← Chapters

Chapter 28

Vol. 3 Ch. 28

Chapter 28

Vol. 3 Ch. 28

ချန်ပေါင် အိမ်ထဲဝင်လာသည်နှင့် အော်ပြောလိုက်သည်။ "ဒေါ်ဒေါ်၊ အဘွား၊ သားတို့တွေ ဦးထုပ်‌‌အကုန်လုံးရောင်းပြီးသွားပြီ!"

ဟူချူရှန်းမှာ အရမ်းလန့်သွားကာ သူ့ကိုမျက်စောင်းထိုးလိုက်သည်။ "ရှူး - ဘာရောင်းတဲ့အကြောင်းပြောနေတာလဲ? တစ်ယောက်ယောက်ကြားသွားမယ် သတိထား"

သူမပြောပြီးနောက် နောက်ဆုံး တုံ့ပြန်လာတော့သည်။ "ဘာပြောလိုက်တာ? အဲ့ဒီဦးထုပ်တွေ ရောင်းကုန်သွားပြီဟုတ်လား?

‌ချန်ပေါင်က သူမကိုအမြန်ဆွဲလိုက်သည်။ "အမေ၊ အသံတိုးပါအုံး၊ အမေပဲ တစ်ယောက်ယောက်ကြားသွားမှာ ကြောက်နေတာမဟုတ်ဘူးလား?"

ဒီတော့မှ ဟူချူရှန်း ပတ်ပတ်လည်ကို ကြည့်လိုက်ကာ ခပ်တိုးတိုး မေးလိုက်သည်။ "သားရဲ့ဒေါ်ဒေါ်ပေးခဲ့တဲ့ ဦးထုပ်ဆယ်လုံးလုံး တကယ်ပဲ ရောင်းကုန်သွားတာလား? တစ်လုံးကို ဆင့်ရှစ်ဆယ်နဲ့ ရောင်းလိုက်တာလား?"

ချန်ပေါင် ခေါင်းညိတ်လိုက်သည်။ "အကုန်လုံးရောင်းကုန်သွားပြီ"

ဟူချူရှန်း အံ့ဩသွားသည်။ "ဘုံအဖွဲ့ကလူတွေ တကယ်ချမ်းသာတာပဲ။ ဒီလိုဈေးကြီးတဲ့ပစ္စည်းတွေကိုတောင် ဝယ်ကြတယ်"

တခြားချန်မိသားစုဝင်တွေလည်း အံ့ဩသွားကြကာ ဘာဖြစ်ခဲ့လဲဆိုတာ မောင်နှမသုံးယောက်ကို မေးကြတော့သည်။

ရှောင်လုထောင်တစ်ယောက် ထပ်ပြီး ကြီးကြီးမားမားလုပ်ခဲ့ကြောင်း ကြားတော့ ချန်ပေါင်ခဲ့သက်ပြင်းချလိုက်သည်။ " ကျွန်တော်တို့ထောင်ထောင်က အချိန်မှားမွေးလာတာဘဲ။ သူသာဆယ်စုနှစ်လောက် စောမွေးလာခဲ့ရင်၊ ကျွန်တော်တို့မိသားစုလဲ ချမ်းသာနေလောက်ပြီ"

ဒါကိုကြားတော့ လုကွေ့ရင်း သူ့ကိုစိုက်ကြည့်လိုက်သည်။ " ဆယ်စုနှစ်စောမွေးလာရမယ် ဟုတ်လား? အဲ့ဒါဆို နင်ရှိလာမှာတောင်မဟုတ်ဘူး"

ချန်ဖန်းရှုသည် သူမစကားကိုတည်ကာ ချန်ပေါင်၊ လုဟွေ့နှင့် ထောင်ထောင်တို့၏ အလုပ်ကြိုးစားမှုကြောင့် ဆုချသည့်အနေဖြင့် တစ်ယောက်ကို တစ်ဆင့်စီပေးလိုက်သည်။ လုထောင်မှာ အပိုအနေနဲ့ ကောက်ရိုးပုစဉ်း‌တစ်ကောင်ကိုပါ ရလိုက်သည်။

မူလက၊ ချန်ဖန်းရှူဟာ တစ်ယောက်ကို ရေခဲချောင်းဝယ်ဖို့လုံလောက်သည့် သုံးဆင့်ပေးဖို့ ပြင်ဆင်ထားသော်လည်း ကလေးတွေဟာ ဦးထုတ်ဆယ်လုံးကို တကယ်ကြီးရောင်းနိုင်ခဲ့မယ်လို့ မထင်ခဲ့သည့်အတွက် သူမနည်းနည်းပိုပေးလိုက်သည်။

[T/N : ဆင့် နှစ်မျိုးရှိ Jiaoနဲ့ Fen

၁ Yuan = ၁၀Jiao

၀.၁ Yuan = ၁Jiao

၁ Yuan = ၁၀၀ Fen < ဆင့် ၁၀၀>

၁ Jiao= ၁၀ Fen < ၁၀ဆင့်> ]

ဟူချူရှန်း သူ့သားပိုက်ဆံရလိုက်တာကိုမြင်တော့ သူမချက်ချင်းစိတ်အေးသွားကာ ပြောလိုက်သည်။ "ရှောင်ပေါင်၊ အမေသားအတွက် ပိုက်ဆံသိမ်းထားပေးမယ်"

ချန်ပေါင်မှာ စိုးရိမ်တကြီးနှင့် သူ့အိတ်ကပ်ကို ကာလိုက်ကာ ပြောလိုက်သည်။ "မလိုပါဘူး" သူ လုဟွေ့ကိုဆွဲလိုက်ကာ သူ့အဘိုးချန်ကွမ်ဖာ့ဆီ သွားလိုက်သည်။

ဟူချူရှန်း သူ့နောက်ကျောကို အတော်ကြာတဲ့အထိ စိုက်ကြည့်နေပြီးမှ သူမ၏ယောက္ခမ လုကွေ့ရင်းကို မေးလိုက်သည်။ "အမေရော၊ ရောင်းပြီးပြီလား?"

ဒါပေါ့ ရောင်းပြီးပြီ။

ချန်ဖန်းရှု၏ဦးထုပ်ဟာ အရမ်းလှတာကြောင့် ယန်ဖုချင်တစ်ခါဆောင်းလိုက်ပြီးနောက် တခြားပညာတတ်လူငယ်တွေဆီကနေ သတိထားခံလိုက်ရသည်။

အမျိုးသမီးပညာတတ်တချို့သည် ချန်အိမ်သို့ လာကြကာ ချန်ဖန်းရှုဆီမှ ဦးထုပ်သုံးလေးလုံးဝယ်ခဲ့သည်။ သူတို့တွေ အရမ်းသဘောကျနေသည့်ပုံပင်။

ဒီမြို့မှ လူငယ်အမျိုးသမီးတွေဟာ ရွာမှလူငယ်အမျိုးသမီးတွေထက် ဝတ်စားဆင်ယင်ရာတွင် ပိုက်ဆံသုံးရသည်ကို ပိုလိုလားကြောင်း လုကွေ့ရင်းနှင့် ချန်ဖန်းရှုနှစ်ယောက်လုံး ခံစားလိုက်ရသည်။ ချန်ဖန်းရှူ၏ ကောက်ရိုးဦးထုပ်တွေဟာ ဆန်းသစ်လှပလှကာ သူတို့ထဲတွင် သူမဟာ အဓိကရောင်းရသူဖြစ်လာသည်။

ညဘက်တွင်၊ ဟူချူရှန်းတစ်ယောက် သူမ၏ ယောင်းမသည် လွန်ခဲ့သည့်နှစ်ရက်က ရခဲ့သည့် ပိုက်ဆံတွေကိုမပြောနှင့် တစ်ရက်ထဲ ဆယ်ယွမ်ရှာနိုင်ခဲ့ကြောင်း တွက်ချက်မိလိုက်သည်။

သူမလုံးဝ အိပ်မပျော်နိုင်တော့သည့်အတွက် သူမ၏ဘယောက်ျား ချန်ပေါင်ကောင်းကို တွန်းကာပြောလိုက်သည်။ "ပေါင်ကောင်း၊ ရှင်ဘယ်လိုထင်လဲ? ကျွန်မလဲ ရှုအာဆီကနေ ကောက်ရိုးဦးထုပ်ရက်တာကို သင်လိုက်ရင်ရော ဘယ်လိုလဲ?"

ချန်ပေါင်ကောင်းက အရမ်းအိပ်ငိုက်နေတဲ့အတွက် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသည်။ "မင်းရဲ့လက်တွေက ပုတ်လိုကြမ်းနေတာကို။ ဦးထုပ်ဘယ်လိုရက်ရမလဲဆိုတာ ဘာလို့သင်အုံးမှာလဲ.....?"

ဟူချူရှန်း ခေါင်းဆိုးလိုက်သည်။ "ဟင့်အင်း၊ ဦးထုပ်လုပ်ဖို့ ကောက်ရိုးကို သုံးတာဘဲမလား? အဲ့ဒါက အဲ့လောက်ထိခက်မှာမဟုတ်ဘူး...."

ယှဉ်ကြည့်ပါက၊ ချန်ဖန်းရှုနှင့် တခြားသူတွေ အထူးသဖြင့် လုထောင်ကတော့ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်ခဲ့သည်။

အာ့ဝူလင်က သူမကိုကူကာဘရေတွက်ပေးပြီးနောက် လွန်ခဲ့သည့်ရက်အနည်းငယ်တွင် သူမ‌အမေဦးထုတ်ရောင်းရာမှ စုစုပေါင်း၂၁ ရခဲ့သည်။ မစ်ရှင်တိုးတက်နှုန်းဟာ ၆၇.၂ ရာခိုင်နှုန်းဖြစ်လာသည်။ သူမသာ နောက်ထပ် ၁၁ လုံးရောင်းရပါက ဟန်ဟန်နှင့် လဲလို့ရပြီဖြစ်သည်။

ကောင်မလေးမှာ မျှော်လင့်စောင့်စားမှုတွေဖြင့် ပြည့်နှက်နေ၏။ နောက်တစ်နေ့ နံနက်စာစားပြီးသည့်နောက် သူမအရမ်းကိုတက်ကြွနေကာ နောက်ကျောတွင် ဦးထုပ်တွေနှင့်အတူ စထွက်ဖို့အသင့်ဖြစ်နေသည်။ "ဖေဖေ၊ ထောင်ထောင်ကို ဟန်ဟန်ပြလို့ရမလား? ခဏနေကျရင် ထောင်ထောင် အားလုံးရောင်းကုန်တော့မှာ"

မမျှော်လင့်ထားစွာနှင့် သူမအိမ်ကနေ မထွက်ရသေးခင်မှာဘဲ ချန်ပေါင်ခဲ့မှာ အပြင်မှ ရုတ်တရက်ပြေးပြန်လာကာ သူမကိုချီလိုက်ပြီး အိမ်ထဲဝင်လိုက်သည်။ "အစ်မ အစ်မမှာ ကောက်ရိုးဘယ်လောက်ရှိလဲ? မြန်မြန်ဖွက်လိုက်၊ ဈေးကစားတဲ့သူတွေလာနေပြီ"

ချန်ပေါင်ခဲ့ အခန်းထဲဝင်လိုက်ကာ ချန်ဖန်းရှုအား သူမ၏ ပစ္စည်းတွေကို ကူထုပ်ပိုးပေးလိုက်သည်။

"အဲ့ဒီစိတ်အနှောင့်အယှက်ပေးတဲ့ အဘွားအိုကြီးရှုက ကျွန်တော်တို့မိသားစုကို ရှာဖွေစစ်ဆေးဖို့ စာလုံးကြီးကြီးနဲ့ တိုင်စာကို တစ်ယောက်ယောက်နဲ့ရေးခိုင်းပြီး အသင်းမှာတင်ခိုင်းခဲ့တာ။ ခဏနေကျရင် ပစ္စည်းတွေကို ကျွန်တော်ခိုးထုတ်သွားမယ်။ တကယ်လို့ အတွင်းရေးမှူးလျိုနဲ့ သူ့လူတွေလာရင် ဘာမှမသိဘူးလို့ဘဲပြောလိုက်"

စစ်ဆေးမယ့်သူတွေ လာမည်ဟု ‌လုထောင်ကြားသည့်အခါ သူမချက်ချင်းထိတ်လန့်သွားတော့သည်။ "ဟီးဟီး ထောင်ထောင် ဟီးဟီး!"

သူမမှာ အခုထိ နှစ်ဆယ့်ငါးယွမ်တောင် မရသေးပေ။ တစ်ယောက်ယောက်က ပိုက်ဆံတွေနဲ့ ဦးထုပ်တွေကို လာသိမ်းသွားရင် ဘယ်လိုလုပ်မလဲ?

သူမက ခွေးလေးအကြောင်းပြောနေတာဟု ချန်ပေါင်ခဲ့ထင်သွားကာ သူမနောက်ကျောမှ ဦးထုပ်ကိုယူလိုက်ပြီး ပြောလိုက်သည်။ "ခဏစောင့်၊ ဦးဦး သမီးကို ဟန်ဟန်နဲ့ ပေးကစားမယ်"

သို့ပေမယ့် ပြဿနာကို သူဖြေရှင်းလို့မပြီးခင်မှာဘဲ တစ်ယောက်ယောက်က ချန်မိသားစုခြံဝင်းထဲ အပြေးအလွှားဝင်လာသည်။

ချန်ဖန်းရှု! နင်တော်တော်သတ္တိရှိတာပဲ၊ စုံစမ်း‌စစ်ဆေးမှာကို ရှောင်ချင်သေးတယ်! ပစ္စည်းတွေကို ဘာလို့မြန်မြန်မလွှဲပေးလိုက်တာလဲ!"

ဒါကိုလုထောင်ကြားသည့်အခါ လက်ကိုအမြန်ဆန့်ပြီး သူမအမေကို ကာကွယ်လိုက်သည်။ "မေမေ မကြောက်နဲ့!"

ချန်ဖန်းရှုနှင့် ချန်ပေါင်ခဲ့တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ တစ်ပြိုင်တည်းမျက်မှောင်ကြုတ်မိသွားကြသည်။ "ဘယ်လိုလုပ် သူဖြစ်နေတာလဲ?"

ရောက်လာသည့်သူဟာ အတွင်းရေးမှူးလျိုနှင့် အနီရောင်လက်ပတ်အဖွဲ့တွေမဟုတ်ဘဲ ရန်လိုတက်ကြွနေသည့် အမျိုးသမီးရှုနှင့် သူမ၏ဒုတိယချွေးမဖြစ်နေသည်။

အမျိုးသမီးရှုသည် တစ်နေရာရာမှ အနီရောင်လက်ပတ်ကိုရလာကာ သူမလက်မောင်းတွင် ပတ်ထားသည်။ သူမအိမ်ထဲရောက်သည်နှင့် ခန်အစွန်းရှိ ကောက်ရိုးဦးထုပ်ကို လှမ်းယူလိုက်ကာ ပြောလိုက်သည်။ "နောက်ဆုံးတော့ ငါဖမ်းမိပြီ"

ချန်ပေါင်ခဲ့ သူမကိုတားကာ မေးလိုက်သည်။ "ခင်ဗျားဘာလုပ်ချင်တာလဲ?"

"ဘာလုပ်ရမှာလဲ? နင်တို့မိသားစုကို စစ်ဆေးဖို့တိုင်ထားတာ။ ငါက ပစ္စည်းတွေကိုရှာဖို့ ရောက်လာတာဘဲ"

အမျိုးသမီးရှုသည် ချန်ဖန်းရှုအားကြည့်ကာ နှာမှုတ်လိုက်သည်။ "အတွင်းရေးမှူးလျိုဆီကနေ ပညာပေးဟောပြောခံထားရတာ ရက်အနည်းငယ်ဘဲရှိသေးတာကို ထပ်ပြီးပြစ်မှုကျူးလွန်ပြန်ပြီ။ နင်ဘယ်လိုလုပ် မသင်ယူနိုင်ရတာလဲ? ဒီကိစ္စသာတခြားသူလက်ထဲရောက်သွားရင် နင့်ကိုဝေဖန်အပြစ်ပေးဖို့ လူထုအစည်းအဝေးလုပ်တာကို စောင်ရုံဘဲရှိတော့တယ်!"

ချန်ပေါင်ခဲ့မှာ ဒေါသထွက်လွန်းလို့ ရယ်လိုက်မိသည်။ "ဝေဖန်အပြစ်ပေးမယ်ဆို‌တော့ ခင်ဗျားက ဝေဖန်အပြစ်ပေးမှာလား? ခင်ဗျားတို့အိမ်မှာ နွားချေးကျုံးတာ ပြီးသွားပြီလား?"

အရင်တစ်ခေါက် သူမတို့ကိုတိုင်ခဲ့သည်မှာ ချန်မိသားစုကဟု အမျိုးသမီးရှု သံသယရှိနေသည်မှာ ကြာပြီဖြစ်သည်။ ဒါကိုသူမကြားသည့်အခါ သူမမျက်နှာက ချက်ချင်းအိုကျသွားတော့သည်။ "ဒါနင့်ကိစ္စမဟုတ်ဘူး"

"ဒါဆို အဒေါ်လဲ ကျွန်မတို့မိသားစုကိစ္စကို စိတ်ပူပေးစရာမလိုပါဘူး" ချန်ဖန်းရှုပြောလိုက်သည်။ "ကျွန်မက စစ်ဆေးရေးကို ရှောင်ချင်နေတယ်ဆိုတာ အဒေါ့်ရဲ့ ဘယ်မျက်စိကမြင်ခဲ့လို့လဲ?"

သူမ လုထောင်အား ကာကွယ်လိုက်ကာ သူမ၏မောင် ချန်ပေါင်ခဲ့ကိုပြောလိုက်သည်။ "အန်တီရှုနဲ့ ဒုတိယချွေးမရှုကို လိုက်ပို့ပေးလိုက်။ သူတို့ကို ငါတို့အိမ်က မကြိုဆိုဘူး"

အမျိုးသမီးရှု ချန်ဖန်းရှုကို မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။ သူမ၏အမြင်တွင် ချန်ဖန်းရှုဟာ လှပပြီး၊ သိမ်မွေ့ကာ ချင့်ချိန်တတ်သည့် ချန်မိသားစုမှ ကောင်မလေးဖြစ်နေဆဲပင်။ သူမ၏ယောက်ျားအိမ်တွင် တစ်ခုခုသာမဖြစ်ခဲ့ပါက သူမ၏မိဘအိမ်တွင် အတူပြန်လာနေလိမ့်မည်မဟုတ်ပေ။

သူမတို့တွေ ဘယ်တော့ထပ်ဆုံမလဲဆို မမျှော်လင့်ထားသလို ချန်ဖန်းရှုက သူမကို သူမမောင်အား မောင်းထုတ်ခိုင်းနေသည်။ သူမတကယ်အံ့အားသင့်သွားသည်။ "မင်းဘာပြောလိုက်တာ?"

"ရှင်တို့တွေကို ကျွန်မတို့အိမ်က မကြိုဆိုဘူးလို့ပြောတာ၊ မကြားဘူးလား?"

ဒီကမ္ဘာပေါ်တွင် အမျိုးသမီးတစ်ယောက်ထဲနှင့် ကလေးတစ်ယောက်ကို ပျိုးထောင်ဖို့ဆို‌တာ မလွယ်ပါချေ။ ချန်ဖန်းရှုအနေဖြင့် သူမကလေးအား သူမနှင့်အတူ ဒုက္ခမခံစေလို့သည့်အတွက် သူမဘက်က အရင်ကြမ်းထားရမည်ပင်။

ကိုယ်က ပိုကြမ်းပြပါက ကိုယ့်ကိုအနိုင်ကျင့်မယ့်သူတွေဟာ ပိုပြီးအားနည်းလာလိမ့်မည် ဆိုသည့် အချက်တွေဟာ သက်သေပြထားသည်ပင်။ အမျိုးသမီးအိုကြီးရှုဟာ ဥပမာပင်။

သူမကောက်ရိုးဦးထုတ်တွေကိုရောင်းဖို့ ဆုံးဖြတ်လိုက်တဲ့အချိန် တစ်ယောက်ယောက်က မသမာသည့်နည်းဖြင့် လုပ်လိမ့်မည်မှန်း သူမခန့်မှန်းမိသည်ကြောင့် သူမစိတ်အားကြိုပြီးပြင်ဆင်ထားခဲ့သည်။ ယနေ့ အမျိုးသမီးရှုကိုမဆိုထားနှင့် သူတို့သာ တကယ်လာစစ်ဆေးပါက ၎င်းကိုရင်ဆိုင်ဖို့ သူမနည်းလမ်းရှာရလိမ့်မည်ပင်။

အကြိမ်အနည်းငယ်လောက် ဆက်တိုက်ပြောဆိုရပြီးတဲ့နောက်တွင် ချန်ဖန်းရှုကို အကြာကြီး ထိန်းချုပ်ဖို့မလွယ်ကြောင်း အမျိုးသမီးရှု နောက်ဆုံးတော့ သဘောပေါက်သွားတော့သည်။

သူမ သူမ၏ဒုတိယချွေးမနှင့် အကြည့်ချင်းဖလှယ်လိုက်ကာ သူမလက်မောင်းပေါ်မှ လက်ပတ်အနီကို ဆွဲလိုက်ပြီး "နင့်အပြုအမူက ဘာလဲ? ငါ နင့်ကိုပြောနေတယ်နော်၊ ပိုက်ဆံနဲ့ပစ္စည်းတွေကို ချက်ချင်းလွှဲပေးလိုက်။ ငါ နင့်ကို သက်ညှာပေးလို့ရတယ်။ တကယ်လို့နင်...."

သူမပြောလို့မပြီးခင် လုထောင်၏ ကလေးဆန်ဆန်အသံလေးက ရုတ်တရက်ထွက်လာခဲ့သည်။ "မေမေ၊ လက်ပတ်အ‌နီရောင်ပေါ်က အစင်းတွေကဘာတွေလဲ?"

ကလေးမလေးသည် သူမအမေရင်ခွင်ထဲမှ မျက်လုံးတစ်ဖက်ဖွင့်ကာ သူမ၏ခေါင်းလေးကို စောင်းလိုက်ပြီး အမျိုးသမီးရှု၏ လက်မောင်းကို ခက်ခက်ခဲခဲစိုက်ကြည့်နေသည်။

အမျိုးသမီးရှု မျက်နှာပြောင်းလဲသွားကာ သူမလက်မောင်းတွေကို အမြန်ယှက်ထားလိုက်ပေမယ့် နောက်ကျသွားပြီဖြစ်သည်။ ချန်ပေါင်ခဲ့လည်း လက်ပတ်ဟာ တစ်ခုခုမှားနေမှန်း သတိထားမိလိုက်သည်။ "ဒါက ဘယ်လိုလုပ် အသင်းကလက်ပတ်အနီရောင်ဖြစ်ရမှာလဲ? ခင်ဗျားက လက်ပတ်အနီရောင်အဖွဲ့လိုမျိုးဟန်ဆောင်ပြီး ဘယ်သူ့ကို လာအရူးလုပ်နေတာလဲ?"

အသင်းမန်နေဂျာတွေ၏ လက်ပတ်အနီရောင်မှလွဲလျှင် မူလတန်းကျောင်းနှင့် ဒုတိယတန်းကျောင်းမှ အဖွဲ့ဝင်တွေ၏ လက်ပတ်အပေါ်၌စာလုံးတွေ ရိုက်နှိပ်ထားသည်။

အမျိုးသမီးရှုမှာ ပေါ်သွားသည့်အတွက် မျက်နှာဟာ အရုပ်ဆိုးလာသည်။ "မဟုတ်ဘူး"

အစက သူမသည် အတွင်းရေးမှူးလျို၏ ရုံးခန်းတံခါးတွင် စာလုံးကြီးတိုင်စာကို ကပ်ခဲ့သည်။ အစကတော့၊ အတွင်းရေးမှူးလျိုသည် ယခင်ကကဲ့သို့ ချန်အိမ်ဆီ ချက်ချင်းသွားလိမ့်မည်ဟု သူမထင်ခဲ့သည်။

မမျှော်လင့်ထားစွာနှင့် ဘုံအဖွဲ့မှ တစ်ယောက်ယောက် ရောက်လာသည့်အတွက် အတွင်းရေးမှူးလျိုမှာ တစ်ခဏလောက် အပြင်မထွက်နိုင်ခဲ့ပေ။

တစ်ယောက်ယောက်က ချန်မိသားစုအိမ်သို့ စာပို့ကာ ပစ္စည်းတွေကို ဖွက်ထားဖို့ ပြောမှာစိုးသည့်အတွက် သူမမြေး၏ လက်ပတ်အားယူကာ လက်ပတ်နီအဖွဲ့သားဟန် ဆောင်ခဲ့သည်။

အချိန်ကျလျှင် အတွင်းရေးမှူးလျိုဆီ သက်သေတွေပေးလိုက်ပါက ချန်မိသားစုအနေနှင့် ရှာဖွေစစ်ဆေးမှုမှ မလွတ်မြောက်နိုင်တော့ကာ ၎င်းဟာ အမှန်လားအမှားလားဆိုတာ ဘယ်သူမှဂရုစိုက်ကြတော့မှာ မဟုတ်ပေ။

အမျိုးသမီးရှု၏ အကြံဟာ ကောင်းသော်လည်း ကံဆိုးစွာဖြင့် လင်ပတ်ပေါ်မှာ စာလုံးတွေဟာ ရှောင်လုထောင်ဆီကနေ အဖော်ခံလိုက်ရသည်။

ချန်ဖန်းရှု နှာမှုတ်ကာ ရယ်လိုက်ပြီး သူမမောင်အားခေါ်လိုက်သည်။ "နင် လိုက်ပို့ပေးစရာမလိုတော့ဘူး သူတို့ကိုအသင်းမှာသွားတိုင်လိုက်။ တစ်ယောက်ယောက်က လက်ပတ်နီ အဖွဲ့သားဟန်ဆောင်ပြီး ငါတို့အိမ်မှာ ပိုက်ဆံနဲ့ပစ္စည်းတွေ လာတောင်းတယ်လို့ပြောလိုက်။ ဒီလိုကိစ္စကြီးကြီးမားမားကို ဒီတိုင်းလွှတ်ပေးလိမ့်မယ်ဆိုတာ ငါမယုံဘူး"

တခြားသူဆီမှ ခြိမ်းခြောက်ငွေညစ်ခြင်းဟာ ကိစ္စကြီးပင်။ အမျိုးသမီးရှု ဟန်ဆောင်ခဲ့တာကို မပြောနှင့် တကယ့်လက်ပတ်နီအဖွဲ့သားတွေတောင် ထိုကဲ့သို့မလုပ်ရဲပါချေ။

ဒါကို ရှုလောင်အာ၏ ဇနီးကြားသည့်အခါ သူမစိုးရိမ်လာပြီး မေးလိုက်သည်။ "အမေ၊ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ?"

ဘာလုပ်ကြမလဲ?

အမျိုးသမီးရှုမှာ တစ်စက္ကန့်လေးတောင် မတုံ့ဆိုင်းရဲ‌ပါချေ။ သူမလက်ပတ်ကို ချွတ်လိုက်ကာ သူမ၏ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်သည်။

လက်ပတ်ကို ထိုးထည့်ပြီးနောက် ဒါဟာနည်းနည်းမျက်နှာပူစရာကောင်းကြောင်း သဘောပေါက်သွားကာ သူမချောင်းနှစ်ကြိမ်ဆိုးလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီ၊ ဒါကငါ့တာဝန်ပဲ ပြီးတော့ ငါက အသင်းဝင်လဲဟုတ်တယ်။ အတွင်းရေးမှူးလျိုနဲ့ တခြားသူတွေလဲ ခဏနေရောက်လာလိမ့်မှာ။ ဒီတော့ နင့်ကိုယ်နင့် ပြန်သုံးသပ်ပြီး အရူးလုပ်ဖို့မကြိုးစားနဲ့"

သူမပြောပြီးသည်နှင့် တခြားလူတစ်စုက ချန်မိသားစုခြံဝင်းထဲဝင်လာသည်။ ဒီတစ်ခါတော့ သူတို့ထဲတွင် အတွင်းရေးမှူလျိုအစစ်ပါသည်။

အမျိုးသမီးရှု ဝမ်းသာသွားကာ သူတို့ကိုနှုတ်ဆက်ရန် အမြန်ပြေးထွက်သွားသည်။ "အတွင်းရေးမှူးလျို ၊ ရှင်တို့တွေ စစ်ဆေးဖို့ရောက်လာကြတာလား?"

အတွင်းရေးမှူးလျို ဒါကိုကြားသည့်အခါ သူ့မျက်နှာပြောင်းလဲသွားသည်။ "စစ်ဆေးမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? ဘုံအဖွဲ့က အမျိုးသမီးအဖွဲ့ချုပ်က ရဲဘော်ချန်ဖန်းရှူကို တွေ့ချင်လို့ဆိုပြီး ငါခေါ်လာတာ"

"ဒါပေမဲ့....."

အမျိုးသမီးရှုမှာ တစ်ခုခုပြောချင်နေပေမယ့် အသင်း၏ အမျိုးသမီးအဖွဲ့ချုပ်မှ အမျိုးသမီးတစ်ယောက်ဟာ သူမကိုမျက်စောင်းထိုးလိုက်ပြီး အဖွဲ့အား အထဲသို့ဦးဆောင်ခေါ်သွားသည်။ "ဒါရိုက်တာဟောင်၊ ကျွန်တော်တို့အသင်းရဲ့ ရှောင်ချန်က သူ့ရဲ့လက်မှုကျွမ်းကျင်မှုကြောင့် နာမည်ကြီးတယ်။ သူက ကောက်ရိုးဦးထုပ်တွေကိုရက်နိုင်ရုံသာမကဘူး စက်ချုပ်တဲ့နေရာမှာလဲအရမ်းတော်တယ်"

ဒါရိုက်တာဟောင်ဟု ခေါ်သည့်အမျိူးသမီးသည် အသက် ၃၇၊ ၃၈ဝန်းကျင်လောက်ရှိကာ ဆံပင်ခပ်တိုတိုနှင့် အရမ်းကိုအရည်အချင်းရှိသည့်ပုံပင်။

အမျိုးသမီးအဖွဲ့ချုပ်၏ လက်ထောက်ဒါရိုက်တာ ဒီနေ့ဒီကိုလာရသည့်အကြောင်းအား ချက်ချင်းတွေးမိသွားကာ အမျိုးသမီးရှု ပါးစပ်ပိတ်လိုက်သည်။

လက်ထောက်ဒါရိုက်တာဟောင်ဟာ သူမ၏ သားမက်ထက်ပိုတော်သည်။ သူမ၏ ယောက္ခမသည် အရမ်းအရည်အချင်းရှိကာ အိုက်မင်ဘုံအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။

သူမကြောင့် အိုက်မင်ဘုံအဖွဲ့ရှိ အမျိုးသမီးအဖွဲ့ချုပ်ဟာ သူတို့၏ လုပ်ကိုင်ရည်ကြောင့် အမြင့်ဆုံးချီးကျူးခံရကာ ခရိုင်မှ အကောင်းဆုံးအလုပ်အဖွဲ့အဖြစ် ဆုချီးမြင့်ခြင်း ခံခဲ့ရသည်။ တချို့တွေကတော့ ဒါရိုက်တာသည် အသက်ကြီးလာသည်ကြောင့် တာဝန်တွေကို အများကြီးမယူနိုင်တော့ကာ သူမ၏ 'လက်ထောက်' ဆိုသည့်ရာထူးဟာလည်း အနှေးနှင့်အမြန် အသိမ်းခံရတော့မည်ဟု ပြောကြသည်။

ဒါရိုက်တာဟောင်ဟာ ဖော်ရွေသည့်ပုံစံနှင့် ပြုံးပြလာသည်။ သူမအိမ်ထဲကို ဝင်လာကာ ပြောလိုက်သည် "အစင်းထဲမှာ ကောက်ရိုးဦးထုပ်ရက်တာတော်တဲ့ ရဲဘော်တစ်ယောက်ရှိတယ်လို့ ကြားမိလို့။ တိုက်တိုက်ဆိုင်ဆိုင် မင်းတို့အသင်းမှာ ငါလဲ လုပ်စရာရှိတာနဲ့ မင်းကိုလာတွေ့တာဘဲ။ စိုးရိမ်နေဖို့မလိုပါဘူး"

သူမအခန်းထဲဝင်လာကာ ချန်ဖန်းရှူအား လက်ယမ်းပြပြီးပြောလိုက်သည်။ "မင်းခြေထောက်ဒဏ်ရာရထားတယ်လို့ကြားတယ်။ အခုသက်သာလာပြီလား?"

အမျိုးသမီးရှူမပြောနှင့် ချန်ဖန်းရှုနှင့် ချန်ပေါင်ခဲ့တို့တောင် နားမလည်ဖြစ်သွားမိသည်။

All Chapters