← Chapters

Chapter 31

Vol. 3 Ch. 31

Chapter 31

Vol. 3 Ch. 31

မနက်စာစားပြီးနောက် ချန်ကွမ်ဖာ့ ပန်းကန်နှင့်တူတွေကို မြေအိုးအကြီးထဲတွင် ထည့်ထားလိုက်ကာ ပုံမှန်အတိုင်း သူ့သားနှင့်ချွေးမတို့နှင့်အတူ လယ်ထဲသို့သွားကြသည်။

လုကွေ့ရင်းကတော့သူမ၏သမီးအား ကူပေးနေသည်။ သူမပန်းကန်ဆေးရန် သပွတ်သီးကိုယူလိုက်သည့်အချိန် ရှောင်လုထောင်ရောက်လာကာ မေးလာသည်။ "ဘွားဘွား ဂီတတူရိယာတီးတတ်လားဟင်?"

"သမီးရဲ့အဘွားက အဲ့ဒီလိုပစ္စည်းတွေကို ဘယ်လိုလုပ်တီးမှာလဲ?" လုကွေ့ရင်းက ပြောလိုက်သည်။ "သမီးရဲ့ ဘွားဘွားကြီးတို့မိသားစုက မျိုးဆက်လေးဆက်အထိကို ဆင်းရဲတဲ့လယ်သမားတွေဖြစ်ခဲ့တာ။ လောက်လောက်ငှငှစားရတာကတင် တော်နေပြီ"

ကလေးမလေးမှာ စိတ်ဓာတ်မကျသွားပါချေ။ "ဦးဦးကရော? ဦးရော မသင်ဖူးဘူးလား?"

သူလဲ တစ်ခါမှမသင်ဖူးဘူး။ သမီးရဲ့ အကြီးဆုံးဦးလေးနဲ့ ဒုတိယဦးလေးက အရမ်းကိုတုံးတာ။ သူတို့တွေက အထေ့အငေါ့မရှိဘဲနဲ့တောင် စာမဖတ်တတ်တာ။ သူတို့ကဘယ်လိုလုပ် ဒါတွေတီးတတ်မှာလဲ? ဒါ့ပြင် အဲ့ဒါတွေက အဘွားတို့ကျေးလက်မှာ နာမည်မကြီးဘူးလေ။ အဘွားတို့က တစ်နေ့လုံး အလုပ်လုပ်ပြီး ပင်ပန်းနေကြတာ။ အနားမယူရတော့ဘူးလား?"

ယခု ရှောင်လုထောင်‌ခေါင်းလေးမှာ ငိုက်စိုက်ကျသွားကာ သူမခေါင်းပေါ်က ဆံပင်ကောက်ကောက်လေးတောင် အနည်းငယ်ငိုက်စိုက်ကျသွားသလိုပင်။

လုကွေ့ရင်း ပန်းကန်ဆေးပြီးနောက် သူမဘာကြောင့် ဂီတတူရိယာအကြောင်း မေးရသလဲဟု မေးမလို့လုပ်တဲ့အချိန် ဘေးအိမ်မှအမျိုးသမီးကျိုးမှ သူမကိုအော်ခေါ်လာသည်။ " အမျိုးသမီးချန်၊ အသင်းမှာ တစ်ယောက်ယောက် ဝါတွေလာရောင်းတယ်တဲ့ နင်သွားချင်လား? နင်သွားရင် ငါတို့အတူတူသွားလို့ရတယ်"

သူမအမြန်ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။ "သွားမယ်၊ ခဏစောင့်"

လုကွေ့ရင်း အခန်းထဲဝင်သွားကာ စောင်အဟောင်းတစ်ထည်ကို ထုတ်လိုက်ပြီး ယူသွားရန်ပြင်လိုက်သည်။

သူမအပြင်ထွက်လာတော့ သူမ၏မြေးမလေးမှာ ခွေးခြေခုံလေးပေါ်တွင် နုံးချည့်စွာထိုင်နေသည်ကိုတွေ့လိုက်ရပြီး သူမရပ်ကာမေးလိုက်သည်။ "ထောင်ထောင် အခုလေးတင် ဂီတတူရိယာအကြောင်း မေးခဲ့တယ်မလား?"

"အင်း"

"ဝါရောင်းနဲ့သူက အသင်းကိုလာတာလေ။ သူက ပုလွေကိုကောင်းကောင်းမှုတ်တတ်တယ်။ သမီးသွားနားထောင်ချင်လား?"

ကလေးမလေးရဲ့ အာရုံဟာ တခြားအရာဆီကနေ နှောင့်ယှက်ခံရပါက ဒီကိစ္စအားမကြာခင် မေ့သွားလိမ့်မယ်လို့ သူမခံစားရသည်။

ဂွမ်းအကြောင်း လုထောင်ကြားသည့်အခါ နှစ်ခုစလုံးဟာ ဂီတတူရိယာဖြစ်သည့် စန္ဒရားနှင့်အတူတူဘဲဟု သူမထင်လိုက်ကာ စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ "လိုက်မယ်၊ လိုက်မယ်"

သူမ လုကွေ့ရင်း နောက်ပြေးလိုက်ကာ ပြောလိုက်သည်။ "ဘွားဘွား၊ ‌ထောင်ထောင်လဲ စောင်ကူကိုင်ပေးမယ်လေ"

"ရတယ်၊ ဘွားဘွားနောက်ကနေသာ လိုက်လာခဲ့ လိုက်မပြေးနဲ့"

အဘွားအိုနှင့် ကလေးမလေးမှာ ပျော်ရွှင်စွာဖြင့် အပြင်ထွက်လာသည်။ ရှောင်လုထောင်က မေးလိုက်သည်။ "ဘွားဘွား ဝါဘယ်လိုသွပ်ရလဲဆိုတာကို သင်ရတာလွယ်လားဟင်?"

အာ့ဝူလင် - [....စီစဉ်သူကိုဝါသွပ်တာကို အထူးတလည်စွမ်းရည်အဖြစ် ထည့်သွင့်စဉ်းစားလို့ရမလားဆိုတာ ငါမေးကြည့်သင့်တယ်ထင်တယ်]

ဤကာလတွင်၊ စောင်တွေအား ဝါအသန့်တွေဖြင့်ပြုလုပ်ကြသည်။ အတော်ကြာအသုံးပြုပြီးနောက်တွေင် ဝါတွေဟာပြားလာက မာလာပြီးမနွေးတော့ပေ။ ဒီအချိန်တွင် ဝါသွပ်သည့်သူသည် လေကြိုးအားသုံးကာ ဝါတွေကိုနည်းနည်းချင်းစီသွပ်ရသည်။

ချင်းရှန်အသင်းမှ လူတွေသည် ဝါတွေအား မကြာခဏလာမသွပ်ကြသည့်အတွက် ဒီသတင်းအား ကြားသည့်အခါ နောက်ကျမှရောက်ပါက နောက်နေ့တွေအထိ စောင့်ရမည်စိုးကာ ရွာဝင်ပေါက်သို့ အပြေးအလွှားသွားကြတော့သည်။

လုကွေ့ရင်းမှာ သတင်းကို စောသိထားသည်ကြောင့် သူမနှင့် အမျိုးသမီးကျိုးတို့ ရောက်သည့်အချိန်တွင် သူတို့အရှေ့၌ လူအနည်းငယ်သာ တန်းစီနေသေးသည်။

သူမကိုမြင်တော့ မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီး‌တစ်ယောက် ရောက်လာကာ လာနှုတ်ဆက်ပြီး အသံတိုးတိုးဖြင့်မေးလိုက်သည်။ "အရင်တစ်ခေါက်က ဒါရိုက်တာဟောင် ရှင်တို့ရှုအာကို ကောက်ရိုးဦးထုပ်လုပ်ပေးနိုင်မလားဆိုပြီး လာရှာတယ်ဆို။ အမှန်ဘဲလား?"

ဒီအကြောင်းကို လုကွေ့ရင်းကြားသည့်အခါ သူမ အမှန်အတိုင်း ဖြေပေးလိုက်သည်။ "ငါလဲ မသိပါဘူး။ ဒါရိုက်တာဟောင်အဲ့ဒီလိုပြောတာ ငါလဲမကြားမိဘူး"

"နင်တို့ရှုအာကို အလုပ်လွှဲပေးမယ်လို့ သူတို့ပြောတာမဟုတ်ဘူးလား?

"မဟုတ်ပါဘူး၊ အသင်းက ပစ္စည်းတွေကို ကူပို့ပေးတာ"

မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးမှာ သိသိသာသာကိုစိတ်ပျက်သွားပေမယ့် ထိုအကြောင်း စဉ်းစားကြည့်ပြီးနောက် သူမအံကြိတ်ကာ ပြောလိုက်သည်။ "ဟိုမိန်းမအိုရှုကြောင့် ဒါရိုက်တာဟောင် စိတ်ပြောင်းသွားတာများလား?"

"ဖြစ်မှာပေါ့" လုကွေ့ရင်းက ဘာထင်မြင်ချက်မှမပေးလိုက်‌ပေ။ "ဘာပဲဖြစ်ဖြစ် သူငါတို့မိသားစုကိုဘာလို့စောင့်ကြည့်နေလဲ ငါလဲမသိဘူး"

ထိုအခါ အမျိုးသမီးအိုကျိုးကလည်း ပြောလာသည်။ "နင်တို့ရှုအာ သူတို့မိသားစုနဲ့ လက်မထပ်ခဲ့တာ ကံကောင်းတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က၊ သူ့ရဲ့တတိယချွေးမ မိန်းကလေး မွေးသွားတယ်လေ။ အဲ့ဒါက သူ့ကိုဒေါသထွက်သွားစေပြီး တစ်နေ့လုံး ဆူပူနေတော့တာ"

ကျေးလက်ဒေသရှိ လယ်ယာလုပ်ငန်းတွေဟာ အမျိုးသားတွေအပေါ်သာ မှီခိုရသဖြင့် မိန်းကလေးတွေက ယောက်ျားလေးတွေကို ပိုပြီးဦးစားပေးကြသည်။ ရှုလောင်စန်း၏ ဇနီးသည် မိန်းကလေးနှစ်ယောက် ဆက်တိုက်မွေးခဲ့ကာ သူမယောက်ျား၏ မိသားစုမှာ မလွဲဧကန် မပျော်မရွှင် ဖြစ်ကြတော့သည်။ သို့သော် သူတို့ကိုနေ့တိုင်းဆူပူတာက‌တော့ အကျိုးအကြောင်းမသင့်သလို ထိုကိစ္စကြောင့် မည်သူမျှ မပျော်ရွှင်ရပါချေ။

လုကွေ့ရင်း ပြောလိုက်သည်။ "ငါလည်း ငါ့သမီးကိုအိမ်နီးနားချင်းတွေနဲ့ မပေးစားချင်ဘူး။ ဒါကြောင့်ဘဲ ငါစိုးရိမ်မိတာမလား? အနာဂတ်မှာ သူတို့လင်မယားတွေ ရန်ဖြစ်စကားများကြရင် ဒါမှမဟုတ် ချွေးမနဲ့ယောက္ခမ စကားများကြရင် မိသားစုနှစ်စုက နီးနေကြတော့ ငါကကြားဝင်လို့ရပါ့မလား?"

"အမှန်ဘဲ။ ဒါ့ပြင် သူ့ရဲ့တတိယသားက နင်တို့ ရှုအာနဲ့လဲမတန်ဘူး...."

သူတို့စကားပြောနေကြတုန်း ဟူချူရှန်းပြေးလာကာ အမောတကောဖြင့်ပြောလာသည်။ "မြန်မြန်၊ အမေ၊ အသင်းက အမေ့ကိုရှာနေတယ်"

"ငါ့ကိုရှာနေတယ်?" လုကွေ့ရင်း နားမလည်ဖြစ်သွားရသည်။ "ဘာလို့ငါ့ကိုရှာနေတာလဲ?"

"မသိဘူးလေ၊ ဒါပေမယ့် အတွင်းရေးမှူးလျိုက အမေ့ကို လာခေါ်ခိုင်းတာ"

မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးမှာ ဒါကိုကြားတော့ သူမကိုအမြန်ဆော်အောလိုက်သည်။ "အဲ့ဒီကိစ္စနေမှာ၊ မြန်မြန်သွား။ ငါတို့ နင့်စောင်ကို ကူသွပ်ထားပေးမယ်"

အမျိုးသမီးအိုကြီးကျိုးလည်း ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ် ငါတို့ နင့်အတွက် လုပ်ထားပေးမယ်၊ ဖြစ်လို့လဲဆိုတာသာ သွားကြည့်အုံး"

လုကွေ့ရင်း သူမမြေးအား ဒီမှာဘဲစောင့်နေရန် ပြောလိုက်ကာသူမ၏ ချွေးမနောက်မှ အမြန်လိုက်သွားလိုက်သည်။

အမှန်တော့ ရှောင်လုထောင်မှာ ဝါသွပ်တာကိုကြည့်ရတာ အရမ်းစိတ်ဝင်စားနေတဲ့အတွက် သူမအဘွားမပြောရင်တောင် သူမ လိုက်ပြေးနေမှာမဟုတ်ပေ။

တူဖြင့်လေကြိုးကိုထုသည့်အခါ "ဒင် -ဒင်" ဆိုသည့်အသံထထွက်လာပြီး သူမခေါင်းလေးကလည်း လိုက်လှုပ်နေသည်။

ကောင်းကင်က ကြည်လင်နေကာ မိုးရပ်သွားပြီဖြစ်သည့်အတွက် သူမ နေလို့ကောင်းသလိုခံစားရသည်~

အနည်းဆုံးတော့ ဒါက ရေတွက်ရတာနဲ့ ကဗျာကျက်ရတာထက် ပိုပြီးရိုးရှင်းသည်။

လူအိုကြီးက သူ့တူကိုချကာ သူ၏ဇနီးနှင့်အတူ ဂွမ်းတွေသွပ်နေတာမြင်တော့ သူမအမြန်ပြေးသွားကာ ပြောလိုက်သည်။ "အဘိုး၊ အဘိုးကဝါသွပ်တာအရမ်းတော်တာပဲ"

လူအိုကြီးမှာ ကြောင်သွားကာ နောက်တော့ သူပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဘယ်လိုတောင် စကားပြောချိုလိုက်တဲ့ ကလေးလဲ။ အဘိုးဝါသွပ်တာ နှစ်မနည်းတော့ဘူး။ ဒါပေမယ့် တစ်ယောက်ယောက်ဆီကနေ ဒီလိုပြောခံရတာပထမဆုံးဘဲ"

"တကယ်နားထောင်လို့ကောင်းတယ်" ရှောင်လုထောင်က သူမညာနေတာမဟုတ်ကြောင်းပြကာ ခေါင်းညိတ်လိုက်သည်။ "ဒီအသံက ဖေဖေသီချင်းဆိုတာထက် နားထောင်ကောင်းတယ်"

အာ့ဝူလင် - [... ငါသီချင်းဆိုတာက ဝါသွပ်တဲ့အသံလောက်မကောင်းဘူးလို့ ပြောချင်တာလား? ဘယ်သူ့ကိုလာစော်ကားနေတာလဲ?]

ရှောင်လုထောင်မှာ သူ့ကိုလျစ်လျူရှုကာ သူမရဲ့မျက်လုံးကြီးတွေနဲ့ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး လူအိုကြီးတစ်ဖက်တွင် ချထားသည့် လေကြိုးနှင့်တူကိုကြည့်လိုက်သည်။

"အဘိုး" သူမဂရုတစိုက်ဖြင့် မေးလိုက်သည်။ "အဘိုး ဝါဘယ်လိုသွပ်ရလဲဆိုတာ သမီးကို သင်ပေးလို့ရမလားဟင်?"

ကလေးမလေးဟာ ချစ်စရာကောင်းသော်လည်း သူမပုံက အလေးအနက်ဖြစ်နေကာ သူမ၏ ကလေးသံလေးနှင့်မေးလာတာက သူ့ကိုမရယ်ဘဲ မနေနိုင်ဖြစ်သွားစေသည်။

ဘေးနားရှိလူတိုင်းလည်း ရယ်မောလိုက်ကြကာ လးအိုကြီးကရယ်ရင်း ပြောလာသည်။ "ကောင်းပြီ၊ သမီးတူကို မ နိုင်ရင် အဘိုးသင်ပေးမယ်"

"တကယ်လား?" ကလေးမလေးရဲ့မျက်လုံးတွေ တောက်ပသွားသည်။

"တကယ်"

လူအိုကြီး ခေါင်းညိတ်လိုက်တာကိုမြင်တော့ လုထောင်မှာ ဘာမှမစဉ်းစားတော့ဘဲ မြေပြင်ပေါ်မှ တူကို မ ဖို့လုပ်လိုက်သည်။

သူမအဘိုး ၎င်းကိုသုံးသည်အား တွေ့ဖူးသည်။ သူမအဘိုးအတွက်တော့ တူဟာအရမ်းပေါ့ကာ မခက်ခဲပါချေ။

ကလေးမလေးမှာ ယုံကြည်ချက်အပြည့်နှင့်ဖြစ်နေသည်။ သူမတူလက်ကိုင်ကို လက်တစ်ဖက်နှင့်ကိုင်လိုက်ကာ မ ဖို့ကြိုးစားလိုက်သော်လည်း မ မနိုင်ပါချေ။

သူမ တူကို နားမလည်သလို ကြည့်လိုက်ပြီး နောက်တော့ သူမလက်ကိုကြည့်လိုက်ကာ လက်နှစ်ဖက်စလုံးဖြင့်ထပ်ကြိုးစားကြည့်လိုက်သည်။

မလှုပ်လာသေးပေ။

ကလေးမလေးမှာ ပိုလို့တောင်နာစမလည်ဖြစ်သွားတော့သည်။ ဒီတစ်ခေါက် သူမအားကုန်သုံးကာ မ လိုက်သည်။ "အီး- အား-"

"တင်--" ဆိုသည့်အသံကိုသာ ကြားလိုက်ရသည်။

တူမှာ လုံးဝကိုမရွှေ့လာပါချေ။ ကလေးမလေးမှာ မြေပြင်ပေါ် ဖင်ထိုင်ရက်သား ကျသွားခဲ့သည် = =

 .....

လုကွေ့ရင်း အတွင်းရေးမှူးလျို ရုံးခန်းဆီ အမြန်သွားလိုက်ပြီး သူမဝင်လိုက်သည့်အခါ အထဲတွင် ကျုံးရှန်ဘsuitကိုဝတ်ထားသည့် အမျိုးသားနှစ်ယောက် ထိုင်နေသည်။

နှစ်ယောက်စလုံးဟာ အသက်၄၀ ဝန်းကျင်ခန့်ရှိသည်။ သူတို့ထဲက တစ်ယောက်နှင့် သူမအကြိမ်များစွာဆုံဖူးသည်။ သူသည် သာ့ဟွားရွာ၏ အတွင်းရေးမှူးဟွမ်ဖြစ်သည်။

သူမဝင်လာသည်ကိုမြင်တော့ အတွင်းရေးမှူးလျိုက သူမကိုထိုင်ခိုင်းလိုက်ကာ မိတ်ဆက်ပေးလာသည်။ "ဒါက ကြယ်နီရွာက အတွင်းရေးမှူးကျန့် ပြီးတော့ ဒါက သာ့ဟွားရွာက အတွင်းရေးမှူးဟွမ်။ ဒါက ရဲဘော်ချန်ဖန်းရှူရဲ့အမေ ရဲဘော်လုကွေ့ရင်းပါ"

အတွင်းရေးမှူးနှစ်ယောက်ဟာ အရမ်းဖော်ရွေကြသည်။ "မင်္ဂလာပါ ရဲဘော်"

လုကွေ့ရင်းလည်း အမြန်နှုတ်ဆက်လိုက်ပြီး ပြန်လည်တက်ကြွလာကာ သူမခုံတွင် ဂရုတစိုက်ထိုင်လိုက်သည်။

အတွင်းရေးမှားလျို ပြောပြချက်အရ ဒီနှစ်ယောက်ဟာ သူမသမီးရှုအာအတွက် လာကြသည့်ပုံပေါ်ကာ ကောက်ရိုးဦးထုပ်နှင့် ပတ်သတ်နေလိမ့်မည်ပင်။

မျှော်လင့်ထားသည့်အတိုင်း နှုတ်ဆက်လို့‌ပြီးတော့ အတွင်းရေးမှူလျိုကပြောလာသည်။ "ရဲဘော်ချန်ဖန်းရှုက ခြေထောက်ကျိုးထားတော့ အပြင်ထွက်လို့မရဘူး။ မေးစရာရှိရင် ရဲဘော်လုကွေ့ရင်းကို မေးလို့ရပါတယ်"

ဒါကိုကြားသည့်အခါ အတွင်းရေးမှူးကျန့်က အရင်ပြောလာသည်။ "ကျွန်တော်က ချင်းရှန်ရွာကိုယ်စား ကောက်ရိုးဦးထုပ်တွေကို လာမှာတာပါ။ ဒါပေမဲ့ အရင်တစ်ခေါက် လုပ်ခဲ့တဲ့ဟာတွေက အရမ်းလှပြီးဈေးကြီးလွန်းတယ်။ ရိုးရိုးရှင်းရှင်းဟာတွေရော ရှိလားလို့ မေးချင်လို့ပါ"

အမှန်တော့၊ ချန်ဖန်းရှုဟာ ဦးထုပ်တွေအား ကြည့်ကောင်းစေရန်အတွက်သာ ရက်ပါက အတွင်းရေးမှူးနှစ်ယောက်မှာ ဒီနေ့လာလိမ့်မည်မဟုတ်ပေ။

အဓိကအကြောင်းအရင်းကတော့ သူတို့အသင်းမှတစ်ယောက်သည် ထိုဦးထုပ်တစ်လုံးဝယ်ခဲ့ကာ စမ်းစောင်းကြည့်‌တော့ စက်တွေမှ ထွက်လာ‌တာတွေထက် ပိုခိုင်ခံ့ကြောင်း သိလိုက်ရသည်။ ချုပ်ရ်ိုးကြောင်းတွေ မရှိနေသလို ချိုးဖို့လည်းမလွယ်ကာ ထူထူထပ်ထပ်ရက်ထားသည့်အတွက် မိုးသိပ်အများကြီး မရွာသည့်အချိန်တွင် မိုးကာနိုင်သည်။

အသင်းမှ လူအများအပြားဟာ စိတ်ဝင်စားလာကြကာ ချင်းရှန်ရွာမှ သူတို့အား ဈေးနည်းနည်းဖြင့် ပေးနိုင်မလားဆိုတာ သိချင်လာကြသည်။

အမျိုးသမီးအဖွဲ့ချုပ်တွင် ဘာဖြစ်ပျက်ခဲ့သည်ကို အတွင်းရေးမှူး နှစ်ယောက်လည်း ကြားခဲ့သည့်အတွက် သူတို့အသင်းတွေလည်း လုပ်နိုင်မလားဆိုတာ သိချင်၍ လာခဲ့တာဖြစ်သည်။

အတွင်းရေးမှူးကျန့်ဆီကနေ အမေးခံရသည့်အခါ လုကွေ့ရင်းက အမှန်အတိုင်း ပြောလိုက်သည်။ "အင်း၊ ရှိပါတယ်။ ဒါပေမဲ့ လက်နဲ့ရက်တာက အချိန်တော်တော်ယူရတယ်။ ပိုက်ဆံမသုံးရင်တောင် ရက်အနည်းငယ်အတွင်း ရက်လို့မရဘူး။ အဲ့ဒါက စက်နဲ့ရက်တာထက် သေချာပေါက် ဈေးမချိုဘူးပေါ့"

အိုက်မင်ဘုံအဖွဲ့မှ အသုံးပြုခဲ့သည့် ကောက်ရိုးဦးထုပ်တွေ အများစုဟာ ကောက်ရိုးကျစ်ကျစ်ဖြင့် ပြုလုပ်ထားတာဖြစ်ပြီး စက်ဖြင့်ရက်တာဖြစ်သည်။ အစီအစဉ်နှင့်ချထားသည့် စက်ပစ္စည်းတွေဟာ အချိန်နှင့်လုပ်အားကိုသက်သာစေကာ လူတစ်ယောက်လျှင် ရက်အနည်းငယ်လောက်ကြာ ရက်ရသည့်အတွက် ဈေးနှုန်းဟာလည်း သက်သာသည်။

အတွင်းရေးမှူးနှစ်ယောက် ရောက်လာတဲ့အခါ သူမစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသည့်အတွက် သူတို့ပြောတာကိုကြားသည့်အခါ သူမအမူအရာက မပြောင်းလဲသွားပါချေ။ အဲ့ဒါကို ဘယ်လောက် ဈေးသက်သာပေးနိုင်မလဲဆိုတာကို မေးလာသည်။

"ဒီကိစ္စကို ကျွန်မ ဘာသာဆုံးဖြတ်လို့မရပါဘူး" လုကွေ့ရင်းပြောလိုက်သည်။ "ကျွန်မရဲ့သမီးက ပုံစံမျိုးစုံနဲ့ ရက်တာ။ ရှင်တို့နှစ်ယောက် ကျွန်မအိမ်လိုက်ပြီး ဘယ်ဟာကိုမှာချင်လဲဆိုတာ လိုက်ကြည့်ရင်ရော? ရှင်တို့ ဆုံးဖြတ်ပြီးရင် ကျွန်မတို့တွေ ဈေးနှုန်းကို ဆွေးနွေးလို့ရတာပေါ့"

သူမပြောရင်းနှင့် အတွင်းရေးမှူးလျို၏ အမူအရာကိုကြည့်လိုက်သည်။

ဘာပဲဖြစ်ဖြစ်၊ သူတို့တွေဟာ အသင်းအစားရောင်းတာဖြစ်သည့်အတွက် အသင်းဘက်မှလည်း ကော်မရှင်ယူရမည်ဖြစ်ကာ ဈေးနှုန်းဟာလည်း အတွင်းရေးမှူးလျို၏ အတွေးပေါ်တွင် မူတည်သည်။

အတွင်းရေးမှူးလျိုလည်း ဒီလိုမျိုးတွေးမိကာ ရိုးရိုးရှင်းရှင်းဘဲ ထရပ်လိုက်သည်။

"အလျင်မလိုဘူးဆိုရင် ခင်ဗျားနဲ့လိုက်ခဲ့ပါမယ်။ ကျွန်တော်လည်း တော်တော်မြင်ချင်နေတော့ ဘယ်ဟာကိုကြိုက်လဲဆိုတာ သွားကြည့်ပြီး ရွေးရင် မသေမချာမဖြစ်ရတော့ဘူးပေါ့"

အတွင်းရေးမှူးနှစ်ယောက်လည်း အတွေးတူကာ ရုံးခန်းထဲကနေ ထွက်လာလိုက်ပြီး ရွာအနောက်ဘက်ရှိ ချန်မိသားစုအိမ်သို့ ဦးတည်သွားကြသည်။

အမျိုးသမီးရှူအိမ်ကို ဖြတ်သည့်အချိန် အမျိုးသမီးရှုဟာ သူမမြေးမ၏ သေးခံကိုလဲပေးပြီးလို့ ရေလာသွန်ရင်း တစ်ခုခုကိုရေရွတ်နေသည်။

အတွင်းရေးမှူလျိုနှင့် လုကွေ့ရင်းကိုမြင်တော့ သူမမနေနိုင်ဘဲ နှုတ်ခမ်းမဲ့လိုက်သည်။ "ဘာတွေဖြစ်ကြပြန်ပြီလဲ? သူတို့စစ်ဆေးတာကို မဖုံးကွယ်ထားနိုင်ကြဘူးလား?"

"ပြောဖို့ခက်တယ်" အန်တီကျန်းက သခွါးသီးဝါးရင်း ပျော်စရာတွေကြည့်ရန် တံခါးနားတွင် ရပ်နေသည်။ "အတွင်းရေးမှူးလျိုတစ်ယောက် အားရပါးရပြုံးနေတာ သူ့မျက်နှာက အတွန့်တွေကို နင်မမြင်ဘူးလား? သူအရမ်းပျော်နေတာဆိုတော့ သတင်းကောင်းဘဲဖြစ်ရမယ်"

"သူတို့မိသားစုမှာ ဘာကောင်းတာဖြစ်စရာရှိလို့လဲ?" အမျိုးသမီးရှုသည် အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။

ထိုအချိန်တွင် တစ်ယောက်ယောက် ရောက်လာကာ ပြောလာသည်။ " အတွင်းရေးမှူးလျိုနဲ့ ပါလာတဲ့ လူနှစ်ယောက်မှာ တစ်ယောက်က ကြယ်နီရွာက အတွင်းရေးမှူးကျန့်ပဲ"

သူမ ထိုအဖွဲ့အားဖြတ်သွားရင်း နှုတ်ဆက်ခဲ့သည်။ သူမသေသေချာချာမြင်ခဲ့သည်။

ဒါကို အန်တီကျန်းကြားတဲ့အခါ အမျိုးသမီးအိုကြီးရှုကို သူမတစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။ "ကောက်ရိုးဦးထုပ်ကိစ္စကြောင့်ထင်တယ်"

"သူသာ နေရာရလာရင်ကောင်းမှာ။ ငါ့သမီးက ငယ်သေးတော့ တချို့တလေကိုသင်ယူနိုင်ရင် လယ်ထဲမှာ လုပ်ရတာထက် ပိုကောင်းလိမ့်မယ်"

အန်တီကျန်း သူမကိုကြည့်လာတဲ့အခါ အမျိုးသမီးရှုမှာ အဆင်မပြေသလို ခံစားလိုက်ရသည်။

ထိုအချိန်မှာဘဲ၊ ကလေးငိုသံတိုးတိုးလေးကို သူမခြံဝင်းထဲမှနေ ထပ်ကြားလိုက်ရသည်။ သူမစိတ်ညစ်သွားကာ ပြောလိုက်သည်။ " ငို ငို ငို ငိုဖို့ဘဲတတ်တယ်! ဘယ်လိုအော်ရမလဲဆိုတာဘဲသိတဲ့ ဒီလိုဂြိုဟ်ဆိုးမျိုးကို ပြုစုနေရတာ ငါဘယ်လိုတောင် ကံဆိုးလိုက်သလဲ" သူမခြံဝင်းထဲသို့ ဒေါသတကြီးဖြင့် အပြေးအလွှားဝင်သွားလိုက်သည်။

ချန်ဖန်းရှုမှာ အစက‌ ဦးထုပ်တွေဟာ အရမ်းဈေးကြီးသည့်အတွက် လူသိပ်အများကြီး မဝယ်လောက်ဘူးဟုထင်မိကာ ရိုးရိုးရှင်းရှင်းဦးထုပ်တွေကို အနည်းငယ်သာ သူမရက်ခဲ့သည်။

အတွင်းရေးမှူးကျန့်နှင့် အတွင်းရေးမှူး‌ဟွမ်တို့ရောက်‌လာတော့ သူတို့ရွေးနိုင်ရန် သူမ ယူထုတ်ပေးလိုက်သည်။

လူကြီးနှစ်ယောက်ကတော့ ကြည့်ကောင်းလား မကောင်းဘူးလားဆိုတာ ဂရုမစိုက်ကြပေ။ နှစ်ယောက်စလုံးဟာ အရိုးရှင်းဆုံးကိုသာရွေးကြသည်။ "ဒီဟာတွေကို အနိမ့်ဆုံးဈေး ဘယ်လောက်ပေးနိုင်မလဲ?"

ချန်ဖန်းရှု ပြောလိုက်သည်။ "ဈေးထဲက ကိုယ်တိုင်လုပ်ဦးထုပ်တွေက အရမ်းဈေးကြီးတယ်လို့ ကြားခဲ့တယ်။ ထောက်ပံ့ဖြန့်ချိရေးမှာဆို ၇၀ ဆင့်တောင်ကျတယ်။ ကျွန်မတို့တွေအားလုံးက ဘုံအဖွဲ့တစ်ခုထဲကပဲလေ။ ပြီးတော့ ရှင်တို့က အများကြီးလိုချင်တာဆိုတော့ တစ်လုံးကို ဆင့် ၆၀ ဆိုရင်ရော ဘယ်လိုနေလဲ?"

အတွင်းရေးမှူးနှစ်ယောက်ကတော့ ၎င်းဟာ ဈေးကြီးသည်ဟု ထင်ဆဲပင်။

ဆွေးနွေးပြီးတဲ့နောက် အသင်းနှစ်ခုဘက်မှ ပစ္စည်းတွေကိုစီစဉ်ပေးပြီး သူမဘက်က လုပ်ရုံဘဲလုပ်ပေးမည်ဆိုပါက ဈေးကိုနောက်ထပ် ၁၀ဆင့်လောက် လျှော့ပေးနိုင်မည်ဟု ချန်ဖန်းရှု ကမ်းလှမ်းလိုက်သည်။ ဤနည်းဖြင့် ‌ဦးထုပ်ဈေးဟာ စက်ဖြင့်ရက်လုပ်ထားသည့်ဟာတွေနှင့် ဈေးအတူတူဖြစ်သွားမည်ပင်။

နောက်ထပ် ဈေးဆစ်စရာ မရှိတော့သည်ကို အတွင်းရေးမှူးနှစ်ယောက် မြင်သည့်အခါ လက်ခံလိုက်ကြသည်။ လူလေးယောက်လည်း ရလဒ်ကြောင့် စိတ်ကျေနပ်သွားကြတော့သည်။

All Chapters