← Chapters

Chapter 29

Vol. 3 Ch. 29

Chapter 29

Vol. 3 Ch. 29

နောက်မှသာ ယန်ဖုချင်ဟာ ဦးထုပ်သည် လှပကာ နေရောင်ကာရန်အတွက် သုံးနိုင်ကြောင်းတွေးမိကာ ကျောင်းသို့ဆောင်းသွားကြောင်း သိလိုက်ရသည်။

ဒါရိုက်တာဟောင်၏ အကြီးဆုံးသမီးဟာ သူမတို့ကျောင်းတွင် တက်နေတာဖြစ်သည်။ သူမ၎င်းဦးထုပ်အား မြင်သည့်အခါ အရမ်းသဘောကျသွားပြီး ဒါရိုက်တာဟောင်အား ထိုအကြောင်းပြောပြခဲ့သည်။

ဒါရိုက်တာဟောင်လည်း အရမ်းစိတ်ဝင်စားသွားကာ သူမသမီးကို မေးလိုက်သည်။ ၎င်းဟာ ချန်ဖန်းရှုဟုခေါ်သည့် ရဲဘော်မှ ပေးခဲ့ကြောင်း ယန်ဖုချင်ပြောခဲ့သည်။ ဒီနှစ်တွင် အမျိုးသားနေ့ရှိသည်ကြောင့် အမျိုးသမီးအဖွဲ့ချုပ်သည် ဘုံအဖွဲ့အား ခရိုင်၌ အစီအစဉ်နှင့် ဖျော်ဖြေမှုအား ကိုယ်စားပြုအဖြစ် သွားပေးရန်လာပြောသည်ကြောင့် ဒါရိုက်တာဟောင်လည်း ဦးထုပ်ဝယ်ရန်အတွေးရလာတာဖြစ်သည်။

ဦးထုပ်ဟာ သိပ်မကြီးသော်လည်း အရမ်းလက်ရာမြောက်ကာ အမျိုးသမီးရဲဘော်များအမြင်တွင် ကြိုးစားလုပ်ထားကြောင်း၊ အပြုသဘောဆောင်ကာ ဖန်တီးနိုင်စွမ်းရှိကြောင်းပြနေသည်။

သူတို့သာ ဂုဏ်သတင်းတချို့ကို ရယူနိုင်ပါက အသင်းတိုင်းရှိ အမျိုးသမီးရဲဘော်များကို ၎င်းအား သင်ယူခိုင်းရမည်ပင်။ ဤနည်းဖြင့် ဆောင်းရာသီတွက် လူတိုင်းအိမ်တွင်နေကာ အလုပ်အမှတ်ရနိုင်ပြီး ဝင်ငွေတချို့ရှာနိုင်သည်ဟု မှတ်ယူနိုင်မည်ပင်။

သေချာပေါက်ကို ဒါတွေအားလုံးဟာ နောက်ပိုင်းကိစ္စတွေပင်။ အဓိကအကြောင်းအရာကတော့ သူမသည် ချင်းရှန်အသင်းမှ ကောက်ရိုးဦးထုပ်တချို့ကို မှာရန်ရောက်လာတာဖြစ်သည်။

ဒါကိုကြားသည့်အခါ သူမအလုပ်အား ထောက်ပံ့နိုင်ရန် အမျိုးသမီးအဖွဲ့ချုပ်အတွက်လည်း ဦးထုပ်အနည်းငယ်ကို အလကားပေးဖို့ ချန်ဖန်းရှု တွေးလိုက်သည်။

ဒါရိုက်တာဟောင်က ငြင်းလာသည်။ " မင်းအတွက် ဒါကိုလုပ်ဖို့ဆိုတာမလွယ်ဘူး။ ငါတို့တွေက လူတွေအပေါ် အခွင့်အရေးမယူပါဘူး။ ဘုံအဖွဲ့က ဈေးနှုန်းအတိုင်းပေးမှာ ပြီးတော့ အတွင်းရေးမှူးလျိုကို မင်းရဲ့အလုပ်အမှတ်တွေ တွက်ခိုင်းလိုက်မယ်"

အမျိုးသမီးရှု ဒါကိုကြားသည့်အခါ အံ့ဩသွားတော့သည်။

ဒါ ဒါက အရောင်းအဝယ်လုပ်တာတင်မကဘူး အလုပ်အမှတ်တွေပါ ထည့်ပေးဦးမှာတဲ့လား? ချန်မိသားစုမှာ ဘယ်လိုတောင် ကံကောင်းမှုတွေရှိနေတာလဲ?

သူမတစ်ခုခုပြောချင်ပေမယ့် အသင်းရှိအမျိုးသမီးအဖွဲ့ချုပ်မှ ဒါရိုက်တာကျန်းဆီမှ ဆွဲခေါ်ခံလိုက်ရသည်။

နောက်တော့၊ ဒါရိုက်တာကျန်းက သူမကိုအထူးတလည်ပြောလာကာ သူမပါးစပ်အားဂရုစိုက်ပြီး မဟုတ်တာတွေမပြောရန် သတိပေးလိုက်သည်။ သူမသာ ပြဿနာရှာပါက အသင်းတစ်ဖွဲ့လုံး ဒုက္ခရောက်ရကာ သူမကို သေအောင်မုန်းမိလိမ့်မည်ပင်။

အဆုံးတွင် ချန်ဖန်းရှုသည် ပွဲတော်အမှာရလိုက်သည်နှင့် ကိစ္စဟာအဆုံးသတ်သွားတော့သည်။

ချန်ဖန်းရှုလည်း တက်ကြွလာသည်။

တစ်ခုချင်းဆီ မရောင်းနိုင်သော်လည်း အသင်းကိုတော့ ရောင်းနိုင်သည်။ အများဆုံး သူမနည်းနည်းပါးပါးပိုက်ဆံရှာနိုင်ကာ အသင်းမှ သူမအလုပ်အမှတ်တွေကို တွက်ပေးမည်ပင်။

သို့ပေမယ့် ဒါတွေက နောက်ပိုင်းမှသာဖြစ်သည်။ အခု အရေးကြီးဆုံးအရာဟာ ဘုံအဖွဲ့၏ ဦးထုပ်ဆယ့်ရှစ်လုံးအမှာကို ပြီးအောင်လုပ်ရန်ဖြစ်သည်။

ချန်ဖန်းရှု အလုပ်ရှုပ်နေချိန် နောက်ဆုံးတော့ လုထောင်မစ်ရှင်ပြီးသွားကြောင်း သတိပေးချက်ကို ပျော်ရွှင်စွာဖြင့်ရလိုက်သည်။

ဒီတစ်ခေါက် အာ့ဝူလင်ဟာ ထောက်ထားကာ ပစ္စည်းအား သူမလက်ထဲ တိုက်ရိုက်မထည့်ပေးတော့ဘဲ အဲ့ဒီအစားဗီရိုထဲ ထည့်ပေးလိုက်သည်။

သို့သော်လည်း လမုန့်ထုတ်တွေဟာ ဗီရိုတံခါးကိုတွန်းလာကာပွင့်သွားစေပြီး စက္ကူအိတ်ကပြုတ်ကျလာသည်။

ချန်ဖန်းရှုအံ့ဩသွားကာ အသံကိုကြားတော့ သူမသမီးကိုမေးလိုက်သည်။ "သမီးရဲ့ဖေဖေ တစ်ခုခုထပ်ပေးတာလား?"

"ဟုတ်တယ်" ကလေးမလေးက ပြုံးကာ အိတ်ကိုယူလိုက်ပြီး သူမအရှေ့တွင်ထားလိုက်သည်။ "လမုန့်ပဲ~"

ချန်ဖန်းရှု ဖွင့်ကာကြည့်လိုက်တော့ လေးပိုင်းပိုင်းထားသည့် ကြွပ်ကြွပ်ရွရွ လမုန့်တစ်ထုပ်ကို တွေ့လိုက်ရသည်။

ဒါပါပေါင်းလိုက်ပါက ကွမ်းရှီလမုန့်၊ နှစ်ထပ်လမုန့်အကြွပ်....စသည့် လမုန့်အမျိုးအစား အများအပြားပင်။

၁၉၇၀ ခုနစ်တွင်၊ တခြားသူတွေသည် ဆောင်းဦးလယ်ပွဲတော်ကို ကျင်းပကြကာ လူတစ်ယောက်လျှင် လမုန့်တစ်ပိုင်းစီသာရကြပြီး၊ ၎င်းဟာ ရိုးရိုးရှင်းရှင်းကိုပင် တန်ဖိုးကြီးလှသည်။

ရှောင်လု‌ထောင်သည် လမုန်အဖြူ ကြွပ်ကြွပ်လေးကို အကြိုက်ဆုံးဖြစ်သည်။ လမုန့်အလယ်တွင် အနီရောင်အစက်လေးရှိကာ အရမ်းကိုလှသည်။

ချန်ဖန်းရှု လက်သုတ်လိုက်ကာ တစ်ပိုင်းဖဲ့လိုက်ပြီး သူမကိုပေးလိုက်သည်။ ချိုမွှေးသည့် ပင်လုံးကြိုင်ပန်းယိုရနံ့ဟာ လေထဲ ချက်ချင်းကိုပျံ့လွင့်လာသည်။

ကလေးမလေး တစ်ကိုက်ကိုက်လိုက်တော့ သူမပါးစပ်ထဲတွင် အပြင်ခွံ ကြွပ်ကြွပ်ရွရွရနံ့မွှေးပျံ့လာကာ သူမမျက်လုံးတွေဟာ စိတ်ကျေနပ်စွာဖြင့် မှေးကျဉ်းသွားတော့သည်။

အာ့ဝူလင်သာ သူမကိုသတိမပေးပါက သူမတွင် အနီရောင်ပန်းပွင့်တွေကျန်သေးမှန်း မေ့သွားလိမ့်မှာပင်။

[ထောင်ထောင်လေး၊ သမီးမှာ အခု ပန်းပွင့်အနီ၄၀ရှိသွားပြီ။ အဲ့ဒါတွေကို ပစ္စည်းတွေနဲ့လဲလို့ရပြီ]

လုထောင်ဒါကိုကြားတဲ့အခါ လမုန့်ကိုတောင်မစားတော့ဘဲ ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်သည်။ "ဟန်ဟန်နဲ့လဲပေး၊ ထောင်ထောင်ဟန်ဟန်ကို လိုချင်တယ်"

အာ့ဝူလင် - [စိတ်မပူပါနဲ့၊ ဖေဖေသမီးအတွက် ပြင်ထားပေးတဲ့ဆုကို အရင်ကြည့်လိုက်အုံး]

ရင်းနှီးနေသည့် ဖောက်မြင်ရသည့်လေးထောင့်ကွက်က ချက်ချင်းပေါ်လာကာ အသားကင်ချောင်း၊ ကြက်တောင်ပံ စသည်တို့တွေဟာ မီးသွေးမီးပေါ်တွင် လည်နေကာ ဆီတွေဖြင့်တရှဲရှဲမြည်နေ၏။

အာ့ဝူလင် - [ပထမဆုံးတစ်ခုက အရင်က ဖေဖေပြောဖူးတဲ့ အကင်တွေ၊ အမှတ်၃၀ သုံးကြိမ်စားလို့ရတယ်]

လုထောင်မှာ လောဘတကြီးဖြင့် သရေတွေကျလာပြီး ဟန်ဟန်ကိုတောင် မေ့သွားတော့သည်။ "သမီးဒါလိုချင်တယ်! ထောင်ထောင်ဒါလိုချင်တယ်!"

အာ့ဝူလင်က ပြန်မတုံ့ပြန်လာပေ။ မြင်ကွင်းက ပြောင်းသွားကာ ရင်းနှီးနေသည့် ပန်းရောင်ဝက်တစ်ကောင်ပေါ်လာသည်။

["Peppa Pig"ကာတွန်း၊ ၂၅မှတ်၊ လယ်ဗယ်၅အထိ ကြည့်လို့ရတယ်၊ တစ်ပိုင်းကိုငါးမိနစ်]

ကလေးမလေးရဲ့မျက်လုံးတွေ တောက်ပသွားတော့သည်။ "ဒါကဟန်ဟန်ပဲ! ထောင်ထောင်ရဲ့ ဟန်ဟန်!"

ဟန်ဟန်က အရမ်းလှပေမယ့် အကင်တွေကလည်း ကြည့်ရတာအရမ်းအရသာရှိနေတယ်....

ထောင်ထောင် သူမ‌လက်လေးကို ကိုက်ကာပြောလိုက်သည်။ "ဖေဖေ၊ သမီးအကုန်လုံး ယူလို့ရလားဟင်?"

[ဒါပေါ့] အာ့ဝူလင်က ပြောလိုက်သည်။ [သမီးမှာ ၅၅မှတ်ရှိရင် အကုန်ဝယ်လို့ရတယ်]

အခု‌တော့ ထောင်ထောင်မှာ ပိုလို့တောင်လွန်ဆွဲနေရတော့သည်။

နောက်ဆုံးကျ၊ ဘယ်ဟာကိုရွေးသင့်လဲ?

အဲ့ဒီအချိန်၊ သူမမျက်ရှိရှေ့က မြင်ကွင်းဟာ ပြောင်းသွားကာ ခြေထောက်အကောင်းပတိဖြစ်နေသည့် ချန်ဖန်းရှူ၏ ပုံကပေါ်လာသည်။

အာ့ဝူလင် - [နောက်ဆုံးတစ်ခုကတော့၊ နောက်ဆက်တွဲကျန်းမာရေး၊ အမှတ်၄၀၊ သမီးမေမေရဲ့ ခြေထောက်ဒဏ်ရာကိုကို ကုလို့ရမယ်]

ရှောင်လုထောင် နားမလည်ပေ။ "ဖေဖေ နောက်ဆက်တွဲက ဘာလဲဟင်?"

အာ့ဝူလင် - [ သမီးသာ ကျန်းမာရေးကို အနီရောင်ပန်းလေးတွေနဲ့ မလဲရင် သမီးမေမေက အနာဂတ်ကျရင်မသန်စွမ်းဖြစ်သွားမှာ]

မသန်စွမ်း?

ကလေးမလေးမှာ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် သူမ၏အမေသည် ဝါးလုံးအားမှီကာ နေနေရသည်ကို တွေ့လိုက်ရသည်။

မေမေ့ကိုကြည့်ရတာ အရမ်းပင်ပန်းပြီးနာနေသလိုဘဲ။ ‌လမ်းလျှောက်နေရင်း ပြုတ်တောင်ပြုတ်ကျသွားသေးတယ်။

ကလေးမလေး ၎င်းကိုမြင်သည့်အခါ သူမနှုတ်ခမ်း‌တွေမဲ့ကျသွားသည်။ "မေမေ၊ သမီးအဲ့ဒီလိုမျိုးမကြိုက်ဘူး၊ မကြိုက်ဘူး!"

အာ့ဝူလင် - [ဒါကနောက်ဆက်တွဲဘဲ။ ဆိုတော့ သမီးဘာကိုရွေးမှာလဲ ပြောပါအုံး]

လုထောင်မှာ စဉ်းတောင်မစဉ်းစားတော့ဘဲ ရှိုက်ကာပြောလိုက်သည်။ "မေ‌မေ့ကိုရွေးမယ်၊ မေမေ ကောင်းတာကိုဘဲလိုချင်တယ်! ဟန်ဟန်ကို မလိုချင်တော့ဘူး!"

သူမပြောပြီးနောက် အော်ငိုလာတော့သည်။ "ထောင်ထောင် မေမေနေကောင်းတာကိုပဲ လိုချင်တယ်! ထောင်ထောင်ဘာမှမလိုချင်ဘူး! ဘာမှမလိုဘူး!"

ချန်ဖန်းရှုမှာ သူမသမီးမှာ စကားပြောနေရင်း ရုတ်တရက် အော်ငိုလာတာကိုမြင်တော့ ချန်ဖန်းရှုအံ့ဩသွားမိသည်။

သူမလက်ထဲမှ အလုပ်ကို အမြန်ချလိုက်ကာ လုထောင်ကိုချော့ဖို့ကြိုးစားလိုက်သည်။ "ထောင်ထောင် ဘာဖြစ်လို့လဲ? မေမေ နေကောင်းပါတယ်၊ မဟုတ်ဘူးလား? ဘာလို့ငိုနေတာလဲ?"

အာ့ဝူလင်မှလည်း အောင်အောင်မြင်မြင်နှင့် လဲလှယ်ပြီးကြောင်း သတိပေးချက်အမြန်ပို့လာသည်။ [ကျန်းမာရေးအတွက် အောင်အောင်မြင်မြင်နဲ့ လဲလှယ်ပြီးပါပြီ။ အခု၊ သမီးရဲ့လက်လေးကို မေမေရဲ့ခြေထောက်ပေါ် တင်လိုက်ပြီး ကံကောင်းအောက် တိတ်တိတ်လေးဆုတောင်းလိုက်။ ပြီးရင်တော့ မေမေ့ရဲ့ခြေထောက်တွေ ကောင်းလာလိမ့်မယ်]

ရှောင်လုထောင်ငိုကာ ကြို့ထိုးနေပေမယ့် သူမရဲ့လက်လေးကို သူမမေမေ၏ ဒဏ်ရာအပေါ်တင်လိုက်ကာ ညင်ညင်သာသာထိလိုက်သည်။ "မေမေ၊ နေကောင်းလာပါစေ"

သူမရဲ့သမီးဟာ သူမရဲ့ခြေထောက်တွေကို စိုးရိမ်နေကြောင်း နောက်ဆုံးတော့ ချန်ဖန်းရှုသဘောပေါက်သွားတော့သည်။ သူမရဲ့မျက်လုံးတွေ နီရဲလာတော့သည်။ "စိတ်မပူပါနဲ့၊ မေမေ ကောင်းလာမှာပါ။ သမီးနဲ့ ရှောင်ဟွေ့အတွက်ဆိုရင် မေမေပြန်ကောင်းလာမှာ"

"တကယ်လားဟင်?" ကလေးမလေးမှာ မျက်ရည်ဝဲတဲတဲဖြင့် ကြည့်လာသည်။ "မေမေပိုကောင်းလာပြီလား? မေမေ့ခြေထောက် နာနေသေးလား?"

"မနာတော့ပါဘူး" ချန်ဖန်းရှု သူမကိုဖက်လိုက်သည်။ "ထောင်ထောင် ရှိနေသရွေ့၊ မေမေ လုံးဝမနာတော့ဘူး"

ညနေ၊ လုဟွေ့ကျောင်းမှပြန်လာသည့်အခါ အိမ်တွင် ရုတ်တရက်ပေါ်လာသည့် လမုန့်တွေကြောင့် သူအံ့ဩသွားမိသည်။

"ဒါမေမေဝယ်ထားတာတော့ သေချာပေါက်မဖြစ်နိုင်ဘူး" သူ သူ့ရဲ့ညီမလုထောင်ကိုမေးလိုက်သည်။ "ဖေဖေပေးထားတာလား?"

လုထောင် ခေါင်းညိတ်ပြလိုက်ကာ သူမမျက်လုံးတွေက အရည်ကြည်ဖွဲ့နေပြီး မျက်ခွံတွေဟာလည်း အနည်းငယ်နီနေသည်။

လုဟွေ့ မနေနိုင်ဘဲ သိချင်မိသွားသည်။ "သူ ဘာဖြစ်ခဲ့လို့လဲ? ဒီနေ့ ဦးထုပ်သွားရောင်းတာ မဟုတ်ဘူးလား?"

ဒါကိုပြောလာတော့ ရှောင်လုထောင် နှုတ်ခမ်းဆူသွားသည်။

သူမတွင် အနီရောင်ပန်းတွေ မရှိတော့သော်လည်း နောက်ထပ်ပန်းတွေအတွက် သူမဦးထုပ်တွေ ရောင်းလို့ရသေးသည်။

ရလဒ်အနေဖြင့် ယခုဦးထုပ်‌ရောင်းလို့ အနီရောင်ပန်းတွေ မရလိုက်သော်လည်း နောက်ထပ်မစ်ရှင်ကိုစောင့်လို့ရ‌သေးသည်။

နောက်ထပ်မစ်ရှင်ရဖို့ ဘယ်လောက်ကြာဦးမလဲဆိုတာ ဘယ်သူသိမှာလဲ?

သူမရဲ့အသားကင်တွေ! သူမရဲ့ဟန်ဟန်!

လုဟွေ့ကတော့ သူ့ညီမရဲ့ စိုးရိမ်မှုတွေကို နားမလည်ပါချေ။ အရသာရှိတာတွေကိုမြင်တော့ သူချက်ချင်းစိတ်လှုပ်ရှားလာကာ မေးလိုက်သည်။ "မေမေ၊ ဘယ်ကအရသာအရှိဆုံးလဲဟင်?"

"အကုန်လုံးအရသာရှိတယ်။ သား တစ်ခုချင်းစီမြည်းကြည့်လို့ရတယ်"

တစ်ခုချင်းစီ မြည်းကြည့်မယ်?

လုဟွေ့မှာ သူ့ကိုပျော်အောင်လုပ်နိုင်သည့် ဒီလိုစကားလုံးမျိုး ဘယ်တုန်းကမှ မကြားဖူးခဲ့ပါချေ။ သူချက်ချင်းဘဲ သူ့ညီမလေးရဲ့ မျက်နှာကို ကိုင်လိုက်ကာ နမ်းလိုက်သည်။ "ထောင်ထောင်က တော်လိုက်တာ"

ရှောင်လုထောင်ရဲ့မျက်နှာမှာ သူနမ်းလိုက်တာကြောင့် တစ်မျက်နှာလုံး ဆီပေသွားတော့သည်။ သူမလက်လေးနှင့် နှစ်ခါလောက် သုတ်လိုက်ပေမယ့် မသန့်ရှင်းသွားတဲ့အတွက် စပြီးငိုတော့သည်။

သူမရဲ့သမီးနှင့် ဆွေးနွေးပြီးတဲ့နောက် ချန်ဖန်းရှု လုကွေ့ရင်းအား လမုန့်နှစ်ကီလိုဂရမ်လောက် ပေးလိုက်သည်။

လုဟွေ့ တစ်ထုပ်သာ ချန်ထားလိုက်သည်။ "ဒီအထုပ်ကို အခန်းထဲ မှာထားထားလိုက် ရှောင်ပေါင်နဲ့ ကောင်းရှန်းတို့ပါ စားရအောင်။ ကိုယ့်ဟာကိုယ်တော့ သေချာသိမ်းထား၊ မမြင်စေနဲ့"

သူတို့မိသားစုရဲ့ ဒုတိယသား၏မိန်းမဟာ အရမ်းရိုးသားသည်။ တုတ်နဲ့ရိုက်ခံထိရင်တောင် ဘာအသံမှ မထွက်ပေ။ အိမ်၌ သူမရဲ့တည်ရှိမှုဟာ ရှိတောင်မရှိသလိုမျိုးခံတောင်မခံစားမိပေ။

အကြီးဆုံးသားရဲ့ဇနီးဟာတော့ ကပ်စီးနည်းသည့်သူပင်။ သူမဟာ သူမရဲ့အိပ်ကပ်ထဲကို တပါးသူတွေရဲ့ပစ္စည်းတွေထည့်ရတာကို သဘောကျတန်သည့်သူပင်။

နှစ်ရက်အတွင်းမှာပင်၊ ချန်ဖန်းရှုသည် ဘုံအဖွဲ့အတွက် လိုအပ်သည့် ဦးထုပ်တွေအားလုံးကို ရက်ပြီးသွားကာ သူမ၏ သမီးအတွက် အဝတ်အစားချုပ်ပေးရန် ပွင့်ရိုက်အဝတ်စကို လုကွေ့ရင်းအား ဝယ်ခိုင်းလိုက်သည်။

ထို့နောက် သူမပစ္စည်းတွေကို အောင်အောင်မြင်မြင်နှင့် ပို့ပေး‌နိုင်လိုက်ကာ ဆောင်းဦးလယ်ပွဲတော်ဟာလည်း ရောက်လာတော့သည်။

လုကွေ့ရင်းသည် အိမ်တွင် ဖက်ထုပ်လုပ်ကာ ပျော်ပျော်ရွှင်ရွှင် စားသောက်နိုင်ရန် ထောက်ပံ့ဖြန့်ချီရေးအဖွဲ့၌ အသားနှင့် ဂျုံဝယ်ရန်အတွက် လက်မှတ်ယူသွားသည်။ မိသားစုထဲမှ အမျိုးသားတွေဟာလည်း နည်းနည်းပါးပါးသောက်ကြကာ များသောအားဖြင့် ရိုးအေးသည့်အကြီးဆုံးသား ချန်ပေါင်ကောင်းဟာ သောက်ပြီးသည့်အခါ စကားများလာတတ်ပြီး ဟူချူရှန်းဆီကနေ ဆူပူခံရလေ့ရှိသည်။

လူကြီးတွေသောက်နေစဉ် ကလေးတွေကတော့ စားပွဲဝိုင်းကနေ စောစောထွက်သွားကြကာ အပြင်ဘက်တွင် ကစား‌နေကြသည်။

လုဟွေ့သည့် လုထောင်နောက်မှနေ ကျောင်းလွယ်အိတ်ကိုင်ရင်း လိုက်လာသည်။ "ထောင်ထောင်၊ ကိုကို့မှာ ညီမလေးအတွက် ပေးစရာရှိတယ်"

ရှောင်လုထောင်သည် အင်္ကျီအသစ်အား ပျော်ရွှင်စွာဖြင့်ကြည့်နေသည်။ ဒါကိုကြားတော့ သူမသိချင်စိတ်ဖြင့် ကြည်ရန်ရောက်လာသည်။ "ဘာလဲဟင် ကိုကို?"

"အခန်းထဲရောက်ရင်ပြောပြမယ်"

လုဟွေ့ သူ့ညီမအား အခန်းဆီ‌ ဦးဆောင်ခေါ်သွားကာ မီးဖွင့်လိုက်တော့ အထဲရှိ ခန်အပေါ်မှအရာအားလုံးကိုမြင်လိုက်ရသည်။

၎င်းဟာ မတူညီသည့်အရွယ်အစားများနှင့် သစ်သားတုံးတွေဖြစ်ကြောင်း ရှောင်လုထောင်တွေ့လိုက်ရသည့်အခါ ချက်ချင်းစိတ်ဝင်စားမှု ပျောက်သွားတော့သည်။ "အဲ့ဒါတွေက ဘာလဲ?"

"အရုပ်ဆက်တဲ့ဟာလေ" လုဟွေ့ပြောလိုက်သည်။ "ကြည့်၊ ဒါနဲ့ဒါကိုဆက်လိုက်တော့ ဘာနဲ့တူသွားလဲ?"

"အိမ်-အိမ်သေးသေးလေးလား?"

"ဒါနဲ့ဒါ ဆိုရင်ရော?"

လုဟွေ့သည် နောက်ထပ်ပုံစံဆက်လိုက်သည်။

သူနှင့်ချန်ပေါင်တို့မှာ ကျောင်းအနှံ့လိုက်မေးခဲ့ပြီး နောက်ဆုံးတွင် တစ်ယောက်ယောက်၏ အိမ်တွင် တခြားနေရာမှ ဝယ်ခဲ့သည့် အရုပ်ဆက်တဲ့အတုံးတွေ ရှိကြောင်း သိခဲ့ရသည်။

သူက လေ့လာကြည့်ရန် ငှားချင်ခဲ့သော်လည်း ပိုင်ရှင်က ငြင်းဆန်ခဲ့သည်ကြောင့် ပုံကိုကူးကာ သူ့အဖိုးချန်ကွမ်ဖာ့အား သူ့အတွက် တစ်စုံလုပ်ပေးရန် အကူအညီတောင်းခဲ့ရသည်။

ဒီလွန်ခဲ့သည့်နှစ်ရက် သူအားသည့်အချိန်တိုင်း ကော်ဖတ်ဖြင့် သစ်သားတုံးတွေအား ချောအောင်တိုက်ခဲ့သည်။ ယခုတွင်တော့ သစ်သားတုံးတွေတွင် သူ့ညီမလက်ကို နာကျင်စေမည့် အစသေးသေးလေးတောင်မရှိပါချေ။

ရှောက်လုထောင်မှာ ၎င်းကို တော်တော်လေးသဘောကျ‌သွားသည်။ သူမ ခန်ပေါ်တွင်ထိုင်ကာ အရုပ်တက်သည့်အတုံးတွေနှင့်ဆက်ကာ သူ့အစ်ကိုကိုအချိန်နှင့်အမျှပြ‌နေသည်။

အာ့ဝူလင် - [မင်းရဲ့အစ်ကိုကို ခပ်တုံးတုံးလေးလို့ အမြဲတမ်းထင်ခဲ့တာ။ ဒါပေမဲ့ တကယ်‌တော့ သူက ရင်ထဲမှာ ကြိတ်ကြံနေတတ်တဲ့သူမှန်း မ‌ထင်ထားခဲ့ဘူး။ သူကအရမ်းကို လျှို့ဝှက်ကြံနေတတ်တာဘဲ]

သူဘာပြောလဲဆိုတာ ရှောင်လုထောင်နားမလည်သော်လည်း ပြောလာသည်။ "ဘာကြက်အသစ်လဲဟင်? သမီးတို့အိမ်မှာ ဘာကြက်အသစ်မှမရှိဘူးလေ"

အာ့ဝူလင် - [……]

ရုတ်တရက် အသံကထစ်သွားသည်။ [ထောင်ထောင်လေး၊ မြန်မြန်! မစ်ရှင်ရလာပြီ!]

အချိန်အတော်ကြာ အတူတူရှိခဲ့ပြီးတဲ့နောက် ရှောင်လျုထာင်လေးမှာ သူမရဲ့ဖေဖေဟာ မစ်ရှင်နှင့်ပတ်သက်လာပါက အရမ်းစိတ်လှုပ်ရှားလာတာကို မမြင်ဖူးပါချေ။ သူမခေါင်းစောင်းကာ မမေးခင် တစ်ခဏလောက် ကြောင်အသွားသည်။ "ဖေဖေ၊ ဒီတစ်ခေါက် မစ်ရှင်ကဘာလဲဟင်? သမီးကိုအနီရောင်ပန်းလေးပေးမှာလား?"

[ဒါပေါ့၊ သေချာပေါက်ပေးမှာ။ ဖေဖေတို့ ထောင်ထောင်က သူ့ရဲ့မေမေကိုချစ်တဲ့ လိမ္မာတဲ့ကလေးလေးလေ၊ ဘယ်လိုလုပ် မပေးဘဲနေရမှာလဲ?]

အာ့ဝူလင်က ပြောလိုက်သည်။ [မစ်ရှင်ကဘာလဲဆိုတာ ပြောပြပေးပါရစေ။ သင့်ရဲ့ကလေးကို ဂရုစိုက်ပြီး ပညာသင်ပေးပါ။ သမီးက သုံးနှစ်အရွယ်ကလေးပဲရှိသေးတာဆို‌တော့ ပညာသင်ဖို့ကနေစရမယ်။ သမီးရဲ့မေမေမစ်ရှင်ပြီးအောင် အောက်က တာဝန်သုံးခုကိုရွေးပေးပါ....]

"ဖေဖေ? ပညာသင်ပေးတယ်ဆိုတာဘာလဲပင်?"

[ဖြတ်မပြောနဲ့၊ သမီးရဲ့ဖေဖေက မစ်ရှင်ကိုကူညီပေးနေတာ]

ရှောင်လုထောင် စကားပြောတာကို ရပ်လိုက်ပေမယ့် အာ့ဝူလင်ရဲ့အသံကတော့ သူမရဲ့နားထဲဝင်လာသည်။

အတော်ကြာပြီးတဲ့နောက် လက်ရှိ တချွတ်ချွတ်မြည်နေသည့် လျှပ်စစ်အသံဟာ ရုတ်တရက်ပြတ်သွားတော့သည်။

[ကျီ ကျီ ပညာသင်ပေး ကျီ ကျီ တယ်ဆိုတာလား? မင်းက host ကို မစ်ရှင်ပေးနေတာလား ငါ့ကိုပေးနေတာလား?]

All Chapters