Chapter 30
Vol. 3 Ch. 30
ဘဝဟာ-
ဘဝဟာ ဘယ်လိုဘဲခက်ခဲနေပါစေ အသက်ရှင်နေရဦးမှာပဲ၊ ရှင်သန်နေရုံပဲရှိတယ် = =
အာ့ဝူလင် စိတ်ငြိမ်သွားပြီးနောက်၊ မစ်ရှင်၏ ဟာပေါက်ကို အမြန် ရှာတွေ့သွားသည်။ [ဒီမှာက သမီးမေမေက ပညာသင်ပေးရမယ်လို့ပဲ ပြောထားတာ။ ဒါပေမဲ့ မစ်ရှင်လုပ်နေတုန်း တခြားသူတွေကို မေးလို့မရဘူးလို့ မရေးထားဘူး။ တခြားသူတွေဆီက သင်ယူတာကလည်း ကိုယ်တိုင်လေ့လာတာဘဲ။ ဒီစနစ်က တကယ်ဉာဏ်ကောင်းလိုက်တာ]
ရှောင်လုထောင် နားထဲရှိအသံမှာ တစ်ခဏလောက် ပြင်းထန်ခဲ့ပေမယ့် ထပ်ပြီးတည်ငြိမ်သွားပြန်သည်။
[ဝာာဝန်သုံးခုကို ကြည့်ပါရစေအုံး။ အရင်ဆုံး တစ်ရက်အတွင်း တစ်ကနေ တစ်ဆယ်အထိ ရေတွက်တာကို သင်ရမယ်။ ဒါက သိပ်ခက်တဲ့ပုံမပေါ်ပါဘူး..... နေအုံး၊ ထောင်ထောင်လေး ဖေဖေ့ကိုပြော သုံး ပြီးရင် ဘာလာလဲ!]
"သုံး....သုံး...."
ရှောင်လုထောင်သူမလက်ကိုကိုက်လိုက်ကာ တစ်ခဏလောက်စဉ်းစားလိုက်ပြီး မသေချာသလို မေးလိုက်သည်။ "အမြှောက်လား?"
[သုံး ပြီးရင် ဘာနံပတ်လာလဲလို့မေးတာကို အမြှောက်လို့ပြောတယ်။ အမြှောက်က နံပါတ်လား? မဟုတ်ဘူးဟ၊ အမြှောက်သုံးလုံး....အမြှောက်ပုံလား?!]
အာ့ဝူလင်မှာ ဒေါသထွက်လာသည်။ [ဒီလိုဟာတွေပြောဖို့ ဘယ်သူ သင်ပေးတာလဲ? ဖေဖေ့ကိုပြော၊ ဖေဖေသူ့ကိုသွားသတ်မယ်!]
ဘယ်သူကမှ လုထောင်ကို မသင်ပေးခဲ့ပါချေ။ သို့ပေမယ့် သူမအပြင်တွင် ကစားသည့်အချိန် လူတွေထိုသို့ပြောသည်ကို အကြိမ်များစွာ ကြားခဲ့ရသည့်အတွက် သူမ သိနေခဲ့တာဖြစ်သည်။
သူမရဲ့ဖေဖေ မပျော်တော့တာကို ကြားတော့ သူမတွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။ "ဖေဖေ၊ ထောင်ထောင် တစ်ခုခုမှားပြောမိလို့လားဟင်?"
[ဟုတ်တယ်] အာ့ဝူလင်၏ အသံက အလေးအနက်ဖြစ်နေသည်။ [ထောင်ထောင်လေး၊ သမီးက လိမ္မာတဲ့ကလေးဘဲ။ ဒီလိုစကားမျိုး နောက်ထပ်မပြောနဲ့တော့နော် နားလည်လား?]
လုထောင် ခေါင်းညိတ်ပြလိုက်သည်။ "ဒါဆိုဖေဖေ၊ နံပါတ်သုံးပြီးရင် ဘာလာလဲဟင်?"
အာ့ဝူလင် - [သမီးရဲ့ကိုကို ဘေးမှာရှိနေတာဘဲ၊ သမီးသူ့ကို သင်ပေးခိုင်းလို့ရတယ်လေ ထောင်ထောင်]
ကလေးမလေးလည်း အဲ့ဒီလိုတွေးမိကာ သူမ၏ မျက်လုံးကြီးတွေဟာ လုဟွေ့ဆီ ရောက်သွားတော့သည်။
လုဟွေ့မှာ အရုပ်ဆက်သည့်အတုံးတွေကို ဆက်နေဆဲဖြစ်ကာ ရုတ်တရက် လေအေးတိုက်ခတ်သွားသလို သူခံစားလိုက်ရပြီး သူ့ကိုယ်မှာ တုန်ရီသွားတော့သည်။
သူမော့ကြည့်လိုက်တော့ သူ့ညီမ၏ "သင်ယူလိုစိတ်ပြင်းပြ" နေသည့်အကြည့်နှင့်ဆုံသွားသည်။
"ကိုကို၊ နံပါတ်သုံးပြီးရင် ဘာလာတာလဲ?"
"လေး"
"လေးပြီးရင်ရော?"
"လေး ပြီးရင် ငါး "
လုထောင်ထပ်ပြီး မေးချင်ပေမယ့် အာ့ဝူလင်ဆီကနေ ဖြတ်ပြောခံလိုက်ရသည်။ "အရင်ဆုံး ဒီ ငါးလုံးကိုပဲ မှတ်အုံး၊ ပြီးမှဆက်သင်"
"အိုး"
ကလေးမလေး ခေါင်းငုံ့လိုက်ကာ သူမလက်ထဲမှ သစ်သားတုံးအသေးလေးနှစ်တုံးကို ဟိုရွှေ့ဒီရွှေ့လုပ်ရင်း ခပ်တိုးတိုးရွတ်နေသည်။ "ငါး...ငါး...."
[ဟုတ်တယ်၊ မှန်တယ်။ ထောင်ထောင် ကြိုးစား။ ကောင်းကောင်းသင်ယူရင် အနီရောင်ပန်းလေးရမှာ~]
"အနီရာင်ပန်းလေး" ဆိုတာကိုကြားသည့်အခါ ကလေးမလေးမှာ ချက်ချင်းမျက်လုံးတွေ တောက်ပလာသည်။ "ထောင်ထောင် အနီရောင်ပန်းလေးလိုချင်တယ်! ထောင်ထောင် ဟန်ဟန်ကို လိုချင်တယ်!"
သူမလက်သေးသေးလေးထဲတွင် တြိဂံတုံးလေးတစ်ခုကိုင်ထားကာ သူမမျက်လုံးတွေ အောက်ကျသွားပြီး ပြန်စဉ်းစားရန် ကြိုးစားလိုက်သည်။ "တစ်၊ နှစ်၊ သုံး၊ ငါး.... တစ်၊ နှစ်၊ သုံး၊ ငါး...."
အာ့ဝူလင် - [……]
လုဟွေ့ - “…”
လုဟွေ့မှာ အကြိမ်ပေါင်းများစွာ အမှန်ပြင်ပေးသည်။ လုထောင်မှာ လေး ကိုမှတ်မိပါက ငါး ကိုမေ့ကာ၊ ငါး ကိုမှတ်မိပါက လေး ကိုမေ့သွားတတ်သည်။
သူမအား အကြပ်ကိုင်လိုက်ပါက သူမစပြီးခုန်ပေါက်ကာ ကြုံရာပြောလိမ့်မည်ပင်။
[မင်းကို အရင်မေးလိုက်တာ ပိုကောင်းမယ်မှန်း ငါသိနေတယ်....] အာ့ဝူလင်မှာ ပင်ပန်းနေပြီပင်။ [မေ့လိုက်တော့၊ မှတ်ဉာဏ်တွေ တစ်ပေါင်းတစ်စည်းထဲဖြစ်အောင် သီချင်းတစ်ပုဒ်ဖွင့်ပြမယ်]
ကလေးမလေးသည် သူမရဲ့ဖေဖေဟာ အရမ်းလုပ်နိုင်စွမ်းရှိကြောင်း တွေ့လိုက်ရသည်။ သူမအား အရသာရှိသည့် အစားအသောက်တွေနှင့် အနီရောင်ပန်းတွေ ပေးတာအပြင် သူဟာ သီချင်းလည်း ဆိုတတ်သေးသည်။
သူမချက်ချင်းဘဲ လက်ခုပ်တီးလိုက်သည်။ "ဟုတ် ဟုတ် ဖေဖေဆိုပြ၊ ဖေဖေဆိုပြ!"
သိပ်မကြာခင်မှာဘဲ၊ ရှောင်ယွဲ့ယွဲ့၏ မှတ်မိနိုင်စရာအသံက သူမနားထဲဝင်လာသည်။
[အာ~အာ~အာ ငါးလမ်းမြောက်~~ မင်းက လေးလမ်းမြောက်ထက် တစ်လမ်းပိုတယ် ~~ အာ~ အာ~အာ~ မင်းမှာ ခြောက်လမ်းမြောက်ထက် တစ်လမ်းလျှော့တယ်~~]
ကလေးမလေးမှာ သေသေချာချာကို ဂရုစိုက်နားထောင်နေကာ သံစဉ်အတိုင်းခေါင်းကို လှုပ်ရင်း တစ်ယောက်တည်း သီချင်းညည်းနေသည်။
နာရီဝက်ကြာပြီးနောက် သီချင်းကိုမကြားရသည့် လုဟွေ့တောင် သူ့ညီမဆီကနေ ဦးနှောက်အဆေးခံလိုက်ရကာ မသလိုက်ဘာသာနှင့် သီချင်းလိုက်ညည်းမိတော့သည်။
အာ့ဝူလင်မှာ အချိန်ကျပြီဟာ ခံစားရသည့်အတွက် လုထောင်ကို မေးလိုက်သည်။ [အချစ်လေး ထောင်ထောင်၊ မှတ်မိပြီလား?]
"မှတ်မိပြီ"
[နံပါတ်သုံးပြီးရင် ဘာလာလဲ?]
"လေး"
[အရမ်းတော်တယ်၊ လေးပြီးရင်ရော?]
"လမ်း!"
အာ့ဝူလင် - [... ဒီhostကို မလိုချင်တော့ဘူး။ စီစဉ်ပေးတဲ့သူရေ ကျေးဇူးပြုပြီးလဲပေးပါ။ ငါတောင်းဆိုပါတယ်!]
"စီစဉ်ပေးတဲ့သူ?" ရှောင်လုထောင်သည် စကားလုံးအသစ်ကို ထပ်ကြားလိုက်ရသည်။ "စီစဉ်ပေးတဲ့သူကဘာလဲ ဖေဖေ? ဝက်ဦးနှောက်လားဟင်း?"
အာ့ဝူလင် - [မဟုတ်ဘူး၊ အဲ့ဒါက သမီးရဲ့ဘိုးဘိုး။ ဒါပေမဲ့ သူကသမီးရဲ့ အဘိုးအရင်းမဟုတ်ဘူးဆိုတာကတော့ ဖြစ်နိုင်ချေများတယ်]
နောက်ဆုံး အာဝူလင်မှာ "ငါးလမ်းမြောက်" သီချင်းကိုဖွင့်ပေးနေတာရပ်လိုက်ပြီး "တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ တောင်ပေါ်တက်ပြီး ကျားကိုသွားတိုက်မယ်" ဆိုတာနဲ့ ပြောင်းလိုက်သည်။ နောက်ဆုံးတော့ အကျိုးသက်ရောက်မှုတချို့ရှိလာသည်။
သို့ပေမယ့် ကလေးမလေးကတော့ ငါး အထိဘဲ မှတ်မိနိုင်ကာ သူမ၏ခေါင်းလေးမှာ ထပ်ပြီးကြာကြာမမှတ်မိနိုင်တော့ပေ။
အာ့ဝူလင် အကြာကြီးတိတ်ဆိတ်နေမိသည်။ [ကောင်းပြီ၊ ဒုတိယတာဝန်ကို တစ်ချက်ကြည့်ကြည့်ကြတာပေါ့]
ဒုတိယတာဝန်လား?
ကလေးမလေးရဲ့မျက်တောင်တွေ တစ်ဖျပ်ဖျပ်ခတ်သွားသည်။ "ဖေဖေ ဒီတာဝန်က ပြီးသွားတာလားဟင်?"
[ဆုတောင်းလေ]
အနီရောင်ပန်းလေးတွေ မရဘူးဆိုတာကို ကြားတော့ ကလေးမလေးရဲ့ပခုံးတွေငိုက်ကျသွားကာ မပျော်မရွှင်ဖြင့် နှုတ်ခမ်းစူလိုက်သည်။
အာ့ဝူလင် - [ဒုတိယဝာာဝန်က တစ်ရက်အတွင်း စကားလုံး အကန့်အသတ်မရှိ ရှေးခေတ်ကဗျာတစ်ပုဒ်ကို အလွတ်ရွတ်ပြရမယ်။ ကောင်းတယ်၊ hostက သင်္ချာမတော်ပေမဲ့ တရုတ်ဘာသာမှာတော့ အရည်အချင်းရှိလိမ့်မယ်]
ရှေးခေတ်ကဗျာဆိုတာကိုကြားတော့ လုထောင်ရဲ့အကြည့်တွေဟာ သူမအစ်ကိုပေါ် ထပ်ရောက်သွားပြန်သည်။
'ငါ့ကိုကိုက အရမ်းတော်တာ။ ညတုန်းက "လရောင်" လို့ခေါ်တဲ့သီချင်းကို လကိုကြည့်ရင်း မေမေ့ကိုအလွတ်ဆိုပြခဲ့သေးတယ်။'
ကလေးမလေးမှာ သူမလက်ကိုကိုက်လိုက်ပြီး မျက်လုံးတွေက တလက်လက်တောက်ပနေ၏။ "ကိုကို ထောင်ထောင်ကို ကဗျာတစ်ပုဒ်သင်ပေးလို့ရမလား? လရောင်အကြောင်းလေ"
လုဟွေ့ရဲ့မျက်နှာမှာ အေးခဲသွားတော့သည်။ "ထပ်ပြီးကဗျာသင်ချင်လို့လား?"
"ဖေဖေက ထောင်ထောင်ကို သူ့အလုပ်တွေ ကူလုပ်ပေးရမယ်တဲ့၊ ပြီးတော့ ကိုကို့ကိုလဲ မေးခိုင်းလိုက်တာ"
လုဟွေ့ - "....."
သူ့မှာ သင်္ချာကိုနာရီဝက်လောက် သင်ပေးပြီးနောက် ပင်ပန်းနေပြီဖြစ်သည်။ သူ တရုတ်စာကိုရော ဘယ်လိုလုပ် သင်ပေးနိုင်တော့မှာလဲ?
အဲ့ဒီအချိန် ချန်ပေါင်တစ်ယောက် အပြင်မှနေခေါင်းပြူထွက်လာသည်။ "ဘယ်လိုလဲ? ထောင်ထောင်သဘောကျလား?"
လုဟွေ့မှာ သူ့အသက်ကို ကယ်ပေးနိုင်သည့် ကောက်ရိုးတစ်မျှင်ကို တွေ့လိုက်ရသလိုမျိုး ခန်အပေါ်ကနေခုန်ဆင်းကာ အခန်းအပြင်မှ သူ့တစ်ဝမ်းကွဲကိုဆွဲခေါ်လိုက်သည်။ "ထောင်ထောင်က သူ့ကိုကဗျာသင်ပေးဖို့ လူရှာနေတာ၊ အစ်ကို လာကူပေးပါအုံး"
သူပြောပြီးနောက် ဖိနပ်စီးကာပြေးထွက်သွားတော့သည်။
ချန်ပေါင်မှာ နားမလည်ဖြစ်နေသည်။ "မင်းဘာသွားလုပ်မလို့လဲ?"
လုဟွေ့ သူ့ဗိုက်ကိုကိုင်ကာ သနားစရာကောင်းသလိုသရုပ်ဆောင်လိုက်သည်။ "ဗိုက်နာနေလို့၊ နေလို့မရတော့ဘူး။ ကျွန်တော်အိမ်သာမသွားလို့ရှိရင် ဘောင်းဘီထဲမှာဘဲ ဝမ်းသွားမိလိမ့်မယ်"
"ဒါဆိုသွားလေ" ချန်ပေါင်မှာ သူ့ကိုဘာသံသယမှမဝင်ဘဲ လုထောင်ဘက်လှည့်ကာ မေးလိုက်သည်။ "ဘယ်ဟာကိုသင်ချင်တာလဲ?"
အာ့ဝူလင် မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ [မင်းရဲ့တစ်ဝမ်းကွဲက ဒီမိသားစုထဲမှာအရူးပဲ၊ တကယ်တုံးပြီးဖြူစင်လိုက်တာ]
တုံးပြီးဖြူစင်လိုက်တာ ဆိုတာကဘာလဲဆိုတာ လုထောင် မမေးရသေးခင် သူပြောလိုက်သည်။ [သမီးရဲ့အစ်ကိုက်ုကြည့်အုံး။ ဆံပင်ကောက်ကောက်နဲ့ကောင်လေးက သူ့အိမ်မှာ အရုပ်ဆက်တဲ့ဟာရှိတယ်လို့ပြောတော့ သူကချက်ချင်း သမီးအတွက်အရုပ်ဆက်တဲ့ဟာလုပ်ပေးတယ်။ အခုကျ "ထောင်ထောင်ကို စာသင်ပေးရတာထက် သေလိုက်တော့မယ်" ဆိုသလိုမျိုး ဆရာကျနေပြန်ပြီ။ ဒီစနစ်က စောစောကတည်းက သူနဲ့ဘာလို့မချည်နှောင်မိတာလဲ?]
အာ့ဝူလင် တကယ်မှန်သည်။ လုဟွေ့ဟာ ဉာဏ်ထက်လှသည့်ကလေးဖြစ်သည်။
ချန်မိသားစုရှိ အိမ်သာဟာ ခြံအနောက်တွင်ဖြစ်သည်။ သူက အိမ်သာသွားတာလို့ ပြောခဲ့ပေမယ့် သူခြံအနောက်ဘက်ကိုရောက်သည်နှင့် တံခါးအသေးကိုဖွင့်ကာ ခိုးထွက်လိုက်သည်။
ချန်ပေါင်မှာ အိမ်ထဲတွင် နာရီဝက်ကျော်လောက် စောင့်နေပေမယ့် သူပြန်မလာပေ။ သူချွေးတွေတစ်ပုံတစ်ခေါင်း ထွက်လာသည်အထိ ရှောင်လုထောင်မှာ မေးခွန်းတွေတစ်ခုပြီးတစ်ခုမေးနေသည်။
ဘုရားသာ သိသည်၊ လုဟွေ့သည် အသက်ခုနစ်နှစ်တွင် မူလတန်းတက်ခဲ့ကာ အသက်ကိုးနှစ်ရောက်သည်အထိ သူတစ်ယောက်ထဲသာ အဆင့်ပထမဖြစ်ခဲ့သည်။
သူ့အတွက်တော့ ကျောင်းသွားသည်မှာ အချိန်ကုန်ဖို့သာဖြစ်သည်။ မည်သို့ပင်ဆိုဆို သူ့မိသားစုမှာ ကျောင်းတွင် သူကောင်းကောင်းလုပ်နိုင်ဖို့ မမျှော်လင့်ထားသလို စာမေးပွဲတွင် နောက်ဆုံးအဆင့်ရလျှင်လည်း သူ့ကိုအခက်တွေ့အောင်တော့ မလုပ်ပါချေ။ သူကိုယ်တိုင်က စာလေ့လာရတာကို အရမ်းစိတ်ရှုပ်ရတာ တခြားသူတွေကို လာသင်ပေးခိုင်းတယ်။ ဒါကသူ့ကိုရန်စနေတာမဟုတ်ဘူးလား?
ချန်ပေါင်မှာ အရမ်းစိတ်ညစ်လာကာ သူ့ခေါင်းတွေပါးတွေကိုကုတ်လိုက်သည်။ "ထောင်ထောင် ညီမလေးဘာသာခဏကျက်နေနော်။ ကိုကိုအပေါ့သွားမလို့"
သူအပေါ့တကယ်သွားတာဖြစ်သော်လည်း သူအိမ်သာထဲမှ ထွက်လာသည့်အခါ သူ့အမေဆီတွင် အမိခံလိုက်ရသည်။
ဟူချူရှန်းအသံတိုးကာ သူ့ကိုမေးလိုက်သည်။ "သားရဲ့အဒေါ်အခန်းထဲမှာ လမုန့်တွေတွေ့ခဲ့လား?"
"ဟင့်အင်း၊ ဘာဖြစ်လို့လဲ?"
"လွန်ခဲ့တဲ့ရက်လောက်က အမေ နင့်ရဲ့အဒေါ်အခန်းထဲသွားတော့ ထောင်ထောင်ရဲ့ပါးစပ်နားမှာ လမုန့်အစအနတွေတွေ့ခဲ့တယ်။ နင့်အဘွား သူတို့ကို လမုန့်တိတ်တိတ်လေးပေးခဲ့တာထင်တယ်"
"မဖြစ်နိုင်တာ" ချန်ပေါင်က သိပ်မယုံပါချေ။ "အဘွားက ကျန်တဲ့နှစ်ပိုင်းကို သိမ်းထားတာ။ သားတွေ့တယ်။ သူတို့ဘာသာ ဝယ်ထားတာနေမှာပေါ့"
နင့်အဒေါ်က လယ်ထဲသွားလို့မှ မနိုင်တာကို လမုန့်တွေဝယ်သူဝယ်ပေးမှာလဲ? နင် ပိုဂရုစိုက်သင့်တယ်" ဟူချူရှန်းမှာ အရမ်းစိတ်ပျက်သွားမိသည်။ "နင့်အဘွားလက်ထဲမှာ ကျန်နေတဲ့လမုန့်နှစ်ပိုင်းကို သေချာစောင့်ကြည့်ထား။ အဲ့ဒါတွေကို နင့်အဒေါ်ရော တခြားသူတွေကိုရော မပေးလိုက်စေနဲ့။ နင်က ချန်မိသားစုထဲမှာ မြေးအကြီးဆုံးဘဲ"
ချန်ပေါင်မှာ နားပူနားဆာလုပ်နေတာကို စိတ်မရှည်တော့ကာ သူပြောလိုက်သည်။ "သူတို့ကိုပေးတော့ရောဘာဖြစ်လဲ? အရင်တစ်ခေါက် သားတို့စားခဲ့တဲ့ယုန်ကို ထောင်ထောင်ဖမ်းခဲ့တာလေ။ ပြီးတော့ သားအိတ်ထဲက မုန့်ဖိုးကလဲ သားအဒေါ်ပေးထားတာ။ အဘွားက သူတို့ကိုလမုန့်ပေးချင်တယ်ဆိုလဲ သားဂရုမစိုက်ဘူး" ပြောပြီးနောက် သူလှည့်ထွက်သွားလိုက်သည်။
ဟူချူရှန်းမှာ သူ့လက်ကိုလှမ်းဆွဲဖို့လုပ်လိုက်သော်လည်း မမိလိုက်ပေ။ သူမ အရမ်းဒေါသထွက်လွန်းလို့ ခါးထောက်ကာ ပြောလိုက်သည်။ "နင်တို့က အရမ်းရိုးသားနေတာပဲ။ ငါဘယ်လိုလုပ် ဒီလိုအရူးမျိုးကိုမွေးခဲ့မိတာလဲ?"
သူ့အမေဆီကနေ ဆူခံထိပြီးတဲ့နောက် ချန်ပေါင်မှာ ပြန်ဖို့ကို ရှက်ရွံ့သွားမိသည်။ သူပြတင်းပေါက်ကို ခေါက်ကာ လုထောင်က်ို တစ်ခုခုပြောလိုက်ပြီး ပြေးထွက်သွားတော့သည်။
ဆရာနှစ်ယောက်မှာ ထွက်သွားပြီပင်။ ကလေးမလေးမှာ နှစ်စက္ကန့်လောက် ကြောင်အနေမိသည်။ "ဖေဖေ၊ ချွီရှန်းကဘာလဲ၊ ချွီရှန်းလေ?"
အာ့ဝူလင် - [...တစ်မိနစ်စောင့်။ တခြားမိဘတွေ သူတို့ကလေးကိုဘယ်လို စာသင်ပေးလဲဆိုတာ သွားရှာကြည့်လိုက်အုံးမယ်။ သုံးနှစ်အရွယ်ကလေး ကဗျာမှတ်ခြင်း.... သူက နားထောင်ပြီးအလွတ်ဆိုနိုင်တဲ့ပုံဘဲ၊ စက်လိုမျိုးမှတ်တယ်၊ ဆိုတော့.....]
စက္ကန့်အနည်းငယ်အကြာ "ငန်းအကြောင်းကဗျာ" ကို လုထောင်ကြားလိုက်ရပြီး သူမအိပ်ပျော်သည်အထိ ထပ်ခါတလဲလဲဖွင့်နေတော့သည်။
လုကွေ့ရင်း ကလေးမလေးရဲ့မျက်နှာနှင့်ခြေထောက်တွေကို ဆေးကြောပေးလိုက်ပြီး ခန်အပေါ်တင်ပေးလိုက်ကာ မီးပိတ်၊ တံခါးပိတ်ကာ ထွက်သွားတော့သည်။
ကလေးမလေးဟာ အရမ်းအိပ်ငိုက်နေကာ သူမ၏ မျက်ခွံတွေနှင့် တိုက်ခိုက်နေသေးသည်။ သူမအမေရဲ့လက်မောင်းကိုမှီကာ တတွတ်တွတ်ရွတ်နေသေးသည်။ "ဂီး ဂီး ဂီး ..... သူ့လည်ပင်းကို ကောင်းကင်ဆီမျှော်ကြည့်ရင်း ဆိုနေ....."
ဒါကိုကြားသည့်အခါ ချန်ဖန်းရှုအံ့ဩသွားပြီး ထရပ်လိုက်မိသည်။ "ထောင်ထောင် အခုကဗျာအလွတ်ဆိုတတ်နေပြီလား?"
ကလေးမလေးဟာ နှုတ်ခမ်းကိုကွေးညွှတ်လိုက်ရင်း အသံပြုလိုက်သည်။ "အာ၊ ငါးလမ်း....မင်းမှာ လေးလမ်းထက် တစ်လမ်းပိုရှိတယ်...."
ရောနေတာလား?
၎င်းဟာရယ်စရာကောင်းမှန်း ချန်ဖန်းရှုရှာတွေ့လိုက်သည်။ သူမချစ်ခင်စွာဖြင့် သူမသမီးအားစောင်ခြုံပေးလိုက်ကာ သူမကျောလေးအား အသာပုတ်ပေးလိုက်သည်။ "အိပ်တော့"
မကြာခင် တိတ်ဆိတ်နေသည့်အိမ်ထဲ၌ ချိုသာသည့်အမျိုးသမီးတစ်ယောက် သီဆိုသံကထွက်လာသည်။ "လရောင်ကတောက်ပတယ်၊ လေကတည်ငြိမ်နေတယ်၊ သစ်ရွက်တွေက ပြတင်းပေါက် မှန်ကူကွက်ကို ကွယ်နေပြီး ပုရစ်တွေက ကျည်ကျည်ကျာကျာမြည်နေတယ်.... ကလေးလေး၊ မျက်စိကိုမှိတ်ပြီး အိပ်ပါတော့၊ အိပ်ပျော်သွားရင် အိမ်မက်ထဲမှာ...."
ရှောင်လုထောင်မှ ညနေစောင်းအထိအိပ်ပျော်သွားကာ ညဘက်၌လည်းမနိုးလာသလို အိပ်ရာတွေလည်း မစိုခဲ့ပါချေ = =
မနက်စောစော နေရောင်ကသူမဖင်ကိုထိုးလာကာ ကလေးမလေးက ခြေထောက်တွေကို ကန်ကျောက်ရင်း အိပ်ချင်မူးတူးဖြစ်နေသေးသည်။
[မင်္ဂလာနံနက်ခင်းပါ၊ ရှောင်လုထောင်လေးရေ]
"မင်္ဂလာနံနက်ခင်းပါ ဖေဖေ"
[ထောင်ထောင်လေး၊ မနေ့က သင်ခဲ့တဲ့ကဗျာကိုမှတ်မိသေးလား?]
ကဗျာ?
ကလေးမလေးမှာ မျက်လုံးပွတ်နေတာရပ်သွားကာ သူမမျက်နှာတွင် စိတ်ရှုပ်မှုတွေဖြင့် ပြည့်နှက်သွားသည်။
[အကုန်လုံး မေ့သွားတယ်လို့ မပြောနဲ့နော်!] အာ့ဝူလင်မှာ စိတ်ဆိုးမာန်ဆိုး ဖြစ်သွားရသည်။ [သမီး အနီရောင်ပန်းလေးလိုချင်သေးလား မလိုချင်တော့ဘူးလား?]
ဒါပေါ့ လုထောင်လိုချင်တယ်။ "မှတ်မိပြီ၊ ထောင်ထောင်မှတ်မိပြီ! ထောင်ထောင်မနေ့က သင်ခဲ့တာ....သင်ခဲ့တာက.... ငန်း ငန်း ငန်းလေး!"
သူမကို ပြောလာတဲ့ အာ့ဝူလင်အသံက အနည်းငယ်ညင်သာသွားသည်။ [ငန်း ငန်း ငန်းလေး ပြီးရင်ရော? ဖေဖေ့ကိုပြော၊ နောက်ပြီးတော့ဘာလဲ?]
"နောက်ပြီးတော့....ပြီးတော့...." ကလေးမလေးခေါင်းငုံ့လိုက်ကာ လက်ညိုးထိုးလိုက်သည်။
[တစ်ညလုံးသင်ခဲ့ပြီးတော့ ငန်း ငန်း ငန်းလေး တစ်ကြောင်းဘဲ မှတ်မိတယ်လို့ လာမပြောနဲ့နော်!]
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး ထောင်ထောင်မှတ်မိတယ်။ နောက်တစ်ကြောင်းက ငန်း ငန်း ငန်း ငန်းလေး!"
အာ့ဝူလင် - [……]
ဒုတိယမစ်ရှင်ကိုပြီးရန် ဆယ့်တစ်နာရီသာ ကျန်တော့သည်။ ရှောင်လုထောင်မှာ စားသောက်ပြီးတစ်ရေးအိပ်ဖို့ အချိန်သုံးနာရီလိုသည်။
[ဒုတိယတာဝန်က သိပ်မကောင်းဘူးလို့ထင်တယ်။ နောက်ဆုံးတစ်ခုကိုကြည့်ကြတာပေါ့။ သုံးရက်အတွင်း ကိုယ့်ရဲ့အားသာချက်ကိုရှာပါ။ အဲ့ဒီအားသာချက်ဟာ စနစ်ရဲ့စွမ်းရည်တိုင်းတာမှုမှာ အဆင့်Bဒါမှမဟုတ် အဆင့်Bနဲ့အထက် ဖြစ်ရမယ်....]
ရှောင်လုထောင်မှာ သူမနားမလည်သည့်နောက်ထပ်စကားလုံးကိုကြားလိုက်ရပြီး မေးတော့မယ့်အချိန် အာ့ဝူလင်က ဖြတ်ပြောလာသည်။ [စကားပြောတာရပ်]
သူမပါးစပ်ကိုပိတ်လိုက်တော့ သူမဖေဖေရဲ့တီးတိုးပြောသံကို ကြားလိုက်ရသည်။ [ဒီဟာကအရည်အချင်းကို ကူစစ်ဖို့ စနစ်ကိုလိုတယ်။ ပြီးတော့ ပေးတဲ့အမှတ်တွေကလဲ နည်းနည်း နည်းတယ်။ မေ့လိုက်တော့ ဘယ်လောက်ဘဲနည်းနည်း အရှေ့ကတာဝန်နှစ်ခုကို ရှူံးသွားပြီး ဘာအမှတ်မှမရတာထက်တော့ ပိုကောင်းသေးတယ် ]
အတော်ကြာပြီးသည့်နောက် အသံက ပုံမှန်ပြန်ဖြစ်လာသည်။ [ထောင်ထောင်လေး သမီးတို့မိသားစုမှာ ဂီတတူရိယာတီးတတ်တဲ့သူရှိလား?"
"ဂီတတူရိယာ? အဲ့ဒါကဘာလဲ?"
[အဲ့ဒါက ချင်၊ ပုလွေနဲ့ အာ့ဟူတို့လိုမျိုးလေ။ ယန်ကောင်း အကကိုမြင်ဖူးလား? အဲ့ဒီအက ကတဲ့အခါကျရင် တီးတဲ့သံစုံတီးဝိုင်းနဲ့ ဗုံတွေက အဲ့ဒါတွေအားလုံးက ဂီတတူရိယာတွေဘဲ]
လုထောင် ယန်ကောင်းအကကို နောက်ဆုံးကြည့်ခဲ့ရသည်မှာ တရုတ်နှစ်သစ်ကူးတုန်းကဖြစ်ကာ သူမ ဘာကိုမှ မမှတ်မိတော့ပါချေ။
ဒါပေမယ့် သူမရဲ့နားလည်သဘောပေါက်တာကို ဖော်ပြဖို့ကိုတော့ မရပ်ပါချေ။