Chapter 38
Vol. 4 Ch. 38
ထို့နောက် ဆောင်းဦးကောက်ရိတ်သိမ်းပွဲပြီးသည်နှင့် ရှောင်လုထောင်သည် တလှုပ်လှုပ်နှင့်နွားလှည်းကိုစီးကာ လူကြီးတွေနှင့်အတူ ခရိုင်သို့ထပ်လိုက်သွားသည်။
တောင်တန်းတွေနှင့် လယ်ကွင်းတွေကိုကြည့်ရင်း ကလေးမလေးဟာ သိသိသာသာကို ပျင်းရိငြီးငွေ့နေမိကာ သူ့ဖေဖေကို အကြိမ်နဲ့အမျှ ခေါ်နေသည်။
သူ့ဖေဖေ ပျောက်နေတာသုံးရက်ရှိပြီ။
အရင်တုန်းကဆိုလျှင်၊ သူမ တာဝန်တွေမလုပ်ရရင်တောင်မှ သူမရဲ့ဖေဖေဟာ ပေါ်လာတတ်သည်။ သို့ပေမယ့် ဒီနှစ်ရက်အတွင်းမှာတော့ သူမဘယ်လောက်ဘဲခေါ်ခေါ် သူမဖေဖေဟာ ပြန်မတုံ့ပြန်လာပါချေ။
ကလေးမလေးမှာ သူမ အမှားတစ်ခုခုလုပ်မိလို့ သူမရဲ့ဖေဖေက လျစ်လျူရှုထားတာလားဆိုတာ မသိပါချေ။ သူမအမှားလုပ်မိသလို ခံစားလိုက်မိကာ စိုးရိမ်သွားပြီး ဘာမှထပ်မပြောရဲတော့ပေ။
ချန်ဖန်းရှုက အကြိမ်များစွာမေးနေပေမယ့် ကလေးမလေးဟာ တုံ့ဆိုင်းနေကာ အခြေအနေကို သိပ်နားမလည်သေးပေ။
ရွေစချယ်စရာမရှိသည့်အတွက် သူမမှာစစ်ဆေးရန် ဆေးရုံဆီသို့သာ အလျင်စလိုသွားပြီးမှ သူမရဲ့သမီးပျော်စေရန် ဈေးဝယ်ထွက်ရမည်။
ဒီတစ်ခေါက် စစ်ဆေးမှုရလဒ်ဟာ အရင်တစ်ခေါက်ကထက် ပိုကောင်းလာသည်။ ကောင်းကောင်းဂရုစိုက်ထားသည်ကြောင့် ဒဏ်ရာဟာ တွေးထားသလောက်မဆိုးတော့ဘူးဆိုပြီး ဆရာဝန်ကပြောလာသည်။
တစ်မိသားစုလုံး စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ချန်ပေါင်ခဲ့မှာ ပျော်လွန်းလို့ ရှောင်လုထောင်ကို သူ့ဂုတ်ပေါ်တွင်တင်ကာ အကြိမ်အနည်းငယ်လောက် လိုက်ပတ်သွားလိုက်သည်။
အစကတော့ လုထောင်မှာ အမြင့်ကြောင့်နည်းနည်းလန့်နေတဲ့အတွက် သူမဦးလေးရဲ့ခေါင်းကို တင်းတင်းကိုင်ထားလိုက်သည်။ နောက်တော့ သူမတခစ်ခစ်ရယ်လာကာ စိုးရိမ်တာတွေ မေ့သွားတော့သည်။
ပစ္စည်းတွေက်ိုဖို့ ကုန်စုံဆိုင်ဆီသွားတဲ့အခါ သူမရဲ့မျက်လုံးကြီးတွေနဲ့ လိုက်ပတ်ကြည့်နေပြီး အကုန်လုံးကို သိချင်နေမိသည်။
ဖရဲသီးရောင်းခဲ့ဖူးသည့် အရောင်းဝန်ထမ်း ရှောင်ကျားဟာ ယခုတွင်တော့ ရာသီဥတုအေးလာသည့်အတွက် လိမ္မော်သီးပြောင်းရောင်းနေသည်။
သူမက ရှောင်လုထောင်ကို မှတ်မိနေသည်။ "ကလေးမလေး၊ ဒီတစ်ခေါက်ရော ပစ္စည်းလာရောင်းတာလား? အန်တီ့မှာ လိမ္မော်သီးတွေရှိတယ်"
လုထောင်က ခေါင်းလေးကိုခါလိုက်ပြီး သူမရဲ့ လက်ဖောင်းဖောင်းလေးနဲ့ ညွှန်ပြလိုက်သည်။ "ကလစ်! မေမေ ဒီမှာကလစ်ရှိတယ်!"
လုဟွေ့သည် ပြတင်းပေါက်ထဲမှ ဖန်ပုတီးလုံးတွေကို ကြည့်နေသည်။ သူ့ညီမလေး ကလစ်တောင်းနေတာကိုကြားတော့ သူခဏလောက် တုံ့ဆိုင်းသွားပြီး တိတ်တိတ်လေးအကြည့်လွှဲလိုက်သည်။
ဒါကိုမြင်တော့ ချန်ဖန်းရှုသည် တစ်ယွမ်ထုတ်လိုက်ကာ သူ့ကိုပေးလိုက်သည်။ "သားလိုချင်ရင်ဝယ်လေ။ ဒီနှစ် မေမေ သားကို ဘာမှမဝယ်ပေးရသေးဘူး"
"ဒါဆို ထောင်ထောင်...."
လုဟွေ့ သူ့ဦးလေးပခုံးပေါ်မှ ထောင်ထောင်ကိုကြည့်လိုက်တော့ ကလေးမလေးဟာ ကြောင်အနေသလိုမျိုး အရှေ့တည့်တည့်ကို ကြည့်နေတာကို သူမြင်လိုက်ရသည်။
ထိုအချိန်တွင်၊ အကြာကြီးပျောက်နေခဲ့တဲ့ ဖောက်ထွင်းမြင်ရတဲ့ ဘောင်ကွက်ဟာ လုထောင်ရှေ့တွင် ထပ်ပေါ်လာသည်။
ဘောင်ကွက်ထဲမှ လုပ်ဆောင်မှုအတန်းဟာ တဖြည်းဖြည်းနှင့် ၁၀၀%သို့ နီးကပ်လာသည်။
နောက်တစ်စက္ကန့်မှာဘဲ အာ့ဝူလင်ရဲ့အသံက သူမနားထဲဝင်လာသည်။
[ကုသရေးပက်ကေ့ခ်ျကို အောင်အောင်မြင်မြင်နဲ့ ထည့်သွင်းပြီးပါပြီ! ဟားဟားဟား၊ ငါ ဟူဟန်စန်း ပြန်လာပြီကွ! ဒီတစ်ခေါက်တော့၊ စီစဉ်သူဖေဖေက ဒီစနစ်ကို ပြန်ပြင်လိုက်ပြီ။ သမီးသာ မစ်ရှင်တွေကို မလုပ်တာ ဒါမှမဟုတ် မအောင်မြင်တာဆိုရင် ဖေဖေက အပြစ်ပေးတော့မှာ။ ကြောက်တယ်ဆိုရင် တောင်းဆိုလိုက်ရုံဘဲ~]
အာ့ဝူလင်၏ ရယ်သံဟာ အရမ်းကိုမှော်ဆန်လွန်းကာ 360 ဒီဂရီပတ်ပတ်လည် ပဲ့တင်ထွက်လာသည်။
လုထောင်မှာ လန့်သွားကာ သူမရဲ့နားရွက်လေးကိုအမြန်ရှေ့ဆွဲလိုက်ပြီး သူမဦးလေးရဲ့ခေါင်းပေါ်တွင် သူမရဲ့ခေါင်းကို ခပ်နက်နက်မြှုပ်လိုက်သည်။
သူမ နေလို့မကောင်းဘူးလို့ ချန်ဖန်းရှုထင်သွားကာ သူမဟ ဒဏ်ရာရနေသည့်ခြေထောက်ကို တရွတ်တိုက်ဆွဲကာ အမြန်ရောက်လာပြီး ဘယဖြစ်လို့လဲဟု မေးလာသည်။
ကလေးမလေးဟာ နှုတ်ခမ်းစူလိုက်ပြီး မကျေမနပ်ပြောရန် ပါးစပ်ဟလာသည်။
အနားတွင်လူတွေရှိတဲ့အခါ သူမဖေဖေရဲ့အကြောင်းကိုမပြောဖို့ သူမ မေမေပြောခဲ့တာကို သတိရသွားပြီး သူမပါးစပ်ကို အုပ်လိုက်ကာ သူမရဲ့မျက်လုံးကြီးတွေနဲ့ ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။ "ဖေဖေက ထောင်ထောင်ကို လန့်အောင်လုပ်လိုက်လို့"
သူမရဲ့ပုံစံကြောင့် ချန်ဖန်းရှု ရယ်ချင်သွားကာ စိတ်အေးသွားသည်။ သူမသည် ကောင်တာပေါ်ရှိ အရောင်စုံကလစ်တွေကိုယူကာ သူမကိုရွေးစေသည်။
ကလေးမလေးက ချက်ချင်းဆွဲဆောင်ခံလိုက်ရသည်။ သူမ ကလစ်တစ်ခုကိုယူလိုက်ကာ ခေါင်းပေါ်တွင်ညှပ်လိုက်ချိန် အာ့ဝူလင်ကထပ်ပြောလာသည်။
[လန့်အောင်လုပ်တယ်? ဟားဟား။ ဖေဖေက သမီးကိုဘဲလန့်အောင်လုပ်တာ။ အဲ့ဒါက အရင်တုန်းက မပြည့်စုံမလှပသေးတဲ့ ဖေဖေပဲ]
လုထောင်ရပ်သွားကာ ထပ်ပြီးနှုတ်ခမ်းစူလိုက်သည်။
သူမဖေဖေက သူမကိုစိတ်ဆိုးပြီး လျစ်လျူရှုနေတာလို့သူမ ထင်ခဲ့တာဖြစ်သည်။
ဖေဖေက ပြန်လာတော့ အရမ်းပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ? သူက ထောင်ထောင်ကို တမင်ချန်ခဲ့ပြီး တစ်နေရာရာမှာ သွားကစားနေခဲ့တာများလား?
သူမဘာတွေးနေလဲဆိုတာ သူသိနေသလိုမျိုး ဒီအတွေးကသူမစိတ်ထဲဖြတ်သွားချင်းချင်းမှာဘဲ အာ့ဝူလင်ကပြောလာသည်။ "အမှန်ဘဲ၊ ဖေဖေက သမီးရဲ့ ဘိုးဘိုးနဲ့သွားကစားတာ။ သမီးရဲ့ဘိုးဘိုးက ဖေဖေ့အတွက် ပြန်လည်ဖာထေးရေးပက်ကေ့ခ်ျကို ထည့်ပေးလိုက်တယ်လေ။ ဒီတော့ ဖေဖေသမီးနဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ပြီ]
အစကတော့ ကလေးမလေးဟာ အနည်းငယ် စိတ်ရှုပ်သွားပေမယ့် သူမမျက်နှာလေးကို တစ်ဖက်လှည့်လိုက်ကာ မျက်နှာပုတ်ထားလိုက်သည်။
'ထောင်ထောင်၊ ထောင်ထောင်လဲ ဘိုးဘိုးနဲ့ မကစားချင်ပါဘူးနော်!'
'ဒါနဲ့ ပြန်လည်ဖာထေးရေးပက်ကေ့ခ်ျက ဘာလဲ? အဲ့ဒါက အဖာအစပ်တွေနဲ့ ဘန်းမုန့်လား?'
'အဲ့ဒီဘန်းမုန့်တွေက အရသာရှိတာလား?'
အာ့ဝူလင် - [ အဖာအစပ်တွေနဲ့ ဘန်းမုန့်မဟုတ်ဘူးလို့ သမီးတွေးနေရင်တော့ ဖေဖေဂုဏ်ယူမိမှာဘဲ....]
သူမ ကုန်စုံဆိုင်ကနေထွက်တဲ့ခင်အထိ ပြန်လည်ဖာထေးရေးပက်ကေ့ချ်က ဘာလဲဆိုတာကို မသိသေးပါချေ။
သို့ပေမယ့် အာ့ဝူလင်က သူမကိုအချက်နှစ်ချက် အသေးစိတ် ရှင်းပြလာသည်။
ပထမတစ်ခုက အဆင့်မြှင့်ပြီးတဲ့နောက်တွင် သူမရဲ့ဖေဖေကို စိတ်ထဲကနေ စကားပြောလို့ရနေပြီဖြစ်ကာ သူမပြောတာကိုလည်း သူကြားနိုင်သည်။ အဲ့ဒီလိုဆိုလျှင် သူမဖေဖေအကြောင်းလဲ ထပ်ပြီးမထုတ်ပြောရတော့ပေ၊ အရမ်းလွယ်တယ်!
ဒုတိယတစ်ခုကတော့၊ သူမသာ မနာခံဘူးဆိုရင် ဖေဖေက သူမကိုရိုက်လို့ရသည်။ 'အံ့ဩတာလား မမျှော်လင့်ထားမိတာလား?'
အရင်က သူမအရမ်း အဆင်မပြေဖြစ်အောင်လုပ်ခဲ့သည်ကြောင့် အာ့ဝူလင်မှာ အပြစ်ပေးသည့်စည်းမျဉ်းများကို အသေးစိတ်ပြောပြလာသည်။
ဥပမာအားဖြင့်၊ အကယ်၍ host က စနစ်ကိုမကောင်းတဲ့အရာတွေ လုပ်ခိုင်းပါက စနစ်က ၎င်းကိုနှစ်ဆပြန်ယူကာ hostဆီ ပြန်ပေးမည်ပင်။
ပြန်ဆပ်ရမှာက နှစ်ဆဖြစ်နေပါက ၎င်းဟာ hostအနေဖြင့် ကျန်းမာရေး၊ ငွေရေးကြေးရေးနှင့် ကံကောင်းမှုများဖြင့် ပြန်ဆပ်ရမည်ဖြစ်ကာ သူ့အသက်ကိုလည်း ဆုံးရှုံးခံရမည်ပင်။
hostက တာဝန်တွေကို ကျော်ပစ်တာ ဒါမှမဟုတ် လုပ်ဖို့ကျရှုံးသည်ဆိုပါက အခြေအနေ၏ ပြင်းထန်မှုပေါ်မူတည်ကာ လျှပ်စစ်အပစ်ဒဏ်ခံရမည်။
အပျော့ဆုံးတစ်ခုဟာ သူတို့ရဲ့အင်တာနက်စွဲလမ်းမှုကို ဖြတ်တောက်တာဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် အတိဒုက္ခတွေကိုကျော်ဖြတ်ရကာ နောက်ထပ်သုံးနှစ်အကြာတွင် ရဲရင့်သည့်လူတစ်ယောက် ဖြစ်လာစေလိမ့်မည်။
ရှောင်လုထောင်မှာ လုံးဝနားမလည်ဖြစ်နေကာ အပြစ်ပေးသည့် အကြောင်းကို မမှတ်မိတော့ပေ။ သူမသည် ဘောင်ကွက်ပေါ်တွင် ပေါ်နေသည့် စိတ်ခံစားချက်ပက်ကေ့ခ်ျကို စိုက်ကြည့်နေသည်။
"ကျေးဇူးပြုပြီး ငါ့ကို လျှပ်စစ်မိုးကြိုးဘုရင်လို့ခေါ်ပါ၊ ကျေးဇူးတင်ပါတယ်!" ရွှေရောင်တောက်နေသည့် အရမ်းကိုကျက်သရေရှိလှတဲ့ စာတန်းတစ်ခုပင်။
အောက်တွင် ပီကာချူးသည် အရူးလိုမျိုး လျှစ်စီးတွေကိုပစ်ထုတ်နေကာ ဒါဟာ အသံသက်ရောက်မှုဗားရှင်းပင်။
ကလေးမလေးမှာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ "ဖေဖေ ဒီ ပီကာ ပီကာကဘာလဲဟင်?"
သူမ ဟိုဝက်လေးတွေဆီကနေ အလွှမ်းမိုးခံခဲ့ရတာကို သတိရသွားကာ အာ့ဝူလင်ရပ်သွားပြီး စခရင်ပေါ်က ပီကာချူးဟာ ရုတ်တရက် ပျောက်သွားတော့သည်။ [ဒါကအရေးမကြီးဘူး။ သမီးသိထားဖို့က ဖေဖေက အရမ်းကိုတင်းကြပ်ပြီးတော့ ကမ်းလှမ်းလို့လဲမရဘူးဆိုတာဘဲ]
ကံမကောင်းစွာဖြင့်၊ သူထပ်ခါထပ်ခါ အသားပေးပြောဆိုနေတာအပြင် ကလေးမလေးဟာ သူဘယ်လောက်တင်းကြပ်မှာလဲဆိုတာ မသိသေးပါချေ။
အရမ်းကြောက်စရာကောင်းတဲ့ အပြစ်ပေးမှုအကြောင်းပြောတာတောင် အဲ့ဒါတွေက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သူမ မသိသေးဘဲ သူ့ကိုတောင်ပြန်နှစ်သိမ့်လိုက်သေးသည်။ "ထောင်ထောင်က အရမ်းလိမ္မာတဲ့ကလေးပါ၊ လျှစ်စီးနဲ့ပစ်ခံမထိစေရပါဘူး။ စိတ်မပူနဲ့ဖေဖေ"
အာ့ဝူလင် - [.... ငါ မင်းကိုစိတ်မပူနေဘူး၊ သဘောထားကြီးတဲ့သရဲလေးရဲ့!]
ကလေးမလေးဟာ သီချင်းညည်းရင်း သူမရဲ့ခေါင်းပေါ်က ကလစ်လေးကိုထိကြည့်နေကာ ၎င်းဟာသူမကို လုံးဝမသက်ရောက်ပေ။ အာ့ဝူလင် အတော်ကြာတိတ်သွားပြီးနောက် [နောက်ဆုံးကျန်တဲ့ ပျော်ရွှင်မှုလေးကို ခံစားလိုက်ပါအုံး။ ငါသာ နင့်ကို ငိုယိုတောင်းပန်အောင်မလုပ်နိုင်ရင် နင့်ကိုဖေဖေလို့သာ ပြန်ခေါ်လိုက်မယ်]
ဒီခရိင်သို့သွားသည့်ခရီးတွင် ချန်ဖန်းရှုသည် ပစ္စည်းတွေနှင့် အသားနှစ်ပေါင်ဝယ်ခဲ့ကာ ဖက်ထုတ်လုပ်ရန်အတွက် လတ်လတ်ဆတ်ဆတ် ရိတ်ထားသည့်ဂျုံပင်များကို ဂျုံမှုန့်ကြိတ်ရန် ပြင်ဆင်ထားသည်။
သူတို့အဖွဲ့ အိမ်သို့ နွားလှည်းဖြင့် ပြန်ရောက်လာတဲ့အချိန် ဟူချူရှန်းသည် ခြံတံခါးအပြင်ဘက်တွင် ရပ်နေကာ သူမ၏မိသားစုဘက်မှ ယောင်းမနှင့်စကားပြောနေသည်။
သူမသည် ရှောင်လုထောင်ခေါင်းပေါ်မှ ပန်းရောင်ကလစ်လေးနှင့် ချန်ပေါင်ခဲ့၏လက်ထဲမှ အဝတ်အိတ်ဖောင်းဖောင်းကို ချက်ချင်းသတိထားမိလိုက်သည်။
အဝတ်အိတ်ဟာ အရမ်းလေးမယ်မှန်းသိသာလှကာ သေချာနားထောင်ကြည့်ပါက အထဲမှ စည်သွပ်ဘူးတွေနှင့် ပုလင်းတွေ ပွတ်တိုက်မိသံကို ကြားနေရသည်။
ဟူချူရှန်းရဲ့မျက်လုံးတွေ တဖျပ်ဖျပ်လှုပ်ရှားသွားသည်။ "အမေတို့တွေက ဈေးပါဝယ်ခဲ့ကြတာလား?"
လုကွေ့ရင်းက ပြန်ဖြေလိုက်သည်ပြီး သူမ၏ယောင်းမလည်းရှိနေတာကိုမြင်တော့ နှုတ်ဆက်လိုက်သည်။ "ချိုးဟုန်လဲရှိနေတာဘဲ၊ ဘာလို့အထဲမဝင်တာလဲ?"
ဟူချူရှန်းသည် သူမရဲ့ယောင်းမအား တမင်သပ်သပ်အိမ်ထဲ မပေးဝင်တာဖြစ်သည်။
သူမ၏ အကြီးဆုံးတူမသည် လွန်ခဲ့သည့်နှစ်ရက်ကပင် သားယောက်ျားလေးတစ်ယောက် မွေးခဲ့ပြီး ဒီတစ်ခေါက် သူမရဲ့အကြီးဆုံးယောင်းမ ရောက်လာသည်မှာ၊ သူမကို ကြက်ဥနီနီနှစ်လုံးလာပေးသည့်အတွက် သူမဘက်က ကံကောင်းမှုတွေ ခွဲဝေပေးရန်ဖြစ်သည်။ အမှန်တွင်တော့၊ သူမအား အသိလာပေးကာ လက်ဆောင်အမြန်ပေးရန် လာတောင်းတာဖြစ်သည်။
သူမတွင် ဆယ့်နှစ်နှစ်နှင့် ငါးနှစ်အရွယ်သားနှစ်ယောက်ရှိသည်။ သူတို့တွေလက်ထပ်ပြီး ကလေးရလာပါက တင်တောင်းငွေပြန်ပေးဖို့ဆိုတာ အတော်ကြာဦးမည်ပင်။
သူမက စိတ်ရှုပ်ချင်ယောင်ဆောင်လိုက်သည်။ သူမမှာ သူမရဲ့ယောင်းမကို အပြင်ထိလိုက်ပို့ပေးဖို့အချိန်မရှိနေဘူးဆိုမှတော့ သူမအနေနဲ့ တခြားသူတစ်ယောက်ကို အိမ်ထဲမှာ ဘယ်လိုလုပ် အကြာကြီးပေးနေခိုင်းရမှာလဲ?
လုကွေ့ရင်း ပြောတာကိုကြားတော့ သူမရဲ့ယောင်းမသယ်ထားသည့် အထုတ်ကိုအမြန်ဆွဲယူလိုက်ကာ ပြောလိုက်သည်။ "နောက်တစ်ခေါက်မှဝင်တာပေါ့။ ကျွန်မရဲ့ယောင်းမမှာ လုပ်စရာရှိသေးလို့ ပြန်ဖို့အလျင်လိုနေတာ"
အိတ်ထဲတွင် တခြားသူတွေအတွက်ပါ ကြက်ဥနီနီတွေပါသည့်အတွက် ဆွဲယူလိုက်ကာ ထွက်သွားတော့သည်။ အမျိုးသမီးဟူမှာ ရွေးချယ်စရာမရှိတော့ဘဲ သူမနောက်ကနေလိုက်သွားလိုက်သည်။
သူမ၏ယောင်းမဟာ ကပ်စေးနဲမှန်း သူမ သိပေမယ့် အမျိုးသမီးဟူမှာ ဒီလိုဆက်ဆံခံရသည့်အတွက် ရှက်နေမိဆဲဖြစ်သည်။
ထွက်လာပြီးသိပ်မကြာခင်မှာဘဲ သူမအိတ်ကိုပြန်လုလိုက်ကာ ပြောလိုက်သည်။ "ကောင်းပြီ၊ နင်အလုပ်များနေတယ်ဆိုမှတော့ ငါ့အိတ်ကို မသယ်ခိုင်းရဲတော့ပါဘူး"
ဟူချူရှန်းမှာ ဘာမှမကြားလိုက်ဟန်ဆောင်ကာ ပြောလိုက်သည်။ "ဒါဆို ကျွန်မပြန်တော့မယ်" သူမလှည့်လိုက်ကာ ပြန်သွားဖို့လုပ်လိုက်သည်။
အမျိုးသမီးဟူမှာ ပိုပြီးဒေါသထွက်လာကာ သူမကို ပြန်ခေါ်လိုက်သည်။ "နင်တို့အသင်းက ကောက်ရိတ်သိမ်းတာ ဒီနှစ် အထွက်ကောင်းတယ်မဟုတ်ဘူးလား? ရှောင်ပေါင်ရဲ့အဘွား သူ့အဒေါ်ကိုပြန်ခေါ်လာတာ ငါတွေ့တယ်။ ပြီးတော့ သူက အိတ်တွေအများကြီးနဲ့ ပစ္စည်းတွေလဲဝယ်လာသေးတယ်"
ဒီလိုပြောလာတော့ ဟူချူရှန်း အနည်းငယ်ချဉ်တူးသွားမိသည်။
သို့ပေမယ့် ဒီအကြောင်းက်ို အရင်ပြောလာတာ သူမရဲ့ယောင်းမဖြစ်တဲ့အတွက် သူမရဲ့မနာလိုစိတ်ကိုဖိနှိမ်ကာ အပြုံးဖြင့်ပြောလိုက်သည်။ "ကျွန်မတို့အသင်းကအထွက်ကောင်းတာမဟုတ်ပါဘူး၊ ရှုအာက ပိုက်ဆံရှာနိုင်လို့ပါ။ ရှုအာက အသင်းမှာကောက်ရိုးဦးထုပ်တွေနဲ့ နာမည်ကြီးနေတာ အစ်မ မသိပါဘူး။ သူကဒီလမှာ တခြားသူတွေ နှစ်ဝက်လောက်ရသလောက်ကို ရှာနိုင်ခဲ့တာ"
သူမ၏ ယောင်းမတွင် သူမနှင့်အသက်အရွယ်တူသည့် ညီမတစ်ယောက်ရှိသည်။ သူမသည် လွန်ခဲ့သည့်နှစ်တွင် ကံကောင်းကာ ခရိုင်မှအလုပ်သမားတစ်ယောက်နှင့် လက်ထပ်ခဲ့ပြီး ခရိုင်တွင် အလုပ်တစ်ခုရခဲ့သည်။
ထိုအတွက်ကြောင့်၊ သူမ၏ယောင်းမသည် အရမ်းဂုဏ်ယူနေကာ သူမညီမက သူမဆီပစ္စည်းတွေ ပို့ပေးကြောင်း အမြဲပြောတတ်သည်။ အချိန်အတော်ကြာအထင်သေးခံခဲ့ရတဲ့နောက် သူမလည်း ဒေါသထွက်လာကာ ဒီဟာကိုအခွင့်ကောင်းယူကာ သေချာပေါက်ကြွားပစ်လိုက်သည်။
ဟူချူရှန်း၏ မိသားစုသည် အိုက်မင်ရွာမှမဟုတ်သည့်အတွက် ကောက်ရိုးဦးထုပ်အကြောင်း သူမ မသိရပါချေ။
ဒါကိုကြားတော့ အမျိုးသမီးဟူဟာ သူမလေလုံးထွားတာဟု ထင်လိုက်သည်။ "တခြားသူတွေ နှစ်ဝက်လောက်ရှာရတဲ့ပမာဏကို တစ်လထဲနဲ့ရှာနိုင်တယ်လား? နင်တို့အသင်းက ပိုက်ဆံပေးပုံက မလောက်ဘူးဘဲ"
"ကျွန်မတို့က ရှင်တို့ ချိုးယွမ်နှစ်ဝက်လောက်ရှာရသလောက်ကို ရှာနိုင်တယ်လို့ပြောချင်တာ"
အမျိုးသမီးရဲ့ နှုတ်ခမ်းပေါ်ကအပြုံးဟာ အေးခဲသွားတော့သည်။ "ချိုးယွမ်တစ်လလောက်ရသလိုလား? ကောက်ရိုးဦးထုပ်ရက်တာလေးနဲ့လေ?"
"အမှန်ဘဲ" ဟူချူရှန်းရဲ့မျက်ခုံးတွေဟာ ဂုဏ်ယူမှုတွေအပြည့်ပင်။ "ဘုံအဖွဲ့ရဲ့ အမျိုးသမီးအဖွဲ့ချုပ်က ဒါရိုက်တာဟောင်တောင် ကျွန်မတို့တွေ နောင်ကျရင် ကောက်ရိုးဦးထုပ်ရက်ပြီး အပြင်မှာတောင် ရောင်းလို့ရတော့မယ်လို့ ပြောသေးတယ်။ အဲ့လိုဆိုရင်၊ ရှုအာတင်မကဘူး ကျွန်မလဲ အဲ့ဒီလောက်ပိုက်ဆံကို ရှာနိုင်တော့မှာ။ မယုံရင် လိုက်မေးကြည့်လို့ရတယ်"
အမျိုးသမီးဟူက မယုံကြည်ချင်သေးပေ။
သို့ပေမယ့် ဟူချူရှန်း ဒါကိုပြောတဲ့အချိန် သူမဟာလုံးဝကို လိပ်ပြာမလုံသလိုမခံစားရဘဲ ပျော်ရွှင်သလို ပြုံးလာသည်။ ၎င်းဟာ ဟန်ဆောင်နေတာနဲ့မတူပေ။
သူမ ပျော်မရွှင်ဖြစ်လာကာ ဝတ်ကျေတန်းကျေစကားတချို့ပြောလိုက်ပြီး ပြန်သွားသည်။
အကွာအဝေးတစ်ခုလောက် လျှောက်လာပြီးတဲ့နောက် သူမ မယုံနိုင်သေးသည့်အတွက် လမ်းမှာလူတစ်ယောက်ကို တားကာ မေးလိုက်သည်။
ရလဒ်အနေဖြင့်၊ ထိုလူရဲ့ပြောဆိုပုံဟာ ဟူချူရှန်းလိုပင်။ သူဟာ ပညာမတတ်သည့် ဟူချူရှန်းထက်တောင် ပိုပြီးလေလုံးထွားနေသေးသည်။
အမျိုးသမီးဟူဟာ သူမရဲ့ဘဝကိုစပြီးသံသယဝင်လာသည်။
'ချန်မိသားစုမှ ကောင်မလေးဟာ တိတ်ဆိတ်ပြီး အနိုင်ကျင့်ခံရသလိုပုံစံမျိုးပင်။ သူက သူမရဲ့ညီမချိုးယွမ်ထက် ဘယ်လိုလုပ် ရုတ်တရက်ကြီးအောင်မြင်လာတာလဲ?'
လျှပ်စစ်မိုးကြိုးဘုရင် ပီကာချူးကိုမြင်ပြီးကတည်းက ရှောင်လုထောင်၏ ဟန်ဟန်ကိုကြည့်သည့်အကြည့်တွေဟာ ပိုပြီးကွဲပြားလာသည်။
ပီကာ ပီကာက အဝါရောင်လေးဖြစ်ပြီးတော့ ဟန်ဟန်လည်း အဝါရောင်လေးဆိုတော့၊ ဟန်ဟန်လည်း လျှပ်စီးတွေထုတ်လို့ရလား?
ကလေးမလေးဟာ ခွေးလေးရဲ့အရှေ့ခြေနှစ်ဖက်ကို မ ကာ သူမမြင်ခဲ့သည့် ပီကာချူးလိုပုံစံမျိုး အတော်ကြာလုပ်နေ၏။
နောက်တော့၊ သူမခေါင်းကိုအနောက်ကိုစောင်းကာ သူမခေါင်းပေါ်မှ မီးလုံးကိုကြည့်လိုက်သည်။ " ဟေး၊ ငါ့အတိုင်းလိုက်ဆို၊ ပီကာ ပီကာချူး_"
သူက ခပ်တိုးတိုးလေးနှစ်ခါလောက် အသံပြုလာကာ "အီ_ _" ဆိုသည့်အသံကိုသာ ထုတ်နိုင်လိုက်သည်။
လုထောင် မျက်မှောင်ကြုတ်လိုက်သည်။ "မဟုတ်ဘူး၊ ပီကာချူး၊ အီ မဟုတ်ဘူး"
ဒါဟာ ခွေးတစ်ကောင်အနေဖြင့် သည်းခံနိုင်ဖို့ခက်ခဲလှသည်။ သူသည် သူ့ရဲ့ခြေထောက်တွေကို စိတ်ရှုပ်စွာဖြင့် လှုပ်ရှားလိုက်ပြီး သူ့ကိုကူရန် သူ့သခင်ကိုကြည့်လိုက်သည်။
ကောင်းရှန်းလည်း အဲ့ဒီအချက်ပြမှုကိုရလိုက်ကာ ခွေးလေး ဒုက္ခရောက်နေတာကနေ ကယ်ဖို့လုပ်နေတဲ့အချိန် ဟူချူရှန်း ပြန်ရောက်လာသည်။
ဟူချူရှန်းသည် ငါးဆားနယ်နှစ်ကောင်ကိုကိုင်ထားကာ သူမလက်ထဲတွင်လည်း စက္ကူအိတ်တစ်အိတ်ရှိနေကာ သူမမျက်နှာပေါ်တွင်တော့ အတွေးလွန်နေသည့်အကြည့်တွေရှိနေ၏။
သူမအိမ်ထဲဝင်လာသည့်အချိန် လုထောင်ကိုမြင်သွားတော့ မသိလိုက်ဘာသာနှင့် ခြေလှမ်းနောက်ဆုတ်လိုက်ကာ ပစ္စည်းတွေကို အပြင်ဘက်အခန်းထဲတွင် အရင်ဖွက်လိုက်သည်။
ပစ္စည်းတွေကို ဖွက်ပြီးနောက် အခုလေးတင် သူမရဲ့ယောင်းမ ပြောခဲ့တာကိုတွေးမိကာ တုံ့ဆိုင်းသွားသည်။