← Chapters

Chapter 35

Vol. 3 Ch. 35

Chapter 35

Vol. 3 Ch. 35

လုဟွေ့နှင့် ချန်ပေါင်ပြန်လာသည့်အခါ သူတို့ညီမလေးဟာ လက်တစ်ဖက်တွင် ခဲတိုင်ကိုကိုင်ကာ နောက်လက်တစ်ဖက်တွင်တော့ စာအုပ်အဟောင်းတစ်အုပ်နှင့်အတူ သူမ၏ မျက်လုံးကြီးတွေနှင့် တစ်ယောက်ယောက်ကိုရှာနေသည်။

ချန်ပေါင် လုဟွေ့ကို သူ့လက်မောင်းနှင့်တိုက်လိုက်ကာ မေးလိုက်သည်။ "ထောင်ထောင် ငါတို့ကျောင်းပြန်မှာကို လာစောင့်နေတာလား?"

လုဟွေ့ ခေါင်းစောင်းကာ ဂုဏ်ယူနေမှုတွေကို မဖုံးကွယ်နိုင်ဘဲ သူ့ကိုကြည့်လိုက်သည်။ "သူက ကျွန်တော့်ကိုစောင့်နေတာ၊ ကျွန်တော်တို့ကို မဟုတ်ဘူး၊ ကျေးဇူး"

"ကျစ်၊ ဒါက ညီမလေးတစ်ယောက်ဘဲ မဟုတ်ဘူးလား? ငါ့မှာလဲ ညီလေးတစ်ယောက်ရှိတယ်" ချန်ပေါင်က ရေရွတ်လိုက်သည်။

ကလေးမလေးက လူအုပ်ကြားထဲတွင် သူ့အစ်ကိုကို တွေ့လိုက်ကာ အံ့ဩတကြီးဖြင့် ပြေးလာသည်ကြောင့် လုဟွေ့ သူ့ကိုလျစ်လျူရှုလိုက်သည်။

သူအမြန် လေးနက်တဲ့ မျက်နှာပုံစံလုပ်လိုက်ကာ ပြောလိုက်သည်။ "ထောင်ထောင် ‌ဖြည်းဖြည်းပြေး၊ မပြုတ်ကျစေနဲ့..."

သူက လူကိုကူပေးဖို့ လက်ဆန့်လိုက်တဲ့အချိန်မှာဘဲ ကလေးမလေးက လျစ်ခနဲ သူ့ကိုကျော်သွားကာ သူ့အနောက်တည့်တည့်ကို ပြေးသွားသည် "ကိုကိုဝေချောင်! ကိုကိုဝေချောင်၊ ပြန်လာပြီ!"

ချန်ပေါင်မှာ တစ်ခဏလောက် ကြောင်သွားကာ၊ နောက်တော့ အော်ရယ်လာသည်။ "ဟားဟားဟား၊ မင်းကိုစောင့်နေတာ၊ ဟားဟားဟား"

လုဟွေ့ - "....."

လုဟွေ့ သူ့လက်ကိုပြန်ရုတ်ကာ သူ့အနောက် ဝေချောင်ကိုလှည့်ကြည့်လိုက်သည်။ ဒီတစ်ခါတော့ သူ့မျက်နှာက တကယ်တင်းမာလာသည်။

ရှောင်လုထောင်မှာ လုံးဝကိုသတိမထားမိပေ။ သူမ အပြေးအလွှားနှင့် ဝေချောင်၏ ကျောင်းလွယ်အိတ်ကိုဆွဲကာ မှတ်စုစာအုပ်ကို ခပ်မြင့်မြင့် မြှောက်လိုက်သည်။ "ကိုကို ပုံဆွဲမယ်! ပုံဆွဲတာသင်မယ်!"

ဝေချောင်မှာ ခုန်အုပ်ခံရသည်ကြောင့် ကြောင်အသွားသော်လည်း သူမမှန်းတွေ့လိုက်ရတဲ့အခါ လက်ဆန့်ပြီး မှတ်စုစာအုပ်ကို ယူလိုက်သည်။ "မင်းက ပုံဆွဲတာသင်ချင်လို့လား?"

လုဆထာင်ခေါင်းညိတ်လိုက်သည်။ "ထောင်ထောင် ပုံဆွဲတာသင်မှ အနီရောင်ပန်းလေးတွေရမှာ"

ပြေးလာတာကြောင့် သူမရဲ့ မျက်နှာလေးဟာ ပန်းရောင်ဖျော့ဖျော့သန်းနေကာ သူမဟာ ဝဝကစ်ကစ်လေးနှင့် အရမ်းချစ်စရာကောင်းလှသည်။

ဝေချောင် သူမကိုဆွဲညှစ်လိုက်ချင်ပေမယ့် သူ့ကိုယ်သူထိန်းလိုက်ကာ ပြောလိုက်သည်။ "ကိုကို့အိမ်မှာ ပုံဆွဲတာသင်လို့ရတယ်"

"ကောင်းပြီ ကောင်းပြီ!" ကလေးမလေးက ချက်ချင်းခုန်ပေါက်လာသည်။ "ကိုကို သမီးတို့အခုသွားကြမလား?"

အစ်ကိုရင်းလုဟွေ့ - "...."

သူ့ညီမလေးဟာ သူ့ကိုလျစ်လျူရှုပြီး တစ်ယောက်ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်သွားတော့မှာကိုကြားတော့ လုဟွေ့ မနေနိုင်ဘဲပြောလိုက်သည်။ "သွားကြတာပေါ့"

သူ့အသံကိုကြားတော့ လုထောင် လှည့်ကြည့်လာကာ မေးလိုက်သည်။ "ကိုကို၊ ဘာလို့ဒီမှာရှိနေတာလဲ?"

ဘာလို့ဒီမှာရှိနေတာလဲ.... ဘာလို့....ဒီမှာ....

လုဟွေ့ ချောင်းဆိုးလိုက်ကာ အမူအရာမဲ့စွာနဲ့ တစ်ဖက်လှည့်လိုက်ပြီး ဝေချောင်ကို ပြောလိုက်သည်။ " ငါတို့နှစ်ယောက်လဲ လိုက်မယ်"

"မင်းရော ပုံဆွဲတာသင်ချင်လို့လား?" ဝေချောင်မေးလိုက်သည်။

"မဟုတ်ဘူး" လုဟွေ့ ပခုံးတွေလှုပ်တဲ့အထိရယ်နေတဲ့ ချန်ပေါင်ကိုဆွဲကာ ပြောလိုက်သည်။ "သူသင်မှာ"

သယ့ဆီကနေ အဆွဲခံရတဲ့အချိန် ချန်ပေါင်မှာ ရယ်နေ၏။ သူတုံ့ပြန်မိတဲ့အချိန် တစ်ခဏလောက် ကြောင်သွားသည်။ "ဒါဘယ်တုန်းက ပြောလို့...."

လုဟွေ့ - "ကျောင်းဆင်းတုန်းက ပြောတယ်လေ"

ချန်ပေါင်မှာ ထပ်ပြောချင်ပေမယ့် ရှောင်လုထောင်မှာ မစောင့်နိုင်တော့ကာ ဝေချောင်ကို လောဆော်လိုက်သည်။ " ကိုကိုဝေချောင် သွားရအောင်"

ဘာမှမစဉ်းစားနေတော့ဘဲ လုဟွေ့တစ်ယောက် ချန်ပေါင် ဘယ်လောက်ဘဲ လွတ်အောင်ရုန်းကန် နေပါစေ သူ့ကိုဆွဲကာ သူတို့နှစ်ယောက် အနောက်ကနေ လိုက်သွားလိုက်သည်။

သူမသားက အိမ်မှာကစားဖို့ သူငယ်ချင်းနှစ်ယောက်လောက်ကို ခေါ်လာတာမြင်တော့ ယန်ဖုချင်မှာ ဝမ်းသာသွားကာ ကလေးတွေကို အတွင်းခန်းထဲ ခေါ်သွားလိုက်သည်။

ဝေချောင်သည် အံဆွဲထဲမှ စာအုပ်တစ်အုပ်ထုတ်ကာ ထောငထောင်ကို ကမ်းပေးလိုက်သည်။ "ကိုကို့‌ ဖေဖေက ဒီစာအုပ်မှာ အရင်ကပုံဆွဲဖူးတယ်။ ဒီကနေ ကူးဆွဲလို့ရတယ်" ရပ်လိုက်ပြီးတဲ့နောက်၊ သူ့ကိုစိုက်ကြည့်နေတဲ့ လုဟွေ့နဲ့ လှည့်ပတ်ကြည့်နေတဲ့ ချန်ပေါင်ကို သူကြည့်လိုက်သည်။ "မင်းတို့လဲ သင်ချင်ဆိုရင် အဲ့ဒီမှာကူးဆွဲလို့ရတယ်"

လုဟွေ့ ချက်ချင်းဘဲ ချန်ပေါင်ကို ရှေ့တွန်းလိုက်သည်။ "အစ်ကိုသင်ချင်တာမဟုတ်ဘူးလား? ခဲတံမြန်မြန်ယူလေ?" သူစာအုပ်ကိုကြည့်လိုက်သည်။

စာအုပ်ဟာ သာမာန်သင်္ချာလေ့ကျင့်ခန်းစာအုပ်ဖြစ်ကာ စာမျက်နှာ ၃၂မျက်နှာပါပြီး၊ အဖုံးပေါ်တွင် လှပသည့်လက်ရေးခပ်သေးသေးဖြင့် 'စာတတ်မြောက်ရေးစာအုပ်' ဟုရေးထားသည်။

ပထမစာမျက်နှာကို လှန်လိုက်တဲ့အခါ ရိုးရှင်းသည့်မျဉ်းတွေဖြင့်ဆွဲထားသည့် ပန်းသီးတစ်လုံးကိုတွေ့ရပြီး အောက်တွင် 'ပန်းသီး' ဟုသေသေသပ်သပ် ရေးထားသည်။

ဆရှာင်လုထောင်မှာ ၎င်းကို အံ့ဩတကြီးဖြင့် ကြည့်ကာ မေးလိုက်သည်။ "ဒါကပန်းသီးလား?"

"ဟုတ်တယ်" ဝေချောင် လက်ဆန့်ကာ သူမအတွက်စာရွက်တွေ လှန်ပေးလိုက်သည်။ " ဒီအနောက်မှာလဲ လိမ္မော်သီးတွေ၊ ငှက်ပျောသီးတွေရှိတယ်...."

ကလေးမလေးဟာ မျက်တောင်မခတ်တမ်း‌ကြည့်နေ၏။ "ဦးဦးက အရမ်းမိုက်တာပဲ"

[ဒါက တစ်ယောက်ယောက်ကို ကြီးကြီးမားမား ချီးကျူးရင်မသုံးဘူးနော်။ သမီးမှာ အရည်အချင်းရှိလားဆိုတာ သိရအောင် တစ်ပုံလောက်စမ်းဆွဲကြည့်] အာ့ဝူလင်က သူမကိုသတိပေးလိုက်သည်။

ရှောင်လုထောင် ဒါကိုကြားတဲ့အခါ သူမရဲ့စာအုပ်အဟောင်းကို ခန်ပေါ်အမြန်တင်ကာ ကြုံရာစာမျက်နှာတစ်ခုဖွင့်လိုက်ပြီး ကိုင်ဖို့ခက်လှသည့် ခဲတံတိုတိုလေးနှင့် စဆွဲ‌တော့သည်။

ဒါတွေအားလုံးဟာ ချန်ပေါင် သုံးခဲ့တာတွေဖြစ်သည်။ သူမ ပုံဆွဲသင်ချင်သည်ဟု လုကွေ့ရင်းကြားသည့်အခါ သူမအတွက် အထူးတလည် ရှာခဲ့ပေးတာဖြစ်သည်။

သူမ ခဲတံကိုင်တာ ပထမဆုံးအကြိမ်ဖြစ်‌တာကြောင့် ကလေးမလေးဟာ စာအုပ်ပေါ်ပုံမဆွဲခင် အတော်ကြာ ကိုင်ကျင့်လိုက်ရ‌သည်။

ပုံဆွဲပြီးသည့်အခါ သူမမှာ မကျေနပ်သည့်အတွက် ပုံစံပြောင်းပြီး ရွဲ့စောင်းနေသည့် တစ်ဖက်ကြီးတစ်ဖက်သေး ပန်းသီးပုံစံအောက်လိုင်းကို ပြန်ပြင်လိုက်သည်။

ပန်းသီးအညှာကိုမဆွဲရသေးခင် အေးစက်စက် စက်အသံကထွက်လာသည်။ "စစ်ဆေးပြီးတဲ့နောက်မှာ hostရဲ့ ပုံဆွဲစွမ်းရည်က စံနှုန်းမီတဲ့ A+ဖြစ်ပါတယ်]

နောက်တော့ နှစ်သစ်ကူးပွဲဆင်နွှဲသလိုမျိုး ဖောက်ထွင်းမြင်ရသည့်လေးထောင့်ကွက်ကနေ မီးပန်းတွေတစ်ခုပြီးတစ်ခုထွက်လာသည်။

အာ့ဝူလင် - [အဟားဟားဟား! ဒီလိုအရာရှိမှန်း ဒီစနစ်ကသိသားဘဲ!]

ရှောင်လုထောင် နားမလည်သလို ကြည့်လိုက်သည်။ "ထောင်ထောင် ပြီးသွားပြီလား?"

[ပြီးပြီ၊ ပြီးပြီ!] အာ့ဝူလင် ပြောလိုက်သည်။ [ထောင်ထောင်၊ သမီးရဲ့ပုံဆွဲတဲ့အရည်အချင်းက လုံးဝကို A+ပဲ။ သမီးက ဖေ့ဖေ့ကို အရမ်းဝမ်းသာစေတာပဲ။ အခုကစပြီး သမီးက နှဲမှုတ်တဲ့ ထောင်ထောင်မဟုတ်တော့ဘူး၊ အနာဂတ်က ပန်းချီဆရာထောင်ထောင်ဘဲ၊ ဟားဟားဟား__]

နတ်ဆိုးဆန်ဆန်ရယ်သံကြောင့် လုထောင်မှာ အရမ်းအံ့ဩသွားကာ သူမနားတွေကိုအုပ်လိုက်သည်။ "အခုပြီးသွားပြီဆိုတော့ ထောင်ထောင်အိမ်ပြန်ပြီး နှဲမှုတ်လို့ရပြီလားဟင်?"

ရယ်သံက ရုတ်ခြည်းတိတ်သွားတော့သည်။

နောက်တစ်စက္ကန့်မှာဘဲ အာ့ဝူလင်မှာ ရုတ်တရက်ဒေါသထွက်လာ‌တော့သည်။ [သမီးရဲ့ပုံဆွဲတဲ့အရည်အချင်းက A+ ဖြစ်နေတာကို နှဲမှုတ်ဖို့တွေးနေသေးတာလား? မြောင် မြောင် မြောင်....]

‌လုထောင် နားရွက်ကိုအုတ်လိုက်ကာ ဘာမှမကြားသလိုဟန်ဆောင်လိုက်သည်။ သူမရဲ့စာအုပ်နဲ့ ခဲတံကို သိမ်းဆည်းလိုက်ကာ သူမအိမ်ပြန်ချင်ပြီဖြစ်ကြောင်း ဝေချောင်ကိုပြောလိုက်သည်။

ဝေချောင်မှာ သူမကြောင့် နားမလည်ဖြစ်သွားကာ ပုံဆွဲစာအုပ်ကိုကြည့်လိုက်သည်။ "ပုံဆွဲတာ ထပ်မသင်ချင်တော့ဘူးလား?"

"သမီး မသင်ချင်တော့ဘူး။ ထောင်ထောင် အိမ်ပြန်ပြီးနှဲမှုတ်ချင်တယ်"

"ဒါဆို အရုပ်ဆက်တာကစားမလား?"

"ငါတို့အိမ်မှာ အရုပ်ဆက်တဲ့ဟာရှိတယ်၊ ထောင်ထောင်အိမ်မှာကစားလို့ရတယ်" သူ့ညီမလေး ပြန်တော့မယ်ဆိုတာကိုကြား‌တော့ လုဟွေ့မျက်လုံးတွေ ချက်ချင်းတောက်ပလာသည်။

ဝေချောင်မှာ ဘာပြောရမှန်းမသိတော့ပေ။

သူဟာ ငယ်ငယ်ကတည်းက တစ်ယောက်ထဲဖြစ်ခဲ့တာကြောင့် ညီမလေးတစ်ယောက်ကို ဘယ်လိုချော့ရမလဲဆိုတာမသိပေ။

ထိုအချိန်တွင်၊ တံခါးဆီပြေးသွားသည့် ကလေးမလေးဟာ ပြန်ပြေးလာကာ တောက်ပနေတဲ့ မျက်လုံးတွေနဲ့ သူ့ကိုကြည့်လာသည်။ "ကိုကိုဝေချောင်၊ ထောင်ထောင်မှာ ရတနာအကြီးကြီးရှိတယ်၊ ကြည့်ချင်လား?"

ဆယ်မိနစ်အကြာ၊ ချန်အိမ်ကို ရောက်လာတဲ့ဝေချောင်တစ်ယောက် လုထောင်ပြောသည့် ရတနာအကြီးကြီးကို တွေ့လိုက်ရသည်။

ချန်ပေါင် ၎င်းကိုမြင်သည့်အခါ ညည်းညူသလိုပြောလိုက်သည်။ "အဘိုး ဘာလို့ဒါကိုထပ်ပြီး ထုတ်လာတာလဲ?"

လုဟွေ့သူ့ကို နားမလည်သလိုကြည့်ကာ ဘာဖြစ်လို့လဲ‌လို့ မေးတော့မယ့်အချိန် လုထောင်တစ်ယောက် နှဲကို မ ကာသူ့ဆီ အကျယ်ကြီးမှုတ်ပြလိုက်သည်။

အသံက သိပ်မကျယ်သော်လည်း လုဟွေ့ နားနဲ့ အရမ်းကပ်နေတာကြောင့် သူချက်ချင်း လန့်သွားမိတော့သည်။

ဆယ်မိနစ်အကြာ၊ ‌လုဟွေ့မှာ ထပ်ပြီးသည်းမခံနိုင်တော့ဘဲ ထွက်ပြေးသွားကာ သူ့ညီမလေးကို ဝယ်ချင်နေသည့် ကောင်ဆိုးလေးကိုသာ ချန်ခဲ့တော့သည်။

ဝေချောင်ရယ်၊ လုထောင်နဲ့ လုထောင်ရဲ့ရတနာကြီးသာ ခြံဝင်းထဲတွင် ကျန်ခဲ့‌တော့သည်။

ကလေးမလေးဟာ အားကြိုးမာန်တက်ဖြင့် နောက်ထပ် သံစဉ်တစ်ခုကို ထပ်မှုတ်လိုက်ပြီး နှဲကိုချကာ ‌ဝေချောင်ကိုမေးလိုက်သည်။ "ကိုကိုဝေချောင်၊ နားထောင်လို့ကောင်းလား?"

"ကောင်းပါတယ်"

ဆံပင်ကောက်ကောက်နဲ့ ကောင်လေးမှာ ဘာမှကိုမကြားခဲ့ပါချေ။ သူဟာ သူမရဲ့ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းလေးနဲ့ မျက်နှာလေးကို သူ၏မက်မွန်ပွင့်ပုံမျက်လုံးတွေတဖိတ်ဖိတ်တောက်ကာ ကြည့်နေခဲ့တာဖြစ်သည်။

အရမ်း အရမ်းချစ်စရာကောင်းတယ်!

ညှစ်ချင်လိုက်တာ....

နောက်နှစ်ရက်အတွင်း၊ လုထောင်သည် အာ့ဝူလင်၏ စီစဉ်မှုအောက်တွင် စစ်ဆေးမှု အနည်းငယ်လုပ်ခဲ့ရသည်။ သူမ၏အရည်အချင်းတွေကို နှဲမှုတ်တာနဲ့ ပုံဆွဲတာဟုသာ သတ်မှတ်နိုင်သည်။

မစ်ရှင်အဆုံးတွင်၊ Bအဆင့် အရည်အချင်းကို အမှတ်ငါးမှတ်နှင့် A+အဆင့် ကိုတော့ ဆယ့်ငါးမှတ်ရသည်။ အာ့ဝူလင်က လုထောင်အမြင်ကိုမေးခဲ့ပြီး ငါးမှတ်နှင့် အစားအသောက်ဆုကို လဲခဲ့ကာ၊ နောက်ဆုံး နှစ်ဆယ့်ငါးမှတ် စုဆောင်းနိုင်ခဲ့သည်။

သူက ကလေးမလေးကို ခွေးခြေခုံတစ်လုံးယူကာ ခြံဝင်းထဲနေရာတစ်ခုရှာ၍ ထိုင်ခိုင်းလိုက်ပြီး သူမကို "Peppa Pig" ၅ပိုင်း ဖွင့်ပြသည်။

ငါးပိုင်းလုံးကို စနစ်က သေချာပြပေးကာ ထိုကာတွန်းဟာ လုထောင်နေသည့် ခေတ်ကာလ လုံးဝမဟုတ်ပါချေ။

ကလေးမလေးဟာ ကာတွန်းကို အရမ်းလေးလေးနက်နက်နဲ့ကြည့်နေပြီး Peppa Pig ပျော်တဲ့အခါ သူမလည်း လိုက်ရယ်တတ်သည်။ သူမသည် ထိုမိနစ်၂၀ကြာသည့်ကာတွန်းအား သုံးရက်လောက် ထပ်ခါထပ်ခါကြည့်ခဲ့ကာ လုံးဝပျင်းတယ်လို့မခံစားရပါချေ။

[host နှဲမှုတ်တာကို သုံးရက်လောက် မကြားရတော့ဘူး။ အရမ်းကောင်းတယ်၊ ဒီစနစ်က တကယ်တော်တာပဲ~]

အာ့ဝူလင်ရဲ့အသံဟာ ပုံမှန်လိုဘဲ နူးညံ့နေ၏။ "ထောင်ထောင်လေး၊ ဝက်လေးက ကြည့်လို့ကောင်းလား?]

"ကောင်းတယ်"

[ ထောင်ထောင် နောက်ထပ်တာဝန်တွေလုပ်ပြီး ဝက်လေးကို ထပ်ကြည့်ချင်သေးလား?]

"ကြည့်ချင်တယ်၊ ထောင်ထောင်ကြည့်ချင်တယ်! ထောင်ထောင် အခုဘဲနှဲသွားမှုတ်ပြီး ပန်းအနီလေးတွေ ယူရမယ်!"

အာ့ဝူလင် - [ထပ်ပြီး သတိရသွားပြန်ပြီ! ငါ အဲ့ဒါကိုမပြောခဲ့သင့်တာ!]

ထိုအချိန် ချန်ပေါင်ခဲ့က အပြင်ကနေပြန်လာသည်။ "အစ်မ အင်္ကျီမြန်မြန်လဲလိုက်။ အတွင်းရေးမှူးလျိုက အစ်မကိုအသင်းဆီ ခေါ်လာခိုင်းလို့"

"ဘာဖြစ်လို့လဲ?" ချန်ဖန်းရှုမေးလိုက်သည်။

"ကျွန်တော်လဲ မသိဘူး၊ အတွင်းရေးမှူးလျိုက အစ်မကိုဘဲ လာပြန်ခေါ်ခိုင်းတာ၊ မြန်လေပိုကောင်းလေတဲ့"

အရင်တစ်ယောက် အသင်းနှစ်ခုက အတွင်းရေးမှူးတွေလာ‌တော့ သူတို့တွေ ချန်ဖန်းရှုကို မလာခိုင်းခဲ့ပါချေ။ ဒီတစ်ခါတော့ ဘုံအဖွဲ့၌ သတင်းအသစ်ပေါ်လာတာဖြစ်မည်ဟု လုကွေ့ရင်း ခန့်မှန်းမိသည်။

သူမအမြန် ခန်ပေါ်မှထကာ ပစ္စည်းတွေကို ရှင်းလင်းလိုက်ပြီး ချန်ဖန်းရှုကို အဝတ်အစားလဲခိုင်းလိုက်သည်။

ဆယ်မိနစ်ခန့်အကြာ၊ ချန်ပေါင်ခဲ့သည့် စက်ဘီးနောက်တွင် ချန်ဖန်းရှုကိုတင်ရင်း အတွင်းရေးမှူးလျိုရုံးဆီသို့ နင်းလာသည်။

မမျှော်လင့်ထားစွာနဲ့၊ သူမတံခါးနားရောက်ရုံဘဲရှိသေးသည် မျက်နှာနီနီနှင့်အမျိုးသားတစ်ယောက်ဟာ ကောက်ရိုးဦးထုပ်ကို ချန်ဖန်းရှုဆီ ပစ်ပေါက်လိုက်သည်။

"ဒီသုံးစားမရတဲ့ဟာအတွက် ၇၀ဆင့်တောင် သုံးခဲ့ရတာ၊ မင်းက ငါ့ကိုဒီလို ချာတူးလံနေတဲ့ဟာ ရောင်းခဲ့တယ်လား? ဘယ်သူ့ကို လာလှည့်စားဖို့ကြိုးစားနေတာလဲ?"

ဒါက....တစ်ယောက်ယောက် ပြဿနာလာရှာတာလား?

ကောက်ရိုးဦးထုပ်နဲ့ သူမဆီကိုပစ်လာတော့ ချန်ပေါင်ခဲ့မှာ ဒေါသထွက်လာသည်။ "ခင်ဗျားဘာဖြစ်တာလဲ? ကျွန်တော့်အစ်မ ဒဏ်ရာရထားတာမမြင်ဘူးလား?"

"ဒဏ်ရာရတာက ဘာဖြစ်မှာမို့လို့လဲ? မင်ဒဏ်ရာရထားတာဆိုပြီး လူတွေကို လိမ်စားလို့ရမယ်တဲ့လား?

"ခင်ဗျားကိုယ်ခင်ဗျား မှန်တယ်လို့ ထင်နေတာလား? ခင်ဗျားကြောင့် ကျွန်‌တော့်အစ်မ အနာတရဖြစ်ရင် အဲ့ဒီအတွက်ပေးဖို့ တတ်နိုင်လို့လား?"

သူတို့နှစ်ယောက် ရန်ဖြစ်ကြတော့မှာကိုမြင်တော့ အတွင်းရေးမှူးလျိုက ချောင်းဟန့်ကာ ပြောလိုက်သည်။ "ရဲဘော်၊ စိတ်လျှော့ပါ"

ချန်ဖန်းရှု၏ ကောက်ရိုးဦးထုပ်ကို ချင်းရှန်အသင်းကိုယ်စား ရောင်းခဲ့တာဖြစ်သည်။ ဒီလူသာ ဆက်ပြီးပြောနေရင်သူလည်း အဆူခံရမယ်မလား?

ထိုကြောင့် အတွင်းရေးမှူးလျိုပုံမှာ မပျော်မရွှင်ဖြစ်သွားကာ ချန်ဖန်းရှုထိုင်ဖို့အတွက် ချန်ပေါင်ခဲ့ကို ကူတွဲခိုင်းလိုက်သည်။

အဲ့ဒီလူလည်း စိတ်ငြိမ်သွားကာ သူ့ဒေါသတွေလည်း အနည်းငယ်အနည်ထိုင်သွားပေမယ့် မရမကတောင်းဆိုနေဆဲပင်။ "အတွင်းရေးမှူး၊ ဒါက စိတ်အေးအေးထားတာ မထားတာနဲ့မဆိုင်ဘူး။ ငါ ပိုက်ဆံအများကြီး သုံးခဲ့ရတာ ပြီးတော့ နှစ်ရက်လောက်ဆောင်းပြီးတာနဲ့ ပြုတ်သွားရော။ ဘယ်က ဒေါသမထွက်ဘဲနေမလဲ?"

သူက ခုံပေါ်ခပ်ပြင်းပြင်းထိုင်ချလိုက်ကာ ချန်ဖန်းရှုကိုကြည့်လိုက်သည်။ "မင်းက မိန်းကလေးဖြစ်နေလို့ ငါဘာမှထပ်မပြောတော့ဘူး။ ပိုက်ဆံပဲ ပြန်ပေး"

ချန်ဖန်းရှုက ဘာမှမပြောပေ။ သူမ နှုတ်ခမ်းကိုတင်းတင်းစိကာ သူမလက်ထဲမှ ဦးထုတ်ကိုကြည့်နေသည်။ သူမ သူ့ကိုမော့ကြည့်လိုက်ပြီး မေးလိုက်သည်။ "ရဲဘော်၊ ဒီဦးထုပ်ကို ဘယ်ကဝယ်ခဲ့တာလဲ?"

အဲ့ဒီလူမှာ ကြောင်သွားသည်။ "မင်းဘာပြောချင်တာလဲ?"

"ဘာမှတော့မဟုတ်ပါဘူး။ ရှင့်ရဲ့ ဒီဦးထုပ်ကို ကျွန်မလုပ်ထားတာ မဟုတ်ဘူးဆိုတာဘဲ ပြောချင်တာ"

"မင်းလုပ်ထားတာ မဟုတ်ဘူး?" ထိုလူမှာ ရုတ်တရက် ထပ်ပြီးဒေါသထွက်လာသည်။ "‌ဒီလိုဟာမျိုး လုပ်တတ်တဲ့သူက ဘုံအဖွဲ့တစ်ခုလုံးမှာ မင်းတစ်ယောက်ဘဲရှိတယ်။ မင်းလုပ်တာ မဟုတ်ဘူးလို့ပြောပြီး ဘယ်သူ့ကိုအရူးလာလုပ်ချင်နေတာလဲ? ငါ့ပိုက်ဆံကို ပြန်မပေးချင်လို့လား? ဟမ်?"

သူက အတွင်းရေးမှူးလျိုကို ဒေါသတကြီးကြည့်လိုက်သည်။ "ခင်ဗျားရဲ့အသင်းက ဒီလိုလုပ်နေတာ။ ဒါတွေကို ထပ်ပြီးမရောင်းချင်တော့ဘူးလား?"

အတွင်းရေးမှူးလျိုက ကိစ္စတွေကို အဆင်ပြေအောင်ကြိုးစားလိုက်သည်။ "သူဘာပြောမလဲဆိုတာကို အရင်နားထောင်ကြည့်ရအောင်ပါ" နောက်တော့ သူက ချန်ဖန်းရှုကို ပြောလိုက်သည်။ "မင်း ဒါကို တကယ်မလုပ်ခဲ့ဘူးလား?"

"မလုပ်ခဲ့ဘူး" ချန်ဖန်းရှု ပြောလိုက်သည်။ "ကျွန်မကျစ်ရင် အဲ့ဒီလောက် လျော့တိလျော့ရဲမဖြစ်ဘူး။ ပြီးတော့ ဒီဦးထုပ်မှာသုံးထားတဲ့ ရက်တဲ့နည်းကလဲ မတူဘူး"

သူမဦးထုပ်ကို အတွင်းကနေအပြင်လှန်လိုက်ပြီး ဦးထုပ်နှုတ်ခမ်းအား လူတိုင်းကိုပြလိုက်သည်။ "ဒီဟာကိုရက်ထားတဲ့ပုံက ကျွန်မ ရက်တဲ့နည်းထက် ပိုလွယ်တယ်။ ဒါပေမဲ့ ဒါက မခိုင်သလို လေးလဲလေးတယ်။ ကျွန်မချိန်ကြည့်လိုက်တာနဲ့ ဒါက ကျွန်မလုပ်ထားတာ မဟုတ်ဘူးဆိုတာ သိလိုက်တယ်"

ချန်ဖန်းရှုအတွက် လမ်းလျှောက်ရခက်သည်ကြောင့် ချန်ပေါင်ခဲ့က သူမအားကူကာ ပစ္စည်းတွေကိုပို့ပေးလေ့ရှိသည်။

ဒါကိုကြားတော့ ချန်ပေါင်ခဲ့အမြန်ယူကာ ချိန်ကြည့်လိုက်သည်။ "ဒါက ကျွန်တော်တို့မှာ ရှိတာထက် လေးတာပဲ" သူလည်း တခြားကွာခြားချက်တွေကို ရှာတွေ့လိုက်သည်။ "‌ဒီဟာက ကျွန်တော့်အစ်မလုပ်ထားသလိုမျိုး အနုမစိတ်ဘူး။ ကြိုးထုံးတွေကိုကြည့်ကြည့်၊ တစ်ဖက်က ဘယ်ဘက်မှာ တစ်ဖက်ကညာဘက်မှာနဲ့"

ဒါဟာ ချန်ဖန်းရှု လုပ်ထားတာမဟုတ်ကြောင်း အတွင်းရေးမှူးလျိုကြားတဲ့အခါ သူ့မျက်နှာကတည်သွားပြီးမေးလိုက်သည်။ "ရဲဘော်၊ ဒီဦးထုပ်ကိုဘယ်ကဝယ်ခဲ့တာလဲ?"

သို့သော် အဲ့ဒီလူကတော့ မယုံသေး‌ကာ သူတို့ဆီမှ အကြွေးပြန်လိုချင်ကြောင်းသာ မရမကပြောနေသည်။

သူနှင့်စကားပြောဆိုဖို့ ခက်ကြောင်းမြင်တော့ ချန်ဖန်းရှုမှာ စကားတွေထပ်ပြောပြီး အချိန်မဖြုန်းချင်တော့တဲ့အတွက် ချန်ပေါင်ခဲ့အား အိမ်မှနမူနာတစ်လုံး သွားပြန်ယူခိုင်းလိုက်သည်။

All Chapters