← Chapters

Chapter 37

Vol. 4 Ch. 37

Chapter 37

Vol. 4 Ch. 37

ယန်ဖုချင်အိပ်ရာခင်းတွေကို အပြင်တွင် လှန်းနေတုန်း လုထောင်က အော်ငိုလာကာ သူမကို ရယ်မိစေသလို ကူကယ်ရာမဲ့သလိုလည်း ဖြစ်သွားစေသည်။

ထိုအမည်းရောင်တွေဟာ မင်တွေဖြစ်ကာ ဆံပင်ကိုမပျက်စီးစေကြောင်း သူမအချိန်အတော်ကြာရှင်းပြလိုက်ပြီးမှ ကလေးမလေးမှာ ငိုတာနည်းနည်းရပ်သွားကာ ရှိုက်ရင်းဖြင့် မေးလာသည်။ "တကယ်လားဟင်? ထောင်ထောင်ရဲ့ဆံပင်တွေ အဖြူရောင် မပြောင်းသွားဘူးပေါ့"

"မပြောင်းဘူး" ယန်ဖုချင် သူမကို အခိုင်အမာပြောလိုက်သည်။

သူမ မယုံသေးတာကိုမြင်တော့ ဝေချောင်က မှန်တစ်ချပ်ယူလာကာ သူမကိုပြလိုက်သည်။

ကလေးမလေးတော့ နောက်ဆုံးငြိမ်သွားလောက်ပြီလို့ သူထင်ခဲ့ပေမယ့် လုထောင်မှန်ကြည့်လိုက်တဲ့အခါ ကြောက်လန့်ပြီး ကျို့ထိုးလာကာ ထပ်ပြီး အော်လာပြန်သည်။ "ထောင်ထောင်၊ ထောင်ထောင်ရဲ့မျက်နှာတွေ မည်းသွားပြီ! ထောင်ထောင်တော့ ရုပ်ဆိုးတဲ့မကောင်းဆိုးဝါးကြီးဖြစ်သွားပြီ!"

သားအမိနှစ်ယောက်မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကာ သူမမျက်နှာနဲ့ ဆံပင်ကို ကူဆေးကြောပေးလိုက်ပြီး နောက်ဆုံး၌ သူမ တိတ်သွားအောင် ချော့နိုင်လိုက်သည်။

သို့ပေမယ့် ကလေးမလေးဟာ မှင်နံ့ကိုတော့ သိသိသာသာကိုမုန်းသွားသည်။ သူမရဲ့ဆံပင်ကို နှာခေါင်းရှေ့သို့ဆွဲကာ အကြိမ်နဲ့အမျှ နမ်းကြည့်နေသည်။

ယန်ဖုချင်‌ ရယ်လိုက်သည်။ "ဒေါ်ဒေါ် သမီးကိုဆပ်ပြာနဲ့ဆေးပေးပြီးပြီ၊ မပေတော့ဘူး"

လုတထာင် ခေါင်းညိတ်လိုက်ပြီး အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ ဒေါ်ဒေါ်"

"ရပါတယ်၊ ထ ယန်ဖုချင်ပြုံးကာ ပုဝါယူလိုက်သည်။ "လာ၊ ဒေါ်ဒေါ် သမီးကို ထပ်သုတ်ပေးမယ်"

ထိုအချိန် ဝေချောင်က လက်ဆန့်လိုက်သည်။ "သားလုပ်ပေးမယ်"

သူ့ကြောင့်သာမဟုတ်ရင် လုထောင်ခေါင်းဟာ မှင်တွေပေကုန်မှာ မဟုတ်ဘူးလို့ ခံစားနေရကာ အနည်းငယ်အပြစ်ရှိသလို ခံစားနေရသည်။

သို့ပေမယ့် မျက်နှာညှစ်ရတာကြိုက်တဲ့အရူးက သူမဆံပင်ကို ထိမယ်လို့ကြားတော့ လုထောင်က ချက်ချင်းသူမခေါင်းကိုဖက်ကာ ‌ပြောလိုက်သည်။ "ဟင့်အင်း၊ မလုပ်နဲ့! ဒေါ်ဒေါ့်ကိုပဲ သုတ်စေချင်တယ်!"

သူမ ဝေအိမ်ကနေ ပြန်တဲ့အချိန်မှာတောင်မှ ဝေချောင်ကို လိုက်မပို့‌ခိုင်းဘဲ နှုတ်ခမ်းစူကာသူ့ဘာသာသူပြေးသွားသည်။

ယန်ဖုချင် သူမကိုကြည့်ကာ သူမရဲ့သားကို အပြုံးဖြင့်ပြန်ကြည့်လိုက်သည်။ "သွားပြီ၊ ထောင်ထောင်တော့စိတ်ဆိုးသွားပြီ"

"စိတ်ဆိုးသွားပြီဆိုတော့လဲ စိတ်ဆိုးပေါ့" ဝေချောင် နှုတ်ခမ်းကို တင်းတင်းစိကာ အိမ်ထဲပြန်လှည့်ဝင်သွားသည်။ "လက်ရေးလှသွားကျင့်တော့မယ်"

"ထောင်ထောင်ကို သွားမချော့ဘူးလား?"

"ဟင့်အင်း"

ဝေချောင်က တန်းဖြေလိုက်သော်လည်း နှစ်စက္ကန့်အတွင်းမှာဘဲ အမူအရာမဲ့သည့်မျက်နှာနှင့်အတူ ခန်အပေါ်တက်လိုက်ပြီး သူ့ဗီရိုထဲလှန်လှောရှာဖွေလိုက်သည်။

အိမ်ဆောက်တဲ့အတုံးတွေ၊ အရုပ်ဆက်တဲ့ဟာတွေ၊ သစ်သားကားတွေ၊ ရုပ်ပုံစာအုပ်တွေ၊ ကာတွန်းစာအုပ်တွေ......

ဒီဟာတွေအားလုံးကို ထုတ်လိုက်ကာ ထောင်ထောင် ဘယ်ဟာကိုကြိုက်လဲဆိုတာ သူ မသိပါချေ။

ကလေးတွေရဲ့ မှတ်ဉာဏ်ဟာတစ်ခဏပင်။ ဆံပင်ပေသွားသည့်အခါ ရှောင်လုထောင်တစ်ယောက် သူ့ကို ငန်းဖြူကြီး လမ်းတွင်လိုက်ခဲ့တဲ့အကြောင်း မေ့သွားတော့သည်။

သူမက ‌လျှောက်လာရင်း တွေးနေသည်။

'ကိုကိုဝေချောင်တို့အိမ်ကို ကစားဖို့ ဘယ်တော့မှထပ်မသွားတော့ဘူး။ ကိုကိုဝေချောင်ရဲ့အိမ်မှာ မှင်နံနံလဲရှိတယ်၊ ပြီး‌တော့ထောင်ထောင်ရဲ့မျက်နှာကိုလဲ ညှစ်တယ်။'

'မဟုတ်ဘူး၊ ကိုကိုဝေချောင်တို့အိမ်ကို ဒီနေ့တစ်ရက်ဘဲ သွားမကစားတော့ဘူး။ သူ၊ သူ...'

ကလေးမလေးဟာ မျက်မှာကိုမော့လိုက်ပြီး သူမရဲ့မျက်လုံးကြီးကြီးတွေနှင့် ပတ်ပတ်လည်ကို တွန့်ဆုတ်စွာဖြင့်ကြည့်လိုက်သည်။

နောက်တော့၊ တောက်ပနေတဲ့ ငန်းမျက်လုံးတွေနဲ့ အကြည့်ချင်း ဆုံသွားတော့သည် = =

ချန်ဖန်းရှုဆီကနေ စီးပွါးရေးခိုးယူနိုင်ရန်အတွက် ရှုမိသားစုသည် တခြားသူတွေဆီမှ ဦးထုပ်စုစုပေါင်း ငါးလုံးဝယ်ခဲ့သည်။

ပိုက်ဆံ လေး၊ ငါးယွမ်လောက် ကုန်သွားတာကိုမြင်တော့အမျိုးသမီးရှုရဲ့မျက်လုံးတွေဟာ သတ်ဖြတ်ချင်တဲ့အရိပ်အယောင်တွေ ပြောင်းလာတော့သည်။ နောက်ဆုံး၊ တတိယချွေးမဟာ ဆင်တူသည့် ဦးထုပ်တစ်လုံးဖြင့်ရောက်လာသည်။

အမျိုးသမီးရှုနှင့် သူမ၏ချွေးမနှစ်ယောက်သည် ဦးထုပ်ကိုသေချာကြည့်လိုက်တော့ အရမ်းကောင်းနေကာ အနည်းဆုံး ၇၀%လောက်ဆင်တူကာ ၎င်းကိုရောင်းချလျှင် ဘာပြဿနာမှမရှိလောက်ပေ။

ဒီတော့ အမျိုးသမီးရှုသည် ဘုံအဖွဲ့တွင် အလုပ်လုပ်နေသည့် သူမ၏အကြီးဆုံး သမက်နှင့်ဆက်သွယ်ကာ သူ့ရာထူးကိုသုံး၍ မိသားစုစီးပွါးရေးအား ကူညီပေးရန်မေးလိုက်သည်။

တတိယချွေးမကတော့ မီးဖွားပြီးခါစဖြစ်သည့်အတွက် တာဝန်မယူရပေ....

သူမက မြေးလေး မမွေးပေးနိုင်သလို ပိုက်ဆံပါမရှာပေးနိုင်မှတော့ ဘာသုံးစားလို့ရမှာလဲ?

"ပစ္စည်းတွေကို ပို့ပေးဖို့ တစ်ယောက်ယောက်ကို မှာထားတယ်။ ဒီဦးထုပ်ဆယ်လုံးကို အရင်ယူထားလိုက်။ နင်ကဆက်ရက်နေ"

အမျိုးသမီးရှုသည် ကောက်ရိုးဦးထုပ်ဆယ်လုံးကိုပုံထားလိုက်ပြီး သူများတွေ တွေ့သွားမှာစိုးသည့်အတွက် ချိုင်းကြားတွင် ညှပ်ထားလိုက်ပြီး အပြင်သွားရန်ပြင်လိုက်သည်။

တတိယချွေးမဖြစ်သည့် ရှုလောင်စန်း၏ ဇနီးဟာ သူမရဲ့ ငိုနေသည့်သမီးလေးကိုပုတ်ရင်း ဒါကိုကြားသည့်အခါ သူမရဲ့မျက်နှာဟာ မပျော်မရွှင်ဖြစ်သွားသည်။ "အမေ၊ ဘာတွေအလျင်လိုနေတာလဲ?"

"ငါတို့သာ အမြန်မလုပ်ရင် ချန်မိသားစုအိမ်က ကောင်မလေးကို ဘယ်လိုလုပ် အနိုင်ပိုင်းနိုင်မှာလဲ? " အမျိုးသမီးအိုကြီးရှုက သူမကို သဘောမကျသလို စွေစောင်းကြည့်လိုက်သည်။ "အကြီးဆုံးသားမက်က ငါတို့ကို ကူပေးဖို့လွယ်တယ်လို့ထင်နေတာလား? ဘာလဲ? ငါက နင့်ကိုအလုပ် နည်းနည်းလောက်ခိုင်းတာကို သဘောမကျဘူးလား?"

"မဟုတ်ပါဘူး"

"မဟုတ်ရင်လဲ မြန်မြန်လုပ်။ ကလေးမွေးထားတယ်ဆိုပြီး‌တော့ နင့်ကိုယ်နင် ဘုရင်မလို့ထင်မနေနဲ့။ ငါ့ရဲ့တတိယ‌ကလေးကို မွေးတုန်းကဆို ငါ့မှာမီးတွင်းထဲနေဖို့တောင် အချိန်မရှိဘူး"

အမျိုးသမီးရှုဟာ ဦးထုပ်ကိုကိုင်ကာ သွားရင်းတတွတ်တွတ်ရွတ်နေ၏။ "ဒီဦးထုပ်ဆယ်လုံး ရောင်းပြီးရင် ပိုက်ဆံပြန်ရလောက်ပြီ။ ယောက်ျားသေထားတဲ့ ကံမကောင်းတဲ့ ချန်ဖန်းရှုကို ငါတို့အသင်းကထဲက ဘယ်သူမှ အနိုင်မယူနိုင်ဘူးဆိုတာ ငါမယုံဘူး..."

ရှုလောင်စန်း၏ဇနီးမှာ ဘာမှမပြောလိုက်ပေ။ သူမယောက္ခမရဲ့ ခြေသံတွေ တဖြည်းဖြည်းဝေးသွားတဲ့အထိကိုစောင့်ပြီးမှ သူမနားရှိ တစ်ဝက်တစ်ပျက်ရက်ထားသည့်ဦးထုပ်ကိုယူကာ ခန်‌အပေါ် ရိုက်ပစ်လိုက်သည်။ "အနိုင်ကျင့်တာလွန်လွန်းတယ်! သူ၊ သူ အနိုင်ကျင့်တာအရမ်းလွန်နေပြီ! သားတစ်ယောက် မမွေးပေးနိုင်ရုံလေးဘဲလေ!"

သူမမျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်ကာ သူမသမီးရဲ့မျက်နှာကို နမ်းလိုက်သည်။ "မငိုနဲ့ အားရာ၊ သူက သမီးကိုဂရုမစိုက်ပေမဲ့ မေမေကတော့ ဂရုစိုက်တယ်။ သမီးက သမီးလေးဖြစ်နေလို့ မေမေကတော့ စိတ်ထဲမထားဘူး"

အမျိုးသမီးရှုကတော့ ဒီအကြောင်းတွေကို ဘာမှမသိဘဲ အနိုင်ရသလို အပြင်ထွက်သွားသည်။

မမျှော်လင့်ထားစွာနဲ့၊ သူမသိပ်ဝေးဝေးတောင်မလျှောက်ရသေးပေ၊ တစ်ယောက်ယောက်က ရုတ်တရက်အော်ပြောလာသည်။ "မလှုပ်နဲ့" သူမလန့်သွားသည်။

အမျိုးသမီးအိုကြီးရှုသည် စိတ်ငြိမ်အောင်ထားလိုက်ကာ အသံလာရာဆီကြည့်လိုက်တော့ ငန်းကိုစိုက်ကြည့်နေသည့် လုထောင်ကိုတွေ့လိုက်ရသည်။

၎င်းဟာ ချန်ဖန်းရှု၏ သုံးနှစ်အရွယ်သမီးလေးဖြစ်ကြောင်းမြင်‌တော့ သူမမျက်လုံးကိုလှိမ့်ကာပြောလိုက်သည်။ "ဘာလဲ!"

လုထောင်မှာ သူ့အသံကြောင့် လန့်သွားကာ သူမကိုအော်လိုက်‌တော့ အသံတွေပါထစ်လာသည်။ "မ မ မဟုတ် မဟုတ်ဘူး! ထောင်ထောင်က ဒီငန်းကြီးကိုအော်နေတာ!"

"နင်က အီးပေါက်သလို အော်နေတာမှမဟုတ်တာ မကျယ်ကြီးလေ....မဟုတ်ဘူး၊ ဒါမမှန်ဘူး" အမျိုးသမီးရှုမှာ သဘောပေါက်သွားသည်။ "ဘယ်သူ့ကို အီးပေါလောလို့လာခေါ်နေတာလဲ?"

သို့ပေမယ့် သူမမတုံ့ပြန်နိုင်ခင်မှာဘဲ ကလေးမလေးဟာ အော်ဟစ်ကာ သူမဆီ အပြေးအလွှားပြေးလာ‌တော့သည်။ "ကယ်ပါအုံး၊ ကယ်ပါအုံး!"

အမျိုးသမီးရှုမှာ သတိလက်လွတ်ဖြစ်သွားကာ တစ်ဖက်ကိုရှောင်လိုက်သည်။ ကံမကောင်းစွာနဲ့ သူမဟာ ပြေးလာနေတဲ့ ထောင်ထောင်ကိုဘဲ ရှောင်နိုင်လိုက်ကာ ဒေါသထွက်နေတဲ့ ငန်းဖြူကြီးကိုတော့ မရှောင်နိုင်လိုက်‌ပေ။ သူမ မြေပြင်ပေါ် ဖင်ထိုင်ရက်ကျသွယးကာ သူမချိုင်းကြားထဲက ဦးထုပ်တွေဟာလည်း မြေပြင်ပေါ် ကျသွားကြတော့သည်။

သူမ ဒေါသအရမ်းထွက်သွားကာ ကျယ်ကျယ်လောင်လောင်ဖြင့် ဆဲရေးတော့သည်။ သူမ လုထောင်ကိုဆွဲကာ ထတော့မယ့်အချိန်မှာဘဲ သူမရဲ့အမူအရာက ရုတ်တရက်ပြောင်းသွားတော့သည်။ "အတွင်းရေးမှူးလျို?"

အတွင်းရေးမှူးလျိုသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ဦးထုပ်တွေကိုကြည့်လိုက်ပြီး သူ့အမူအရာက လုံးဝကြည့်မကောင်းတော့ပေ။

သူသည် ယနေ့ချန်အိမ်သို့သွားကာ ပစ္စည်းအတုရောင်းဝယ်ခြင်း ပပျောက်ရေးအကြောင်းကို ချန်ဖန်းရှုဆီ အဓိကလာပြောပြတာဖြစ်ကာ ချန်ဖန်းရှုဆီမှ ခွဲခြားနည်းကိုလဲ လာကြည့်တာဖြစ်သည်။

နည်းလမ်းတွေကို အသေးစိတ် ရေးထားကာ အသင်းတိုင်းကို မိတ္တူတစ်ခုစီ‌ပေးပြီး အိမ်တွင်ပြန်ဖတ်ခိုင်းလိုက်သည်။ လူတွေ ကောက်ရိုးဦးထုပ်ကိုဝယ်သည့်အခါ ဘယ်ဟာက ချင်းရှန်အသင်းမှလုပ်တာ ဘယ်ဟာကအတုလဲဆိုတာကို ခွဲခြားနိုင်မည်ဖြစ်သည်။

သူ့အလုပ်ကိစ္စပြီးသည့်အခါ အနည်းဆုံး သူတို့အသင်းမှရွာသားတွေသာ ပူးပေါင်းလုပ်ဆောင်ပေးပါက ပစ္စည်းအတုတွေ မထုတ်လောက်တော့ဘူးဟုပြောကာ ချန်ဖန်းရှုကိုနှစ်သိမ့်ခဲ့သည်။

သူပြောပြီးလို့ နှစ်မိနစ်အကြာမှာဘဲ သူ့မျက်နှာဖြတ်ရိုက်ခံလိုက်ရသည်။ သူ့ပုံက ပျော်ရွှင်နေမှဘဲ ထူးဆန်းနေဦးမည်။

လုကွေ့ရင်းလည်း မြေပြင်ပေါ်မှ ဦးထုပ်တွေကိုတွေ့လိုက်ကာ ချက်ချင်း သူမပေါင်ကိုရိုက်လိုက်သည်။ "အိုး၊ ဒီကောက်ရိုးဦးထုပ်တွေက ငါတို့အိမ်က ဟာတွေနဲ့ဘယ်လိုလုပ် တူနေရတာလဲ? အသင်းမှာရောင်းနေတဲ့ အတုတွေက နင်တို့ဟာတွေလား?"

"ဘယ်သူက အတုတွေရောင်းနေလို့လဲ? ဒါတွေက ငါတို့ဘာသာသုံးတဲ့ဟာတွေ"

အမျိုးသမီးရှုမှာ လိပ်ပြာမလုံဖြစ်သွားပြီး ခေါင်းငုံ့ကာဦးထုပ်တွေကို လိုက်ကောက်လိုက်သည်။ သို့ပေမယ့်၊ ငန်းကြီးဟာ ဖြတ်သွားကာ ဦးထုပ်သုံး၊လေးလုံးကိုချီသွားပြီး သူမဘယ်လောက်ဘဲခေါ်ခေါ် ပြန်မလာပါချေ။

သူမ အနောက်ကနေလိုက်ဖို့ ကြိုးစားလိုက်ပေမယ့် ငန်းဟာ သူမကိုပြန်ဆိတ်လာသည်။ တစ်ခဏလောက် နှစ်ဖက်စလုံး မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေ၏။

ဒါကိုရှောင်လုထောင်မြင်တဲ့အခါ အိမ်ကိုလျစ်ခနဲပြန်ပြေးသွားသည်။ "ထောင်ထာင်လွတ်ပြီ!"

အမျိုးသမီးရှု - "......"

အမျိုးသမီးရှုသည် ဦးထုပ်ဆယ်လုံးအား တစ်ခါထဲထပ်လိုက်ကာ အရမ်းကို သံသယဖြစ်စရာကောင်းအောင် ခိုးကြောင်ခိုးဝှက်ဖြင့် အိတ်ဖြင့် ဖုံးလိုက်သည်။

သူမသည် ထိုဦးထုပ်တွေအား သူမအိမ်အတွက် သုံးမယ်ဆိုတာကို အတွင်းရေးမှူးလျိုမယုံပါချေ။ သူသည် မှုန်ကုပ်နေသည့် မျက်နှာနှင့်အတူ သူမရော ဦးထုပ်တွေကိုပါ အသင်းဆီခေါ်သွားကာ ပြောလိုက်သည်။ "ရဲဘော်ဘာဖြစ်တာလဲ? မင်းကို ပစ္စည်းအတုတွေ ရောင်းဝယ်တယ်လို့ သံသယရှိတယ်။ အိုး၊ မင်းအရင်တစ်ခေါက်ကလဲ အနီရောင်လက်ပတ်ကို အတုလုပ်ခဲ့သေးတယ်"

အတွင်းရေးမှူးလျိုသည် သူ၏ကြွေရည်သုတ်ခွက်အား ရေဖြည့်ကာ သူမအား တစ်နာရီလောက်မရပ်မနား ပညာပေးဆုံးမတော့သည်။

ဒီလိုပညာပေးဆုံးမမှုဟာ ပြဿနာဖြစ်စေတော့သည်။

အမျိုးသမီးရှု ပစ္စည်းတွေပို့တာ နောက်ကျတာကြောင့် ဦးထုပ်ကို မှာထားတဲ့သူဟာ စိတ်မရှည်ဖြစ်လာပြီး ချင်းရှန်အသင်းဆီ တန်းသွာတော့သည်။

သူဟာ ၎င်းကို အမျိုးသမီးရှုရောင်းသည့် ပစ္စည်းအတုမှန်းမသိပါချေ။ သူစိတ်ထဲတွင် ၎င်းဟာ ချောင်းရှန်အသင်းမှဦးထုပ်တွေဟု ထင်လိုက်သည်။ သူ ရုံးခန်းဆီတန်းသွားကာ မေးလိုက်သည်။ "ပစ္စည်းတွေကို ဘုံအဖွဲ့က ဈေးအသေးဆီ ပို့ပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား? ငါစောင့်နေရတာ တစ်နာရီကျော်နေပြီ။ ဘာလို့မလာတာလဲ?"

ဘုံအဖွဲ့၏ ဈေးအသေးလေးဟု အတွင်းရေးမှူးလျိုကြားသည့်အခါ သူ့မျက်ခွံတွေ လှုပ်ရှားသွားသည်။ "ဈေးသေးလေးဆီ ပစ္စည်းတွေပို့ပေးမယ်လို့ မင်းနဲ့ဘယ်သူ သဘောတူထားလို့လဲ?"

"ရမ်လေ၊ ဘုံအဖွဲ့ ထောက်ပံ့ပို့ဆောင်ရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူးလေ၊ သူကအရောင်းအဝယ်လုပ်ဖို့ ကူပေးတဲ့သူမဟုတ်ဘူးလား?"

လက်ထောက်ညွှန်ကြားရေးမှူး?

သူ မှတ်မိတာမှန်မယ်ဆိုရင် အမျိုးသမီးရှုရဲ့ အကြီးဆုံးသားမက်ဟာ ဘုံအဖွဲ့ ထောက်ပံ့ပို့ဆောင်လေးဌာနတွင် အလုပ်လုပ်နေကာ ယခုနှစ်၌ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးထားသည်။

အတွင်းရေးမှူးလျိုရဲ့မျက်နှာဟာ အိုးဖင်လို မည်းမှောင်လာသည်။ "လက်ထောက်ညွှန်ကြားရေးမှူးကို ငါတို့က မင်းဆီပစ္စည်းတွေရောင်းဖို့ ပြောခဲ့တာလား?"

အမျိုးသမီးရှုလည်း အခြေအနေ မကောင်းတော့တာကိုမြင်တော့ စကားဖြတ်ပြောလိုက်သည်။ "အဲ့ဒါမဖြစ်နိုင်ဘူး။ ညွှန်ကြားရေးမှူးရမ်က ငါတို့အသင်းကမှ မဟုတ်တာ သူကငါတို့ကိုဘာလို့ကူပေးမှာလဲ? ရဲဘော်၊ ရှင်မှားနေတာဖြစ်မယ်"

ထိုလူဟာ စောင့်ရတာစိတ်မရှည်တော့သလို သူမဟာ ဘာအကြောင်းမှမရှိဘဲ စကားဖြတ်ပြောလာတာကြောင့် မပျော်မရွှင်ဖြစ်လာသည်။ "ဘာလို့ သူမလုပ်နိုင်ရမှာလဲ? သူ့ယောက္ခမတွေက ခင်ဗျားတို့အသင်းက မဟုတ်ဘူးလား? ဘာလဲ၊ ခင်ဗျားတို့ရဲ့အကြွေးတွေကို မဆပ်ချင်လို့လား?"

အခုတော့၊ အမျိုးသမီးရှုမှာ ရှင်းပြဖို့ နည်းလမ်းမရှိတော့ပေ။ အတွင်းရေးမှူးလျိုက သူမကို ဘုံအဖွဲ့ရှိဈေးအသေးတွင် ပစ္စည်းအတုတွေ ရောင်းသည့်သူဟု တိုက်ရိုက်အတည်ပြုလိုက်သည်။

အတွင်းရေးမှူးလျိုသည် သူမအား ထိုလူသို့ပိုက်ဆံပြန်ပေးခိုင်းလိုက်ပြီး အခြေအနေကို အသေးစိတ်ရှင်းပြကာ ထိုလူအား လိုက်ပို့ပေးပြီးနောက် ဘုံအဖွဲ့အားခေါ်လိုက်သည်။

ဒါကိုကြားတဲ့အခါ အမျိုးသမီးရှုမှာ ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ "အတွင်းရေးမှူး၊ ဒီကိစ္စက ညွှန်ကြားရေးမှူးရမ်နဲ့ ဘာမှမဆိုင်ပါဘူး" သူမ၏ အရာရှိသားမက်ဖြစ်သူအား အပြစ်လွတ်စေရန် ကြိုးစားလိုက်သည်။

ကံမကောင်းစွာနှင့်၊ ဘုံအဖွဲ့ဟာ လက်ရှိတွင် အပြင်းအထန်ကို နှိမ်နှင်းနေသည့်အချိန်ဖြစ်ကာ ဒီကိစ္စဟာ ဒါရိုက်တာဟောင် လက်ထဲကျသွားတော့သည်။ ဒါရိုက်တာဟောင်သာ ဒါကိုဒီတိုင်းလွှတ်ပေးလိုက်တာကမှ ထူးဆန်းနေဦးမည်။

အဲ့ဒီရက်မှာ အမျိုးသမီးရှု၏ အကြီးဆုံးသားမက်ဟာ ပညာပေးဆုံးမခံရတော့သည်။

နောက်တစ်ရက်‌တွင်၊ ရာထူးတိုးသည်မှာ အနည်းဆုံးလဝက်လောက်သာရှိသေးသည့် လက်ထောက်ညွှန်ကြားရေးမှူးရမ်မှာ စည်းကမ်းဖောက်ဖျက်သည်ကြောင့် အတွင်းရေးမှူးရမ်အဖြစ် ရာထူးချခံလိုက်ရသည်။

အမျိုးသမီးရှုလည်း ဈေးကစားခြင်းနှင့် ခေါင်းပုံဖြတ်အမြတ်ကြီးစားမှုကြောင့် အစိုးရအတန်းတွေကို နှစ်ရက် တက်လိုက်ရပြီး အစည်းအဝေးတွင် သုံးသပ်စာတင်ခဲ့ရသည်။

အသင်းအစည်းအဝေးရက်တွင် ချန်ဖန်းရှုနှင့်ကလေး‌တချို့မှလွဲ၍ ချန်မိသားစုက လူအားလုံး အပျော်သွားကြည့်ကြသည်။

ချန်ပေါင်ခဲ့သည် မြက်တစ်ပင်နှုတ်ကာ သူ့နှုတ်ခမ်းကြားတွင် ကိုက်ထားသည်။ "ဒါကိုဘယ်သူမှ မတိုင်ခဲ့ရင် သူတို့တွေ သစ်သားကုန်လှောင်ရုံကိုတောင် ဖျက်စီးပစ်မှာဘဲ။ တော်တော်အထင်ကြီးဖို့ကောင်းတယ်" လုကွေ့ရင်း သူ့ကိုစိုက်ကြည့်လိုက်သည်။ "လူတွေအများကြီးကြည့်နေတာကို နင်ကကောင်းကောင်းမပြုမူသေးဘူး"

ချန်ပေါင်ခဲ့က ရယ်ရင်းနဲ့မြက်ကို ထွေးထုတ်လိုက်ကာ ပြောလိုက်သည်။ "အမေ၊ ဒါက ဒုတိယတစ်ခုလား?"

"ဘာကိုဒုတိယတစ်ခုလဲ?"

"ဒုတိယတစ်ခုက ကျွန်‌တော့်အစ်မ ဝေဖန်အနိုင်ကျင့်ခံရတာကြောင့်လေ"

သူဒါကိုပြောလိုက်တော့ ဘေးပတ်ပတ်လည်ကလူတွေလည်း တုံ့ပြန်လာသည်။ "စကားမစပ်၊ နင့်ရဲ့အဘွားရှုအာလည်းပါတယ်မလား?"

"ဒါက ရန်ဖြစ်တဲ့နေရာမဟုတ်ဘူး၊ သုံးသပ်စာတင်ဖို့ဘဲ" လုကွေ့ရင်းပြောလိုက်သည်။ "အဲ့ဒီအဘွားကြီးက စိတ်ထားကောင်းတာမဟုတ်ဘူး၊ သူက ငါတို့ရဲ့ရှောင်ဟွေ့ကိုတောင် ရောင်းခဲ့သေးတာ"

"အဲ့ဒီအကြောင်းငါလဲ ကြားတယ်။ ဘယ်လိုအဘွားမျိုးလဲမသိဘူး? သူ့ကိုလဲ ဝိုင်းဝန်းဝေဖန်ရမှာ"

လူအုပ်ထဲတွင် ရှုမိသားစုမှ လူတွေသာလျှင် ရှက်ရွံ့နေကြကာ သူတို့ရင်ထဲတွင် အရမ်းကိုမသက်မသာဖြစ်နေ၏။

'ချန်ဖန်းရှုကျတော့ ဘာမှအစစ်ဆေးမခံရဘဲ အလုပ်အမှတ်တွေတောင်ရတာ၊ သူတို့ကျဘယ်လိုလုပ်မရတာလဲ?'

'ဒါ့ပြင် သူတို့သာ ပိုက်ဆံရခဲ့ရင် ဝေဖန်ခံနိုင်သေးတယ်။ ဒါပေမယ့် သူတို့မှာ ဘာတစ်ပြားမှတောင်မရလိုက်ဘဲ လေး ငါးယွမ်တောင်ရှုံးသွားသေးတယ်။'

အိမ်တွင် မီးတွင်းထဲ နေနေရသည့် ရှုလောင်စန်း၏ဇနီးကတော့ အဲ့ဒီလိုမတွေးပါချေ။

သူမသည် သူမရဲ့သမီးလေးကို ပြင်းပြင်းလေးနမ်းလိုက်ကာ ပြောလိုက်သည်။ "သူ့အတွက်အလုပ်ထပ်လုပ်ပေးစရာမလိုတော့ဘူး။ တော်တယ်"

ဒီလိုဆိုရင် သူမရဲ့ယောက္ခမလည်း တခြားအရာတွေအကြောင်း တွေးဖို့ အချိန်ရှိလိမ့်မှာမဟုတ်ပေ။ သူမအနေဖြင့် မီးတွင်းထဲဝင်နေချိန် တခြားသူတွေရဲ့ အေးစက်စက်မျက်နှာတွေနဲ့ ရင်ဆိုင်ရတာထက်စာရင် တစ်ယောက်ထဲ နေရတာကို ပိုသဘောကျသည်။

အတွင်းရေးမှူးရမ်နှင့် အမျိုးသမီးရှုတို့၏ ကိစ္စကြောင့်၊ ဥပဒေကိုဆန့်ကျင့်ကာ ဘယ်သူမှ ပစ္စည်းအတုတွေမရောင်းဝယ်ရဲ‌တော့ပေ။

သေချာပေါက်၊ လုပ်ချင်တဲ့သူတွေရှိသေးပေမယ့်လည်း ယခုနှစ်၏ အလုပ်အရှုပ်ဆုံး ဆောင်းဦးကောက်ရိတ်သိမ်းချိန်ရောက်လာသည်ကြောင့် အချိန်မရှိကြပါချေ။

အသင်းတွင် ပြောင်းဖူးတွေချိုးကာ စပါးတွေရိတ်သိမ်းကြသည်။ အလုပ်များသည့်နေ့ရက် တစ်ရက်ကုန်ဆုံးသွားပြီးနောက် လူတိုင်းညဘက်တွင် ခေါင်းနှင့် ခေါင်းအုံးထိလိုက်တာနဲ့ အိပ်ပျော်သွားကြသည်။

ချန်မိသားစုရှိခြံဝန်းထဲတွင် ညတိုင်း အမျိုးသားလေးယောက်၏ ဟောက်သံတွေကို ကြားနိုင်သည်။ သေချာပေါက် ရှောင်လုထောင်ကို နှဲမှုတ်သင်ပေးမယ့်လူ ဘယ်သူမှမရှိပါချေ = =

အလုပ်များနေကြသည့် တခြားသူတွေနှင့်ယှဉ်ပါက ချန်ဖန်းရှုဟာတော့ ဆောင်းဦးကောက်ရိတ်သိမ်းချိန်တွင် ပိုပြီးအားလပ်နေ၏။

ဆောင်းဦးကောက်ရိတ်သိမ်းပွဲမရောက်ခင် နှစ်ရက်အလိုတွင် သူမသည် ကြယ်နီအသင်းနှင့် သာ့ဟွားအသင်းမှ မှာထားသည့် ဦးထုတ်တွေအကုန် ရက်ပြီးသွားကာ အသင်းဆီလွှဲပေးလိုက်သည်။

ဒီတစ်သုတ်နှင့် အရင်က သူမရောင်းခဲ့သည့် ဦးထုပ်တစ်လုံးကိုထည့်ပေါင်းပါက သူမသည် တစ်လထဲနှင့် တခြားသူများ၏ နှစ်ဝက်စာလောက်ကို ရှာနိုင်ခဲ့သည်။

လုကွေ့ရင်းသည် ပုဝါပူပူကိုယူလာကာ သူမလက်တွေပေါ် တင်ပေးလိုက်သည်။ "ပင်ပန်းနေပြီလား? ဒီနှစ်ရက်အတွင်းပြီးသွားတော့၊ ပေါင်ခဲ့ကို အမေတို့နဲ့ ခရိုင်ဆီအတူလိုက်ခိုင်းရမယ်။ အမေတို့တွေ နင်နဲ့ ကလေးနှစ်ယောက်အတွက် စားသောက်စရာ‌တချို့ဝယ်ရမယ်။ ဒါနဲ့၊ သမီးရဲ့ခြေထောက်ကို ဆေးခန်းသွားပြရအုံးမယ်"

အဲ့ဒါက ဘာများကောင်းလာမှာလဲလို့ ချန်ဖန်းရှုပြောလိုက်ချင်ပေမယ့် သူမခြေထောက်ကိုထိရင်း ငိုနေသည့် ကလေးမလေးကိုတွေးမိတော့ သူမလေသံကို ပြောင်းလိုက်သည်။ "ရပါတယ်။ ရှောင်ဟွေ့နဲ့ ထောင်ထောင်တို့ဖိနပ်တွေက အရမ်းသေးနေပြီ။ ဖိနပ်အသစ်ဝယ်ရတော့မယ်။ ပြီးတော့ သူတို့အတွက် စည်သွပ်ဘူးနှစ်ဘူးလည်း ဝယ်ပေးရမယ်"

ပိုက်ဆံရှာတာက သုံးဖို့ဖြစ်သည်။ သူမသည် အိမ်ဆောက်ဖို့အတွက် ပိုက်ဆံစုချင်သော်လည်း သူမကလေးနှစ်ယောက်ကိုတော့ ဒုက္ခမခံခိုင်းစေချင်ပေ။

All Chapters