာ အရသာဟာဟော်သွန်းသီးနှင့် ခပ်ဆင်ဆင်ဖြစ်သည်။ သို့သော်လည်း ၎င်းဟာ ဟော်သွန်းသီးထက် ပိုသေးကာ ပိုချိုသည်။ ၎င်းဟာ ဆောင်းဦးရာသီတွင် ကလေးတွေကြား အထူးတလည်ကိုနာမည်ကြီးသည်။
ရှောင်လုထောင်လည်း ထိုအသီးကိုအရမ်းကြိုက်သည်။ "အရသာရှိတယ်" သုံးလုံးဆက်တိုက် စားပြီးသည့်နောက် သူမရုတ်တရက် မစ်ရှင်ကိုသတိရသွားကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ "မေမေ၊ သမီးတို့တွေ ဒီအနီရောင်အသီးကို ရောင်းလို့ရလား? ရလားဟင်?"
"ပိုက်ဆံအကြောင်း မှတ်မိနေသေးတာလား?" ချန်ဖန်းရှုမှာ ရယ်ရမလား ငိုရမလားမသိတော့ပေ။ "ဒါတွေကသိပ်ရောင်းလို့မရဘူး၊ တစ်ဗူးကို ဆယ်ဆင့်လောက်ဘဲ ရတာ"
"တစ်ဗူးကိုဆယ်ဆင့်၊ နှစ်ဆယ့်ငါးယွမ်ရဖို့ဆို၊ သမီး...သမီး...." ကလေးမလေးက သူမလက်ချောင်းတွေကို ရေတွက်လိုက်သည်။
သူ့ညီမလေးဟာ သင်္ချာတွင် အရမ်းတော်ကြောင်း လုဟွေ့သိသည်။ ဒီတော့ သူက သူမကိုအမြန်ကူတွက်ပေးလိုက်သည်။ "ဗူးနှစ်ရာ့ငါးဆယ်"
[၁ယွမ် = ဆင့်၁၀၀]
"နှစ်ရာနဲ့ငါးဆယ်?"
လုထောင်မှာ ထိုနံပါတ်ကို အထပ်ထပ် အခါခါရွတ်နေကာ အရမ်းများသလို ခံစားလိုက်ရသည်။
သို့ပေမယ့် ဟန်ဟန်အတွက်ဆိုရင်တော့၊ ထောင်ထောင်မကြောက်ပေ!
ကလေးမလေးက အမြန် ထပ်ပြီးတက်ကြွလာပြန်သည်။ "ထောင်ထောင်အနီရောင်အသီးတွေ ဗူး၂၅၀ရောင်းချင်တယ်!"
လုဟွေ့မှာ အနည်းငယ်ဆွံ့အသွားမိသည်။ "ဗူးနှစ်ရာ့ငါးဆယ်က ဘယ်လောက်လဲဆိုတာ ညီမလေးသိလို့လား?"
လုထောင်မှာ တကယ်လည်းမသိပါချေ။ "ဘယ်လောက်မို့လို့လဲဟင်?"
လုဟွေ့က လက်ဟန်ခြေဟန်ဖြင့် ပြောပြလိုက်သည်။ "ကိုကိုတို့အိမ်က လွယ်အိတ်အကြီးကြီးကို သိလား? ဗူးနှစ်ရာ့ငါးဆယ်က အဲ့ဒီလွယ်အိတ်အပြည့်နီးပါးဘဲ"
လုထောင်မှာ သက်ပြင်းရှိုက်လိုက်ကာပြောလိုက်သည်။ "အဲ့ဒီ၊ အဲ့ဒီလောက်တောင်လား?" ဒါဆို ဒီလောက်အများကြီးကို သူမတောင်ပေါ်က ဘယ်နားမှာ သွားခူးရမှာလဲ?
အခုလေးတင် ကလေးမလေးဟာ ယုံကြည်မှုအပြည့်ရှိနေပေမယ့် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
သူရဲ့ရင်ခွင်ထဲမှ အသီးလေးတွေကိုကြည့်ကာ နောက်တော့ သူမအစ်ကို၏ ကျောင်းလွယ်အိတ်ကိုကြည့်လိုက်ပြီး တွန့်ဆုတ်စွာဖြင့်ပြောလိုက်သည်။ "ထောင်ထောင်....ထောင်ထောင်အဆင်ပြေပါတယ်...."
[ဟင့်အင်း၊ မရဘူး] အာ့ဝူလင်က ရုတ်တရက်ပြောလာသည်။ [သမီးရဲ့ မေမေက အသီးတွေကို မခူးဘဲ မရောင်းရင် ဖြစ်စဥ်တစ်ခုလုံးက အကြုံးမဝင်ဘူး။ သမီးပိုက်ဆံဘယ်လောက်ဘဲ အများကြီးရှာပါစေ မစ်ရှင်ပြီးတယ်လို့ ထည့်တွက်လို့မရဘူး.....]
လုထောင် - "..."
ဖေဖေ၊ ဖေဖေက အနိုင်ကျင့်နေတာပဲ!
ကလေးမလေးဟာ ရုတ်တရက် စိတ်ဓာတ်ကျလာပြီး မျက်လွှာချကာ သူမရင်ခွင်ထဲမှ အနီရောင်အသီးတွေကို လက်သေးသေးလေးတွေနဲ့ ပိုက်ထားသည်။ ချန်ဖန်းရှုပြုံးကာ သူမဆံပင်ကောက်ကောက်လေးကို ထိလိုက်သည်။ "အဆင်ပြေပါတယ်၊ မေမေတို့ရဲ့ ပိုက်ဆံသရဲလေးရယ်။ ဒီအနီရောင်အသီးတွေကို ရောင်းဖို့မတွေးနဲ့တော့၊ ကိုယ့်ဘာသာကိုယ်စား"
အဲ့ဒါပြီးတော့ ချန်ဖန်းရှုက လုကွေ့ရင်းကိုပြောလိုက်သည်။ "ထောင်ထောင်ပိုက်ဆံအကြောင်းပြောမှဘဲ၊ ဒီနှစ်ရက်အတွင်းမှာ သမီးလဲ ပိုက်ဆံရှာဖို့အကြောင်းတွေးနေတာ"
သူမကိုယ်ကိုအားပြုကာ ခန်အစွန်းနားရွှေ့လိုက်ပြီး စားပွဲခုံပေါ်မှ ကောက်ရိုးဦးထုပ်နှစ်ခုကို လှမ်းယူလိုက်သည်။ "လွန်ခဲ့တဲ့ရက်က အဖေ့ရဲ့ဦးထုပ်မကောင်းတော့ဘူးလို့ အမေပြောနေတာ မဟုတ်ဘူးလား? အဲ့ဒါနဲ့ သမီးလဲ ပေါင်ခဲ့ကိုကောက်ရိုးနည်းနည်း ယူလာခိုင်းပြီး သမီးဘာသာနှစ်လုံးလုပ်ထားတာ"
သူမသည် ဦးထုပ်တစ်လုံးအား လုကွေ့ရင်းအား ကမ်းပေးလိုက်ကာ "ဒါကို အဖေ့ကိုပေးလိုက်ပါ" နောက်ထပ်တစ်လုံးကိုလည်း သူမကမ်းပေးလိုက်ပြီး "ဒီအပေါ် သမီးအများကြီး တွေးခဲ့တာ။ အမေ၊ သမီးဦးထုပ်တွေကိုရောင်းချင်ရင် ဒါကိုဝယ်ချင်တဲ့သူရှာပေးလို့ရမလား?"
"ကောက်ရိုးဦးထုပ်တွေကို ရောင်းချင်လို့လား?" လုကွေ့ရင်း နားမလည်ဖြစ်သွားသည်။ "အိမ်မှာနေပြီး ကျန်းမာရေးကိုဂရုမစိုက်ဘဲ ဘာလို့ဒီဟာတွေလုပ်နေရတာလဲ?"
ချန်ဖန်းရှုပြောလိုက်သည်။ "သမီးမှာအခုလုပ်စရာဘာမှမရှိဘူးလေ၊ ဒီတော့ တစ်ခုခုလုပ်ချင်လို့"
"သမီးပေးထားတဲ့ နေထိုင်စရိတ်က လာမယ့်နွေအထိတောင် လောက်သေးတယ်။ အဲ့ဒါတွေနဲ့ စားလို့ရနေတာကို။ ဘာလို့ဒီလောက်အလျင်လိုနေတာလဲ?"
"အလျင်လိုတာမဟုတ်ပါဘူး။ ဒီတိုင်း အိမ်တစ်လုံးဆောက်ဖို့ ပိုက်ဆံစုထားချင်လို့ပါ"
"အိမ်ဆောက်မယ်?" လုကွေ့ရင်းမှာ မပျော်မရွှင်ဖြစ်သွားသည်။ "တစ်ယောက်ယောက် သမီးကိုတစ်ခုခုပြောလို့လား?"
ချန်ဖန်းရှု ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး၊ အဲ့ဒီလိုမဟုတ်ဘူး။ ဒါပေမဲ့ သမီးတို့မိသားစုက လူများနေပြီးသားလေ သမီးပြန်လာတော့ ပေါင်ခဲ့အတွက် အခန်းမရှိတော့ဘူးလေ။ လာမယ့်နှစ်ဆို သူ့အသက်က နှစ်ဆယ့်တစ်နှစ်ရှိပြီလေ သူ့အတွက် ဇနီးတစ်ယောက်ရှာရတော့မှာ။ သူက အမေတို့အဖေတို့နဲ့ဘဲ နေနိုင်မှာမဟုတ်ဘူးလေ၊ ဟုတ်မလား?"
ဒါက တကယ့်ပြဿနာပင်။
သို့ပေမယ့် လုကွေ့ရင်းမှာ ဒီအတွက် စီစဉ်ထားပြီးပြီဖြစ်သည်။ "ဒီအတွက်ဆို စိတ်မပူနဲ့။ သမီးရဲ့ယွမ်၁၀၀ကို သမီးဆီပြန်ပေးမလို့။ ငါနဲ့ နင့်အဖေက ထပ်ပေးအုံးမှာ။ အခန်းကြီးသုံးခန်းဆောက်တာက နည်းနည်း ခက်ခဲပေမဲ့ နှစ်ခန်းလောက် ဆောက်တာကတော့ ပြဿနာမဟုတ်ဘူး"
"ဒါဆို သမီးကို တစ်ခုခုလုပ်ခွင့်ပေးမယ်မလား?" ချန်ဖန်းရှုက ပြောလိုက်သည်။ "ခန်အပေါ်မှာဘဲ ဒီလိုမျိုး လ ချီထိုင်မနေနိုင်ဘူးလေ"
သားအမိနှစ်ယောက် ဆွေးနွေးနေတုန်း ရှောင်လုထောင်က ခန်အစွန်းမှနေ ဦးထုပ်နှစ်လုံးကိုယူလိုက်ကာ သေချာကြည့်လိုက်သည်။
"ဒါကိုလဲ ရောင်းလို့ရတာလား?" သူမအမေကို မေးလိုက်သည်။
"ဒါပေါ့" ချန်ဖန်းရှုလည်း သာမာန်ကာလျှံကာဖြေလိုက်သည်။
ဒါကိုရောင်းလို့ရတယ်ဆိုတော့ ဒါကိုရောင်းလိုက်ရင် တာဝန်ပြီးသွားမှာလား?
ကလေးမလေးမှာ ဦးထုပ်ကိုစမ်းဆောင်းကြည့်လိုက်သည်။ အရမ်းကောင်းတယ်လို့ သူမထင်မိကာ ဆက်ဆောင်းထားလိုက်သည်။ "မေမေ၊ ဒါကိုရောင်းဖို့ သမီးကူညီပေးမယ်"
သူမသမီးရဲ့ နားပူနားဆာလုပ်သည်ကို သည်းမခံနိုင်တော့သည့်အတွက် လုကွေ့ရင်းလည်း သဘောတူလိုက်သည်။ "ကောင်းပြီ၊ သိပ်ပြီးတော့ အပင်ပန်းမခံနဲ့။ အချိန်ကုန်အောင် နှစ်လုံးလောက်သာလုပ် ခြေထောက်ကောင်းလာဖို့က ပိုအရေးကြီးတယ်။ ကောက်ရိုးဦးထုပ်ကတော့၊ လိုချင်တဲ့သူရှိမရှိသိရအောင် အမေမနက်ဖြန်ကျ အသင်းဆီယူသွားလိုက်မယ်"
သူမ၏ မြေးမလေးမေးလာသည့်အခါ သူမအနည်းငယ်ရွှင်မြူးသွားကာ မေးလိုက်သည်။ "အရင်တစ်ခေါက်က ရောင်းခဲ့တာ မလုံလောက်သေးဘူးလား?"
ကလေးမလေးက အလေးအနက်ပြောလိုက်သည်။ "ထောင်ထောင်ရောင်းတာက၊ မေမေ့ကို ကူရောင်းပေးတာ!"
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ သမီးမေမေကို ကူရောင်းပေးလိုက်" အမျိုးသမီးအိုမှာ သူမကြောင့် ပျော်ရွှင်သွားကာ ရယ်လိုက်သည်။ "ငါတို့ထောင်ထောင်က စီးပွါးရေးလုပ်တဲ့နေရာမှာတော်တာပဲ၊ ဟုတ်တယ်မလား?"
သူမ၏ အဖွားဆီမှ သဘောတူညီချက်ကိုရပြီးသည့်နောက် ကလေးမလေးမှာ သူမအမေကိုပြန်ကြည့်လိုက်သည်။
ချန်ဖန်းရှု သူမလက်ကိုဝေ့ယမ်းလိုက်ကာ ပြောလိုက်သည် "သမီးဦးထုပ်ကို ကစားချင်ရင်လဲ ကစားလိုက်။ ပျောက်သာမပျောက်စေနဲ့"
"ထောင်ထောင်မကစားပါဘူး" ရှောင်လုထောင်က အလေးအနက်ထားကာ ပြောလိုက်သည်။ "ထောင်ထောင်က မေမေ့ကို ပိုက်ဆံကူရှာပေးမှာ၊ ပိုက်ဆံရှာမှာ!"
"ကောင်းပါပြီ၊ မေမေ့ကို ပိုက်ဆံကူရှာပေး၊ သမီးကအကောင်းဆုံးပဲ"
လုကွေ့ရင်း ပြုံးလိုက်ကာ သူမကိုချီးကျူးလိုက်ပေမယ့် လုဟွေ့ကတော့ ရယ်လိုက်သည်။ "သူကကလေးလေးဘဲရှိသေးတာ ပိုက်ဆံရှာနေပြီ"
ကလေးမလေးမှာ သူမအစ်ကို သူမကိုစတဲ့အခါ အမုန်းဆုံးဖြစ်သည့်အတွက် ပါးကိုဖောင်းကာ ပြောလာသည်။ "သမီး သမီး ကိုကိုနဲ့မကစားတော့ဘူး"
သူမပြောပြီးသည်နှင့် တခြားသူတွေလိုအတုခိုးကာ ကောရိုးဦးထုပ်ကို ကျောနောက်တွင် ထားလိုက်သည်။
ကံမကောင်းစွာဖြင့် ကြိုးဟာအရမ်းရှည်လွန်းကာ သူမကလည်း အရမ်းသေးလွန်တာကြောင့် ဦးထုပ်မှာ 'ဘုတ်' ခနဲမြေပြင်ပေါ်ကျသွားတော့သည်။
လုဟွေ့မှာ မနေနိုင်ဘဲ ချက်ချင်းရယ်တော့သည်။
"ဟင့်အင်း၊ မရယ်နဲ့!" ကလေးမလေးရဲ့မျက်နှာဟာ ဒေါသကြောင့် နီရဲလာတော့သည်။ သူမဆောင့်ကြောင့်ထိုင်လိုက်ကာ ကောရိုးဦးထုပ်ကိုကောက်လိုက်ပြီး ကျောနောက်မှာ ပြန်ထားလိုက်သည်။
"ဘုတ်_"
သံသယမရှိစွာနှင့်၊ ကောက်ရိုးဦးထုပ်ဟာ ထပ်ကျသွားကာ တူညီသည့်နေရာတွင်ဘဲ ဒုတိယအကြိမ်ကျသွားတော့သည်။
လုထောင်မှာ နှစ်စက္ကန့်လောက် ဗလာသပ်သပ်ကြည့်နေကာ နောက်တော့ နှုတ်ခမ်းစူလိုက်ပြီး ငိုချင်လာသည်။
ဒါကိုမြင်တော့၊ လုကွေ့ရင်းက သူမကိုအမြန်ကူကောက်ပေးလိုက်ကာ သူမကျောတွင် ချည်ပေးလိုက်သည်။ "မငိုနဲ့၊ မငိုနဲ့ အဖွားလုပ်ပေးမယ်"
နှစ်မိနစ်အကြာ အရောင်းစာရေး ရှောင်လုထောင်မှာ ပခုံးတွင် ကောက်ရိုးဦးထုပ်ကိုချည် အိတ်ကပ်ထဲတွင် အနီရောင်အသီးတွေနှင့်အတူ ယုံကြည့်မှုအပြည့်ဖြင့် ထွက်သွားတော့သည်။
အာ့ဝူလင်က သူမကိုအားပေးလိုက်သည်။ [ဒါပဲလေ၊ ဒီစတိုင်ပဲ၊ ထောင်ထောင်က အရမ်းတော်တာ]
ကလေးမလေး အားတက်စေရန် သူက နောက်ခံသီချင်းတောင် ဖွင့်ပေးလိုက်သေးသည်။
[နိမ့်ဆင်းသွားတဲ့တောင်တန်းတွေ_ _ နေကိုချစ်ပါ_ _ နေကလည်းမင်းကိုချစ်တယ်_ _]
သူ သီချင်းအစဘဲ ဖွင့်ရသေးချိန် ရုတ်တရက် ရပ်လိုက်သည်။ [တောင်းပန်ပါတယ်၊ ဖေဖေ မတော်တဆမှားဖွင့်လိုက်မိတာ]
လုထောင်ရဲ့နားထဲတွင် တစ်ခဏလောက်တိတ်ဆိတ်သွားကာ သီချင်းသီက ထပ်ထွက်လာပြီး [သတင်းစာရောင်းသမားလေးစုန့်] ဆိုသည့် ကလေးသီချင်း အဖြစ် ပြောင်းသွားသည်။
ဒီတစ်ခေါက်တော့ အစီအစဉ်မှန်သွားကာ အရောင်းသမားလေး ရဲဘော်ရှောင်လုထောင်မှာ သတ္တိတွေရှိလာသည်။
ဒီလိုနှင့် သူမရပ်လိုက်ပြီး ချိုမြမြအနီရောင်အသီးတွေကို အရင်စားရန် ဆုံးဖြတ်လိုက်သည်= =
အာ့ဝူလင် - [....ကောင်းလိုက်တဲ့ host။ ဒီစနစ်က hostကို အမြင့်ကြီးမှန်းထားတဲ့အချိန်ဆို ငါ့အမြင်အာရုံကကောင်းကောင်း အလုပ်လုပ်နေတယ်ဆိုတာ ဘာအားစိုက်ထုတ်မှုမှမပါဘဲ အမြဲသတိပေးနေတာဘဲ]
ရှောင်လုထောင်မှာ သူ့ရဲ့မကျေမနပ်ချက်တွေနဲ့ ကျင့်သားရနေပြီဖြစ်တာကြောင့် သူမလမ်းလျှောက်နေတာအတော်ကြာနေပြီဖြစ်ကြောင်း မသိခင် လမ်းလျှောက်ရင်းစားနေသည်။
သူမက ပါးစပ်အပြည့် ချိုမြမြအနီရောင်အသီးကိုစားရင်စ အဝေးကို လျှောက်ထွက်သွားကာ သူမဘာလို့ထွက်လာလဲဆိုတာကိုတောင် မေ့သွားတော့သည်။
[ထောင်ထောင်လေး၊ ဟန်ဟန်ကို မလိုချင်တော့ဘူးလား?] အာ့ဝူလင် သူမကိုသတိပေးလိုက်သည်။
ကလေးမလေး ရုတ်တရက်သတိပြန်ဝင်လာကာ "အိုး ဟုတ်သားဘဲ၊ ဟီးဟီး"
သို့ပေမယ့် သူမလက်ထဲက အနီရောင်အသီးတွေကိုကြည့်ရင်း သူမထပ်ပြီး တုံ့ဆိုင်းသွားပြန်သည် "တစ်လုံးဘဲထပ်စားမယ်၊ တစ်လုံးထပ်စားပြီးရင် သွားရောင်းမယ်"
အာ့ဝူလင် - [.....]
မိနစ်ဝက်ကြာသော် --
[တစ်လုံးဘဲထပ်စားမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား? ဒါက ဒုတိယတစ်လုံးဖြစ်နေပြီ]
"နောက်ဆုံးတစ်လုံးပဲ! စားပြီးသွားရင်၊ ထောင်ထောင်သွားရောင်းတော့မှာ"
စကားတည်တဲ့လိမ္မာတဲ့ ကလေးတစ်ယောက်ဖြစ်ရန်အတွက် သူမသည် ဝယ်သူရှာကာ တံခါးနားရှိ ကျောက်တုံးအကြီးကြီးပေါ်တွင် ထိုင်လိုက်သည်။ "ထောင်ထောင်ပင်ပန်းနေပြီ၊ ထောင်ထောင်နားဖို့လိုတယ်။ ထောင်ထောင်စားပြီးသွားရင် ကောက်ရိုးဦးထုပ်တွေကို ရောင်းဖို့ သေချာပေါက်အိမ်ပြန်ပါ့မယ်"
သူမပြောပြီးသည်နှင့် သူမ၏ တင်ပါးလေးနှင့်ထိုင်ချလိုက်တော့ ချောသွားသည်။
ကလေးမလေးက စိတ်ရှုပ်သလိုတင်ပါးကို မြှောက်ကာ ထပ်ထိုင်လိုက်ပေမယ့် ထိုင်လို့မရသေးပါချေ။ သူဟာ အရမ်းပုတာကြောင့် ဦးထုပ်နှုတ်ခမ်းဟာ ကျောက်တုံးနှင့် ရိုက်ရိုက်မိနေသည်။
တခြားနည်းမရှိတော့သည်ကြောင့် ကလေးမလေးမှာ သူမရဲ့ဦးထုပ်ကိုမကာ ကျောက်တုံးပေါ်ထိုင်လိုက်ပြီး သက်ပြင်းချလိုက်သည်။ "အရမ်းခက်ခဲတာပဲ"
အာ့ဝူလင် - [စတောင်မရောင်းရသေးဘူး ခက်ခဲတယ်လို့ပြောနေပြီ။ သမီးလုပ်နိုင်ရဲ့လား?]
"ဒါပေါ့ သမီးလုပ်နိုင်တယ်။ သမီးရဲ့ဦးထုပ်ကို ဝယ်မလားလို့ သွားမေးမယ်။ ကူညီပေးလို့ရမလား? သမီးဦးထုပ်က အရမ်းလှတာပါ" ကလေးမလေးက ယုံကြည့်မှုအပြည့်ဖြင့်ပြောလိုက်သည်။ "ထောင်ထောင်က ဖရဲသီးတောင်ရောင်းနိုင်တာ။ ထောင်ထောင်က အံ့ဩစရာကောင်းတယ်"
အာ့ဝူလင် - [ကောင်းပါပြီ၊ ဘယ်လိုရောင်းရမလဲဆိုတာ သမီးသိတာပဲ။ မြန်မြန်စားပြီးရင် အလုပ်စလုပ်တော့နော်]
"အင်း" ရှောင်လုထောင်မှာ ကျန်သည့်အသီးတစ်ဝက်ကိုပါးစပ်ထဲ သိပ်ထည့်လိုက်တော့ သူမပါးပြင်က ဖောင်းသွားတော့သည်။
ဒီအချိန် တစ်ယောက်ယောက်က သူမကိုရုတ်တရက်မေးလာသည်။ "အစေ့တွေကို ငါတို့တံခါးအရှေ့ ထွေးထုတ်နေတာရပ်လို့ရမလား?"
ကလေးမလေးဟာ အံ့ဩသွားကာ မော့ကြည့်လိုက်တော့ မနီးမဝေးတွင် သူမနှစ်ခါလောက်မြင်ဖူးသည့် ဆံပင်ကောက်ကောက်နှင့် ကောင်လေးကိုတွေ့လိုက်ရသည်။
[မြန်မြန်၊ ငါးမိနစ်အတွင်းမှာ ဝယ်သူက စစ်မြေပြင်ကိုရောက်လာပြီ၊ ထောင်ထောင် အသင့်ပြင်တော့]
ရှောင်လုထောင်က အဲ့ဒီအကြောင်းကို မတွေးမိဘဲ ရှေ့နောက်မစဉ်းစားကာပြောလိုက်သည်။ "ကိုကို၊ ကိုကို ကိုကို သမီးကိုဝယ်လေ၊ ဟုတ်ပြီလား?"
သူ့ကိုဝယ်ရမယ်?
ဝေချောင်ရဲ့ မက်မွန်ပွင့်လို မျက်လုံးတစ်စုံက ရုတ်တရက် ပြူးကျယ်သွားတော့သည်။