Chapter 32
Vol. 3 Ch. 32
မပြန်ခင် အတွင်းရေးမှူးလျိုက ပြုံးကာ ချန်ဖန်းရှုကိုချီးကျူးခဲ့သေးသည်။
ညှိနှိုင်းဆွေးနွေးပြီးသည့်နောက် ဘာမှလုပ်စရာမလိုဘဲ သူ့အတွက် ဆယ်ယွမ်ရမည်ဖြစ်ကာ အနာဂတ်တွင်လည်း ထပ်ရှိလာဦးမည်မှန်း သူခန့်မှန်းမိသည်။
ဒါ့အပြင်၊ အမျိုးသမီးအဖွဲ့ချုပ်တွင်လည်း အောင်မြင်သွားပါက သူတို့အသင်းသာ သေချာပေါက် အကျိုးခံစားရမည်ပင်။ ချန်ဖန်းရှု ပြန်ရောက်လာတာကောင်းသည်။
ထိုအတွေးနှင့်အတူ အတွင်းရေးမှူးလျိုမှာ အတွင်းရေးမှူးဟွမ်အား ပိုပြီးလိုက်လှဲပျူငှာသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ "ရှောင်ဟွမ်၊ မင်းတို့အသင်းကိုအရမ်းကျေးဇူးတင်ပါတယ်"
အရင်ဆုံး၊ သူသာ သူတို့အသင်းမှပစ္စည်းတွေကို ဝယ်သည့်အတွက် ကျေးဇူးတင်တာဟု ထင်လိုက်သည်။ သို့သော် သူတွေးတာမှားသွားသည်။ အတွင်းရေးမှူးကျန့်လည်း ပစ္စည်းတွေဝယ်သည်။ ကြယ်နီအသင်းတွင် လူဦးရေပိုများသည်ကြောင့် သူထပ်ကို ဝယ်တာပိုများသည်။ ဒါကို အတွင်းရေးမှူးလျိုက အတွင်းရေးမှူးကျန့်ကို ဘာလို့ကျေးဇူးမတင်တာလဲ?
၎င်းအတွေးဟာ လုကွေ့ရင်းပြုံးကာ သူတို့ကို အိမ်ဝအထိလိုက်ပို့ပေးတဲ့အထိ ဖြစ်ခဲ့သည်။
သေစမ်း! အဖွဲ့က ချန်ဖန်းရှုကို လွှတ်ပေးလိုက်လို့ ဒီလူအိုကြီးက ကျေးဇူးတင်တာများလား?
လုမိသားစုရဲ့အကြီးဆုံးသမီးမှာ အဲ့ဒီလိုမျိုးအရည်အချင်းတွေ ရှိနေမယ်လို့ သူဘယ်လိုလုပ်သိမှာလဲ?
ဒါ့အပြင်၊ သူ နေ့တိုင်းအစည်းအဝေးခေါ်ကာ အမျိုးသမီးအိုကြီးလုကို အတွေးအမြင်တင်ပြခိုင်းရင်တောင်မှ သူမကို သူ့အသင်းထဲတွင် ထားထားဦးမည်ပင်။
အတွင်းရေးမှူးလျိုနှင့် သူ့လူတွေ ထွက်သွားတာကိုမြင်တော့ လုကွေ့ရင်း အိမ်ထဲပြန်ဝင်လာကာ သူမ၏သမီးကောက်ရိုးဦးထုပ်တွေကို ရက်နေပြီမှန်း တွေ့လိုက်ရသည်။
သူမပျော်သွားသော်လည်း အနည်းငယ်စိုးရိမ်လာသည်။ "အရမ်းများတာ အမေတို့တွေ ဆောင်းဦးကောက်ရိတ်သိမ်းချိန်ခင်မတိုင် ပြီးဖို့လိုတယ်။ အမေတို့တွေ ပြီးနိုင်ပါ့မလား?"
ချန်ဖန်းရှု တွက်ကြည့်ကာ ပြောလိုက်သည်။ "ဒီစတိုင်တွေက ရိုးရိုးတွေပဲလေ။ ညဘက်ကျရင်လည်း ဖယောင်းတိုင်ထွန်းပြီး ရက်လို့ရတယ်"
"လုပ်လို့ပြီးတယ်ဆိုရင်တော့ ကောင်းတာပေါ့" လုကွေ့ရင်းစိတ်အေးသွားကာ မနေနိုင်ဘဲ သူမသမီး၏ အသားမာတက်နေသည့်လက်ကို ထိလိုက်သည်။ "ဒါက အရမ်းပင်ပန်းရတာ၊ သမီးရဲ့ကိုယ်က ခံနိုင်ရဲ့လား? မဟုတ်ရင်လဲ အမေ့ကိုသင်ပေးလေ။ ကူရက်ပေးလို့ရတာပေါ့"
ဒါက ရယ်စရာကောင်းကြောင်း ချန်ဖန်းရှုခံစားလိုက်ရသည်။ "အိမ်မှာလုပ်စရာတွေ အများကြီးရှိတာလေ၊ အမေလုပ်ရတာ မလုံလောက်ဘူးလား? ဒါနဲ့၊ အမေ ဝါသွားသိပ်တာမဟုတ်ဘူးလား?"
လုကွေ့ရင်း သူမနှဖူးကိုရိုက်လိုက်သည်။ "မေ့တော့မလို့။ အမေတို့စောင်နဲ့ ထောင်ထောင်က ရွာဝင်ပေါက်မှာ ရှိနေတာ"
သူမအဘွားဆီကနေ မေ့သွားခံခဲ့ရသည့် ထောင်ထောင်မှာ အရမ်းဝမ်းနည်းနေသည်။ ယခု သူမသည် အထိန်းအမှတ်သစ်ပင်အောက်တွင် ဆောင့်ကြောင့်ထိုင်ကာ သစ်ကိုင်းအသေးလေးဖြင့် ရွှံ့တွေကို ကစားနေသည်။
သူမအဖေက သူမကိုဂီတတူရိယာတီးတာ သင်ယူဖို့ပြောခဲ့ပေမယ့် သူမမှာ မတောင်မ မနိုင်ခဲ့တာ ဘယ်လိုလုပ်သင်ယူနိုင်မှာလဲ?
သူမကို ပိုသန်မာအောင်လုပ်ပေးဖို့ အထိန်းအမှတ်သစ်ပင်ကို ပြောကြည့်ရင်ရော? အရင်တစ်ခေါက်က သစ်ပင်အစွမ်းပြခဲ့တယ်လေ။
ကလေးမလေး ခေါင်းမော့လိုက်ကာ လေထဲတွင် လွှင့်နေသည့် အနီရောင်ကြိုးတွေကို ကြည့်လိုက်သည်။ "ဖေဖေ၊ ဖေဖေ ရှိနေလား? ထောင်ထောင်....."
သူမပြောမပြီးခင်မှာဘဲ အာ့ဝူလင်ဆီကနေ စကားဖြတ်ပြောခံလိုက်ရသည်။ [စဉ်းတောင်မစဉ်းစားနဲ့။ သမီးရဲ့ အဘိုးကို မေးပြီးပြီ။ ဝါသိပ်တာက အထူးစွမ်းရည်မဟုတ်ဘူးလို့ သူပြောတယ်]
ကလေးမလေးနှုတ်ခမ်းစူလိုက်ကာ ခေါင်းငုံလိုက်ပြီး မြေကြီးတွေကို တူးနေလိုက်သည်။ "ထောင်ထောင်ရဲ့ အနီရောင်ပန်းလေးတွေ...."
[ဒီလိုမျိုးမလုပ်နဲ့ထောင်ထောင်။ ဖေဖေတို့ ဂီတတူရိယာတွေ တီးတာမသင်ယူနိုင်ရင် သီချင်းဆိုတာတွေ ကတာတွေသင်လို့ရတယ်]
သီချင်းဆိုတာ?
ကလေးမလေးရဲ့မျက်လုံးတွေ တောက်ပလာသည်။ "ထောင်ထောင် ဆိုတတ်တယ်!"
သူမ သစ်ကိုင်းအား ပစ်ချလိုက်ကာ ရင်ကိုကော့လိုက်သည်။ "အာ ငါးလမ်းမြောက် ~ ငန်း ငန်း ငန်း ငန်းလေး၊ လေးလမ်းမြောက်~ အာ လေးလမ်း~ ဘီစကစ်တွေ၊ ယုန်တွေနဲ့ ငါးအသားလုံးတွေ~"
အာ့ဝူလင် - [...ကောင်းပြီရပြီ host။ မင်းရဲ့သီချင်းစပ်တတ်တဲ့အရည်အချင်းက တကယ့်ထိပ်တန်းဘဲ။ အနာဂတ် တရုတ်သီချင်းတွေတော့ မင်းရဲ့စာသားမျိုးကိုလိုအပ်နေပြီ]
"ထောင်ထောင် ပြီးသွားပြီလားဟင်?" ကလေးမလေးက သူမရဲ့မျက်လုံးတွေကို မှေးကျဉ်းလိုက်သည်။
အာ့ဝူလင်က သူ့ရဲ့အေးစက်စက် စက်အသံဖြင့်ပြောလာသည်။ [စနစ်ရဲ့စစ်ဆေးမှုအရ hostရဲ့အဆိုစွမ်းရည်ဟာ သတ်မှတ်နှုန်းကိုမမှီတဲ့ C လယ်ဗယ်ပါ]
ရှောင်လုထောင် - "...."
လုကွေ့ရင်း ရွာဝင်ပေါက်သို့ အပြေးအလွှားရောက်လာသည့်အချိန် သူမမြေးမလေးမှာ ခြေတွေလက်တွေကို ချိုးရင်း တခစ်ခစ်ရယ်နေကာ ဘာလုပ်နေမှန်းမသိပေ။
ဝါသွပ်ရန် စောင့်နေကြသည့်အမျိုးသမီးတွေက တိုတိုးတိုးတိုးဖြင့် စကားပြောနေကြပြီး အချိန်နှင့်အမျှ သူမကိုလှမ်းကြည့်နေကြကာ ရယ်ချင်တာကိုအောင့်ထားကြသည်။
အမျိုးသမီးလု ရောက်လာကာ သူမ၏မြေးမလေးကိုချီလိုက်သည်။ "အိုး ဘွားဘွားရဲ့ ထောင်ထောင်လေး။ ဘာတွေလုပ်နေတာလဲ? သရဲပူးနေတာလား?"
"ဘွားဘွား သမီးကို မဖက်နဲ့!" လုထောင်ခြေထောက်တွေကို ခပ်ပြင်းပြင်းကန်ကျောက်လိုက်သည်။ "ထောင်ထောင်က အကသင်နေတာ။ အကသင်နေတာ!"
"တူရိယာတွေကို ဘယ်လိုတီးရမလဲဆိုတာ ထပ်မသင်ချင်တော့ဘူးလား?" လုကွေ့ရင်း သူမတင်ပါးကိုရိုက်လိုက်သည်။ "သမီးကတော့လေ လုပ်ချင်တာလုပ်တတ်တဲ့သူဘဲ"
ထိုအချိန်တွင်၊ မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးက အပြုံးနှင့် ရောက်လာသည်။ "နင့်ရဲ့မြေးလေးကတော့ တကယ်အသက်ရှိနေတဲ့ ရတနာလေးဘဲ။ စောစောကတင် သူ့ကိုဝါသွပ်တာသင်ပေးဖို့ မရမကတောင်းဆိုနေခဲ့သေးတာ။ ငါတို့ကို ပျော်အောင် လုပ်ပေးတယ်လေ။ ဒါနဲ့ အသင်းက နင့်ကိုဘာလို့တွေ့ချင်တာတဲ့လဲ? ဘုံအဖွဲ့ကတစ်ခုခုဖြစ်လို့လား?"
လုကွေ့ရင်းခေါင်းခါလိုက်သည်။ "မဟုတ်ဘူး၊ ကြယ်နီရွာနဲ့ သာ့ဟွားရွာက ကောက်ရိုးဦးထုပ်တွေကို မှာချင်လို့တဲ့လေ"
"ဘယ်လောက်တောင်လဲ?"
လုဟွေ့ရင်း သူမရဲ့လက်တွေကိုထုတ်ကာ အရေအတွက်ကိုပြလိုက်သည်။
မျက်နှာဝိုင်းဝိုင်းနှင့်အမျိုးသမီးမှာ ချက်ချင်း စိတ်ဝင်စားသည့်ပုံပြလာသည်။ "ဟေး၊ ခရိုင်မှာ သရုပ်သွားပြတဲ့ ဘုံအဖွဲ့ကနေ အကျိုးအမြတ်တွေရလာတာဖြစ်မယ်"
"ငါလဲ အဲ့လိုဘဲထင်တယ်။ ကြယ်နီရွာနဲ့ သာ့ဟွားရွာက ငါတို့ဆီကနေ ဦးထုပ်လာဝယ်ကြတယ်လေ"
လုကွေ့ရင်း သူမအား စကားအနည်းငယ်ပြောလိုက်ပြီး သူမ၏ မြေးမလေးမှာ ကြမ်းကြမ်းတမ်းတမ်းရုန်းကန်နေတာကိုမြင်တော့ လုထောင်ကို မြေပြင်ပေါ် ချပေးလိုက်သည်။
ကလေးမလေးမှာ လွတ်လပ်သွားကာ ချက်ချင်းသစ်ပင်ဆီပြေးသွားတော့သည်။ "ဖေဖေ သမီးတို့သင်တာအများကြီးရောက်သွားပြီလား?"
အာ့ဝူလင် - [သမီးရဲ့ ခြေတွေလက်တွေနဲ့ကတာ လေးကြိမ်ဘဲ သင်ရသေးတယ်။ စစ်စရာတောင်မလိုဘူး သမီးမှာ အကစွမ်းရည်မရှိဘူးဆိုတာ သိလိုက်ပြီ]
စိတ်လှုပ်ရှားနေသည့် ရှောင်လုထောင်မှာ ရုတ်တရက် ရှိုက်လိုက်သည်။ "ဖေဖေ၊ ဖေဖေ ညာနေတာ!"
ဆက်ပြောမယ့်စကားတွေဟာ ရှောင်လုထောင်ရဲ့ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုတွေကို ပေါက်ကွဲလာစေကာ အာ့ဝူလောင်တောင်မှ သူမကို တယဝန်ပြီးအောင်လုပ်ရန် အလျင်မလိုရဲတော့ပေ။
နေ့လယ်၌ ဟူချူရှန်းသည် လယ်ထဲမှပြန်လာကာ သူမ၏ ပစ္စည်းတွေကို ချလိုက်ပြီး လက်တွေဆေးရန် အိမ်ထဲသို့ ဝင်လိုက်သည်။ သူမအိမ်ထဲမဝင်ရသေးခင် ဝက်ကလေးအော်သံကိုကြားလိုက်ရသည်။
သူမအမြန်ဝင်လာလိုက်သည်။ "ကောင်းရှန်း! အိမ်ထဲကို ဝက်ယူလာတာတော့ မဟုတ်ပါဘူးနော်? သူတို့တွေက အရမ်းညစ်ပတ်....."
အခန်းထဲတွင် ဘာဝက်မှမရှိနေပါချေ။ အဲ့ဒီအစား ပိုပိုကြီးလာသည့် ဟန်ဟန်ဟာ ကလေးမလေးကိုကြည့်နေ၏။
လုထောင် - "အွတ်_ _"
ဟန်ဟန် - "အွတ်--"
လုထာင် - "အွတ် အွတ် အွတ် --"
ဟန်ဟန် - "အွတ်~အွတ်~"
လူတစ်ယောက်နဲ့ ခွေးတစ်ကောင်ဟာ အနှောင့်အယှက်မဖြစ်စွာနဲ့ ပြောဆိုဆက်ဆံနေကြသည်။
ဟူချူရှန်းမှာ ဆွံ့အသွားရသည်။ "နှစ်ယောက်သား ဒီမှာဘာလုပ်နေကြတာလဲ? ကောင်းရှန်းက အိမ်ထဲကို ဝက်ယူလာတယ်ထင်နေတာ"
မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသည့် ရှောင်လုထောင်က လာကာ ကလေးအသံလေးနှင့်ပြောလိုက်သည်။ "ဒေါ်ဒေါ်၊ ထောင်ထောင်က ဟန်ဟန်ကို သီချင်းဆိုတာ သင်ပေးနေတာ"
"ဒီလိုမျိုး သီချင်းဆိုတာလား? ဝက်သီချင်းလား? ဘာလဲဟ"
ဟူချူရှန်း အပြင်ထွက်ကာ လက်ဆေးလိုက်ပြီး ပုဝါဖြင့်လက်သုတ်လိုက်ကာ ပြန်ဝင်လာသည်။
"ထောင်ထောင်၊ ဒီနေ့ လမုန့်တွေစားခဲ့လား?" အပြင်မှာ ဘယ်သူမှ မရှိတာကိုမြင်တော့ သူမအသံကိုတိုးကာ လုထောင်ကိုမေးလိုက်သည်။
ကလေးမလေးက ခေါင်းညိတ်လိုက်သည်။ "စားခဲ့တယ်"
စောင်ကိုဝါသိပ်ပြီးနောက် လုကွေ့ရင်း သူမအား ပြန်ခေါ်လာသည်။ သူမက နှုတ်ခမ်းစူကာ မပျော်မရွှင်ဖြစ်နေတာကိုမြင်တော့ ချန်ဖန်းရှုက သူမကိုလမုန့်တစ်ပိုင်းပေးလိုက်သည်။
ရှောင်လုထောင်တစ်ယောက် လမုန့်စားခဲ့သည်ဆိုတာ ဟူချူရှန်းကြားတဲ့အခါ သူမမျက်နှာက ချက်ချင်းဖြူဖျော့သွားကာ သူမစားကိုမေးလိုက်သည်။ "ကောင်းရှန်း၊ သားရောလမုန့်စားရလား?"
"ဟင့်အင်း" ခုံတန်းပေါ်မှာထိုင်နေသည့် ကောရှန်းမှာ ခေါင်းအသာခါလိုက်ကာ ခွေးခေါင်းလေးကိုထိလိုက်ရင်း ပြောလိုက်သည်။
ဟူချူရှန်း ဒါကိုကြားတဲ့အခါ ဒေါသထွက်လာတော့သည်။ "ဘာကောင်းတာရှိလို့ အဲ့ဒီခွေးကို မပေးလိုက်တာလဲ၊ အဲ့ဒီအစား နင့်ညီမ...."
သူမပြောလို့မပြီးခင် ကလေးမလေးက မျက်မှောင်ကြုတ်ကာ ပြောလာသည်။ "ပဲနီလေးနဲ့တစ်ခုက ပင်လုံးကြိုင်ပန်းလောက်မကောင်းဘူး"
ပင်လုံးကြိုင်ပန်း?
ဟူချူရှန်းမှာ အံ့ဩသွားသည်။ "ပင်လုံးကြိုင်ပန်းနဲ့တောင်ရှိတာလား?"
"ဟုတ်တယ်"
ကလေးမလေးက သူမလက်ချောင်းတွေနဲ့ ဂရုတစိုက်ရေတွက်လိုက်သည်။ "ပင်လုံးကြိုင်ပန်းအနံ့မွှေးတဲ့ဟာ၊ ဇီးပန်းနဲ့ ပဲနီတွေ"
မနေ့က သူတို့လမုန့်ခွဲဝေကြတဲ့အချိန် ဒုတိယအစ်ကိုတို့မိသားစုက ပဲနီနှင့်လမုန့်ကိုရခဲ့မှန်း ဟူချူရှန်းသိသည်။
သို့ပေမယ့် ပင်လုံးကြိုင်ပန်းရော ဇီးပန်းနဲ့ကိုရော သူမမြင်ဖူးပါချေ။
ဟူချူရှန်း အသက်ပြင်းပြင်းရှူလိုက်ကာ လုထောင်ကိုမေးလိုက်သည်။ "ထောင်ထောင် အိမ်မှာ ဒီလောက်လမုန့်အများကြီးကို ဘယ်ကရတာလဲ?"
သူမတွေးလိုက်သည်။ သူမ အဘွားပေးတာဟု လုထောင်ပြောပါက သူမ၏ ယောက္ခမကို ချက်ချင်းသွားမေးမည်ပင်။
အိမ်တွင် တခြားလူတွေမှာ အရသာရှိတဲ့အစားအစာတွေရှိတဲ့အခါ သူတို့မြေးတွေကို အမြဲတမ်း အရင်စားခွင့်ပေးသည်။ သူမရဲ့ရှောင်ပေါင်နဲ့ ကောင်းရှန်းကျ ထိတောင်မထိရဘူးဆို မဖြစ်နိုင်ဘူးမလား?
ကလေးမလေးမှာ မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ပြောလိုက်သည်။ "သမီးရဲ့ဖေဖေ ပေးထားတာ"
"ငါသိတယ်" ဟူချူရှန်း ခေါင်းညိတ်လိုက်ကာ လျှောက်ထွက်သွားဖို့လုပ်လိုက်သည်။
သူမတံခါးနားရောက်တဲ့အချိန် ရုတ်တရက်သဘောပေါက်သွားသည်။ "ဘာပြောလိုက်တာ? ဘယ်သူပေးတာ?"
"သမီးရဲ့ဖေဖေပေးထားတာ" လုထောင် ပြောလိုက်သည်။ "သမီးရဲ့ဖေဖေက အများကြီးပေးထားတာ သမီးရဲ့မေမေက ဘွားဘွားကိုလဲ တစ်အိတ်ပေးခဲ့တယ်လေ"
"သမီးရဲ့အမေက အဘွားကိုလဲ တစ်အိတ်ပေးထားတယ်?" ဟူချူရှန်းမှာ သူမကြားလိုက်ရတာကိုမယုံနိုင်ဖြစ်သွားသည်။
ထောင်ဆထာင်ရဲ့အဖေက ဆုံးသွားပြီမဟုတ်ဘူးလား? သူကဘာလို့ သူ့ကိုပေးမှာလဲ? သူပြန်ရောက်လာတာလား?
မဟုတ်တာ၊ တကယ်လို့ သူပြန်ရောက်လာရင် တစ်မိသားစုလုံး အရမ်းပျော်နေမှာပေါ့၊ တိတ်နေကြမှာမဟုတ်ဘူး။
ဟူချူရှန်း လုထောင်ကို နားမလည်သလို အံ့ဩစွာဖြင့် ကြည့်လိုက်သည်။
ကောင်းရှန်းကတော့ သိပ်မစဉ်းစားနေပေ။ သူအားကျစွာဖြင့် လုထောင်ကိုမေးလိုက်သည်။ "ဦးလေးမှာ လမုန့်တွေ အများကြီးရှိတာလား?"
ကလေးမလေးက ခေါင်းညိတ်လိုက်သည်။ "အများကြီး၊ အများကြီးရှိတယ်" သူမက လက်ဖြင့်ပြကာ ဆက်ပြောလာသည်။ "ဖေဖေ့မှာ ဘီစကစ်တွေ၊ ယုန်ဖြူသကြားလုံးတွေလဲရှိတယ်။ ဖေဖေက ထောင်ထောင်အတွက် ငါးရော ယုန်ရော ဖမ်းပေးတယ်။ ပြီးတော့ ဘမ်း ဆိုပြီးတော့လဲ လုပ်တတ်တယ်!"
"ဘမ်း?" ကောင်းရှန်း နားမလည်ဖြစ်သွားသည်။
သူမဖေဖေရဲ့ အောင်မြင်မှုတွေကို ပြောပြရတဲ့အခါ ကလေးမလေးမှာ အရင်က သူမထိခဲ့ဖူးတဲ့ဟာကို မေ့သွားတော့သည်။
သူမ ကုတင်ဆီပြေးသွားကာ ပလက်စတစ်ကြိုးကိုဆွဲလိုက်ပြီး အကြိမ်များစွာဆွဲလိုက်တော့ နောက်ဆုံး အခန်းထဲတွင် အလင်းရောင်ထွက်လာသည်။ သူမက မီးလုံးကို ပြလိုက်ပြီး ကောင်းရှန်းကို ပြောလိုက်သည်။ "အဲ့ဒါလေ။ ဖေဖေက အဲ့ဒါကိုခွဲလိုက်တာ ဘမ်း - ခနဲကွဲသွားရော!"
"ဦးလေးက မိုက်လိုက်တာ" ကောင်းရှန်းမှာ သူ့ခေါင်းလေးကို စောင်းလိုက်ပြီး သူ့မျက်နှာပေါ်တွင် လေးစားမှုတွေဖြင့်ကြည့်လိုက်သည်။
ဟူချူရှန်းရဲ့မျက်နှာမှာ လုံးဝကိုအေးခဲသွားတော့သည်။
နေ့လည်စာစားချိန်တွင် လုကွေ့ရင်းက ပြောင်းဖူးပြုတ်တစ်အိုးချလာသည်။ "ဒါက ငါတို့မှာရှိတဲ့ နောက်ဆုံးပြောင်းဖူးတွေပဲ။ စားချင်ရင် မြန်မြန်စားကြ။ ဒီနှစ်လုံလောက်အောင်မစားရရင် နောက်နှစ်မှ စောင့်တော့ဘဲ"
သူမပြောပြီးသည်နှင့် ဘက်ပေါင်းစုံမှ လက်တွေ တစ်ချိန်တည်းထွက်လာတော့သည်။
သို့ပေမယ့် အမြဲတမ်းမြန်နေတတ်တဲ့ ဟူချူရှန်းကတော့ ယနေ့တွင် အနည်းငယ် နှေးကွေးနေကာ သတိမရှိစွာနှင့် ကောင်းရှန်းအား တစ်ခုယူပေးလိုက်သည်။
ချန်ပေါင်ခဲ့ သူ့ရဲ့မရီးကိုအံ့သြသလို ကြည့်လိုက်သည်။ နောက်တော့ အသေးလေးတစ်ခုကိုယူလိုက်ကာ လုထောင်ကို ပေးလိုက်သည်။ "မစားခင် အအေးခံထား၊ အပူမလောင်စေနဲ့"
ကလေးမလေးက သူ့ကိုအမြန်ကျေးဇူးတင်လိုက်ကာ ပြောင်းဖူးရဲ့အပြင်ဘက် အလွှာအပါးကိုတစ်ခဏလောက်ကြည့်နေပြီး ရုတ်တရက် မေးလိုက်သည်။ "ဦးဦး ဂီတတူရိယာတွေ တီးတတ်လားဟင်? ဝူးဝူးဝူးလိုလေ" သူမနှုတ်ခမ်းစူကာ မှုတ်တဲ့ပုံစံလုပ်ပြလိုက်သည်။
"သစ်ရွက်မှုတ်တာကို ပြောတာလား?"
"ဟုတ်တယ် ဟုတ်တယ်" ကလေးမလေးက ခေါင်းညိတ်လိုက်သည်။ "ထောင်ထောင် မှုတ်တတ်ချင်တာ"
အာ့ဝူလင် - [ချစ်ရတဲ့ ထောင်ထောင်လေးရေ၊ သစ်ရွက်တွေကို ဂီတတူရိယာအဖြစ်သတ်မှတ်လို့မရဘူးဆိုတာ သတိပေးပါရစေ]
"ထည့်မတွက်ဘူးလား?" ကလေးမလေးမှာ အနည်းငယ်စိတ်ပျက်သွားမိသည်။
အဲ့ဒီအချိန် လူအိုကြီး ချန်ကွမ်ဖာ့က ပြောလာသည်။ "သမီး တူရိယာတီးတာ သင်ချင်ရင် အဘိုးဆီလာခဲ့။ အဘိုးကတော်တယ် ပစ္စည်းတစ်ခုလေးဘဲလိုတယ်"
အခန်းဟာ ရုတ်တရက်တိတ်ဆိတ်သွားတော့သည်။ ရှောင်လုထောင် တစ်ယောက်သာ မျက်တောင်တဖျပ်ဖျပ်ခတ်ကာ သိချင်စိတ်ဖြင့်မေးလိုက်သည်။ "အဲ့ဒါက ဘာတူရိယာလဲဟင်?"
ချန်ကွမ်ဖာ့ ရယ်လိုက်သည်။ "အရင်စားအုံး၊ ပြီးရင်အဘိုးသင်ပေးမယ်။ အရင်တုန်းကဆို အဘိုးက ဒီဒေသမှာ လူသိများတဲ့သူဘဲ။ ဘိုးဘိုးမှာ ကျွမ်းကျင်တဲ့အရည်အချင်းတွေမရှိရင် သမီးရဲ့ဘွားဘွားက ဘိုးဘိုးကိုကြိုက်ခဲ့မှာမဟုတ်ဘူး"
လုကွေ့ရင်း သူ့ကိုစိုက်ကြည့်လိုက်သည်။ "ကလေးတွေအရှေ့မှာ ဘာမဟုတ်တာတွေပြောနေတာလဲ?"
"ငါဘာမှမပြောပါဘူး" ချန်ကွမ်ဖာ့က သူ့မြေးမအတွက် တူဖြင့် အစားအသောက်ကို ယူပေးလိုက်ကာ ပြောလိုက်သည်။ "မြန်မြန်စား"
ဒါကိုကြားပြီးနောက် စားပွဲမှာရှိနေတဲ့ လူတိုင်း သူတို့ရဲ့အစားအစာတွေကို တိတ်တိတ်ဆိတ်ဆိတ်နှင့် ခပ်မြန်မြန်စားလိုက်ကြသည်။ သူတို့ရဲ့အရှိန်ဟာ အရမ်းမြန်လွန်းလို့ ပုံရိပ်ယောက်ဘဲ ကျန်ခဲ့တော့သည်။
ချန်ကွမ်ဖာ့ စားလို့မပြီးသေးခင် သူ့သားတွေနဲ့ ချွေးမတွေက သူတို့တူတွေကိုချကာ ပြောလိုက်သည်။ "အဖေ၊ ကျွန်တော်တို့တွေ အသင်းမှာလုပ်စရာတွေရှိသေးတယ်။ အရင်သွားပြီနော်"
ချန်ဖန်းရှုတောင်မှ သူမ၏ မောင်ကိုခေါ်ထုတ်လိုက်သည်။ "ပေါင်ခဲ့၊ စက်ဘီးထုတ်ပြီး ငါ့ကိုလမ်းလျှောက်ခေါ်သွားပေးပါအုံး။ အိမ်ထဲမှာဘဲ လဝက်လောက်နေခဲ့ရတော့ မွန်းကြပ်လို့"
စားပွဲမှာရှိတဲ့ လူတိုင်း ထွက်ပြေးသွားကြကာ နားမလည်ဖြစ်နေတဲ့ ရှောင်လုထောင်ကိုသာ ချန်ခဲ့ကြသည်။
အာ့ဝူလင် - [ဒီစနစ် ဘာလို့ခံစားချက်မကောင်းနေတာပါလိမ့်]
အဲ့ဒီအချိန် ချန်ကွမ်ဖာ့လည်း စားလို့ပြီးသွားသည်။
သူက ရှောင်လုထောင်ကို လက်ယမ်းပြကာ ပြောလိုက်သည်။ "လာ၊ ဘိုးဘိုးရဲ့အခန်းဆီလာခဲ့၊ ဘိုးဘိုးသမီးကိုရတနာအကြီးကြီးပြမယ်"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့" ကလေးမလေးမှာ ထိုင်ခုံမှ အမြန်ခုန်ဆင်းလိုက်ပြီး သူမအဘိုးနောက်ဆီ လိုက်သွားသည်။
ဒါကို လုကွေ့ရင်း မြင်တဲ့အခါ တစ်ခုခုပြောလိုက်ချင်ပေမယ့် သူမကိုယ်သူမ တားလိုက်သည်။
မြေးအဘိုးနှစ်ယောက် သွားတာမြန်လှသည်။ ချန်ကွမ်ဖာ့က သူ့ဖိနပ်ကိုချွတ်လိုက်ပြီး ခန်ပေါ်တက်လိုက်ကာ ခန်ဗီရိုအပေါ်မှ သေတ္တာအသေးလေးကို ယူချလိုက်သည်။
သူ့မြေးမရဲ့ မျှော်လင့်နေတဲ့ အကြည့်အောက်တွင် သူသေတ္တာကိုဖွင့်လိုက်ကာ အနီရောင်အဝတ်စဖြင့်ပတ်ထားသည့်အရာကို ထုတ်လိုက်သည်။
"ဒါက အဘိုးနဲ့ တစ်လျှောက်လုံးအတူတူရှိခဲ့တဲ့ အဘိုးရဲ့သူငယ်ချင်း ဆိုနာ (Suona)ပဲ! အခု အဘိုးက သမီးအတွက် တစ်ကိုယ်တော်ဖျော်ဖြေပြမယ်!"