Chapter 41
Vol. 4 Ch. 41
ချန်ပေါင်ကောင်းနှင့် ဟူချူရှန်းတို့ဟာ နေရာတိုင်းတွင် အကူအညီတောင်းနေပေမယ့် လူအိုကြီးချန်ကွမ်ဖာ့ကတော့ ရှုသိုးသိုးမျက်နှာဖြင့် ဘာမှမပြောလာပါချေ။ ဟွမ်ရှောင်မိန်ကတော့ အမြဲတမ်းတိတ်ဆိတ်နေကာ အားလုံးကို မယုံကြည်နိုင်ဖြစ်နေသည်။
ဒုတိယသား ချန်ပေါင်မင်းကတော့ အကြောင်းအရာတစ်ခုလုံးကို နားထောင်ပြီးနောက် အမျိုးသမီးအိုကြီးထက် ပိုပြီးဒေါသထွက်လာကာ ဝေသာ့ချိန်တို့ မိသားစုနှင့် ရန်ဖြစ်လုမတတ်ပင်။
ချန်ပေါင်ခဲ့သာ သူ့ရဲ့အစ်မ အမျိုးသမီးအိုရဲ့ ကြောင့်စိတ်မညစ်ရစေရန် သူမအား သိပ်ပြီးဒေါသမထွက်ဖို့ စကားလုံးအနည်းငယ် ကူပြောပေးလိုက်သည်။
ဒီအဖြစ်အပျက်ကြောင့် ချန်မိသားစုရှိ လေထုအခြေအနေဟာ မွန်းလွဲပိုင်းတစ်ခုလုံး စိတ်ဓာတ်ကျဖွယ်ဖြစ်နေကာ ချက်တောင်မချက်ပြုတ်ကြပေ။
ဟူချူရှန်းတစ်ယောက် မျက်ရည်သုတ်ရင်းအလုပ်များနေတာကိုမြင်တော့ ချန်ပေါင်ကောင်းက စိတ်မရှည်စွာဖြင့် ပြောလာသည်။ "တော်လောက်ပြီ။ အမြန်ချက်ပြုတ်တော့၊ ကောရှန်း ဗိုက်ဆာနေတော့မယ်"
"ကျွန်မတို့ မျက်နှာပျက်ထားပြီးပြီဘဲ ဘာချက်ပြုတ်စရာလိုသေးလို့လဲ? ကျွန်မတို့ အမေက ကျွန်မတို့ကို တကယ်ခွဲပစ်လိုက်တာ...."
"မင်း ဘာလုပ်ခဲ့လဲဆိုတာကိုရော မကြည့်တော့ဘူးလား? ဒါတောင် ငါတို့အမေဆီကနေ မျက်နှာလိုချင်သေးတယ်လား!"
"အဲ့ အဲ့ဒါ ကျွန်မ မသိဘူး။ ကျွန်မတို့က သူတို့နဲ့ နေရာတူတူမှမဟုတ်ဘဲ....."
"အရင်တစ်ခေါက်ကလဲ မင်း မသိဘူးလို့ပဲ ပြောတယ်၊ ဒီတစ်ခေါက်လဲ ဒီလိုဘဲပြောနေပြန်ပြီ၊ မင်းသိတာဘာရှိလဲ?" ချန်ပေါင်ကောင်း လုံးဝကိုဒေါသထွက်လာသည်။ "ဟူချူရှန်း၊ မင်း ရှုအာကို တခြားတစ်ယောက်နဲ့မိတ်ဆက်ပေးတုန်းက မင်းမှာဘာတစ်ကိုယ်ကောင်းဆန်တဲ့စိတ်မှ မပါဘူးလို့လာမပြောနဲ့နော်"
ဟူချူရှန်းပြောတာ တည့်တည့်ထိသွားသည်ကြောင့် သူမ ရင်နင့်သွားရသည်။ "ကျွန်မက ရှင်နဲ့ ကလေးတွေအတွက် ကျွန်မတို့ မိသားစုအတွက် လုပ်ခဲ့တာ"
ထိုအကြောင်း သူမစဉ်းစားလေ သူမမှန်တယ်လို့ ခံစားမိလေပင်။ သူမ ပိုပြီးယုံကြည်ချက်ရှိလာသည်။ "ရှောင်ပေါင်နဲ့ ကောင်းရှန်းတို့နှစ်ယောက်လုံးက ယောက်ျားလေးတွေ။ အနာဂတ်မှာ သူတို့တွေ မိန်းမယူမယ့်အကြောင်း မပြောလာလောက်ဘူးလား? အဲ့ဒီအခါကျ ပိုက်ဆံမလိုဘူးလား? ရှင်က သူတို့သုံးယောက်ကိုဘဲ ထောက်ပံ့ချင်နေတာ။ ရှင့်ရဲ့သားနှစ်ယောက်ကို တစ်ကိုယ်တည်းပဲ ဖြစ်စေချင်နေတာလား?"
"ငါက သူတို့ကိုထောက်ပံ့နေတာလို့ ဘယ်သူပြောလဲ? ရှုအာက သူတို့နေထိုင်စရိတ်အတွက် ပေးခဲ့တာပဲမဟုတ်ဘူးလား?"
"အဲ့ဒီလောက် ပိုက်ဆံနည်းနည်းလေးနဲ့ ဘယ်လောက်ကြာအောင် နေနိုင်မှာတဲ့လဲ? သူက ကောက်ရိုးဦးထုပ်တွေကို ဆက်ပြီး ရက်ရောင်းနိုင်လိမ့်မယ်လို့ ရှင်ထင်နေတာလား? ဒါက တစ်နှစ်တောင်ခံမှာမဟုတ်ဘူး။ ကျွန်မတို့အသင်းက နိုင်သလောက်ပဲ ဝယ်မှာပေါ့။ အနာဂတ်မှာ ဘယ်သူ့ကို ရောင်းလို့ရမှာလဲ?"
လင်မယားနှစ်ယောက်ဟာ သဘောထားကွဲလွဲမှူကြောင့် ကြီးကြီးကျယ်ကျယ် စကားများခဲ့ကြကာ ညဘက်အိပ်ရာဝင်သည်အထိ တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှုကာနေကြသည်။
ဟူချူရှန်းမှာ သူမယောကျ်ား၏ စိတ်ကိုသိကာ နှစ်ရက်အတွင်း သူစိတ်ပြေသွားမည်မှန်း သူမခံစားမိစည်။
အချိန်ကျလာလျှင် သူမ၏ယောက္ခမဆီ ရိုးရိုးသားသားသွားတောင်းပန်ပါက ဤပြဿနာကိုလည်း ဖြေရှင်းလို့ရသွားလိမ့်မည်ပင်။
မမျှော်လင့်ထားစွာနှင့်၊ ချန်ပေါင်ကောင်းလစိတ်မပြေခင် ဘုံအဖွဲ့၏ အမျိုးသမီးအဖွဲ့ချုပ်မှ တစ်ယောက်ယောက် ရောက်လာကာ သူတို့အသင်းတွင် လက်လုပ်ကောက်ရိုးဦးထုပ်တွေ စမ်းသပ်ပြုလုပ်ချင်ကြောင်း ပြောလာသည်။
ခရိုင်ရှိ တခြားဘုံအဖွဲ့မှ အမှာရောက်လာသည့်သတင်းနှင့်အတူပါလာသည်။
ဒါရိုက်တာဟောင်သည် ခရိုင်တွင်သာမက အမျိုးမျိုးသောဘုံအဖွဲ့တွင်ပါ ဖျော်ဖြေမှုကို စီစဉ်ခဲ့သည်။
ခရိုင်မှ စမ်းသပ်ပြုလုပ်မှုကို လုပ်ချင်ကြောင်း သူတို့ဘုံအဖွဲ့ဆီ အရင်ပြောလာသည်။ သက်ရောက်မှုသာကောင်းပါက နှစ်သစ်ကူးကာလတွင် မြို့တော်၌ အစီအစဉ်ကို ကြော်ငြာမည့်နည်းလမ်းကို သူတို့ရှာတွေ့လိမ့်မည်ပင်။
အမှာစာ အရေအတွက်များသည်ကြောင့် ဒါရိုက်တာဟောင်သည် ချန်ဖန်းရှူအား ပြင်ဆင်ကာ သူမအချိန်အားပါက ချင်းရှန်အသင်းမှ အမျိုးသမီးတွေကို ဦးထုပ်ရက်နည်းသင်ပေးရန် အတန်းတစ်ခု ဖွင့်ပေးနိုင်မလားဟု မေးလာသည်။ လုပ်အားခအတွက် သူမအား အလုပ်ရုံဒါရိုက်တာအနေဖြင့် အလုပ်မှတ်တွေပေးမည်ပင်။
၎င်းဟာ ချင်းရှန်အသင်းတစ်ခုလုံးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေတော့သည်။ ချန်ဖန်းရှု သင်တန်းစမသင်ပေးခင် လူတွေသည် သူမနှင့် ရင်းနှီးမှုရရန် သူမအိမ်သို့ တစ်ယောက်ပြီးတစ်ယောက် လာကြသည်။
အပြုံးမျက်နှာနှင့် ရောက်လာကြသူတွေသည် သူတို့နှင့်အတူ ပစ္စည်းတွေ အများအပြားကို ယူလာကြသည်။ သူတို့အားလုံးသည် သင်ကြားရန်ပထမအဖွဲ့တွင် ပါချင်ကြကာ ပိုက်ဆံစောစောရှာနိုင်ကြသည်။
သူတို့တွေသည် ချန်ဖန်းရှုအား ဆံပင်ကနေ ခြေသည်းလက်သည်းအထိ ချီးမွန်းကြကာ ၎င်းနှင့်မလုံလောက်ပါက လုဟွေ့နှင့် လုထောင်တို့ကိုပါ ချီးမွန်းကြသည်။
အလှကြိုက်သည့် ရှောင်လုထောင်မှာ လူတွေဆီမှ သူမဟာ ချောကြောင်း၊ ချစ်စရာကောင်းကြောင်း ၊ သဘောကျစရာကောင်းကြောင်း ပြောကြသည်ကို အမြဲတမ်းကြားနေရသည်။ သူမမှာ အရမ်းပျော်လွန်းလို့ အပြုံးကြောင့် မျက်လုံးတွေဟာ အမြဲတမ်းကွေးညွတ်နေတတ်ကာ ချိုချိုလှလှမက်မွန်သီးလေးတစ်လုံးလိုပင်။
ကိစ္စတွေက ချောချောမွေ့မွေ့ဘဖြစ်နေသည့်အချိန် တစ်ယောက်ယောက်က ရုတ်တရက်ပြောလာသည်။ "ထောင်ထောင်က အရမ်းချစ်စရာကောင်းနေမှတော့ သူ့အတွက် ကလေးလက်ထပ်ပွဲ စီစဉ်ပေးရင်ရော? ငါတို့ပေါင်ကျီက သူ့ကိုအရမ်းသဘောကျနေတာ၊ ထောင်ထောင်က ဘယ်လိုချောကြောင်း ငါ့ကိုအမြဲတမ်းပြောနေတာ"
လုထောင်ကြောင်သွားကာ အိမ်စာလုပ်နေသည့် လုဟွေ့ကိုမေးလိုက်သည်။ "ကိုကို၊ ကလေးလက်ထပ်ပွဲကဘာလဲဟင်?"
လုဟွေ့ မျက်မှောင်ကြုတ်လိုက်ကာ အတော်ကြာစဉ်းစားလိုက်ပြီး သူ့မျက်နှာက ရုတ်တရက်မည်းမှောင်သွားသည်။ "ကလေးအတွက် လက်ထပ်ပေးဖို့စီစဉ်ပေးတယ်ဆိုတာက ညီမလေးက သူ့ရဲ့သားအတွက် ကလေးသတို့သမီးလုပ်ရမှာလို့ပြောတာ"
ကလေးမလေးဒါကိုကြားတော့ သူမ ခေါင်းကို ကြမ်းကြမ်းခါပစ်လိုက်သည်။ "မရဘူး၊ မရဘူး၊ သူ့ရဲ့သား သာ့ပေါင်ရဲ့မျက်လုံးတွေက အရမ်းသေးတာ၊ ကြည့်လို့မကောင်းဘူး"
"ဟုတ်တယ်၊ သူက ကြည့်လို့မကောင်းဘူး။ သူနဲ့စေ့စပ်လို့မရဘူး"
လုဟွေ့ရဲ့အမူအရာက အနည်းငယ်စိတ်အေးသွားကာ နောက်ထပ် နူးနူးညံ့ညံ့ ကလေးသံဘတိုးတိုးလေးကို သူထပ်ကြားလိုက်ရသည်။ "ကလေးသတို့သားလိုချင်ရင် ကိုကိုဝေချောင်ကိုဘဲရွေးမှာ။ ကိုကိုဝေချောင်က ချောလဲချောတယ် ထောင်ထောင်ကိုလဲ ပိုက်ဆံတွေပေးတယ်"
"သူက လူကောင်းပဲ"
လုဟွေ့ - "....."
လုဟွေ့လက်ထဲက ခဲတံဟာ အိမ်စာစာအုပ်ကို အပေါက်ဖောက်လုမိမတတ်ပင် "ဘာလို့ သူ့အကြောင်း ထပ်တွေးနေတာလဲ?"
သူမ ဆံပင်ပေသွားတာကြောင့်ဖြစ်မည် ထောင်ထောင်သည် ဝေချောင်ဆီ တစ်ခဏလောက် သွားမကစားခဲ့ပေ။ လုဟွေ့မှာ တစ်ခဏလောက် စိတ်အေးခဲ့ရသည်။
အခုတော့ ကလေးမလေးမှာ သူ့ကိုထပ်ပြီး သတိရသွားပြန်ကာ သူ့ကိုကိုမှာ သူ့ညီမလေးရဲ့အာရုံတွေ ဝေချောင်ဆီကနေ အဝေးလွင့်သွားစေရန် တစ်ခုခုပြောသင့်သည်ဟု သူခံစားလိုက်ရသည်။
သို့ပေမယ့် သူပါးစပ်မဟရသေးခင်မှာပဲ ဝေ ခွာနှင့်ဝက် ချောင်ဟာ သူ့ဆီရောက်လာသည်။
လုဟွေ့မှာ သူ့ညီမလေးတစ်ယောက် သူ့ကိုချန်ခဲ့ကာပြေးသွားပြီး မျက်လုံးတောက်တောက်တွေဖြင့် တခြားသူကို 'ကိုကို' ဆိုပြီး ခေါ်လိုက်တာကို ကြည့်နေမိသည်။
နောက်တော့၊ ဝေသာ့ကျူးဇီတစ်ယောက် သူ့ကျောင်းလွယ်အိတ်ထဲမှနေ ရင်းနှီးနေသည့်ရတနာကြီးကို ထုတ်လိုက်သည် = =
လုဟွေ့ သူ့ရဲ့စောင့်ကြည့်နေမှူကိုနည်းနည်းလျှော့ချလိုက်သည်။ ပထမဆုံးအနေဖြင့် လုထောင်သည် ဝေချောင်အား တစ်ခဏလောက် သွားမရှာခဲ့သလို၊ ဒုတိယအချက်အနေဖြင့် ဝေချောင်ဟာ ဒီတလောတွင် အနည်းငယ်အလုပ်များနေခဲ့တာကြောင့်ဖြစ်သည်။
ဘာတွေအလုပ်များနေတာလဲ?
အရင်တစ်ခေါက်က ဒီကောင်လေး လုထောင်ကို ငိုအောင်လုပ်ခဲ့မိတယ်မဟုတ်လား? ဒီကလေးမလေးကို သူသိပ်ပြီးမကြာခဏ မတွေ့ရတော့တာကြောင့်ဖြစ်မည် သူ့ကို နက်နက်ရှိုင်းရှိုင်း သတိရနေစေမိသည်။ ဒါကြောင့်မို့ သူလက်ရေးလှကျင့်သည့်အခါတိုင်း ကလေးမလေး၏ မျက်ရည်အပြည့်နှင့် မက်မွန်သီးမျက်နှာလေးဟာ မသိလိုက်ဘာသာနှင့် သူ့အရှေ့ကိုပေါ်ပေါ်လာသည်ကို သူသည်းမခံနိုင်တော့ပေ။
သူ့အနေဖြင့် လုထောင် သူ့ကိုစိတ်မဆိုးတော့စေရန် လုထောင်အား ချော့ဖို့ သူတွေးခဲ့မိသည်။
ထိုအကြောင်းကိုတွေးမိပြီးနောက် သူ အကြံကောင်းတစ်ခုရလိုက်သည်။
ဝေချောင်ဟာ လုထောင်ကို နှဲအသေးလေး ပေးလိုက်သည် = =
ကလေးမလေးဟာ နှဲကိုမြင်တော့ သူမမျက်နှာလေးဟာ ချက်ချင်းတောက်ပလာတော့သည်။ နှဲကိုထိချင်နေသလိုပြီး သူမလက်ကိုဆန့်လိုက်ပေမယ့် ထိုသို့လုပ်ဖို့ကိုလည်း အရမ်းရှက်နေမိသည်။
အာ့ဝူလင်ကတော့ ရူးတော့မည်။ [တိတ်နေတာ ရက်နည်းနည်းလောက်ပဲ ရှိသေးတာကို ထပ်ပေါ်လာပြန်ပြီ။ ထောင်ထောင်ကိုသာ ဒါပေးရရင် နေရတာအဆင်မပြေဖြစ်တော့မှာမလား? မဖြစ်ဘူး၊ စီစဉ်သူဖေဖေဆီမှာ အသံတွေကို အလိုအလျောက်ပိတ်ပေးတဲ့ စနစ်ထည့်သွင်းပေးဖို့ပြောရမယ်]
လုဟွေ့တောင် မျက်ခုံးတွေတွန့်ချိုးသွားကာ ဝေချောင်အား အတန်းထဲက ရန်သူလိုကြည့်လိုက်သည်။
ချန်ကွမ်ဖာ့၏ နှဲအကြီးဟာ အရမ်းကြီးလွန်းကာ သူမလက်နဲ့ မဆံ့သည့်အတွက် နှဲအသံကို တစ်ခဏတာလောက် သူ မကြားခဲ့ရပေ။
'ငါတို့ ရက်အနည်းငယ်လောက်ပဲ ပျော်ရသေးတာ ဒီဝေချောင်လို့ ခေါ်တဲ့ကောင်က ကိုင်ရလွယ်တဲ့ ပုံစံတစ်မျိုးနဲ့ ရောက်လာပြီ။ သူ ငါတို့ကို အသက်ရှင်ခွင့်မပေးချင်တော့ဘူးလား?'
ကံမကောင်းစွာဖြင့် ဝေချောင်ကတော့ သူ့၏ သေစေနိုင်လောက်တဲ့အကြည့်ကို မရလိုက်ပါချေ။ သူဟာ သူ့ရှေ့က ကလေးမလေးဆီသာ အာရုံရောက်နေကာ သူမဆီ နှဲလေးကို ကမ်းပေးလိုက်သည်။ "ကောင်းကောင်းမှုတ်လို့ရလားဆိုတာ ကြည့်ကြည့်အုံး"
လုထောင် နှဲကို ချက်ချင်းယူလိုက်ကာ သူမရင်ခွင်ထဲ ပျော်ရွှင်စွာဖြင့် ထည့်လိုက်ပြီး မှုတ်ကြည့်လိုက်ကာ လက်က မချနိုင်ဖြစ်နေသည်။
သူမ၏ လခြမ်းကွေးလေးလို မျက်လုံးတွေကိုမြင်တော့ ဝေချောင်၏ မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးတွေထဲတွင် အပြုံးရိပ်တွေသန်းသွားသော်လည်း သူ့မျက်နှာကတော့ ခပ်တည်တည်ဖြစ်နေဆဲပင်။ "ဒါ ကိုကို့ကို တစ်ယောက်ယောက်ပေးခဲ့တာ။ ကိုကိုမလိုလို့ ဒီတိုင်းထားရင်လဲ ဖြုန်းတီးသလိုဖြစ်နေလို့ မင်းကိုလာပေးတာ"
"ထောင်ထောင်အတွက်လား?"
ကလေးမလေးဟာ အနည်းငယ် နားမလည်ဖြစ်သွားသည်။ "ဒါပေမဲ့၊ တခြားသူတွေဆီကနေ ပစ္စည်းတွေမယူရဘူးလို့ မေမေပြောထားတယ်"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါကိုလဲ မေမေခွင့်ပြုမှာမဟုတ်ဘူး။ မင်းပြန်ယူသွားသင့်တယ်"
လုဟွေ့တစ်ယောက် အနောက်ကနေ အပြေးအလွှားရောက်လာကာ သူတို့နှစ်ယောက်ကြား တိုးဝင်လိုက်ပြီး သူ့ညီမလေးကို တင်းတင်းကြပ်ကြပ် ကာလိုက်သည်။
သူ့အရှေ့တွင် ပန်းရောင်သန်းနေတဲ့ မျက်မွန်သီးမျက်နှာလေးကို မမြင်ရတော့တဲ့အတွက် ဝေချောင်သည် နှုတ်ခမ်းတင်းတင်းစိကာ ပြောလိုက်သည်။ "ငါက တခြားသူမဟုတ်ဘူး"
လုထောင်လည်း ထိုသို့တွေးမိကာ သူမအစ်ကိုရဲ့အနေကနေ ခေါင်းပြူထွက်လာသည်။ "ဟုတ်တယ်၊ ကိုကိုဝေချောင်က တခြားသူမဟုတ်...."
သူမပြောလို့မပြီးသေးခင်မှာဘဲ လုဟွေ့က သူမကိုအနောက်ဆီ ပြန်တွန်းလိုက်ကာ ပြောလိုက်သည်။ "လူကြီးတွေ စကားပြောနေတဲ့အချိန် ကလေးတွေ မဖြတ်ပြောရဘူး"
ရှောင်လုထောင် နှုတ်ခမ်းစူလိုက်ကာ မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း သနားစရာကောင်းသည့်အကြည့်တွေဖြင့် ဝေချောင်ကိုကြည့်လိုက်သည်။
ဝေချောင်မှာ သူ့နှလုံးသားလေး ချက်ချင်းအရည်ပျော်ကျတော့မလို ခံစားလိုက်ရပြီး စဉ်းစားသလို ပြောလိုက်သည် "ငါ့ကို တစ်ခုခုပြန်ပေးရင်ရော?"
သူတွေးကြည့်လေ ၎င်းကပိုကောင်းလေပင်။ သူခေါင်းညိတ်လိုက်သည်။ "အပေး အယူရှိတော့ တခြားသူဆီကနေ ပစ္စည်းတွေယူတာနဲ့ မတူတော့ဘူး"
အခုတော့ ကလေးမလေးလည်း ပျော်သွားကာ လုဟွေ့ပြောမှာကို စောင့်မနေတော့ဘဲ အိမ်ထဲပြန်ဝင်ကာ လိုက်ပတ်ရှာတော့သည်။
တစ်ခဏအကြာ သူမပြန်ပြေးလာကာ ဝေချောင်လက်ကိုကိုင်လိုက်ပြီး သူ့လက်ဖဝါးထဲ လက်ကောက်သေးသေးလေးတစ်ခု ထည့်ပေးလိုက်သည်။
လက်ကောက်လေးအား ကြိုးနီနီဖြင့်ကျစ်ထားကာ မက်မွန်သီးအစေ့နှင့် ပန်းခြင်းသေးသေးလေးတစ်ခု ပုံစံထွင်းထားသည်အား ချိတ်ထားသည်။
ဒါဟာ သူမ ကြိုက်တဲ့အရာတစ်ခု ဖြစ်လိမ့်မည်။ ကလေးမလေးဟာ အနည်းငယ်တွန့်ဆုတ်စွာဖြင့် ထိုလက်ကောက်လေးကို ကြည့်လိုက်သည်။ "ကိုကိုဝေချောင် ဒါကိုမပျောက်စေနဲ့နော်"
"အင်း"
ဝေချောင်ခေါင်းညိတ်လိုက်ပြီး ပန်းခြင်းလေးအား ပွတ်လိုက်ကာ အလေးအနက် သိမ်းထားလိုက်သည်။
သို့ပေမယ့်၊ ကလေးမလေးကတော့ စိုးရိမ်နေဆဲဖြစ်ကာ သူ့အင်္ကျီကိုဆွဲ၍ သတိပေးလာသည်။ "မပျောက်စေနဲ့နော်၊ အဲ့ဒါက ထောင်ထောင်ရဲ့ သတို့သမီးခန်းဝင်ပစ္စည်းဘဲ"
အခုတော့ ဝေချောင်ရဲ့နားရွက်လေးဟာ အနီရောင်ပြောင်းလာတော့သည်။
လုဟွေ့ရဲ့မျက်နှာကတော့ လုံးဝကို မည်းမှောင်လာတော့သည်။ "ဘာ သတို့သမီးခန်းဝင်ပစ္စည်းလဲ? အဲ့ဒါက ဖေဖေ ညီမလေးအတွက် လုပ်ထားပေးတာမဟုတ်ဘူးလား?"
"ဖေဖေလုပ်ထားတာလေ" လုထောင် မျက်တောင်ခတ်လိုက်သည်။ "ဒါကို အနာဂတ်ကျရင် ထောင်ထောင်ရဲ့ သတို့သမီးခန်းဝင်ပစ္စည်းအဖြစ် ချန်ထားရမယ်လို့ မေမေပြောတယ်"
လုဟွေ့ - "...."
လုဟွေ့မှာ သူ့ညီမလေးကို စိတ်ဆိုးမိတော့မည်။ သို့ပေမယ့် ဝေချောင်ရဲ့တုံ့ပြန်မှုဟာ လုထောင်ရဲ့သတို့သမီးခန်းဝင်ပစ္စည်းဆိုသည့် စကားထက် သူ့ကိုပိုပြီးဒေါသထွက်လာစေတော့သည်။
ကောင်လေးရဲ့နာရွက်တွေဟာ နီရဲနေကာ မက်မွန်ပွင့်လိုမျက်လုံးတွေဟာလည်း တလက်လက်တောက်နေ၏။ "ဒါဆို ဒီနှဲကိုလဲ စေ့စပ်လက်ဆောင်အဖြစ် သတ်မှတ်လိုက်မယ်"
လုဟွေ့ - "....."
'မဟုတ်ဘူး၊ ဒီလက်ထပ်ပွဲကို သူလက်မခံဘူး၊ ကန့်ကွက်တယ်!'
သယ်ရလွယ်သည့် နှဲလေးကို ရပြီးတဲ့နောက် လုထောင်တစ်ယောက် ဟန်ဟန်ကို ပီဒန်ဒန် သင်ပေးမယ့်အကြောင်းမေ့သွားကာ သီချင်းဘက်ပြန်ရောက်သွားသည်။
အသင်းထဲတွင်ရောက်တာ နှစ်အနည်းငယ်လောက်ကြာပြီဖြစ်သည့် ပညာတတ်လူငယ် အမျိုးသမီးတချို့ဟာ ဒါကိုမြင်တော့ တစ်ခဏလောက် သိချင်စိတ်ဖြင့် ကြည့်နေကြသည်။
လူတိုင်းဟာ သူတို့ချီးမွန်းနိုင်သလောက် ချီးမွန်းနေကြကာ သူတို့သည် ကလေးမလေးအား ချီးမွန်းရန် အခွင့်ကောင်းယူကြသည်။
လူတချို့ကတော့ ထောင်ထောင်ကို နှဲမှုတ်တတ်လိမ့်မည်ဟု မထင်ထားကာ တကယ်အံ့သြဖို့ကောင်းသည်ဟု ပြောကြသည်။
တချို့လူတွေကတော့ ထောင်ထောင်ဟာ ကြိုးကြိုးစားစားနဲ့သင်ယူနေတာကြောင့် သူမဟာ အနာဂတ်တွင် ဘယ်အရာမဆို အောင်မြင်နိုင်ကြောင်း ပြောကြသည်။
ချန်ပေါင်ခဲ့နှင့် ချန်ဖန်းရှုတို့ မြစ်နားတွင် တွေ့ခဲ့ရသည့် သူလည်းပါသည်။ သူမသည် လိမ်ညာကာ လေလုံးထွားနေ၏။ စကားပြောနေရင်း သူမသည် ခြံထဲတွင် ထင်းခုတ်နေသည့် ချန်ပေါင်ခဲ့အား တိတ်တိတ်လေးကြည့်ပြီးနောက် သူမပါးပြင်တွေနီရဲလာသည်။
ဘာဖြစ်ပျက်ခဲ့သလဲဆိုတာကို ကြားခဲ့ရတဲ့ အိမ်နီးချင်းတွေဟာ ဆွံ့အသွားလုမတတ်ပင်။ အထူးသဖြင့် ချန်မိသားစုပင်။
သို့ပေမယ့် ထောင်ထောင်၏ ထူးချွန်ပြောင်မြောက်လှတဲ့ ဖျော်ဖြေမှုကြောင့် ချန်မိသားစုသို့ လာတဲ့သူတွေ ပိုပိုနည်းလာကာ ၎င်းနှင့်နေသားမကျသည့် ချန်ဖန်းရှုအား ပိုပြီးစိတ်သက်သာရာ ရသွားစေတော့သည်။
နှစ်ရက်အကြာတွင် ချန်ဖန်းရှု၏ ကောက်ရိုးဦးထုပ်ရက်လုပ်သည့် အတန်းအား တရားဝင်စတင်ခဲ့သည်။
အတွင်းရေးမှူးလျိုသည် သူမအနေဖြင့် စာသင်ခန်းအဖြစ်အသုံးပြုနိုင်ရန်အတွက် အသင်းမှ အခန်းတစ်ခုကို ရှင်းလင်းပေးခဲ့ပြီး အတန်းပထမဆုံးရက်တွင် မိန့်ခွန်းပြောပေးရန် လူကိုယ်တိုင်ပင် သွားခဲ့သေးသည်။
အသင်းထဲမှ လူတချို့ဟာ ဒီနေ့ကို အတော်ကြာစောင့်နေခဲ့ရတာဖြစ်သည်။ သူတို့ရဲ့ အိမ်အလုပ်တွေကို ပြီးအောင်လုပ်ထားကာ အတန်းထဲသို့ သူတို့ရဲ့ခွေးခြေခုံတွေကို ယူလာကာ စောင့်နေကြသည်။ တချို့ကတော့ သူတို့ရဲ့ ချွေးမတွေ၊ သမီးတွေကိုပါ သူတို့နှင့်အတူ ခေါ်လာကြသည်။ မကြာခင်မှာဘဲ စာသင်ခန်း သေးသေးလေးဟာ ပြည့်သွားတော့သည်။
အသင်းထဲတွင် ထိုကဲ့သို့အသစ်အဆန်းဖြစ်တာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် လူအများအပြားက အပျော်အနေဖြင့် လာကြည့်ကြကာ ပြတင်းပေါက်တွေမှာတောင် လူတွေပြည့်နေ၏။
ချန်ဖန်းရှုမှာ ရွာသားတွေဆီမှ မကြုံစဖူး စိတ်အားထက်သန်နေမှုကို ခံစားလိုက်ရသည်။
သူမ အတန်းထဲ ရောက်သည့်အခါ တချို့သူတွေက သူမကို လာကူညီရုံသာမက သူမရဲ့ထိုင်ခုံကိုပင် သုတ်ပေးကြသေးသည်။
အသင်းထဲမှ ချန်မိသားစု၏ ကျော်ကြားမှုဟာ ချက်ချင်းကို ထိုးတက်လာတော့သည်။ ကပ်စေးနဲ ဟူချူရှန်း အပြင်ထွက်သည့်အခါတိုင်း လူတိုင်းက သူမကိုနှုတ်ဆက်ကြသည်။
သို့ပေမယ့်၊ ထိုစိတ်အားထက်သန်ကာ အားကျနေသည့်မျက်နှာတွေကို ကြည့်ရင်း ဟူချူရှန်းမှာ ပျော်ရွှင်သလို လုံးဝမခံစားရပါချေ။
သူမ အခုတော့ နောင်တတွေ အများကြီးရနေပြီ။