← Chapters

Chapter 40

Vol. 4 Ch. 40

Chapter 40

Vol. 4 Ch. 40

အမျိုးသမီးဟူကလည်း အဆင်သင့်လက်ခံလိုက်ကာ ရက်အနည်းငယ်အကြာ ဝေသာ့ချိန်အား ချန်မိသားစုသို့ ခေါ်လာခဲ့သည်။

ပြောရလျှင် ဝေသာ့ချိန်ဟာ တကယ်ကြည့်ကောင်းသည်။

သူသည် အရပ်ရှည်ကာ နှာတံသွယ်သွယ်ရှိသော်လည်း ဘယ်လို ရပ်ရ ထိုင်ရမလဲ မသိဖြစ်နေပုံဟာ ကြည့်ရတာ အရမ်းကိုအားထားချင်စရာမကောင်းနေပေ။

သို့သော်လည်း၊ ဟူချူရှန်းဟာ ပိုက်ဆံတွေကိုသာကြည့်တတ်ကာ လူတွေကိုမကြည့်တတ်သည့်အတွက် လူတစ်ယောက်ဟာ ယုံကြည်အားကိုးရလား မရဘူးလားဆိုတာ သူမဘယ်လိုလုပ် ပြောနိုင်မှာတဲ့လဲ။

ဒါ့ပြင်၊ ဒါဟာ သူမအတွက်မဟုတ်ဘဲ သူမ၏ယောင်းမအတွက်ဖြစ်သည်။

လုကွေ့ရင်း အိမ်တွင်မရှိသည့်အချိန် သူမသည် ထိုတစ်ဝမ်းကွဲအား ချန်ဖန်းရှုအခန်းဆီသို့ ခေါ်လာသည်။

ရှို့ရွှေ့ခရိုင်တွင် ဆောင်းစောစောဝင်ကာ၊ လူတွေဟာ ယနေ့ခေတ်တွင် ဆွယ်တာတွေ ဘောင်းဘီရှည်တွေကို မတတ်နိုင်သည့်အတွက် ဂွမ်းသွပ်အဝတ်အစားတွေကိုသာဝတ်နိုင်သည်။

ချန်ဖန်းရှုသည် လုထောင်အား ဂွမ်းအနွေးထည်ပေးလိုက်သည်။ ဝင်လာသည့်သူကိုမြင်သည့်အခါ သူမကိုလာရှာတာဟု တွေးလိုက်မိသည်။

နောက်တော့ ထိုသူဟာ သူမ ယောင်းမမိသားစု၏ ဆွေမျိုးဖြစ်မှန်း သိလိုက်ရတဲ့အခါ သူမနှင့်မဆိုင်သည့်အတွက် တစ်ခုခုမှားနေသလို ခံစားလိုက်သည်။

သူမယောင်းမ၏ အမျိုးရောက်လာသည့်အခါ သူတို့သည် သူမယောင်းမဆီ မသွားရင်တောင်မှ လုကွေ့ရင်းနှင့် ချန်ကွမ်ဖာ့ဆီ သွားသင့်သည်။ ဒီလိုသူစိမ်းတစ်ယောက်ကို ဘာလို့ သူမအခန်းထဲ ခေါ်လာတာလဲ?

သို့ပေမယ့် သူမသည် စိတ်ထိန်းနိုင်တာကြောင့် သူမရင်ထဲတွင် သဘောမကျရင်တောင်မှ မျက်နှာပေါ်တွင်မပြပါချေ။ သူတို့အား ယဉ်ယဉ်ကျေး‌ကျေးဖြင့် နှုတ်ဆက်ပြီးနောက် သူတို့လာရသည့် ရည်ရွယ်ချက်အား နားထောင်ရန် စောင့်နေလိုက်သည်။

ရလဒ်အနေဖြင့်၊ ဟူ‌ချူရှန်းဟာ အတော်ကြာသည်အထိ အဓိကအချက်ကို မပြောလာပါချေ။ ထိုအစား သူမသည် ဟူသာ့စောင်ကဲ့သို့ ဝေသာ့ချိန်အား စချီးကျူးပြတော့သည်။

ဝေသာ့ချောင်သည် အခန်းထဲဝင်လာကတည်းက ထိုင်ခုံပေါ်တွင်ထိုင်ကာ လူတွေအား မသက်မသာဖြစ်စေသည့်အကြည့်ဖြင့် ချန်ဖန်းရှုအား တည့်တည့်ကြည့်နေ၏။

ဘာတွေဖြစ်နေသလဲဆိုတာ ချန်ဖန်းရှု တဖြည်းဖြည်းနဲ့ သဘောပေါက်လာကာ အနည်းငယ် မပျော်မရွှင်ဖြစ်လာသည်။ "အစ်မ ကျွန်မကို ဘာအကြောင်းပြောချင်တာလဲ?"

"ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ညီမကို သာ့ချိန်နဲ့မိတ်ဆက်ပေးပြီး နှစ်ယောက်သား အဆင်ပြေနိုင်လားဆိုတာ ကြည့်ဖို့ပါ"

ဟူချူရှန်းက တကယ်ဘဲ ထိုသို့ဆိုလာတော့ ချန်ဖန်းရှုဟာ စိတ်ပျက်သွားကာ ပြောလိုက်သည် "ဟင့်အင်း၊ ကျွန်မတော့ ဒါက လိုတယ်လို့မထင်ဘူး"

"ဘာလို့မလိုရမှာလဲ?" ဟူချူရှန်း ပြောလိုက်သည်။ "ညီမက မငယ်တော့ဘူးလေ။ ပြီးတော့ ကလေးနှစ်ယောက်လဲ ရှိသေးတာ။ အနာဂတ်ကိုတွေးရမယ်လေ။ နင်တို့တွေက သက်တူရွယ်တူလဲဟုတ်သလို အခြေအနေကလဲ သင့်တော်တယ်။ ..."

"အစ်မ၊ အစ်မက စစ်တပ်က လက်ထပ်မှုကို ဖျက်စီးမလို့လား?"

ချန်ဖန်းရှုမှာ ဘာကိုမှထပ်ပြီးမကြားချင်တော့ကာ သူမအား စကားဖြတ်ပြောလိုက်သည်။

ဟူချူရှန်းက ချောင်းဆိုးလိုက်ပြီး "ဒါပေမဲ့ ကောပင်းက..."

"သူပြန်လာမှာ" ချန်ဖန်းရှု သူမအား တင်းမာစွာကြည့်လိုက်သည်။

ဒါ့အပြင်၊ အစ်ကိုကောပင်း ပြန်မလာရင်တောင် သူ့နေရာတွင် ဘယ်သူ့ကိုမှ အစားမထိုးနိုင်ပါချေ။

ဝေသာ့ချိန်သည် သူ့အစ်မဆီကနေ ဆွဲခေါ်ခံသွားရသည်။ ချန်ဖန်းရှုဟာ လက်ထပ်ထားကာ ကလေးနှစ်ယောက်လည်းရှိသည်ကြောင့် သူမပျော်မရွှင်ဖြစ်ခဲ့သည်။

နောက်တော့၊ ချန်ဖန်းရှု၏ အလှနှင့် သူမသည်ပိုက်ဆံအများကြီး ရှာနိုင်ကြောင်း သူသိလိုက်ရသည့်အခါ အင်တင်တင်ဖြင့် ထိုင်လိုက်သည်။

ချန်ဖန်းရှုပြောတာကို သူကြားသည့်အခါ ဟူချူရှန်းနှင့် ဟူသာ့စောင်တို့ ဘာမှပြောမပြီးသေးခင် သူကတော့ မပျော်မရွှင်ဖြစ်သွားသည်။

"ခင်ဗျားလို အိမ်ထောင်ရှိတဲ့မိန်းမကို ဘယ်သူကရောလက်ထပ်ချင်နေလို့လဲ? ခင်ဗျားကို မျက်နှာသာပေးထားတာကို ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေလဲ?!"

ဝေသာ့ချိန် ထိုသို့ပြောပြီးသည်နှင့် အခန်းတွင်းမှာရှိသည့် လူတိုင်း၏ အမူအရာဟာ ပြောင်းလဲသွားတော့သည်။

အမျိုးသမီးဟူသည် သူ့အားခေါ်လိုက်ကာ တစ်ခုခုပြောတော့မယ့်အချိန် တံခါးဝမှ ဒေါသထွက်နေသည့် ကလေးသံလေးကို ရုတ်တရက်ကြားလိုက်ရသည်။ "ဘယ်သူ့ကိုပြောနေတာလဲ?"

နူးနူးညံ့ညံ့ကလေးမလေးဟာ ပြေးဝင်လာကာ ဝေသာ့ချိန်အား တိုက်ထည့်လိုက်သည် " မကောင်းတဲ့လူကြီး! သမီး မေမေကို ပြောရဲတယ်ပေါ့လေ!"

ဝေသာ့ချိန်မှာ ထရပ်ရုံလေးဘဲရှိသေးကာ သူတိုက်မိသည့်အချိန် မတည်မငြိမ်ဖြစ်သွားကာ ထိုင်ခုံပေါ် ပြန်ပြုတ်ကျသွားသည်။

သူ့အမူအရာဟာ ပိုလို့တောင် အရုပ်ဆိုးလာသည်။ "ဘယ်သွားမလို့လဲ၊ ကလေးစုတ်?"

သူမ သမီးထိမှာစိုးတာကြောင့် ချန်ဖန်းရှုသည် ဘာမှစဉ်းစားမနေတော့ဘဲ သူမ၏ဒဏ်ရာရထားသည့်‌ ခြေထောက်ကို ခန်အပေါ်မှတရွတ်တိုက်ဆွဲကာ သူမ၏သမီးကို သူမ၏အနောက်တွင် ကာကွယ်ထားလိုက်သည်။ "နင်ဘာလုပ်တာလဲ? ကလေးက ဘာမှသိတာမဟုတ်ဘူး၊ နင် မစဉ်းစားတတ်ဘူးလား? နင့်မိသားစုဝင်တွေက ဒီလိုမျိုးရှိနေတော့ ဘာကိုမှဂရုမစိုက်တော့တာလား?"

ရည်မွန်ပုံပေါ်သည့် ဝေသာ့ချိန်ဟာ ဒီလိုစိတ်မျိုးရှိလိမ့်မည်ဟု ဟူချူရှန်း မထင်ထားပါချေ။ ဒါဟာ အရမ်းရှက်စရာကောင်းလှသည်။

သူမ ကိစ္စတွေကို အမြန်ပြေလည်အောင် လုပ်လိုက်ပေမယ့် ဝေသာ့ချိန်ကတော့ ငြင်းဆန်နေကာ အမျိုးသမီး‌ဟူဘက်လှည့်၍ မေးခွန်းမေးလိုက်သည်။ "အစ်မ၊ ဒီလိုမိန်းမမျိုး ဘာလို့ ကျွန်တော့်ကိုရှာပေးတာလဲ? ဈေးပေါတဲ့ အဖေတစ်ယောက်လိုချင်ရင် ဘာလို့ကိုယ့်ဘာသာကိုယ်မရှာတာလဲ? ဘာလဲဟ!"

"ဈေးပေါတဲ့အဖေ" ဆိုသည့် စကားထွက်လာသည်နှင့် လုထောင်ရဲ့ နားထဲတွင် မြောင်ဆိုသည့်အသံနှင့် ကုတ်တွေ ပလုံးပထွေးပြောနေသံဖြင့် ပြည့်နှက်သွားသည်။

အမျိုးသမီးဟူ သူမ၏မောင်အား မနှစ်သိမ့်ရသေးခင် ကလေးမလေးဟာ အာ့ဝူလင်၏ အမိန့်အောက်တွင် ပြောလာသည်။

"သော့တွေက တစ်စုံကို ဆင့်သုံးဆယ်၊ သုံးခုကို တစ်ယွမ်၊ တစ်စုံလိုချင်လား?"

လူတိုင်း ကြောင်သွားကာ မတုံ့ပြန်မိကြပေ။

လုထောင် ဆက်ပြောလာသည်။ "တခြားဟာတွေက လှပေမဲ့ အိပ်မက်မက်နေရုံဘဲရမယ်"

သူမဟာ စော်ကားပြောဆိုနေမှန်း အခု‌တော့ လူတိုင်းသဘောပေါက်သွားကြကာ ဝေသာ့ချိန်၏ မျက်နှာဟာ အစိမ်းရောင်သန်းလာသည်။

မျက်နှာချင်းဆိုင်ရှိ ဦးလေး၏ မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့် အမူအရာရှိနေ၏။ ကလေးမလေးဟာ အနည်းငယ် ကြောက်သွားပေမယ့် သူမမေမေ၏ ခြေထောက်ကို ကိုင်ထားကာ သူမရဲ့စကားတွေကို ဆက်ပြောလိုက်သည်။ "သမီးရဲ့ဖေဖေ ဖြစ်ချင်ရင် ဘာလို့ကောင်းကင်ဘုံကို မသွားတာလဲ?"

ရှောင်လုထောင်တွင် မဝံ့ရဲသည့်မျက်လုံး၊ နူးညံ့ချိုသာသည့်အသံရှိသော်လည်း သူမပြောသမျှ စကားလုံးတွေဟာ စောစောကထက် ပိုပြီးသရော်နေသလိုပင်။

ဝေသာ့ချိန်မှာ ဒေါသထွက်ရလွန်းလို့ ခေါင်းကနေ မီးခိုးတွေတောင် ထွက်လာတော့မည်။ သူ ဒီကလေးမလေးကိုဆွဲကာ သင်ခန်းစာပေးချင်ပေမယ့် သူ့အစ်မက သူ့ကိုအတင်းဆွဲထားသည်။

အမျိုးသမီးဟူလည်း ရှက်ရွံ့အားနာနေမိသည်။

သို့ပေမယ့် ရှက်ရွံ့အားနာမှုတွေဟာ ရပ်သွားတော့သည်။ ဒါဟာ ချန်မိသားစုဖြစ်သည်။ ရန်ဖြစ်သည်ဆိုပြီးကြားပါက ဒုက္ခရောက်မည့်သူမှာ သေချာပေါက် ချန်ဖန်းရှု မဟုတ်ပေ။

အမျိုးသမီးဟူသည် သူမ၏မောင်ဖြစ်သူအား ခပ်တင်းတင်းဆွဲထားကာ ပြောလိုက်သည်။ "နင်က လူကြီးလေ၊ ဘာလို့ကလေးတစ်ယောက်နဲ့ ရန်ဖြစ်နေတာလဲ?"

ဟူချူရှန်းလည်း ကိစ္စတွေအဆင်ပြေအောင် ကြိုးစားနေသည်။

ဘာပဲဖြစ်ဖြစ်၊ ကိစ္စတွေကို ရှုပ်ထွေးအောင်လုပ်မိသူမှာ သူမသာဖြစ်သည်။ သူမ ယောက္ခမပြန်လာလို့ ကိစ္စတွေသာ ထိန်းမနိုင်သိမ်းမရဖြစ်နေပါက သူမကိုယ်တိုင် ရှင်းပြလို့မရနိုင်လောက်ပေ။

နှစ်ယောက်သား ဝေသာ့ချိန်အား ဆွဲထုတ်လာလိုက်သည်။

ချန်မိသားစုအိမ်မှ ခပ်ဝေးဝေးသို့ ရောက်သော်လည်း ဝေသာ့ချိန်မှာ ကျိန်ဆဲနေဆဲဖြစ်ကာ သူ့အစ်မအား သူ့ကိုဘာလို့ဆွဲလာရလဲဟု မေးခွန်းထုတ်တော့သည်။

အမျိုးသမီးဟူမှာ စိတ်ညစ်သွားကာ သူ့ကိုလွှတ်ပေးလိုက်သည်။ "နင်သာ မိန်းမအကြောင်း ထပ်မပြောတော့ဘူးဆိုရင် အိမ်ပြန်ပြီး အေးဆေးနေ။ နင်သာ မိန်းကလေးတစ်ယောက်ကို ရိုက်တယ်ဆိုပြီး တစ်ယောက်ယောက်သာကြားရင် နင်နဲ့မိတ်ဆက်ပေးချင်ကြဦးမလား ကြည့်ကြတာပေါ့"

"ဒီတော့ ဒါပေါ့လေ? ဒီသုံး‌နှစ်အရွယ်ကလေးဆီကနေ ငါတစ်ခါမှ အဲ့ဒီလိုပြောခံမထိဖူးဘူး!"

"သူက သုံးနှစ်ဆိုတာ နင်သိသေးတယ်ပေါ့လေ? သုံးနှစ်အရွယ်ကလေးနဲ့ ရန်ဖြစ်တာကရော ရှက်စရာမဟုတ်ဘူးလား?"

အမျိုးသမီးဟူဟာ အရမ်းစိတ်ပျက်နေသည့်ပုံပင်။ "နင့်ဒေါသကိုထိန်းပြီး ဇနီးတစ်ယောက် ရလာမှာကိုစောင့်ဦးလေ။ ဒါပေမဲ့ နင်က အဲ့ဒီလိုမဟုတ်ဘူး"

ဝေသာ့ချိန်ကို စည်းရုံးသိမ်းသွင်းလို့မရသေးပေ။ "သူက ဒုတိယအကြိမ်လက်ထပ်တာပဲ၊ ကျွန်တော်က သူ့ကိုဘာလို့ ချော့ရမှာလဲ?"

"ဒုတိယအကြိမ်လက်ထပ်တာ ဘာများဖြစ်လို့လဲ? သူပိုက်ဆံရှာနိုင်နေမှတော့ သူဘယ်နှကြိမ်လက်ထပ်ထားလဲဆိုတာ နင်ဂရုစိုက်စရာမလိုဘူး။ သူ့ကို နည်းနည်းလေးချော့လိုက်တာနဲ့ ပိုက်ဆံတွေအားလုံးက အနာဂတ်မှာ နင့်အပိုင်ဖြစ်လာမှာ။ ကလေးနှစ်ယောက်ကိုတော့ နင့်ရဲ့ကလေးရလာတဲ့အခါကျရင် သူတို့ကို သူ့ရဲ့ယောက္ခမအိမ်ပြန်ပို့ခိုင်းဖို့ ပြောလိုက်ပေါ့..."

အမျိုးသမီးဟူထိုအကြောင်းကို ဘယ်လိုတွေးတွေး သူမမောင်အား နှမြောမိကာ မနေနိုင်ဘဲ ထပ်ဆူမိပြန်သည်။

ဝေသာ့ချိန်မှာ နားထောင်ရတာကိုသဘောမကျတဲ့အတွက် ပြောလိုက်သည်။ "မပြီးသေးဘူးလား?" ထို့နောက် သူမအား နေရာတွင်ချန်ထားလိုက်ကာ တစ်ယောက်ထဲ ထွက်သွားတော့သည်။

တစ်ဖက်တွင်၊ ဟူချူရှန်းသည် ချန်ဖန်းရှု၏ အခန်းထဲ ပြန်လာကာ ဒီအကြောင်းကို လုကွေ့ရင်းဆီ မပြောပြဖို့ ချန်ဖန်းရှုအား ပြောလိုက်သည်။

ချန်ဖန်းရှု နှုတ်ခမ်းကိုတင်းတင်းစိကာ ဘာမှမပြောပေ။ သူမရဲ့သမီးကိုသာ ခန်အပေါ်ချီလိုက်ပြီး မေးလိုက်သည်။ "ထောင်ထောင်၊ ခုနတုန်းက စကားတွေကို ဘယ်သူသင်ပေးလိုက်တာလဲ?"

ကလေးမလေးသည် သူမရဲ့အဒေါ်ကို လှည့်ကြည့်လိုက်ပြီး သူမ အမေနားနားကပ်ကာ တီးတိုးပြောလိုက်သည်။ "ဖေဖေသင်ပေးတာ"

ချန်ဖန်းရှုရဲ့မျက်လုံးတွေ တောက်ပသွားကာ ပြုံးသွားပြီး သူမရဲ့ပါးလေးကို နမ်းလိုက်သည်။ "ဒီလိုစကားတွေ နောက် ထပ်မပြောနဲ့နော်၊ အဲ့ဒါရိုင်းတယ်"

ကလေးမလေးသည် ခေါင်းညိတ်လိုက်ကာ သူမအမေရဲ့လည်ပင်းကိုဖက်လိုက်ပြီး ရင်ခွင်ထဲ တိုးဝင်လိုက်သည်ာ "ထောင်ထောင် ထပ်မပြောတော့ပါဘူး၊ အဲ့ဒီဦးဦးက မကောင်းဘူး၊ ထောင်ထောင်က အဲ့ဒီလိုဘဲပြောတာ"

ဟူချူရှန်းမှာ တစ်ဖက်တွင် ရှိနေ၏။ ဒါ့အပြင် ရှက်ရွံ့နေကာ မသက်မသာဖြစ်နေသည်။

သူမ နှုတ်တောင်မဆက်ဘဲ လူတွေကို ဒီခေါ်လာရသည့် အဓိကအကြောင်းရင်းသည် ချန်ဖန်းရှုဟာ သဘောကောင်းကာ ကိစ္စတွေအဆင်မပြေရင်တောင်မှ အဆင်ပြေလိမ့်မည်ဟု သူမ ထင်မိတာကြောင့်ပင်။

ဝေသာ့ချိန်မှာ ဒီလိုစိတ်အခြေအနေရှိမှန်း ဘယ်သူသိမှာလဲ? သူမယောင်းမ၏ အပြုအမူဟာလည်း အဆင်မပြေတော့သလို သူမသည် အရင်ကလောက် စကားပြောရအဆင်မပြေတော့ပေ။

ဟူချူရှန်းသည် ရက်အနည်းငယ်လောက်အထိ စိုးရိမ်နေသော်လည်း သူမယောက္ခမဘက်တွင် လှုပ်ရှားမှုမရှိသည်ကိုမြင်တော့ နောက်ဆုံး သူမစိတ်အေးသွားတော့သည်။

သူ့ ယောင်းမဟာ ဒေါသထွက်သွားသော်လည်း အရင်ကလိုမျိုး ညင်သာနေဆဲဖြစ်ကာ ၎င်းကိုစိတ်ထဲမထားသည့်ပုံပင်။

ရလဒ်အနေဖြင့် လုကွေ့ရင်းသည် မနက်ဘက် အပြင်သွားပြီးနောက် သူမပြန်လာသည့်အချိန် ဟူချူရှန်းနှင့် ‌ချန်ပေါင်ခဲ့တို့ကို ခေါ်လိုက်သည်။ သူမသည် သူတို့အား အနာဂတ်တွင် ချက်ပြုတ်စားသောက်ရာ၌ သူတို့ဘာသာခွဲလုပ်ကာ ပင်မအိမ်သို့ မလာတော့ရန် ပြောလိုက်သည်။

သူတို့လင်မယားမှာ တစ်ခဏလောက် ကြောင်အသွားကြသည်။ အထူးသဖြင့် အောင်သွယ်သည့်အကြောင်းကို မသိထားသည့် ချန်ပေါင်ကောင်းပင်။

"အမေ၊ ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ရုတ်တရက်ကြီး ကျွန်တော်တို့ကို ခွဲချက်ခိုင်းရတာလဲ?"

ဟူချူရှန်း စိတ်မသက်မသာဖြစ်သွားသော်လည်း သူမဘာသာချက်ပြုတ်ရသည်က အချိန်နှင့်အားထုတ်မှုတွေ ဘယ်လောက်ကုန်ရမှာ၊ သူမဘထင်းဘယ်လောက်သုံးရမှာ၊ သူမအနေဖြင့် ပင်မအိမ်မှ အရသာရှိသည့်အစားအသောက်တွေ မရနိုင်တော့မှာကို တွေးမိသည့်အခါ သူမဘက်မှ စမေးလာသည်။ "ဒါက ကျွန်မတို့ဘဲလား ဒါမှမဟုတ် လောင်အာနဲ့ ရှုအာတို့လည်း သူတို့ဘာသာချက်ပြုတ်စားသောက်ကြမှာလား?"

လုကွေ့ရင်း သူမအား မျက်စောင်းဖြင့်စိုက်ကြည့်ပြီးနောက် သူမ၏အကြီးဆုံးသားဆီလှည့်ကာ ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ ငါ့ကိုလာမေးတယ်လား? နင့်ရဲ့မိန်းမကို သွားမေးလိုက်လေ"

ဟူချူရှန်းရင်ထဲ ဒိတ်ခနဲခုန်သွားပေမယ့် ချန်ပေါင်ကောင်းကတော့ နားမလည်သေးပါချေ။ "ချူရှန်းကိုလား? သူ အမေ့ကို ဒေါသထွက်အောင် ဘယ်လိုထပ်လုပ်လိုက်ပြန်ပြီလဲ?"

အမျိုးသမီးအိုသည် သူ့ကိုလျစ်လျူရှုကာ ငှားထားသည့်ချိန်ခွင်ဖြင့် ဂိုထောင်ဆီ သွားလိုက်သည်။ "ငါတို့တွေ ငါတို့ကိုယ်ပိုင်ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းထားတယ်။ ငါ နင်တို့ကို မမျှမတမလုပ်ဘူး။ နင်တို့ လူကြီးနှစ်ယောက်က တစ်ယောက်ကို ၈၀၀ကီလိုဂရမ်စီယူကြ။ ရှောင်ပေါင်နဲ့ ကောင်းရှန်းတို့အတွက် ၅၀၀ကီလိုဂရမ်။ အားလုံးပေါင်း ၂၆၀၀ ကီလိုဂရမ်။ ယူသွားကြ"

အမျိုးသမီးအိုဟာ အလေးအနက် ပြောနေသည်ကိုမြင်တော့ ဟူချူရှန်းမှာ လုံးဝကိုထိတ်ထိတ်ပျာပျာဖြစ်လာသည်။ "အမေ! အမေဘာလုပ်နေတာလဲ?!"

သူမသည် သူမယောက္ခမ၏ လက်ကို လှမ်းဆွဲလိုက်သော်လည်း လုကွေ့ရင်းက ခါထုတ်ပစ်လိုက်သည်။ "ငါတို့ကိစ္စတွေပြီးပြီ၊ အရေးမပါတဲ့အကြောင်းတွေ လာမပြောနဲ့"

တစ်ခုခုဖြစ်နေမှန်း ချန်ပေါင်ကောင်း သတိထားမိလိုက်ကာ သူ့ဇနီးအား မှုန်မှိုင်းသည့်မျက်နှာဖြင့် မေးလိုက်သည်။ "မင်း ဘာလုပ်ထားတာလဲ?"

ဟူချူရှန်း အကြည့်လွှဲကာ ပြောလိုက်သည်။ "ဟင့်အင်း၊ ကျွန်မ ဘာမှမလုပ်ထားပါဘူး။ ဒီတိုင်း ရှုအာကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့ရုံပါ"

ချန်ပေါင်ကောင်းမှာ အံ့ဩသွားသည်။ "လူတစ်ယောက်နဲ့မိတ်ဆက်ပေးတယ်?"

သူ့အမေဟာ ဒီလိုမျိုးလုပ်မှာ မဟုတ်မှန်း သူအမြဲတမ်းခံစားမိသည်။

အရင်တစ်ခေါက် ရှုအာဒဏ်ရာရတုန်းက သူ့အမေပြန်လာတဲ့အခါ အရမ်းကိုဒေါသထွက်နေခဲ့ပြီး သူတို့အား ထိုသို့နောက်တစ်ခါဘထပ်မလုပ်ရန်ပြောကာ ရှုအာကို တောင်းပန်ခိုင်းခဲ့သည်။ ဒီတစ်ခေါက်မှာရော သူမဘက်က သူတို့ကိုဘာလို့စပြီး တိုက်ခိုက်မှာတဲ့လဲ? ဒါက သွယ်ဝိုက်တဲ့နည်းနဲ့ မိသားစုကို ခွဲထုတ်လိုက်တာ မဟုတ်ဘူးလား?

ချန်ပေါင်ကောင်း စိတ်ညစ်သွားမိသည်။ "အမေ၊ စိတ်အေးအေးထားပါ။ အမေ မကျေနပ်ဘူးဆိုရင် ကျွန်တော်တို့ကို ဆူပါ။ အမေ့ကိုယ်အမေ ဒေါသထွက်အောင်မလုပ်ပါနဲ့"

"နင်တို့နှစ်ယောက်မှာ အကြံကြီးကြီးရှိနေတာပဲလေ။ ငါက နင်တို့ကို ဘယ်လိုလုပ် ဆူပူရဲမှာလဲ" လုကွေ့ရင်းနှာမှုတ်လိုက်သည်။ "ရှုအာ အိမ်မှာနေတာကိုမကြိုက်လို့ အဝေးကို မောင်းထုတ်ချင်တယ်ဆိုရင် တိုက်ရိုက်သာပြောလိုက်၊ ဝေ့ဝိုက်မနေနဲ့!"

ဒီစကားလုံးတွေဟာ ချန်ပေါင်ကောင်းသည်းခံနိုင်ရန် ကြမ်းတမ်းလွန်းလှသည်။ "ကျွန်တော်တို့ အဲ့ဒီလိုပြောတာမဟုတ်ဘူး?"

"အဲ့ဒီလိုပြောတာ မဟုတ်ဘူးတဲ့လား?"

လုကွေ့ရင်းသည် ချိန်ခွင်အား မြေပြင်ပေါ်ချကာ သူမ၏ သားနှင့်ချွေးမကို စိုက်ကြည့်လိုက်သည် ူာ "နင်တို့က အဲ့ဒီလိုဆိုတာ မဟုတ်ဘူးဆိုပေမဲ့ နင်က ငါ့ကိုဆန့်ကျင်ပြီး ငါမသိအောင် လူကိုပါ အိမ်ခေါ်ခဲ့တာမဟုတ်ဘူးလား? သူက ရှုအာအတွက် အလုပ်သမားစခန်းက အကျဉ်းသားကို ရှာပေးခဲ့တာသာကြည့်တော့!"

"သူ့ကို အလုပ်သမားစခန်းက အကျဉ်းသားလို့ပြောလိုက်တာလား?" ဟူချူရှန်းမှာ ထိတ်လန့်သွားသည်။

"လွန်ခဲ့တဲ့ ခုနစ်နှစ်တုန်းက သူ လူတစ်ယောက်ကို ရိုက်နှက်ခဲ့လို့ ထောင်ငါးနှစ်ကျခဲ့တယ်။ နင်က ဒါကိုတောင်မသိဘဲနဲ့ ရှုအာကို သူနဲ့မိတ်ဆက်ပေးခဲ့တယ်လေ!"

အမျိုးသမီးအိုကြီးအနေဖြင့် သူမ၏ အကြီးဆုံးချွေးမကို ဘယ်လိုဘဲကြည့်ကြည့် သူမသည် ကပ်စေးနဲရုံသာမက တုံးလည်းတုံးသည်ဟု ခံစားရသည်။

သူမသည် အမျိုးသမီးဟူနှင့် ဝေသာ့ချိန်တို့ ရောက်လာသည်ကို သူမသိသော်လည်း သူမသည် အမှန်တရားကို အရင်ရှာဖွေချင်သည့်အတွက် ဘာမှမပြောခဲ့ပေ။

မမျှောလင့်ထားစွာနှင့် သူမလိုက်ပတ်မေးပြီးနောကိ ဝေသာ့ချိန်၏ ပြဿနာဟာ ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့်မဟုတ်ဘဲ သူ့အကျင့်စရိုက်ကြောင့်ဖြစ်နေခဲ့သည်။ လွန်ခဲ့သည့်ခုနစ်နှစ် သူထောင်ကျခဲ့ကာ ထောင်ကနေ ထွက်လာသော်လည်း သူ့လမ်းကိုမပြောင်းခဲ့ပေ။ သူသည် အရက်သောက်၊ လောင်းကစားလုပ်ကာ လမ်းပေါ်တွင် မူးနေဆဲပင်။ ဘယ်သူကမှ သူ့ကို သူတို့ရဲ့သမီးနဲ့ အတူမရှိစေချင်တာ မအံ့သြတော့ဘူး။

ထိုအကြောင်းကိုတွေးမိပါက အမျိုးသမီးအိုကြီးမှာ ဒေါသထွက်လာရသည်။ "နင်က ရှုအာ ကောင်းကောင်းနေနေရတာကို မကြည့်နေနိုင်လို့ သူ့ကိုသေအောင်လုပ်ချင်နေတာဘဲ!"

လုကွေ့ရင်း စိတ်ပိုင်းဖြတ်လိုက်ပါက သူမကို မည်သူမျှ တားနိုင်မည် မဟုတ်ပေ။ သူမသည် မိသားစုတစ်ခုလုံးရှေ့တွင် အစားအသောက်တွေကို ခွဲဝေလိုက်သည်။

All Chapters