Chapter 39
Vol. 4 Ch. 39
အမျိုးသားနေ့ပြီးသွားတာ ရက်တော်တော်ကြာပြီဖြစ်ကာ ဘုံအဖွဲ့မှလည်း ဘာလှုပ်ရှားမှုမှ မရှိသေးပေ။ ထိုကိစ္စဟာ အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာ ဘယ်သူသိမှာတဲ့လဲ။
ယခု ဆောင်းဦးကောက်ရိတ်သိမ်းတာ ပြီးသွားပြီဖြစ်ကာ ရာသီဥတုကလည်း အေးလာသည့်အတွက် ကောက်ရိုးဦးထုပ်မှာတဲ့လူ သိပ်မများတော့ပေ။အကယ်၍...အကယ်၍ ဒီကိစ္စသာ တကယ်မဖြစ်လာခဲ့ဘဲ၊ သူမရဲ့ယောင်းမသာ ပိုက်ဆံအကုန်သုံးခဲ့ပါက သူမကိုထောက်ပံ့ဖို့ သူတို့အပေါ်ကိုပဲ မှီခိုလာမှာမဟုတ်ဘူးလား?
သို့ပေမယ့် သူမယောင်းမ၏ ခြေထောက်ဟာ ဒဏ်ကျန်ပြီး မသန်စွမ်းဖြစ်နိုင်ချေများသည်သည်ဟု ဆရာဝန်ပြောခဲ့တာကို သူမ မှတ်မိလိုက်သည်။
ထိုအကြောင်း သူမတွေးကြည့်လေ ပိုပြီးစိတ်ညစ်လာလေပင်။ ဟူချူရှန်း တစ်ယောက် အရှေ့ဘက်အခန်းထဲတွင် အတော်ကြာအောင် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်လုပ်နေ၏။ သူမ အံကိုကြိတ်ကာ သူမရဲ့ယောက္ခမလုကွေ့ရင်းကို သွားရှာလိုက်သည်။
"အမေ ရှုအာကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်လို့ ပြောခဲ့တယ်မလား?"
လုကွေ့ရင်း ပြောင်းဖူးခွာနေရင်း ရပ်သွားကာ သူမ၏ အကြီးဆုံးချွေးမကို နားမလည်သလို မော့ကြည့်လိုက်သည်။
ဟူချူရှန်းခေါင်းညိတ်လိုက်ကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။ "ရှုအာက အခုထိသုံးဆယ်တောင်မပြည့်သေးဘူးလေ။ အမေသူ့အတွက် နေရာချပေးလိုက်ရင်ရော? အမေ့ရဲ့ကလေးနဲ့ ဒီလိုမျိုးဘဲ နေတော့မလို့လား?"
ယောက်ျားတစ်ယောက်နှင့် လက်ထပ်ပါက အဝတ်အစားနှင့် အစားအသောက်အတွက် သူစီစဉ်ပေးနိုင်သည်။
၎င်ဤခေတ်ကာလတွင် အထူးသဖြင့် ကျေးလက်ဒေသ၌ အမျိုးသားတွေဟာ ခွန်အားစိုက်ထုန်ရသည့်အလုပ်တွေတွင် အဓိကဖြစ်သည်။ ထို့အတွက် လူအများ၏ အမြင်တွင် အမျိုးသမီးတစ်ယောက်ဟာ မှီခိုနိုင်ရန် ယောက်ျားတစ်ယောက်ရှာရမည်ပင်။
သူမသမီးဟာ ဒီလိုအသက်အရွယ်တွင် မုဆိုးမအဖြစ်ကျန်ခဲ့သည်မှာ သနားစရာကောင်းကြောင်း လုကွေ့ရင်းလည်းခံစားရသည်။
သို့ပေမယ့် သူမသမီးနှင့် သူမသားမက်ကြားက ဆက်ဆံရေးကိုတွေးမိသည့်အခါ သူထပ်ပြီးတိတ်တိတ်သွားမိသည်။ "ဒီအကြောင်းကို နောက်မှပြောကြတာပေါ့"
'နောက်ဆိုတာ ဘယ်တော့မှလဲ?'
ပိုက်ဆံတွေအကုန်လုံး ကုန်သွားပြီး သူတို့သုံးယောက်ကို မထောက်ပံ့နိုင်တော့ရင်ရော?
ဟူချူရှန်း အနည်းငယ်စိုးရိမ်နေမိသည်။ "ကျွန်မတို့တွေ နောက်ထပ်နှစ်နှစ်လောက်သာ ထပ်စောင့်နေရင် ရှုအာလဲ အသက်သုံးဆယ်လောက်ဖြစ်ပြီ။ အဲ့ဒီအခါကျရင် တစ်ယောက်ယောက်ကို ရှာဖို့ ပိုခက်လာလိမ့်မယ်။ ဒါ့ပြင်၊ ငယ်ရွယ်ပြီး လက်မထပ်ရသေး ကလေးလဲမရှိတဲ့ တစ်ယောက်ယောက်ကို ကျွန်မတွေ့ထားတယ်။ အနာဂတ်မှာ ဒီလိုအခြေအနေမျိုးနဲ့လူကို ဘယ်မှာ သွားရှာရမှာလဲ?"
သူမဒီလိုပြောတာကိုကြားတော့ လုကွေ့ရင်းမျက်မှောင်ကြုတ်လိုက်သည်။ "လူငယ်လေးလား? ဒီနှစ် သူ့အသက်ဘယ်လောက်ရှိပြီလဲ?"
ယေဘုယျအားဖြင့် ပြောရလျှင် ငယ်ရွယ်သည့်အမျိုးသားတွေဟာ ဒုတိယအကြိမ်မြောက် လက်ထပ်ဖို့ကို မရှာကြပါချေ။ ဒါ့ပြင်၊ သူမတို့ရှုအာတွင် ကလေးနှစ်ယောက်ရှိသည့်အပြင် ခြေထောက်လည်းဒဏ်ရာရထားသေးသည်။
သူမ မျက်မှောင်ကြုတ်လိုက်တာကိုမြင်တော့ ဟူချူရှန်းအမြန်ပြောလိုက်သည်။ "အဲ့ဒီလူက ရှုအာထက် တစ်နှစ်ဘဲငယ်တာ။ ဒါပေမဲ့ သူ့မိသားစုနောက်ခံကတော့ သိပ်မကောင်းဘူး။ ဒါကြောင့် သူက အခုထိ ဇနီးတစ်ယောက်ကိုရှာနေတာ"
ယောက်ျားတစ်ယောက်ကိုရှာပါက သူနှင့်အတူ နေရသရွေ့ သူ့နောက်ခံကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိစ္စမရှိပါချေ။
လုကွေ့ရင်းက ဘာမှမပြောလာပေ။
ဟူချူရှန်းမှာ သံပူတုန်းပုံသွင်းချင်နေသည့်အတွက် သူမ၏ယောင်းမကို အသိပေးကာ သူမ၏ယောင်းမနှင့် ယောက္ခမတို့ကြည့်နိုင်ရန် ထိုလူကိုခေါ်လာသည်။
လုထောင် အတော်ကြာစဉ်းစားနေပေမယ့် ဟန်ဟန်ဟာ လျှပ်စီးတွေထုတ်ဖို့မပြောနှင့် ပီကာချူးလိုတောင်မအော်သေးပေ။
သူမသည် မျက်နှာပေါ်တွင် စိတ်ပျက်နေသည့်အကြည့်ဖြင်ြ အိမ်ထဲကနေထွက်လာကာ ခြံထဲကိုဖြတ်သွားသည့်အချိန် သူမအဒေါ်နှင့် အဘွားဟာ ဘယ်လိုဆိုလျှင် သူမနှင့် သူမအစ်ကိုတို့ ကောင်းမည်ဆိုတဲ့ကြောင်းပြောနေကြသည်။
သူတို့မျက်လုံးထောင့်ကနေ သူမကိုမြင်လိုက်တဲ့အခါ နှစ်ယောက်လုံး စကားပြောရပ်လိုက်ကြသည်။
သူအနည်းငယ် စိတ်ရှုပ်သွားပေမယ့် ရုတ်တရက် သူမနားထဲတွင် တင်းမာနေသည့် အာ့ဝူလင်အသံကို ကြားလိုက်ရသည်။
[မြောင် မြောင် မြောင်! ဒီစနစ်က အခုလေးတင် ဖေဖေဆိုတဲ့နေရာကို ရထားတာ တစ်ယောက်ယောက်က ဒီစနစ်ရဲ့အလုပ်ကို ခိုးယူချင်နေတယ်! ဘယ်သူက အရမ်းတွေ သတ္တိရှိနေတာလဲ?]
အာ့ဝူလင် ဘယ်လောက်ဘဲ ကြမ်းတမ်းရက်စက်ပါစေ ၎င်းဟာ အသက်ဝင်နေသည့် စနစ်တစ်ခုသာ ဖြစ်ကာ hostနှင့် သူ့မိသားစုကြားက ခံစားချက်တွေကိုတော့ ထိန်းချုပ်လို့မရပါချေ။
ဒါပေမဲ့ ၎င်းဟာ သူ့အတွက် ကိစ္စမရှိပါချေ။ ဟူချူရှန်းသည် ဒီအိမ်ထောင်ရေး သာယာစေရန် အစွမ်းကုန်ကြိုးစားထားသည့်အတွက် သူမသည် မလွဲဧကန် အများကြီးပြောမှာပင်။
ပြောစကားတွေအတိုင်း အရမ်းများလွန်းတာဟာ အရမ်းနည်းလွန်းတာထက် ဆိုးသည်။ အစတွင်၊ လုကွေ့ရင်းသည် သူမပြောခဲ့သည့် ထိုလူငယ်ဟာ မိသားစုနောက်ခံမကောင်းသည့်အတွက် ဇနီးတစ်ယောက်မရှာနိုင်ခဲ့ဘူးဆိုတာကို တကယ်ယုံခဲ့သည်။
သို့ပေမဲ့ ထပ်ပြီးနားထောင်ခဲ့ရပြီးနောက်တွင် ဤလူငယ်ဟာ ရုပ်ရည်ကြည့်ကောင်းကာ၊ အပြောရောအလုပ်ပါကောင်းပြီး ဖော်ရွေတတ်သည့် အမျိုးသားတစ်ယောက်ဖြစ်နေသည်။ သူမ ထပ်ပြီးနားမလည်ဖြစ်လာသည်။
"နင်ပြောပုံအရဆို၊ သူက နေရာတိုင်းမှာ အရမ်းတော်တာပဲ။ ဒါပေမဲ့ အသက် ၃၀ နားဘဲ ရောက်တော့မယ် ဇနီးတစ်ယောက်တောင် မရှာတွေ့ဘူး။ သူက တစ်နေရာရာမှာ တစ်ခုခုဖြစ်နေလို့များလား?"
အမျိုးသမီးအိုကြီးမှာ ထိုအကြောင်းအားတွေလေ ဒါဟာအဓိကဟု ပိုတွေးမိလာလေပင်။
အဆင့်အတန်းနောက်ခံဟာ တစ်ခုကကြီးပြီးတစ်ခုကသေးသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ် xxလှုပ်ရှားမှု ပထမဆုံးစတင်တုန်းက ဒီလိုမိသားစုနောက်ခံမကောင်းတာက ကြောက်စရာမဟုတ်ခဲ့ဘဲ ဝေဖန်ရုန်းကန်ရန်ဆွဲထုတ်ခံရတာက ကြောက်စရာကောင်းသည်ဖြစ်ရာ မည်သူကမှ မြေပိုင်ရှင်တွေ ပိုက်ဆံချမ်းသာသည့်သူတွေနှင့် လက်မထပ်ချင်ခဲ့ပေ။
၁၉၇၀ ခုနစ်မတိုင်ခင် အထူးသဖြင့် လွန်ခဲ့သည့်နှစ်နှစ်တွင် အခြေအနေတွေဟာ သိပ်မပြင်းထန်ခဲ့ပေ။
သူ့ရဲ့နောက်ခံကြောင့်သာဆိုပါက အဲ့ဒီလိုလူကောင်းတစ်ယောက်ဟာ အခုထိ ဘယ်လိုလုပ် တစ်ကိုယ်တည်းဖြစ်နေရတာလဲ?
သူ့ကျန်းမာရေးမကောင်းတာ ဒါမှမဟုတ် အဲ့ဒီနေရာတွင်ပြဿနာ ရှိနေတာကြောင့်ဆိုလျှင် ရှုအာဟာ လက်ထပ်ခဲ့ဖူးကာ ကလေးလည်း ရှိသည်ဆိုသည့်အချက်ကို သူစိတ်ထဲထားလောက်မည်မဟုတ်ပေ။
လုကွေ့ရင်းသည် ဟူချူရှန်းပြောတာတွေကို ဘာမှပြန်မတုံ့ပြန်တော့ပေ။ သူမစိတ်တိုလာကာ သူမလက်ထဲမှ ပြောင်းဖူးကို ချလိုက်ပြီး သူမ၏ချွေးမကို မေးလိုက်သည်။ "ရှုအာကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ဘာလို့ နင်စဉ်းစားမိသွားတာလဲ? ခုနတုန်းက ကျိုးဟုန်နင့်ကို လာတွေ့သွားတာ။ သူတစ်ခုခုပြောလိုက်လို့လား?"
ဒီကိစ္စဟာ ဟူချူရှန်း၏ ယောင်းမက တကယ်ပြောခဲ့တာဖြစ်သည်။ သူမ မိတ်ဆက်ပေးချင်သည့်သူဟာ သူမယောင်းမ၏ မောင်ဖြစ်သည်။
သူမ မသက်မသာခံစားလိုက်ရကာ တုံ့ဆိုင်းသွားသည့်ပုံက သူမကို ပုံမှန်မဟုတ်စေတော့ပေ။
လုကွေ့ရင်းဟာ ရိုးရိုးရှင်းရှင်းဖြင့် ပြောလိုက်သည်။ "ဒီကိစ္စကို ထပ်မပြောနဲ့တော့။ ပြီးတော့ ဒီအကြောင်း ရှုအာကိုလဲမပြောနဲ့။ နားလည်လား?"
ဟူချူရှန်းက လက်မလျော့ဘဲ တစ်ခုခုပြောချင်သေးသည်။
လုကွေ့ရင်းက သူမကိုစကားဖြတ်ပြောလိုက်သည်။ "နင်က ကြင်နာတတ်တယ် ဒါပေမဲ့ ရှုအာ ဒဏ်ရာရထားတဲ့အချိန် နင်ဘာလို့ ဘာမှမလုပ်ပေးခဲ့တာလဲ?"
ဒါဟာ ဟူချူရှန်းကို အထိနာစေသွားသည်။ သူမမျက်နှာဟာ နီရဲလာကာ စကားမပြောလာခင် အတော်ကြာ ညည်းညူမိသွားသည်။ "သူ ဒဏ်ရာဆိုးဆိုးရွားရွားထားမှန်း ကျွန်မ မသိခဲ့လို့ပါ"
ဟူချူရှန်းသည် သူမ၏ ယောက္ခမအား ဖျောင်းဖျရလွယ်သည်ဟု ထင်ခဲ့သော်လည်း ထိုအစား သူမသည် သဘောမတူဘဲ သူမကိုဆူလာသည်။ သူမလုံးဝ ကပျာကယာဖြစ်သွားသည်။
သူမပြန်သွားသည့်အခါ သူမ၏ ယောင်းမပို့လာပေးသည့် ငါးနှစ်ကောင်နှင့် သကြားညိုတစ်ထုပ်ကိုမြင်တော့ သူမအနည်းငယ် မလိုလားသလို ခံစားလိုက်ရသည်။
ဤကိစ္စသာ အောင်မြင်သွားပါက အနာဂတ်တွင် သူမယောင်းမလည်း ကိုယ်ပိုင်မိသားစုရှိလာမည်ဖြစ်ကာ သူမနှင့် ပေါင်ကောင်းလည်း သူ့ကိုထောက်ပံ့ပေးစရာမလိုတော့ဘူးဆိုလျှင် သူမလည်း အောင်သွယ်ခရလိမ့်မည်ပင်။
ဒါ့အပြင်၊ သူမ၏ ယောင်းမသာ လက်ထပ်သွားပါက သူမ၏ တတိယမတ်လေး လက်ထပ်သည့်အခါ သူမတို့အနေဖြင့် နောက်ထပ်အိမ်တစ်လုံးဆောက်စရာမလိုတော့သလို အိမ်ရောက်မည့်ပိုက်ဆံအများအပြားကို စုဆောင်းထားနိုင်မည်။ ဒါကို သူမရဲ့ ယောက္ခမက ဘာလို့ လုံးဝအသိအမှတ်မပြုတာလဲ? ပြီးတော့ သူမကိုအရှက်ခွဲဖို့ အရင်က အကြောင်းတွေတောင် ပြောလာသေးတယ်။
ဟူချူရှန်းသည့် ရက်အနည်းငယ်လောက်အထိ ထိန်းထားခဲ့သည်။ တွေ့မည့်ရက်နီးကပ်လာသည်နှင့်အမျှ သူမ၏ ယောင်းမ သတင်းလာမေးခါနီးတွင် သူမသည် သူမ၏ ယောင်းမဟွမ်ရှောင်မိန်ကို အပြေးသွားရှာသည်။
လုကွေ့ရင်းသည် ထိုအကြောင်းအား သူမ၏ယောင်းမဆီ ပြောခွင့်မပေးသည့်သော်လည်း ဒုတိယသား၏ဇနီးကိုတော့ မပြောနှင့်ဟု သူမ မပြောခဲ့ပါချေ။
ဒါ့ပြင်၊ ထိုယောင်းမ၏ဘမိသားစုဟာလည်း ထွက်သွားဖို့ငြင်းဆန်နေကာ ခံစားနေရသည်မှာ သူမတစ်ယောက်ထဲမဟုတ်ပါချေ။ ဒုတိယယောင်းမက ဘာလို့လူကောင်းလိုဟန်ဆောင်နေတာလဲ?
ကံမကောင်းစွာဖြင့်၊ အကောင်းအဆိုးတွေ အကုန်လုံး ပြောပြပြီးသည့်နောက်တွင် ဟွမ်ရှောင်မိန်ဟာ အရင်ကအတိုင်းဘဲဖြစ်ကာ ဘာမှမပြောလာပါချေ။
ဟူလျူရှန်းမှာ အရမ်းစိုးရိမ်လာကာ ပါးစပ်မှ လွှတ်ခနဲထွက်လာသည်။ "နင့်အတွက် မစီစဉ်ထားဘူးဆိုရင်တောင် ကလေးအတွက်တော့ စီစဉ်ထားရမယ်လေ ဟုတ်တယ်မလား?" သူမ ထိုသို့ပြောပြီးနောက် ဟွမ်ရှောင်မိန်ဟာ သူမနှင့်မတူကြောင်း သတိရသွားသည်။ သူမသည် လက်ထပ်ခဲ့သည်မှာ ဆယ်နှစ်လောက်ရှိပြီဖြစ်သော်လည်း သူမ၏ဗိုက်ဟာ ဘာလှုပ်ရှားမှုမှမရှိသေးပေ။
သူမရဲ့စကားတွေကို အမြန်ပြောင်းလိုက်ပေမယ့် ဟွမ်ရှောင်မိန်ကတော့ နှုတ်ခမ်းတင်းတင်းစိလိုက်သည်။
ကလေးတွေက ဟွမ်ရှောင်မိန်၏ သောကဖြစ်သည်။ ဤလက်ရှိနှစ်တွေတွင် သူမနှင့် ချန်ပေါင်မင်းသည် ပိုက်ဆံအကုန်ခံကာ ဆရာဝန်တွေနှင့်ပြသလို ရိုးရာနည်းတွေဖြင့်ပါ ပြသခဲ့သည်။
သူမတွင် ကလေးမရှိသည်ကြောင့် သူမ၏ ယောက္ခမအပေါ် အားနာကာ အရာရာတိုင်းကို သတိထားလုပ်သည်။ သူမသည် အိမ်တွင် မမြင်ရသည့်လူတစ်ယောက်လိုပင်။
ဟူချူရှန်း ကလေးအကြောင်း ပြောလာသည့်အခါ သူမသည် စကားပြောချင်စိတ် ပျောက်သွားတော့သည်။ သူမသည် အခုလေးတင် ရှာတွေ့ခဲ့သည့် ဂွမ်းများကိုထုပ်ပိုးကာ ချန်ဖန်းရှု၏အခန်းဆီ ပို့ပေးရန်ပြင်လိုက်သည်။
သူမ၏ယောင်းမဆီ ဂွမ်းတွေသွားပေးမည်ဆိုတာကို ဟူချူရှန်းကြားသည့်အခါ သူမလည်း သူမ၏ ကလေးနှစ်ယောက်အတွက် ဂွမ်းသွပ်အဝတ်အစားအသစ်တွေချုပ်ရမှာရှိသည့်အတွက် သူမ စိတ်မချမ်းမသာဖြစ်သွားသည်။ "ဒီလောက်ကောင်းတဲ့ဂွမ်းတွေကို ကလေးတွေဆီပေးရမှာ နှမြောစရာပဲ။ သူတို့တွေက ကြီးလာတာမြန်ပြီး ပြဲကုန်တော့ နှစ်နှစ်အတွင်း ပြန်ချုပ်ရမှာဘဲ"
ဟူချူရှန်း တွေးလိုက်သည်။ သူမ မလိုချင်လျှင် သူမဆီပေးလိမ့်မည်ပင်။ သူမ ထိုဂွမ်းတွေအားပြန်ယူကာ ကျန်နေသည့်စောင်တွင် ထပ်ထည့်လိုက်ပါက ဆောင်းရာသီတွင် နွေးနေလိမ့်မည်ပင်။
ရလဒ်အနေဖြင့် ဟွမ်ရှောင်မိန်သည် ဘာမှမပြောဘဲ သူမအား ပြုံးဘဲပြုံးပြကာ ဂွမ်းတွေနှင့်အတူ ထွက်သွားတော့သည်။
ဟွမ်ရှောင်မိန်၏ အမေသည် ဒီဂွမ်းတွေကိုဝယ်လာခဲ့တာဖြစ်သည်။ သူမ ကိုယ်ဝန်ရှိခဲ့တုန်းက ဤဂွမ်းတွေကို ကလေးလေးအတွက် အနှီးလုပ်ပေးမည်ဟု စီစဉ်ထားခဲ့သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူမသိပ်ပြီး စိတ်အားမထက်သန်လိုက်ရပေ။ နောက်ဆုံး သူမတွင်ကိုယ်ဝန်နှစ်လရှိလာသော်လည်း မတော်တဆ ကလေးကိုဆုံးရှုံးခဲ့ရသည်။
ချန်ဖန်းရှု ဒဏ်ရာရထားသည့်နေ့များတွင် သူမသည်လည်း ကလေးဆုံးရှုံးခါစပင်ဖြစ်ကာ အိမ်တွင်နာလန်ပြန်ထူနေရသည်ဖြစ်တာကြောင့် သူမတွင် ဘာကိုမှ ဂရုစိုက်ဖို့ အချိန်မရှိခဲ့ပေ။
နောက်တော့ သူမ၏ယောင်းမ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည်ဟုကြားသော် သူမလည်း စိတ်မကောင်းဖြစ်မိကာ သူမကိုနည်းလမ်းပေါင်းစုံဖြင့် ကူညီပေးခဲ့သည်။ ယနေ့တွင် တိုက်တိုက်ဆိုင်ဆိုင် သူမဂွမ်းတွေကို ရှာတွေ့ခဲ့ကာ ဗီရိုထဲတွင် ဖုန်တွေနှင့် မထားချင်သည့်အတွက် သူမ၏ ယောင်းမအားပေးရန် စီစဉ်လိုက်သည်။
ဟွမ်ရှောင်မိန်အခန်းထဲ ဝင်လာသည့်အချိန် လုထောင်ဟာ ခုံအရှည်ပေါ်တွင်ထိုင်နေကာ မှန်အရှေ့တွင် သူမ၏ ဆံပင်တွေကို ဆွဲနေ၏။
ကလေးမလေးဟာ လွန်ခဲ့သည့်လတွင် ကောင်းကောင်းစားသောက်ခဲ့ရသည်ကြောင့် အရပ်နည်းနည်းရှည်လာကာ မျက်နှာတွင်လည်း အဆီလေးတွေနည်းနည်းတိုးလာသည်ကြောင့် သူမအား ဖြူဖြူနုနုနှင့် အရမ်းချစ်စရာကောင်းလာစေသည်။
သူမသည် ကလေးသေးသေးလေးသာ ဖြစ်သော်လည်း မျက်ခုံးတွေကို တင်းတင်းတွန့်ချိုးထားကာ အလေးအနက်ကို စိတ်မချန်းမသာဖြစ်နေသလိုပင်။
ဟွမ်ရှောင်မိန်မှာ ကလေးတွေကို အမြဲတမ်းအားကျနေရသူဖြစ်ကာ လုထောင်ကို သူမမြင်သည့်အခါ မနေနိုင်ဘဲ သူမအား အကြိမ်အနည်းငယ်လောက်ကြည့်လိုက်မိသည်။ သူမအကြည့်တွေထဲတွင် ချင်ခင်မှုနှင့်အားကျနေမှုများ ပျော်ဝင်နေ၏။
သူမအား ချန်ဖန်းရှုမြင်သော် ပြုံးပြလိုက်ပြီး ခန်အပေါ် ထိုင်ခိုင်းလိုက်သည်။ "ဒုတိယယောင်းမ သူ့ကိုစိတ်ထဲမထားနဲ့၊ သူက စိတ်ကြီးဝင်နေတာ"
လုထောင်ဟာ တကယ်စိတ်ကြီးဝင်နေတာဖြစ်သည်။
သို့ပေမယ့် ၎င်းဟာ သူမအမေ စိတ်ကူးထားတာနှင့်တော့ မတူပါချေ။ ဒီအချိန်တွင် သူမ၌ အနည်းငယ်စိုးရိမ်စရာရှိနေပါ၏။
ဘာကိုစိုးရိမ်နေတာလဲ?
လအနည်းငယ်လောက်ရှိလာတော့ သူမ၏ဆံပင်တွေဟာလည်း ရှည်လာသည်။
ဆံပင်ကောက်ကောက်လေးဟာ လှသည်ဆိုတာ ကလေးမလေးလက်ခံဖို့ အချိန်ယူလိုက်ရသည်။ သို့ပေမယ့် ရှည်လာသည့် ဆံပင်အသစ်တွေဟာ အဖြောင့်တွေဖြစ်နေသည်။ သူမဘယ်လိုလုပ် စိတ်မညစ်ဘဲနေမှာလဲ?
ဒီနေ့ သူမမှန်ကြည့်လိုက်တဲ့အချိန် ထိုပြဿနာကိုရှာတွေ့လိုက်ကာ သူမဆံပင်ကောက်ကောက်လေးတွေ ပြန်ရနိုင်အုံးမလားဆိုတာ စိတ်ထဲတွင် သူမကိုယ်သူမ မေးနေမိသည်။
အာ့ဝူလင်မှာ ဒေါသထွက်ရလွန်းလို့ ရယ်လိုက်မိသည်။ [ဖေဖေ့ကို သမီးရဲ့ဆံပင်တွေကို အထူးတလည်လုပ်ပေးတဲ့ ဆရာတိုနီလို့ထင်နေတာလား?]
"ဖေဖေဘဲ အရမ်းမိုက်တဲ့ ပြန်လည်ဖာထေးတဲ့ပက်ကေ့ခ်ျထည့်ထားတယ်လို့ ပြောခဲ့တယ်မလား?"
အာ့ဝူလင် - [....]
လုထောင်က ဆက်ပြီးမေးလာသည်။ "ဖေဖေ အရင်ကထောင်ထောင်ကို ကူပေးခဲ့တယ်လေ၊ အဲ့ဒါကိုထပ်မလုပ်နိုင်တော့ဘူးလား?"
"မလုပ်နိုင်" ဆိုသည့်စကားလုံးဟာ အမျိုးသားတွေကို အထိမခံနိုင်သလို အဆင့်မြင့်စနစ်ကိုလည်း အထိမခံနိုင်စေပေ။
လုထောင် စကားပြောလို့ပြီးတော့ သူမမျက်စိရှေ့တွင် စကားလုံးတွေ ထွက်ပေါ်လာကာ အာ့ဝူလင်လဲ လုံးဝတိတ်သွားတော့သည်။
ဟူချူရှန်းဟာ စိတ်ဓာတ်ကျစွာဖြင့် ပြတင်းပေါက်မှ ဖြတ်သွားသည့်အချိန် ချန်ဖန်းရှုနှင့် ဟွမ်ရှောင်မိန်တို့ စကားကောင်းနေကြတာကိုမြင်လိုက်ရသည်။
ဒုတိယယောင်းမဟာ တုံးအသည်ဟု ဟူချူရှန်းခံစားလိုက်ရသည်။ သူမသည် ပစ္စည်းကောင်းတွေကို သူမကိုယ်တိုင်အတွက် မသိမ်းထားဘဲ ပေးပစ်ဖို့ကိုသာ စိတ်အားထက်သန်နေ၏။
သူမ ဘယ်လိုနေထိုင်ရမလဲဆိုတာ မသိမှတော့ အခုထိကလေးမရသေးတာ မအံ့ဩတော့ဘူး။ ဒီလိုအမေရဲ့ဗိုက်ထဲမှာ ဒုက္ခခံပြီး ဘယ်ကလေးက နေချင်ပါ့မလဲ?
နှစ်ရက်အကြာ အမျိုးသမီးဟူသည် အစောပိုင်းကအဖြစ်အပျက်တွေကို မေးရန် အထူးတလည်ရောက်လာသည်။
သူမတို့အိမိမှ အမျိုးသမီးအိုကြီး လက်မခံပါက မျှော်လင့်ချက်မရှိဟု ဟူချူရှန်းပြောလိုက်သည်။
အမျိုးသမီးဟူသည် ၎င်းအား သူမစိတ်ထဲတွင် နှစ်ကြိမ်လောက် တစိမ့်စိမ့်တွေးလိုက်ကာ မေးလိုက်သည် "နင့်ရဲ့ယောက္ခမက လက်မခံပေမဲ့ နင့်ရဲ့ယောင်မကရော? သူဘာပြောလဲ?"
သူမ ဘာကိုမှ ပြီးမြောက်အောင်မလုပ်ရသေးကာ လျစ်လျူတောင်ရှုခံခဲ့ရသည် မဟုတ်လား? "ဘာပဲဖြစ်ဖြစ်၊ သူတို့လက်မခံဘူး။ အစ်မ မယုံရင် သူတို့ကို ကိုယ့်ဘာသာသွားမေးလိုက်" သူမမှာ ထိုသို့သာပြောနိုင်တော့သည်။ ထိုသို့ပြောပြီးနောက် သူမ၏ ယောင်းမ ပစ္စည်းတွေကို ပြန်ယူလိုက်မှာစိုးကာ အမြန်ပြန်ဖို့လုပ်လိုက်သည်။
အမျိုးသမီးရှုက သူမကိုဘယ်လိုလုပ် လွှတ်ပေးရမှာတဲ့လဲ? သူမကိုအမြန်လှမ်းဆွဲလိုက်ကာ ပြောလိုက်သည်။ "နင်ဘာလို့ အလျင်လိုနေတာလဲ? ဘယ်သူလက်မခံတာလဲဆိုတာငါ့ကိုအရင်ပြော"
သူတို့နှစ်ယောက်လုံး လက်မခံတာဆိုပါက ဒီကိစ္စဟာ ကိုင်တွယ်ဖို့ ခက်ခဲလိမ့်မည်ပင်။
အမေဖြစ်တဲ့ လုကွေ့ရင်းက လက်မခံတာဆိုလျှင်.....
အမျိုးသမီးရှုဟာ ယုံကြည်မှုရှိစွာဖြင့်ပြုံးလိုက်သည်။ "နင့်ရဲ့ယောင်းမနဲ့ သာ့ချိန်တို့ကို ပေးတွေ့ဖို့ ငါတို့အခွင့်အရေးရှာရမယ်။ သာ့ချိန်နဲ့တွေ့ကြည့်ပြီးရင် သူလည်းသဘောကျသွားပြီး နင်ယောက္ခမကို ကူပြီးဖျောင်းဖျရင် ဖျောင်းဖျပေးလိုက်မှာ"
သူမ ဘာမှမပြောနိုင်သော်လည်း သူတို့မိသားစု၏ သာ့ချိန်ဟာ ရုပ်ရည်ကြည့်ကောင်းကာ သူ့အသက်၂၀ဝန်းကျင်လောက်တွင် မိန်းကလေးတွေကြား၌ နာမည်ကြီးသည်။
လုကောပင်း၏ ပုံစံအား စဉ်းစားမိတဲ့အခါ ဟူချူရှန်းအနည်းငယ် လှုပ်ရှားသွားရသည်။
ချန်ဖန်းရှု လုမိသားစုနှင့် လက်ထပ်သည့်အချိန် လုကောပင်း၏ လစာဟာမများသလို သူဟာအဝေးစစ်တပ်တစ်နေရာ၌ရှိနေခဲ့ကာ အိမ်တွင် တစ်နှစ်နေလို့ရက်အနည်းငယ်သာ နေနိုင်ခဲ့သည်။
ခင်ပွန်းသည်တစ်ယောက်အတွက် အိမ်နှင့်တစ်နှစ်ပတ်လုံး ဝေးနေရသည်မှာ ခက်ခဲလှသည်။ လုကောပင်းဟာ ရုပ်ရည်ကြည့်ကောင်းသည်ကြောင့် သူမ၏ ယောင်းမလက်ခံတာဖြစ်လိမ့်မည်ဟု သူမတွေးလိုက်သည်။
ဒါကိုတွေးကြည့်လိုက်တော့ သူမ၏ ယောက္ခမအိမ်တွင်မရှိသည့်အချိန်၌ ချန်ဖန်းရှုနှင့် သူမယောင်းမ၏ မောင်အား တွေ့ပေးရန် သူမလက်ခံလိုက်သည်။