← Chapters

Chapter 36

Vol. 3 Ch. 36

Chapter 36

Vol. 3 Ch. 36

ဦးထုပ်တိုင်းဟာ သူမလက်ထဲကနေ ထွက်လာတာကြောင့် ယှဉ်ကြည့်ရုံနှင့် ဘယ်ဟာကအစစ် ဘယ်ဟာကအတုလဲဆိုတာပြောနိုင်သည်။

သေချာပေါက်ပင်၊ ဦးထုပ်ရောက်လာပြီး ပြေနေသည့်တစ်ခုနှင့် ယှဉ်ကြည့်သည့်အခါ ပြေနေသည့်တစ်ခုဟာ ရိုးရှင်းသည့်ပုံစံဖြစ်နေသည်သာမက လက်ရာဟာလည်း သိသိသာသာကိုညံ့လှသည်။

ထိုလူမှာ ရှက်ရွံ့သွားတော့သည်။ "မင်း မင်းထောင့်တွေကိုညှပ်လိုက်တာလားဆိုတာ ဘယ်သူသိမှာလဲ"

ချန်ပေါင်ခဲ့က အေးစက်စက်နှာမှုတ်လိုက်သည်။ "ထောင့်တွေကိုညှပ်လိုက်မယ်ဆိုရင်တောင် ရက်လုပ်တဲ့နည်းကလဲ အရမ်းကြီးမကွာလောက်ဘူး ဟုတ်ပြီလား?"

အဲ့ဒီလူက ပြောနေတာရပ်သွားသည်။

နောက်တော့ အတွင်းရေးမှူးလျိုက သူ့အား ထိုအကြောင်းမေးလိုက်တဲ့အခါ သူသည် ထိုဦးထုပ်အား ဘုံအဖွဲ့မှ ဈေးအသေးတွင် ဝယ်ခဲ့ကြောင်းသိလိုက်ရသည်။ သူထိုဦးထုပ်ကိုဝယ်ခဲ့တုန်းက ၎င်းဟာ ချင်းရှန်အသင်းမှ လက်လုပ်ဦးထုပ်ဖြစ်ကြောင်း ရောင်းသူက ပြောခဲ့သည်။ အသင်းမှ‌ဝယ်ထားသည့် ဦးထုပ်တွေအားလုံးဟာ ကောင်းသည်ဟု သူထင်မိသည့်အတွက် ထိုဦးထုပ်အတွက် ဆင့်၇၀သုံးခဲ့သည်။

ချန်ဖန်းရှုက ဘွင်းဘွင်းရှင်းရှင်းပြောလိုက်သည်။ "ရှင်ဝယ်ခဲ့တာက အတုဘဲ။ ကျွန်မတို့က ဒီလိုဦးထုပ်မျိုးကိုဘုံအဖွဲ့က ဈေးအသေးမှာ ဘယ်တုန်းကမှ မရောင်းဘူး"

သူဝယ်ခဲ့တဲ့ ပစ္စည်းဟာ အတုဖြစ်နေမယ်မှန်း အဲ့ဒီလူမှာ မမျှော်လင့်ထားမိဘဲ ရောင်းသူရဲ့အိမ်ဆီသွားကာ ပိုက်ဆံပြန်လာတောင်းနေမိသေးသည်။ သူ့မျက်နှာဟာ နီတစ်လှည့် ဖြူတစ်လှည့်ဖြစ်လာသည်။ နောက်ဆုံး၊ မျက်နှာဟာ ခရမ်းရောင်သန်းလာကာ ချန်ဖန်းရှုဆီမှ ပြေနေသည့်ဦးထုပ်ကို ပြန်ယူလိုက်ပြီး ပြောလိုက်သည်။ "ငါသူ့ကိုသွားရှာမယ်!"

အဲ့ဒီလူထွက်သွားတာကို မြင်သော်လည်း ချန်ပေါင်ခဲ့မှာ မပျော်မရွှင် ဖြစ်နေဆဲပင်။ "အမှားလုပ်မိတာကို တောင်းတောင်မတောင်းပန်သွားဘူး"

ချန်ဖန်းရှု မျက်မှောင်ကြုတ်လိုက်သည်။ "အတွင်းရေးမှူးလျို၊ ဒီပစ္စည်းအတုကို ဘယ်သူရောင်းတာလဲဆိုတာ စစ်ဆေးပေးမှာလား? သူတို့က ကျွန်မတို့ရဲ့နာမည်အောက်မှာ ပစ္စည်းအညံ့စားတွေကို ရောင်းနေတာ။ သူတို့သာ ကျွန်မတို့ရဲ့ဂုဏ်သတင်းကို ဖျက်စီးလိုက်ရင် အနာဂတ်ကျ ကျွန်မတို့အသင်းဆီကနေ ဘယ်သူကပစ္စည်းတွေ လာဝယ်တော့မှာလဲ"

သူမက တစ်ယောက်ထဲဖြစ်ကာ ဦးထုပ်ရက်နည်းကို တစ်ယောက်ယောက်ဆီမပြောပြဘဲ တစ်သက်လုံးထိန်းသိမ်းထားဖို့ဆိုတာ သူမအတွက်မဖြစ်နိုင်ပေ။

သို့ပေမယ့် အခုထိအမျိုးသမီးအဖွဲ့ချုပ်တွင် ဘာသတင်းမှမကြားသေးတာက မဖြစ်နိုင်သလို လူတိုင်းဟာ ထိုသတင်းကိုကြားတာနဲ့ ချင်းရှန်အသင်းက ဦးထုတ်တွေကို စပြီးမကောင်းပြောကြတော့မှာမလား

ထိုအကြောင်းကို ချန်ဖန်းရှုတွေးမိ‌သလို အတွင်းရေးမှူးလျိုလည်း တွေးမိသည်။ သူ့အမူအရာက ပြောင်းသွားတော့သည်။ "ငါသိပြီ"

ချန်ဖန်းရှုနဲ့ ချန်ပေါင်ခဲ့တို့ ထွက်သွားသည်နှင့် သူသည် ဘုံအဖွဲ့မှ အမျိုးသမီးအဖွဲ့ချုပ်နှင့် တခြားအသင်းမှ အတွင်းရေးမှူးတချို့ကိုပါ ခေါ်လိုက်သည်။

"ဒီမှာ ကောက်ရိုးဦးထုပ်တွေကို တိတ်တိတ်လေးရောင်းနေတဲ့သူရှိလား?.....မရှိရင်တော့ အကောင်းဆုံးပေါ့။ ဒီနေ့ တစ်ယောက်ယောက် ရောက်လာတယ်....ဟုတ်တယ် မင်းတို့တွေ သတိထားစောင့်ကြည့်သင့်တယ်။ ဒါသာ ထိန်းမနိုင်သိမ်းမရဖြစ်လာရင် အမျိုးသမီးအဖွဲ့ချုပ်က ဒေါကန်လာကြမှာ ပြီးရင် လူတိုင်းဒုက္ခရောက်ကြလိမ့်မယ်...."

ထိုသို့ခေါ်ဆိုပြောဆိုပြီးနောက် ထိုနေ့တွင် ပစ္စည်းအတုရောင်းဝယ်ခြင်းပပျောက်ရေးကို အားတက်သရောလုပ်ကြတော့သည်။

အမျိုးသမီးအဖွဲ့ချုပ်ဟာ ထိုသတင်းကိုအလေးအနက်ထားကာ ဈေးအသေးလေးတွင် ထောက်လှမ်းစုံစမ်းကာ ပစ္စည်းအညံ့စားတွေ ရောင်းချတဲ့သူကိုစောင့်ဖမ်းရန် လူတွေကိုချက်ချင်းလွှတ်လိုက်သည်။

တခြားအသင်းမှ အတွင်းရေးမှူးတွေလည်း ကမောက်မ မဖြစ်စေရန် ပစ္စည်းတွေကို အငိုက်ဖမ်းစစ်ဆေးရန် လူတွေကို စေလွှတ်ခဲ့သည်။

ဒီအရာကိုသာ ကောင်းကောင်းလုပ်ထားပါက တကယ့်အစစ်နဲ့မှားသွားနိုင်ကာ သူတို့တွေမျက်စိမှောက်သွားလိမ့်မည်ပင်။ သို့သော် သူတို့သာ အနာအဆာရှိသည့်ပစ္စည်းတွေကိုရောင်းပါက အမျိုးသမီးအဖွဲ့ချုပ်ကို ပြဿနာရှာလိုက်တာ မဟုတ်ဘူးလား? သူတို့တွေက ဘုံအဖွဲ့ရဲ့ လူသိရှင်ကြားရန်သူဖြစ်လာမယ်မဟုတ်လား?"

ချန်ဖန်းရှူ အိမ်ပြန်ရောက်သည့်အခါ သူမ၏မိသားစုအား ဈေးမှပစ္စည်းအတုတွေကို ကူကာစောင့်ကြည့်ပေးခိုင်းပြီး ပစ္စည်းအတုတွေကို ခွဲခြားနိုင်သည့်လမ်းညွှန်ကိုရေးဖို့ ပြင်ဆင်လိုက်သည်။

လူတိုင်းအလုပ်ရှုပ်နေသည့်အချိန် ရှောင်လု‌ထောင်ကတော့ အိမ်ထဲတွင်ဘဲ ရက်အတော်ကြာနေနေခဲ့ကာ နောက်ဆုံးတွင် ကစားရန် သူမရဲ့သူငယ်ချင်းတွေဆီကနေ ခေါ်ထုတ်ခံလိုက်ရသည်။

ထန်ရှောင်‌ယွဲ့၏ ထင်ရှားသည့် ကျစ်ဆံမြီးတွေကိုကြည့်ရင်း အာ့ဝူလင်မှာ ရင်ထဲအရမ်းလှုပ်ရှားသွားရသည်။ [အခုကနေစပြီး၊ မင်းက ထောင်ထောင်ရဲ့ နံပါတ် ၁ သူင်ူချင်းဘဲ။ မင်းရဲ့ အခက်အခဲတွေကိုမကြောက်၊ လူတွေကိုအခက်အခဲကနေ ကယ်တင်တတ်တဲ့ စိတ်က သင်ယူဖို့ထိုတန်တယ်]

သေချာပေါက်ကို၊ ‌ထန်ရှောင်ယွဲ့ကတော့ ဒါကိုမကြားရကာ၊ လုထောင်ကို တူတူပုန်းတမ်းဘယ်လိုကစားရမလဲဆိုတာ ရှင်းပြပေးနေသည်။ "လိုက်ဖမ်းရမယ့်လူက မျက်လုံးကိုမှိတ်ပြီး နံပါတ်တွေရေနေရမယ်။ တခြားသူတွေကတော့ သူနံပါတ်တွေ ရေနေတုန်းမှာ ပုန်းဖို့နေရာရှာရမယ်..."

အထိမ်းအမှတ်သစ်ပင်က သူမဆုတောင်းတွေဟာ နားလည်ရခက်သည့်နေရာကနေ အမြဲတမ်းဖြစ်လာကာ၊ သူမလိုချင်တဲ့ ဆံပင်ကောက်ကောက်လေးတွေ မရပေမယ့်လည်း သူမက လုထောင်နဲ့အတူ နာမည်ဖွက်ကာ သူ့ရဲ့ညီမလေးတစ်ယောက်လို လုထောင်နဲ့ကစားသည်။

သို့ပေမယ့် ရှောင်လုထောင်ကတော့ သူမဘာပြောလဲဆိုတာ နားမလည်ပေမယ့် အလေးအနက်ပုံစံနဲ့ ခေါင်းညိတ်ပြနေ၏။

ထန်ရှောင်ယွဲ့ ပြောလို့ပြီးတဲ့နောက် သူမက မျက်လုံးတွေကိုပိတ်ကာ စတင်ရေတွက်တော့သည်။ လုထောင်မှာ ဘေးနားတွင် လိုက်ပတ်သွားနေကာ ဘယ်နေရာမှာသွားပုန်းရမှန်းမသိဖြစ်နေသည်။

[ဟိုမှာ ဝါးခြင်းတောင်းတစ်လုံးရှိတယ်] အာ့ဝူလင် သူမကိုသတိပေးလိုက်သည်။

ကလေးမလေးရဲ့မျက်လုံးတွေ တောက်ပသွားကာ ပြေးသွားပြီး ဝါးခြင်းတောင်းထဲ ဝင်လိုက်သည်။

ထန်ရှောင်ယွဲ့ တစ်ဆယ်အထိရေတွက်နေတဲ့အချိန် လုထောင်မှာ ဝါးခြင်းတောင်းကို အမြန်ပိတ်လိုက်ပြီး‌ အထဲတွင်ဆောင့်ကြောင့်ထိုင်လိုက်ကာ အပေါက်ကြားမှ အပြင်ကိုချောင်းကြည့်နေသည်။

အာ့ဝူလင် သူမကိုချီးကျူးလိုက်သည်။ [အရမ်းတော်တယ်၊ ထောင်ထောင်အရမ်းတော်တယ်။ ခဏနေအုံး မလှုပ်နဲ့...]

လုထောင် ခေါင်းညိတ်လိုက်ကာ ပိုပြီးတော့ခပ်နိမ့်နိမ့်နေလိုက်သည်။ သူမရဲ့မျက်လုံးတွေဟာ ဝါးခြင်းတောင်းအောက်တွင် တဖျပ်ဖျပ်လက်နေ၏။

အဲ့ဒီအချိန်၊ ထန်ရှောင်ယွဲ့က ရေတွက်လို့ပြီးသွားကာ လုပ်ရိုးလုပ်စဉ်အတိုင်း အော်ပြောလိုက်သည်။ "ပုန်းနေကြလား?"

ရှောင်လုထောင်မှ ပြန်တောင်မစဉ်းစားဘဲ အကျယ်ကြီးပြန်ဖြေလိုက်သည်။ "ပုန်းနေတယ်!"

နောက်တော့၊ သူမကို အရင်ဆုံးရှာတွေ့သွားတော့သည်။ = =

ဆယ်မိနစ်အကြာ၊ လုထောင်မှာ နောက်ထပ်လိုက်ရှာရမယ့်လူဖြစ်လာပြီး သူမ မျက်နှာပေါ်တွင် စိတ်ရှုပ်နေသည့်အကြည့်ဖြင့် လမ်းတစ်ဖက်တွင်ရပ်နေ၏။

'ထောင်ထောင်က ဖေဖေ့ရဲ့စကားကိုသေချာနားထောင်ပြီး ခြင်းတောင်းထဲမှာပုန်းနေတာကို ဘယ်လိုလုပ်ရှာတွေ့သွားတာလဲ?'

တခြားသူငယ်ချင်းတွေက သူမကိုချန်ထားပြီး သွားပုန်းနေကြတာကိုမြင်တော့ သူမနှုတ်ခမ်းစူကာ ပြောလိုက်သည်။ "ဖေဖေ၊ ဖေဖေ နေရာမှားရှာပေးမိတာလာ?"

အာ့ဝူလင် - [မဟုတ်တာတွေ ပြောနေတာဘဲ၊ ပြီးတော့ ငါ့ကိုနေရာမှားရှာပေးလို့ဆိုပြီး မကျေမနပ်လာပြောနေသေးတယ်! ငါိတိတ်တိတ်ဘဲနေတော့မယ်၊ ကျင်းကျင်းက ဘယ်သူလဲဆိုတာ လာမမေးနဲ့‌တော့]

အဲ့ဒီလိုပြောပြီးနောက်၊ အာ့ဝူလင်ဟာ လုထောင်ဘယ်လောက်ဘဲ သူ့ကိုခေါ်နေပါစေ ဘာအသံမှမထွက်လာတော့ပေ။

အဲ့ဒီအချိန်၊ တစ်ယောက်ယောက်က စိတ်မရှည်ဖြစ်လာကာ အဝေးတစ်နေရာမှနေ အော်ပြောလိုက်သည်။ "ထောင်ထောင်၊ မြန်မြန်ရေလေ!"

ရှောင်လုထောင်လည်း မျက်လုံးတွေကို ပိတ်လိုက်သည်။ "ထောင်ထောင်၊ ထောင်ထောင် စရေပြီ! တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး....."

ငါးအထိရေပြီးနောက် သူမရပ်သွားကာ တိတ်တိတ်လေး မျက်လုံးတစ်ဖက်ကိုဖွင့်လိုက်ပြီး "ငါး....ငါး...အာ ငါးလမ်းမြောက်~ မင်းမှာ လေးလမ်းမြောက်ထပ်ပိုရှိရမယ်...."

 “Puff——”

တစ်ယောက်ယောက်မှာ မနေနိုင်ဘဲ အကျယ်ကြီးအော်ရယ်မိသွားကာ သူ့ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

ရှောင်လုထောင်မှာ နှစ်ကြောင်းဘဲဆိုတတ်ကာ နောက်ထပ် ထပ်မဆိုတတ်တော့ပေ။ သူမ သူမရဲ့လက်ချောင်းလေးကိုကိုက်ကာ အပြင်းအထန်စဉ်းစားတော့သည်။ "ငါး....ငါး...."

အာ့ဝူလင် - [ဂဏန်းတွေကို ရေတွက်တာသင်လို့ ဖေဖေပြောခဲ့တယ်လေ။ ကြည့်ရတာ မှောင်သွားတဲ့အထိ တစ်ဆယ်ရောက်အောင် ရေနိုင်မယ်မထင်ဘူး]

"တစ်ဆယ်?" လုထောင်မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ကာ သူမစိတ်ထဲ အကြံတစ်ခုရောက်လာသည်။ "ဟုတ်တယ် တစ်ဆယ်! ထောင်ထောင် တစ်ဆယ်ရေပြီးပြီး! ထောင်ထောင်ရေလို့ပြီးပြီ!"

အာ့ဝူလင် - [....]

ကလေးမလေးမှာ သူ ကလိမ်ကျနေမိမှန်း လုံးဝမသိပါချေ။ ပြောပြီး‌တဲ့နောက် သူမက ချက်ချင်းပျော်ပျော်ရွှင်ရွှင်ဖြင့် မေးလိုက်သည်။ "ပုန်းနေကြလား?" ထို့နောက် လိုက်ရှာ‌တော့သည်။

သူမ လိုက်ရှာတဲ့အချိန်မှာတောင် မရိုးသားတဲ့နည်းလုပ်ခဲ့သေးသည်။ သူမသည် မျက်စိတစ်ဖက်ကိုပိတ်ကာ တစ်ဖက်ကိုဖွင့်ပြီး လက်နှစ်ဖက်ကိုသုံးကာ ပတ်ပတ်လည်ကို လိုက်ရှာဟန်ပြုသည်။

သူမမေးပြီးသည်နှင့် အရင်ကသူမပုန်းခဲ့သည့် ဝါးခြင်းတောင်းဆီ ချက်ချင်းပြေးကာ မလိုက်သည်။ "ထောင်ထောင်ကိုတွေ့ပြီ!"

ဝါးခြင်းတောင်းအောက်တွင် ဘယ်သူမှမရှိပေ။

"မရှိဘူးလား?" ကလေးမလေးမှာ နားမလည်နိုင်ဖြစ်သွားပြီး အဝေးကိုတိတ်တိတ်လေး ကြည့်လိုက်သည်။

"အဲ့ဒီက ခြုံပုတ်နောက်မှာ ပုန်းနေတာများလား?"

လုထောင် ခြုံပုတ်တွေနားကို ထပ်ပြေးသွားပြီး ပေါင်းပင်တွေကို ဖယ်လိုက်တော့ အဖြူရောင်ငန်းကြီးတစ်ကောင်နဲ့ မျက်လုံးခြင်းဆုံသွားသည်။

ဒါကိုထည့်တွက်လို့ မရဘူးမလား?

သူမ နှစ်စက္ကန့်လောက်တုံ့ဆိုင်းသွားပြီး လက်ကိုထုတ်ကာ ငန်းကိုနှုတ်ဆက်လိုက်သည်။ "ငန်း ငန်း ငန်းလေး ကောင်းကင်ဆီ လည်ပင်းမော့ပြီး သီဆိုနေ"

အာ့ဝူလင် - [ အဲ့ဒါကိုမမေ့သွားဘူးပေါ့လေ? ဘယ်လိုလုပ် အလွတ်ဆိုနိုင်တာလဲ? မဖြစ်ဘူး၊ ထောင်ထောင် သတိထား!]

သူ စကားမဆုံးခင်မှာဘဲ ငန်းကြီးဟာ လည်ပင်းကိုဆန့်ကာ အော်လာသည်။ ထို့နောက် တောင်ပံကိုခတ်ကာ လုထောင်ဆီ ထိုးဝင်လာသည်။

ကျေးလက်များရှိ ငန်းကြီးတွေ ရူးသွပ်သွားပါက သူတို့ဟာ ရက်စက်ကြမ်းကြုတ်လာပြီး သူတို့ရဲ့နှုတ်သီးတွေဖြင့် လူကြီးတွေကိုတောင် ဒဏ်ရာရနိုင်အောင် ထိုးဆိတ်နိုင်သည်။

ရှောင်လုထောင်မှာ အော်ဟစ်ကာ လှည့်ပြေးတော့သည်။ "ဖေဖေ ဖေဖေ သမီးကိုကယ်ပါအုံး!"

သူမ ငန်းအလိုက်ခံနေရကြောင်း တခြားကလေးတွေမြင်တဲ့အခါ သူတို့လည်း ဆက်ပြီးပုန်းမနေတော့ဘဲ ငန်းကိုမောင်းထုတ်ရန် ဝါးလုံးတွေဘာတွေဖြင့် ကူမောင်းပေးကြသည်။

သို့ပေမယ့် ငန်းကြီးဟာ အရမ်းကိုဇွဲကောင်းလှသည်။ သူဟာ မျက်စိဖမ်းစားနိုင်တဲ့ ဆံပင်ကောက်ကောက်နဲ့ကလေးမလေးနောက်ကိုဘဲ ဆက်လိုက်နေကာ သူမရဲ့တင်ပါးကို အကြိမ်နဲ့အမျှ လိုက်ဆိတ်နေသည်။

လုထောင်မှာ ကြောက်လန့်တကြားဖြင့် သူမရဲ့တင်ပါးကိုကာ ကာ ထွက်ပြေးတော့သည်။ "မလုပ်နဲ့၊ မလုပ်နဲ့! ထောင်ထောင်ကို မကိုက်နဲ့!"

[တင်ပါးကိုကာနေမှတော့ မြန်မြန်ပြေးလို့ရပါ့တော့မလား?] အာ့ဝူလင်ရဲ့အသံက အရမ်းကိုဒေါသထွက်နေသည်။

ကလေးမလေးလည်း သူမရဲ့တင်ပါးကိုကာထားတာဖယ်လိုက်ပေမယ့် နောက်တစ်စက္ကန့်မှာဘဲ သူမထပ်ပြီး ကာလိုက်ပြန်သည်။ သူမရဲ့အသံဟာ ငိုသံတွေဖြင့်ပြည့်နေသည်။ "ဖေဖေ ဖေဖေ သမီးကိုကယ်ပါအုံး!"

[ဘယ်လိုကယ်ရမှာလဲ? ငါ့အားတွေ အခုမှဖြည့်ထားတာ၊ ငန်းကိုမောင်းဖို့ အကုန်လုံးကို သုံးခိုင်းလို့မရဘူးလေ၊ ဟုတ်ပြီလား?]

ငန်းကြီးဟာ သူငယ်ချင်းတွေလုပ်ထားတဲ့အတားအဆီးဆီ အပြေးအလွှားရောက်လာပြီး လုထောင်ရဲ့တင်ပါးကို နမ်းမိတော့မယ့်အချိန် အာ့ဝူလင်က ရုတ်တရက်အော်လာသည်။ [မြန်မြန်! ထောင်ထောင်! အရှေ့ကအိမ်တံခါးပွင့်နေတယ်၊ အိမ်ထဲမှာဝင်ပုန်းလိုက်!]

ကလေးမလေးမှာ နှစ်ခါပြန်မမေးဘဲ သူပြောတဲ့ဘက်ဆီ အပြေးအလွှားသွားတော့သည်။ "အားး ကယ်ကြပါအုံး!"

ယနေ့ကျောင်းပိတ်သည့်အတွက် ယန်ဖုချင်ဟာ အိမ်ရှိအိပ်ယာခင်းတွေကို ချွတ်ပြီး မြစ်တွင်သွားလျှော်သည်။

သူမသည် လက်တစ်ဖက်တွင် ဇလားကိုကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် တံခါးဖွင့်လိုက်သည်။ သူမခြံထဲဝင်ဖို့လုပ်နေတုန်းမှာဘဲ ကိုယ်သေးသေးလေးတစ်ခုဟာ အော်ဟစ်ရင်း အရင်ပြေးဝင်လာသည်။

ယန်ဖုချင် ကြောင်သွားသည်။ သူမ မတုံ့ပြန်မိခင် တစ်ဖက်လူက လှည့်ကာတံခါးကိုပိတ်လိုက်သည်။

နောက်တစ်စက္ကန့်မှာဘဲ ငန်းကြီးဟာ တောင်ပံခတ်ရင်း တံခါးနှင့်တိုက်မိသွားသည်။

တိုက်မိတာကြောင့် ငန်းဟာ အနည်းငယ်မူးဝေသွားသည့်ပုံပင်။ ခေါင်းစောင်းကာ ယိမ်းထိုးနေပြီး နေရာမှာဘဲ နှစ်ကြိမ်လောက် လည်သွားသည်။

နေရာမှာဘဲ မလှုပ်မယှက် လဲနေတာကိုမြင်တော့ ယန်ဖုချင်လက်ထုတ်ကာ တံခါးကိုခေါက်လိုက်သည်။ "ထောင်ထောင်၊ ထောင်ထောင်လား?"

အတော်ကြာပြီးတဲ့နောက်၊ ခြံတံခါးက အသာပွင့်လာကာ အရည်ကြည်လဲ့နေသည့် စပျစ်သီးလိုမျက်လုံးတွေပေါ်လာသည်။

ငန်းကြီးဟာ မြေပြင်ပေါ် လဲနေတာမြင်‌တော့ ရှောင်လုထောင်ရှိုက်ကာ 'ဘမ်း' ခနဲတံခါးကိုထပ်ပိတ်လိုက်သည်။

၎င်းဟာ ရယ်စရာကောင်းကြောင်း ယန်ဖုချင်ခံစားလိုက်ရကာ ပြောလိုက်သည်။ "သမီးက ငန်းကိုကြောက်နေတာလား? ဒေါ်ဒေါ်က ‌ကူမောင်းပေးမှာပေါ့"

"တကယ်လာ?" ရှိုက်နေသည့် ကလေးသံလေးဟာ တံခါးတစ်ဖက်ကနေထွက်လာသညိ။

"တကယ်"

မိနစ်အနည်းငယ်အကြာ၊ မူးနေတဲ့ငန်းကို ယန်ဖုချင်မောင်းလိုက်ကာ နောက်ဆုံး အိမ်ထဲအောင်အောင်မြင်မြင်နဲ့ ဝင်နိုင်သွားသည်။

ကလေးမလေးဟာ ကြောင်လေးတွေလို ငိုနေတာမြင်တော့ သူမအဝတ်‌ဇလားကိုချကာ သူမမျက်နှာကိုသစ်ပေးလိုက်သည်။

အတွင်းဘက်အခန်းထဲမှာ ရှိနေတဲ့ဝေချောင်မှာ ဆူညံသံကိုကြားတော့ ထွက်လာပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "သူဘာဖြစ်တာလဲ?"

"မားလဲမသိဘူး" ယန်ဖုချင်ပြောလိုက်သည်။ "ငန်းအလိုက်ခံရတာနေမယ်"

"ငန်းအလိုက်ခံရတယ်?"

လုထောင် နှုတ်ခမ်းစူကာ ခေါင်းညိတ်လိုက်သည်။ "ငန်းကအရမ်းကြမ်းတမ်းတာ။ ထောင်ထောင့်တင်ပါးကိုကိုက်သွားတယ်"

အခုတော့ဝေချောင်မှာ သိသိသာသာကိုအနည်းငယ်စိုးရိမ်လာသည်။ "ညီမလေးက သူ့ကိုကိုက်လိုက်လို့လား?"

သူဒီလိုမေးတာကိုကြားတော့၊ ကလေးမလေးမှာ တစ်ခဏလောက်ကြောင်သွားပြီး သူမတင်ပါးကို ထိလိုက်သည်။ "ကြည့်ရတာ၊ ကြည့်ရတာ၊ သမီးမကိုက်ခဲ့ပါဘူး"

ဝေချောင်စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။ "တော်သေးတာပေါ့"

ယန်ဖုချင်က လုထောင် မျက်နှာကို သုတ်ပေးလိုက်ကာ သူမကိုအိမ်ထဲခေါ်သွားပြီး မျက်နှာလူးခရင်မ်နည်းနည်းလိမ်းပေးလိုက်သည်။

လုထောင် နှာခေါင်းလေးကိုရှုံ့ကာအနံ့ခံလိုက်ပြီး သူမရဲ့မျက်လုံးတွေဟာ လခြမ်းကွေးလေးလို ကွေးညွတ်သွားသည်။ "ရှန့်ရှန့်"

"ဒေါ်ဒေါ်သိတယ်၊ ရှန်းရှန်းလေ၊ မငိုနဲ့တော့" ယန်ဖုချင် သူမရဲ့ခေါင်းလေးကိုပွတ်လိုက်သည်။ "သမီးရဲ့ကိုကိုဝေချောင်နဲ့ သွားကစား သွား"

လုထောင်ခေါင်းညိတ်ပြလိုက်ကာ စားပွဲခုံဆီပြေးသွားလိုက်ပြီး ခြေဖျားထောက်ကာ စားပွဲပေါ်ကိုကြည့်လိုက်သည်။ "ကိုကိုဝေချောင်၊ ဘာလုပ်နေတာလဲ?"

"စာရေးနေတာ"

ဝေချောင်က စုတ်တံအသေးလေးကိုကိုင်ကာ မင်ထဲနှစ်လိုက်ပြီး လေ့ကျင့်ခန်းစာအုပ်အဟောင်းထဲတွင် "ယုံ" ဆိုသည့်စကားလုံးကို သေသေသပ်သပ် ရေးလိုက်သည်။

"မိုက်လိုက်တာ!"

လုထောင်မှာ မျက်တောင်မခတ်တမ်း တစ်ခဏလောက်ကြည့်နေပြီး သူမမျက်လုံးတွေဟာ မင်တွေပြည့်နေသည့် ဆေးပုလင်း အောက်ခံပန်းကန်ဆီကနေ ဆွဲဆောင်ခံလိုက်ရသည်။ " ကိုကို၊ အဲ့ဒါကဘာလဲဟင်?"

"မင်လေ" ဝေချောင်ပြောလိုက်သည်။ "ကဗျာတွေ နှစ်သစ်ကူးကျရင် "ဖု" ဆိုတဲ့စကားလုံးတွေ ရေးရင်သုံးတဲ့ဟာ"

"အဲ့ဒါက မှင်ပေါ့"

ကလေးမလေးက လက်ဆန့်ကာ သိချင်စိတ်ဖြင့်ထိကြည့်လိုက်သည်။ သူ မတားတာကိုမြင်တော့ သူမရဲ့နှုတ်ခမ်းနားဆီ ပုလင်းအောက်ခံကိုယူလိုက်သည်။

သူမ သောက်ဖို့လုပ်နေတာလို့ ဝေချောင်ထင်သွားကာ တားဖို့လုပ်လိုက်ပေမယ့် သူမက အနံ့ခံကြည့်ပြီး ပုလင်းအောက်ခံကို စားပွဲပေါ်ပြန်ချလိုက်သည်။ "နံတယ်"

ကလေးမလေးက သဘောမကျတဲ့အကြည့်ဖြင့် နှာခေါင်းကိုတွန့်ကာ လက်လေးနဲ့ယပ်ခတ်လိုက်သည်။

ဝေချောင် သူမကိုကြည့်လိုက်ပြီး သူ့ရဲ့မက်မွန်ပွင့်မျက်လုံးတွေထဲ အပြုံးတစ်ပွင့်ပေါ်လာသည်။ "စာဘယ်လိုရေးမလဲဆိုတာ သင်ချင်လား?"

ကလေးမလေးဟာ "永" ဆိုတဲ့စကားလုံးကို ခြေဖျားထောက်ကြည့်လိုက်ပြီး နောက်တော့ မင်ကိုကြည့်ကာ ခေါင်းခါလိုက်သည်။ "ထောင်ထောင်က နံတဲ့ဟာတွေကိုမကြိုက်ဘူး"

သူမဟာ မွှေးပြီးလှပသည့်အရာတွေကိုသာ သဘောကျသည်။

ရှန်းရှန်းကို တွေးမိတော့ လုထောင် သူမရဲ့မျက်နှာလေးကို လက်လေးနဲ့ထပ်တို့ကာ စိတ်ကျေနပ်သလိုပြုံးလိုက်သည်။

သူမဟာ တကယ်ချစ်စရာကောင်းသည်ဟု ဝေချောင်ထင်မိကာ အခန်းထဲတွင် နှစ်ယောက်ထဲရှိတာကိုအခွင့်ကောင်းယူပြီး လုထောင်ရဲ့ပါးလေးကိုညှစ်လိုက်သည်။

သူ့လက်ချောင်းကြားက ပန်းရောင်နူးနူးညံညံ့ပါးလေးဟာ နူးညံ့ပြီးချောမွတ်နေကာ ထိလို့လည်းကောင်းသည်။

ဝေချောင်ရဲ့ မက်မွန်ပွင့်လိုမျက်လုံး‌တွေဟာ တဖျပ်ဖျပ်တောက်လာပြီး မနေနိုင်ဘဲ ထပ်ညှစ်မိပြန်သည်။

တကယ် တကယ်နူးညံ့နေတာပဲ၊ စိတ်ကူးထားတဲ့အတိုင်း နူးညံ့နေတာဘဲ!

ဝေချောင် သူမကိုမလွှတ်ပေးချင်ပေမယ့် အကြိမ်များစွာဆက်တိုက်အညှစ်ခံနေရတဲ့ ရှောင်လုထောင်မှာ မကျေမနပ်ဖြစ်လာကာ ခေါင်းစောင်းပြီးရှောင်လိုက်သည်။ "ထောင်ထောကို မညှစ်နဲ့..."

မမျှော်လင့်ထားစွာနဲ့ သူမရှောင်လိုက်တာကြောင့် သူမရဲ့ဆံပင်ကောက်ကောက်လေးတွေဟာ စားပွဲပေါ်က မှင်ခွက်နဲ့တိုက်မိသွားသည်။ ခွက်ဟာ သိပ်မလေးတာကြောင့် ခွက်ရော မှင်ရော သူမခေါင်းပေါ် ကျသွားတော့သည်။

ကလေးနှစ်ယောက်မှာ တစ်ချိန်တည်းမှာဘဲ ကြောင်အသွားကြသည်။

နှစ်စက္ကန့်အကြာ၊ ကလေးမလေးသည် လက်ကိုဆန့်ကာ သူမ ခေါင်းအနောက်ကို ထိကြည့်လိုက်တော့ မည်းသွားသည်။

သူမ လုံးဝအံ့အားသင့်နေတာကို ဝေချောင်မြင်တော့ သူတစ်ခုခုရှာပြီး သူမကို ကူသုတ်ပေးဖို့လုပ်လိုက်သည်။

ကလေးမလေးက အော်ပြောလာ‌တော့သည်။ "ဆံပင်! ထောင်ထောင့်ဆံပင်တွေ ‌ပေကုန်ပြီ _ _"

All Chapters