Chapter 26
Vol. 3 Ch. 26
ရုတ်တရက်၊ ဘီစကစ်စိမ်ထားသည် ချိုမြမြအရသာက သူမပါးစပ်ထဲပျော်ဝင်သွားသည်။ ကလေးမလေးက တစ်ငုံထဲ မြိုချလိုက်ကာ စိတ်ကျေနပ်စွာဖြင့်နှုတ်ခမ်းကိုသပ်လိုက်သည်။ "အရမ်းအရသာရှိတာပဲ! ဒါကဘာလဲဟင် ဒေါ်ဒေါ်? ဒါကို ထောင်ထောင်ဘာလို့ တစ်ခါမှမမြင်ဖူးတာလဲ?"
"ဒါက မုယောနို့လေ" ယန်ဖုချင်ပြောလိုက်သည်။
"မုယောနို့?" ရှောင်လုထောင်မှာ ထိုနာမည်ကိုရေရွတ်လိုက်ရင်း ခေါးငုံ့ကာ ပျော်ပျော်ရွှင်ရွှင်ဖြင့် နောက်တစ်ငုံထပ်သောက်လိုက်သည်။
နောက်ဆုံးတော့ အာ့ဝူလင် အခွင့်အရေးရလာသည်။ [ထောင်ထောင်လေး၊ ဖေဖေလဲ သမီးကို မုယောနို့ပေးလို့ရတယ်။ သမီးတာဝန်တွေကိုပြီးလို့ အနီရောင်ပန်းလေးတွေရရင် ဖေဖေက သမီးကို မုယောနို့တိုက်မယ်။ ပြီးတော့ ခွက်အကြီးကြီးနဲ့တိုက်အုံးမှာ ဘယ်လိုလဲ?]
ခွက်အကြီးကြီးလား?
ဘယ်လောက်ကြီးတဲ့ ခွက်အကြီးကြီးလဲလို့ ကလေးမလေးစိတ်ကူးကြည့်ကာ သူမလက်ထဲက ပန်းကန်လုံးအသေးလေးကိုကြည့်လိုက်ပြီး နောက်ဆုံး သူမဘာလို့အပြင်ထွက်လာလဲဆိုတာကို သတိရသွားတော့သည်။
"အိုး ဟုတ်သားဘဲ ထောင်ထောင်ရဲ့မစ်ရှင်?"
သူမအော်ဟစ်လိုက်ကာ ကြမ်းပြင်ပေါ် ခုန်ဆင်းမလို့လုပ်တဲ့အချိန် မုယောနို့သောက်မကုန်သေးတာကိုသတိရသွားပြီး ကျန်တာတွေကို တစ်ငုံထဲသောက်ချလိုက်သည်။
သူမသောက်တာအရမ်းမြန်တာကြောင့် ကြို့ထိုးလာတော့သည်။ "အွတ်...ထောင်ထောင်၊ အိမ်ပြန်ရတော့မယ်"
ဒါကိုဝေချောင်ကြားတဲ့အခါ အခုလေးတင် ပြေလျော့သွားတဲ့ သူ့အမူအရာဟာ ထပ်ပြီး တည်တင်းလာတော့သည်။
ဒါကိုယန်ဖုချင်မြင်တော့ ပြောလိုက်သည်။ "ညစားစားချိန်ရောက်နေပြီ။ ဒေါ်ဒေါ်နဲ့ ကိုကိုဝေချောင်တို့ သမီးကိုပြန်လိုက်ပို့မယ်လေ၊ ဟုတ်ပြီလား?"
ကလေးမလေး စိတ်ရှုပ်သွားကာ တချို့တလေကို နားမလည်ပါချေ။ သူမမှာ ဆယ်ယွမ်ရဖို့ အလျင်မလိုနေတဲ့အတွက် သူမလည်း ဒီလိုဦးထုပ်ကို ဝယ်ချင်သည်ကြောင့် ကလေးရဲ့အမေနှင့်တိုက်ရိုက်ပြောကာ ဈေးနှုန်းမေးရန်စီစဉ်လိုက်သည်။
ဝေချောင်ဒါကိုကြားတဲ့အခါ သူ့ရဲ့ညီမလေးကို ခေါ်ထားဖို့ သူ့အမေ မကူညီလောက်ဘူးဆိုတာ သိလိုက်ပြီး ခန်ပေါ်ကနေ မျက်နှာထားတင်းတင်းဖြင့် ထလိုက်သည်။
သားအမိနှစ်ယောက် လုထာင်ရဲ့ဦးထုပ်ကိုကိုင်ကာ ချန်အိမ်ဆီ ဦးတည်သွားလိုက်ကြသည်။
ကလေးမလေးဟာ ရွာအနောက်ဘက်ရှိ ချန်မိသားစုမှ မြေးမလေးဖြစ်မှန်း ယန်ဖုချင်သိလိုက်သည်။ "ရွာထဲမှာ ဒီလိုချစ်စရာကောင်းတဲ့ ကလေးလေးရှိပြီး ဘာလို့တစ်ခါမှ မမြင်ဖူးရတာလဲလို့ သိချင်နေတာ။ သူက တို့ရွာကမဟုတ်ဘူးဘဲ"
သူတို့စကားစမြည်ပြောနေရင်း မဝေးလှသည့်နေရာတွင် ကလေးတချို့ တစ်ယောက်နှင့်တစ်ယောက် တွန်းထိုးနေကြသည်ကို တွေ့လိုက်ရသည်။
"ဒါကိုတိုင်လိုက်ကာ မင်းရဲ့အဖွားဘဲဖြစ်ရမယ်! ငါ့မိဘတွေကို နွားချေးကြုံးရအောင်လုပ်တာ မင်းရဲ့အဖွားဘဲ!"
"ဘယ်သူအရင်တိုင်တာလဲ? ငါတို့တို့ မင်းအဖွားက အရင်တိုင်တာ။ မင်းပဲ စဉ်းစားတတ်တယ်ထင်နေတာလား?"
"ဂရုမစိုက်ဘူး။ ငါတို့မိသားစုကို အပြစ်ပေးခံရအောင်လုပ်တာ မင်းတို့ပဲ! မင်းတို့!"
"ဟေး၊ ဘယ်သူ့ကိုလာတွန်းနေတာလဲ? ငါ မင်းကိုမလုပ်ရဲဘူးထင်နေတာလား?"
နောက်တစ်ခဏမှာဘဲ ကောင်လေးငါးယောက်ဟာ တွန်းထိုးနေတာကနေ ထိုးကြိတ်ကြတော့သည်။
ထိုအထဲတွင် ရင်းနှီးနေသည့် ပုံရိပ်နှစ်ခုကို ရှောင်လုထောင်မြင်တော့ ချက်ချင်းစိုးရိမ်သွားတော့သည် "ကိုကို! ကိုကို ရှောင်ပေါင်!"
သူမ အဲ့ဒီကိုပြေးသွားမလို့ လုပ်လိုက်ပေမယ့် ယန်ဖုချင်က သူမကိုလှမ်းဆွဲထားကာ ပြောလိုက်သည်။ "မသွားနဲ့သမီး၊ ဒဏ်ရာမရအောင်ဂရုစိုက်"
ယန်ဖုချင်က ကလေးမလေးကို သူမနောက်ပို့လိုက်ကာ ရှေ့ကိုလှမ်းသွားလိုက်ပြီး ကျယ်ကျယ်လောင်လောင်ဖြင့် မေးလိုက်သည်။ "ဘာဖြစ်နေကြတာလဲ?"
ချန်ပေါင်နဲ့ လုဟွေ့ဟာ ရှုမိသားစုမှ ကောင်လေးသုံးယောက်နှင့် ရန်ဖြစ်လို့ကောင်းဆဲဖြစ်တဲ့အတွက် ဒါကိုကြားတာတောင် သူတို့က လျစ်လျူရှုထားသည်။
ချန်ပေါင်က ခြိမ်းတောင်ခြိမ်းခြောက်လိုက်သေးသည်။ "အရင်က မင်းတို့သုံးယောက်နဲ့ ငါတစ်ယောက်တောင် မကြောက်တာ၊ ဘယ်သူ့ကို လာခြောက်ဖို့လုပ်နေတာလဲ?"
ကျန်းမာရေး မကောင်းသည်ကြောင့် အပြင်ထွက်ခဲသည့် ကောင်းရှန်းမှလွဲလျှင် ရွာရှိကလေးတွေဟာ အကြမ်းခံကြသည်။ ဘယ်သူကများ ကလေးကတည်းက ရန်မဖြစ်ကြလို့လဲ?
ချန်မိသားစုနှင့် ရှုမိသားစုဟာ ဆက်ဆံရေးမကောင်းကြသည်ကြောင့် မိသားစုနှစ်ခုမှ ကလေးတွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် သဘောမကျကြကာ ဒီလိုရန်ဖြစ်တာက အရင်ကရော အခုပါဖြစ်နေကြပင်။
ရှောင်လုထောင်မှာ သူမအစ်ကို ခံနေရတာလား မခံနေရဘူးလားဆိုတာ မပြောနိုင်ပေ။ ကောင်လေးသုံးယောက်ထဲက နှစ်ယောက်ဟာ လုဟွေ့ကို ထိုးနေတာမြင်တော့ သူမအရမ်းစိုးရိမ်သွားတော့သည်။ "ငါ့ကိုကိုကို မထိုးနဲ့! ငါ့ကိုကို ကိုမထိုးနဲ့!" သူမသည် လမ်းဘေးနားရှိ ကျောက်တုံးတွေကို ရှာလိုက်ကာ ပစ်ပေါက်ကာ ကူဖို့လုပ်လိုက်သည်။
ဒါကိုဝေချောင်မြင်တဲ့အခါ သူမကိုအမြန်ဆွဲလိုက်ပြီး အရှေ့ကိုလှမ်းအော်ပြောလိုက်သည်။ "ဆရာမရောက်နေတယ်!"
ဒါကိုကြားတဲ့အခါ ရှုမိသားစုက ကလေးတွေဟာ မသိစိတ်ကနေ လှမ်းကြည့်လိုက်ပြီး ချက်ချင်း တီးတိုးပြောလာကြသည်။ "အဲ့ဒီ ဆရာမယန်ထင်တယ်!"
ယန်ဖုချင်ဟာ ကျန်းမာရေးမကောင်းသည့်အတွက် လယ်အလုပ်တွေကို မလုပ်နိုင်ပေ။ သူမကျေးလက်ဆီ ပထမဆုံး ရောက်လာတုန်းကဆို ရက်အနည်းငယ်တိုင်း နေမကောင်းဖြစ်ခဲ့ဖူးသည်။
နောက်တော့၊ သူမဟာ ကောလိပ်ကျောင်းသားဖြစ်မှန်း ဘုံအဖွဲ့မှ ဥက္ကဌရှုကြားသိရတဲ့အခါ သူကအဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး သူမအား အထက်တန်းဆရာမအဖြစ် လုပ်ခွင့်ပေးခဲ့သည်။
သူမသည် မူလတန်းအား မသင်ရသော်လည်းရှုမိသားစုမှကလေးတွေကတော့ အမြဲတမ်းဆိုးသွမ်းကြကာ ပင်ကိုယ်ဗီဇအရ ဆရာမတွေကိုတော့ ကြောက်ကြသည်။ သူမ၏ တည်ကြည်သည့်မျက်နှာကိုမြင်တော့ တစ်ယောကိုတစ်ယောက် ကြည့်လိုက်ကြကာ "ပြေး!" လို့အော်လိုက်ကြပြီး တမဟုတ်ချင်း ပျောက်သွားကြတော့သည်။
ချန်ပေါင်နှင့် လုဟွေ့တို့လည်း ထွက်ပြေးချင်ပေမယ့် လုဟွေ့တစ်ယောက် သူ့ညီမလုထောင်ကို မြင်တဲ့အခါ နေနေလိုက်သည်။
"ဘာဖြစ်ကြတာလဲ?" ယန်ဖုချင်က မေးလိုက်သည်။
ချန်ပေါင်က ခေါင်းကုတ်ကာ ပြောလာသည်။ "ဘာရှိရအုံးမှာလဲ? သူတို့မိသားစု အသင်းမှာအပြစ်ပေးခံရတော့ အပြစ်တင်ဖို့ အခွင့်အရေး လာရှာကြတာလေ"
ချန်နှင့် ရှုမိသားစုကြားက ကိစ္စကို ယန်ဖုချင်လည်း ကြားမိပေမယ့် သူမ ဘာမှတော့မပြောလိုက်ပေ။ "ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ကို ဂရုစိုက်။ ရန်ဖြစ်တာက ပြဿနာကို ဖြေရှင်းတာမဟုတ်ဘူး"
"ဟုတ်ကဲ့" ချန်ပေါက် ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။ "ဆရာမယန်" နောက်တော့ သူမေးလာသည်။ "ဆရာမ ဘယ်သွားမလို့လဲ?"
"မင်းရဲ့ညီမလေးကို အိမ်ပြန်ပို့ပေးမလို့"
ယန်ဖုချင် သူတို့အိမ်က ကလေးကို လာပို့တာမြင်တဲ့အချိန် ချန်ပေါင်နှင့်လုဟွေ့မှာ အဝတ်အစားတွေ ဖရိုဖရဲဖြစ်နေဆဲဖြစ်ကာ အခုလေးတင် ရန်ဖြစ်ထားကြမှန်း သိသာလှသည်။ ကလေးနှစ်ယောက် အပြင်တွင် ပြဿနာရှာလာကြကာ မိဘတွေက ဖြေရှင်းချက်လာတောင်း ကြတာလို့ ချန်မိသားစုက ထင်သွားကြသည်။
နောက်တော့မှ သူတို့အထင်မှားမှန်း သဘောပေါက်သွားကြသည်။ ဒါကဆရာမယန် မဟုတ်ဘူးလား?
ဆရာမယန်၏ ကလေးဟာ ဉာဏ်ကောင်းရုံတင်မက ပျိုးထောင်ရတာလဲ အရမ်းသက်သာသည်ဆိုတာ လူတိုင်းသိကြသည်။ သူဟာ ဘယ်တုန်းကမှ မဆိုးသွမ်းသလို ရန်လည်းမဖြစ်ပါချေ။
နောက်တော့ သူတို့မေးလိုက်တဲ့အခါမှ သူတို့ရဲ့အရောင်းသမားလေးဟာ ဆရာမယန်ရဲ့အိမ်တွင် ကောက်ရိုးဦးထုပ်သွားရောင်းနေမှန်း သိလိုက်ရသည်။ သူတို့မှာ ရယ်ရမလားငိုရမလားမသိတော့ပေ။
ချန်ဖန်းရှုက အမြန်ပြောလိုက်သည်။ "တောင်းပန်ပါတယ် ဆရာမယန်ရယ်၊ သူမက ဒီတိုင်းစနေတာလို့ ကျွန်မထင်နေတာ။ တကယ် ရောင်းလိုက်မယ်လို့ မထင်ထားဘူး။ သူ့ကိုပြန်ပို့ဖို့ ဆရာမကိုဒုက္ခပေးမိတာ တောင်းပန်ပါတယ်"
"ဘာမှမဖြစ်ပါဘူး" ယန်ဖုချင်ကပြောလိုက်သည်။ "ဘာဘဲဖြစ်ဖြစ် ကျွန်မလဲ ဒီဦးထုပ်လေးကို အရမ်းသဘောကျနေတာ။ ဒီတော့ ကျွန်မက ရှင်တို့ကို ဒီဦးထုပ်ရောင်းမလားလို့ လာမေးတာပါ"
"ရောင်းမယ်! ရောင်းမယ်!" လုထောင်မှာ ဝမ်းသာအားရဖြင့် ခုန်ပေါက်နေတော့သည်။ "မေမေက ပြောတယ် ရောင်းတယ်တဲ့!"
ယန်ဖုချင်အကြောင်းကို လုကွေ့ရင်းလည်း သိတာကြောင့် ခေါင်းညိတ်လိုက်သည်။ "ကျွန်မတို့လဲ ဒါကိုရောင်းဖို့ စီစဉ်ထားတာပါ"
သူတို့ရောင်းဖို့ ဘယ်လိုစီစဉ်ထားသလဲဆိုတာ ယန်ဖုချင်မေးလိုက်သည်။
ချန်ဖန်းရှုကပြောပြလာသည်။ "ရိုးရိုးဦးထုတ်တွေကိုတော့ ထောက်ပံ့ဖြန့်ချိရေးအသင်းမှာ တစ်လုံးကိုဆင့်၇၀နဲ့ရောင်းမယ်။ ဒါပေမဲ့ ဒီတစ်ခုကို နည်းနည်းအလှဆင်ထားတော့ တစ်ယွမ်နဲ့ရောင်းချင်တယ်"
ယန်ဖုချင်ခေါင်းညိတ်လိုက်သည်။ "ဈေးနဲ့တကယ်တန်တယ်။ ဒီတစ်ခုကိုရောင်းမယ်ဆိုရင် ကျွန်မဝယ်ပါ့မယ်"
သူတို့ဆီကနေ စကားတချို့ကိုကြားရပြီးတဲ့နောက် သူတို့ဟာ ဦးထုပ်ကို တစ်ယွမ်နဲ့ ဈေးသတ်မှတ်လိုက်ကြသည်။ လုထောင်မှာ အံ့အားသင့်သွားတော့သည်။ "ဒါက နှစ်ဆယ့်ငါးယွမ်မဟုတ်ဘူးလားဟင်?"
ချန်ဖန်းရှု ရယ်လိုက်သည်။ "ဒါကို နှစ်ဆယ့်ငါးယွမ်နဲ့ ရောင်းမယ်လို့ မေမေ ဘယ်တုန်းက ပြောလို့လဲ?"
"ဒါ ဒါပေမဲ့.... ထောင်ထောင်နဲ့ ကိုကိုဝေချောင်တို့က အရောင်းအဝယ်ဖြစ်ပြီးပြီလေ...."
ကလေးမလေးဟာ သူမရဲ့အိတ်ကပ်ထဲကိုလှန်လှောရှာလိုက်ပြီး ဝေချောင် သူ့ရဲ့ဇနီးအတွက် နှစ်ပေါင်းများစွာ စုထားခဲ့သည့် ပိုက်ဆံတွေကို ထုတ်လိုက်သည်။
ချန်ဖန်းရှုမှာ ထိတ်လန့်သွားကာ ပိုက်ဆံကိုပိုင်ရှင်ဆီပြန်ပေးဖို့ အမြန်ပြောလိုက်သည်။
ရှောင်လုထောင်မှာ နည်းနည်းတွန့်ဆုတ်နေသေးသည်။
သူမသာ ဒါကိုပြန်ပေးလိုက်ရင် ဦးထုတ်ကို တစ်ယွမ်နဲ့ရောင်းလိုက်တာမဖြစ်သွားဘူးလား?
ဒါဆို ထောင်ထောင်က တာဝန်ကိုဘယ်တော့မှပြီးတော့မှာလဲ?
ကလေးမလေးရဲ့ ရှုပ်ထွေးကာ တွန့်ဆုတ်နေပြီး ချစ်စရာကောင်းတဲ့ပုံစံနဲ့အတူ သူမရဲ့နှုတ်ခမ်းလေးငိုက်စိုက်ကျသွားတာကိုမြင်တော့ ယန်ဖုချင်မနေနိုင်ဘဲ ရယ်လိုက်မိသည်။ "သမီးပြန်မပေးချင်ရင်လဲ ရပါတယ်။ ဒါပေမယ့် ကိုကိုဝေချောင်ရဲ့ ကလေးသတို့သမီးတော့ လုပ်ပေးရမယ်၊ လုပ်ချင်ရဲ့လား?"
ကလေးသတို့သမီး?
သူတို့ရဲ့ ကြောင်တောင်တောင်ညီမလေးကို ရယ်နေကြတဲ့ လုဟွေ့နဲ့ ချန်ပေါင်တို့မှာ အပြုံးတွေအေးခဲသွားကြကာ တိတ်ဆိတ်နေတဲ့ ဝေချောင်ကို လှည့်ကြည့်လာကြသည်။
ချန်ပေါင်နှင့် လုဟွေ့တို့ ဝေချောင်ကို ကြည့်လာသည့်ပုံစံမှာ လုံးဝကိုမဖော်ရွေတော့ပါချေ။
ဝေချောင်ရဲ့အမူအရာကတော့ ပြောင်းကိုမပြောင်းသွားပေ။
သေသေချာချာကြည့်ပါက ထိုကောင်လေး၏ မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးအစုံဟာ အနည်းငယ်တောက်ပနေကာ သူ၏တင်းမာနေသည့်မျက်နှာကို ပိုပြီးအသက်ဝင်လာစေသည်။
ချန်ပေါင်မှာ မနေနိုင်ဘဲရေရွတ်မိတော့သည်။ "သူ့ပုံက ဘာလို့တစ်ခုခုကို မျှော်လင့်နေသလိုဖြစ်နေတာလဲ?"
လုဟွေ့ မျက်နှာတွင်တော့ အမူအရာမဲ့နေ၏။ "မျှော်လင့်နေလဲအသုံးမဝင်ဘူး။ ငါတို့တွေ ထောင်ထောင်ကိုမရောင်းဘူး"
မမျှော်လင့်ထားစွာနှင့် နောက်တစ်စက္ကန့်မှာဘဲ လုထောင်က အားရပါးရ ခေါင်းညိတ်လာသည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ နှစ်ဆယ့်ငါးယွမ်ပဲ၊ ဈေးမလျှော့ပေးဘူး"
လုဟွေ့ - "...."
သူ့ညီမလေးဟာ ထိန်းသိမ်းဖို့ အရမ်းတုံးလွန်းတယ်လို့ လုဟွေ့ခံစားလိုက်ရသည်။
အခန်းထဲရှိ လူကြီးတွေမှာတော့ ဒါကိုကြားတဲ့အခါ မနေနိုင်ဘဲ ရယ်ကြတော့သည်။ "သမီးကိုယ်သမီး နှစ်ဆယ့်ငါးယွမ်နဲ့ ရောင်းလိုက်တယ်ပေါ့လေ?"
ထိုအရာနှင့်ပတ်သက်၍ မှားနေတာရှိတယ်လို့ လုထောင်မတွေးမိပေ။
ထောင်ထောင်က သူ့ဖေဖေ စကားကိုနားထောင်ပြီး ဈေးမလျှော့ပေးခဲ့ဘူးလေ။ ထောင်ထောင်ဘယ်လောက်တောင် တော်လိုက်သလဲ~
ပစ္စည်းရဲ့တန်ဖိုးကိုထိန်းသိမ်းရန် သူမ၏အဆုံးအဖြတ်ကိုသက်သေပြဖို့အတွက် သူမက တက်ကြွစွာဖြင့်ဘခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်၊ ဈေးလျှော့မပေးဘူး၊ တစ်ပဲနိတောင်မရဘူး!"
လူတိုင်း ထပ်ပြီးရယ်မိကြပြန်သည်။ လုကွေ့ရင်းက ကလေးမလေးကို သူမရင်ခွင်ထဲထည့်ကာ ဖက်လိုက်သည်။ "ဘွားဘွားကတော့ ဈေးမလျှော့လဲ မရောင်းနိုင်ပါဘူး။ ဘွားဘွားတို့ ထောင်ထောင်နဲ့ မခွဲနိုင်ဘူးလေ"
ရှောင်လုထောင် ဒါကိုကြားတဲ့အခါ သူမရဲ့နှုတ်ခမ်းထောင့်တွေ ငိုက်ကျသွားပြီး သူမမျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းကို ရေးထားလေသည်။
ဝေချောင်လည်း နှုတ်ခမ်းကိုတင်းတင်းစိကာ သူ့ရဲ့မျက်တောင်ရှည်ရှည်တွေက အသာနီးကပ်သွားပြီး သူဘာတွေးနေလဲဆိုတာကို ဘယ်သူမှမသိပါချေ။
သို့ပေမယ့် ချန်ပေါင်နဲ့လုဟွေတို့ နှစ်ယောက်ကတော့ သက်ပြင်းချလိုက်ကြသည်။ အထူးသဖြင့် အစ်ကိုအရင်းဖြစ်သည့် လုဟွေ့ပင်။
အဆုံးမှာ၊ လူကိုလည်း မရောင်းလိုက်သလို ပိုက်ဆံတွေကိုလည်း ရှောင်ဝေချောင်ဆီ ပြန်ပေးလိုက်သည်။
သို့သော်လည်း ယန်ဖုချင်သည် လုထောင်အပေါ် ချစ်ခင်မှုကို သိသိသာသာပြသလာသည်။ "ကလေးနှစ်ယောက် အဆင်ပြေတာ အရမ်းရှားတာ။ ထောင်ထောင်ကိုကျွန်မတို့ဝေချောင်ရဲ့ ညီမလေးပေးလုပ်ခိုင်းကြတာပေါ့"
သူမသား၏ ပုံစံကြောင့် သူမမှာ သူ့ကိုညီမလေးတစ်ယောက် မွေးပေးချင်ခဲ့ပေမယ့် ကံဆိုးစွာနှင့် ဘာမှဖြစ်မလာခဲ့ပေ။
ဝေချောင်ဟာ လုထောင်နှင့် နီးနီးကပ်ကပ်ရှိသည်မှာ ရှားသည်။ သူမလည်းဘဲ ဒီကလေးမလေးကိုအရမ်းသဘောကျကာ သူမ၏သားအတွက် တိုက်ခိုက်ပေးချင်မိသည်။
ကလေးတွေအတွက်ကတော့၊ ကစားဖော်များလာတာက ပိုကောင်းသည်။ ဒါ့ပြင်၊ လုဟွေ့နှင့် လုထောင်တို့မောင်နှမတွင် ချင်းရှန်အစု၌ သူတို့အရွယ်အသိအကျွမ်းတွေမရှိပါချေ။
ချန်မိသားစုကလည်း အဆင်သင့်လက်ခံလိုက်ကာ သူတို့သားအမိနှစ်ယောက်အား လိုက်မပို့ပေးခင် တစ်ခဏလောက် စကားပြောလိုက်ကြသေးသည်။ "နောင်ကျ လာကစားလေ"
မပြန်ခင် စိတ်ဓာတ်ကျနေသည့် ရှောင်လုထောင်ကို ဝေချောင်က ပြောလိုက်သည်။ "ကိုကို့မှာအရုပ်ဆက်တဲ့ဟာတွေရှိသေးတယ်"
ကလေးမလေးမှာ သူ့ကို မပျော်မရွှင်နှင့် ကြည့်လိုက်ပြီး မေးလိုက်သည်။ "အရုပ်ဆက်တဲ့ဟာက ဘာလဲဟင်?"
"အိမ်ဆောက်တဲ့အတုံးတွေလိုဘဲ ကစားရတာ"
အိမ်ဆောက်တဲ့အတုံးတွေလိုမျိုးလား?
လုထောင် အိမ်သေးသေးလေးနှင့် ကားလေးကို စဉ်းစားမိလိုက်ကာ နည်းနည်းလှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ " ဒါဆို.... နောက်တစ်ခေါက်ကျရင် သမီး ကိုကို့ဆီလာကစားမယ်"
ဝေချောင် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ" ခဏရပ်လိုက်ပြီးနောက် သူလက်ဆန့်ကာ ကလေးမလေး၏ ဆံပင်ကောက်ကောက်လေးတွေကို ခပ်သာသာလေးထိလိုက်သည်။
လုဟွေ့မှာ မပျော်တော့ပေ။ "ဆိုးလိုက်တာ! သူတကယ်ကြီး ထောင်ထောင်ရဲ့ဆံပင်ကို ထိရဲတယ်ပေါ့လေ"
ချန်ပေါင် ခေါင်းညိတ်လိုက်သည်။ "အမှန်ဘဲ၊ သူက အရမ်းရက်စက်တာဘဲ။ သူ တခြားသူတွေရဲ့ညီမတွေကိုလဲ ပြန်ပေးဆွဲခဲ့လောက်မယ်လို့ အရင်က ငါဘာလို့မသိခဲ့တာလဲ?"
"အစ်ကိုကြီး" လုဟွေ့ သူ့ကိုရုတ်တရက်ခေါ်လိုက်သည်။ "အရုပ်ဆက်တဲ့ဟာက ဘာလဲ?"
ချန်ပေါင်လည်း မေးခွန်းကြောင့် အကျပ်ရိုက်သွားရသည်။ "ငါ၊ ငါလဲမသိဘူး။ ရှောင်ဟွေ့ မင်းလဲ အရုပ်ဆက်တဲ့ဟာကိုစိတ်ဝင်စားနေတာလား?"
"မဟုတ်ဘူး" လုဟွေ့ခေါင်းကိုအခိုင်အမာ ခါလိုက်ကာ "စိတ်မဝင်စားပါဘူး။ အဲ့ဒါက ဘာလဲဆိုတာသိချင်ရုံဘဲ၊ အဲ့ဒါမှ ကြိုပြီးပြင်ဆင်ထားလို့ရအောင်"
"ဒါဆို.... ငါမနက်ဖြန်ကျောင်းရောက်ရင် မင်းအတွက် လိုက်မေးကြည့်ပေးမယ်လေ?"
ဝေချောင်နှင့် သူ့အမေတို့ပြန်သွားပြီးနောက် လုထောင် ကျန်နေသည့် ဆင့်ရှစ်ဆယ်ကိုယူလိုက်ကာ အိမ်ထဲသို့စိတ်ပျက်အားလျော့စွာဖြင့် ဝင်လာပြီး ထိုင်ခုံပေါ်တက်ကာ ထိုင်လိုက်သည်။
ချန်ဖန်းရှုမှာ ကောက်ရိုးဦးထုပ်အသစ်တစ်လုံး ရက်နေသည်။ သူမကိုမြင်တော့ ပြုံးကာမေးလိုက်သည်။ "သမီး ဦးထုပ်ကို ရှစ်ဆယ်ဆင့်နဲ့ရောင်းလိုက်ရတာကို မပျော်ဘူးလား?"
[အမှန်ဘဲ] အာ့ဝူလင်က ပြောလာသည်။ [ကောက်ရိုးဦးထုပ်ကို ရှစ်ဆယ်ဆင့်နဲ့ ရောင်းလိုက်တာက ကိုယ့်ကိုယ်ကိုယ် နှစ်ဆယ့်ငါးယွမ်နဲ့ ရောင်းလိုက်တာထက် ပိုကောင်းတယ်မလား? သမီးက ဦးထုပ်အလုံးသုံးဆယ်ဘဲတန်တာလား?]
ကလေးမလေးက ဘာမှပြန်မပြောပေ။ သူမသည် မျက်လုံးထဲတွင် ဝမ်းနည်းနေသည့်အကြည့်နှင့်အတူ ရှစ်ဆယ်ဆင့်အား သူမ၏လက်ဖောင်းဖောင်းလေးတွေနှင့် ညှစ်နေသည်။
အာ့ဝူလင်က ထပ်ပြောလာသည်။ [မင်းက ယွမ်ရာကျော်လောက်တန်တာကို နှစ်ဆယ့်ငါးယွမ်နဲ့ ရောင်းခဲ့တယ်။မင်း ဘာတွေတွေးနေလဲဆိုတာ ငါတကယ်မသိတော့ဘူး]
ကလေးမလေးမှာ လက်လွှတ်လိုက်ရသည့် နှစ်ဆယ့်ငါးယွမ်ကို ထပ်ခါထပ်ခါပြောနေသည်အား သည်းမခံနိုင်တော့ပေ။ သူမနားရွက်ကို လက်နဲ့အုပ်လိုက်ကာ ပြောလိုက်သည်။ "သမီးနားမထောင်ချင်တော့ဘူး!"
သူမ၏ ရုတ်တရက်တုံ့ပြန်ပုံကြောင့် ချန်ဖန်းရှုမှာ အံ့ဩသွားရသည်။ နောက်မှ သူမ၏ဖေဖေနှင့် ထပ်ပြီးစကားပြောနေမှန်း သဘောပေါက်သွားတော့သည်။
အာ့ဝူလင်ရဲ့အသံဟာလည်း ရပ်သွားကာ နူးညံ့တဲ့လေသံပြောင်းလိုက်သည်။
[ဟုတ်ပါပြီ၊ ဖေဖေတို့ ထောင်ထောင်လေးက ကောက်ရိုးဦးထုပ်ရောင်းခဲ့တော့ ရှစ်ဆယ်ဆင့်ရတယ်။ ပြီးတော့ လက်ရှိမစ်ရှင်ရဲ့တိုးတက်နှုန်းက ၃.၂ရာခိုင်နှုန်း။ အားတင်းထား ထောင်ထောင်၊ သမီးခြေလှမ်းအကြီးကြီးလှမ်းခဲ့တာဘဲ။ မစ်ရှင်ပြီးဖို့ သိပ်မကြာတော့ဘူး ပြီးရင် ဟန်ဟန်ကိုရတော့မှာ]
"တကယ်လား?" လုထောင် သူ့နားရွက်တွေကို အုပ်ထားတဲ့ လက်တွေကို သံသယဖြစ်စွာဖြင့် ဖယ်လိုက်သည်။
[တကယ်ပေါ့။ လုပ်ထား၊ ထောင်ထောင်။ သမီးလုပ်နိုင်တယ်ဆိုတာ ဖေဖေယုံတယ်။ ကောင်းပြီ၊ ဖေဖေ့မှာ ဘာမှပြောစရာမရှိတော့ဘူး။ သမီးရဲ့ ဘွားဘွားရောက်လာပြီ]