← Chapters

Chapter 27

Vol. 3 Ch. 27

Chapter 27

Vol. 3 Ch. 27

သူပြောလို့ပြီးသွားသည်နှင့်တစ်ပြိုင်နက် လုကွေ့ရင်းသည် ခရမ်းချဉ်သီးတစ်လုံးနှင့်အတူ ဝင်လာသည်။

သူမ ခရမ်းချဉ်သီးအား ရှောင်လုထောင်ဆီ ကမ်းပေးလိုက်သည်။ "စား၊ ဘွားဘွားအခုပဲ ခြံထဲကနေခူးလာတာ" နောက်တော့ သူမခေါင်းလေးအား ပွတ်လိုက်သည်။ "အိုး၊ ဘွားဘွားရဲ့ထောင်ထောင်လေးက ဘယ်လိုလုပ် ပိုပိုပြီးတော့ တော်လာရတာလဲ? အခုဆို ဦးထုပ်တွေကိုတောင် ရောင်းတတ်နေပြီ"

ချန်ဖန်းရှု ရယ်လိုက်သည်။ "သူက သူ့ကိုယ်သူကိုတောင်ပြန်ရောင်းနေတာကို အမေက ချီးကျူးနေသေးတာလား?"

"ဘာလို့ မချီးကျူးရမှာလဲ? ဘယ်လိုပဲကြည့်ကြည့်၊ ဒါက ထောင်ထောင်အတွက် အစကောင်းဘဲ၊ ဟုတ်တယ်မလား?"

အစကောင်းဟုပြောလာ‌တော့ ချန်ဖန်းရှုရဲ့မျက်လုံးတွေ ငြိမ်သက်သွားကာ အပြုံးဖြင့်ပြောလာသည်။ " အရင်က ရှင်ဆယ်ဆင့်ဆိုတာ အရမ်းဈေးကြီးလွန်းတယ်လို့ သမီးထင်ပြီး ဒါကို ဘယ်သူမှ မဝယ်တော့မှာ စိုးခဲ့တာ။ ဒီနေ့ ဆရာမရှောင်ယန်ပြောပုံအရဆို ပစ္စည်းက လုံလုံလောက်လောက်ကောင်းနေရင် ရှင်ဆယ်ဆင့်နဲ့လဲ ရောင်းလို့ရတာဘဲ"

"အမေလဲထင်တယ်" လုကွေ့ရင်းပြောလိုက်သည်။ "ဒါပေမဲ့ ဒီဦးထုပ်တွေကို အသက်ကြီးကြီးမိန်းကလေးတွေနဲ့ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျထားတဲ့ အမျိုးသမီးတွေဆီပဲ ရောင်းလို့ရမယ်။ ယောက်ျားလေးတွေ ဆောင်းမယ်ဆိုရင် အရမ်းလှနေဖို့တော့မလိုဘူး။ ငါ့အရွယ်လူတွေကတော့ ဒီလောက်ပိုက်ဆံကိုသုံးကြလောက်မှာမဟုတ်ဘူး"

ချန်ဖန်းရှုမှာ ရောင်းမည့်ကိစ္စအပေါ် သိပ်ပြီး မစိုးရိမ်နေပါချေ။

သူမပြောလိုက်သည်။ "သမီးတို့အသင်းက ဘယ်သူမှမဝယ်လောက်ပေမဲ့ ဘုံအဖွဲ့မှာတော့ တခြားအသင်းတွေရှိတယ်လေ။ ဘုံအဖွဲ့က ဘယ်သူမှ မဝယ်ရင်လဲ ခရိုင်ရှိသေးတယ်မလား? ဘာဘဲဖြစ်ဖြစ် ဒီဟာတွေက သိပ်အားမထုတ်ရတဲ့အတွက် တစ်ခုစီရောင်းရ‌တာကနေ အမြတ်ရ‌သေးတယ်လေ"

လုကွေ့ရင်းလည်း အဲ့ဒီအတိုင်းတွေးမိသည်။

ယနေ့ခေတ်တွင် ကျေးလက်မှလူတွေဟာ မြို့တော်မှလူတွေကဲ့သို့ အစားအသောက် မရှားပါးပါချေ။ လှုပ်ရှားနေသရွေ့ စားသောက်ဖို့ လုံလုံလောက်လောက်ရှာနိုင်မည်ဖြစ်သော်လည်း ငွေသားကိုတော့ တစ်နှစ်ပတ်လုံးမြင်ရလိမ့်မည်မဟုတ်ပေ။

လွန်သည့်နှစ်တွေမှာ အနီးနားမှအစုတွေတွင် အမြတ်နည်းနည်းသာ ရခဲ့ကြသည်။ နှစ်အဆုံးတွင် ငွေကြေးပျံ့နှံ့မှု မညီမမျှဖြစ်လာသည့်အခါ အလုပ်အမှတ် ၁၀မှတ်ဟာ ၁.၂ဆင့်နှင့်သာ ညီမျှတော့သည်။ အလုပ်နိုင်ဆုံး အမျိုးသားတွေတောင် တစ်နေ့ကို အလုပ်မှတ်၁၂မှတ်သာရကာ တစ်နှစ်တွင် ၄ယွမ်သာရသည်။

ဒီအတွက်ကြောင့်၊ အသင်းခေါင်းဆောင်ဟာ ရွာသားတွေဆီမှ လှောင်ပြောင်သရော်ခံရကာ "ရိမောင်အာ" ဆိုသည့် နာမည်ပြောင်ပေးတာခံခဲ့ရသည်။

ဒီလိုတွက်ချက်ကြည့်ပါက သူမ၏သမီးဟာ ဦးထုပ်ငါးလုံးရောင်းရရုံဖြင့် တခြားလူတွေ၏ တစ်နှစ်စာလုပ်အားလောက်ကို ရှာနိုင်မည်ဖြစ်သည်။ ဒါဟာ တကယ်ကောင်းသည့်စီးပွါးရေးပင်။

သို့ပေမယ့် ဒီစီးပွါးရေး အောင်မြင်ဖို့အတွက် ရာသီဥတုကောင်းဖို့လဲ လိုအပ်သည်။

လုကွေ့ရင်း သူမသမီးရက်ထားသည့် ဦးထုပ်တွေကို ရောင်းရန် မယူသွားရသေးခင်မှာဘဲ ညဘက်မှရွာလာသည့်မိုးဟာ သုံးရက်လောက် တဖွဲဖွဲရွာတော့သည်။

ကောက်ရိုးလိုပစ္စည်းတွေဟာ မြက်ခြောက်တွေနှင့်လုပ်ထားသည့်အတွက် ရောင်းဖို့မပြောနှင့် မိုးရွာသည့်ရက်မှာ အပြင်တောင်ထုတ်လို့မရပါချေ။

ရှောင်လုထောင်မှာ တံခါးဝတွင် ခွေးခြေခုံလေးဖြင့်ထိုင်ကာ ရာသီဥတု ကြည်လင်လာမည်ကို စိတ်အားထက်သန်စွာဖြင့် စောင့်နေတော့သည်။ သူမမှာ နေသာလာသည်ကြောင့် ချက်ချင်းပင်ပ စ္စည်းတွေကို ရောင်းလိုက်နိုင်သည်ဟု ညဘက်၌အိမ်မက်ထဲတွင်ပင် ပြောနေခဲ့သည်။

သူမသက်ပြင်းချနေတာကိုမြင်တော့ ချန်ပေါင်ခဲ့မှာ မနေနိုင်ဘဲ သူမကိုစတော့သည်။ "သမီးမေမေကတောင် မစိုးရိမ်နေတာကို၊ သမီးက ဘာတွေစိုးရိမ်နေတာလဲ? အိုလာရအောင် သက်ပြင်းချမနေနဲ့လေ"

"အိုလာမယ်?" ကလေးမလေးမှာ နားမလည်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။

"ဟုတ်တယ်" ချန်ပေါင်ခဲ့ ပြောလိုက်သည်။ "အဖွားရှုလိုမျိုး မျက်နှာတစ်ခုလုံးမှာ အရေးကြောင်းတွေနဲ့လေ"

အမျိုးသမီးယန် ဘယ်လိုပုံလဲဆိုတာကို လုထောင်စဉ်းစားကြည့်လိုက်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမမျက်နှာကို လက်ဖြင့်ကာလိုက်သည်။ "ထောင်ထောင်က မအိုဘူး! ထောင်ထောင်မှာ အရေးကြောင်းတွေလဲမရှိဘူး!"

ဒီနေ့တော့ အမျိုးသမီးရှု တစ်ယောက် ကလေးကိုသက်ပြင်းချတာရပ်အောင် လုပ်နိုင်တဲ့ တန်ဖိုးတစ်ခုကို ရလိုက်ပြီ = =

ကံကောင်းထောက်မစွာဖြင့် မိုးဟာ သုံးရက်လောက် တဖွဲဖွဲရွာပြီးသည့်နောက် ရပ်သွားတော့သည်။

ကောင်းကင် အပြည့်အဝကြည်လင်လာသည့်နေ့ဟာ တိုက်တိုက်ဆိုင်ဆိုင် လုဟွေ့နှင့် ချန်ပေါင်တို့ ကျောင်းပိတ်သည့်ရက်ဖြစ်နေသည်။ ညီအစ်ကိုနှစ်ယောက်လုံး နေမြင့်သည်အထိ မအိပ်ခဲ့ပေ။ မနက်စာစားပြီးနောက် အိမ်ထဲဝင်ကာ ကျောင်းလွယ်အိတ်တွေ လွယ်လိုက်ပြီး ဘုံအဖွဲ့တွင် သွားကစားကြမည်ဟု ပြောလာသည်။

ရှောင်လုထောင်ဟာတော့ သူမ၏ ဦးထုပ်ရောင်းမည့် စီးပွါးရေးအကြောင်းကိုသာ တွေးနေဆဲပင်။ ထိုသတင်းကိုသူမကြားသည့်အခါ သူမ၏အစားအသောက်ကိုတောင် ဂရုမစိုက်တော့ဘဲ သူမလည်းသွားချင်ကြောင်း ပူညံပူညံလုပ်တော့သည်။

လုဟွေ့က သူမကိုနှစ်သိမ့်လိုက်သည်။ "အိမ်မှာဘဲနေပြီး ဦးထုပ်တွေရောင်းနေလေ၊ ကိုကို မကြာဘူးပြန်လာမယ်"

ကလေးမလေးဟာ သူ့ကျောင်းလွယ်အိတ်ကို ဖက်ထားကာ ပြောလာသည် "ဒါတွေကို ဘုံအဖွဲ့မှာ ရောင်းရအောင်လေ။ အဲ့ဒီမှာ လူတွေအများကြီးရှိတယ်"

ဘုံအဖွဲ့တွင် သကြားလုံးတွေ ဘီစကစ်တွေနှင့် လှပသည့် ဘီးကုတ်တွေ ကလစ်‌တွေရောင်းသည့် ထောက်ပံ့ဖြန့်ချိရေးအဖွဲ့လို့ခေါ်သည့် နေရာတစ်ခုရှိမှန်း သူမမှတ်မိသည်။

အဲ့ဒီနေရာတွင် လူအများကြီးရှိသည့်အတွက် ထောင်ထောင် ဦးထုပ်မြန်မြန်ရောင်းလို့ရကာ ဟန်ဟန်အတွက် အဲ့ဒါတွေကို သူ့ဖေဖေဆီမှာလဲလို့ရသည်။

ရှောင်လုထောင်လေးမှာ သူမကိုကို၏ ကျောင်းလွယ်အိတ်ကို ကိုင်ထားကာ မလွှတ်ပေးချေ။ သူစိတ်တိုလာတဲ့အခါ သူမသည် အချိန်မရွေးငိုချနိုင်သည့်အတိုင်း နှုတ်ခမ်းကိုစူထားလိုက်သည်။

လုဟွေ့နှင့် ‌ချန်ပေါင်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး လူကြီးတွေ စကားတစ်ခွန်းပြောလိုက်သည်နှင့် သူတို့တွေ အိမ်မှာဘဲနေရကာ ဘယ်မှမသွားရတော့ဘဲ သူတို့ညီမလေးနှင့်သာ ကစားနေရမှာကို စိုးရိမ်မိသွားသည်။

လုဟွေ့မှာ ရွေးချယ်စရာမရှိတော့ဘဲ အပေးအယူလုပ်လိုက်ရသည်။ "လိုက်လို့တော့ရတယ်၊ ဒါပေမဲ့ ကိုကို့စကားကို‌နားထောင်ပြီး လိုက်မပြေးနေရဘူး၊ နားလည်လား?"

ကလေးမလေးမှာ ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ပြီး သူ၏မေမေကိုရှာရန် အိမ်ထဲပြန်ပြေးသွားသည်။ "မေမေ၊ မေမေ ‌ဦးထုပ်တွေ ဘယ်မှာလဲဟင်? ထောင်ထောင်နဲ့ ကိုကိုတို့ ဦးထုပ်တွေရောင်းမလို့"

ကလေးမလေးမှာ အသက်သုံးနှစ်သာရှိသေးကာ မတွက်ချက်တတ်သေးသည့်အတွက် ချန်ဖန်းရှုသည် သူမအားရောင်းခွင့်ပေးဖို့ မစဉ်းစားထားပါချေ။

သို့ပေမယ့်၊ သူမ၏သားနှင့် သူတို့၏အစ်ကြီးဆုံးအစ်ကို ရှောင်ပေါင်က သူမနှင့်အတူရှိနေရင်တော့ ဘုံအဖွဲ့တွင်သွားကစားတာက ဘာမှမဖြစ်ပါချေ။ ဘာပဲဖြစ်ဖြစ်၊ ချန်ပေါင်ဟာ ဒီနှစ်တွင် ၁၂နှစ်ရှိပြီဖြစ်သည်။

ချန်ဖန်းရှု ဦးထုပ်ဆယ်လုံးပေးလိုက်ကာ ပြောလိုက်သည်။ "လိုချင်သလောက် ယူသွားလို့ရတယ်။ ဂရုစိုက်။ ပြန်လာတဲ့အခါကျ အလုပ်ကြိုးစားလို့ မေမေကပိုက်ဆံပေးအုံးမှာ"

အစကတော့ ချန်ပေါင်မှာ နည်းနည်းစိတ်ညစ်နေသော်လည်း အလုပ်ကြိုးစားပါက ပိုက်ဆံပေးမည်ဟု ကြားသည့်အခါ သူပြန်ပြီးတက်ကြွလာသည်။ "ဒေါ်ဒေါ် အလုပ်ကြိုးစားရင် ဘယ်လောက်ပေးမှာလဲ?"

"တစ်ယောက်ကို ရေခဲချောင်းတစ်ချောင်းလေ အဆင်ပြေလား?"

"ရတယ် ရတယ် စိတ်မပူပါနဲ့ဒေါ်ဒေါ်။ သားတို့တွေ ဒါတွေအားလုံး ဒေါ်ဒေါ့်အတွက် ရောင်းပေးမယ်"

လုထောင် စားပြီးသွားတဲ့အခါ ညီအစ်ကိုနှစ်ယောက်သည် ဦးထုပ်တွေကိုယူကာ သူတို့ညီမကိုပါခေါ်သွားလိုက်သည်။

ဘုံအဖွဲ့ဟာ အနည်းငယ်ဝေးသည့်အတွက် လုထောင်လမ်းမလျှောက်နိုင်မှာ သူတို့စိုးရိမ်ကာ လုထောင်ရဲ့ကားလေးကိုပါယူထုတ်လာကာ သူမညောင်းလာပါက ၎င်းထဲတွင် ပေးထိုင်ရန်ဖြစ်သည်။

ဒီမြင်ကွင်းကိုမြင်တော့ ‌လုထောင်ကို မစ်ရှင်ပြီးအောင်လုပ်ရန် တိုက်တွန်းနေသည့်အာ့ဝူလင်မှာ မနေနိုင်ဘဲ သီချင်းဆိုမိတော့သည်။

သီချင်းစာသားတွေဟာ လုံးဝကိုကွက်တိကျနေသည်။ [တစ်ယောက်ယောက်ကိုရောင်းချင်ရင် - တခြားသူကိုရောင်းမနေပါနဲ့ - ငါ့ဆီမှာဘဲလာရောင်းပါ - မင်းရဲ့ကောက်ရိုးဦးထုပ်လေးကိုသယ်ရင်း - မင်းရဲ့ညီမကိုခေါ်လာခဲ့ပါ - အဲ့ဒီကားသေးသေးလေးထဲဝင်ပါ - ဟင်? တစ်ခုခုမှားနေသလိုဘဲ....]

လမ်းလျှောက်လိုက်ရပ်လိုက် အကြိမ်ပေါင်းများစွာလုပ်ပြီးတဲ့နောက် ဦးထုပ်ရောင်းမည့် ကလေးမလေးနှင့် သူမ၏အစ်ကိုတို့မှာ နောက်ဆုံးတော့ အိုက်မင်ဘုံအဖွဲ့ဆီရောက်လာတော့သည်။

သို့ပေမယ့်၊ ဘယ်နေရာတွင်ရောင်းမလဲဆိုတာကို ဆွေးနွေးပြီးတဲ့နောက် ဒီလူနည်းနည်းကြား သဘောမတူမှုသေးသေးလေး နိုးကြွလာသည်။

"ထောက်ပံ့ဖြန့်ချီရေးအသင်းကို သွားရအောင်" လုထောင်ပြောလိုက်သည်။

"ဈေးအသေးလေးဆီ သွားမယ်လေ" လုဟွေ့ကပြောလိုက်သည်။

ချန်ပေါင်ရဲ့ အတွေးကတော့ သူ့မှာ ဘာတွေးထားတာမှမရှိပေ = =

အဆုံးမှာ လုဟွေ့ သူ့ဝှက်ဖဲကိုထုတ်လိုက်သည်။ "ထောက်ပံ့ဖြန့်ချီရေးအသင်းရဲ့ ဝင်ပေါက်မှာ အနီရောင်လက်ပတ်နဲ့လူတွေ အမြဲရှိတာ။ သူတို့လာလို့ရှိရင်၊ ကောက်ရိုးဦးထုတ်တွေကို သိမ်းသွားလိမ့်မယ်"

အနီရောင်လက်ပတ်နဲ့ လူတွေအကြောင်း ကြားသည့်အခါ ကလေးမလေးမှာ တစ်စက္ကန့်အတွင်း လက်ခံလိုက်ပြီး သူမအစ်ကိုနောက်ကနေ ဈေးအသေးလေးဆီ လိုက်သွားတော့သည်။

ဈေးအသေးလေးလို့ ခေါ်သော်လည်း ၎င်းဟာ အနီးအနားမှ အသင်းတွေ တိတ်တိတ်လေး ပစ္စည်းတွေလာရောင်းကြသည့် နေရာသာဖြစ်သည်။ လူတွေဟာ ခပ်သေးသေးလေးသာ ခင်းကျင်းထားပြီး ဆောင့်ကြောင့်ထိုင်နေကြသည်။ သူတို့ရောင်းသည်မှာ ကြက်ဥတွေ၊ ဘဲဥဆားငန်တွေ စသည်တို့ဖြစ်ကာ အနီရောင်လက်ပတ်နဲ့ လူတွေလာသည်ကိုမြင်ပါက ခင်းကျင်းထားသည်ကို အမြန်သိမ်းကာ အချိန်မရွေးထွက်သွားနိုင်သည်ပင်။

လူဟွေ့နှင့် ချန်ပေါင်တို့သည် တခြားသူများနှင့် ယှဉ်ပါက ထင်းနေသည့်နေရာတစ်ခုကို ရှာတွေ့လိုက်ကာ သူတို့ပစ္စည်းတွေကိုယူသွားလိုက်ပြီး သူတို့အရှေ့ကမြေပြင်ပေါ်သို့ ချလိုက်သည်။

ချန်ပေါင်က တစ်ဖက်တွင် ဆောင့်ကြောင့်ထိုင်ကာ သူ့ရင်ဘက်ထဲမှ အဝတ်ကို ဆွဲထုတ်လိုက်ပြီး သူ့ကိုယ်သူယပ်ခတ်နေလိုက်သည်။ "ရှောင်ဟွေ့၊ ဒီဟာတွေ တကယ်ရောင်းထွက်မယ်လို့ မင်းထင်လား? ငါ့အမေဆီကနေတော့ ရှစ်ဆယ်ဆင့်နဲ့ ရောင်းနေတဲ့ ဘယ်လိုတောင် စုတ်ပျက်နေတဲ့ကောက်ရိုးဦးထုပ်လဲ ဆိုပြီးမကျေနပ်ပြောနေတာကို အမြဲတမ်းကြားနေရတာ"

လုဟွေ့ တစ်ခဏလောက်တိတ်သွားပြီး နောက်တော့မေးလိုက်သည်။ "ဒေါ်ဒေါ်က အကုန်လုံးကို ဈေးကြီးတယ်လို့ထင်နေတာလား?"

"ဟင့်အင်း၊ တကယ်တော့မဟုတ်ဘူး။ ဒါပေမဲ့ သူကနေ့တိုင်းပိုက်ဆံတွေစုပြီး ငါ့ကိုတောင် မုန့်ဖိုးပေးချင်တာမဟုတ်ဘူး။ သူ့ဘာအတွက် ပိုက်ဆံစုနေလဲဆိုတာ ငါလဲမသိဘူး"

သူ့ဦးလေး၏ ဇနီးဟာ ဘယ်လောက်ကပ်စီးနဲမှန်း လုဟွေ့ တစ်ကြိမ်မက တွေ့ဖူးသည်။ သူမသည် အသီးအရွက်စားသည့်အခါ ပန်းကန်ကိုခြစ်ထုတ်တတ်ပြီး၊ ဆန်ပြုတ်သောက်သည့်အခါဆို ပန်းကန်ကိုလျက်တတ်ကာ အိမ်မှပေါက်နေသည့်နေရာတွင် ရေခံရန် ဇလုံထားထားပြီး အဝတ်စုတ်တွေလျှော်ရန်အတွက် ထားထားလေ့ရှိသည်။

ဒါကိုရောင်းပါက ပိုက်ဆံဘယ်လောက်ထိရနိုင်မလဲ ဒါမှမဟုတ် ပိုက်ဆံဘယ်ကလာမလဲဆိုတာ သူမသိသော်လည်း ဘာမှတ်ချက်မှ မပေးလိုက်ပါချေ။

အဲ့ဒီအချိန် လူတချို့ သူတို့အရှေ့မှာ လာရပ်ကြသည်။

လုဟွေ့တက်ကြွလာကာ ကောက်ရိုးဦးထုပ်တွေ ဝယ်ချင်လို့လားလို့ မေးဖို့လုပ်တုန်းမှာဘဲ ထိုအမျိုးသမီးတွေထဲက တစ်ယောက်သည် ဆောင့်ကြောင့်ထိုင်လိုက်ကာ မေးလိုက်သည်။ "ကလေးတို့၊ အစား မစားရတာဘယ်နှရက်ရှိပြီလဲ?"

ဒီမနက်တင်စားခဲ့တာလေ။

လုဟွေ့ နည်းနည်းနားမလည်ဖြစ်သွားသည်။

သူစကားပြောဖို့ ခက်ခဲနေသည်ဟု ထိုအမျိုးသမီးအိုကထင်သွားကာ သက်ပြင်းချလိုက်ပြီး သူ့ကိုပိုပြီးသနားဂရုဏာသက်သလို ကြည့်လိုက်သည်။ "ငါပြန်ပြီး မင်းတို့စားဖို့အတွက် ပေါင်မုန့်ပေါင်းနှစ်ခုသွားယူလိုက်အုံးမယ်။ ခရိုင်မှာ နိုင်ငံပိုင်စားသောက်ဆိုင်တွေရှိတယ်။ အဲ့ဒီက အစားအသောက်တွေက အရမ်းကောင်းတာ"

နောက်ဆုံးတော့ လုဟွေ့ သဘောပေါက်သွားတော့သည်။ သူတို့ဟာ ဂရုစိုက်မိဘဲ ဦးထုပ်တွေကိုမြေပြင်ပေါ်တွင် လှန်ထားမိတာကြောင့် သူတို့ကို တောင်းရမ်းနေသည့်သူတွေဟု အထင်မှားသွားတာဖြစ်သည်။

သူ့မျက်နှာ နီရဲလာကာ ဦးထုပ်ကိုအမြန် ပြန်မှောက်လိုက်သည်။ "ဒေါ်ဒေါ်၊ ကျွန်တော်တို့က ဈေးရောင်းဖို့လာတာပါ"

ရှောင်လုထောင်လည်း ကားလေးပေါ်မှ ထရပ်လိုက်ကာ ပြေးလာသည်။ "ဒေါ်ဒေါ်၊ ကောက်ရိုးဦးထုပ်တွေကို ဝယ်ချင်လို့လားဟင်?"

ကလေးမလေးဟာ အသားဖြူဖြူ၊ ပါးဖောင်းဖောင်းလေးတွေနှင့် ကြည်လင်သည့်မျက်နှာရှိသည်။ သူမပုံဟာ အရမ်းကိုဗိုက်ဆာနေတာကြောင့် တောင်းရမ်းနေသည့်ပုံနှင့်မတူပါချေ။

အမျိုးသမီးအိုမှာ သူမအမှားလုပ်မိသွားမှန်း သဘောပေါက်သွားပြီး အနည်းငယ်ရှက်ရွံ့အားနာစွာဖြင့် ကောက်ရိုးဦးထုပ်အားယူကာ ကြည့်ရှုလိုက်သည်။ "ဒီ‌ဦးထုပ်က ဘယ်လောက်လဲကွယ်?"

"ဆင့်ရှစ်ဆယ် ပါ" လုဟွေ့မှာ သူ့ညီမဘာသာထပ်ပြီးရောင်းလိုက်မှာကို စိုးသည့်အတွက် သူမအစားအမြန်ဖြေပေးလိုက်သည်။

"ဆင့်ရှစ်ဆယ်" အမျိုးသမီးအိုမှာ တုံ့ဆိုင်းသွားပုံပေါ်ကာ ၎င်းဟာ ဈေးကြီးကြောင်း တွေးနေမှန်း သိသာလှသည်။

ထိုအမျိုးသမီးနှင့် အတူပါလာသည့် လူနှစ်ယောက်လည်း ရောက်လာကာ ကြည့်လိုက်ကြသည်။ "ဒီဦးထုပ်ကို ကိုယ့်ဘာသာကိုယ် ရက်ထားတာလား? ဘယ်လိုလုပ် အရမ်းလှနိုင်ရတာလဲ?"

"နည်းနည်းတော့ ဈေးကြီးတယ်။ ဒါကို ဆင့်ရှစ်ဆယ်နဲ့ရောင်းတာလား?"

ရှောင်လု‌ထောင်က ခေါင်းကို စိတ်အားထက်သန်စွာနဲ့ ခါလိုက်ပြီး "ဈေးလျှော့ပြီး မရောင်းဘူး၊ မရောင်းဘူး!"

နောက်ဆုံးတော့၊ အမျိုးသမီးအိုမှာ အံကိုကြိတ်ကာ တစ်လုံးဝယ်လိုက်သည်။ "ငါ့သမီးက ဒီနှစ်အထက်တန်းကျောင်းမှာဘွဲ့ယူရမှာ။ ပြီးရင် နှစ်ရက်အတွင်း ကျေးလက်ကိုသွားရတော့မှာ။ သူဒီလိုဟာမျိုး လိုလိမ့်မယ်လို့ တွေးမိလို့ သူ့အတွက် တစ်လုံးဝယ်လိုက်တာ"

"ဟုတ်တယ်" ရှောင်လုထောင်က ခေါင်းညိတ်လိုက်သည်။ "ကောက်ရိုးဦးထုပ်ကလှတယ်၊ ဒေါ်ဒေါ်လဲလှတယ် ပြီးတော့ မမလဲလှမှာဘဲ"

ထိုအမျိုးသမီးမှာ အရမ်းသဘောကျသွားကာ ရယ်လိုက်သည်။ "ဒါက ဘယ်သူ့ ကလေးလေးလဲ? သူ့ပါးစပ်က ဘာလို့အရမ်းချိုမြနေရတာလဲ?" သူမရွှင်မြူးသွားသည်။

သူမထွက်သွားသည်နှင့် အနီးနားတွင် ဘဲဥကြက်ဥတွေရောင်းနေသည့် ကောင်မလေးက ရောက်လာကာ ပြောလိုက်သည်။ "မင်းတို့ရဲ့ဦးထုပ်လေးတွေက အရမ်းလှတာဘဲ၊ နည်းနည်းဈေးလျှော့ပေးလို့ရမလား?"

"မရဘူး" မောင်နှမသုံးယောက်မှာ တညီတညွတ်တည်း ခေါင်းခါလိုက်ကြသည်။

ထိုကောင်မလေးမှာ လက်မလျှော့သေးပေ။ "မင်းတို့တွေက အရမ်းငယ်သေးတာ၊ ဈေးဘယ်လိုရောင်းရမလဲသိလို့လား? ငါ မင်းတို့ကို ကူရောင်းပေးမယ်၊ ငါ့ကိုဈေးလျှော့ပေးလေ ဘယ်လိုလဲ? ငါ ဒီဈေးထဲမှာ ရောင်းနေတာ သုံးလေးနှစ်ရှိနေပြီ၊ ငါက ဈေးရောင်းတဲ့နေရာမှာ အရမ်းတော်....."

သူမပြောလို့မပြီးသေးခင်မှာဘဲ ရှောင်လုထောင်က ဦးထုပ်တစ်လုံးကိုယူကာ မဝေးလှသည့်နေရာဆီ ပြေးသွားသည်။ "ဒေါ်ဒေါ်၊ ကောက်ရိုးဦးထုပ်လေးဝယ်ချင်လားဟင်?"

ကလေးမလေးဟာ ပန်းလေးကိုပြုံးနေကာ ခေါင်းပေါ်တွင် ကောက်ရိုးဦးထုပ်ကို ဆောင်းထားသည်။ "သမီးရဲ့ကောက်ရိုးဦးထုပ်က အရမ်းလှတာ။ ဒေါ်ဒေါ် ကျေးဇူးပြုပြီး တစ်လုံးလောက်ဝယ်ပါလားဟင်"

သူမက အသက်သုံးနှစ်သာ ရှိသေးတဲ့အတွက် ခန္ဓာကိုယ်က ဘယ်လောက်ကြီးမှာတဲ့လဲ? ဦးထုပ်ဆောင်းထားတော့ သူမရဲ့တစ်မျက်နှာလုံးကို မမြင်ရလုနီးနီးပင်။

ကလေးမလေးမှာ အရမ်းစိတ်ရှုပ်လာသည်။ သူမလက်လေးကိုထုတ်ကာ ဦးထုပ်ကိုချွတ်ဖို့ သတိမရခင် လေထဲကို အကြိမ်အနည်းငယ်လောက် ထိလိုက်သည်။

သူမ တားလိုက်သည့် အမျိုးသမီးမှာ သူမဦးထုပ်ချွတ်လိုက်တာကို မြင်လိုက်တာကြောင့် သိသိသာသာကိုစိတ်အေးသွားတော့သည်။ သူမဦးထုပ်ကို ဖြည်းဖြည်းချင်းချွတ်နေပုံက သူမကို ရယ်မိစေတော့သည်။ "ကလေးမလေး၊ ဒီဦးထုပ်လှလှလေးကို ဘယ်လောက်နဲ့ရောင်းချင်လို့လဲ?"

လုထောင်က ‌လက်မြှောက်ကာ ပြောလိုက်သည်။ "ဆင့်ရှစ်ဆယ်၊ ‌ဈေးမလျှော့ဘူး"

"ဆင့်ရှယ်ဆယ်လား? ဒေါ်ဒေါ် တစ်ချက်ကြည့်ကြည့်မယ်"

ထိုအမျိုးသမီးသည် ဦးထုပ်အား အပြန်ပြန်အလှန်လှန်ကြည့်လိုက်ပြီး သူမခေါင်းပေါ်တွင် စမ်းဆောင်းကြည့်ကာ မေးလိုက်သည်။ "သမီးရဲ့မိဘတွေကဘယ်မှာလဲ?"

"သားတို့မေမေက ခဏနေပြန်လာမှာ။ ဒေါ်ဒေါ် သားတို့ကိုဘဲ ပိုက်ဆံပေးလိုက်ပါ" လုထောင် မပြောရသေးခင် လုဟွေ့ကဖြေလာသည်။

ထိုအမျိုးသမီးဟာ ဦးထုပ်ကို တကယ်သဘောကျနေသည့်ပုံပင်။ သူမသည် ကျန်သည့်ဦးထုပ်ကိုးလုံးကို တစ်လုံးပြီးတစ်လုံးရွေးကာ သူမအကြိုက်ဆုံးတစ်လုံးကိုဝယ်လိုက်သည်။

နောက်တော့ ကလေးမလေးက ခုနကအတိုင်းထပ်ပြောပြန်သည်။

သူတို့တားခဲ့သည့် လူတိုင်း ဝယ်ကြတာမဟုတ်သော်လည်း တစ်နာရီအတွင်းမှာ ခြောက်လုံး ခုနစ်လုံးလောက် ရောင်းလိုက်ရပြီဖြစ်သည်။

အနီးနားရှိ ဘဲဥကြက်ဥတွေရောင်းသည့် ကောင်မလေးမှာ အားကျသလို တံတွေးမျိုချလိုက်ပြီး တိတ်တိတ်လေး ရေရွတ်လိုက်သည်။ "သူတို့တွေက အဲ့ဒီလောက် ဈေးကြီးကြီးနဲ့ ရောင်းနေတာကို ကြက်ဥတွေကိုကျ ဘာလို့လူအများကြီး လာမဝယ်ကြတာလဲ? ငါ့ကြက်ဥတွေက ၁.၅ဆင့်ပဲရှိတာ၊ ဆင့်ရှစ်ဆယ်ဆို ကြက်ဥတွေအများကြီးဝယ်လို့ရတာကို"

ဦးထုပ်နှစ်လုံးပဲ ကျန်တော့တာကိုမြင်တော့ လုဟွေ့ထရပ်လိုက်ကာ ကျောင်းလွယ်အိတ်ကို လွယ်လိုက်သည်။ "အစ်ကိုရှောင်ပေါင်၊ ထောင်ထောင်ကို တစ်ချက်ကူကြည့်ထားပေးပါအုံး"

သူသည် သေးပေါက်ဖို့ နေရာရှာသလိုမျိုး မူမမှန်စွာနှင့် ဈေးထဲမှ ပြေးထွက်သွားကာ နာရီဝက်ကြာသည်အထိ ပြန်မလာခဲ့ပေ။

ရှောင်လုထောင်မှာ သူမ၏ချိုမြမြကလေးအသံလေးဖြင့် အဘွားအိုတစ်ယောက်ကို စကားပြောနေသည်။

လုဟွေ့ပြန်လာတာကို ‌ချန်ပေါင်မြင်တော့ အသံတိုးတိုးဖြင့် မေးလိုက်သည်။ "မင်းတစ်ခုခုတွေ့ခဲ့လား?"

လုဟွေ့ သူ့လွယ်အိတ်ကိုပုတ်ကာ ပြောလိုက်သည်။ "ကျွန်တော် အဲ့ဒီမှာရှိတဲ့ပုံတွေအတိုင်း အတိအကျကူးခဲ့တယ်။ လုံးဝ ဘာအမှားမှမရှိဘူး"

"ခဏနေကျရင် ငါ့ကိုပေးကြည့်"

"ကျွန်တော်တို့ အိမ်ပြန်တဲ့အခါကျ အဲ့ဒီအကြောင်းပြောကြတာပေါ့။ ထောင်ထောင်ကို မကြားစေနဲ့နော်"

နေ့လယ်ကျော်သွားသည့်အခါ မောင်နှမသုံးယောက်အဖွဲ့မှာ နောက်ဆုံးတော့ ပြန်လာကြသည်။

All Chapters